← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅) - တည်ထောင်သူ ဘိုးဘေး လီကျန်းရန်

“ဆရာ... ဒါဆို ကျွန်တော် တန်းဝင်သွားလို့ ရပြီလား...”

သူရှေ့က လေဟာနယ် ဝင်ပေါက်ကို ကြည့်ကာ ဝူကျန်းအဲ့သည် အတည်ပြုရန် လှည့်ကြည့်လိုက်၏။

ဤသည်ကို ကြားချိန်တွင် ချင်ဇီကျွင်းက ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

“အင်း... တည်ထောင်သူ ဘိုးဘေး ချန်ထားခဲ့တဲ့ အရာတွေအရ ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ကိုးချက်မြည်အောင် လုပ်နိုင်တဲ့သူသာလျှင် သူချန်ထားခဲ့တဲ့ တားမြစ်ချက် ကို လျစ်လျူရှုပြီး ဒြပ်စင်ငါးပါး လျှို့ဝှက်နယ်မြေ ထဲကို တိုက်ရိုက် ဝင်နိုင်တယ်...”

ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူကျန်းအဲ့သည် ဆက်လက် တွေဝေမနေတော့ဘဲ ဟင်းလင်းပြင်တံခါး ဆီသို့ မဆိုင်းမတွ လျှောက်သွားလိုက်၏။ မကြာမီ သူသည် လေဟာနယ် ဝင်ပေါက်ရှေ့သို့ ရောက်ရှိလာသည်။ သူ့ရှေ့က ပုံရိပ်ယောင် သံကြိုးကို ကြည့်ကာ ဝူကျန်းအဲ့ သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်၏။

ဝူကျန်းအဲ့၏ လက်သည် ဟင်းလင်းပြင်တံခါး ကို ထိလိုက်သည့် အခိုက်အတန့်မှာပင် ၎င်းအပေါ်ရှိ ပုံရိပ်ယောင် တာအို သံကြိုးသည် သူ့ကိုတားဆီးခြင်း မရှိခဲ့ပေ။

နောက်တစ်စက္ကန့်တွင် ဝူကျန်းအဲ့သည် ဟင်းလင်းပြင်တံခါး ကို တိုက်ရိုက် ဖြတ်သန်းသွားပြီး ချင်ဇီကျွင်း၏ ရှေ့မှ ပျောက်ကွယ်သွားလေ၏။

ထိုအချိန်မှသာ ချင်ဇီကျွင်းသည် နောက်ဆုံး၌ သက်ပြင်းချနိုင်ခဲ့ပြီး သူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“တည်ထောင်သူ ဘိုးဘေး ရဲ့ အဆိုအရ မဟာမြင့်မြတ်နယ်မြေငါးခု ထဲက တစ်ခုက သူတို့ရဲ့ သက်ဆိုင်ရာ မြင့်မြတ်နယ်မြေ မျိုးနွယ်စုရဲ့ နတ်ဘုရား မှော်လက်နက် ကို ကိုးချက်မြည်အောင် လုပ်နိုင်တဲ့သူ တစ်ယောက် ပေါ်ထွက်လာနိုင်ခဲ့ရင် အဲဒီလူက ငါတို့ရဲ့ အထက်ကမ္ဘာ ကို ဦးဆောင်ပြီး သွေးဝိညာဉ်ဂိုဏ်း ကို အနိုင်ယူဖို့ မျှော်လင့်ချက်ပဲ... ပြီးတော့ အခု ဝူကျန်းအဲ့က အဲဒီ မျှော်လင့်ချက်ပဲ... သွေးဝိညာဉ်ဂိုဏ်း ပြန်မလာခင် ဝူကျန်းအဲ့ကို လုံလောက်အောင် စွမ်းအားကြီးမားလာနိုင်မလား ဆိုတာတော့ မသိရသေးဘူး...”

ဤသည်ကို တွေးမိချိန်တွင် ချင်ဇီကျွင်း၏ အမူအရာသည် တဖြည်းဖြည်း လေးနက်သွားခဲ့သည်။

သွေးဝိညာဉ်ဂိုဏ်းကို သူတို့ တစ်ဖန် ရှာတွေ့ပြီး သွေးဧကရာဇ် ပြန်လည်ရှင်သန်လာကာ ပျောက်ကွယ်သွားကတည်းက ၊ မကြာခင် မုန်တိုင်းတစ်ခု ကျရောက်လာတော့မည့်အလား မသက်မသာသော ခံစားမှုတစ်ခုကို သူ့ရင်ထဲတွင် ရှိနေခဲ့သည်။

သူနှင့် အခြားသော မဟာမြင့်မြတ်အရှင်သခင် လေးပါး ၏ စွမ်းအားနှင့်အတူ သက်ဆိုင်ရာ မြင့်မြတ်နယ်မြေ များကို ကာကွယ်ပေးထားသော နတ်ဘုရား မှော်လက်နက်များ ရှိကြသော်လည်း ၊ သို့သော် အပြည့်အဝ ပြန်လည်ရှင်သန်လာသော သွေးဧကရာဇ်ကိုတော့ ယှဉ်နိုင်ဖွယ် မရှိချေ။

