← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉) - ကံကြမ္မာ မျက်လုံး

ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူလီ တစ်ယောက် နေရာတွင်ပင် မှင်တက်သွားခဲ့သည်။ လီဖေးယွီ ၏ နာမည်ကို အကြိမ်များစွာ သုံးခဲ့သော်လည်း ၊ မည်သူကမျှ သူ့ကို သံသယမဝင်ခဲ့ပေ။

သို့သော် ယခုလေးတင်မှ သူ သိကျွမ်းသော မိန်းကလေး တစ်ယောက်က ထိုအရာကို သတိထားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

ဤသည်က ဝူလီ၏ သံသယကို မလွဲမသွေ ဖြစ်ပေါ်စေခဲ့ပြီး ၊ နောက်ပိုင်းတွင် သူသည် နာမည်တု အများအပြားကို ထပ်မံ အသုံးပြုခဲ့သော်လည်း ခြွင်းချက်မရှိ တစ်ဖက်လူက ထိုအရာအားလုံးကို ဖောက်ထွင်းသိမြင်ခဲ့သည်။

ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူလီခမျာ သက်ပြင်းသာ ချနိုင်တော့၏။

“မိန်းကလေး... မင်းမှာ စွမ်းရည် နည်းနည်းတော့ ရှိသားပဲ... ဒါဆိုရင်လည်း ငါ ဝူ က ဘာမှ ထပ်မဖုံးကွယ်တော့ဘူး... ငါက ဝူလီ ပဲ... “

ဤသည်ကို ကြားချိန်တွင် နန်ကုန်းဝမ်က ခေါင်းညိတ်လိုက်၏။

“မှန်တယ်... အဲဒါကမှ မင်းရဲ့ နာမည်ပဲ...”

ထိုအချိန်တွင် ဟင်းလင်းပြင် တုန်ခါမှုတစ်ခု အဝေးမှ ထွက်ပေါ်လာရာ ဝူလီနှင့် နန်ကုန်းဝမ်တို့သည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အထက်ရှိ ဟင်းလင်းပြင် တာအို သံကြိုးသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ များသည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အတွင်းသို့ အရူးအမူး ပြေးဝင်သွားကြလေ၏။

ဝူလီနှင့် နန်ကုန်းဝမ်တို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ကြပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ထံသို့ ပြေးဝင်သွားကြလေသည်။

“တာအိုမိတ်ဆွေ ဝူ... ကျွန်မ လက်ကို ကိုင်ထား... မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ က ကျပန်း နေရာရွှေ့ပြောင်းပေးတဲ့ လျှို့ဝှက်နယ်မြေ တစ်ခုပဲ... တကယ်လို့ ရှင် သီးခြားစီ ဝင်သွားရင် မတူညီတဲ့ နေရာတွေကို နေရာရွှေ့ပြောင်းခံရလိမ့်မယ်...”

နန်ကုန်းဝမ်က ဝူလီဘက်သို့ လှည့်ကာ ပြောဆိုလိုက်၏။

ဤသည်ကို ကြားချိန်တွင် ဝူလီသည် ခေါင်းညိတ်လိုက်ပြီး နန်ကုန်းဝမ်၏ လက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် တစ်ဖက်လူ၏ ခန္ဓာကိုယ် တုန်ရီသွားသည်ကို ဝူလီ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသော်လည်း ယခုအချိန်သည် ၎င်းကို ဂရုစိုက်နေရမည့် အချိန်မဟုတ်ချေ။

နန်ကုန်းဝမ်နှင့် ဝူလီတို့ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် သူတို့သည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အတွင်းသို့ ချက်ချင်း နေရာရွှေ့ပြောင်းခံလိုက်ရလေ၏။

အပြင်ဘက်တွင် ဝူဟောက်လည်း ထွက်ပေါ်လာခဲ့ပြီး နန်ကုန်းဝမ် ထွက်သွားသော ကျောပြင်ကို ကြည့်ကာ သူ၏ အမူအရာသည် အနည်းငယ် လေးနက်နေခဲ့သည်။

“ငါ အမြင်မှားနေတာလား... ဒါပေမဲ့ ငါ မှားခဲပါတယ်... ဒီအမျိုးသမီးက သာမန်မဟုတ်ဘူး...”

