← Chapters

အခန်း (၁၅၄၀-၁၅၄၂)

Vol. 103 Ch. 1540-1542

အခန်း (၁၅၄၀-၁၅၄၂)

Vol. 103 Ch. 1540-1542

အခန်း (၁၅၄၀) အတိတ်က မဟာနတ်ဧကရာဇ် (၂)

ပွင့်ချပ်များသည် တောင်တန်းများနှင့် သစ်ပင်များကို ထိမိသည်နှင့် ကြွေလွင့်ပျက်စီးကုန်၏။ သူတော်စင်နန်းဆောင် ရှစ်ခုမှ တောင်ပံမျိုးနွယ်စုဝင် တစ်ထောင်ကျော်တို့မှာ ထိုမြေကမ္ဘာကို ဖြိုခွဲနိုင်သော စွမ်းအားကြောင့် ရင်ဘတ်များ ချက်ချင်း ထိုးဖောက်ခံလိုက်ရသည်။

“တင်း မွေးဖွားဇယားချပ် တစ်ခုကို ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁၀၀။ မှတ်ချက် ဆိုးယုတ်သူတစ်ပါး အခြေအနေ”

လုကျိုးသည် ဤအသိပေးချက်ကို ၉၉၂ ကြိမ်တိုင်တိုင် ရရှိခဲ့သည်။

“တင်း ပစ်မှတ်ကို သတ်လိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁၀၀,၀၀၀။ မျိုးနွယ်စုဆုလာဘ် ကုသိုလ်မှတ် ၂၀,၀၀၀။ မှတ်ချက် ပစ်မှတ်တွင် နတ်ဝိညာဉ်ပုလဲသာ ရှိသည်”

လုကျိုးသည် ဤအသိပေးချက်ကိုလည်း ၈ ကြိမ်တိုင်တိုင် ရရှိခဲ့၏။ နတ်ဝိညာဉ်ပုလဲများမှာ အစွမ်းထက်လှသော်လည်း အကြွင်းမဲ့ခွန်အား၏ ရှေ့မှောက်တွင်မူ အသုံးမဝင်လှပေ။

ထိုအချိန်တွင် ထူဝေ့နှင့် မင်ပန်းတို့မှာ သူတို့ရှေ့တွင် အလင်းဒိုင်းတစ်ခုကို အလျင်အမြန် တည်ဆောက်လိုက်ကြရသည်။

ဘုန်း ဘုန်း ဘုန်း

ချင်းယွမ်မှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး သူမ၏ နှလုံးခုန်နှုန်းမှာလည်း ငြိမ်သက်မသွားသေးပေ။ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များမှာလည်း ဆက်တိုက် စီးကျနေဆဲပင်။ သူမက ကြည်ညိုလေးစားစွာဖြင့် ဆိုလိုက်၏။

“ချင်းယွမ်အသိုက်အမြုံက ကြည်ညိုရတဲ့ ဂုဏ်သိက္ခာကြီးမားလှတဲ့ ဆိုးယုတ်သူတစ်ပါး ဆိုတာ ဒါမျိုးမှပေါ့”

မင်ရှစ်ရင်နှင့် ချုံးချီတို့မှာ လုကျိုးကို ငေးကြည့်ရင်း မှင်တက်နေကြရသည်။ သူတို့၏ မျက်လုံးများမှာ မျက်တွင်းထဲမှ ထွက်ကျလာတော့မည့်အတိုင်းပင်။ ရေတွက်၍မရနိုင်သော ပွင့်ချပ်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည့် သူတော်စင်နန်းဆောင် ရှစ်ခုမှ တောင်ပံမျိုးနွယ်စုဝင်များကို ကြည့်ရင်း မင်ရှစ်ရင်သည် သူ၏ ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုများကို အစွမ်းကုန် ထိန်းချုပ်နေရသည်။ ထိုသူတို့၏ ခန္ဓာကိုယ်များမှာ တိုဟူးတုံးများထက်ပင် ပိုမိုနုနယ်နေသကဲ့သို့ ရှိတော့သည်။

ထို့နောက် မင်ရှစ်ရင်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ဆံပင်များ အနည်းငယ် ဖရိုဖရဲဖြစ်ကာ မျက်လုံးများမှ အပြာရောင်အလင်းတန်းများ ဖြာထွက်နေသော သူ၏ ဆရာကို လှမ်းကြည့်လိုက်သည်။ သူက တုန်ရီနေသော အသံဖြင့် ဆိုလိုက်၏။

“ဒါ... ဒါကြောင့်ကိုး။ ရှစ်စွင်းက ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်အားလုံးကို ဘာလို့ တစ်ခါမှ မကြောက်ခဲ့တာလဲဆိုတာ အခုမှ နားလည်တော့တယ်။ သူက... သူက သူ့ရဲ့ အစွမ်းတွေကို တကယ်ကြီး ဖုံးကွယ်ထားခဲ့တာပဲ”

ထိုအခိုက်အတန့်တွင် ချင်းယွမ်သည် ဒူးတစ်ဖက်ထောက်ရုံနှင့် သူမ၏ ခံစားချက်ကို ဖော်ပြရန် မလုံလောက်တော့ဟု ခံစားလိုက်ရသဖြင့် ဒူးနှစ်ဖက်လုံး ထောက်လိုက်ကာ လုကျိုးရှိရာဘက်သို့ ဦးတိုက်တော့သည်။

“ဆိုးယုတ်သူတစ်ပါးဟာ ထိပ်ဆုံးအဆင့်ကို သေချာပေါက် ပြန်ရောက်မှာပါ”