ဤသည်ကို တွေးမိချိန်တွင် ချင်ဇီကျွင်းသည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီးနောက် လှည့်ထွက်သွားလေ၏။

ထိုအချိန်တွင် ဝူကျန်းအဲ့သည် ဟင်းလင်းပြင်တံခါး ကို ဖြတ်သန်းလာပြီးနောက် အလွန်အမင်း ခမ်းနားထည်ဝါသော ကမ္ဘာတစ်ခုက သူ၏ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

အနီ၊ အပြာ၊ ရွှေနှင့် အစိမ်း ဟူသော အရောင်ငါးမျိုးသည် ကောင်းကင်ယံ၌ ထွက်ပေါ်လာပြီး ဒြပ်စင်ငါးပါး ၏ အရောင်များနှင့် ကိုက်ညီနေ၏။

ဝူကျန်းအဲ့ သည် ထိုအရာကို မြင်တွေ့ရချိန်တွင် သူ၏ အမူအရာသည် အလွန်လေးနက်သွားခဲ့သည်။

ဆရာဖြစ်သူမှ သူကို ပြောခဲ့သော စကားများကို သူ မေ့မသွားခဲ့ချေ။ ၎င်းမှာ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် သူ ဝင်လာကတည်းက စမ်းသပ်မှုသည် မည်သည့်အချိန်တွင်မဆို စတင်လာနိုင်သောကြောင့် ဝူကျန်းအဲ့သည် အလွန်အမင်း သတိထားနေခဲ့သည်။

ဝူကျန်းအဲ့ အနေဖြင့် အလွန်အကျွံ တွေးနေခဲ့ခြင်းဖြစ်သည်။ နောက်တစ်စက္ကန့်တွင် သူနှင့် ရွယ်တူခန့်ရှိပုံရသော လူငယ်တစ်ဦးက သူ့ရှေ့၌ ပေါ်လာပြီး ကြင်နာစွာဖြင့် ပြောဆိုလိုက်၏။

“ငါ တည်ဆောက်ထားတဲ့ လျှို့ဝှက်နယ်မြေ ထဲကို မင်း ဝင်နိုင်ခဲ့မှတော့ မင်းက ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ကိုးချက်မြည်အောင် လုပ်နိုင်တဲ့ ပါရမီရှင် ဖြစ်ရမယ်...”

ဝူကျန်းအဲ့သည် တစ်ဖက်လူကို မြင်ချိန်တွင် အခိုက်အတန့်မျှ မှင်တက်သွားပြီး နောက်ဆုံး၌ ရိုသေလေးစားမှု အပြည့်ဖြင့် ပြောဆိုလိုက်၏။

“စီနီယာ... စီနီယာက ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ရဲ့ တည်ထောင်သူ ဘိုးဘေး လား...”

“ဟုတ်တယ်... ငါက ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ရဲ့ တည်ထောင်သူ ဘိုးဘေး ပဲ... ဒီနေရာက ငါ တည်ဆောက်ထားတဲ့ လျှို့ဝှက်နယ်မြေ ဖြစ်နေမှတော့ ငါ ဒီမှာရှိနေတာ ဘာဆန်းလို့လဲ...”

ဒြပ်စင်ငါးပါး အင်မော်တယ် မဟာဧကရာဇ်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အတန်ကြာပြီးနောက် ဝူကျန်းအဲ့ကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏ ။

“မင်းက ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ကိုးချက်မြည်အောင် လုပ်နိုင်တာဆိုတော့ မင်းက ဒြပ်စင်ငါးပါး ခေါင်းလောင်း ရဲ့ စစ်မှန်တဲ့ ပိုင်ရှင် ဖြစ်ရမယ်...”

“ဟင်... ဒြပ်စင်ငါးပါး ခေါင်းလောင်း ရဲ့ စစ်မှန်တဲ့ ပိုင်ရှင်... ဘိုးဘေး... အဲဒါက ဘာကို ဆိုလိုတာလဲ...”

ဒြပ်စင်ငါးပါး အင်မော်တယ် မဟာဧကရာဇ်၏ စကားကို ကြားပြီးနောက် ဝူကျန်းအဲ့၏ အမူအရာ ချက်ချင်း တည်ကြည်လေးနက်သွားခဲ့သည်။

ဝူကျန်းအဲ့၏ စကားကို ကြားပြီးနောက် ဒြပ်စင်ငါးပါး အင်မော်တယ် မဟာဧကရာဇ် က အပြုံးမပျက် ဆိုလိုက်သည်။

“ငါ ဆိုလိုချင်တာက မင်းက ဒြပ်စင်ငါးပါး ခေါင်းလောင်း ရဲ့ စစ်မှန်တဲ့ သခင် ပဲ... အမှန်တော့ ဒြပ်စင်ငါးပါး ခေါင်းလောင်း ဟာ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ပေါ်လာပြီးမှ ဖန်တီးခဲ့တာ မဟုတ်ဘူး... ဒြပ်စင်ငါးပါး ခေါင်းလောင်း ပေါ်လာလို့သာ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ကို ဖန်တီးခဲ့တာ...”

ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူကျန်းအဲ့သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ၎င်းက သူ ဒြပ်စင်ငါးပါး ခေါင်းလောင်း ၏ စစ်မှန်တဲ့ ပိုင်ရှင် ဖြစ်ခြင်းနှင့် ဘာဆိုင်သနည်း။

ဒြပ်စင်ငါးပါး အင်မော်တယ် မဟာဧကရာဇ် သည် ဝူကျန်းအဲ့၏ သံသယကို ရိပ်မိသောကြောင့် ပြန်လည် ပြောဆိုလိုက်၏။

“မင်းက ဒြပ်စင်ငါးပါး ခေါင်းလောင်း ရဲ့ စစ်မှန်တဲ့ သခင် လို့ ငါ ဘာလို့ပြောရလဲဆိုတာ မင်း သိချင်နေလောက်တယ်... အဲဒါက ငါတောင်မှ ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ရှစ်ချက်ပဲ မြည်အောင် လုပ်နိုင်ခဲ့လို့ပဲ... ပြီးတော့ ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ရှစ်ချက်မြည်အောင် လုပ်ပြီးနောက်မှာ ဒြပ်စင်ငါးပါး ခေါင်းလောင်း က အတုမရှိ စွမ်းအားရှိတဲ့ နတ်ဘုရား မှော်လက်နက် တစ်ခုဖြစ်ကြောင်းကို ဒြပ်စင်ငါးပါး ခေါင်းလောင်း ရဲ့ ဝိညာဉ် ဆီကနေလည်း ငါ သိလိုက်ရတယ်... စွမ်းအားကြီးမားတဲ့ ဝင်စားသူ တစ်ယောက်ကြောင့်သာ အထက်ကမ္ဘာ ကို ငါနဲ့အတူ လိုက်လာခဲ့တာ...”

ဒြပ်စင်ငါးပါး အင်မော်တယ် မဟာဧကရာဇ် ၏ စကားများက မိနစ်အနည်းငယ်အတွင်း ဝူကျန်းအဲ့ကို အကြိမ်ကြိမ် အံ့အားသင့်သွားစေခဲ့သည်။ ထိုသို့သော အကြောင်းတရားများ ရှိနေကြောင်း သူ လုံးဝ မသိရှိခဲ့ချေ။

ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ၏ သမိုင်းကြောင်းတွင်ဖြစ်စေ၊ လက်ရှိ မြင့်မြတ်အရှင်သခင် ချင်ဇီကျွင်းပင်ဖြစ်စေ ဤကိစ္စကို လုံးလုံးလျားလျား မသိရှိခဲ့ကြချေ။

ဝူကျန်းအဲ့၏ အမူအရာကို လျစ်လျူရှုကာ ဒြပ်စင်ငါးပါး အင်မော်တယ် မဟာဧကရာဇ် က ဆက်ပြောလိုက်သည်။

“အမှန်တော့ ဒါက ငါတို့ရဲ့ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ တင် မဟုတ်ဘူး... မဟာမြင့်မြတ်နယ်မြေငါးခု ရဲ့ နတ်ဘုရား မှော်လက်နက် တွေဟာ အထက်ကမ္ဘာ ထက် ပိုမိုမြင့်မားတဲ့ အတိုင်းအတာ ကနေ လာတာ... အဲဒါက အထက်ကမ္ဘာ ထဲကို မတော်တဆ ကျလာခဲ့တာပဲ...”

ဤသည်ကို ကြားလိုက်ချိန်တွင် ဝူကျန်းအဲ့သည် တိတ်ဆိတ်သွားခဲ့သည်။ ၎င်း၏နောက်ကွယ်တွင် ဤကဲ့သို့သော အကြောင်းပြချက်မျိုး ရှိနေမည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

နောက်တစ်စက္ကန့်တွင် ဒြပ်စင်ငါးပါး အင်မော်တယ် မဟာဧကရာဇ် က ဆက်ပြောလိုက်သည်။

“မင်းကို လျှို့ဝှက်နယ်မြေ ထဲ ဘာလို့ ဝင်ခိုင်းရလဲဆိုတာ မကြာခင် မင်း သိလာလိမ့်မယ်...”

ထိုသို့ပြောပြီးသည်နှင့် ဒြပ်စင်ငါးပါး အင်မော်တယ် မဟာဧကရာဇ် သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ၏ တပည့်လက်ခံခြင်း ရင်ပြင်၌၊

ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ သည် လက်ရှိတွင် ပိတ်ထားသော အခြေအနေတွင် ရှိနေသဖြင့် တပည့်လက်ခံခြင်း ရင်ပြင်၌ မည်သည့် တပည့် မျှ မရှိဘဲ ဒြပ်စင်ငါးပါး ခေါင်းလောင်း တစ်ခုတည်းသာ ရှိနေပေသည်။

ဒြပ်စင်ငါးပါး အင်မော်တယ် မဟာဧကရာဇ် ၏ လက်ဝှေ့ယမ်းမှုနှင့်အတူ တပည့်လက်ခံခြင်း ရင်ပြင်၌ တိတ်ဆိတ်စွာ ရှိနေသော ဒြပ်စင်ငါးပါး ခေါင်းလောင်း သည် အနည်းငယ် စတင်တုန်ခါလာခဲ့သည်။ မကြာမီ ထိုဆူညံသံက ချင်ဇီကျွင်းနှင့် အခြားသူများ၏ အာရုံကို ဖမ်းစားသွားခဲ့၏ ။

ချင်ဇီကျွင်းနှင့် အခြားသူများသည် တပည့်လက်ခံခြင်း ရင်ပြင်သို့ ရောက်ရှိလာချိန်တွင် ဒြပ်စင်ငါးပါး ခေါင်းလောင်း သည် မြေပြင်မှ တိုက်ရိုက် မြင့်တက်လာပြီး တားမြစ်မြေ ဆီသို့ ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

“မကောင်းတော့ဘူး... ဒြပ်စင်ငါးပါး ခေါင်းလောင်း ပျံသွားပြီ...”

ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိရချိန်တွင် မဟာအကြီးအကဲ ၏ အမူအရာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့၏ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ သည် ဒြပ်စင်ငါးပါး ခေါင်းလောင်း မရှိလျှင်ပင် အထက်ကမ္ဘာ ၌ ထိပ်တန်း အင်အားစုတစ်ခု ဖြစ်နေဆဲပင် ဖြစ်သော်လည်း သို့သော် အခြား မဟာမြင့်မြတ်နယ်မြေလေးခု ထက် အားနည်းသွားပေလိမ့်မည်။

သို့သော် ချင်ဇီကျွင်းသည် ဒြပ်စင်ငါးပါး ခေါင်းလောင်း ပျံသန်းသွားသော လမ်းကြောင်းကို မြင်တွေ့ရချိန်တွင် သူ၏ အမူအရာသည် ရုတ်တရက် တည်ကြည်လေးနက်သွားခဲ့သည်။

သူသည် တစ်ခုခုကို တွေးမိသွားသည့်အလား လက်ကိုဆန့်ထုတ်ကာ လိုက်ဖမ်းရန် ဟန်ပြင်နေသော မဟာအကြီးအကဲ နှင့် အခြားသူများကို တားဆီးလိုက်၏။

“ထားလိုက်... သူတို့ကို လိုက်ဖမ်းဖို့ မလိုတော့ဘူး... ဒြပ်စင်ငါးပါး ခေါင်းလောင်း ဘယ်သွားလဲဆိုတာ ငါ သိလောက်တယ်...”

“မြင့်မြတ်အရှင်သခင်... ဒါ ဘာတွေဖြစ်ခဲ့တာလဲ...”

မဟာအကြီးအကဲ နှင့် အခြားသူများသည် ချင်ဇီကျွင်း၏ အမူအရာကို မြင်ပြီးနောက် အလျင်အမြန် မေးမြန်းလိုက်ကြ၏ ။

ချင်ဇီကျွင်းက အလွန်နက်ရှိုင်းသော အကြည့်ဖြင့် ပြောဆိုလိုက်သည်။

“အခုလောလောဆယ်တော့ ငါ့မှာ အတွေးတစ်ခုပဲ ရှိတယ်... ငါတို့ သူတို့ကို မှီနိုင်မယ်လို့ မင်းတို့ ထင်လား... သူတို့က ဒြပ်စင်ငါးပါး ခေါင်းလောင်း ကိုတောင် ဆင့်ခေါ်နိုင်တာ... ငါတို့က သူတို့ရဲ့ ပြိုင်ဘက်တွေလို့ မင်းတို့ ထင်လား...”

ချင်ဇီကျွင်း၏ စကားကို ကြားလိုက်ရချိန်တွင် မဟာအကြီးအကဲ နှင့် အခြားသူများသည် သူတို့၏ နှလုံးသားထဲ၌ လေးလံသော ခံစားချက်ကို ခံစားလိုက်ရသည်။

သူတို့သည်လည်း ဒြပ်စင်ငါးပါး ခေါင်းလောင်း ၏ စွမ်းအားကို ကောင်းစွာ သိရှိထားကြသည်။ အကယ်၍ သူတို့ လိုက်ဖမ်းမည်ဆိုတောင် ကူကယ်ရာမဲ့စွာ ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် ယခုအခါ သူတို့တွင် ချင်ဇီကျွင်းကို ယုံကြည်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

ချင်ဇီကျွင်းသည် တားမြစ်မြေ ၏ လမ်းကြောင်းကို ကြည့်နေပြီး အတိအကျဆိုရလျှင် ၊ ဒြပ်စင်ငါးပါး လျှို့ဝှက်နယ်မြေ ၏ လမ်းကြောင်းကို ကြည့်ရင်း ပြောလိုက်သည်။

“ကြည့်ရတာ ဒီတစ်ကြိမ်တော့ ဝူကျန်းအဲ့ ပေါ်လာလို့ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ က တကယ်ပဲ ထင်ရှားကျော်ကြားလာတော့မယ် ထင်တယ်...”

