← Chapters

အခန်း (၅၆၈)

Vol. 38 Ch. 568

အခန်း (၅၆၈)

Vol. 38 Ch. 568

နှစ်ယောက်စလုံးတွင် လုပ်စရာများ ရှိနေကြပြီး စင်ပေါ်တွင်ရှိနေသော ချန်ချူးချူးကို မာနကြီးပြီး အထက်စီးဆန်သူပုံ ပေါက်သွားစေသည်။

ခဏတာမျှ ထိုမြင်ကွင်းမှာ အနည်းငယ် အနေရခက်စရာ ဖြစ်နေခဲ့သည်။

ကောင်းပြီလေ၊ ဝေ့လျန် ဆိုတဲ့ ဒီကောင်လေးက ပုံမှန်ဆို တိတ်ဆိတ်နေတတ်ပုံရပေမယ့် အခု ထင်ပေါ်ခွင့်ရတော့ ဘယ်သူ့ထက်မဆို ပိုမြန်နေပါလား။

ချန်ချူးချူးသည် ကင်မရာကို ရှောင်ကွင်းရင်း တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ သူမ ခေါင်းပြန်မော့လိုက်သောအခါ ချိုသာသော အပြုံးတစ်ခု ပြန်ဖြစ်သွားပြီး နွေးထွေးသော အကြည့်ဖြင့် သူတို့နှစ်ဦးထံ တိုးကပ်သွားသည်။ "အစ်မ မော့ချူး၊ ညီမ လုပ်ပေးရမယ့်အရာ တခြားရှိသေးလား"

ဤစကားကို ကြားလိုက်ရသောအခါ မော့ချူးမှာ ခေတ္တမျှ မရပ်တန့်ဘဲ မနေနိုင်တော့ပေ။

သူမ ငုံ့ကြည့်လိုက်ရာ သူမလက်ထဲတွင် မြင်းပုချိုခေါင်း သားရဲ၏ အသားနှင့် ခရုခွံပုံစံ မှော်သားရဲများ ထည့်ထားသော ဇလုံတစ်ခုသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။

ခဏမျှ စဉ်းစားပြီးနောက် မော့ချူးသည် ခရုခွံပုံစံ မှော်သားရဲကို သူမအား ပေးလိုက်သည်။ လူအများစုသည် အသားစိမ်းနှင့် ထိတွေ့ရသည်ကို မကြိုက်ကြသဖြင့် မြင်းပုချိုခေါင်းသားရဲ ကို သူမဘာသာ ဆေးကြောရန် ချန်ထားလိုက်ခြင်းက ပိုကောင်းပေမည်။

"ဒါကို ဆေးလိုက်ပါ"

မော့ချူး၏ လက်ညှိုးညွှန်ရာအတိုင်း ချန်ချူးချူး ငုံ့ကြည့်လိုက်ပြီးနောက် ကြောင်အမ်းသွားသည်။

ဒါက... ကိုယ်သေး သားရဲ မလား?

ဤကဲ့သို့သော မှော်သားရဲမျိုးသည် အလွန်ရှားပါးပြီး လူအများစုမှာ ၎င်းအကြောင်း လုံးဝမသိကြပေ။ အကယ်၍ သူမသာ ထိုစဉ်က မတော်တဆ မကြုံခဲ့ဖူးလျှင် ယခုအချိန်တွင် ဘာမှသိမည်မဟုတ်ပေ။

သို့သော်လည်း သူမ သိနေသောကြောင့် ယခု ပို၍ခက်ခဲနေခြင်း ဖြစ်သည်။

ဤအရာသည် လက်ဖဝါးထက် အနည်းငယ်သာ ပိုကြီးသော်လည်း အနည်းငယ် ထိလိုက်သည်နှင့် သူ၏ ခေါင်းနှင့် ခြေလက်များမှာ အခွံထဲမှ ချက်ချင်း ဆန့်ထွက်လာတတ်သည်။ သူ့တွင် ဆူးများပင် ပါရှိပြီး လူတစ်ယောက်၏ လက်ကို ထိုးမိသောအခါ နှလုံးကို ဆွဲညှစ်ထားသလို နာကျင်ရပေမည်။

... မော့ချူးက သူမအတွက် 'လွယ်ကူသော' အလုပ်ကို တကယ် ရှာတွေ့ခဲ့တာပဲ!