သူတော်စင်နန်းဆောင် ရှစ်ခုမှ တောင်ပံမျိုးနွယ်စုဝင် ၉၉၂ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြသည်။ မင်ပန်းမှာမူ သူ၏ အစွမ်းရှိသမျှကို အသုံးချခဲ့သော်လည်း ဤတိုက်ကွက်ကို တားနိုင်ရုံမျှသာ ရှိခဲ့သည်။ သူသည် ဒဏ်ရာတစ်စုံတစ်ရာ မရသည့် ဆိုးယုတ်သူတစ်ပါးကို ကြည့်ကာ တံတွေး မျိုချလိုက်မိသည်။ တောင်ပံမျိုးနွယ်စုဝင် အကြီးအကဲများက ဆိုးယုတ်သူတစ်ပါး လောကကြီးကို လွှမ်းမိုးခြယ်လှယ်ခဲ့ပုံများအကြောင်း တိတ်တဆိတ် ပြောဆိုခဲ့ကြသည်ကို သူ ပြန်လည် အမှတ်ရလိုက်၏။ ထိုစဉ်က သူသည် ထိုပုံပြင်များကို လှောင်ပြောင်ခဲ့ဖူးသည်။ ယခုအခါမှ ဆိုးယုတ်သူတစ်ပါး မမည်မျှ အစွမ်းထက်သည်ကို သူ နားလည်သွားတော့သည်။ သူ တကယ်ပင် ကြောက်လန့်နေပြီ ဖြစ်သည်။ အစောပိုင်းက သူ အံ့အားသင့်ပြီး စိုးရိမ်ခဲ့သည်မှာ ကြောက်လန့်ခြင်းဟု သူ ထင်ခဲ့သော်လည်း ယခုအခိုက်အတန့်တွင်မူ စစ်မှန်သော ကြောက်ရွံ့ခြင်း ဆိုသည်မှာ ဘယ်လိုမျိုးလဲဆိုတာကို သူ နောက်ဆုံးတွင် သိရှိသွားခဲ့ပြီ ဖြစ်သည်။

ထူဝေ့က ထိုတိုက်ခိုက်မှုကို တားဆီးရန် သူ၏ လက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရင်း ဆိုလိုက်၏။

“သွားကြစို့”

သူတော်စင်နန်းဆောင် ရှစ်ခုကို စတေးလိုက်ရသည်မှာ ကိစ္စမရှိသော်လည်း ထူဝေ့အနေဖြင့်မူ ထိုအထဲတွင် ပါဝင်အသေခံရန် ဆန္ဒမရှိပေ။ မင်ပန်းမှာမူ ဆိုးယုတ်သူတစ်ပါး၏ အစွမ်းကို အကန့်အသတ်မသိခဲ့သဖြင့် သူတော်စင်နန်းဆောင် ရှစ်ခုကို တိုက်ခိုက်ခိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ထူဝေ့ကတော့ ပိုသိသည်။ ယခုအချိန်တွင် အကောင်းဆုံးနည်းလမ်းမှာ ထွက်ပြေးရန်သာ ဖြစ်၏။ သူသည် ချင်းယွမ်နှင့် မင်ရှစ်ရင်တို့ကိုလည်း ဂရုမစိုက်တော့ပေ။ ထိုသူနှစ်ဦးမှာ သူ၏ မျက်လုံးထဲတွင် အရေးမပါလှပေ။ မည်သို့ပင်ဆိုစေကာမူ ထွက်ပြေးရန် ခက်ခဲလိမ့်မည်ကို သူ သိသော်လည်း ကြိုးစားကြည့်ရမည် မဟုတ်ပါလော။ ထူဝေ့က သူ၏ လက်ကို မြှောက်လိုက်ရာ ကောင်းကင်ယံ၌ အနက်ရောင် သင်္ကေတလမ်းကြောင်းတစ်ခု ပေါ်ထွက်လာတော့သည်။

မင်ပန်း၏ ရှင်သန်လိုစိတ်မှာ အလွန် ပြင်းပြလှသဖြင့် သူသည် ကမူးရှူးထိုး လှုပ်ရှားလိုက်ကာ ထူဝေ့၏ နောက်သို့ ကပ်လျက် လိုက်ပါသွားတော့သည်။

လုကျိုး၏ မျက်လုံးများမှာ ဆွဲဆောင်မှုရှိသော အပြာရောင်များအဖြစ် ဝင်းလက်နေပြီး သဲနာရီကို ပစ်လွှတ်လိုက်၏။ သဲနာရီမှာ ယခင်ကထက် ပိုမိုကြီးမားကာ ပိုမို ပြာလွင်နေတော့သည်။ ၎င်းတွင် သမုဒ္ဒရာပမာ ကျယ်ပြောလှသော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါများ ရှိနေ၏။ ၎င်းသည် လေထဲတွင် ဝဲပျံနေပြီး မိုင် ၁၀၀၀၀ ပတ်လည်အတွင်းရှိ ဟင်းလင်းပြင်ကို ချက်ချင်းပင် အေးခဲသွားစေတော့သည်။ မြစ်ရေများ စီးဆင်းမှု ရပ်တန့်သွား၏၊ ရေတံခွန်မှရေ ကျဆင်းခြင်း မရှိတော့ပေ၊ ငှက်များမှာလည်း ပျံသန်းနေရင်းပင် ရပ်တန့်သွားကြကာ တိမ်တိုက်များမှာလည်း လှုပ်ရှားခြင်း မရှိတော့ပေ။ ထူဝေ့ အပါအဝင် လူတိုင်းမှာ ရုပ်ထုများပမာ အေးခဲသွားကြရတော့သည်။

လုကျိုးက နှာခေါင်းရှုံ့လိုက်ပြီးနောက် ပျံသန်းသွားသည်။ သူသည် မိုင် ၁၀၀၀၀ ပတ်လည်အတွင်း လှုပ်ရှားနေသည့် တစ်ဦးတည်းသောသူ ဖြစ်၏။ သူ၏ တည်ငြိမ်သော မျက်နှာထားနှင့် အပြာရောင်မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထူဝေ့၏ အထက်သို့ ရောက်ရှိသွား၏။ ထို့နောက် သူက လက်ကို မြှောက်ကာ အမည်းရောင် သင်္ကေတလမ်းကြောင်းကို ပိတ်လိုက်သည်။ ပြီးနောက် သူ၏ လက်နှစ်ဖက်ကို ဖိချလိုက်ရာ ထူဝေ့နှင့် မင်ပန်းတို့မှာ ဖိနှိပ်ခြင်းကို ခံလိုက်ရတော့သည်။

