← Chapters

အခန်း (၅၆၇)

Vol. 38 Ch. 567

အခန်း (၅၆၇)

Vol. 38 Ch. 567

သူတို့သည် မော့ချူးကို အောက်ခြေမှ ယနေ့အထိ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ကြသည်။

ပရိသတ်များအနေဖြင့် သူတို့သည် ဂုဏ်ယူဝမ်းမြောက်မှုကို ခံစားခဲ့ရသည်။

ဟွန်း! သူတို့သည် မော့ချူး နောက်သို့ ယခုအချိန်အထိ လိုက်ပါခဲ့ကြသည်!

ထိုအတွေးဖြင့် လူတိုင်း၏ စိတ်ဓာတ်များ တက်ကြွလာကာ အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤအခြေအနေသည် အတွေ့အကြုံရင့်သော အစီအစဉ်တင်ဆက်သူ နှစ်ဦးကိုပင် တုန်လှုပ်သွားစေခဲ့သည်။ မော့ချူး၏ လူကြိုက်များမှုသည် အလွန်အားကောင်းလိမ့်မည်ဟု သူတို့ မျှော်လင့်ထားခဲ့ကြသော်လည်း ဆယ်နှစ်ကြာပြီးနောက်တွင်ပင် သူမ၏ ကျော်ကြားမှုသည် လုံးဝလျော့ကျမသွားဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။ အမှန်တကယ်တွင်မူ တိုးပင်တိုးလာခဲ့သေးသည်။

သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် အကြောင်းပြချက်မရှိဘဲ ဖြစ်လာသည်တော့ မဟုတ်ပေ။

မော့ချူး ပြုလုပ်သော စိတ်ဝိညာဥ်အစားအစာမုန့်များသည် ဂလက်ဆီတစ်ခုလုံးတွင် အရောင်းရဆုံးဖြစ်နေပြီဖြစ်ပြီး သူမ၏အမည်သည် ခေတ်တစ်ခေတ်အတွက် စံချိန်မီမှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် မော့ချူးသည် မျိုးဆက်သစ်လူငယ်များ၏ မျက်လုံးထဲတွင် ဘုရားသခင်အဆင့်ရှိသော အိုင်ဒေါတစ်ဦး ဖြစ်သည်။

ရုပ်ရည်၊ ခွန်အားနှင့် စွမ်းရည်တို့အပြင် သူမ၏ နောက်တွင် ကောင်းမွန်သော လက်တွဲဖော်နှင့် နွေးထွေးသော အစ်ကိုတစ်ဦးပါ ရှိနေခြင်းသည် အတိတ်က နဂါးငွေ့တန်းဂလက်ဆီကို ကယ်တင်ခဲ့ဖူးသူတစ်ဦး ရရှိသည့် ဆက်ဆံမှုမျိုးပင် ဖြစ်သည်။

အနည်းငယ် အသက်ကြီးသော မျိုးဆက်များသည် မော့ချူး၏ သဘာဝကျပြီး တည်ငြိမ်သော ပုံရိပ်ကြောင့် နှစ်သက်သဘောကျခဲ့ကြသည်။ အရွယ်မရောက်ခင် ဤအသက်မွေးဝမ်းကျောင်းအလုပ်ကို ပိုင်ဆိုင်နိုင်ခြင်းသည် သူတို့၏ မိသားစုထဲမှ ဂျလေဘီကောင်လေးများထက် များစွာ သာလွန်ပေသည်။

အကယ်၍ သူတို့က အနုပညာရှင်များကို အားပေးမည်ဆိုလျှင်တောင်မှ ဤကဲ့သို့သော လူမျိုးကို အားပေးရပေမည်။

အသေအချာ ရေတွက်ကြည့်လျှင် မော့ချူး၏ ပရိသတ်များသည် လူကြီး၊ လူလတ်ပိုင်းနှင့် လူငယ်ဟူ၍ မျိုးဆက်သုံးဆက်အထိ ကျယ်ပြန့်သည်။ ကြည့်ရသည်မှာ သူတို့သည် မျိုးဆက်အားလုံးကို တစ်ခါတည်း သိမ်းသွင်းရန် ပြင်ဆင်နေကြပုံပင်။

