← Chapters

အခန်း (၅၅၉)

Vol. 38 Ch. 559

အခန်း (၅၅၉)

Vol. 38 Ch. 559

အယ်ရွန်သည် ထိုအရာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး သူတို့ကို ဆက်၍ ရင်တမမ ဖြစ်မနေစေတော့ပေ။

"ပထမဆုံးအနေနဲ့ ဒီနေ့ လာရောက်ကြပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။” အယ်ရွန်က ပေါ့ပါးစွာ ပြုံးလိုက်သည်။ စကားပြောကောင်းသူ တစ်ဦး ပီသစွာပင် သူ၏ စကားလုံးများမှာ ရှင်းလင်းပြတ်သားပြီး လှပနေသည်။

“ကျွန်တော်တို့ရဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတဲ့ အကြောင်းရင်းကို ဒီမှာရှိတဲ့ လူတိုင်း သိပြီးသား ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဟုတ်ပါတယ်၊ ဒါက ကျွန်တော့်ရဲ့ အမှုသည် မိန်းကလေး မော့ချူးရဲ့ အပြစ်ကင်းစင်မှုကို ရှင်းလင်းဖို့ပါပဲ"

"ခဏနေရင် မိန်းကလေး မော့ချူး ကိုယ်တိုင် ဒီကိစ္စရဲ့ အကြောင်းရင်း အလုံးစုံကို အားလုံးသိအောင် ပြောပြပါလိမ့်မယ်"

"နားထောင်ပြီးလို့ အားလုံးမှာ မေးခွန်းတွေ ရှိနေသေးရင် ဒီနေရာမှာပဲ တန်းမေးလို့ ရပါတယ်။ မိန်းကလေး မော့ချူးကလည်း ဒီနေရာမှာပဲ တန်းဖြေပေးသွားမှာပါ"

"ပြီးတော့ ကျွန်တော်တို့ရဲ့ အဖြေတွေက အမှန်တရားဖြစ်ပြီး မုသားမပါဘူးဆိုတာ အာမခံပါတယ်"

စကားပြောနေရင်း အယ်ရွန်သည် လက်ကိုဆန့်ထုတ်ကာ စင်မြင့်အောက်ရှိ နေရာတစ်ခုသို့ ညွှန်ပြလိုက်သည်။

"ဒီလေးယောက်ကတော့ အဖွဲ့ချုပ်နဲ့ မဟူရာတိမ်တိုက် ဂလက်ဆီကနေ အထူးဖိတ်ကြားထားတဲ့ သတင်းထောက်တွေပါ။ သူတို့က ဒီတစ်ကြိမ် မော့ချူး ပြောသမျှ စကားလုံးတိုင်းကို မှတ်တမ်းတင်ထားမှာ ဖြစ်ပြီး မကြာခင် ကျင်းပမယ့် တရားရုံး ကြားနာစစ်ဆေးမှုအတွက် သက်သေအထောက်အထား အဖြစ် အသုံးပြုသွားမှာပါ"

"ဒါပေါ့...” နောက်ဆုံးတွင် အယ်ရွန်သည် ခေါင်းကို အနည်းငယ် မော့ကာ စင်မြင့်ထိပ်ရှိ ကင်မရာ အသေးလေး ဘက်သို့ လှမ်းကြည့်လိုက်သည်။ “အွန်လိုင်း အသုံးပြုသူတွေ အားလုံးကိုလည်း အတူတကွ သက်သေအဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်"

... ဘာ။

အယ်ရွန် ဤစကားများကို ပြောလိုက်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

သူသည် ဤသတင်းစာရှင်းလင်းပွဲအတွက် အဖွဲ့ချုပ်နှင့် မဟူရာတိမ်တိုက် ဂလက်ဆီမှ သတင်းထောက်များကို အထူး ဖိတ်ကြားထားခြင်း ဖြစ်သည်။ 'ဘုရားရေ... သူက တကယ်ကို သတ္တိကောင်းပြီး ရဲရင့်လွန်းတာပဲ။ သူက ထိုကဲ့သို့ တရားရေးအရာရှိကို ခေါ်ယူရန်ပင် ရဲဝံ့တယ်။'

သာမန်လူတစ်ယောက် ဆိုလျှင် ဤကဲ့သို့သော အရာကို လုပ်ဆောင်မည် မဟုတ်ပေ။ သူတို့၌ လုပ်ရဲသော သတ္တိ ရှိမည်မဟုတ်ပါ။

