အခန်း (၂၅၇-၂၅၈)
Vol. 26 Ch. 257-258
အခန်း (၂၅၇) - ညစ်ညမ်းသားရဲဖြင့် တိုက်ခိုက်ခြင်း (၂)
[ပစ်မှတ်: ညစ်ညမ်းနေသော စုပေါင်းအရာ (ဘုရင်အဆင့်)]
[အဆင့်: အဆင့် ၄၆ (ဒုတိယ ဘုရင်အဆင့် အလယ်အလတ်)]
[အခြေအနေ: နက်ရှိုင်းစွာ ညစ်ညမ်းနေသည်၊ စွမ်းအင်များ ဖရိုဖရဲဖြစ်ပြီး အခြားသက်ရှိများကို အလွန်အမင်း ညစ်ညမ်းစေနိုင်သည်၊ အရင်းအမြစ်ကို အသိုက်က ကာကွယ်ထားသည်။]
[ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များ: :ညစ်ညမ်းမှု ပြန့်ပွားခြင်း (ရွှေရောင် အဆင့်မြင့်)’၊ ‘စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု (ရွှေရောင် အဆင့်မြင့်)’]
[ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ်များ: :ညစ်ညမ်းသော အထိအတွေ့ (ရွှေရောင် အဆင့်မြင့်)’၊ ‘ရူးသွပ်သော အော်ဟစ်သံ (ခရမ်းရောင် အဆင့်မြင့်)’၊ ‘အသားနှင့် သွေး ပြန်လည်တည်ဆောက်ခြင်း (ခရမ်းရောင် အဆင့်မြင့်)’]
[အကဲဖြတ်ချက်: အလွန်အမင်း အန္တရာယ်များသည်။ ၎င်း၏ တိုက်ခိုက်မှုများတွင် ပြင်းထန်သော စိတ်စွမ်းအင်တိုက်စားမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု အာနိသင်များ ပါဝင်သည်။ ခွန်အားကုန်ခန်းစေမည့် တိုက်ပွဲကို ရှောင်ရှားရန် အမြန်ဆုံးအဆုံးသတ်ရမည်။]
“အဆင့် ၄၆... တိုက်စားမှုဘက်ကို ဦးတည်နေတဲ့ ဘုရင်အဆင့် ပင်ကိုစွမ်းရည် နှစ်ခု...”
လင်းထျန်းလုံ၏နှလုံးသား အနည်းငယ် အေးစက်သွားခဲ့သည်။ ဤအရာက သေချာပေါက် ဒုက္ခပေးနိုင်မည့် ပြိုင်ဘက်တစ်ကောင်ပင်။
“အာ၀ူးးး“
ညစ်ညမ်းနေသော သားရဲကောင်ကြီးက ဝိညာဉ်ကို တိုက်ရိုက်သက်ရောက်စေမည့် ရူးသွပ်သော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ပြင်းထန်သော ‘စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု’ များ ရောနှောနေသည့် မမြင်ရသော အသံလှိုင်းများက ပျံ့နှံ့သွားခဲ့သည်။
နယ်ပယ်အတွင်းရှိ ပြေးဝင်တိုက်ခိုက်နေသော သာမန် လုပ်ကြံသတ်ဖြတ်သူ ဒါဇင်ပေါင်းများစွာ၏ လှုပ်ရှားမှုများက ချက်ချင်းတောင့်တင်းသွားပြီး သူတို့၏ မျက်လုံးများထဲတွင် သွေးနီရောင်များ ပေါ်လာကာ ရန်သူ၏ထိန်းချုပ်မှုကို ခံရလုနီးပါး ဖြစ်သွားခဲ့သည်။
“ဝံပုလွေသောင်းချီ ခစားခြင်း”
လင်းထျန်းလုံက ကောင်းကင်ကိုမော့ကာ ဟိန်းဟောက်လိုက်ရာ ရှေးဟောင်းဝံပုလွေ စစ်ဟစ်ကြွေးသံက စစ်မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး နှင်းဝံပုလွေသွေးမျိုးဆက်၏ အနက်ရှိုင်းဆုံးနေရာရှိ စွမ်းအားများကို ဆင့်ခေါ်လိုက်သည်။
ဖျော့တော့တော့ ရွှေရောင်အလင်းဝန်းတစ်ခုက ဝံပုလွေအုပ်ကို လွှမ်းခြုံသွားခဲ့သည်။
တပ်ဖွဲ့များအားလုံးသည် စုစုပေါင်း စွမ်းရည်များ ၃၀ ရာခိုင်နှုန်း တိုးလာပြီး တိုက်ခိုက်ခံရမှု ၂၀ ရာခိုင်နှုန်း လျော့ကျသွားကာ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုကို ချက်ချင်း ပျက်ပြယ်သွားစေပြီး စိတ်ဓာတ်များကို နောက်တစ်ကြိမ် ကောင်းကင်သို့ ထိုးတက်သွားစေခဲ့သည်။
“မင်းရဲ့ ပြိုင်ဘက်က ငါပဲလို့ ပြောနေတယ်လေ”
လင်းထျန်းလုံက နောက်တစ်ကြိမ် ကြေညာလိုက်ပြန်သည်။
ထို့နောက် ‘ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်း’ ကို အသက်သွင်းလိုက်ရာ သူ၏ အစစ်အမှန် ခန္ဓာကိုယ်က ညစ်ညမ်းနေသော သားရဲကောင်ကြီး၏ ဘေးတွင် ချက်ချင်းပေါ်လာပြီး သူ၏ မူလနေရာတွင် ကျစ်လျစ်သော ဟင်းလင်းပြင် ပုံရိပ်ယောင်တစ်ခုကို ချန်ရစ်ထားခဲ့သည်။