ဤအရာကို တွေးမိရင်း အမျိုးသမီး အစီအစဉ်တင်ဆက်သူ၏ နှလုံးခုန်သံမှာ မမြန်ဘဲ မနေနိုင်တော့ပေ။ သူမရှေ့မှ ဤမိန်းကလေးသည် မည်သည့်အချိန်ကတည်းက ဤမျှ ကြောက်စရာကောင်းသော အင်အားကို ပိုင်ဆိုင်ထားခဲ့သနည်း။

"ဘာလဲ? မင်းက မော့ချူးရဲ့ ကြက်ဥထမင်းကြော်အကြောင်း တွေးနေတုန်းပဲလား"

အမျိုးသား အစီအစဉ်တင်ဆက်သူက ရယ်မောလိုက်သည်။ အပေါ်ယံတွင်မူ သူသည် သူ၏လုပ်ဖော်ကိုင်ဖက်ကို စနောက်နေပုံရသော်လည်း မူရင်းဇာတ်ညွှန်းအရ ယခုအချိန်သည် သူမစကားပြောရမည့်အလှည့်ဖြစ်ကြောင်း အမျိုးသမီး အစီအစဉ်တင်ဆက်သူသာလျှင် စိတ်ထဲတွင် သိထားသည်။ သို့သော်လည်း နောက်ဆုံးတွင် သူမသည် ဤအချိုးအကွေ့ ၌ စိတ်လွတ်နေခဲ့သဖြင့် အမျိုးသားတင်ဆက်သူက သူမကိုသတိပေးရန် ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်းပင်။

"ဟုတ်တာပေါ့" ကောင်းမွန်သော လုပ်ငန်းခွင်အရည်အသွေးက အမျိုးသမီး အစီအစဉ်တင်ဆက်သူကို စကားဝိုင်းအား လျင်မြန်စွာ ဆက်ပြောဆိုနိုင်စေခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် အနည်းငယ်မျှ ကွဲပြားမှုမရှိဘဲ သူမ၏ အသံတွင် လွမ်းဆွတ်မှု အရိပ်အယောင်များ သဲ့သဲ့လေး ပေါ်လွင်နေခဲ့သည်။

"အဲဒီတုန်းက ငါမရှိခဲ့တာ နှမြောစရာပဲ။ မဟုတ်ရင် ငါလည်း မြည်းစမ်းကြည့်နိုင်မှာ။ ဒါလေးတစ်ခုတည်းနဲ့တင် ငါ နှစ်ပေါင်းများစွာ လွဲချော်ခဲ့ရတုန်းပဲ"

"မင်းက ငါ့လောက် သနားစရာကောင်းလို့လား" သူ့လုပ်ဖော်ကိုင်ဖက်က စည်းချက်ပြန်ဝင်လာသည်ကို မြင်လိုက်ရသဖြင့် အမျိုးသားအစီအစဉ်တင်ဆက်သူမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"မင်းမသိပါဘူးကွာ၊ အဲ့ဒီကောင်လေး မာ့ခ်က အစီအစဉ်ပြီးသွားတော့ တာမီနယ်ပေါ်မှာ ငါ့ကို တမင်သက်သက် ဆက်ပြထားခဲ့တာ။ သူက ငါ့ကို မျက်လုံးတွေနဲ့ သတ်ချင်နေတာလေ! အမယ်လေး၊ အဲဒီတုန်းက သူ ငါ့ကို တကယ်ဒေါသထွက်အောင်လုပ်ခဲ့တာ"

အတိတ်က အခြေအနေကို ပြန်ပြောင်းသတိရရင်း အမျိုးသား အစီအစဉ်တင်ဆက်သူမှာ ရယ်ရမလား ငိုရမလား မသိဖြစ်နေခဲ့သည်။

မာ့ခ် သည် ထိုအချိန်က မော့ချူး အင်တာဗျူးအစီအစဉ်တွင် ပါဝင်ခဲ့စဉ်က အစီအစဉ်တင်ဆက်သူ ဖြစ်သည်။

