← Chapters

အခန်း (၅၇၄)

Vol. 39 Ch. 574

အခန်း (၅၇၄)

Vol. 39 Ch. 574

မော့ယန်မှာ သူ့ညီမလေး ပန်းကန်ထဲမှ အသားကို မက်မောသည့် ဒီကောင်လေးအပေါ် အငြိုးအတေး ထားနေဆဲပင်။ သူက ဒေါသတကြီး ထပ်ပြောလိုက်သည်။ "မင်းလိုကောင်မျိုးက နောက်ဆယ်နှစ်လောက်ထိ ဒီကိစ္စကို မေ့လိုက်တော့"

ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ စကားတွေလဲ !

နှလုံးသားကို ဓားနှင့်အထိုးခံလိုက်ရသလို ခံစားလိုက်ရသည့် ချင်ယွဲ့က သူ့ကို စိုက်ကြည့်လိုက်သည်။

"ခင်ဗျားကရော ကျုပ်ထက် ဘယ်လောက်များ သာနေလို့လဲ၊ စစ်တပ်ထဲမှာ လူကြမ်းတွေချည်းပဲ ရှိတာ၊ ခင်ဗျားလည်း နောက်နှစ်အနည်းငယ်လောက် လူပျိုကြီးလုပ်ဖို့ ပြင်ထားလိုက်တော့"

အသားယူပြီး ပြန်ထွက်လာသည့် မော့ချူးက တိုက်တိုက်ဆိုင်ဆိုင် ထိုစကားများကို ကြားသွားခဲ့သည်။

"ယောကျ်ားလေးဖြစ်တော့ ဘာဖြစ်လဲ၊ ယောကျ်ားလေးအချင်းချင်းကြားမှာ စစ်မှန်တဲ့အချစ် မရှိနိုင်ဘူးလား"

အဖွဲ့ချုပ်တွင် အမျိုးသမီးဦးရေ အလွန်နည်းပါးလွန်းပြီး အမျိုးသားအချင်းချင်း ချစ်ကြိုက်ကြသည်မှာလည်း မရှားပေ။ သို့သော် ကျား၊မ ချစ်ကြိုက်သည်ဖြစ်စေ၊ လိင်တူချစ်ကြိုက်သည်ဖြစ်စေ ဥပဒေက ထောက်ပံ့ပေးထားသည်။

ဤအချက်က ၂၁ ရာစုထက် များစွာ သာလွန်သည်။ ခွဲခြားဆက်ဆံခြင်းဟူသည် လုံးဝ မရှိပေ။

သို့သော် လိင်တူချစ်သူ အမျိုးသားအရေအတွက်မှာ အတော်လေး နည်းပါးနေသေးသည်။ အဓိကအကြောင်းအရင်းမှာ လိင်တူစုံတွဲတစ်တွဲ၏ ကလေးယူနိုင်သည့် အောင်မြင်မှုနှုန်းမှာ သာမန်စုံတွဲတစ်တွဲ၏ ၁ ရာခိုင်နှုန်းသာ ရှိသောကြောင့်ဖြစ်သည်။

ထိုစကားများ ပြောလိုက်သည်နှင့် ချင်ယွဲ့၏ မျက်လုံးများမှာ စိတ်ဝင်စားမှုကြောင့် ချက်ချင်း ပြူးကျယ်သွားသည်။ သူက မော့ယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဘာကိစ္စလဲ ကောင်လေး၊ မင်းမှာ ပစ်မှတ်ရှိနေပြီလား"

"မင်း ဘာတွေ လာပေါက်ကရ ပြောနေတာလဲ” မော့ယန် က သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။ သူက အသားတစ်တုံးကို ကောက်ယူပြီး သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ “စားစရာရှိတာကို မြန်မြန်သာ စားစမ်းပါ"

"ဝူး..." ချင်ယွဲ့၏ မျက်နှာထားမှာ ချက်ချင်း ခါးသက်သွားသည်။ 'သောက်ကျိုးနည်း။ ဒီအသားက အစိမ်းကြီးလေ၊ ဒါကို ငါ့ပါးစပ်ထဲ ထိုးထည့်လိုက်တာလား။'

... ဟင်?