"ဘာဖြစ်လို့လဲ။ တခြားပြဿနာ ရှိနေလို့လား" ကောင်မလေး ဘာမှပြန်မပြောဘဲ ကြာနေသည်ကို မြင်လိုက်ရသဖြင့် မော့ချူး မျက်မှောင်အနည်းငယ် မကြုတ်ဘဲ မနေနိုင်တော့ပေ။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး" ချန်ချူးချူးမှာ တုံ့ပြန်မှုတစ်ခုလို ခေါင်းခါလိုက်သည်။

ကြည့်ရှုသူ အများအပြား၏ မျက်လုံးများအောက်တွင် သူမ ငြင်းရဲပါမည်လား။ တကယ်လို့ သူမသာ ငြင်းလိုက်လျှင် တံတွေးနှင့် ထွေးပြီး အသတ်ခံရပေလိမ့်မည်။

"တကယ် ပြဿနာမရှိဘူးလား"

ချန်ချူးချူး ဤသို့ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် မော့ချူးမှာ စိုးရိမ်နေဆဲဖြစ်ပြီး ထပ်မေးလိုက်သည်။

စိတ်ရှုပ်စရာကောင်းလိုက်တာ!

ချန်ချူးချူး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စိတ်ထဲမှ ဒေါသကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

'ကိုင်တွယ်ရ မလွယ်ဘူးဆိုတာ သိရဲ့သားနဲ့ ဘာလို့ ငါ့ကို ဒါလာပေးနေတာလဲ။ ငါ့ကို ပြဿနာရှာနေမှန်း သိသာလွန်းနေပြီ။'

သို့သော်လည်း သိနေလျှင်တောင်မှ ဤစကားများကို အသံထွက်ပြီး ပြော၍မရပေ။

"တကယ် ပြဿနာမရှိပါဘူး။” ချန်ချူးချူး အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြုံးလျက် သူမ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။ “မပူပါနဲ့၊ ဒီအရာကို ညီမဆီသာ လွှဲထားလိုက်ပါ"

မိနစ် ၂၀ ကြာပြီးနောက် သူမ စကားပြော စောသွားခဲ့ကြောင်း ချန်ချူးချူး သဘောပေါက်လိုက်သည်။

သူမသည် ပုံမှန်အားဖြင့် အိမ်တွင် အလိုလိုက်ခံထားရသူဖြစ်သည်။ ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန် မဆိုထားနှင့်၊ အိမ်မှုကိစ္စများကိုပင် စက်ရုပ်များက လုပ်ဆောင်ပေးသည်။ သူမ၏ နေ့စဉ်ဘဝသည် သီချင်းဆို လေ့ကျင့်ခြင်းနှင့် သရုပ်ဆောင်ခြင်းသာ ဖြစ်ပြီး ဤအိမ်မှုကိစ္စများသည် သူမ ကိုင်တွယ်နိုင်သော အရာများ မဟုတ်ပေ။

တစ်ပိုင်းတစ်စ လုပ်ပြီးနောက်တွင် သူမသည် ငါးပုံတစ်ပုံကိုပင် မပြီးစီးနိုင်သေးပေ။ တစ်ဖက်တွင်မူ ဘေးနားရှိ ဝေ့လျန်မှာ အားလုံးကို ဆေးကြောသန့်စင်ပြီးဖြစ်ကာ အပိုပန်းကန်ပြားပေါ်တွင် သပ်ရပ်စွာ တင်ထားပြီးဖြစ်သည်။