ဤပုဂ္ဂိုလ်သည်လည်း အသိုင်းအဝိုင်းထဲတွင် နာမည်ကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏ ပုံစံသည် ထက်မြက်ပြီး ဟာသဉာဏ်အနည်းငယ်လည်း ရှိသည်။ နောက်ဆုံးတွင် မော့ချူးသည် ကြက်ဥထမင်းကြော်တစ်ပွဲဖြင့် သူ့ကို လက်အောက်သို့ တိုက်ရိုက်သိမ်းသွင်းခဲ့ပြီးနောက် သူသည် မော့ချူး၏ သေလောက်အောင်အားပေးသော ပရိသတ်တစ်ဦး ဖြစ်လာခဲ့သည်။

"ကဲ၊ ကိစ္စမရှိပါဘူး။ ကံကြမ္မာစက်ဝန်းက ပြောင်းလဲတတ်တာပဲ။ ဒီနေ့တော့ သူ့ကို ဒေါသထွက်အောင်လုပ်ဖို့ ငါ့အလှည့်ပဲ" အမျိုးသားအစီအစဉ်တင်ဆက်သူက နှစ်ကြိမ်ခန့် ရယ်မောလိုက်ပြီး ရယ်မောခြင်းကြောင့် သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

"လာ.. မော့ချူး၊ ကြည့်လိုက်ပါဦး။ ဒါတွေက ဒီနေ့ မင်းအတွက် ငါတို့ပြင်ဆင်ပေးထားတဲ့ ပါဝင်ပစ္စည်းတွေပဲ။ ဘယ်လိုသဘောရလဲ"

ဤအစီအစဉ်ကို အစားအသောက်အစီအစဉ်ဟု ပြောကြသော်လည်း လင်ယဲ့ဟုန်ကဲ့သို့သော လူလိမ်မျိုးနှင့်ဆိုလျှင် ဘယ်လိုလုပ် လွယ်ကူနိုင်ပါမည်နည်း။

ထင်ထားသည့်အတိုင်း မော့ချူး ခေါင်းလှည့်ကြည့်လိုက်ပြီး စားပွဲပေါ်မှ ပါဝင်ပစ္စည်းများကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်း အေးခဲသွားသည်။

ဒါရိုက်တာသည် မှော်သားရဲများနှင့် မှော်အပင်များကို ဘယ်နေရာမှ ရှာတွေ့ခဲ့မှန်း သူမ မသိပေ။ သူတို့သည် လတ်ဆတ်ပုံရသော်လည်း ပါဝင်သည့်အရာများမှာ အနည်းငယ် ထူးဆန်းနေပြီး သူမကိုယ်တိုင်ပင် မမှတ်မိနိုင်လောက်အောင် ဖြစ်နေသည်။

မော့ချူး၏ ဒုက္ခရောက်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ အစီအစဉ်တင်ဆက်သူ နှစ်ဦးမှာ မပျော်ရွှင်ဘဲ မနေနိုင်တော့သည်မှာ ထင်ရှားသည်။ မော့ချူးကို ယဇ်ပလ္လင်ပေါ်မှ ဆွဲချရသည့် အရသာကို သူတို့ အမြဲခံစားရသည်။

အမျိုးသမီးအစီအစဉ်တင်ဆက်သူက လည်ချောင်းရှင်းလျက် ရှင်းပြလိုက်သည်။ "ကျွန်မတို့ အစီအစဉ်ရဲ့ ထူးခြားချက်ကတော့ လူထုတစ်ရပ်လုံးနဲ့ အပြန်အလှန် ဆက်ဆံတာပါပဲ"

"ဘယ်လို အပြန်အလှန် ဆက်ဆံမှာလဲ"