ညစ်ညမ်းနေသော သားရဲကောင်ကြီးက ညစ်ညမ်းသည့်စွမ်းအင်များဖြင့် ပြုလုပ်ထားသော ဧရာမလက်သည်းကြီးကို ‘ညစ်ညမ်းသော အထိအတွေ့’ ကျွမ်းကျင်မှုအသက်သွင်းရင်း လွှဲယမ်းပြီး ဟင်းလင်းပြင် ပုံရိပ်ယောင်ကို အပြင်းအထန် ရိုက်ချလိုက်သည်။
ပုံရိပ်ယောင်က ပြင်းထန်စွာ တုန်ခါသွားသော်လည်း ၎င်း၏ အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။
ထိုအချိန်တွင် လင်းထျန်းလုံ၏ အစစ်အမှန်ခန္ဓာကိုယ်က ငွေပြာမိုးကြိုးလက်သည်းကို စုစည်းထားပြီးဖြစ်ကာ လျှပ်စီးနှင့် နှင်းခဲများ ရောယှက်နေသော စွမ်းအားများက သားရဲကောင်ကြီး၏ အားနည်းသောနေရာကို တိုက်ခိုက်လိုက်သည်။
ဂျစ်….။
ညစ်ညမ်းသော စွမ်းအင်များက လျှပ်စီး၊ နှင်းခဲများနှင့် ပြင်းထန်စွာ တိုက်မိပြီး စူးရှသော တိုက်စားသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
တိုက်ခိုက်ခံလိုက်ရသော သားရဲကောင်ကြီး၏ အစိတ်အပိုင်းပေါ်တွင် ကြီးမားသော မီးကျွမ်းရာများနှင့် အေးခဲရာများ ပေါ်လာခဲ့သည်။
သို့သော်ငြား မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ ညစ်ညမ်းသောစွမ်းအင်များ လှိုင်းထလာကာ ‘အသားနှင့် သွေး ပြန်လည်တည်ဆောက်ခြင်း’ ကျွမ်းကျင်မှုရဲ့ အာနိသင်က ပြသလာပြီး ဒဏ်ရာမှာ ဖြည်းညင်းစွာ သူ့အလိုလို ပြန်လည်ကောင်းမွန်လာခဲ့သည်။
“ဂါး”
သားရဲကောင်ကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ၎င်း၏ ‘ညစ်ညမ်းမှု ပြန့်ပွားခြင်း’ ပင်ကိုစွမ်းရည် အသက်ဝင်လာခဲ့သည်။
၎င်းကို ဗဟိုပြုကာ ထူထပ်မည်းမှောင်သည့် မြူခိုးများ ပြန့်ကျဲသွားပြီး မြေပြင်မှာ တိုက်စားခံရကာ အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။
လင်းထျန်းလုံကို သားရဲကောင်ကြီးက တိုက်စားနိုင်သော နယ်ပယ်ထဲသို့ ဆွဲသွင်းရန် ကြိုးစားနေသောကြောင့် လေထုကပင် စေးကပ်လာခဲ့သည်။
“ရေခဲအကျဉ်းထောင် ပလ္လင်၊ ဖိနှိပ်စမ်း”
လင်းထျန်းလုံ၏ စိတ်ဆန္ဒတစ်ခုနှင့်အတူ သူ၏အနောက်ရှိ ပလ္လင် ပုံရိပ်ယောင်က တောက်ပလင်းလက်လာခဲ့သည်။
ရေခဲအကျဉ်းထောင် နယ်ပယ်၏ အစွန်းရောက်အေးခဲခြင်းက ညစ်ညမ်းသော မြူခိုးများနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားပြီး နားကွဲမတတ် ‘တဖျောက်ဖျောက်’ အသံများနှင့်အတူ အချင်းချင်း တိုက်စားနေကြသည်။
အစွန်းရောက်အေးခဲခြင်းက ညစ်ညမ်းမှုများ ပြန့်ပွားခြင်းကို သီသီလေး ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထိုအချိန်မှာပင် မသိသာသော စိတ်ပိုင်းဆိုင်ရာ တုန်ခါမှုလှိုင်းတစ်ခုက ရေခဲအကျဉ်းထောင် ပလ္လင်၏ နယ်ပယ်ကို ထိုးဖောက်ပြီး လင်းထျန်းလုံ၏ အသိစိတ်ပင်လယ်ကို တိုက်ရိုက်တိုက်စားရန် ကြိုးစားလာခဲ့သည်။
၎င်းမှာ ‘စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု’ ပင်ကိုစွမ်းရည်၏ အသံတိတ် တိုက်ခိုက်မှုပင်။
သို့သော်လည်း လင်းထျန်းလုံ၏ ‘ထာဝရတိုက်ပွဲဝိညာဉ်’ “ဝိညာဉ်ခိုင်ခံ့မှု” ၀ိသေသလက္ခဏာရပ်က သူ့အလိုလို အသက်ဝင်လာခဲ့သည်။
ရွှေရောင်ပုံစံများက ဝိညာဉ်ထဲတွင် လင်းလက်သွားပြီး ကောက်ကျစ်သော စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုကို အခိုင်အမာ တားဆီးထားလိုက်သည်။
“မင်းမှာ ဒီလောက်ပဲရှိတာလား” လင်းထျန်းလုံက လှောင်ပြောင်လိုက်သည်။
သူက ‘ငွေပြာဧကရာဇ်မျက်ဝန်း’ ၏ “ခြိမ်းခြောက်ခြင်း” လက္ခဏာရပ်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်ရာ ညစ်ညမ်းနေသော စုပေါင်းအရာ၏ လှုပ်ရှားမှုများက မျက်စိတစ်မှိတ်အတွင်း တောင့်တင်းသွားခဲ့လေ၏။