မော့ချူး၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။

ယခင်က တပ်စခန်းရှေ့တွင် ထိုအမျိုးသားက မော့ယန် က စိတ်ဝင်စားနေသည့်ပုံစံဖြင့် စိုက်ကြည့်နေခဲ့သည်လေ။

"အစ်ကို၊ ဟိုလူက ကြိုက်..." မော့ချူး၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် လင်းလက်လာပြီး သူမ၏ မျက်လုံးများတွင် အတင်းပြောလိုသည့် အရိပ်အယောင်များ လင်းလက်သွားခဲ့သည်။

ကံမကောင်းစွာဖြင့် သူမ စကားမဆုံးခင်မှာပင် သူမဘေးရှိ နျဥ်ယွိယွမ်က မျက်နှာထားတင်းတင်းဖြင့် ဖြတ်ပြောလိုက်သည်။ သူက လေးနက်သော အသံဖြင့် မေးလိုက်သည်။"ဘယ်သူလဲ"

ဟွန်း!

သူ့ကြည့်ရှုစောင့်ကြပ်မှုအောက်မှာ ချူးလေးကို တိတ်တဆိတ် လာဝန်ခံမည့်သူ တကယ်ရှိနေသည်ပေါ့။ ဒီလူက သူ့ခြေရင်းအထိ လာပြီး နယ်ကျွံနေပြီပဲ။

'ဒီကောင့်မှာ သတ္တိတွေ ရှိနေတာပဲ! '

နျဥ်ယွိယွမ်မှာ အံကြိတ်နေမိသည်။ သူ့စိတ်ထဲတွင် ထိုလူကို မည်သို့ကိုင်တွယ်ရမည်ကို တွေးနေပြီဖြစ်သည်။ မှော်ဒေသ သို့ သုံးနှစ်ခန့် အကြောင်းပြချက်ရှာပြီး ပို့ထားရမလား ... သို့မဟုတ် သူကိုယ်တိုင်ပဲ ပညာပေးရမလား...

"ရှင်က ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေတာလဲ" မော့ချူးက နျဥ်ယွိယွမ်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမက စိတ်လှုပ်ရှားစွာဖြင့် သူမအစ်ကို၏ လက်ကိုကိုင်ပြီး စတင်ဆွေးနွေးလေသည်။ "အစ်ကို၊ ညီမလေထင်တာတော့ ဟိုလူက အစ်ကို့အပေါ် ခံစားချက်တချို့ ရှိနေတယ်..."

ထိုစကားကို ကြားလိုက်ရသည်နှင့် နျဥ်ယွိယွမ်မှာ ချက်ချင်း သက်ပြင်းချလိုက်နိုင်သည်။ 'တော်ပါသေးရဲ့။ ချူးလေးကို ဝန်ခံတာ မဟုတ်ဘူးပဲ။ ဒါဆို ကိစ္စမရှိတော့ဘူး...'

"အဟမ်း" မော့ယန်က ချောင်းဟန့်လိုက်ပြီး သူ့ဘေးရှိ စုန့်ချင်စုန့်ကို လှမ်းကြည့်လိုက်သည်။ သူက ထိုလူနှင့် ပတ်သက်သည့် ဆက်ဆံရေးကို ချက်ချင်း ရှင်းလင်းလိုက်သည်။ "လျှောက်တွေးမနေကြနဲ့၊ ငါနဲ့သူနဲ့ ဘာမှမပတ်သက်ဘူး"

"ဘယ်သူလဲ၊ ဘယ်သူလဲ" ချင်ယွဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ကဲပါ၊ အသားကျက်နေပြီ" မော့ယန်၏ မရေရာသော အကြည့်များက အခြားသူများ၏ မျက်လုံးကို ရှောင်လွှဲနိုင်သော်လည်း နျဥ်ယွိယွမ်ကိုတော့ ဖုံးကွယ်ထား၍မရပေ။ အကယ်၍ မော့ယန်သာ... ဒါဆိုရင် ချူးလေးကို အနှောင့်အယှက်ပေးမည့်အချိန် နည်းသွားမှာ သဘာဝပင်။ ထို့ကြောင့် သူက ခေါင်းစဉ်ပြောင်းရန် ကူညီပေးလိုက်သည်။

ထင်ထားသည့်အတိုင်းပင် ထိုစကားကို ကြားလိုက်သောအခါ အချစ်ဇာတ်လမ်းထဲမှ မင်းသားက ဘယ်သူလဲဆိုတာကို ချင်ယွဲ့ ဂရုစိုက်နေပါဦးမည်လား။ သူက တူဖြင့် အသားကို ယူစားလိုက်တော့သည်။