"ကျွန်မတို့ အစီအစဉ်အဖွဲ့က မော့ချူးကို ပါဝင်ပစ္စည်းတွေ ပေးလိုက်တိုင်း အစီအစဉ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က မှတ်ချက်တွေထဲကနေ တစ်ခုကို ကျပန်းရွေးချယ်သွားမှာပါ။ ဒါပေမဲ့ စိတ်ဝိညာဥ်အစားအစာရဲ့ အရသာကို ပိုကောင်းမွန်စေဖို့အတွက် မော့ချူး အနေနဲ့ နောက်ထပ် ပါဝင်ပစ္စည်း သုံးမျိုးကို ယာယီ ထပ်ဖြည့်နိုင်ပါတယ်"

အစီအစဉ်တင်ဆက်သူက ဤသို့ပြောလိုက်သောအခါ စင်မြင့်အောက်နှင့် ခန်းမအပြင်ဘက်မှ ပရိသတ်များမှာ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။

တစ်နည်းအားဖြင့်ဆိုသော် သူမ ကိုယ်ပိုင်အမှတ်တံဆိပ် ရရှိသွားသည်နှင့် ချူးလေးက သူမအတွက် သီးသန့်ပြုလုပ်ထားသော စိတ်ဝိညာဥ်အစားအစာကို ဖန်တီးပေးမည်ဟု ဆိုလိုခြင်းလား။

ဝိုး! ဤအတွေးဝင်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း ချက်ချင်း အလုပ်ရှုပ်သွားကြသည်။ မြန်မြန်လေး၊ တာမီနယ်ပေါ်မှာ တခြားထူးဆန်းတဲ့ မှော်အပင်တွေ ရှိမရှိ ရှာကြည့်ကြစို့။

လူတိုင်း ပျော်ရွှင်စွာ ပါဝင်နေကြသည်ကို မြင်လိုက်ရသောအခါ မော့ချူး၏ နှုတ်ခမ်းထောင့်များမှာ မလှုပ်ဘဲ မနေနိုင်တော့ပေ။

လူတိုင်းက ငါ့ခံစားချက်ကို ထည့်မစဉ်းစားပေးကြဘူးလား။

ပါဝင်ပစ္စည်းများက နေရာတကျရှိနေလျှင် ကိစ္စမရှိသော်လည်း အကယ်၍ သူမက တွေ့ကရာအရာများကို ထုတ်သုံးလိုက်လျှင် သူမ၏ ကိုယ်ပိုင်ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်သလို ဖြစ်သွားမည် မဟုတ်ပါလား။ မဟုတ်သေးပါဘူး၊ ဤ စိတ်ဝိညာဥ်အစားအစာကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ဤအထူးဧည့်သည်များအတွက် ရည်ရွယ်ထားပုံပင်...

ထားပါတော့၊ သူမ အခု စိတ်ချရပြီ။

သို့သော်လည်း အနာဂတ်ဧည့်သည်များအတွက် သူမ ဝမ်းနည်းကြောင်း ပြောချင်ပါရဲ့...

"ဒီနေ့ ကဏ္ဍအတွက် ပေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ‘လှပသော နှစ်သစ်' ဆိုတဲ့ အင်တာနက်အသုံးပြုသူက အကြံပြုထားတာပါ။ သူ့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်"

အစီအစဉ်တင်ဆက်သူက စကားပြောရင်း ခြေလှမ်းနှစ်လှမ်း တိုးကပ်သွားရာ အပေါ်ရှိ ငါးမျှားကင်မရာသည် သူ့ဖက်ထောင့်သို့ အလိုအလျောက် လှည့်သွားပြီး စားပွဲပေါ်မှ ပါဝင်ပစ္စည်းများကို ရှင်းလင်းစွာ ရိုက်ကူးပြသလိုက်သည်။

ရှည်လျားသော စားပွဲပေါ်တွင် မှော်အပင်များနှင့် မှော်သားရဲများစွာ ရှိနေသည်။

ဘယ်ဘက်အစွန်ဆုံးတွင် ပင်လယ်ထဲမှ ဖမ်းယူထားသော ပစ္စည်းအပုံကြီးတစ်ခု ရှိနေသည်။ မော့ချူးသည် ဘာလဲ မမှတ်မိသော်လည်း ပုံပန်းသဏ္ဍာန်အရကြည့်လျှင် အတော်လေး ချစ်စရာကောင်းပုံရသည်။ ထိုအရာသည် အခွံတစ်ခု၏ အကြီးချဲ့ထားသော ပုံစံနှင့်တူသော်လည်း အထဲတွင် ပုလဲများ သို့မဟုတ် တစ်စုံတစ်ခု ရှိမရှိကို သူ မသိပေ...