သူမ ဒေါသထွက်ပြီး စိတ်အနှောင့်အယှက် ဖြစ်လာသည်။

မြင်းပုချိုခေါင်းသားရဲကို ကိုင်တွယ်ပြီးနောက် မော့ချူး တစ်ချက်ကြည့်ပေးဖို့ ရောက်လာ၏။ ပထမဦးစွာ သူမသည် ဝေ့လျန်၏ အလုပ်အတွက် ချီးကျူးစကား ဆိုလိုက်သည်။ ချန်ချူးချူး၏ ဘေးနားသို့ လျှောက်သွားသောအခါ သူမ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

'ဒီမိန်းကလေး... မလုပ်နိုင်ရင်လည်း မလုပ်နိုင်ဘူးလို့ ပြောပါလား။'

သူမက ဟန်ဆောင်နေတုန်းပင်၊ သို့သော် အချိန်ဖြုန်းနေခြင်းသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရှိုးပွဲတိုင်းတွင် သတ်မှတ်ထားသော အချိန်တစ်ခု ရှိသည်။ သူမ၏ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်များကြောင့် အချိန်ကို တိုးမြှင့်ပေးရန် မဖြစ်နိုင်ဘူး မဟုတ်ပါလား။

မော့ချူး သက်ပြင်းအနည်းငယ် ချလိုက်သည်။ "ထားလိုက်ပါတော့၊ ငါ နင်နဲ့အတူ လုပ်ပေးမယ်"

ဤစကားကို ကြားလိုက်ရသောအခါ ချန်ချူးချူး၏ မျက်နှာမှာ ရဲတက်သွားပြီး သူမ၏ နှလုံးသားမှာ ဆီပူပူဖြင့် အပက်ခံလိုက်ရသကဲ့သို့ ပူပြီးရင်း ပူလာတော့သည်...

သူတို့သည် အစီအစဉ် ရိုက်ကူးနေဆဲဖြစ်သည်။

မော့ချူးသည် သူမကို လုံးဝ မျက်နှာသာမပေးခဲ့ပေ... သူမသည် စိတ်သဘောထား ကောင်းမွန်သည်ဟု အသိုင်းအဝိုင်းက ပြောဆိုနေကြသော်လည်း အဲ့ဒါက ဟန်ဆောင်မှု သက်သက်သာဖြစ်သည်။

ချန်ချူးချူးသည် တိတ်တဆိတ် နှုတ်ခမ်းစူလိုက်မိသည်။

သို့သော်လည်း မော့ချူး လက်ဆေးပြီးနောက် ဒီကိုယ်သေးသားရဲကောင် များကို ကိုင်တွယ်ရန် လျှောက်သွားသည်ကို မြင်သောအခါ သူမ၏ ရင်ထဲမှ ဒေါသများသည် ချက်ချင်း တစ်ပါးသူ ဒုက္ခရောက်သည်ကို ဝမ်းသာသည့် စိတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

'ဟွန့်! အဲ့ဒါတွေက ကိုင်တွယ်ရ လွယ်တယ်လို့ ထင်နေလား? အကိုက်ခံရမယ့် အလှည့်ရောက်မှ ဘယ်လို ခံစားရလည်း သိလိမ့်မယ်!'

သူမ ဤအကြောင်းကို တွေးလိုက်မိသောအခါ ချန်ချူးချူး၏ မျက်လုံးများ အရောင်တောက်လာခဲ့သည်။ သူမသည် မော့ချူး အရှက်ကွဲမည့် အဖြစ်အပျက်ကို စောင့်ကြည့်ရန် အဆင်သင့်ဖြစ်နေပြီး သူမ၏ အကြည့်များကို မော့ချူးထံတွင်သာ ကျရောက်နေတော့၏။

မော့ချူးသည် ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး ခေါင်းငုံ့ကာ အကဲခတ်ကြည့်လိုက်သည်။ ထို့နောက် သူမသည် ကိုယ်သေးသားရဲကောင် တစ်ကောင်ကို ကိုင်ရန် သူမ၏ ဖြူဝင်းပြီး နုနယ်သော ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်...

ချန်ချူးချူး၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသော်လည်း သူမ၏ ရင်ထဲတွင်မူ အလွန်ပျော်ရွှင်နေခဲ့သည်။

သွားပြီ!