ဘုန်း

သဘာဝကျစွာပင် ထူဝေ့က ပထမဆုံး သတိပြန်ဝင်လာသူ ဖြစ်သည်။ သူသည် ရှောင်တိမ်းရန် ဖျတ်ခနဲ လှုပ်ရှားလိုက်၏။ လုကျိုးသည် ထူဝေ့ကို ဂရုမစိုက်ဘဲ ဆက်လက် တိုက်ခိုက်လိုက်သည်။ သူ လှုပ်ရှားလိုက်တိုင်း ဟင်းလင်းပြင်မှာ ဂယက်ထသွားပြီး ပုံပျက်သွားရ၏။

ထူဝေ့က ရုတ်တရက် အော်ဟစ်လိုက်သည်။

“ဒါက... ရေဆန်နိယာမလား”

ထို့နောက် ထူဝေ့သည် ရေဆန်နိယာမ၏ ဆွဲယူခြင်းကို ခံလိုက်ရပြီး လက်ဝါးစည်းတံဆိပ်မှာ သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားတော့သည်။ အနက်ရောင် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လက်ဝါးစည်းတံဆိပ်၏ ဒဏ်ကို ချေဖျက်ပေးလိုက်၏။

ဆန့်ကျင်ဘက်အနေဖြင့် မင်ပန်းမှာမူ ထိုမျှအထိ ကံမကောင်းလှပေ။ နတ်ဧကရာဇ်တစ်ပါးပင်လျှင် ကာကွယ်ရုံသာ တတ်နိုင်မှတော့ သူကဲ့သို့ နတ်အရှင်တစ်ပါးက မည်ကဲ့သို့ အခွင့်အရေး ရှိပါ့မည်နည်း။ လက်ဝါးစည်းတံဆိပ်မှာ လျှပ်စီးတန်းတစ်ခုပမာ သူ့ကို ရိုက်ခတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့သည်။

ဘုန်း

မင်ပန်းမှာ မြေပြင်သို့ ထိုးဆင်းသွားတော့သည်။

လုကျိုးသည် သဲနာရီကို ပြန်လည် သိမ်းဆည်းလိုက်ရာ အချိန်များမှာ ပြန်လည် စီးဆင်းလာတော့သည်။ ထို့နောက် သူသည် မြေပြင်ကို ငုံ့ကြည့်လိုက်၏။ အသက်ရှင်ကျန်ရစ်သည့် သူတော်စင်နန်းဆောင် ရှစ်ခုမှ တောင်ပံမျိုးနွယ်စုဝင်များမှာ ထိတ်လန့်တုန်လှုပ်နေကြရသည်။ ယခုအခိုက်အတန့်တွင် သူတို့ ခံစားနေရသော ကြောက်ရွံ့မှုကို စကားလုံးဖြင့် ဖော်ပြရန် မဖြစ်နိုင်ပေ။ သူတို့သည် တိုက်ခိုက်ချင်သည့် စိတ်ဆန္ဒများ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် ကျန်ရှိနေသော သတ္တိကို စုစည်းကာ အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးကြတော့သည်။

“မင်းတို့အားလုံး သေရမယ်။ ဘယ်ကိုမှ ပြေးလို့ မရဘူး”

လုကျိုးသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ ကျောဘက်တွင် ရှိသော ကြယ်တာရာဒိုင်ခွက်ကို ကောင်းကင်ယံသို့ ပင့်တင်လိုက်သည်။ ၎င်းမှာ မိုင် ၁၀၀၀၀ ခန့် ကျယ်ပြောလှပုံ ရ၏။ သူသည် သူ၏ ကုန်ခမ်းခြင်းမရှိသော စွမ်းအားများကို အသုံးချရန် ဝန်မလေးခဲ့ပေ။ မြေကမ္ဘာမှာ တုန်လှုပ်သွားပြီး ပင်လယ်ရေများမှာလည်း ဆူပွက်လာတော့သည်။

“တင်း မွေးဖွားဇယားချပ် တစ်ခုကို ဖျက်ဆီးလိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ၁၀၀”

ဤအသိပေးချက်မှာ ၁၈,၈၄၈ ကြိမ်တိုင်တိုင် မြည်ဟည်းသွားတော့သည်။ ကောင်းကင်ယံမှ အသားစိုင်များ၊ သွေးများနှင့် ပြတ်တောက်နေသော အင်္ဂါအစိတ်အပိုင်းများက မိုးပမာ ရွာကျလာခဲ့သည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျန့်ဝမ်ရွှီမှာ သွေးများနှင့် အသားစိုင်များ စွန်းထင်းနေပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ကောင်းကင်ယံကို စိုက်ကြည့်နေမိသည်။ သူ၏ မျက်လုံးများမှာ မျက်တွင်းထဲမှ ထွက်လာတော့မည့်အတိုင်းပင်။ အတုမဲ့ ကြီးမားလှသော ကြယ်တာရာဒိုင်ခွက်နှင့် တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးကို ကြည့်ရင်း သူသည် ပြင်းထန်စွာ တုန်ရီနေမိတော့သည်။

'ဒါဟာ အထွတ်အထိပ်သက်ရှိ လေးပါးရဲ့ အသက်တွေကို စတေးပြီးမှ မဟာလေဟာနယ်က ခဲယဉ်းစွာ နှိမ်နင်းနိုင်ခဲ့တဲ့ ဆိုးယုတ်သူတစ်ပါးလား။ မဟာဧကရာဇ်ထူဝေ့တောင်မှ ဦးညွှတ်ရတဲ့ ဆိုးယုတ်သူတစ်ပါး လား။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းတုန်းက သူ ဘယ်လိုများ အရေးနိမ့်ခဲ့ရတာလဲ'

ပြောနေစရာပင် မလိုတော့ပေ။ သူတော်စင်နန်းဆောင် ရှစ်ခု သုတ်သင်ခံလိုက်ရသည်ကို မြင်တွေ့ပြီးနောက်နှင့် လုကျိုး၏ ခွန်အားကို မျက်မြင်တွေ့လိုက်ရပြီးနောက် မင်ပန်းမှာ ထွက်ပြေးရန်သာ ဆန္ဒရှိတော့သည်။ သူသည် ထူဝေ့ကိုပင် ထည့်မစဉ်းစားတော့ဘဲ ကောင်းကင်ယံသို့ ချက်ချင်းပင် ခုန်တက်လိုက်တော့သည်။