ယခုအချိန်တွင် ထိုအရာများကို သပ်ရပ်စွာ စုပုံထားသည်။

ညာဘက်သို့ အကြည့်ရွှေ့လိုက်သောအခါ မော့ချူး ပို၍ ရင်းနှီးသွားသည်။ ၎င်းမှာ မြင်းပုချိုခေါင်း သားရဲ၏ အသားဖြစ်သည်။

ဤမှော်သားရဲ၏ ခန္ဓာကိုယ်ပေါ်မှ အမှတ်အသားများသည် အလွန်ထူးခြားသည်။ အနီတစ်ရောင်၊ အဖြူတစ်ရောင်နှင့် အနက်တစ်ရောင်တို့ အပြန်အလှန် ယှက်နွယ်နေသည်။ ကြည့်ရသည်မှာ အတော်လေး လှပပြီး အရသာကတော့...

ထိုအချိန်က သူမ ဒီအသားကို မည်မျှတက်ကြွစွာ ချက်ပြုတ်ခဲ့သည်ကို ပြန်ပြောင်းသတိရလိုက်သောအခါ ထိုအသားသည် လှပသောကြောင့် အရသာလည်း ကောင်းမွန်လိမ့်မည်ဟု သူမ ထင်ခဲ့မိသည်။ နောက်ဆုံးတွင် အသားသည် ခြောက်သွေ့ပြီး ခါးသက်သက်ဖြစ်နေသဖြင့် မည်သူမျှ စား၍မရနိုင်ကြောင်း သူမ သိရှိသွားခဲ့သည်။

ညာဘက်တွင် ပြောင်းဖူး၊ အာလူးနှင့် ကျောက်ဖရုံသီးကဲ့သို့သော ပို၍သာမန်ဆန်သည့် ပါဝင်ပစ္စည်းအချို့ ရှိနေသည်။ ထိုအရာများကို ဖြည့်စွက်ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုသင့်သည်။ ဤအရာက မော့ချူးကို သက်ပြင်းချနိုင်စေခဲ့သည်။ နောက်ဆုံးတော့ ပုံမှန်ပါဝင်ပစ္စည်းအချို့ ရှိလာပြီဖြစ်သည်။

သို့သော် သူမအနေဖြင့် ဟင်းသီးဟင်းရွက်ချည်းသက်သက် ချက်ပြုတ်၍မရနိုင်ပေ။

သူမ သည်းမခံနိုင်တော့ပေ။

"ကဲ၊ အခု စင်မြင့်ကို မော့ချူးနဲ့ သူ့ရဲ့ ယာယီလက်ထောက်နှစ်ယောက်ဆီ လွှဲပေးလိုက်ကြစို့"

အစီအစဉ်တင်ဆက်သူသည် စိတ်ထဲတွင် ကျိတ်၍ သဘောကျနေပြီးနောက် စင်မြင့်အောက်သို့ လွတ်လပ်စွာ လျှောက်ဆင်းသွားကာ မော့ချူးကို တစ်ယောက်တည်း ဒုက္ခနှင့် လှောင်ပိတ်ထားခဲ့သည်။

ထိုအချိန်က ချင်ယွဲ့ဆိုသည့် ကောင်စုတ်လေး သူမကို ဘယ်လို ကတိပေးခဲ့သည်ကို ပြန်စဉ်းစားကြည့်လိုက်သည်။

သူက ပြောခဲ့သည်။ "မပူပါနဲ့၊ ဒီအစီအစဉ်က အရမ်းရိုးရှင်းပါတယ်။ နင်လုပ်ရမှာက နင့်ရဲ့ ဟင်းချက်စွမ်းရည်ကို ထုတ်ပြရုံပါပဲ၊ ပြီးတော့ နင့်ရဲ့ စားကောင်းသောက်ဖွယ်တွေနဲ့ လူတိုင်းကို အနိုင်ယူနိုင်မယ်လို့ ငါအာမခံတယ်"