သူမ အကိုက်ခံရတော့မယ်...

ကံမကောင်းစွာဖြင့် မော့ချူး၏ နောက်ထပ် လှုပ်ရှားမှုက သူမ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးကို ချက်ချင်း အေးခဲသွားစေခဲ့သည်။

ဇလုံငယ်လေးထဲတွင် မော့ချူး၏ လက်ချောင်းများက လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

မူလက ယိမ်းထိုးနေသော ကိုယ်သေးသားရဲကောင်သည် သူမ၏ ပက်လက်လှန်ခြင်းကို ခံလိုက်ရသည်။ ဤနည်းအားဖြင့် အခွံထဲတွင် ပုန်းအောင်းနေသော ကိုယ်သေးသားရဲကောင်၏ ခေါင်းနှင့် ခြေလက်များ ပေါ်ထွက်လာသဖြင့် အကိုက်ခံရနိုင်ခြေ အလွန်လျော့နည်းသွားသည်။

မော့ချူးသည် စေ့စပ်သေချာပြီး ဂရုတစိုက်ရှိသော လှုပ်ရှားမှုများအပြင် လုပ်နေစဥ် တစ်လျှောက်လုံးတွင် သူမသည် ကိုယ်သေးသားရဲကောင်ပေါ်ရှိ အဆူးများကို လုံးဝနီးပါး မထိတွေ့ခဲ့ပေ။ သူမသည် ဇလုံထဲရှိ ကိုယ်သေးသားရဲကောင်များကို လွယ်ကူစွာ သန့်စင်လိုက်သည်။

ထိုချောမွေ့သော လှုပ်ရှားမှုနှင့် ကျွမ်းကျင်သော နည်းစနစ်တို့သည် ချန်ချူးချူးကို လုံးဝ မှင်တက်သွားစေခဲ့သည်။ သူမ မနေနိုင်စွာ မေးလိုက်၏။ "အစ်မ... ဒါကို အရင်က လုပ်ဖူးလား?"

"မလုပ်ဖူးပါဘူး" မော့ချူးက ခေါင်းခါလိုက်ပြီး ကိုင်တွယ်သန့်စင်ပြီးသား ကိုယ်သေးသားရဲကောင်ကို ဘေးတစ်ဖက်သို့ တင်ရင်း ပြောလိုက်သည်။

... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

ချန်ချူးချူးသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားခဲ့သည်။ "ဒါဆို အစ်မဘယ်လိုလုပ် သိနေတာလဲ..."

ကိုယ်သေးသားရဲကောင်ကို ပြောင်းပြန်လှန်လိုက်ခြင်းက ပြဿနာကို ဖြေရှင်းနိုင်မည်ဟု သူမ ဘယ်လိုလုပ် သိနေရသနည်း?

သူမ၏ စကားထဲမှ အံ့သြမှုကို ကြားလိုက်ရသောအခါ မော့ချူးက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "အရမ်း ရိုးရှင်းပါတယ်။ ကြည့်လိုက်တာနဲ့ နားလည်သွားမှာပါ"

ဖွီး!

ချန်ချူးချူး သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။

... အရမ်း ရိုးရှင်းပါတယ် ဟုတ်လား?

... ကြည့်လိုက်တာနဲ့ နားလည်နိုင်တယ် ဟုတ်လား?

တောက်၊ မော့ချူး ပြောစကားအရဆိုရင် သူမက ဉာဏ်မကောင်းလို့ ဒီလိုအဖြစ်မျိုး ကြုံရတာလား?