“ငွေပြာနက်နဲ ဝံပုလွေဝိညာဉ်”
လင်းထျန်းလုံသည် နောက်ဆုံးတွင် ဤခဏတာ အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်ပြီး သူ၏ ဝှက်ဖဲများထဲမှ တစ်ခုကို အသုံးပြုလိုက်သည်။
အဆုံးအစမဲ့ ခမ်းနားမှုများနှင့် ကြီးမြတ်မှုများကို ထုတ်လွှတ်နေသော ဧရာမ ငွေဖြူရောင်ဝံပုလွေဝိညာဉ် ပုံရိပ်ယောင်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ကို လွှမ်းခြုံသွားခဲ့သည်။
သူ၏ စုစုပေါင်း စွမ်းရည်များအားလုံး ရူးသွပ်လုမတတ် မြင့်တက်လာခဲ့သည်။
“ပြီးဆုံးသွားပြီ”
ဝံပုလွေဝိညာဉ် ဝင်ရောက်လာမှုနှင့်အတူ ခမ်းနားသော စွမ်းအားများကိုပါ သယ်ဆောင်လာပြီး လင်းထျန်းလုံက ‘ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်း’ ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူ၏အမြန်နှုန်းမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီး သားရဲကောင်ကြီး၏ အရပ်မျက်နှာအားလုံးတွင် တစ်ပြိုင်နက်တည်း ပေါ်လာသည့်အလား ဖြစ်နေသည်။
သူ၏ ‘နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း’ နှင့် ‘ငွေပြာမိုးကြိုးလက်သည်း’ တို့က တစ်လှည့်စီ လင်းလက်နေပြီး တိုက်ခိုက်မှုတိုင်းက သားရဲကောင်ကြီး ပြန်လည်တည်ဆောက်ရန် ကြိုးစားနေသော အသားများကို တိကျစွာ ဆုတ်ဖြဲကာ ၎င်း၏ စွမ်းအင်အရင်းအမြစ်ကို ဖျက်ဆီးပစ်နေသည်။
သားရဲကောင်ကြီးက မျှော်လင့်ချက်မဲ့စွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ‘ညစ်ညမ်းမှု ပြန့်ပွားခြင်း’ နှင့် ‘ညစ်ညမ်းသော အထိအတွေ့’ တို့ကို အကန့်အသတ်အထိ အသည်းအသန် တွန်းတင်လိုက်သည်။
သို့သော် ‘ငွေပြာနက်နဲ ဝံပုလွေဝိညာဉ်’ ၏ ထပ်တိုးစွမ်းအားများဖြင့် ပံ့ပိုးပေးထားသော အကြွင်းမဲ့စွမ်းအားရှေ့တွင် သားရဲကောင်ကြီး၏ ခုခံမှုမှာ အချည်းနှီးဖြစ်နေပုံရသည်။
မည်းနက်နေသော ညစ်ညမ်းသည့် စွမ်းအင်များမှာ အစွန်းရောက် နှင်းခဲများနှင့် ပြင်းထန်သော လျှပ်စီးများကြောင့် အဆက်မပြတ် အငွေ့ပျံပြီး ပျက်စီးသွားခဲ့ရသည်။
နောက်ဆုံးတွင် လင်းထျန်းလုံသည် သူ၏ စွမ်းအားအားလုံးကို ညာဘက်လက်သည်းတွင် စုစည်းလိုက်သည်။
‘နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း’ ၏ မည်းနက်အေးစက်နေသည့် အလင်းရောင်များမှာ အဆုံးစွန်အထိ ဖိသိပ်ခံလိုက်ရပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သော မျဉ်းကြောင်းပါးပါးလေးတစ်ကြောင်းပမာ ညစ်ညမ်းနေသော သားရဲကောင်ကြီး၏ စွမ်းအင်အရင်းအမြစ်နေရာကို ချက်ချင်း ဖောက်ထွင်းသွားခဲ့သည်။
ဝုန်း….
လေလျော့သွားသော ဘောလုံးတစ်လုံးပမာ ညစ်ညမ်းနေသော သားရဲကောင်ကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးက ရုတ်တရက် တောင့်တင်းသွားပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားကာ လေထဲတွင် လွင့်မျောနေသော အမည်းရောင် ပြာများနှင့် သန့်စင်သော စွမ်းအင်အရင်းအမြစ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
[စနစ်အသိပေးချက်]။ ။ညစ်ညမ်းနေသော စုပေါင်းအရာ (အဆင့် ၄၆ ဒုတိယ ဘုရင်အဆင့်၊ အလယ်အလတ်) ကို သတ်ဖြတ်နိုင်ခဲ့ပြီး ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များဖြစ်သော ညစ်ညမ်းမှု ပြန့်ပွားခြင်း (ရွှေရောင် အဆင့်မြင့်)၊ စိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု (ရွှေရောင် အဆင့်မြင့်) တို့ကို ရရှိခဲ့ပါသည်။
ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ်များဖြစ်သော ညစ်ညမ်းသော အထိအတွေ့ (ရွှေရောင် အဆင့်မြင့်)၊ ရူးသွပ်သော အော်ဟစ်သံ (ခရမ်းရောင် အဆင့်မြင့်) နှင့် အသားနှင့် သွေး ပြန်လည်တည်ဆောက်ခြင်း (ခရမ်းရောင် အဆင့်မြင့်) တို့ကို ရရှိခဲ့ပါသည်။
ဝိသေသလက္ခဏာရပ်များအားလုံးကို စနစ်၏ ဝိသေသလက္ခဏာရပ် ဂိုဒေါင်ထဲတွင် အလိုအလျောက် သိမ်းဆည်းပြီးဖြစ်ပါသည်။
ညစ်ညမ်းနေသော သားရဲကောင်ကြီး သေဆုံးသွားသည်နှင့်အတူ အတွင်းတွင် ပျစ်ချွဲချွဲအရည်များ စီးဆင်းနေပုံရပြီး နမိတ်မကောင်းသည့် ရောင်ဝါများ ထုတ်လွှတ်နေသော အမည်းရောင် သလင်းကျောက်အမြုတေ တစ်ခုက ပေါက်ကွဲမှု၏ အလယ်ဗဟိုမှ ကျဆင်းလာခဲ့သည်။
[စနစ်အသိပေးချက်]။ ။ညစ်ညမ်းနေသော စုပေါင်းအရာ၏ သလင်းကျောက်အမြုတေ (ဘုရင်အဆင့်)ကို ရရှိခဲ့ပါသည်။
လင်းထျန်းလုံက ၎င်းကို ‘အဆင့်မြင့် စိတ်ထိန်းချုပ်ခြင်း’ ဖြင့် ဂရုတစိုက် ထိတွေ့လိုက်ပြီး သူ၏ ‘အသိစိတ်နေရာလွတ်’ ထဲတွင် သိမ်းထားလိုက်သည်။
ဤသလင်းကျောက်အမြုတေထဲတွင် ပါဝင်နေသော စွမ်းအားများက အသုံးပြုသူကိုဒုက္ခပေးနိုင်သည့် အဆုံးအစမဲ့ အလားအလာများ ရှိသော်လည်း အနာဂတ်တွင် အထူး အသုံးဝင်လာနိုင်ပေသည်။
ခေါင်းဆောင် ကျဆုံးသွားခြင်းက ဝံပုလွေအုပ်စုကို ဝိုင်းရံတိုက်ခိုက်နေသော ရူးသွပ်သားရဲအုပ်ကြီးကို လုံးဝ ဖရိုဖရဲဖြစ်သွားစေပြီး သူတို့၏ ထိုးစစ်များက များစွာ အားနည်းသွားခဲ့သည်။
နောက်ဆုံးတွင် သွေးမိစ္ဆာ ဦးဆောင်သော သွေးအစွယ်တော် အစောင့်အရှောက်များက ဤအခွင့်အရေးကို အရယူ၍ ဘယ်ဘက်အစွန်ဆုံးရှိ အသိုက်၏ အဓိကဧရိယာသို့ ပူနွေးနေသော ဓားတစ်လက်ပမာ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်သွားခဲ့ကြသည်။
“ဖျက်ဆီးပစ်”
သွေးမိစ္ဆာက ဟိန်းဟောက်လိုက်ရာ သွေးအစွယ်တော် အစောင့်အရှောက် ဆယ်ဦးက သူတို့၏ ဆုတ်ဖြဲသွေူလက်သည်း’ မှ သွေးသတ်ဖြတ်ခြင်း စွမ်းအားများကို အသိုက်၏ လှုပ်ရှားနေသော အသားတံတိုင်းများပေါ်သို့ တစ်ပြိုင်နက်တည်း ရိုက်ချလိုက်ကြသည်။
သို့သော်လည်း အသိုက်၏မျက်နှာပြင်ပေါ်တွင် လိမ်ကောက်နေသော ရုန်းစာလုံးအများအပြား ပေါ်လာပြီး သူတို့၏ တိုက်ခိုက်မှုအများစုကို စုပ်ယူလိုက်သည်။
“ငါလုပ်မယ်” လင်းထျန်းလုံ၏ပုံရိပ်က အသိုက်ရှေ့တွင်ပေါ်လာပြီး ရေခဲအကျဉ်းထောင်ပလ္လင်၏ နယ်ပယ်စွမ်းအားများက ၎င်းကို ဖိနှိပ်ရန် စုစည်းသွားခဲ့သည်။
အစွန်းရောက်အေးခဲခြင်းက လှုပ်ရှားနေသော အသားတံတိုင်းများကို ချက်ချင်း အေးခဲသွားစေပြီး ကျွတ်ဆတ်သွားစေခဲ့သည်။
“တိုက်ခိုက်တော့”
ဤတစ်ကြိမ်တွင် သွေးအစွယ်တော် အစောင့်အရှောက်များ၏ လက်သည်းများက အေးခဲနေသော အကာအကွယ်ကို အလွယ်တကူ ဆုတ်ဖြဲပစ်လိုက်နိုင်ပြီး ပြင်းထန်သော စွမ်းအင်များက အသိုက်၏အတွင်းပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။
ဘုန်း….။
ဧရာမ အသိုက်ကြီးက ငိုကြွေးနေသည့်အလား ပြင်းထန်စွာ တုန်ယင်သွားပြီးနောက် အတွင်းပိုင်းမှ စတင်ပြိုကျလာကာ အဆက်မပြတ် အရည်ပျော်ကျနေသော အမည်းရောင်ရွှံ့နွံအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝံပုလွေအုပ်စုက သူတို့ အောင်ပွဲရရှိသွားပြီဟု ထင်မှတ်နေချိန်မှာပင် နောက်ထပ် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အခန်း (၂၅၈) - ယွဲ့ရီနှင့် အပေးအယူလုပ်ခြင်း (၁)
ပြိုကျသွားသောအသိုက်မှ လျှံထွက်လာသော ညစ်ညမ်းသည့် ဧရာမစွမ်းအင်များက လေထုနှင့်အတူ ပျောက်ကွယ်မသွားခဲ့ပေ။