အခု ပြန်ကြည့်လိုက်တော့ သူများကို အနိုင်ယူသူမှာ သူမ မဟုတ်ချေ။

သူမကိုယ်တိုင် ဒူးထောက်ပြီး 'အနိုင်ယူခံရ' တော့မည့် အခြေအနေ ဖြစ်နေပြီ မဟုတ်ပါလား။

မတော်တဆမှုတစ်ခု ဖြစ်ပွားပြီး စင်ပေါ်တွင် စိတ်ဝိညာဥ်အသားအစာ ပေါက်ကွဲသွားလျှင် ဘယ်လိုလုပ်မလဲ။ ဘယ်လောက်တောင် အိုးနင်းခွက်နင်း နိုင်လိုက်မလဲ။

ဟုတ်ပါတယ်၊ မော့ချူး၏ ဆယ်နှစ်ကြာ လေ့ကျင့်မှုအတွင်း ဤဖြစ်နိုင်ချေသည် အလွန်သေးငယ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း လိုအပ်လာလျှင် သူမအနေဖြင့် သူ့ကို လှောင်ပြောင်ရပေမည်။ သို့မဟုတ်လျှင် သူမ၏ ဒေါသကို ဘယ်လိုထွက်ပေါက်ပေးရမည်နည်း။

မော့ချူးသည် စိတ်ထဲတွင် ချင်ယွဲ့ကို အခါရာချီ ကျိန်ဆဲပြီးနောက် အသက်ပြင်းပြင်းရှူကာ ပါဝင်ပစ္စည်းများရှိရာ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

ချင်ရှန့်သည် ဤပွဲအတွက် ငွေအများအပြား သုံးစွဲထားသည်ဟု ပြောရပေမည်။

အနည်းငယ် ထူးဆန်းသော ဤပါဝင်ပစ္စည်းများမှလွဲ၍ အခြားမီးဖိုချောင်သုံးပစ္စည်းများ အားလုံး စင်ပေါ်တွင် အဆင်သင့်ရှိနေသည်။ အခြားအထူးပစ္စည်းများ လိုအပ်လျှင်တောင်မှ သူတို့ အရာအားလုံးကို စေ့စေ့စပ်စပ် ပြင်ဆင်ထားကြောင်း ပြောလိုက်ရုံသာ။

မော့ချူးသည် ချက်ပြုတ်ရန် အလျင်မလိုသေးပေ။ ထိုအစား သူမသည် စိတ်ထဲတွင် ကြမ်းတမ်းသော မူကြမ်းတစ်ခုကို ရေးဆွဲလိုက်ပြီး ဆေးကြောရန် သင့်တော်မည်ဟု သူမထင်သော အစားအစာအားလုံးကို ထုတ်ယူလိုက်သည်။ သူမ ဘာလုပ်မည်ကို စဉ်းစားရန် အချိန်ကောင်းတစ်ခု ဖြစ်သည်။

သူမအနေဖြင့် စင်ပေါ်တွင် အရူးတစ်ယောက်လို ရပ်နေ၍မရနိုင်ပေ။

"ကျွန်တော် ကူညီပေးဖို့ လိုမလား" မော့ချူး တစ်ယောက်တည်း အစားအစာများကို ဆေးကြောနေသည်ကို မြင်လိုက်ရသဖြင့် ဝေ့လျန်က ရှေ့သို့ အလျင်အမြန် တိုးလာခဲ့သည်။ မော့ချူးကို အတုခိုးပြီး သူ၏ အင်္ကျီလက်များကို ပင့်တင်လိုက်ကာ တိုးတိုးလေး မေးလိုက်သည်။