လုကျိုး လှုပ်ရှားတော့မည်ကို ထူဝေ့ မြင်သောအခါ သူက ဆိုလိုက်၏။

“အဲဒီတုန်းက မင်းနဲ့ တိုက်ခိုက်ခဲ့ရလို့ ငါ အပြင်းအထန် ဒဏ်ရာရခဲ့တာ။ အဲဒီနောက်မှာ ဒဏ်ရာတွေ သက်သာဖို့အတွက် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံခဲ့ရပြီးမှ ကံကောင်းထောက်မစွာနဲ့ နတ်ဧကရာဇ် တစ်ပါး ဖြစ်လာခဲ့တာပဲ။ ဒါပေမဲ့... ငါ မင်းကို မယှဉ်နိုင်သေးဘူးလို့တော့ မထင်ထားခဲ့ဘူး”

…

အခန်း (၁၅၄၁) အတိတ်က မဟာနတ်ဧကရာဇ် (၃)

လုကျိုးသည် ထူဝေ့ကို ဂရုမစိုက်ဘဲ သူ၏လက်ကို မြှောက်လိုက်ရာ လေးအသွင်ပြောင်းထားသော အမည်မဲ့ ပေါ်ထွက်လာသည်။ ထို့နောက် သူသည် ထိုလေးကို အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ လက်ထဲသို့ လှမ်းပစ်လိုက်၏။

ထို့နောက်တွင် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ရှေ့သို့ တစ်လှမ်းတက်ကာ အနောက်ဘက်သို့ မျက်နှာမူလိုက်သည်။ ၎င်းသည် ခန္ဓာကိုယ်ကို ၃၀ ဒီဂရီခန့် ကိုင်းညွှတ်လိုက်ပြီးနောက် လေးကြိုးကို နောက်သို့ ဆွဲလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် လေးပေါ်၌ စွမ်းအင်မြားတစ်စင်း ပေါ်ပေါက်လာ၏။ မြားထိပ်တွင် အပြာရောင် လျှပ်စီးတန်းများ တဖျတ်ဖျတ် ဝင်းလက်နေတော့သည်။

ဝှစ်

စွမ်းအင်မြားသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲလျက် လေထဲ၌ ပျံသန်းသွားတော့သည်။ နဂါးပမာ အပြာရောင် လျှပ်စီးတန်းများမှာ မင်ပန်းထံသို့ ဦးတည်ပျံသန်းနေစဉ် တဖျတ်ဖျတ် ဝင်းလက်နေဆဲပင်။ မင်ပန်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကြောက်လန့်မှုကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွား၏။ သူသည် ပေ ၃၀၀၀၀ ခန့် ကျယ်ပြောလှသော သူ၏ တောင်ပံများကို အလျင်အမြန် ဖြန့်လိုက်ပြီးနောက် ပိုးအိမ်ကဲ့သို့ မိမိကိုယ်ကို ရစ်ပတ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတော်စင်အလင်းများ တောက်ပလာတော့သည်။

ကံဆိုးစွာပင် စွမ်းအင်မြားသည် သူတော်စင်အလင်းများ တောက်ပနေသော ပိုးအိမ်ကို ဓားအပူတစ်လက်က ထောပတ်ခဲကို လှီးဖြတ်လိုက်သကဲ့သို့ အလွယ်တကူ ဖောက်ထွင်းသွားတော့သည်။ တောင်ပံများကြားတွင် ပုန်းအောင်းနေသော မင်ပန်းသည် သူ၏ ရင်ဘတ်တွင် စိုက်ဝင်နေသည့် အပြာရောင်လျှပ်စီးတန်းများ ဝင်းလက်နေသော စွမ်းအင်မြားကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းငုံ့လိုက်မိ၏။ သွေးအသစ်များ အရှိန်အဟုန်ဖြင့် စီးထွက်လာတော့သည်။ သူသည် သွေးများကို တားဆီးရန် ကြိုးစားသော်လည်း အပြာရောင်စွမ်းအင်က သူ့ကို တားဆီးနေကြောင်း သိလိုက်ရ၏။ သူသည် သူတော်စင်အလင်းအောက်တွင် ပိုမိုနီမြန်းနေသော သွေးများ သူ၏ ရင်ဘတ်တွင် စွန်းထင်းနေသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။

ထူဝေ့သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် လုကျိုးကို ထပ်မံ ကြည့်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ ခေါင်းခါလျက် ဆို၏။

"နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပေမဲ့ မင်းကတော့ သွေးဆာနေတုန်းပဲကိုး"

လုကျိုးက ခပ်အေးအေးပင် ဆိုလိုက်၏။

"သူတို့က ပုရွက်ဆိတ်တွေသာသာပဲ"

"ပုရွက်ဆိတ်တွေ ဟုတ်လား" ထူဝေ့က အရူးအမူး ရယ်မောလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။

"ငါ့ဘဝမှာ ငါလေးစားရတဲ့သူ သိပ်မရှိဘူး။ မင်းကတော့ အဲဒီထဲက တစ်ယောက်အဖြစ် သတ်မှတ်လို့ ရတယ်"

"ဒီတော့ ဘာဖြစ်လဲ။ ငါ့ကို လေးစားတဲ့သူတွေ အများကြီး ရှိတာပဲ"

ဝှစ်

လုကျိုးသည် သူ၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ ထူဝေ့ထံသို့ ပျံသန်းသွားတော့သည်။ ထူဝေ့သည်လည်း သူ၏ အမည်းရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ကာ သူ၏ ရှေ့မှ တားဆီးလိုက်၏။ အထွတ်အထိပ်သက်ရှိ နှစ်ဦး၏ စိတ်ဝိညာဉ်သဏ္ဌာန်များ ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ဘုန်း

စွမ်းအင်ဂယက်များ မိုင်ပေါင်းသောင်းချီ ပျံ့နှံ့သွားပြီး မြေပြင်ပေါ်၌ နက်ရှိုင်းသော ချောက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။ လုကျိုး၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲပင်။ ဆန့်ကျင်ဘက်အနေဖြင့် ထူဝေ့မှာမူ မျက်မှောင်အဆမတန် ကျုံ့နေပြီး မျက်နှာထားမှာလည်း တင်းမာနေတော့သည်။ သူ၏ မျက်လုံးများအတွင်းရှိ ထိတ်လန့်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ နောက်ဆုံးတွင် သူက ဆိုလိုက်၏။