နန်ကုန်းဝမ်နှင့် ဝူလီတို့ ထိတွေ့မိသည့် အခိုက်အတန့်တွင် ဝူဟောက်သည် သတိပြုမိသွားပြီး အလျင်အမြန် ရောက်လာခဲ့သည်။ သို့သော် သူတို့ကို မတားဆီးခဲ့ချေ။ နန်ကုန်းဝမ်သည် ဝူလီအပေါ်တွင် မကောင်းသော အကြံအစည် မရှိကြောင်း သူ သိနိုင်သဖြင့် ဝင်ပါရန် မလိုအပ်ခဲ့ချေ။

ဝူဟောက်သည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ သို့ လွတ်လပ်စွာ ဝင်ရောက်နိုင်သော်လည်း ၊ သို့သော် သူ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်သဖြင့် နန်ကုန်းဝမ်နှင့် ဝူလီတို့ ပျောက်ကွယ်သွားပြီးနောက် ဝူဟောက်လည်း ထွက်သွားလေ၏။

တစ်ချိန်တည်းမှာပင် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အတွင်း၌ ဝူလီနှင့် နန်ကုန်းဝမ်တို့သည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြသည်။

“ဒါ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ လား... တကယ်ကို သာမန်မဟုတ်ဘူးပဲ...”

လေထဲတွင် ပျံ့နှံ့နေသော ခပ်သဲ့သဲ့ မိုးကြိုး အငွေ့အသက်ကို ခံစားလိုက်ရချိန်တွင် ဝူလီ၏ အမူအရာမှာ အလွန်တည်ကြည်လေးနက်သွားခဲ့သည်။ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ အထက် ကောင်းကင်ယံသည် မှုန်ဝါးသော မီးခိုးရောင်ဖြစ်ပြီး ၊ တစ်ခါတစ်ရံ မိုးကြိုးများ ပစ်ချလေ့ရှိသည်။ ကီလိုမီတာဝက်ခန့် အချင်းရှိသော မိုးကြိုးများသည် အလွန် ကြောက်မက်ဖွယ်ကောင်းပုံ ရပေ၏။

“မှန်တယ်... ဒါကြောင့်ပဲ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ လို့ ခေါ်တာ... အထူးသဖြင့် မိုးကြိုးအခြေခံ ကျင့်စဉ် တွေကို ကျင့်ကြံတဲ့သူတွေအတွက်တော့ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ထဲကို ဝင်ရုံနဲ့တင် ကြီးမားတဲ့ အခွင့်အရေး တစ်ခုပဲ...”

အနီးနားတွင် ရပ်နေသော နန်ကုန်းဝမ်က ထောက်ခံပြောဆိုလိုက်၏။

ဝူလီ သည် ခေါင်းညိတ်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် နန်ကုန်းဝမ်က ဆက်ပြောလေသည်။

“ဒါဆို... တာအိုမိတ်ဆွေ ဝူ... ကျွန်မ လက်ကို အခု လွှတ်လို့ ရပြီလား...”

ထိုအခါမှ ဝူလီသည် အခြေအနေကို သဘောပေါက်သွားပြီး ချောင်းဟန့်ကာ နန်ကုန်းဝမ်၏ လက်ကို လွှတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောဆိုလိုက်၏။

“တောင်းပန်ပါတယ် တာအိုမိတ်ဆွေ နန်ကုန်း... ခဏလောက် ကျွန်တော် မေ့သွားလို့ပါ...”

နန်ကုန်းဝမ်၏ လက်ကို လွှတ်လိုက်ပြီးနောက် တစ်ဖက်လူ၏ ပါးပြင်များသည် အနည်းငယ် နီရဲနေသည်ကို ဝူလီ သတိပြုမိလိုက်သော်လည်း မျက်တောင်တစ်ခတ်အတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသဖြင့် သူ အမြင်မှားတာလားဟု ဝူလီ တွေးမိသွားခဲ့သည်။

သူ၏ အတွေးများကို ဘေးဖယ်ထားရန် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ဝူလီသည် ဆက်ပြောလိုက်သည်။

“ကောင်းပြီ... တာအိုမိတ်ဆွေ နန်ကုန်း... အခု မင်းရဲ့ မြေပုံကို ထုတ်သင့်ပြီ...”

ဤသည်ကို ကြားချိန်တွင် နန်ကုန်းဝမ်သည် ခေါင်းညိတ်လိုက်ပြီးနောက် လက်ဆန့်ထုတ်လိုက်ရာ နောက်တစ်စက္ကန့်တွင် အလွန် ရှေးကျသော မြေပုံတစ်ခု က နန်ကုန်းဝမ်၏ လက်ဝါးထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

ဝူလီသည် မေးခွန်းထုတ်ရန် ပြင်လိုက်စဉ် နန်ကုန်းဝမ်က အရင် စကားပြောလာခဲ့၏။

“ဒီမြေပုံကို တိုက်ဆိုင်စွာနဲ့ ကျွန်မ ရခဲ့တာ... ဒါက မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ထဲက မြေပုံ အစစ်အမှန် ဖြစ်တယ်ဆိုတာကို ကျွန်မ အတည်ပြုပြီးပါပြီ...”