စင်ပေါ်တွင် နာမည်ကြီးချင်သောကြောင့် မဟုတ်ပေ။ ထိုအစား သူ ဘာမှမလုပ်ဘဲ ရပ်နေစဉ် မိန်းမသားတစ်ဦး အလုပ်ရှုပ်နေသည်ကို ကြည့်နေရခြင်းမှာ မဖြစ်သင့်ဟု သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ဟုတ်ပါတယ်၊ ဒါကလည်း ဖက်ဒရေးရှင်း၏ ရာစုနှစ်များစွာ သက်တမ်းရှိသော 'အမျိုးသမီးများကို ဦးစားပေးခြင်း' ဟူသည့် အယူအဆကို လက်တွေ့ကျကျ ပြသလိုက်ခြင်းလည်း ဖြစ်သည်။

သူမ၏ မျက်လုံးထောင့်စွန်းမှတစ်ဆင့် ဝေ့လျန် သူ့ဘေးသို့ လျှောက်လာသည်ကို ရိပ်ခနဲ တွေ့လိုက်ရသည်။ မော့ချူးမှာ အံ့သြသဖြင့် မော့ကြည့်မိရက်သား ဖြစ်သွားသည်။

ချင်ယွဲ့၏ အစောပိုင်းက စကားများသည် ဒဲ့တိုးဆန်သော်လည်း အလွန်ဆီလျော်မှု ရှိခဲ့သည်။

"မပူပါနဲ့၊ ငါ့အစ်ကိုက နင့်အတွက် အထူးဧည့်သည် တစ်ယောက်နှစ်ယောက် စီစဉ်ပေးမယ်လို့ ပြောထားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့က နင့်ရဲ့ ကျော်ကြားမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားနေကြတာ။ နင် တွန့်ဆုတ်နေစရာ မလိုပါဘူး၊ သူတို့ကို ခိုင်းသာခိုင်းလိုက်"

ချင်ယွဲ့၏ စကားများသည် သူပြောသည့်အတိုင်း ဖြစ်သော်လည်း မော့ချူးမှာ သူတို့ကို တကယ် အမိန့်မပေးနိုင်ပေ။ ထို့အပြင် ချန်ချူးချူးက သူမအပေါ် ကောင်းမွန်သော အထင်ကြီးမှုကို မပေးခဲ့သဖြင့် သူမလမ်းကနေ ဖယ်နေရန်နှင့် သူတို့ကို ဘေးဖယ်ထားရန် ဆုံးဖြတ်ထားခဲ့သည်။ ရုပ်ချောတဲ့ မော်ဒယ်တွေအဖြစ်ပဲ နေလိုက်ကြ၊ ဟုတ်ပြီလား။

ထို့ကြောင့် ယခုအချိန်တွင် ဝေ့လျန်က ဦးဆောင်လှုပ်ရှားလာခြင်းသည် မော့ချူး၏ မျှော်လင့်ချက်ကို ကျော်လွန်နေခဲ့သည်။

သို့သော်လည်း အလကားရသည့် လုပ်အားရှိနေမှတော့ အသုံးမချလျှင် နှမြောစရာ ဖြစ်လိမ့်မည်။

"ဒါဆို ဒါတွေကို ကူဆေးပေးဖို့ ရှင်ကို ဒုက္ခပေးရတော့မယ်။ လုပ်နိုင်ပါ့မလား"

မော့ချူး ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူမလက်ထဲမှ ရိုးရှင်းသော ပစ္စည်းအချို့ကို သူ့ထံ လွှဲပေးလိုက်သည်။

"အင်း" ဝေ့လျန် စကားများများမပြောသော်လည်း သူ၏ လှုပ်ရှားမှုများမှာ အလွန်သွက်လက်သည်။

သူ ရေပိုက်ကို ဖွင့်လိုက်ရာ သူ၏လက်များမှာ အနည်းငယ် တောင့်တင်းနေသော်လည်း ပစ္စည်းတစ်ခုချင်းစီကို သေချာစွာ ဆေးကြောပေးခဲ့သည်။

မော့ချူး သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြဿနာမရှိဟု ခံစားလိုက်ရသဖြင့် သူမကိုယ်ပိုင်ကိစ္စများကို စတင်လုပ်ကိုင်တော့သည်။

All Chapters