"မင်း ငါ့ကို သတ်ဖို့ကတော့ အဲဒီလောက် မလွယ်ကူလှဘူး"

"သိပ်ကောင်းတာပေါ့။ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်" လုကျိုးက ဆိုလိုက်၏။

ထိုအခိုက်အတန့်တွင် ပေ ၁၀၀၀၀ ခန့် ရှည်လျားသော အပြာရောင် စွမ်းအင်ဓားတစ်လက် လုကျိုး၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ထံမှ ထွက်ပေါ်လာတော့သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခု ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။ ထိုအချိန်တွင် မင်ပန်းသည် သူ၏ ရင်ဘတ်တွင် စိုက်ဝင်နေသော စွမ်းအင်မြားနှင့် သူ၏ ရှေ့မှ ပြင်းထန်သော တိုက်ပွဲကို တစ်လှည့်စီ ကြည့်နေမိ၏။ ထို့နောက် သူသည် ပိုမိုကြီးမားလာသော မြေပြင်ပေါ်ရှိ အက်ကြောင်းများကို ကြည့်လိုက်သည်။ သူသည် အတိတ်က သူ၏ မြင့်မြတ်လှသော အခြေအနေ၊ မဟာအသူရာမြေနှင့် ယခုအခါ သုတ်သင်ခံလိုက်ရပြီဖြစ်သော သူတော်စင်နန်းဆောင် ရှစ်ခုတို့အကြောင်းကို တွေးတောနေမိ၏။ ထို့နောက် သူက တုန်ရီနေသော အသံဖြင့် ဆိုလိုက်သည်။

"ငါ... ငါ သေလို့ မဖြစ်ဘူး”

မင်ပန်းသည် အော်ဟစ်လိုက်ပြီး သူ၏ ရင်ဘတ်မှ စွမ်းအင်မြားကို အတင်းအကျပ် ဆွဲထုတ်လိုက်ကာ သူ၏ နတ်ဝိညာဉ်ပုလဲကို ထုတ်ဖော်လိုက်သည်။ သူ၏ ရင်ဘတ်တွင် ထိတ်လန့်ဖွယ်ရာ သွေးထွက်နေသော အပေါက်ကြီးတစ်ခုကို မြင်တွေ့ရ၏။ သူသည် စွမ်းအင်မြားကို လွှင့်ပစ်လိုက်ပြီးနောက် သူ၏ လက်ကို ကြည့်လိုက်သည်။ သူ၏ လက်ပေါ်ရှိ အသားများမှာ လောင်ကျွမ်းသွားပြီး အရိုးများသာ ကျန်ရှိတော့၏။

မင်ပန်းသည် နာကျင်မှုကို အောင့်အည်းကာ ပျံသန်းထွက်ခွာသွားရင်း သူကိုယ်တိုင် တီးတိုးရေရွတ်နေမိ၏။

"ဧကရာဇ်ယွီက ငါ့ကို ကယ်နိုင်လိမ့်မယ်”

မင်ပန်းသည် တောင်ပံမျိုးနွယ်စုတွင် အစွမ်းထက်ဆုံးသူ ဖြစ်သည့် ဧကရာဇ်ယွီအကြောင်းကို ရုတ်တရက် သတိရသွားသည်။ သူသည် ဆိုးယုတ်သူတစ်ပါးနှင့် မဟာဧကရာဇ် ထူဝေ့တို့ တိုက်ခိုက်နေစဉ် အခွင့်အရေးကို အရယူရမည် ဖြစ်သည်။ ၎င်းမှာ သူ၏ တစ်ခုတည်းသော နောက်ဆုံး ထွက်ပြေးခွင့် ရမည့် အခွင့်အရေး ဖြစ်နေနိုင်ပေသည်။ သူသည် ထွက်ပြေးရန် အခွင့်အရေး အလွန်မြင့်မားသည်ဟု ယူဆထား၏။

ထိုအခိုက်အတန့်တွင် အထင်သေးသော အသံတစ်ခု လေထဲ၌ ဟိန်းထွက်သွားသည်။

"ဒါကို ယူထားလိုက်"

ထို့နောက်တွင် ကောင်းကင်ကြီးသည် ချက်ချင်းပင် မှောင်မိုက်သွားတော့သည်။ မင်ပန်းက ဇဝေဇဝါဖြင့် မော့ကြည့်လိုက်၏။

"ဘာဖြစ်တာလဲ"

ခေတ္တမျှ ကြာပြီးနောက် မင်ပန်း သတိပြန်ဝင်လာပြီး နောက်ဆက်တွဲ ပြဿနာများကို ဂရုမစိုက်ဘဲ ဆက်လက် ပျံသန်းနေဆဲပင်။ သူသည် နတ်အရှင်တစ်ပါး ဖြစ်သဖြင့် မျက်စိတစ်မှိတ်အတွင်း မိုင် ၁၀၀ ခန့်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ပေသည်။ သို့သော်လည်း မကြာမီမှာပင် သူသည် တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ရ၏။ သူ မည်မျှပင် ဝေးဝေးပျံသန်းစေကာမူ ကောင်းကင်ကြီးမှာ အမြဲတမ်း မှောင်မိုက်နေဆဲပင်။

ထို့နောက်တွင် မင်ပန်းသည် ထူဝေ့၏ အသံကို ကြားလိုက်ရသည်။

"ကျယ်ပြန့်ကောင်းကင်အိတ်လား"

အပြင်းအထန် ဒဏ်ရာရထားသော မင်ပန်း၏ မျက်နှာမှာ ဖြူလျော်သွားပြီး ခန္ဓာကိုယ်မှာလည်း တုန်ရီလာတော့သည်။ မျှော်လင့်ချက်ကင်းမဲ့မှုများက သူ၏ နှလုံးသားထဲသို့ လွှမ်းမိုးသွားပြီး တီးတိုးရေရွတ်လိုက်မိ၏။