ဗိုက်တစ်ဝက်ခန့် ပြည့်သွားသောအခါ ချင်ယွဲ့က မကျေနပ်သောပုံစံဖြင့် ခေါင်းခါလိုက်သည်။

"ငါ့မှာ ရည်းစား မရှိတာက သနားစရာကောင်းပေမယ့် မိုးကျရွှေကိုယ်စုန့်လိုလူမျိုးမှာ ရည်းစား ရှိတာကျတော့ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးကွ"

"ဘာဖြစ်လို့လဲ" မော့ယန်က မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။ စစ်တပ်က တာဝန်ထမ်းဆောင်နေချိန်တွင် ဆက်သွယ်ရေးများကို ဖြတ်တောက်ထားရသဖြင့် သူ့သတင်းအချက်အလက်များက သဘာဝကျစွာပင် အနည်းငယ် နောက်ကျနေသည်။

"ဟူး၊ မင်းမသိပါဘူးကွာ" ထိုကိစ္စကို ပြောလိုက်သည်နှင့် ချင်ယွဲ့မှာ အလွန်ဒေါသထွက်နေဆဲပင်။ "လွန်ခဲ့တဲ့လအနည်းငယ်က အဲ့ဒီ အရှက်မရှိတဲ့ စုန့် မိသားစုက မိန်းမတစ်ယောက်ရှာပြီး မိုးကျရွှေကိုယ် စုန့်ရဲ့ အိမ်ကို ပို့လိုက်တယ်၊ သူ့ကို ပြုစုစောင့်ရှောက်ဖို့ ဆိုလားပဲ၊ ဟွန်း၊ ကွယ်ရာမှာ ဘာတွေကြံစည်နေလဲဆိုတာ ဘယ်သူက မသိဘဲနေမလဲ"

စုန့် မိသားစုသည် ထိုစဉ်က ချောင် မိသားစုထံမှ အာဏာအတော်များများကို စုဆောင်းနိုင်ခဲ့သော်လည်း နှစ်များတစ်လျှောက် အခြားမိသားစုများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖိနှိပ်မှုများကြောင့် သူတို့၏ အဆင့်အတန်းမှာလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ထို့ကြောင့် သူတို့ ဤမျှလောက် စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။

သူတို့ စိုးရိမ်လာသည်နှင့်တစ်ပြိုင်နက် ထိုစဉ်က သူတို့ စွန့်ပစ်ခဲ့သော စုန့်ချင်စုန့်ကို သတိရလာကြသည်။

မိုးကျရွှေကိုယ် စုန့်သည် လတ်တလောနှစ်များအတွင်း ဖျော်ဖြေရေးလောကတွင် ရှားရှားပါးပါးသာ ပေါ်ထွက်လာသည်ကို သိထားရမည်။ သူ့ပါရမီက ထူးချွန်ပြီးသားဖြစ်သည်။ ထို့အပြင် မော့ချူးက သူ့ကို မျိုးရိုးဗီဇပြိုလဲသည့်ရောဂါမှ ကုသပေးပြီးနောက်တွင် သူသည် ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားခဲ့သည်။

တစ်နှစ်လျှင် ခုနစ်လ၊ ရှစ်လခန့်က မှော်ဒေသတွင် အချိန်ကုန်ဆုံးလေ့ရှိသည်။ ထို့ကြောင့် သူ့ကျင့်ကြံမှု အဆင့်အတန်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ယခုဆိုလျှင် သူ့အင်အားမှာ ထိပ်တန်းကျွမ်းကျင်ပညာရှင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဤကဲ့သို့ ပါရမီရှင်တစ်ဦးကို စုန့် မိသားစုက မည်သို့ လက်လွှတ်ခံပါမည်နည်း။ သူတို့က မိုးကျရွှေကိုယ် စုန့် ကို စည်းရုံးရန် နည်းလမ်းပေါင်းစုံ သုံးခဲ့ကြသည်။

အမျိုးသမီးတစ်ယောက်ရှာပြီး စုန့်ချင်စုန့် အိမ်သို့ ပို့လိုက်ရမည်ဆိုသော ဒီမိုက်မဲသည့် အကြံအစည်ကို ဘယ်သူကများ ထုတ်လိုက်သည်မသိ။

မော့ယန်က တူကို ချလိုက်သည်။ "ဘာဖြစ်သွားလဲ"

"ဘာဖြစ်ရဦးမှာလဲ၊” ချင်ယွဲ့က ပါးစပ်ထဲသို့ အသားဆက်ထည့်ကာ ဝါးစားလိုက်သည်။ သူက အလွန်အရသာတွေ့နေပုံရသည်။ “မိုးကျရွှေကိုယ် စုန့်က မောင်းထုတ်တာ ခံလိုက်ရတာပေါ့"