ဒြပ်စင်ငါးပါး ခေါင်းလောင်း ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို အသုံးချနိုင်သူ တစ်ဦးအနေဖြင့် ချင်ဇီကျွင်းသည် ဤသည်ကို သိရှိထားသည်။ အကယ်၍ ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို အပြည့်အဝ ပြန်လည်ရှင်သန်စေပြီး အသုံးချနိုင်ခဲ့မည်ဆိုပါက ၊ ၎င်း၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ယခုအခါ ဝူကျန်းအဲ့သည် ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို အပြည့်အဝ ပြန်လည်ရှင်သန်စေပြီး အသုံးချနိုင်သူ ဖြစ်သည်မှာ ထင်ရှားပေသည်။ ဤသည်ကို တွေးမိချိန်တွင် ချင်ဇီကျွင်းတစ်ယောက် အားကိုးတကြီး မျှော်လင့်နေမိသည်။

အခန်း (၂၄၆) - သခင်အဖြစ် အသိအမှတ်ပြုခြင်း

အခြားတစ်ဖက်တွင်

ဝူကျန်းအဲ့ မတုံ့ပြန်နိုင်မီမှာပင် ၊ မလှမ်းမကမ်း ကောင်းကင်ယံ၌ အလင်းရောင် တစ်ချက် တောက်ပသွားသည်ကို မြင်တွေ့လိုက်ရပြီး ချက်ချင်းဆိုသလို ဒြပ်စင်ငါးပါး ခေါင်းလောင်းသည် သူ့ရှေ့သို့ ရောက်ချလာသည်။

“ဒြပ်စင်ငါးပါး ခေါင်းလောင်း...”

ဝူကျန်းအဲ့သည် ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို မြင်တွေ့ရချိန်တွင် သူ၏ အမူအရာသည် တည်ကြည်လေးနက်သွားခဲ့သည်။

လီကျန်းရန် က အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီ... မင်း ဒီရောက်နေမှတော့ ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို သူ့ရဲ့ စစ်မှန်တဲ့ သခင် ပြန်ရောက်လာပြီဆိုတာ သိခိုင်းဖို့ အချိန်တန်ပြီ...”

ဝူကျန်းအဲ့ ဘာမှမပြောနိုင်မီ ၊ လီကျန်းရန်သည် လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်ရာ သန့်စင်သော စွမ်းအားတစ်ခု က သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ဒြပ်စင်ငါးပါး ခေါင်းလောင်း ထဲသို့ အလျင်အမြန် စီးဝင်သွားလေ၏။

မကြာမီ လီကျန်းရန်၏ ထိန်းချုပ်မှုအောက်တွင် ဒြပ်စင်ငါးပါး ခေါင်းလောင်း သည် ဝင်းလက်တောက်ပလာခဲ့ပြီး ဝူကျန်းအဲ့အား ရင်းနှီးကျွမ်းဝင်မှု တစ်ခုကို ပေးစွမ်းလေသည်။ ဒြပ်စင်ငါးပါး ခေါင်းလောင်း သည် အတိတ်က သူ၏ ကိုယ်ပိုင်လက်နက် အမှန်တကယ် ဖြစ်ခဲ့သကဲ့သို့ ခံစားခဲ့ရသည်။

နောက်တစ်စက္ကန့်တွင် အရောင်အသွေးစုံလင်သော အမှုန်အမွှားများသည် ဒြပ်စင်ငါးပါး ခေါင်းလောင်း မှ ဖြည်းညင်းစွာ ပျံသန်းထွက်လာပြီး ဝူကျန်းအဲ့နှင့် လီကျန်းရန်တို့၏ ရှေ့၌ စုစည်းသွားကာ မိန်းကလေးငယ်လေး တစ်ဦး၏ ပုံသဏ္ဌာန်အဖြစ် အလျင်အမြန် ပြောင်းလဲသွားလေ၏ ။

“ဟေး... အဘိုးကြီး ကျန်းရန်... အရေးကြီးကိစ္စ မရှိရင် ငါ့ကို မနှိုးဖို့ ပြောထားတယ် မဟုတ်ဘူးလား...”

မိန်းကလေးငယ်လေးသည် အခြားတစ်ဖက်ရှိ ဝူကျန်းအဲ့ကို လုံးလုံးလျားလျား သတိမထားမိဘဲ လီကျန်းရန်ကို ကြည့်ကာ ပြောဆိုလိုက်၏။

လီကျန်းရန်က လက်အုပ်ချီပြီး ဦးညွှတ်ကာ ပြန်ဖြေလိုကိသည်။

“အရှင် ချွဲရွှမ်... ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ကိုးချက်မြည်အောင် လုပ်နိုင်တဲ့သူ အခု ပေါ်လာပါပြီ... အရှင့်ရဲ့ တောင်းဆိုချက်အရ အရှင့်ကို ကျွန်တော် နှိုးလိုက်တာပါ...”

“ဘာ... ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ကိုးချက်မြည်အောင် လုပ်နိုင်တဲ့သူ ပေါ်လာပြီဟုတ်လား...”

မိန်းကလေးငယ်လေး... မဟုတ်ဘူး၊ ဒြပ်စင်ငါးပါး ခေါင်းလောင်း ၏ ဝိညာဉ် ချွဲရွှမ်၏ အမူအရာသည် လီကျန်းရန်၏ စကားကို ကြားပြီးနောက် အံ့အားသင့်သွားခဲ့သည်။ သူမ သည် စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဝူကျန်းအဲ့ထံသို့ အလျင်အမြန် ချဉ်းကပ်သွားခဲ့၏။

ချွဲရွှမ်သည် ဝူကျန်းအဲ့ကို မြင်လိုက်သည့် အခိုက်အတန့်တွင် မျက်မှောင်ကြုတ်သွားပြီး အတန်ကြာမှ စကားပြောလိုက်သည်။

“သိပ်မတူဘူးပဲ...”