"ဆိုးယုတ်သူတစ်ပါးရဲ့ ကျယ်ပြန့်ကောင်းကင်အိတ်လား"

ကျယ်ပြန့်ကောင်းကင်အိတ်သည် မိုးမြေနှစ်ခုလုံးကို ဖုံးလွှမ်းနိုင်စွမ်း ရှိသည်။ ထိုအိတ်အတွင်းသို့ ဝင်ရောက်သွားသော သက်ရှိမှန်သမျှမှာ ထွက်ပြေးရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။ တာအိုစွမ်းအားဖြစ်စေ၊ နိယာမများဖြစ်စေ ကျယ်ပြန့်ကောင်းကင်အိတ်အတွင်း၌ အသုံးမဝင်လှပေ။ ထင်ထားသည့်အတိုင်းပင် မင်ပန်းသည် သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လျင်မြန်စွာ ကျဉ်းမြောင်းလာသည်ကို ခံစားလိုက်ရတော့သည်။ သူသည် ဟင်းလင်းပြင်နိယာမကို အသုံးပြုရန် မည်မျှပင် ကြိုးစားပါစေ၊ ထွက်ခွာနိုင်ခြင်း မရှိခဲ့ပေ။ ဟင်းလင်းပြင်မှာ ဆက်လက် ကျဉ်းမြောင်းလာသဖြင့် သူသည် အသက်ရှူကျပ်လာသကဲ့သို့ ခံစားလိုက်ရ၏။ လေထုနှင့် မူလစွမ်းအင်များမှာ နည်းပါးလာခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ ပတ်ဝန်းကျင်ကို အစွမ်းကုန် တိုက်ခိုက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။ သူသည် ဤနေရာမှ ဖောက်ထွက်နိုင်ခြင်း မရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင် လုကျိုးသည် မင်ပန်း၏ အထက် ကောင်းကင်ယံ၌ ဝဲပျံနေဆဲပင်။ သူက လက် အောက်ချထားလျက် ကျယ်ပြန့်ကောင်းကင်အိတ်ကို ဆက်လက် ဆုပ်ကိုင်ထားသည်။ ခေတ္တမျှ ကြာပြီးနောက် သူသည် ကျယ်ပြန့်ကောင်းကင်အိတ်ကို သူ၏ လက်ထဲသို့ ဆွဲယူလိုက်၏။ မလှမ်းမကမ်းတွင် ရပ်နေသော ထူဝေ့သည် ကျယ်ပြန့်ကောင်းကင်အိတ်ကို ပိုမို တင်းမာသော မျက်နှာထားဖြင့် ကြည့်နေမိသည်။

လုကျိုး ကျယ်ပြန့်ကောင်းကင်အိတ်ကို လက်ထဲ၌ ကိုင်ထားစဉ် အိတ်အတွင်းမှ မပီမသ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူသည် ထူဝေ့ကို ကြည့်ကာ ခပ်အေးအေးပင် ဆိုလိုက်၏။

"နတ်အရှင်လေး တစ်ယောက်ကများ ထွက်ပြေးဖို့ ကြိုးစားရဲတယ်ပေါ့"

ထိုအခိုက်အတန့်တွင် ကျယ်ပြန့်ကောင်းကင်အိတ်အတွင်းမှ မင်ပန်း၏ အသံ ထွက်ပေါ်လာသည်။

"ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန်တော့်ကို... လွှတ်ပေးပါ”

လုကျိုးသည် ကျယ်ပြန့်ကောင်းကင်အိတ်ကို ကြည့်ကာ တစ်ချက် ရိုက်နှက်လိုက်၏။

ဂျွတ်

ကျယ်ပြန့်ကောင်းကင်အိတ်အတွင်းမှ အရိုးကျိုးသံများ ထွက်ပေါ်လာပြီး မင်ပန်းသည် ရုတ်တရက် ငြိမ်သက်သွားတော့သည်။ ထိုရိုက်ချက်က သူ့ကို ဝပ်ပြားသွားစေ၏။ လုကျိုးသည် မျက်နှာပျက်နေသော ထူဝေ့ကို မမှိတ်မသုန် ဆက်လက် စိုက်ကြည့်နေဆဲပင်။ ထို့နောက် သူသည် ချင်းယွမ်ရှိရာဘက်သို့ ကြည့်လိုက်ပြီး မေးမြန်းလိုက်၏။

"ချင်းယွမ်... မင်း ကျေနပ်ပြီလား"

ထိုစကားကို ကြားသောအခါ မိုင်ပေါင်းထောင်ချီ ဝေးကွာသောနေရာ၌ ရှိနေသည့် ချင်းယွမ်သည် လေးစားစွာဖြင့် ထပ်မံ ဒူးထောက်လိုက်ကာ ဝေးကွာသော ကောင်းကင်ယံရှိ ဧရာမစိတ်ဝိညာဉ်သဏ္ဌာန်ကြီးဆီသို့ ဦးတိုက်တော့သည်။

“ကျေးဇူးတင်ပါတယ်... ဆိုးယုတ်သူတစ်ပါး”

လုကျိုးက ဆိုလိုက်သည်။ "ဒါတင် မလုံလောက်သေးဘူး"

လုကျိုးသည် ကျယ်ပြန့်ကောင်းကင်အိတ်ကို ထပ်မံ၍ ရိုက်နှက်လိုက်ပြန်သည်။

ဘုန်း

လုံးဝန်းနေသော ကျယ်ပြန့်ကောင်းကင်အိတ်မှာ ချက်ချင်းပင် ပြားချပ်သွားတော့သည်။ ဤသို့ဖြင့် လုကျိုးသည် ကျယ်ပြန့်ကောင်းကင်အိတ်ကို နောက်ဆုံးတွင် သိမ်းဆည်းလိုက်၏။ မင်ပန်း သေဆုံးရန်မှာ အချိန်အတိုင်းအတာ တစ်ခုသာ လိုတော့သည်။ ထို့ကြောင့် သူသည် သူ၏ အာရုံကို ထူဝေ့ထံသို့ လွှဲပြောင်းလိုက်၏။ ထိုအချိန်တွင် သူသည် အသေရိုက်ချက်ကတ်၊ စင်းလုံးချောကတ်နှင့် အခြားသော အသုံးပစ္စည်းကတ်များ အားလုံးမှာ သူတို့၏ အပြည့်အဝ စွမ်းအားများကို ရရှိနေကြောင်း အာရုံခံမိလိုက်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ထိုကတ်များ အားလုံး၏ အထွတ်အထိပ်စွမ်းအားမှာ ဆိုးယုတ်သူတစ်ပါး၏ အထွတ်အထိပ်စွမ်းအားပင် ဖြစ်ပေတော့သည်။