ဒါက ရယ်စရာပင်။

မော့ချူး အနေဖြင့် တရားရေးဗျူရိုသို့ တက်ရောက်ပြီး ကိုက်ညီမှုမရှိသော စကားတစ်ခွန်း ပြောလိုက်မိသည်နှင့် တပြိုင်နက် တစ်ဖက် ရှေ့နေ၏ ဖမ်းဆီးခြင်းကို ခံရကာ အစွမ်းကုန် တိုက်ခိုက်ခံရနိုင်ခြေ များသည်ကို သိထားရမည် ဖြစ်သည်။

ရှေ့နေလောက တစ်ခုလုံးတွင် အယ်ရွန် တစ်ယောက်သာလျှင် ထိုသို့လုပ်ဆောင်ရန် ယုံကြည်မှုရှိသည်ဟု ခန့်မှန်းရသည်။

ထို့အပြင် ဤသတင်းထောက်လေးဦးကို အယ်ရွန်က လာဘ်ထိုးထားသည်ဟုလည်း ပြော၍မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အင်တာနက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး အွန်လိုင်းအသုံးပြုသူ အားလုံးကို သူတို့ကိုယ်စား သက်သေခံရန် လုပ်ဆောင်ထားသောကြောင့် ဖြစ်သည်။

သတင်းထောက် နှစ်ယောက်၊ သုံးယောက်ကို လာဘ်ထိုး၍ ရကောင်းရနိုင်သော်လည်း သန်းပေါင်းများစွာသော အွန်လိုင်းအသုံးပြုသူများကို လာဘ်ထိုး၍ ရနိုင်ပါမည်လော။

စမ်းကြည့်လိုက်ပါလား။

ဒါက သိသာထင်ရှားစွာပင် မဖြစ်နိုင်ပေ။

"ကဲ... ဒါဆိုရင် စင်မြင့်ကို မော့ချူးဆီ လွှဲပေးလိုက်ပါမယ်" အယ်ရွန်က ပြောပြီးနောက် သူ၏ နောက်တွင်ရှိသော မော့ချူးကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ ထို့နောက် လှည့်ထွက်ကာ အောက်သို့ ဆင်းသွားခဲ့သည်။

ဤကဲ့သို့ ပေါ့ပါးလွတ်လပ်သော သဘောထားကြောင့် လူတိုင်း မှင်သက်သွားကြသည်။

'ဒါ မဟုတ်သေးပါဘူး။'

ဒီ မော့ချူးသည် အမှုတွင် ပါဝင်ပတ်သက်နေသူပင်။ သူမကို စင်ပေါ်တွင် ထိုအတိုင်း ပစ်ထားလိုက်ခြင်းသည် ကျင့်ဝတ်နှင့် အနည်းငယ် မညီဘူး မဟုတ်ပါလား။ မင်းက သူမဘေးမှာ ရပ်ပြီး သူမကိုယ်စား လိုက်ငြင်းခုံပေးသင့်တာ မဟုတ်ဘူးလား။

"ဒီအဖြစ်အပျက်က အမဲလိုက်ပွဲတော် နေ့ကနေ စတင်ခဲ့တာပါ..." မော့ချူး၏ နူးညံ့သိမ်မွေ့သော အသံသည် လူတိုင်း၏ အာရုံကို လျင်မြန်စွာ ဖမ်းစားလိုက်ပြီး အခြားမေးခွန်းများသည် သဘာဝကျစွာပင် သူတို့၏ စိတ်တွင်း အနက်ရှိုင်းဆုံးထဲသို့ ရောက်ရှိသွားကြသည်။

အနီးကပ် ကြည့်လိုက်သောအခါ မော့ချူး တစ်ယောက်တည်းသာ စင်ပေါ်တွင် ရှိနေသည်။ အထူးသဖြင့် အောက်ဘက်ရှိ လူအုပ်ကြီးနှင့် ယှဉ်ကြည့်လိုက်သောအခါ သူမသည် လူအင်အားချင်း မမျှတသကဲ့သို့ ထင်ရသည်။ ထိုအကျိုးသက်ရောက်မှုမှာ ပို၍ သိသာထင်ရှားသည်။