“အရှင် ချွဲရွှမ်... ဘာကို ဆိုလိုတာလဲ...”

ဤသည်ကို ကြားလိုက်ရချိန်တွင် လီကျန်းရန် သည် မျက်မှောင်ကြုတ်သွားပြီး ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏ ။

ချွဲရွှမ်က ခေါင်းခါလိုက်သည်။

“ဘာမှမဟုတ်ပါဘူး... ပြန်လည်မွေးဖွားခြင်း ပြီးနောက် အသွင်အပြင် ပြောင်းသွားတာ ဖြစ်နိုင်တယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါ့သခင်က ငါ့ကို ပြောဖူးတယ်... တစ်ယောက်ယောက်က ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ကိုးချက်မြည်အောင် လုပ်နိုင်ရင် သူ မဟုတ်ရင်တောင်မှ ငါက သူ့ကို ငါ့သခင်အဖြစ် အလုပ်အကျွေးပြုရမယ်တဲ့...”

“ကလေး... ဒီကိုလာပြီး မင်းရဲ့ ပါရမီ ကို စစ်ဆေးကြည့်ရအောင်...”

ထိုသို့ပြောပြီးနောက် ချွဲရွှမ်သည် ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ဝူကျန်းအဲ့၏ ရှေ့သို့ ပျံသန်းသွားစေရန် တိုက်ရိုက် ထိန်းချုပ်လိုက်၏ ။

ချွဲရွှမ်နှင့် လီကျန်းရန်တို့၏ စကားများကို ဝူကျန်းအဲ့မှာ နားမလည်နိုင် ဖြစ်နေပြီး ၊ ချွဲရွှမ် စကားပြောပြီးမှသာ နောက်ဆုံး၌ စကားပြောခွင့် ရရှိခဲ့သည်။

“တည်ထောင်သူ ဘိုးဘေး... စီနီယာ ချွဲရွှမ်... စီနီယာတို့ ပြောနေတာတွေက ဘာအဓိပ္ပာယ်လဲ...”

ဝူကျန်းအဲ့၏ စကားကို ကြားပြီးနောက် လီကျန်းရန်သည် ချွဲရွှမ်ကို အရင်ကြည့်လိုက်ပြီး ချွဲရွှမ်က သူ့ကို စကားပြောရန် တားဆီးမည့် ရည်ရွယ်ချက် မရှိကြောင်း အတည်ပြုပြီးမှသာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

“ချွဲရွှမ် ဆိုလိုချင်တာက တကယ်လို့ မင်းသာ ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ကိုးချက်မြည်အောင် တကယ် လုပ်နိုင်တယ်ဆိုရင် မင်းကို သခင်အဖြစ် အလုပ်အကျွေးပြုလိမ့်မယ်တဲ့... ကလေး... ဒါက ကြီးမားတဲ့ အခွင့်အရေး တစ်ခုပဲ... ဒါကြောင့် မင်း အဲဒါကို ဆုပ်ကိုင်ထားသင့်တယ်...”

ဤသည်ကို ကြားချိန်တွင် ဝူကျန်းအဲ့သည် အံ့အားသင့်သွားသော်လည်း ယခုအချိန်တွင် သူ့အနေဖြင့် လျစ်လျူရှုရန် မဖြစ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို သူထံသို့ ပေးပို့ပြီးဖြစ်သောကြောင့်တည်း။

ဤသည်ကို မြင်ချိန်တွင် ဝူကျန်းအဲ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ လက်ကို ဒြပ်စင်ငါးပါး ခေါင်းလောင်း ပေါ်သို့ ပြတ်ပြတ်သားသား တင်လိုက်၏။ မျှော်လင့်ထားသည့်အတိုင်း ဒြပ်စင်ငါးပါး ခေါင်းလောင်း သည် ချက်ချင်းပင် ကိုးချက်မြည်သွားလေသည်။

ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ မှ လူများသည် သူ့ကို လှည့်စားမည် မဟုတ်ကြောင်း သိရှိထားသဖြင့် လီကျန်းရန် သည် အံ့သြမသွားခဲ့ချေ။

သို့သော် ချွဲရွှမ်သည် သူမ၏ ကံကြမ္မာကို လက်ခံလိုက်ပြီး သက်ပြင်းချကာ ပြောဆိုလိုက်၏။

“ငါ့သခင်က ငါ့ကို တစ်ခါပြောဖူးတယ်... တစ်ယောက်ယောက်က ငါ့ကို ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ကိုးချက်မြည်အောင် လုပ်နိုင်ရင် အဲဒီလူက ငါ့ရဲ့ သခင်သစ် ဖြစ်လာမယ်တဲ့... ငါ့သခင်ရဲ့ အဆိုအရ မင်းက ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို ကိုးချက်မြည်အောင် လုပ်နိုင်မှတော့ မင်းက ငါ့ရဲ့ သခင်သစ် ပဲ...”