ထိုစကားကိုကြားတော့ မော့ယန်၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားခဲ့သည်။

"အော်... တော်သေးတာပေါ့"

"ဟုတ်တာပေါ့" ချင်ယွဲ့ ခေါင်းညိတ်လိုက်သည်။ ထိုအမျိုးသမီး၏ လောဘကြီးသော အပြုအမူကို တွေးမိသောအခါ သူမျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ "သူမက ချူးလေးရဲ့ ဆယ်ပုံတစ်ပုံတောင် မမီဘဲနဲ့၊ မိုးကျရွှေကိုယ် စုန့် လိုလူမျိုးကို စိတ်ကူးယဉ်နေသေးတယ်၊ အိမ်မက်သာ မက်နေလိုက်"

"ဒါနဲ့ ချူးလေး၊ မနက်ဖြန်က မင်းရဲ့ အရွယ်ရောက်တဲ့ အခမ်းအနား မဟုတ်လား၊ ပြင်ဆင်မှုတွေ ဘယ်လိုလဲ" ချင်ယွဲ့က ပါးစပ်သုတ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ ထိုသို့ပြောရင်း သူက ရင်ဘတ်ကို အသံမြည်အောင် ပုတ်လိုက်သည်။ "စိတ်မပူနဲ့၊ မင်းအတွက် လက်ဆောင် ငါပြင်ဆင်ပြီးသား"

'ဘာ?! '

မော့ချူး ကြောင်အသွားခဲ့သည်။

'သူမ အရွယ်ရောက်တော့မည်တဲ့လား? သူမ ဘာလို့ မသိရတာလဲ?'

နျဥ်ယွိယွမ်နှင့် မော့ယန်တို့သည် ချင်ယွဲ့ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့ကြသည်။ သူတို့က ချူးလေးကို အံ့အားသင့်အောင် လုပ်ဖို့ စီစဉ်ထားသော်လည်း ယခုတော့ ဤကောင်လေးလက်ချက်ဖြင့် အားလုံးသဲထဲရေသွန်ဖြစ်ခဲ့ရပြီ။

ချင်ယွဲ့သည် ထိုဖိအားနှစ်ခုအောက်တွင် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ သူသည် ခေါင်းငုံ့ပြီး ပါးစပ်ထဲသို့ ထမင်းများကို တူဖြင့် သွတ်သွင်းနေလိုက်သည်။ သူသည် အသားကိုပင် မညှပ်ရဲတော့ချေ... ယခုရက်ပိုင်းတွင် အမှန်တိုင်းပြောမိခြင်းကပင် အပြစ်တစ်ခု ဖြစ်နေပါရောလား။

"ဒါဆို မနက်ဖြန်က ငါ့ရဲ့ အရွယ်ရောက်ခြင်း အခမ်းအနားပေါ့" သူမ အသက် ၃၀ တောင်ရှိနေပြီလား။ ဤကိန်းဂဏန်းကို တွေးမိလိုက်သောအခါ မော့ချူး၏ နှလုံးသားမှာ မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ...

မော့ယန်က စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။

"ဟုတ်တယ်”

မော့ယန်သည် သူ၏ရှေ့ရှိ လှပပြီး ကျက်သရေရှိသော မိန်းကလေးကို ကြည့်ရင်း ကြာစွယ်ကဲ့သို့ ဖြူဖွေးပြီး ဖိုင့်ဖိုင့်ကလေးဖြစ်ခဲ့သည့် ကလေးငယ်ကို ပြန်မတွေးဘဲ မနေနိုင်တော့ချေ... ကြည့်ပါဦး၊ နှစ် ၃၀ တောင်ရှိသွားပြီပဲ။ အချိန်ကုန်လွန်တာ သိပ်မြန်လွန်းလှသည်။

“မနက်ဖြန်ပြီးရင် ညီမလေးက လူကြီးဖြစ်သွားပြီ"

မော့ချူး၏ ကျောပြင်သည် အနည်းငယ် ပူနွေးလာခဲ့သည်။ 'နျဥ်ယွိယွမ်၊ ရှင့်ရဲ့ အဲ့ဒီလောက် စူးရှတောက်လောင်နေတဲ့ အကြည့်က ဘာသဘောလဲ။'

စုန့်ချင်းစုန့်က ပြောလိုက်သည်။ "ဪ ဒါနဲ့... ချူးလေး၊ မနက်ဖြန် အရွယ်ရောက်ခြင်း အခမ်းအနားကျရင် ဒါလေး ဝတ်သွားလိုက်ပါ"