…

အခန်း (၁၅၄၂) အတိတ်က မဟာနတ်ဧကရာဇ် (၄)

လုကျိုးသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကြီးအား မော့ကြည့်နေပြီး သူ့ကို မမှိတ်မသုန် စူးစိုက်ကြည့်နေသော ထူဝေ့အား ပြန်လည်ကြည့်ရှုနေလေသည်။

“လာစမ်း”

ကောင်းကင်ယံ၌ မိုးကြိုးပမာ ဟိန်းဟောက်သံကြီး မြည်ဟည်းသွားပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးနှစ်ခုမှာ ပြန်လည်၍ အကြိတ်အနယ် တိုက်ခိုက်ကြတော့သည်။

ဘုန်း

ဝူး

လေထုအတွင်း၌ တဝီဝီမြည်သံများ ထွက်ပေါ်လာတိုင်း စိတ်ဝိညာဉ်သဏ္ဌာန်ကြီးနှစ်ခုသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲလျက် စစ်မြေပြင်ကို အဆက်မပြတ် ပြောင်းလဲနေကြသည်။ အနောက်မြို့တော်၏ မြောက်ဘက်အရပ်မှသည် မိုင်ပေါင်းတစ်သောင်းဝေးကွာသော မြောက်ဘက်ဒေသ သစ်တောကြီးများဆီသို့၊ ထိုမှတစ်ဆင့် အရှေ့မြို့တော်၏ မိုးကုပ်စက်ဝိုင်းအထိ တိုက်ပွဲနယ်မြေမှာ ပြောင်းလဲသွားလေသည်။ နောက်ဆုံးတွင်မူ တိုက်ပွဲသည် အမည်မသိကုန်းမြေဆီသို့ပင် ကူးစက်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ထိုစိတ်ဝိညာဉ်သဏ္ဌာန်ကြီးနှစ်ခု တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအင်ရိုက်ခတ်မှုများကို သိသိသာသာ ခံစားနေရသည်။

ဘုန်း

ကျင့်ကြံသူများသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြရင်း အံ့ဩတကြီး မေးမြန်းနေကြတော့သည်။

“အဲဒါ ဘာကြီးလဲ”

“ကောင်းကင်ကြီးများ ကွဲအက်သွားပြီလား”

ဘုန်း

ကောင်းကင်ယံမှ လျှပ်စီးတန်းတစ်ခု ကျဆင်းလာပြီး မြေပြင်ပေါ်၌ ရှည်လျားကျဉ်းမြောင်းလှသော အက်ကွဲကြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အမည်မသိကုန်းမြေအတွင်း၌မူ သားရဲမှန်သမျှသည် တညီတညွတ်တည်း လှုပ်ရှားနေကြသည်။ ထိုအထဲတွင် သားရဲဧကရာဇ်များပင် ပါဝင်နေ၏။ အထွတ်အထိပ်သက်ရှိ နှစ်ဦးသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲလျက် သားရဲများ၏ အထက်သို့ ပေါ်ပေါက်လာသောအခါ သားရဲမှန်သမျှမှာ ကြောက်လန့်တုန်ရီလျက် မြေပြင်ပေါ်၌ ဝပ်စင်းနေကြတော့သည်။

ကောင်းကင်ယံမှ ဖျက်ဆီးခြင်းစွမ်းအားများသည် လောကတစ်ခုလုံးကို လွှမ်းမိုးသွားသည်။ တောင်တန်းများ ပြိုလဲပျက်စီးကုန်၏၊ သစ်တောများ ပြာကျသွားကာ ကမ္ဘာမြေမှာလည်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားရတော့သည်။

ဝူး

စိတ်ဝိညာဉ်သဏ္ဌာန်ကြီးနှစ်ခုမှာ ထပ်မံ၍ လှုပ်ရှားသွားကြပြန်သည်။

သွင့်ကျန်း၏ ဖျက်ဆီးခြင်းတိုင်လုံးတွင် ဖြစ်သည်။ တွမ့်မူထျန်းသည် သူ၏ လှုပ်ကုလားထိုင်ပေါ်တွင် အနားယူနေရာမှ ရုတ်တရက် မျက်လုံးများ ပွင့်လာကာ နားစွင့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။ မကြာမီမှာပင် မိုးမြေအကြား တိုက်ခိုက်နေကြသော စိတ်ဝိညာဉ်သဏ္ဌာန်ကြီးနှစ်ခုကို သူ မြင်တွေ့လိုက်ရတော့သည်။

တွမ့်မူထျန်းက ဒေါသတကြီး ဆဲရေးလိုက်၏။

“တောက် မဟာလေဟာနယ်က အဲဒီကောင်တွေ ဒီကို ရောက်နေတာလား”

တွမ့်မူထျန်းသည် အထွတ်အထိပ်သက်ရှိ နှစ်ဦး၏ တိုက်ပွဲအတွင်း ကြားညှပ်မသွားစေရန် ဖျက်ဆီးခြင်းတိုင်လုံးအတွင်းသို့ အလျင်အမြန်ပင် ပြန်လည်ဝင်ရောက်သွားတော့သည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ထူဝေ့သည် တဖြည်းဖြည်းနှင့် မောပန်းနွမ်းနယ်လာသည်။ ကံဆိုးစွာပင် ဆိုးယုတ်သူတစ်ပါးမှာမူ အနည်းငယ်မျှပင် ပင်ပန်းနွမ်းနယ်ဟန် မပြပေ။ နောက်ဆုံးတွင် ထူဝေ့က အသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏။