ထိုသို့ပြောပြီးနောက် ချွဲရွှမ်သည် ဝူကျန်းအဲ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဂရုမစိုက်ဘဲ ဝူကျန်းအဲ့နှင့် စာချုပ် တစ်ခုကို တိုက်ရိုက် ချုပ်ဆိုလိုက်၏ ။ မည်သို့ပင်ဆိုစေကာမူ ဒြပ်စင်ငါးပါး ခေါင်းလောင်းသည် အဆင့် ရှစ် နတ်ဘုရား မှော်လက်နက် ဖြစ်သည့်အတွက် ဝူကျန်းအဲ့တွင် ရွေးချယ်စရာ မရှိခဲ့ချေ။

ဤသို့ဖြင့် ဝူကျန်းအဲ့သည် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ အဆင့် ရှစ် နတ်ဘုရား မှော်လက်နက် တစ်ခုကို ရရှိသွားခဲ့သည်။

ဒြပ်စင်ငါးပါး ခေါင်းလောင်း ကို သူ၏ သခင်အဖြစ် အသိအမှတ်ပြုပြီးနောက် ဝူကျန်းအဲ့သည် ၎င်း၏ စစ်မှန်သော စွမ်းအားကိုလည်း သိရှိသွားခဲ့သည်။

【ဒြပ်စင်ငါးပါး ခေါင်းလောင်း: အဆင့် ရှစ် နတ်ဘုရား မှော်လက်နက်၊ မဟာတာအို စွမ်းအား ငါးခုကို ကျွမ်းကျင်ပိုင်နိုင်ခွင့် ပေးသည်၊ ၎င်းတို့အားလုံးကို သခင်ဖြစ်သူမှ အသုံးပြုနိုင်ပြီး နောက်ဆုံးတွင် သခင်ဖြစ်သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်နိုင်သည်】

ဒြပ်စင်ငါးပါး ခေါင်းလောင်း တွင် ယခုအခါ မဟာတာအို စွမ်းအား နှစ်မျိုး ပါဝင်သည်။ ၎င်းတို့မှာ ကံကြမ္မာ တာအို နှင့် ဒြပ်စင်ငါးပါး မဟာတာအို တို့ ဖြစ်သည်။

ကံကြမ္မာ တာအို သည် ဒြပ်စင်ငါးပါး ခေါင်းလောင်း ၏ ယခင်ပိုင်ရှင် ဖြစ်သော်လည်း ၎င်းကို ဝူကျန်းအဲ့၏ ယခင်ဘဝက ချန်ထားခဲ့ခြင်းလား ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

ဒြပ်စင်ငါးပါး မဟာတာအို ကို လီကျန်းရန်၏ ကျေးဇူးကြောင့် ထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။ ဝူကျန်းအဲ့ ယခု ကျင့်ကြံ နေသောအရာမှာ မဟာကပ်ဘေး ဖြစ်သည်။

အကယ်၍ ဝူကျန်းအဲ့ကို သခင်အဖြစ် လက်ခံပါက မကြာမီ ဒြပ်စင်ငါးပါး ခေါင်းလောင်း သည် မဟာကပ်ဘေး ၏ စွမ်းအားကို ဒြပ်စင်ငါးပါး ခေါင်းလောင်း အတွင်းသို့ စုပ်ယူသွားမည် ဖြစ်သည်။

“ကောင်းပြီ သခင်... အရေးမကြီးရင် ကျွန်မကို မနှိုးပါနဲ့... အခု ကျွန်မ အခြေအနေ သိပ်မကောင်းဘူး... သခင်က ကျွန်မကို ခေါ်ထုတ်ရင်တောင် ဘာမှ အကူအညီ ဖြစ်မှာ မဟုတ်ဘူး...”

ချွဲရွှမ် သည် သမ်းဝေလိုက်ပြီး ပျင်းရိစွာ ပြောဆိုကာ ဒြပ်စင်ငါးပါး ခေါင်းလောင်း ထဲသို့ ပြန်သွားလေ၏။

ဒြပ်စင်ငါးပါး ခေါင်းလောင်း သည် ဝူကျန်းအဲ့၏ ဝိညာဉ် အတွင်းသို့ ဝင်ရောက်သွားပြီး ဝူကျန်းအဲ့၏ ဝိညာဉ် စွမ်းအားဖြင့် ပြုစုပျိုးထောင်ခံရလေသည်။

ချွဲရွှမ် ပျောက်ကွယ်သွားပြီးနောက် ဝူကျန်းအဲ့သည် လီကျန်းရန်ကို ကြည့်ကာ ရိုသေလေးစားစွာ အရိုအသေပေးလိုက်၏။

“တည်ထောင်သူ ဘိုးဘေး... စီနီယာနဲ့ တခြား မဟာမြင့်မြတ်အရှင်သခင် လေးပါး က ဘယ်ရောက်သွားကြတာလဲ... ဘာလို့ အရိပ်အယောင်တောင် မပြဘဲ ပျောက်ကွယ်သွားကြတာလဲ...”