နန်ကုန်းဝမ် သည် ထိုသို့ပြောရင်း ၊ သူမသည် မြေပုံတစ်ခုကို ဖွင့်ကြည့်လိုက်သည်။ မြေပုံ၏ ဘယ်ဘက်အောက်ထောင့်တွင် အနီရောင် အစက်လေး တစ်စက် ရှိနေပြီး သူတို့၏ လက်ရှိ တည်နေရာကို ရှင်းလင်းစွာ ပြသနေသည်။

“မြေပုံအရဆိုရင် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ တစ်ခုလုံးမှာ သွားလည်သင့်တဲ့ နေရာ တော်တော်များများ ရှိတယ်...”

နန်ကုန်းဝမ်က မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ အကြောင်းအရာများကို ကြည့်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

ဝူလီ သည် တိတ်ဆိတ်နေပြီး သူရှာဖွေနေသော ရွှေရောင်မိုးကြိုးသစ်သား များ ပေါ်လာနိုင်သည့် ဧရိယာကို ရှာဖွေရန် မြေပုံကို စိုက်ကြည့်နေခဲ့ရာ မကြာမီ ရှာတွေ့သွားခဲ့သည်။

“ဒါဆိုရင်လည်း ငါတို့ ဒီကို အရင်သွားကြမယ်...”

ဝူလီသည် မြေပုံပေါ်ရှိ မြောက်ဘက်ကို လက်ညှိုးထိုးပြကာ နန်ကုန်းဝမ်ကို ကြည့်ပြီး မေးမြန်းလိုက်၏။

နန်ကုန်းဝမ်သည် ဝူလီ၏ အကြံပြုချက်ကို သဘာဝကျကျပင် ကန့်ကွက်စရာ မရှိဘဲ ခေါင်းညိတ်သဘောတူလိုက်၏။

ဤသည်က ဝူလီကို အံ့အားသင့်သွားစေပြီး သူ မမေးဘဲ မနေနိုင်တော့ချေ။

“မင်းကို အရမ်း အန္တရာယ်များတဲ့ နေရာတစ်ခုဆီ ငါ ခေါ်သွားမှာကို မကြောက်ဘူးလား...”

“မဟုတ်ဘူး... ရှင် အဲဒီလို လုပ်မှာ မဟုတ်ဘူး... ကျွန်မ သိနိုင်တယ်...”

နန်ကုန်းဝမ်သည် ဝူလီကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ရွှေရောင် အလင်းတန်း တစ်ချက် ဖြတ်ပြေးသွားပြီး အလွန် ပြတ်သားစွာ ပြောဆိုလိုက်၏။

ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူလီမှာ ဘာမှထပ်မပြောတော့ဘဲ မြောက်ဘက်သို့ ပျံသန်းရန် လှည့်ထွက်သွားလေ၏။ နန်ကုန်းဝမ်ကလည်း ဖြည်းညင်းစွာ လိုက်ပါသွားခဲ့သည်။

မည်သို့ပင်ဆိုစေ သူမသည် လျိုထျန်းရွှေအင်မော်တယ် ဖြစ်ပြီး ဝူလီသည် ရွှေအင်မော်တယ် ကနဦးအဆင့် ဖြစ်ရာ ဝူလီကို မှီအောင် လိုက်ရန်မှာ မခက်ခဲချေ။

နန်ကုန်းဝမ်တွင် လျှို့ဝှက်ချက် တစ်ခု ရှိသည်။ သူမ၏ မျက်လုံးများသည် အခြားသူများ၏ ကံကြမ္မာ ကို မြင်နိုင်စွမ်း ရှိသည်။

နန်ကုန်းဝမ် အသက်ရှစ်နှစ် အရွယ်တွင် ကျင့်ကြံ ခြင်းကို စတင်ချိန်၌ အနိမ့်မှ အမြင့်သို့ အနက်၊ အဖြူ၊ အစိမ်း၊ အပြာ၊ လိမ္မော်၊ အနီ၊ ခရမ်း၊ ရွှေနှင့် အရောင်ငါးမျိုး ဟူ၍ အခြားသူများ၏ ကံကြမ္မာကို မြင်နိုင်ခဲ့သည်။

အနက်ရောင် ကံကြမ္မာ ရှိသော လျိုထျန်းရွှေအင်မော်တယ် ကျင့်ကြံသူ တစ်ဦးသည် သုံးရက်အတွင်း သူ၏ ယခင် ရန်သူ၏ လက်ချက်ဖြင့် သေဆုံးသွားသည်ကို နန်ကုန်းဝမ် တစ်ခါ မြင်တွေ့ခဲ့ဖူးသည်။