သို့သော် ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်သည် စိမ်းလန်းသော ဝါးပင်တစ်ပင်ကဲ့သို့ ဖော်ပြ၍မရနိုင်သော ခိုင်မာမှုနှင့် တည်ငြိမ်မှုတို့ကို ထုတ်ဖော်ပြသနေသည်။

လေ မည်မျှတိုက်ပြီး မိုး မည်မျှရွာစေကာမူ သူမသည် ခိုင်မာမြဲမြံနေဆဲ ဖြစ်ပြီး ပြောင်းလဲခြင်း မရှိပေ။

"အဲဒီတုန်းက သူတို့က ပါးစပ်ဟပြီး စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှု တိုးမြှင့်တဲ့ နည်းလမ်းကို တောင်းဆိုခဲ့ကြတယ်..." မော့ချူး စကားမဆုံးမီမှာပင် နောက်ဆက်တွဲ စကားများက ကြီးမားသော လှိုင်းလုံးပေါင်း တစ်ထောင်ကို လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားသည်။

'ဘာ။'

'စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှု တိုးမြှင့်တဲ့ နည်းလမ်းဟုတ်လား။'

အောက်ဘက်ရှိ လူများ၏ အသက်ရှူသံများ ရုတ်တရက် ပြင်းထန်လာခဲ့သည်။

သူတို့အားလုံး၏ မျက်လုံးများသည် မော့ချူးကို စိုက်ကြည့်ရင်း တောက်လောင်နေကြသည်။ တစ်စုံတစ်ယောက်က သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။

"ဒါဆို မင်းဆီမှာ တကယ်ရှိတာလား"

မော့ချူးက အောက်ဘက်သို့ တစ်ချက်ကြည့်ကာ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

"ကျွန်မ နည်းလမ်းကို ရှာတွေ့ထားပြီးပါပြီ၊ ဒါပေမဲ့ နောက်ထပ် စမ်းသပ်မှုတွေ လုပ်ဖို့ လိုပါသေးတယ်။ မျှော်လင့်မထားတာ တစ်ခုခု မဖြစ်ခဲ့ရင် တစ်နှစ်အတွင်း စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှုကို တိုးမြှင့်ဖို့ဆိုတာ သေချာပေါက် ပြဿနာ မရှိပါဘူး"

မော့ချူး၏ ပေါ့ပါးသော စကားများသည် လူအုပ်ကြီး၏ နှလုံးသားကို ထိရှသွားစေသည်။

အခမ်းအနားရှိ မီဒီယာများသာမက အပြင်ဘက်မှ ခလုတ်ခုံ မှတစ်ဆင့် ကြည့်ရှုနေကြသော အွန်လိုင်းအသုံးပြုသူများပါ ပါဝင်သည်။

"ချူးလေး ဆိုလိုတာက... နောက်ဆိုရင် ငါတို့ ထမင်းစားတိုင်း စိတ်ဝိညာဥ်အစားအစာ စားလို့ရတော့မယ်၊ တစ်နပ်စာ စားရဖို့အရေး လတိုင်း လက်မြန်အောင် လေ့ကျင့်ပြီး ပင်ပန်းခံနေစရာ မလိုတော့ဘူးပေါ့"

"ဟုတ်တယ်... စိတ်မပူနဲ့၊ မင်း နားလည်မှုလွဲတာ မဟုတ်ဘူး"

"မြန်မြန်လုပ်၊ အောင်ပွဲခံကြစို့"

မဟူရာတိမ်တိုက် ဂလက်ဆီ းမှ အွန်လိုင်းအသုံးပြုသူများပင် ပါဝင်လာကြသည်။

"ဒါဆိုရင် ငါတို့ မဟူရာတိမ်တိုက် ဂလက်ဆီကလည်း အနာဂတ်မှာ စိတ်ဝိညာဥ်အစားအစာ မှာယူနိုင်ဖို့ ဖြစ်နိုင်ချေ ရှိတာပေါ့"

"ဖြစ်နိုင်ချေ အရမ်းများတာပေါ့"

"နောက်ဆုံးတော့ ငါတို့လည်း ဟိုအဖွဲ့ချုပ်က ကောင်စုတ်လေးတွေရဲ့ အထင်သေးတာ မခံရတော့ဘူး"