ထိုသို့ပြောရင်း စုန့်ချင်စုန့်သည် သေသပ်စွာ ခေါက်ထားသော အဝတ်အစားတစ်စုံကို ခလုတ်ခုံထဲမှ ထုတ်ယူလိုက်သည်။ ခေတ်လွန်ဒီဇိုင်းများနှင့် မတူဘဲ ဤဝတ်စုံသည် ရှေးဆန်သော အရသာ အနည်းငယ်ပါဝင်နေပြီး အထူးသဖြင့် အထည်ပေါ်ရှိ ပန်းထိုးလက်ရာများနှင့် ဒီဇိုင်းများမှာ ထူးခြားနေသည်။ တကယ်တမ်းတွင် တရုတ်ဆန်သော အရသာ အနည်းငယ်ပါဝင်နေသဖြင့် မော့ချူးအဖို့ အလွန်ရင်းနှီးနေသလို ခံစားလိုက်ရသည်။

"လှလိုက်တာ" မော့ချူး၏ မျက်လုံးများ အရောင်တောက်လာပြီး ထိုအဝတ်အစားများပေါ်သို့ အကြည့်ရောက်သွားကာ ပြောလိုက်သည်။

ကြမ်းတမ်းသော အမျိုးသားဖြစ်သည့် ချင်ယွဲ့ ပင်လျှင် ဤဝတ်စုံကို မြင်လိုက်ရသောအခါ မချီးကျူးဘဲ မနေနိုင်တော့ချေ။

"ဝိုး! ဒါ ဘယ်က မှာလိုက်တာလဲ။ ကျွန်တော့်ကို လင့်ခ် မြန်မြန်ပို့ပေးပါဦး။ ပြန်ရောက်ရင် ကျွန်တော်လည်း နှစ်စုံသုံးစုံလောက် မှာမလို့"

သူကိုယ်တိုင် မလိုအပ်သော်လည်း ဒါက အခြားသူများအတွက် လက်ဆောင်ကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။ ဒါက သေချာပေါက် တန်ဖိုးရှိမည့် အရာဖြစ်သည်။

စုန့်ချင်းစုန့်က သူ့ကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "... ဒါ ငါ့ဘာသာ ချုပ်ထားတာ"

"ဪ... ခင်ဗျားဘာသာ လုပ်ထားတာလား..." ချင်ယွဲ့ က ရေရွတ်လိုက်သည်။

ချင်ယွဲ့သည် စကားတစ်ဝက်ရောက်မှ အခြေအနေကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူသည် ချက်ချင်း စုန့်ချင်းစုန့် ဘက်သို့ လှည့်ကြည့်လိုက်ပြီး နွားမျက်လုံးကဲ့သို့ ပြူးကျယ်သွားတော့သည်။

'ဘာကြီး...'

'... ဒီလူ အခု ဘာပြောလိုက်တာလဲ။'

'ဒီဝတ်စုံကို သူကိုယ်တိုင် လုပ်ထားတာတဲ့လား။'

'မဖြစ်နိုင်ဘူး။'

ချင်ယွဲ့ သည် ဤအမှန်တရားကို လက်မခံဘဲ ငြင်းဆန်ရန် ရွေးချယ်လိုက်သည်။

ယောက်ျားလေးတွေချင်း ဖြစ်သော်လည်း မိုးကျရွှေကိုယ်စုန့်က အလွန်ထူးချွန်နေပြီးသား ဖြစ်သည်။ ဘယ်လိုလုပ်ပြီး ဒီထက်ပို ထူးချွန်နိုင်ဦးမှာလဲ။ 'သောက်ကျိုးနည်း... ဒါ လုံးဝ မဖြစ်နိုင်ဘူး။'

ချင်ယွဲ့သည် မော့ချူး လက်ထဲရှိ သေသပ်သော လိုင်းများနှင့် လက်ရာမြောက်သော ဒီဇိုင်းများပါသည့် ရှေးဟောင်းပုံစံ ဝတ်စုံကို တောင့်တောင့်ကြီး လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့ဘေးရှိ မိုးကျရွှေကိုယ်စုန့်ကို သေချာကြည့်လိုက်ပြီး အသံအနည်းငယ် တုန်ရီစွာဖြင့် မေးလိုက်သည်။

"... ဒါကို တကယ်ကြီး ခင်ဗျားလုပ်တာလား။ ကိုယ့်ဘာသာ လုပ်ခဲ့တာလား"