အဖြူရောင် ကံကြမ္မာ ရှိသော သာမန်လူ တစ်ဦးသည် ခရမ်းရောင် ရတနာ တစ်ခုကို ရရှိပြီးနောက် သူ၏ ကံကြမ္မာ သည် အဖြူရောင်မှ လိမ္မော်ရောင်သို့ ပြောင်းလဲသွားကာ အင်မော်တယ် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းပြီး ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း ကို ရရှိခဲ့သည်ကိုလည်း သူမ မျက်မြင်တွေ့ရှိခဲ့ဖူးသည်။

နန်ကုန်းဝမ်သည် သူမ၏ မျက်လုံးများနှင့် ပတ်သက်၍ မည်သည့် သမိုင်းမှတ်တမ်းကိုမျှ မရှာတွေ့ခဲ့သဖြင့် နောက်ဆုံးတွင် သူမသည် ၎င်းကို ကံကြမ္မာ မျက်လုံး ဟု အမည်ပေးခဲ့သည်။

ကံကြမ္မာ မျက်လုံး ၏ ကျေးဇူးကြောင့် နန်ကုန်းဝမ်၏ ကံကြမ္မာ သည် အနှစ်တစ်သောင်း အတွင်း အစိမ်းရောင်မှ အနီရောင်သို့ အဆင့်တက်သွားခဲ့ပြီး လျိုထျန်းရွှေအင်မော်တယ် သို့ပင် ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

ကံကြမ္မာ မျက်လုံး ၏ အကူအညီကြောင့်ပင် နန်ကုန်းဝမ်သည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ မြေပုံ၏ တန်ဖိုးကို သိရှိခဲ့ပြီး ဝူလီကို တွေ့ရှိခြင်းမှာ မျှော်လင့်မထားသော အံ့သြစရာတစ်ခုသာ ဖြစ်၏။

တစ်စုံတစ်ယောက်၏ ကံကြမ္မာ သည် ဤမျှ အရောင်အသွေးစုံလင်သော အဆင့်သို့ ရောက်ရှိနေသည်ကို နန်ကုန်းဝမ် မြင်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်ပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော တောက်ပမှုက နန်ကုန်းဝမ်ကို မျက်စိကန်းလုနီးပါး ဖြစ်စေခဲ့သည်။

ဤအကြောင်းကြောင့်ပင် သူမသည် ဝူလီနှင့် မိတ်ဆွေဖွဲ့ရန် လိုအပ်သည်ကို နားလည်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကံကြမ္မာ မှာ အနီရောင်သာ ဖြစ်ပြီး ဤမျှ အချိန်တိုအတွင်း လျိုထျန်းရွှေအင်မော်တယ် သို့ ကျင့်ကြံ နိုင်ခဲ့ခြင်းမှာ အတော်လေး အောင်မြင်မှု တစ်ခု ဖြစ်နေပြီပင်။

အကယ်၍ တစ်စုံတစ်ယောက်သည် ခရမ်းရောင် သို့မဟုတ် ရွှေရောင်သို့ အဆင့်တက်သွားပါက အင်မော်တယ် ဧကရာဇ် ဖြစ်လာရန် လုံးဝ ခက်ခဲမည် မဟုတ်ချေ။

နန်ကုန်းဝမ်တွင် ရည်မှန်းချက် ကြီးကြီးမားမား မရှိပေ။ အင်မော်တယ် ဧကရာဇ် ဖြစ်လာခြင်းဖြင့် သူမသည် အတော်လေး ကျေနပ်နေပြီဖြစ်သည်။ ထိုထက်ပိုသော အရာများအတွက်မူ ယခုအချိန်သည် သူမ စဉ်းစားရန် မလိုအပ်သေးပေ။

အခန်း (၂၅၀) - ဝမ်လဲ့ဂိုဏ်း၏ သူတော်စင်သားတော်

မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ သည် အခြေခံအားဖြင့် ကိုယ်ပိုင်ကမ္ဘာတစ်ခုဖြစ်ပြီး အထက်ကမ္ဘာ ၏ အရွယ်အစား ထက်ဝက်ခန့် ရှိပေသည်။ ထို့ကြောင့် လျိုထျန်းရွှေအင်မော်တယ် ပင်လျှင် ဤနေရာတစ်ခုလုံးကို စူးစမ်းလေ့လာချင်ပါက နှစ်နှစ်အတွင်း မဖြစ်နိုင်ပေ။

မိုးခြိမ်းသံကြီးတစ်ခုနှင့်အတူ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ ဗဟိုအထက် ကောင်းကင်ယံ၌ မိုးကြိုးများက လှိုင်းလုံးများအလား လိမ့်တက်လာပြီး လူတစ်ယောက်ထံသို့ ပြေးဝင်သွားလေ၏။