ယခင်က ဖြစ်ပွားခဲ့သော နှစ် ၁၀၀ ကြာ အာကာသစစ်ပွဲသည် မော့ချူး၏ စိတ်ဝိညာဥ်အစားအစာ ဂုဏ်သတင်းကို တည်ဆောက်ပြီးဖြစ်ကာ ယန်ယိယန် ယူဆောင်သွားသော 'ဆိတ်သားဟော့ပေါ့' သည် မော့ချူးကို ပို၍ လူသိများစေခဲ့သည်။

ထို့ကြောင့် 'စိတ်ဝိညာဥ်အစားအစာ' ဟူသော စကားလုံး၏ အဓိပ္ပာယ်သည် မဟူရာတိမ်တိုက် ဂလက်ဆီ၏ အထက်တန်းလွှာ တစ်ခုလုံးနီးပါးအတွက် ရှင်းလင်းထင်ရှားနေသည်။ သို့သော် စိတ်ဝိညာဥ်အစားအစာ ရှားပါးမှုကြောင့် မော့ချူးသည် ယခင်က အများပြည်သူသို့ ရောင်းချခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူတို့သည် အားကျစိတ်ဖြင့် ငေးကြည့်ရုံသာ တတ်နိုင်ပြီး စားသုံးခွင့် မရရှိခဲ့ကြပေ။

ဤတစ်ကြိမ်တွင်မူ အခွင့်အရေး ရှိလာပြီဖြစ်သည်။

သာမန်ပြည်သူလူထု၏ အာရုံစိုက်မှုမှာမူ အနည်းငယ် ကွဲပြားနေသည်။

"ဒီ စိတ်ဝိညာဥ်အစားအစာက အရသာရှိတယ်လို့ အရင်က ကြားဖူးတယ်၊ ဒါပေမဲ့ ဈေးအရမ်းကြီးတယ်ကွ။ စိတ်ဝိညာဥ်အစားအစာ တစ်ခုတည်းနဲ့တင် ဖဒရယ် ဒင်္ဂါး သောင်းနဲ့ချီ ကျတာ"

"လခွမ်း... အဲဒီလောက် ဈေးကြီးတာလား။ ဒါပေမဲ့ အရေအတွက် များလာရင် ဈေးကျလာလောက်တယ် မဟုတ်လား"

"ပေါက်ကရတွေ၊ ဈေးကျရင်တောင် အများကြီး သက်သာလာမှာ မဟုတ်ဘူး"

"ဒါဆို မထူးဆန်းတော့ဘူးပဲ။ မော့ချူး လက်ထဲက နည်းလမ်းကို ရလိုက်တာနဲ့ မကုန်ခန်းနိုင်တဲ့ စည်းစိမ်ဥစ္စာကို ပိုင်ဆိုင်လိုက်ရသလိုပဲပေါ့။ အဲဒါကြောင့် ဟိုလူသုံးယောက်က ညကြီးမင်းကြီး ဝင်စီးတာ ဖြစ်မယ်"

ဤသည်မှာ မဟူရာတိမ်တိုက် ဂလက်ဆီ၏ တရားဝင်ဌာနမှ ထုတ်ပြန်သော သတင်းအချက်အလက် တစ်ခုလည်း ဖြစ်သည်။

သူတို့၏ စစ်ဆေးရေးဗျူရိုသည် စီမံခန့်ခွဲမှုတွင် တင်းကျပ်မှု မရှိသဖြင့် ထိုလူသုံးဦးကို ဝင်ရောက်ခွင့် ပြုမိခဲ့သည်ဟု သူတို့က ဆိုသည်။

သို့မဟုတ်ပါက သူတို့၏ မဟူရာတိမ်တိုက် ဂလက်ဆီ အရာရှိများက ဥပဒေကို တမင်ချိုးဖောက်ပြီး လူသတ်ရန် လူခေါ်လာခဲ့သည်ဟု ပြောရန် မဖြစ်နိုင်ဘူး မဟုတ်လား။ အကယ်၍ သူတို့သာ အမှန်တကယ် ထိုသို့ ပြောလိုက်လျှင် ကြီးမားသော ဆူပူအုံကြွမှု ဖြစ်မလာပေဘူးလော။