အကယ်၍ သူမတွင် ဆင်ခြင်တုံတရားသာ ကျန်မနေခဲ့ပါက ထို့အပြင် ဤသည်မှာ အစီအစဉ် ရိုက်ကူးနေခြင်းဖြစ်သည်ကို မသိခဲ့လျှင် ချန်ချူးချူး သူမကို မေးမိလိမ့်မည်ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် သူမသည် ဒေါသကို မြိုသိပ်ထားရုံသာ တတ်နိုင်တော့သည်။

သေချာပေါက် မော့ချူး အနေဖြင့် ယခုအချိန်တွင် သူမ၏ အတွေးအသေးအဖွဲ့လေးများကို ဂရုစိုက်ရန် အချိန်မရှိပေ။ ထိုအစား သူမသည် ဒီအစားအစာအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။

သူမသည် သန့်စင်ပြီးသား ကိုယ်သေးသားရဲကောင်ကို ကိုင်မြှောက်လိုက်ပြီး ခေတ္တမျှ သေချာကြည့်လိုက်သည်။ မော့ချူး၏ မျက်လုံးများ အရောင်တောက်လာသည်... ဒီကောင်က ဂဏန်းနှင့် လိပ် ပေါင်းစပ်ထားသော သတ္တဝါမျိုး ဖြစ်နေမလား?

ထိုဖြစ်နိုင်ချေကို တွေးမိသောအခါ မော့ချူး ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

အကယ်၍ တကယ်သာ ဟုတ်နေခဲ့လျှင် ဒီကောင်ရဲ့ အရသာက ဘယ်လိုနေမလဲ?

အစားအသောက်ခုံမင်သူတစ်ဦးအတွက် အပျော်ရွှင်ဆုံးအရာက ဘာလဲ?

သေချာပေါက် သူမ တစ်ခါမှ မမြည်းစမ်းဖူးသော အစားအစာအသစ်ကို ရှာဖွေတွေ့ရှိခြင်းပင်!

ယခုအချိန်တွင် မော့ချူးလည်း ထိုကဲ့သို့ပင်။ သူမ၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများသည် လျှံကျလုနီးပါး ဖြစ်နေသော်လည်း သူမ၏ လက်လှုပ်ရှားမှုများမှာ လုံးဝ နှေးကွေးသွားခြင်း မရှိပေ။

ပထမဦးစွာ သူမသည် ကိုယ်သေးသားရဲကောင်၏ အသားကို ထုတ်ယူလိုက်ပြီး အတုံးသေးသေးလေးများတုံးကာ အရသာဝင်စေရန် ဆားအနည်းငယ် ထည့်နယ်လိုက်သည်။

ထို့နောက် ပြင်ဆင်ထားသော ရေမှော်ပင်များကို အပိုင်းအစငယ်လေးများ ဖြစ်အောင် လှီးဖြတ်လိုက်သည်။

ဒီအချိန်တွင် အိုးမှာ ပူနေပြီဖြစ်သည်။ မော့ချူးသည် ခလုတ်ခုံထဲမှ ဝက်ဆီခဲ တစ်တုံးကို ထုတ်ယူလိုက်သည်။

ဒါကြောင့် အသံသွင်း စတူဒီယိုတစ်ခုလုံး၏ အကြည့်များကို သူမ၏ လက်ပေါ်သို့ ကျရောက်သွားကြသည်။ အမြဲတမ်း ဣန္ဒြေထိန်းလေ့ရှိသော အစီအစဉ်တင်ဆက်သူ နှစ်ဦးပင်လျှင် တစ်ယောက်ကိုတစ်ယောက် မကြည့်ဘဲ မနေနိုင်ဖြစ်သွားကြသည်။ တွေ့လား၊ ဒီအရာက သေချာပေါက် မော့ချူးရဲ့ လျှို့ဝှက်ချက်ပြုတ်နည်းပဲ။

မော့ချူး ဝက်ဆီခဲ တစ်တုံးလုံး ထည့်လိုက်သည်ကို သူတို့ မြင်လိုက်ရသောအခါ အပူချိန် မြင့်တက်လာပြီး ဝက်ဆီများ အရည်ပျော်သွားသည်။ ထူးခြားသော မွှေးပျံ့သည့် အနံ့သည် အခန်းတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားခဲ့သည်။

လူတိုင်း သူတို့ တွေးထင်ထားသည်ကို ပို၍ သေချာသွားကြသည်။ အမှန်ပဲ! ဒါက သေချာပေါက် လျှို့ဝှက်ချက်ပြုတ်နည်းပဲ!