ထိုသူသည် မိုးကြိုးပစ်ချမှုများကို ဂရုမစိုက်ခဲ့ချေ။ ကျင့်စဉ် ကို အပြည့်အဝ အသက်သွင်းလိုက်ခြင်းဖြင့် နီးကပ်လာသော မိုးကြိုးများကို သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စုပ်ယူနေပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများက သူ့ကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ချေ။

တစ်နာရီခန့် မိုးကြိုးများကို စုပ်ယူပြီးနောက် ထိုလူငယ်၏ ခန္ဓာကိုယ်သည် တုန်ရီသွားပြီး ၊ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာကာ မူလက မီးခိုးရောင် ကောင်းကင်ကြီးကို အလွန်အမင်း တောက်ပသွားစေခဲ့သည်။

ဤကြီးမားလှသော ဆူညံသံသည် လျှို့ဝှက်နယ်မြေ အတွင်းရှိ စွမ်းအားကြီးမားသူအားလုံး၏ အာရုံကို သဘာဝကျကျပင် ဆွဲဆောင်သွားခဲ့ပြီး သူတို့၏ အမူအရာများမှာ အလွန် လေးနက်နေခဲ့ကြသည်။ ၎င်းတို့အနက် ဝူလီနှင့် နန်ကုန်းဝမ်တို့လည်း ပါဝင်ပေသည်။

ခရီးသွားလာနေသော သူတို့နှစ်ဦးသည် ရပ်တန့်သွားပြီး လျှို့ဝှက်နယ်မြေ ၏ ဗဟိုဧရိယာကို လှမ်းကြည့်လိုက်ကြ၏။ ဝူလီက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။

“တကယ်ကို ကြောက်စရာကောင်းတာပဲ...ကြည့်ရတာ တစ်ယောက်ယောက်က အင်မော်တယ်ဘုရင် ကို ချိုးဖောက်ဝင်ရောက်သွားပုံရတယ်...”

“အင်း...”

နန်ကုန်းဝမ်သည် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။ သူမသည် လျိုထျန်းရွှေအင်မော်တယ် ကနဦးအဆင့် ဖြစ်သော်လည်း ထို ချီ အငွေ့အသက်ကို ရှုရှိုက်မိချိန်တွင် သူမကိုယ်သူမ ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ သေးငယ်သည်ဟု ခံစားလိုက်ရပြီး၊ ဤသည်က ပြိုင်ဘက်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ပြသနေပေသည်။

အတန်ကြာ ရပ်နားပြီးနောက် ဝူလီက လှည့်ကာ ပြောဆိုလိုက်၏။

“ကောင်းပြီ... သွားကြရအောင်... သူတို့က ငါတို့နဲ့ ဘာမှမသက်ဆိုင်ဘူး”

“အင်း...”

နန်ကုန်းဝမ် က ခေါင်းညိတ်သဘောတူလိုက်၏။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် အင်မော်တယ်ဘုရင် ဖြစ်ပြီး သူတို့သည် လျိုထျန်းရွှေအင်မော်တယ် ကနဦးအဆင့် နှင့် ရွှေအင်မော်တယ် ကနဦးအဆင့်သာ ရှိသေးသည်။ သူတို့သည် တစ်ဖက်လူနှင့် မည်သို့မျှ ပတ်သက်နိုင်မည် မဟုတ်ချေ။

ထိုအတွေးဖြင့် ဝူလီနှင့် နန်ကုန်းဝမ်တို့သည် မြောက်ဘက်သို့ ဆက်လက် ခရီးဆက်ခဲ့ကြသည်။ နန်ကုန်းဝမ်သည်လည်း မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ မြောက်ဘက်စွန်းတွင် အတိအကျ ဘာရှိသည်ကို မသိသော်လည်း ဝူလီသည် ထိုနေရာသို့ ဦးတည်နေသဖြင့် နန်ကုန်းဝမ် လည်း နောက်ကနေ လိုက်ပါလာခဲ့သည်။

အရောင်အသွေးစုံလင်သော ကံကြမ္မာ ရှိသူတစ်ဦးသည် သာမန်နေရာတစ်ခုသို့ သွားလိမ့်မည်ဟု သူမ မယုံကြည်ချေ။

တစ်ချိန်တည်းမှာပင် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ ဗဟို၌...

ထိုလူငယ်လေးသည် အင်မော်တယ်ဘုရင် သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက် သူ၏ နောက်လိုက်များက ဂုဏ်ပြုရန် အလျင်အမြန် ရောက်လာကြ၏။

“အင်မော်တယ်ဘုရင် ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ သူတော်စင်သားတော် ကို ဂုဏ်ပြုပါတယ်...”