ဟုတ်ပါသည်၊ အဖွဲ့ချုပ်၏ ပါးစပ်ကို ပိတ်ရန်အတွက် မဟူရာတိမ်တိုက် ဂလက်ဆီသည် အကျိုးခံစားခွင့် များစွာကိုလည်း ပေးအပ်ခဲ့လောက်သည်။

ထို့ကြောင့်ပင် မော့ချူးသည် သူမ၏ စကားတွင် ဤအပိုင်းကို ချန်လှပ်ထားပြီး ကျော်သွားခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားရှိ မီဒီယာများကလည်း ဤအချက်ကို သတိပြုမိကြသဖြင့် သူတို့သည် သဘာဝကျစွာပင် မိုက်မဲစွာ ဝင်ရောက်မေးမြန်းခြင်း မပြုကြပေ။

ယခု သူတို့ ပိုစိတ်ပူပန်နေကြသည်မှာ အခြားအချက်တစ်ချက် ဖြစ်သည်။

"ဒါဆို အဲဒီနည်းလမ်းကို သူတို့ကို ပေးလိုက်လား" အမည်မသိ စိတ်မြန်လက်မြန်ရှိသူ တစ်ဦးက တိုက်ရိုက် မေးမြန်းလိုက်သည်။ သူ၏ လေသံမှာ တော်ဝင်မိသားစုဝင် တစ်ဦးဦးကို ပြောဆိုနေသကဲ့သို့ အလွန် လေးစားသမှု ရှိနေသည်။

နောက်ဆုံးတွင်မူ စိတ်ဝိညာဥ်အစားအစာကို ဖန်တီးနိုင်ခြင်းနှင့် စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ခြင်းသည် လူတိုင်းကို မော့ချူး၏ အမည်အား မှတ်မိစေရန် လုံလောက်ပြီး လူတိုင်း၏ လေးစားမှုကို ခံထိုက်ပေသည်။

သူမသည် အရွယ်မရောက်သေးသော မိန်းကလေးတစ်ဦး ဖြစ်နေတာတောင်မှပင်။

"ဒါပေါ့” မော့ချူးက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ “အဲဒီအချိန်တုန်းက သူတို့က သုံးယောက်တောင် ရှိတာ၊ ပြီးတော့ သူတို့ရဲ့ အထူးစွမ်းရည်တွေက ကျွန်မထက် ပိုစွမ်းအားကြီးတယ်။ ကျွန်မ အသက်ရှင်ဖို့အတွက် တခြားနည်းလမ်း မရှိခဲ့ဘူး"

... အယ်။

ဤအရာသည် သူတို့ရရှိထားသော သတင်းအချက်အလက်များနှင့် ကိုက်ညီမှု မရှိပေ။

မော့ချူးသည် ထိုလူသုံးဦးကို အောင်မြင်စွာ သုတ်သင်ရှင်းလင်းခဲ့ပြီး သူတို့၏ အလောင်းများကိုပင် ဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုသည် မဟုတ်ပါလား။

ယခုကျမှ သူမက သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဟု မည်သို့ ဖြစ်သွားရသနည်း။

လူတိုင်း၏ မျက်လုံးများထဲမှ အံ့သြမှင်သက်မှုကို မြင်လိုက်ရသောအခါ မော့ချူး မရယ်ဘဲ မနေနိုင်တော့ပေ။

"သူတို့က ကျွန်မလက်ထဲက ပစ္စည်းကို လုချင်နေကြတာလေ... ကျွန်မထက် အားနည်းတဲ့သူကို လွှတ်ပါ့မလား"

'အို... ဟုတ်သားပဲ။'

မော့ချူး၏ စကားများသည် အိပ်မက်မက်နေသူများကို နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ဤလူသုံးဦးသည် မော့ချူး လက်ထဲမှ လျှို့ဝှက်နည်းလမ်းကို လုယူချင်ကြသည် ဖြစ်ရာ သေချာပေါက် ကျွမ်းကျင်သူများကို စေလွှတ်ပေလိမ့်မည်။ မော့ချူး ထက် အားနည်းသူကို မိုက်မဲစွာ သေဆုံးစေရန် အဘယ်ကြောင့် စေလွှတ်ပါမည်နည်း။

"ဒါဆို ဘာလို့ သူတို့ သေသွားရတာလဲ" ဤမေးခွန်းသည် လူတိုင်း၏ ရင်ထဲရှိ သံသယများကို ထုတ်ဖော်လိုက်သကဲ့သို့ ဖြစ်သွားသည်။