မော့ချူး ခဏတာမျှ ရပ်တန့်သွားပြီးနောက် သူမ၏ စိတ်အာရုံမှာ အိုးဆီသို့ ပြန်ရောက်လာသည်။

ဝက်ဆီ အရည်ပျော်သွားပြီးနောက် မော့ချူးသည် လှီးဖြတ်ထားသော ရေမှော်ပင်များကို အိုးထဲသို့ ချက်ချင်းထည့်ပြီး မွှေကြော်လိုက်သည်။

အနံ့မွှေးလာသည်နှင့် မော့ချူးသည် လှီးထားသော အသားများကို အိုးထဲသို့ ထည့်လိုက်သည်။ သူမသည် ဆီပူဖြင့် ကြော်လိုက်ပြီး ဆားအနည်းငယ် ဖြူးကာ ရေအနည်းငယ်ထည့်ပြီး ဆက်တည်ထားလိုက်သည်။

မော့ချူး၏ ဆက်တိုက် လုပ်ဆောင်မှုများသည် ချောမွေ့ပြီး ကျွမ်းကျင်ပိုင်နိုင်လှသည်။ လူတိုင်းသည် ထိုမြင်ကွင်းကို ဖျော်ဖြေမှု တစ်ခုသဖွယ် ကြည့်ရှုနေကြသည်။ သူတို့သည် စိတ်မရှည်မှု အနည်းငယ်မျှ မပြရုံသာမက စတင် အာရုံစိုက်လာကြသည်။

အိုးကို ကြည့်လိုက်ရာ ကိုယ်သေးသားရဲကောင်မှာ ကျက်နေပြီဖြစ်သည်။ တော်လှန်ရေးမှာ တစ်ဝက်အောင်မြင်သည်ဟု ယူဆနိုင်သော်လည်း...

မော့ချူးသည် သူမဘေးရှိ မြင်းပုချိုခေါင်း သားရဲကောင်ဆီသို့ အကြည့်လွှဲလိုက်သည်။ သူမ မျက်မှောင် အနည်းငယ် မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။ သူမသည် ဤ မြင်းပုချိုခေါင်း သားရဲကောင်၏ အသားကို ယခင်က မြည်းစမ်းကြည့်ဖူးသည်။ သူမကိုယ်တိုင်ပင် ဒီအသား၏ အနေအထားကို ကြိုက်အောင် သဘောမကျခဲ့ပေ။

... လက်လျော့လိုက်ပြီး မသုံးဘဲ ထားလိုက်ရမလား?

ခေါင်းငုံ့ကာ စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် မော့ချူး နှုတ်ခမ်းကို အနည်းငယ် စူလိုက်သည်။ အဆုံးတွင် သူမသည် ထိုအကြံအစည်ကို စွန့်လွှတ်လိုက်သည်။

သူမ၏ အမြင်အရ မှော်အပင်များနှင့် မှော်သတ္တဝါတိုင်းတွင် သူတို့၏ ထူးခြားသော ရှုထောင့်များ ရှိကြသည်။ သူတို့အားလုံးတွင် ချက်ပြုတ်ရာ၌ အသုံးပြုနိုင်သော အစိတ်အပိုင်းများ ရှိကြသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူမ ရှာတွေ့ခြင်း ရှိမရှိသာ ဖြစ်သည်။

မတိုက်ခိုက်ဘဲ ထွက်ပြေးသွားသကဲ့သို့သော အလုပ်မျိုးကို သူမ မလုပ်နိုင်ပေ!

မော့ချူးသည် ကောင်းစွာ ပြင်ဆင်ထားသော မြင်းပုချိုခေါင်း သားရဲကောင် အသားတစ်တုံးကို ယူလိုက်သည်။ သူမ၏ ဓားကို ဝှေ့ယမ်းလိုက်ပြီး အသားတစ်တုံး လှီးယူကာ ထပ်ကြိုးစားရန် ပြင်ဆင်လိုက်သည်။ သို့သော် ဓားဖြင့် ညင်သာစွာ မွှန်းလိုက်သည်နှင့် အသားပေါ်ရှိ အရေခွံသည် ချက်ချင်း ကွဲအက်သွားပြီး အဆီအနည်းငယ် စိမ့်ထွက်လာခဲ့သည်...