“အင်း သိုသိုသိပ်သိပ်နေကြ... “

လူငယ်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။

သူ၏ နောက်လိုက်များအားလုံးသည် လျိုထျန်းရွှေအင်မော်တယ် အဆင့်တွင် ရှိကြသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူငယ်၏ အဆင့်အတန်းသည် ရိုးရှင်းမည်မဟုတ်ကြောင်း သိသာပေသည်။

“ကောင်းပြီ... မင်းတို့ သဘောရှိတဲ့အတိုင်း လုပ်လို့ရပြီ... ငါ သူတော်စင်သားတော် က အင်မော်တယ်ဘုရင် နယ်ပယ်ကို တက်လှမ်းသွားပြီဆိုတော့ ဒီ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ထဲက ဘယ်အရာကမှ ငါ့ကို အန္တရာယ်ပြုနိုင်မှာ မဟုတ်တော့ဘူး...”

“ဟုတ်ကဲ့ပါ သူတော်စင်သားတော်...”

လူငယ်၏ စကားကို ကြားပြီးနောက် နောက်လိုက်များသည် အခိုက်အတန့်မျှ တုံ့ဆိုင်းသွားကြသော်လည်း အလျင်အမြန်ပင် ခေါင်းညိတ်သဘောတူလိုက်သည်။

သူတို့တွင်လည်း ကိုယ်ပိုင်လုပ်စရာများ ရှိကြပြီး တစ်ဖက်လူ၏ သူတော်စင်သားတော် အဆင့်အတန်းကြောင့်သာ သူ၏ ဘေးနားတွင် နေပေးခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယခု သူတော်စင်သားတော် ကိုယ်တိုင်က ဤသို့ ပြောလာသဖြင့် သူတို့ကိုယ်တိုင်လည်း အခက်မတွေ့တော့ချေ။

နောက်လိုက်များအားလုံး ထွက်သွားပြီးနောက် ဝမ်လဲ့ဂိုဏ်း ၏ သူတော်စင်သားတော် သည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ မြောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ အမူအရာသည် အလွန် တည်ကြည်လေးနက်သွားခဲ့သည်။

【မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ထဲမှာ ရွှေရောင်မိုးကြိုးသစ်သား တွေ ရှိတယ်လို့ ကောလာဟလတွေ ကြားဖူးတယ်... အတွင်းခံအင်္ကျီ ဖန်တီးဖို့ နည်းနည်းလောက် ရှာတာက သိပ်မဆိုးတဲ့ အကြံကောင်းတစ်ခုပဲ...】

ဝမ်လဲ့ဂိုဏ်း ၏ သူတော်စင်သားတော် သည် သူ့ကိုယ်သူ တိတ်တဆိတ် တွေးတောလိုက်၏။

“ရွှေရောင်မိုးကြိုးသစ်သား ဟာ အသုံးဝင်မှု အများကြီး ရှိတယ်... ပိုအရေးကြီးတာက ရွှေရောင်မိုးကြိုးသစ်သား အများစုက အဆင့်ငါး ကနေ ခုနစ်အထိ ရှိကြတယ်... တကယ်လို့ အဆင့်ခုနစ်အထိ ရောက်နိုင်ရင် အဲဒီကနေ ဖန်တီးထားတဲ့ အတွင်းခံအင်္ကျီက အင်မော်တယ် ဧကရာဇ် ရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတယ်...”

ဤသည်ကို တွေးမိချိန်တွင် ဝမ်လဲ့ဂိုဏ်း ၏ သူတော်စင်သားတော် သည် ဆက်လက် တွေဝေမနေတော့ဘဲ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အတွင်း၌ စတင်ရှာဖွေလေတော့သည်။

သူသည် အင်မော်တယ်ဘုရင် ကနဦးအဆင့် တွင်သာ ရှိသေးသော်လည်း အင်မော်တယ်ဘုရင် အဆင့်ရှိ မိစ္ဆာသားရဲ နှင့် မကြုံတွေ့သရွေ့ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် သူ့ကို အန္တရာယ်ပြုနိုင်မည့်အရာ မရှိချေ။

ထို့အပြင် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အတွင်းရှိ မိစ္ဆာသားရဲ အများစုသည် ကိုယ်ပိုင် အသိဉာဏ် ရှိကြပြီး ၊ သူတို့၏ ပိုင်နက်ထဲသို့ တစ်စုံတစ်ယောက်က ဦးနှောက်မဲ့စွာဖြင့် မဝင်ရောက်သရွေ့ လူသား ကျင့်ကြံသူများကို တိုက်ခိုက်မည် မဟုတ်ချေ။

နှစ်ဝက်အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ဤအချိန်အတွင်း ဝူလီနှင့် နန်ကုန်းဝမ်တို့သည် မိစ္ဆာသားရဲ တိုက်ခိုက်မှုများနှင့် လူသား ကျင့်ကြံသူ များ၏ တိုက်ခိုက်မှုများ အပါအဝင် အတားအဆီး များစွာကို ကျော်လွှားခဲ့ရပြီး နောက်ဆုံးတွင် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ မြောက်ဘက်စွန်းသို့ ရောက်ရှိလာခဲ့သည်။