ယနေ့ခေတ်တွင် လက်မှုပညာများသည် အလွန်တန်ဖိုးရှိကြောင်း၊ အထူးသဖြင့် လက်လုပ် ရှေးဟောင်းပုံစံ အဝတ်အစားများဆိုလျှင် တန်ဖိုးမဖြတ်နိုင်ကြောင်း သိထားရပေမည်။

စုန့်ချင်းစုန့်က ထိုအရာကို ပေါ့ပေါ့ပါးပါး ထုတ်ပြလိုက်ပြီး သူကိုယ်တိုင် လုပ်ထားသည်ဟု ပြောလိုက်သည်တဲ့လား။

အကယ်၍သာ သူသည် ဤလူ၏ အကျင့်စရိုက်ကို မယုံကြည်ပါက ယခုအချိန်တွင် သေချာပေါက် အားပါးတရ ရယ်မောမိလိမ့်မည် ဖြစ်သည်။ ဒီလိုဟာသမျိုး လုပ်လို့မရဘူးလေ၊ ဟုတ်တယ်မလား။

"အင်း" ကံမကောင်းစွာဖြင့် စုန့်ချင်းစုန့်၏ စကားတစ်ခွန်းက သူ့စိတ်ကူးကို ရိုက်ချိုးပစ်လိုက်သည်။

'ဘုရားရေ...'

'ဒီပစ္စည်းကို သူတကယ် ကိုယ်တိုင်လုပ်ထားတာလား။ ဒီလူက မှော်ဒေသမှာ ကျင့်ကြံရင်း အချိန်ကုန်နေတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ဒီပစ္စည်းကို လုပ်ဖို့ စိတ်ကူးပေါက်သွားရတာလဲ။'

ပိုပြီး ဒေါသထွက်စရာ ကောင်းသည်မှာ သူလုပ်ထားသည်က အလွန်လှပနေခြင်း ဖြစ်သည်။

ဒါက လုံးဝ အဓိပ္ပာယ်မရှိပေ။

"ခင်ဗျား ဒါကို လုပ်နေတာ ဘယ်လောက်ကြာပြီလဲ" ချင်ယွဲ့က မမေးချင်မေးချင်ဖြင့် မေးလိုက်သည်။ သူ့စိတ်ထဲတွင် မတွေးဘဲ မနေနိုင်ပေ။

'အင်း... အနည်းဆုံးတော့ ၁၀ နှစ်ကျော်လောက် ရှိမှာပဲ။ ဒါမှမဟုတ်ရင် ဒီလောက် လက်ရာမြောက်တဲ့ ပစ္စည်းတစ်ခု ထွက်လာဖို့နေနေသာသာ ဒီဇိုင်းပုံဖော်ဖို့တောင် နိုင်မှာ မဟုတ်ဘူး'

"ပြင်ဆင်တဲ့အချိန်ပါ ထည့်တွက်ရမလား" မိုးကျရွှေကိုယ်စုန့်က မေးလိုက်သည်။

ချင်ယွဲ့က ဖြစ်သင့်သော ကိစ္စတစ်ခုလို ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါပေါ့"

"အင်း... တစ်နှစ်လောက်တော့ ရှိမယ်" စုန့်ချင်းစုန့်က ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

ဘာ...

ချင်ယွဲ့သည် ဤစကားကို ကြားလိုက်ရသောအခါ သူ့ရှေ့တွင် ဒူးထောက်လုမတတ် ဖြစ်သွားကာ အော်လိုက်သည်။

သူ့မျက်လုံးများက အနည်းငယ် မှေးမှိန်သွားသည်။ .ဟားဟား... မင်း ငါ့ကို နောက်နေတာ ဖြစ်ရမယ်။'

စုန့်ချင်းစုန့်က ဆက်ပြောခဲ့သည်။ "အင်တာနက်ပေါ်က ရှေးဟောင်းစာအုပ်တွေထဲမှာ အချက်အလက် ရှာဖို့ အချိန် ၆ လလောက် ပေးလိုက်ရတယ်။ ပြီးတော့ ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဖြတ်ညှပ်ကပ် လုပ်တယ်။ ပြီးတော့ အင်တာနက်ပေါ်က သင်ကြားရေး ဗီဒီယိုတွေအတိုင်း တစ်ဆင့်ချင်း လိုက်လုပ်ကြည့်တယ်။ နောက်ဆုံးရလာတဲ့ ရလဒ်က ဒါပဲ"

All Chapters