မော့ချူး မနေနိုင်စွာ ရပ်တန့်လိုက်ရပြီး သူမ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်လာခဲ့သည်။

ဒီအရေခွံ... ဟုတ်ပြီ! သူမ အရေခွံကင် လုပ်စားနိုင်တယ်။

၂၁ ရာစုတွင် မော့ချူးသည် ဒေသထွက် အထူးအစားအစာအဖြစ် ဤအရေခွံကင်ကို စားသုံးသော နေရာတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ဖူးသည်။

အမည်အတိုင်းပင် ဤအရေခွံကင် ဆိုသည်မှာ အသားမှ အရေခွံလွှာကို ဖယ်ထုတ်ပြီး သတ္တုပြားပေါ်တွင် တင်ကာ ကင်ထားခြင်းဖြစ်သည်။ သင့်လျော်သော ဟင်းခတ်အမွှေးအကြိုင်များ ထည့်လိုက်သောအခါ ကျက်သွားပြီးနောက်တွင် အရသာမှာ အလွန်ကောင်းမွန်သည်ဟု ပြောနိုင်သည်။

ဟုတ်ပါတယ်၊ အသားအရေခွံ အားလုံးကို အရေခွံကင် ပြုလုပ်နိုင်သည်တော့ မဟုတ်ပေ။ လတ်ဆတ်ပြီး ကြွပ်ရွကာ အဆီများသော အရာများကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပြီး သူတို့သည် အရေခွံကင် ပြုလုပ်ရန် အကောင်းဆုံး ပစ္စည်းများဖြစ်သည်။

မြင်းပုချိုခေါင်းသားရဲကောင်၏ အရေခွံမှာ အနေတော်ပင် ဖြစ်သည်။

ဤအကြောင်းကို တွေးမိသည်နှင့် မော့ချူး ချက်ချင်း အလုပ်စလုပ်လိုက်သည်။

သူမသည် အသားအရေခွံကို ခွာယူလိုက်ပြီး သူအပေါ်တွင် ဆီအနည်းငယ် သုတ်လိမ်းလိုက်သည်။ ထို့နောက် သူမသည် သူကို သတ္တုပြားပေါ်တွင် တင်ကာ ကင်လိုက်သည်။ သူမသည် အောက်ရှိ အပူချိန်ကို ဂရုတစိုက် ထိန်းညှိထားသည်။ မကြာမီမှာပင် ဆီပေါက်သံကဲ့သို့ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာသည်။

သူမသည် ကင်ထားသော အရေခွံကို တစ်ဖက်သို့ လှန်လိုက်သည်။ အရောင်မှာ အဝါရောင် သန်းလာသောအခါ မော့ချူးသည် ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်ကို ဖြူးလိုက်သည်။ နောက်ဆုံးတွင် သူမသည် နှုတ်နှုတ်စင်းထားသော ရေမှော်ပင်များကို ထိုအပေါ်တွင် တင်လိုက်သည်။ ထို့နောက် သူမ ချက်လုပ် ပြီးစီးသွားပြီဖြစ်သည်။

အခြားတစ်ဖက်တွင် စွပ်ပြုတ်မှာ ပွက်ပွက်ဆူနေပြီး အရသာ အလွန်ရှိနေပြီဖြစ်သည်။

"ဟူး-" မော့ချူးသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် အစီအစဉ်တင်ဆက်သူ နှစ်ဦးကို ခေါင်းညိတ်ပြလိုက်ကာ သူမ၏ စိတ်ဝိညာဥ်အစားအစာ အဆင်သင့်ဖြစ်ပြီဟု အချက်ပြလိုက်သည်။

All Chapters