“မဟာလေဟာနယ်က ငါတို့ရဲ့ အထက်မှာပဲ ရှိတယ်။ မင်ရှင်းနဲ့ တရားမျှတမှုချိန်ခွင်သာ ရှိနေရင် မင်းရှိနေတာကို သူတို့ သိပြီးလောက်ပြီ။ ငါ မင်းကို မနိုင်ရင်တောင် မင်းကို အချိန်ဆွဲထားဖို့ကတော့ ငါ့အတွက် မခက်ပါဘူး”

လုကျိုးက အေးစက်စွာ မိန့်ကြားလိုက်သည်။

“သဲနာရီ”

သဲနာရီသည် အပြာရောင်အလင်းတန်းများ ဝင်းလက်လျက် ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ထိုအခိုက်အတန့်တွင် မိုင်ပေါင်းတစ်သောင်း ပတ်လည်အတွင်းရှိ အချိန်မှန်သမျှ ထပ်မံ၍ အေးခဲသွားတော့သည်။ လုကျိုးသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ကာ ထူဝေ့၏ရှေ့သို့ ရောက်ရှိသွားပြီး သူ့ကို ဖမ်းဆွဲရန် လက်ကို ဆန့်ထုတ်လိုက်၏။

ဘုန်း

“ဝိညာဉ်ရှာခေါင်းလောင်းလား”

ဝိညာဉ်ရှာခေါင်းလောင်းသည် လုကျိုး၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ လုကျိုးသည် သဲနာရီကို ပြန်လည် ဆွဲယူလိုက်၏။

“ရေဆန်စီးဆင်းမှု”

ထိုသို့ မိန့်ကြားလိုက်သည်နှင့် အချိန်သည် နောက်ပြန်စီးဆင်းသွားလေတော့သည်။

ထူဝေ့သည် သူ၏ မူလစွမ်းအင်များမှာ ဆန့်ကျင်ဘက်အရပ်သို့ စီးဆင်းနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဤလောကတွင် မပြောင်းလဲနိုင်သော အချိန်နိယာမကို မည်သူမျှ ဖောက်ဖျက်နိုင်စွမ်း မရှိသင့်ပေ။ အလွန်ဆုံးအနေဖြင့် အချိန်ကို ခေတ္တမျှ ရပ်တန့်နိုင်ရုံသာ ရှိသည်။ အချိန်ကို နောက်ပြန်လှည့်ရန်မှာမူ မည်သို့မျှ မဖြစ်နိုင်ပေ။ ထို့ကြောင့်လည်း မည်သူမျှ ထာဝရ မရှင်သန်နိုင်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အကယ်၍ အချိန်ကို နောက်ပြန်လှည့်နိုင်မည်ဆိုပါက ထာဝရရှင်သန်နိုင်မည့် နည်းလမ်းကိုလည်း ရှာတွေ့နိုင်ပေလိမ့်မည် မဟုတ်ပါလော။

ဘုန်း

လုကျိုးသည် သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ထူဝေ့၏ အမည်းရောင် အကာအကွယ် သူတော်စင်အလင်းကို အလွယ်တကူ ထိုးဖောက်သွားပြီး ဝိညာဉ်ရှာခေါင်းလောင်းကို ဖမ်းဆွဲလိုက်တော့သည်။

ထူဝေ့ မျက်နှာဖြူရော်သွားကာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်၏။

“ပြန်လာစမ်း”

ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်

ဝိညာဉ်ရှာခေါင်းလောင်းသံသည် ကောင်းကင်ယံ၌ ဟိန်းထွက်သွားတော့သည်။ အမည်မသိကုန်းမြေအတွင်းရှိ ဝိညာဉ်ရှာခေါင်းလောင်းသံကို ကြားလိုက်ရသူမှန်သမျှမှာ ကိုယ်ခန္ဓာရှိ ဒွါရခုနစ်ပေါက်မှ သွေးများ ထွက်လာကာ သေဆုံးကုန်ကြသည်။

ဝိညာဉ်ရှာခေါင်းလောင်းသံ၏ ရိုက်ခတ်မှုကို ခံလိုက်ရသော တွမ့်မူထျန်းမှာလည်း နာကျင်စွာ အော်ဟစ်လိုက်မိပြီး ဖျက်ဆီးခြင်းတိုင်လုံး၏ အကာအကွယ်နောက်ကွယ်သို့ အပြေးအလွှား သွားလိုက်ရသည်။ ထို့နောက် သူသည် ဝိညာဉ်ရှာခေါင်းလောင်းသံ မရောက်ရှိနိုင်သော နေရာတစ်ခုကို ခဲယဉ်းစွာ ရှာဖွေလိုက်ရ၏။ ထိုသို့ ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူ၏ နားထဲမှ သွေးအချို့ ထွက်လာခဲ့လေသည်။

လုကျိုးမှာမူ ဝိညာဉ်ရှာခေါင်းလောင်းသံ၏ သက်ရောက်မှုကို လုံးဝ မခံစားရပေ။ သူသည် သူ၏ လက်ကျန်အချိန်ကို ကြည့်လိုက်ပြီးနောက် လေးနက်သောအသံဖြင့် ဆိုလိုက်၏။

“ဒီနေ့တော့ မင်းကို အပြီးတိုင် ပို့ဆောင်ပေးလိုက်မယ်”

အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကြီးသည် ထူဝေ့၏ စိတ်ဝိညာဉ်သဏ္ဌာန်ရှေ့သို့ ရောက်ရှိသွားပြီးနောက် မိုးမြေအကြား၌ ရေတွက်၍ မရနိုင်သော စွမ်းအင်ဓားများ ပေါ်ထွက်လာတော့သည်။ ထူဝေ့သည် သူ၏အပေါ်သို့ ကျရောက်လာသော ဖိအားမှာ ပိုမိုပြင်းထန်လာသည်ကို ခံစားနေရပြီး သူ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီမှန်း သိလိုက်သည်။

ထိုအခိုက်အတန့်တွင် လုကျိုးသည် သူ၏ လက်ဝဲဘက်လက်ကို မြှောက်လိုက်ရာ သူ၏ နတ်ဝိညာဉ်ပုလဲမှာ သူ၏ လက်ဝါးထက်တွင် ပေါ်ထွက်လာသည်။ နတ်ဝိညာဉ်ပုလဲကို ဗဟိုပြု၍ ဧရာမ ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

…

All Chapters