ယင်းအစား သူတို့သည် အသက်ရှိနေသည့်အလား ထူထဲသော အမည်းရောင် စွမ်းအင်လမ်းကြောင်းနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးရှိ အခြားအသိုက်နှစ်ခုဆီသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။
ယင်းဖုန်း၏ စိတ်အာရုံဆက်သွယ်မှုက အရေးပေါ် ရောက်ရှိလာခဲ့သည်။
“ဘုရင်ကြီး၊ ကျန်နေတဲ့ အသိုက်နှစ်ခုရဲ့ စွမ်းအင် တုံ့ပြန်မှုတွေ အကြီးအကျယ် မြင့်တက်လာနေတာကို ထောက်လှမ်းတွေ့ရှိရပါတယ်၊ သူတို့... သူတို့က ပြိုကျသွားတဲ့စွမ်းအင်တွေကို စုပ်ယူပြီး ပေါင်းစည်းနေကြတာပါ”
စကားဆုံးသည်နှင့်တစ်ပြိုင်နက် အဝေးရှိ ထိုအသိုက်နှစ်ခုက ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
သူတို့၏ မျက်နှာပြင်များပေါ်ရှိ သွေးကြောများက အရူးအမူးလှုပ်ရှားနေပြီး ဆန့်ထွက်လာကာ အချင်းချင်းရစ်ပတ်လာကြပြီး ဖြည်းညင်းစွာ နီးကပ်လာကြသည်။
ယခင်က ညစ်ညမ်းနေသော မိစ္ဆာဘုရင်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းပြီး ဖရိုဖရဲဖြစ်နေသော ဖိအားတစ်ခုက စတင်စုစည်းလာနေပြီဖြစ်သည်။
လင်းထျန်းလုံ၏ အကြည့်များက အလွန်အမင်း လေးနက်နေခဲ့သည်။ ဤအသိုက်နှစ်ခုကို အောင်မြင်စွာ ပေါင်းစည်းခွင့်ပြုလိုက်ပါက ၎င်းမှ မွေးဖွားလာမည့် မိစ္ဆာကောင်သည် ဘုရင်အဆင့်ကိုပင် ကျော်လွန်သွားနိုင်ခြေရှိသည်။
‘ဒါကို တားဆီးရမယ်'
ပေါင်းစည်းနေသော အသိုက်များကို မည်သည့်တန်ဖိုးပေးရပါစေ အပြည့်အဝ ဝင်ရောက်တိုက်ခိုက်ရန် သူ အမိန့်ပေးတော့မည့်ဆဲဆဲတွင် ကစားချင်စိတ် အနည်းငယ်ပါဝင်နေပုံရသော စိတ်ပိုင်းဆိုင်ရာ တုန်ခါမှုလှိုင်းတစ်ခုက သူ၏စိတ်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။
“စွမ်းအားကြီးမားလှတဲ့ ဝံပုလွေဘုရင်ကြီးရှင့်၊ ပြဿနာသေးသေးလေးတစ်ခုနဲ့ ကြုံနေရပုံရတယ်နော်”
လင်းထျန်းလုံက ခေါင်းကို ရုတ်တရက်လှည့်လိုက်ရာ သူ၏ ‘ငွေပြာဧကရာဇ်မျက်ဝန်း’ က မိုင်အနည်းငယ်အကွာရှိ ဗလာဖြစ်နေသော တောင်ကုန်းတစ်ခုအပေါ်သို့ ချက်ချင်း ကျရောက်သွားခဲ့သည်။
ထိုနေရာရှိ ဟင်းလင်းပြင်က အနည်းငယ်လှိုင်းထသွားပြီး နှင်းမြေခွေးတစ်ကောင်အဖြစ် အသွင်ယူထားသော ယွဲ့ရီက သူမ၏ အစစ်အမှန်ပုံသဏ္ဌာန်ကို ဖြည်းညင်းစွာ ပြသလာခဲ့သည်။
လှပသော ငွေဖြူရောင် အမွေးအမျှင်များ၊ လှပကျော့ရှင်းစွာ ယိမ်းနွဲ့နေသော နူးညံ့ပျော့ပျောင်းသည့် အမြီးရှည် ကိုးချောင်း၊ စူးစမ်းလိုစိတ်နှင့် အမည်တပ်၍မရနိုင်သော စိတ်ဝင်စားမှု အရိပ်အယောင်များဖြင့် အဝေးမှ လှမ်းကြည့်နေသော ထိုခရမ်းရောင်သလင်းကျောက် မြေခွေးမျက်ဝန်းများကို သူမြင်တွေ့လိုက်ရလေသည်။
“ပုံရိပ်ယောင် သူငယ်အိမ် မြေခွေး...” လင်းထျန်းလုံက သူမကို မှတ်မိသွားသည်။ သူမသည် စောစောက ဝံပုလွေအသိုက်ကို လျှို့ဝှက်ကြည့်ရှုနေခဲ့သော စိတ်ပိုင်းဆိုင်ရာတုန်ခါမှု၏ အရင်းအမြစ်ပင် ဖြစ်သည်။
“မင်း ဘာလိုချင်တာလဲ”
“အပေးအယူတစ်ခု လုပ်ရင် ဘယ်လိုလဲ”
ယွဲ့ရီ၏ အတွေးလှိုင်းထဲတွင် စိတ်၀င်စားမှုတစ်ခု ပါဝင်နေသော်လည်း သူမ၏အတွေးများက ငြင်းဆို၍မရနိုင်ပေ။
“အဲဒီ ရွံစရာကောင်းတဲ့ ပေါင်းစည်းမှုလုပ်ငန်းစဉ်ကို ရပ်တန့်ဖို့ ငါ မင်းကိုကူညီမယ်၊ ပြီးတော့ မင်းက... ငါ့ကို ကျေးဇူးတစ်ခု ပြန်ဆပ်ရမယ်၊ အဲ့တာ တော်တော်လေး တရားမျှတတယ် မဟုတ်လား”
…….
ကျော့ရှင်းမှုနှင့် လှည့်စားချင်စိတ်တို့ ရောနှောနေသော ဤစိတ်ပိုင်းဆိုင်ရာ တုန်ခါမှုလှိုင်းက လင်းထျန်းလုံ၏ အသိစိတ်ပင်လယ်ကို ငှက်မွေးတစ်ခုပမာ လာရောက်ပွတ်တိုက်သွားချိန်တွင်…….