မိစ္ဆာသားရဲ အများစုသည် တိုက်ရိုက် တိုက်ခိုက်ခဲ့ကြသော်လည်း နန်ကုန်းဝမ်၏ ဓားတစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည်။ နန်ကုန်းဝမ်နှင့် ဝူလီတို့သည် သာမန်မဟုတ်ကြောင်း သိရှိသွားပြီးနောက် အနည်းငယ်သော အကောင်များကသာ ဆုတ်ခွာရန် ရွေးချယ်ခဲ့ကြသည်။

ကျင့်ကြံသူ များနှင့် ပတ်သက်၍မူ သူတို့သည် နန်ကုန်းဝမ်၏ အလှကို မြင်ပြီးနောက် တပ်မက်သွားခဲ့သဖြင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း နန်ကုန်းဝမ်၏ မျက်နှာသည် ခံစားချက်ကင်းမဲ့လွန်းကာ သူမ၏ ဓားတစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည်။

အကြောင်းအရာကို ပြန်ဆက်ရလျှင် မြောက်ဘက်စွန်းသို့ ရောက်ရှိပြီးနောက် နန်ကုန်းဝမ်သည် ဝူလီကို ကြည့်ကာ စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“တာအိုမိတိဆွေ ဝူ... ဒီမြောက်ပိုင်းဒေသမှာ အတိအကျ ဘာရှိနေလို့ ရှင် ဒီလောက် ခက်ခဲတဲ့ ခရီးကို လာရတာလဲဆိုတာ ကျွန်မ သိချင်တယ်...”

နန်ကုန်းဝမ်ကို တစ်ချက်ကြည့်ပြီး အတန်ကြာ စဉ်းစားပြီးနောက် ဝူလီသည် ဖုံးကွယ်စရာ အကြောင်းမရှိဟု ဆုံးဖြတ်လိုက်ကာ ဖြည်းညင်းစွာ စကားစပြောလိုက်၏။

“မြောက်ဘက်စွန်းမှာ ရွှေရောင်မိုးကြိုးသစ်သား တွေ ပေါက်ရောက်ဖို့ သင့်တော်တဲ့ မြေမျက်နှာသွင်ပြင် ရှိတယ်...”

“ရွှေရောင်မိုးကြိုးသစ်သား...”

ဝူလီ၏ စကားကို ကြားချိန်တွင် နန်ကုန်းဝမ်၏ အသက်ရှူနှုန်းသည် အလိုအလျောက် မြန်ဆန်လာခဲ့သည်။ ရွှေရောင်မိုးကြိုးသစ်သား ၏ တန်ဖိုးမှာ အလွန်မြင့်မားကြောင်း သူမ သိရှိပေသည်။ ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ အနိမ့်ဆုံးအဆင့်ဖြစ်သော လက်မအရွယ်အစားခန့်ရှိ အဆင့်ငါး ရွှေရောင်မိုးကြိုးသစ်သား ပင်လျှင် အလယ်အလတ်အဆင့်ရှိ အင်မော်တယ် ဝိညာဉ်ကျောက်တုံး သောင်းချီ တန်ဖိုးရှိသည်။

ထိုအချိန်တွင် ဝူလီက ဆက်ပြောလိုက်သည်။

“ရွှေရောင်မိုးကြိုးသစ်သား က ငါ့အပိုင်ပဲ... နောက်တစ်ခုက မင်းအပိုင် ဖြစ်မယ်...”

ဝူလီ၏ စကားကို ကြားလိုက်ရချိန်တွင် နန်ကုန်းဝမ် သည် အခိုက်အတန့်မျှသာ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်သဘောတူလိုက်၏။

ရွှေရောင်မိုးကြိုးသစ်သား ၏ တန်ဖိုးကို သူမ သိရှိထားသော်လည်း သို့သောိ ဝူလီသည် ရွှေရောင်မိုးကြိုးသစ်သား ထက် ပို၍ တန်ဖိုးရှိကြောင်းနှင့် ဝူလီသာ မရှိပါက သူမ အနေဖြင့် ရွှေရောင်မိုးကြိုးသစ်သား ကို ရှာတွေ့နိုင်မည် မဟုတ်ကြောင်း သိရှိထားသည်။

နန်ကုန်းဝမ် မှ သဘောတူလိုက်သဖြင့် ဝူလီသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ၊ ဘာမှဆက်မပြောခဲ့ချေ။

ဝူလီသည် ရွှေရောင်မိုးကြိုးသစ်သား ကို ရယူရန် စိတ်ပိုင်းဖြတ်ထားသည်။ အကယ်၍ နန်ကုန်းဝမ်သာ သဘောမတူပါက သူမကို ပြန်တိုက်ခိုက်ရန် သူ ဝန်လေးမည် မဟုတ်ချေ။ လူကြီးလူကောင်းဆန်မှု နှင့် ပတ်သက်၍ ဝူလီ၏ အမြင်တွင် ခွန်အားသာလျှင် အရေးပါပေသည်။

“ဒါဆိုရင်လည်း သွားရှာကြတာပေါ့...”