ဝူကျန်းအဲ့သည် အရေးကြီးကိစ္စကို မမေ့ခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ တည်ထောင်သူ ဘိုးဘေး ငါးဦးသည် ထိုစဉ်က အရိပ်အယောင်တောင် မပြဘဲ ပျောက်ကွယ်သွားခဲ့ကြပြီး လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်ခဲ့သည်။

နှစ်များတစ်လျှောက် မဟာမြင့်မြတ်နယ်မြေငါးခု သည် တည်ထောင်သူ ဘိုးဘေး ငါးဦးကို ရှာဖွေရန် မမေ့ခဲ့ကြချေ။ အထူးသဖြင့် ယခုအခါ သွေးဝိညာဉ်ဂိုဏ်း သည် တစ်ဖန် ရှင်သန်လာပြီး ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

တည်ထောင်သူ ဘိုးဘေး ငါးဦး မရှိပါက သွေးဝိညာဉ်ဂိုဏ်း ကို အနိုင်ယူရန် သူတို့၏ အင်အားဖြင့် လုံလောက်မည် မဟုတ်ချေ။

ဤသည်ကို ကြားချိန်တွင် လီကျန်းရန်၏ အမူအရာသည်လည်း တည်ကြည်လေးနက်သွားခဲ့ပြီး အတန်ကြာမှ သက်ပြင်းချကာ ပြောဆိုလိုက်၏။

“ငါက ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ထဲမှာ ကျန်ရစ်ခဲ့တဲ့ နတ်အသိစိတ် တစ်စွန်းတစ်စလေးပဲ ... အစစ်အမှန် ငါကတော့ အထက်ကမ္ဘာ မှာ မရှိတော့ဘူး...”

“အထက်ကမ္ဘာ မှာ မရှိတော့ဘူး... အဲဒါ ဘာအဓိပ္ပာယ်လဲ...”

ဝူကျန်းအဲ့သည် မယုံနိုင်စရာ ကောင်းသော အမှန်တရားတစ်ခုကို ရှာတွေ့သွားသည့်အလား စပ်စုချင်သော အမူအရာဖြင့် ကြည့်လိုက်၏။

လီကျန်းရန်က ပြောဆိုလိုက်သည်။

“စကားအတိုင်းပါပဲ... ပင်မခန္ဓာကိုယ်နဲ့ တခြား တည်ထောင်သူ ဘိုးဘေး လေးယောက်က အထက်ကမ္ဘာ ကနေ ထွက်သွားပြီး နတ်ဘုရားကမ္ဘာ ကို သွားကြပြီ...”

“နတ်ဘုရားကမ္ဘာ...”

ဝူကျန်းအဲ့ ဇဝေဇဝါ ဖြစ်သွားစဉ် လီကျန်းရန်က ခေါင်းညိတ်ပြလိုက်၏။

“မှန်တယ်... အင်မော်တယ် ဆိုတာ အစပဲ ရှိသေးတယ်... အင်မော်တယ် အထက်မှာ နတ်ဘုရား ရှိတယ်... သွေးဝိညာဉ်ဂိုဏ်း ရဲ့ ကျူးကျော်ဝင်ရောက်လာမှုက ငါတို့ငါးယောက်ကို အထက်ကမ္ဘာ ရဲ့ သေးငယ်မှုကို နားလည်သွားစေခဲ့တယ်... ဒါပေမဲ့ အဲဒီတုန်းက အထက်ကမ္ဘာ ကို ပိတ်ဆို့ ထားပြီးပြီဆိုတော့ တခြား မြင့်မြတ်အရှင်သခင် လေးပါးနဲ့အတူ ထွက်ပေါက်တစ်ခုကို ငါ ရှာရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး...”

“အခြား မြင့်မြတ်အရှင်သခင် လေးပါးနဲ့အတူ ရှာဖွေပြီးနောက်မှာ ပုကျိုးတောင် မှာ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း တစ်ခုကို ငါတို့ ရှာတွေ့ခဲ့တယ်... ဒါပေမဲ့ အဲ့တာက အရမ်းကို အန္တရာယ်များတယ်... အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအဆင့် မရှိရင် ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ထဲကို ဝင်ဖို့ အကြံမပြုချင်ဘူး...”

သူ စကားပြောနေစဉ် လီကျန်းရန်၏ အမူအရာသည် အလွန်အမင်း တည်ကြည်လေးနက်လာခဲ့သည်။ သို့သော် သူ ဘာမှထပ်မပြောနိုင်မီ တစ်ခုခုကို အာရုံခံမိသွားပြီး သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ အတန်ကြာပြီးနောက် သူ သည် သက်ပြင်းချကာ ပြောဆိုလိုက်သည်။

“ကောင်းပြီ... ဒီ နတ်အသိစိတ် စွမ်းအားက ကုန်တော့မယ်... ဒါဆိုရင်လည်း နှုတ်ဆက်ပါတယ်...”

လီကျန်းရန် စကားပြောဆိုပြီးနောက် ဝူကျန်းအဲ့၏ အမြင်အာရုံမှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေ၏။

လီကျန်းရန် ပျောက်ကွယ်သွားပြီး နှစ်မိနစ်ခွဲခန့် အကြာတွင် ဒြပ်စင်ငါးပါး လျှို့ဝှက်နယ်မြေ သည်လည်း ပျောက်ကွယ်သွားကာ ၊ ဝူကျန်းအဲ့ကို နေရာရွှေ့ပြောင်း ပေးလိုက်လေသည်။

All Chapters