စစ်မြေပြင် အခြေအနေမှာမူ ဓားသွားပေါ်မှာ ရပ်နေရသကဲ့သို့ အလွန်အမင်း အန္တရာယ်များနေပြီဖြစ်သည်။ အဝေးတွင် ညစ်ညမ်းနေသော အသိုက်နှစ်ခု၏ ပေါင်းစည်းမှုက နောက်ဆုံးအဆင့်သို့ ရောက်ရှိနေချေပြီ။
သစ်ပင်ကြီးများပမာ ထူထဲများပြားသော အမည်းရောင် စွမ်းအင်သွေးကြောများက မိတ်လိုက်နေသော အဆိပ်ပြင်းမြွေများပမာ အရူးအမူး ရစ်ပတ်နေကြသည်။
ထူထဲသော အနီရောင်ရင့်ရင့် ညစ်ညမ်းသည့် စွမ်းအင်များက မီတာတစ်ရာကျော် ကျယ်ဝန်းသော ဧရာမလေဝဲကြီးတစ်ခုကို ဖန်တီးထားလေသည်။
လေဝဲ၏ ဗဟိုချက်မှ သွားကျိန်းဖွယ် ဆုတ်ဖြဲသံတစ်ခု ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒတစ်ခုက အစစ်အမှန်ကမ္ဘာ၏ အတားအဆီးများကို ဆုတ်ဖြဲကာ ဆင်းသက်လာတော့မည့်အလား ဖြစ်နေသည်။
ငွေဖြူရောင်ခေါင်းကြီးက အနောက်မြောက်ဘက်ရှိ တောင်ကုန်းများဆီသို့ ရုတ်တရက် လှည့်သွားခဲ့သည်။ ‘ငွေပြာဧကရာဇ်မျက်ဝန်း’ ကို အပြည့်အဝ အသက်သွင်းလိုက်ရာ ရေခဲပြာရောင် မျက်ဝန်းများထဲတွင် ထိုနေရာရှိ မြင်ကွင်းများ ရောင်ပြန်ဟပ်နေခဲ့သည်။
ထိုနေရာရှိ ဟင်းလင်းပြင်တည်ဆောက်ပုံကို သေသပ်လှပစွာ ပြန်လည်ရေးသားနေခြင်းဖြစ်သည်။
၎င်းမှာ ရိုးရှင်းသော လှည့်စားမှုတစ်ခု မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်မှသည် စွမ်းအင်လှိုင်းများ၊ ဝိညာဉ်ရေးရာ ကြိမ်နှုန်းအထိ အလုံးစုံ လွှမ်းခြုံထားသော ပြန်လည်တည်ဆောက်မှုတစ်ခုပင်။
ဤအဆင့်ရှိ လှည့်စားမှုက စည်းမျဉ်းများ၏ အစွန်းကိုပင် ထိတွေ့နေပြီဖြစ်သည်။
ပစ်မှတ်ကို စိုက်ကြည့်လိုက်သည့် အခိုက်အတန့်မှာပင် ထိပ်တန်း ခွဲစိတ်ဆရာဝန်တစ်ဦး၏ လက်ထဲရှိ ခွဲစိတ်ဓားတစ်လက်ပမာ တိကျလွန်းသော စိတ်ပိုင်းဆိုင်ရာ တုန်ခါမှုလှိုင်းတစ်ခုက အသိုက်နှစ်ခု၏ စွမ်းအင်များဆုံဆည်းရာ အားအနည်းဆုံး အမှတ်နေရာသို့ တိတ်ဆိတ်စွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ဤသည်မှာ ခွန်အားချင်း ယှဉ်ပြိုင်မှုတစ်ခု မဟုတ်ဘဲ အမြင့်ဆုံးအဆင့် စွမ်းရည်ပြသမှုတစ်ခုဖြစ်သည်။
လည်ပတ်နေသော စက်သွားများကြားသို့ ပြီးပြည့်စုံသော အရွယ်အစားရှိသည့် သဲပွင့်လေးတစ်ပွင့် ပစ်ချလိုက်သကဲ့သို့ပင်။
ချလွတ်...