ဝူလီက ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

ရွှေရောင်မိုးကြိုးသစ်သား သည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ မြောက်ပိုင်းတွင် ရှိသည်ဟု ယူဆရသော်လည်း ၊ မြောက်ပိုင်း၏ အရွယ်အစားမှာ လျှော့တွက်၍မရနိုင်ချေ။ ရွှေရောင်မိုးကြိုးသစ်သား ကို ရှာဖွေခြင်းက လွယ်ကူသော အလုပ်တစ်ခု ဖြစ်မည် မဟုတ်ကြောင်း သူ သိရှိထားသည်။

ဤသို့ဖြင့် သူတို့နှစ်ဦးသည် မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ မြောက်ဘက်စွန်းတွင် ပင်လယ်ထဲ အပ်ရှာသကဲ့သို့ စတင်ရှာဖွေလေတော့သည်။ သို့သော် ဝူလီသည် ထိုအရာကို ရှာတွေ့ရန်မှာ အချိန်ပြဿနာတစ်ခုသာ ဖြစ်ကြောင်း နန်ကုန်းဝမ် သိရှိပေသည်။

မျှော်လင့်ထားသည့်အတိုင်း တစ်လခန့် ရှာဖွေပြီးနောက် သူတို့နှစ်ဦးသည် နောက်ဆုံးတွင် ရွှေရောင်မိုးကြိုးသစ်သား ကို ရှာတွေ့သွားခဲ့သည် သို့မဟုတ် ရွှေရောင်မိုးကြိုးသစ်သား တောအုပ်ကို ရှာတွေ့သွားခဲ့သည်ဟု ဆိုရမည်။

မီတာဝက်ခန့် အမြင့်ရှိသော ရွှေရောင်မိုးကြိုးသစ်ပင် ကို ကြည့်ကာ ဝူလီနှင့် နန်ကုန်းဝမ်တို့သည် တိတ်ဆိတ်သွားကြ၏။

“ တာအိုမိတ်ဆွေ ဝူ... လက်ရှိအခြေအနေအရ ကြည့်ရင် ရွှေရောင်မိုးကြိုးသစ်သား က အဆင့်ခုနစ်အထိ ကြီးထွားဖို့ အနည်းဆုံး အနှစ်တစ်သောင်းလောက် လိုသေးတယ် ထင်တယ်... အခုက အဆင့်ငါးပဲ ရှိသေးတာ... တကယ်လို့ ငါတို့သာ အခု ခုတ်ယူလိုက်ရင် ဆုံးရှုံးမှုက အလွန် ကြီးမားလိမ့်မယ်...”

နန်ကုန်းဝမ်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။ ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူလီ သည် ခေါင်းညိတ်လိုက်သော်လည်း ၊ သူ့စိတ်ထဲတွင် သူ့ရှေ့ရှိ ရွှေရောင်မိုးကြိုးသစ်ပင် ကို အဆင့်ခုနစ်အထိ မည်သို့ အဆင့်မြှင့်တင်ရမည်ကို စတင်စဉ်းစားနေခဲ့သည်။

ရွှေရောင်မိုးကြိုးသစ်သားသည် ရွှေရောင်မိုးကြိုးသစ်ပင် ၏ အသန့်စင်ဆုံး အပိုင်းမှ ယူရမည် ဖြစ်သည်။ အဆင့်ငါး ရွှေရောင်မိုးကြိုးသစ်သား ဖြစ်ရန် အနှစ်တစ်သောင်း ကြာမြင့်ပြီး၊ အဆင့်ခြောက် ဖြစ်ရန် အနှစ်တစ်သိန်း၊ အဆင့်ခုနစ် ဖြစ်ရန် အနှစ်တစ်သန်း ကြာမြင့်တတ်သည်။

ထို့အပြင် ရွှေရောင်မိုးကြိုးသစ်ပင် များ၏ ကြီးထွားမှုသည် အလွန်အမင်း လိုအပ်ချက်များပြားသဖြင့် ရွှေရောင်မိုးကြိုးသစ်သားများကို အဆင့်ခုနစ်အထိ ကြီးထွားရန်မှာ အလွန်ပင် ခက်ခဲသည်။

All Chapters