"... အဲဒါက ဒီအရာကြောင့်ပါ၊” ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မော့ချူးသည် ခလုတ်ခုံထဲမှ ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

“ဒါက စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် အဓိကသော့ချက်ပါပဲ"

ဤစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် လူတိုင်း၏ မျက်လုံးများ အရောင်တောက်လာကြသည်။

မော့ချူးသည် ဤလျှို့ဝှက်နည်းလမ်းကို ထုတ်ဖော်ပြသလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။ ယခုအချိန်တွင် သူတို့သည် ထို့ထက်ပို၍ စိတ်လှုပ်ရှားနိုင်ခြင်း မရှိကြတော့ပေ။

တစ်ခဏမျှ အားလုံး၏ အာရုံသည် မော့ချူး လက်ထဲမှ ပုလင်းငယ်လေးထံသို့ ရောက်ရှိနေကြသည်။

သူတို့ ရင်ထဲမှ စူးစမ်းချင်စိတ်သည် ကြောင်ပေါက်လေးတစ်ကောင်က လက်သည်းဖြင့် ကုတ်ဖဲ့နေသကဲ့သို့ ယားယံပြီး ဂနာမငြိမ် ဖြစ်နေကြသည်။

ဘေးတစ်ဖက်စီတွင် တိတ်ဆိတ်စွာ ရပ်နေသော သက်တော်စောင့်များသာ မရှိလျှင် သူတို့သည် ရှေ့သို့ တိုးဝင်ပြီး ကြည့်ရှုမိကြမည်မှာ အမှန်ပင်။

သို့သော် ယခုအချိန်တွင်မူ သူတို့သည် တံတွေးကို သနားစဖွယ် မျိုချရင်း မော့ချူးကို ငေးကြည့်နေရုံသာ တတ်နိုင်ကြသည်။ သူတို့၏ စိတ်အာရုံများကလည်း မရပ်မနား လည်ပတ်နေကြသည်။

'အဲဒီပုလင်းထဲမှာ ဘာတွေများ ပါဝင်နေတာလဲ။'

ဤမေးခွန်းသည် မီဒီယာများ၏ ရင်ထဲတွင်သာ ပဲ့တင်ထပ်နေခြင်း မဟုတ်ဘဲ ဤကိစ္စကို အနီးကပ် စောင့်ကြည့်နေကြသော ဂလက်ဆီ နှစ်ခုမှ အဆင့်မြင့် အရာရှိများတွင်လည်း အလားတူ အတွေးများ ရှိနေကြသည်။ သို့သော် နှစ်ဖက်စလုံး၏ တိကျသော အတွေးများမှာမူ လုံးဝ မတူညီကြပေ။

အဖွဲ့ချုပ် အရာရှိများက ဤသို့ တွေးနေမိကြသည်။

'အိုက်ယိုး .. မော့ချူး ရယ်၊ ဒီကောင်မလေး မိုက်လိုက်တာ။ ဒီလို လျှို့ဝှက်ချက်ကြီးကို ကိုယ့်ဘာသာ သိမ်းထားသင့်တာပေါ့။ ဘာလို့ မဟူရာတိမ်တိုက် ဂလက်ဆီ လူတွေ အကျိုးရှိအောင် အသံကုန်ဟစ်ပြီး ပြောပြလိုက်ရတာလဲ..'

သူတို့သည် ဤမျှ ကြီးမားသော ကြွယ်ဝချမ်းသာမှုကို မဟူရာတိမ်တိုက် ဂလက်ဆီ လူများလက်ထဲသို့ မည်သို့ ထည့်ပေးလိုက်ရမည်ကို တွေးမိသောအခါ သူတို့၏ နှလုံးသားများမှာ နာကျင်မှုကြောင့် သွေးထွက်မတတ် ဖြစ်နေရသည်။ ၎င်းမှာ သူတို့၏ ကိုယ်ပိုင် ရွှေငွေရတနာများကို တူးဖော်ခံလိုက်ရသကဲ့သို့ပင်။ ဖြစ်နိုင်လျှင် သူတို့သည် ရှေ့သို့ ပြေးထွက်သွားပြီး မော့ချူး၏ ပါးစပ်ကို ပိတ်ပစ်ချင်နေကြသည်။

All Chapters