ဘုန်း
ယခုလေးတင် ဖွဲ့စည်းထားသော အနီရောင်ရင့်ရင့် စွမ်းအင်လေဝဲကြီးမှာ ပြင်းထန်စွာ လိမ်ကောက်ပုံပျက်သွားပြီး အတွင်းပိုင်းမှ ရင်တုန်လောက်ဖွယ်ကောင်းသော စွမ်းအင် တန်ပြန်ပေါက်ကွဲမှုများ ပေါက်ကွဲထွက်လာခဲ့သည်။
အတင်းအကြပ် ပေါင်းစည်းနေသော အာဏာရှင်ဆန်သည့် အသိစိတ်နှစ်ခုမှာ ဆုတ်ဖြဲခံလိုက်ရပြီး ဒေါသတကြီး စူးရှစွာ အော်ဟစ်လိုက်ကြ၏။
သူတို့၏အသံများထဲတွင် အစီအစဉ် ပျက်စီးသွားမှုကြောင့် ဒေါသနှင့် နာကျည်းမှုများ ရောယှက်နေခဲ့သည်။
ယွဲ့ရီ၏ အစစ်အမှန် ပုံသဏ္ဌာန်က လုံးဝ ပေါ်ထွက်လာခဲ့သည်။ သူမ၏ ငွေဖြူရောင်အမွေးအမျှင်များက မှေးမှိန်နေသော ကောင်းကင်အောက်တွင် အေးစက်သော လရောင်ပမာ လင်းလက်စီးဆင်းနေခဲ့သည်။
နူးညံ့ပျော့ပျောင်းသော အမြီးရှည် ကိုးချောင်းက ကောင်းကင်နှင့် မြေကြီး၏ အမြင့်ဆုံးသော စည်းမျဉ်းများပါဝင်နေသည့်အလား စည်းချက်တစ်ခုဖြင့် ဖြည်းညင်းစွာ ယိမ်းနွဲ့နေပြီး အဖျားတွင် ဖျော့တော့တော့ ကြယ်ရောင်များ လင်းလက်နေခဲ့သည်။
အသက်ရှူမှားလောက်အောင် အလှပဆုံးအရာမှာ ထိုခရမ်းရောင်သလင်းကျောက် မြေခွေးမျက်ဝန်းများပင်။
လက်ရှိတွင် ထိုမျက်ဝန်းများထဲတွင် စစ်မြေပြင်၏ အသေးစိတ် အချက်အလက်တိုင်း ရောင်ပြန်ဟပ်နေသည်။
သွေးအစွယ်တော် အစောင့်အရှောက်များ၏ လက်သည်းများမှ ယိုစိမ့်ကျနေသော ပုပ်ဟောင်းနေသည့် သွေးများ၊ လုပ်ကြံသတ်ဖြတ်သူများ မှုတ်ထုတ်နေသော အဖြူရောင် မြူခိုးများနှင့် ညစ်ညမ်းသည့် စွမ်းအင်စီးဆင်းမှုများကိုပင် ထိုအဆုံးအစမဲ့ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် ရှင်းလင်းစွာ ပြသနေခဲ့သည်။
“ကြမ်းတမ်းတဲ့ ဖျက်ဆီးမှုမျိုး မဟုတ်ဘဲ စွမ်းအင်တည်ဆောက်ပုံရဲ့ မွေးရာပါ ပဲ့တင်ထပ်မှု၊ အားနည်းချက်ကို ရှာဖွေပြီး တိကျစွာ ဝင်ရောက်စွက်ဖက်တာပဲ... ဒီအဆင့်ရှိတဲ့ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုနံ့ တိကျမှုက ဘုရင်အဆင့် အများစုထက် သာလွန်နေပြီ”
လင်းထျန်းလုံ၏ နှလုံးသားထဲတွင် သတိပေးချက်များ မြည်ဟည်းလာပြီး ‘ငွေပြာဧကရာဇ်မျက်ဝန်း’ ၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကို အမြင့်ဆုံးအထိ တွန်းတင်လိုက်သည်-
[အမည်: :ယွဲ့ရီ]
[မျိုးနွယ်: :ပုံရိပ်ယောင် သူငယ်အိမ် မြေခွေး (ရှေးဟောင်း မျိုးဗီဇပြောင်း)]
[အဆင့်: :အဆင့် ၄၅ (ဒုတိယ ဘုရင်အဆင့် အလယ်အလတ်)]
[အခြေအနေ: အလွန်အမင်း စုစည်းနေသော ဝိညာဉ်၊ စွမ်းအင်စီးဆင်းမှုကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထားသည်၊ ဝိညာဉ်ရေးရာ ကြိမ်နှုန်းက ကောင်းကင်၊ မြေကြီးတို့နှင့် ပဲ့တင်ထပ်နေသည်။]
[ပင်ကိုစွမ်းရည် ဝိသေသလက္ခဏာရပ်များ:]
မျက်နှာတစ်ထောင် ပုံရိပ်ယောင် (ရွှေရောင် အဆင့်မြင့်): :မိမိအဆင့်ထက် မကျော်လွန်သော မည်သည့် သက်ရှိကိုမဆို အရှိန်အဝါ၊ ပုံသဏ္ဌာန်၊ စွမ်းအင်လှိုင်းများနှင့် ဝိညာဉ်ရေးရာ ကြိမ်နှုန်းကိုပင် ပြီးပြည့်စုံစွာ အတုယူနိုင်သည်။
မိမိအဆင့်ထက် ပိုမြင့်သော ပစ်မှတ်များအပေါ်တွင် အာနိသင် လျော့ကျသွားသော်လည်း သူတို့၏ အာရုံခံနိုင်စွမ်းကို ထိရောက်စွာ နှောင့်ယှက်နိုင်ဆဲဖြစ်သည်။
အတုယူထားသော ပစ်မှတ်၏ ရှုပ်ထွေးမှုအပေါ် မူတည်၍ ကြာမြင့်ချိန်နှင့် စွမ်းအင်ကုန်ဆုံးမှု တိုးလာမည်ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ ကြီးစိုးခြင်း (ရွှေရောင် အဆင့်မြင့်): :မိမိထက် စိတ်စွမ်းအင် နိမ့်ကျသော သက်ရှိများ၏ အတွေးများကို ဖတ်ရှုနိုင်သည်၊ မှတ်ဉာဏ်များကို ပြင်ဆင်နိုင်ပြီး အပြုအမူများကို ထိန်းချုပ်နိုင်သည်။
အောင်မြင်နိုင်ခြေသည် နှစ်ဖက်စလုံး၏ စိတ်စွမ်းရည် ကွာခြားချက်အပေါ် မူတည်သည်။ အုပ်စုအပေါ် အသုံးပြုသောအခါ အာနိသင်၏ နယ်ပယ်နှင့် တိကျမှု လျော့ကျသွားမည်ဖြစ်သည်။
[ကျွမ်းကျင်မှု ဝိသေသလက္ခဏာရပ်များ:]
ကြေးမုံပန်း ရေလမင်း (ခရမ်းရောင် အဆင့်မြင့်): :ပင်မခန္ဓာကိုယ်နှင့် တစ်ထပ်တည်းတူညီသော ပုံရိပ်ယောင်တစ်ခုကို ဖန်တီးနိုင်သည်၊ အများဆုံး အကွာအဝေး ငါးကီလိုမီတာ၊ နာရီဝက်ကြာ တည်ရှိနိုင်သည်။
ပုံရိပ်ယောင်သည် အခြေခံ တုံ့ပြန်မှုစွမ်းရည်များ ပိုင်ဆိုင်ပြီး ပင်မခန္ဓာကိုယ် စွမ်းအင်လှိုင်းများ၏ ၈၀ ရာခိုင်နှုန်းကို အတုယူနိုင်ကာ အဆင့် ၄၀ ထက် မကျော်လွန်သော တိုက်ခိုက်မှုတစ်ခုကို မပြိုကွဲဘဲ ခံနိုင်ရည်ရှိသည်။
ပုံရိပ်ယောင် ဖန်တီးခြင်း (ခရမ်းရောင် အဆင့်မြင့်): :ကြီးမားသော စိတ်စွမ်းအင် ပုံရိပ်ယောင်တစ်ခုကို ဖန်တီးပြီး အတွင်းတွင် ပိတ်မိနေသူများကို သူတို့ နှလုံးသားထဲတွင် အလိုချင်ဆုံး သို့မဟုတ် အကြောက်ဆုံး အရာများကို မြင်တွေ့စေနိုင်သည်။
ပုံရိပ်ယောင်၏ လက်တွေ့ကျမှုသည် စွမ်းအင်ကုန်ဆုံးမှုအပေါ် မူတည်ပြီး သတ်မှတ်ထားသော ပစ်မှတ်များအတွက် ပုံရိပ်ယောင်အာနိသင်ကို အားကောင်းစေနိုင်သည်။
[လက္ခဏာရပ်များ: ??? (အထူး သွေးမျိုးဆက် စွမ်းအားများဖြင့် ပိတ်ဆို့ထားသည်၊ ထောက်လှမ်းမှု အဟန့်အတား ဖြစ်နေသည်။)]
“ထိန်းချုပ်မှုနဲ့ လှည့်စားမှုဘက်ကို ဦးတည်နေတဲ့ အဆင့်မြင့်ပင်ကိုစွမ်းရည် နှစ်ခုနဲ့ လှည့်စားမှုကို အမြင့်ဆုံးအထိ တွန်းပို့ပေးတဲ့ ကျွမ်းကျင်မှု ... သူမက ပေါင်းစည်းမှု လုပ်ငန်းစဉ်ကို ဒီလောက် လွယ်လွယ်ကူကူ ရပ်တန့်နိုင်တာ အံ့ဩစရာ မရှိပါဘူး၊ ဒီလို ရန်သူမျိုးသာ ပြိုင်ဘက်ဖြစ်လာရင် တော်တော်လေး ဒုက္ခပေးနိုင်လိမ့်မယ်”
ယွဲ့ရီ၏ မြေခွေးမျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ခိုးကြည့်ခံရခြင်းကြောင့် မကျေနပ်မှု အရိပ်အယောင်တစ်ခု လျှပ်စီးပမာ လင်းလက်သွားသော်လည်း ပိုမိုနက်ရှိုင်းသော စူးစမ်းလိုစိတ်နှင့် စိတ်ဝင်စားမှုတို့ဖြင့် အလျင်အမြန် အစားထိုးခံလိုက်ရသည်။
“ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ မိန်းကလေးတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကို... ဒီလောက် စိတ်အားထက်သန်စွာနဲ့ စူးစမ်းထောက်လှမ်းတာက…..”
သူမ၏ အတွေးက သေချာရောစပ်ထားသော ရှေးဟောင်း ဝိုင်တစ်ခွက်ပမာ ကျော့ရှင်းသော ရနံ့အောက်တွင် အေးစက်စူးရှမှုများ ဖုံးကွယ်နေခဲ့သည်။
“လူကြီးလူကောင်းတစ်ယောက်နဲ့ သိပ်မကိုက်ညီဘူးနော် ဝံပုလွေဘုရင်” စကားလုံးတိုင်းတွင် တစ်ခုခုကို စမ်းသပ်နေသည့်အလား တမူထူးခြားသော စည်းချက်တစ်ခု ပါဝင်နေခဲ့သည်။
လင်းထျန်းလုံ၏ ရှေ့လက်သည်းက ရေခဲပြင်ထဲသို့ မသိမသာ နစ်ဝင်သွားခဲ့သည်။
လက်သည်းဖျားဖြင့် အေးခဲနေသော မြေကြီးကို ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် အစွန်းရောက်အေးခဲခြင်း လှိုင်းဂယက်တစ်ခု တိတ်ဆိတ်စွာ ပြန့်ကျဲသွားပြီး တစ်ဖက်လူ၏ မမြင်ရသော စိတ်စွမ်းအားနယ်ပယ်နှင့် သိမ်မွေ့သော စည်းမျဉ်းအခြေခံ တိုက်ခိုက်မှုတစ်ခုကို ဖန်တီးလိုက်သည်။
“မင်း သူတို့ရဲ့ ပေါင်းစည်းမှုကို ရပ်တန့်လိုက်တယ်”
သူ၏စိတ်က မြောက်ဝန်ရိုးစွန်းရှိ နှစ်သောင်းချီ သက်တမ်းရှိသော ရေခဲမြစ်ကြီးတစ်ခုပမာ တည်ငြိမ်နေပြီး စကားလုံးတိုင်းက ကြီးမားသော ဖိအားတစ်ခုကို သယ်ဆောင်ထားသည်။
“မင်းရဲ့ ရည်ရွယ်ချက်ကို ပြော”
ထိုအသံက ယွဲ့ရီ၏ အသိစိတ်ပင်လယ်ထဲတွင် တိုက်ရိုက်ပဲ့တင်ထပ်သွားပြီး ငြင်းဆို၍မရနိုင်သော ခမ်းနားမှုတစ်ခု ပါဝင်နေခဲ့သည်။
“ရည်ရွယ်ချက်လား”
ယွဲ့ရီက ကျော့ရှင်းစွာ လှမ်းလျှောက်လာလေ၏။