← Chapters

အခန်း (၅၈၁)

Vol. 39 Ch. 581

အခန်း (၅၈၁)

Vol. 39 Ch. 581

P115 ၏ ညွှန်ကြားချက်အရ မော့ချူးသည် စစ်ဆေးရေးအခန်းဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး တံခါးဖွင့်ကာ ဝင်တော့မည့်ဆဲဆဲတွင်၊ သူမ၏ ရင်ခွင်ထဲမှ ပင်ဂွင်းလေးက ကိုယ်ကို အနည်းငယ် လှုပ်ခါပြီး ကန့်ကွက်လိုက်သည်။ "စစ်ဆေးနေတဲ့အချိန်မှာ တစ်ယောက်တည်းပဲ ဝင်ရမှာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အောက်ချပေးပါ"

ထိုအခါမှသာ မော့ချူး သတိရသွားသည်။ သူမသည် ပင်ဂွင်းစက်ရုပ်လေး၏ ခေါင်းကို ပုတ်လိုက်ပြီး တံခါးဝတွင် ချထားခဲ့ကာ သူမကိုယ်တိုင်သာ အခန်းထဲသို့ လှမ်းဝင်လိုက်သည်။

တံခါးပွင့်သွား၏။

အခန်းတွင်းရှိ အလင်းရောင်မှာ တောက်ပသော်လည်း မျက်စိအေးသည်။ အခန်းအလယ်တွင် စက်တစ်လုံး ရှိနေသည်။ ထိုအရာက လေးထောင့်ပုံစံဖြစ်ပြီး စက်၏ အပြင်ဘက်တွင် ခြေရာနှစ်ခု ပါရှိသည်။ စက်၏ အပေါ်ဘက်တွင် လက်တင်ရန် နေရာရှိသည်။

P115 သည် သူမအား မည်သို့ အသုံးပြုရမည်ကို ကြိုတင်ပြောပြထားပြီး ဖြစ်သည်။

မော့ချူး အသက်ပြင်းပြင်း တစ်ချက် ရှူပြီး စက်ဆီသို့ လျှောက်သွားလိုက်သည်။

သူမ၏ ခြေထောက်နှစ်ဖက်ကို ခြေရာပုံများပေါ်တွင် အတိအကျ နင်းလိုက်ပြီး သူမ၏ လက်ချောင်းများကို လက်တန်းပေါ်ရှိ ချိုင့်ခွက်ဆယ်ခုထဲသို့ ထည့်လိုက်သည်။

P115 ပြောပြချက်အရ လက်ချောင်းများ တင်ထားရမည့် ချိုင့်ခွက်များအောက်တွင် သေးငယ်သော ပိုက်လေးတစ်ခု ဝှက်ထားသည်။ ထောက်လှမ်းရေးကိရိယာသည် ထိုပိုက်လေးကို အသုံးပြု၍ စစ်ဆေးခံရမည့်သူ၏ သွေးကို စုပ်ယူမည်ဖြစ်သည်။ စစ်ဆေးမှု ပြီးဆုံးသောအခါ သက်ဆိုင်ရာ မျိုးရိုးဗီဇအဆင့်ကို အကဲဖြတ်ပေးမည်ဖြစ်သည်။

ဤလုပ်ငန်းစဉ် တစ်ခုလုံးကို အင်တာနက်က အလိုအလျောက် လုပ်ဆောင်ပေးခြင်း ဖြစ်သောကြောင့် လိမ်လည်တုပရန် မဖြစ်နိုင်ပေ။

သွေးစုပ်ယူသည့်အချိန်တွင် အနည်းငယ် နာကျင်လိမ့်မည်ဟု မော့ချူး မူလက ထင်ထားခဲ့သည်။ သို့သော် သူမ လက်တင်ထားသည်မှာ စက္ကန့်အနည်းငယ်မျှသာ ရှိသေးသည်၊ သူမ ကိုယ်နေဟန်ထား ပြင်လိုက်သည်နှင့် သတိပေးသံ ထွက်ပေါ်လာသည်။ "သွေးစုပ်ယူမှု ပြီးဆုံးပါပြီ။ ကျေးဇူးပြုပြီး စစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းပေးပါ"

အမ်... မြန်လှချည်လား?

သူမ ဘာမှပင် မတုံ့ပြန်လိုက်ရသေးပေ!

...

မော့ချူးမှာ အထဲတွင် စစ်ဆေးမှု ခံယူနေပြီး အပြင်ဘက်ရှိ လူများမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

နျဥ်ယွိယွမ်၏ မျက်နှာတွင် အေးစက်သော အမူအရာ ရှိနေသေးသော်လည်း အင်္ကျီလက်ဖြင့် တစ်ဝက်ဖုံးအုပ်ထားသော သူ၏လက်မှာမူ လက်သီးကို မသိမသာ ဆုပ်ထားမိသည်။

မော့ယန်၏ အသက်ရှူနှုန်းမှာလည်း ယခင်ကထက် များစွာ မြန်ဆန်နေသည်။

ချင်ံယွဲ့ မှာမူ ပို၍ပင် စိတ်မရှည်တော့ပေ။ သူသည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်မှာ ဆယ်ကြိမ်မက ရှိနေပြီဖြစ်သည်။

"ကဲပါ၊ လျှောက်သွားမနေနဲ့တော့" စုန့်ချင်းစုန့်က ချင်ယွဲ့ ကို ဆွဲလိုက်ပြီး စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။

"ငါ အလျင်လိုနေတာများလား” ချင်ယွဲ့က ခြေကို တတ်နိုင်သမျှ အားဖြင့်ဆောင့်နင်းလိုက်ပြီး စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ “ဘယ်လောက်တောင် ကြာနေပြီလဲ။ သူ ဘာလို့ မထွက်လာသေးတာလဲ?"

"... ၃ မိနစ်ပဲ ရှိသေးတယ်.. ဟုတ်ပြီလား" မိုးကျရွှေကိုယ်စုန့်က ခလုတ်ခုံကို တစ်ချက်ကြည့်လိုက်ပြီး လက်လျော့သည့်ပုံစံဖြင့် ပြောလိုက်သည်။

ဘာ?!

ချင်ယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။'၃ မိနစ်ပဲ ရှိသေးတာလား? ဘာလို့ ၃ နာရီလောက် ကြာနေသလို ခံစားနေရတာလဲ?'

ဤသည်မှာ လူတိုင်း၏ စိတ်ထဲတွင် တွေးနေကြသော အရာပင်!

လူတိုင်းက ရန်ဖြစ်ဖို့ လက်တယားတယား ဖြစ်နေကြချိန်တွင်...

"ချူးလေး!"

မော့ချူး၏ သွယ်လျသော ပုံရိပ်လေး စစ်ဆေးရေးအခန်းထဲမှ ထွက်လာသည်။ နျဥ်ယွိယွမ်၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်သည်။

အခြားသူများလည်း အခြေအနေကို မြင်သည်နှင့် ချက်ချင်း ပြေးသွားကြပြီး သူမကို ဝိုင်းရံလိုက်ကြသည်။

ချင်ယွဲ့ မှာ စိတ်မရှည်တတ်သူပီပီ ပထမဆုံး မေးခွန်းထုတ်လိုက်သည်။"စစ်ဆေးမှု ရလဒ်က ဘယ်လိုလဲ?"

"အင်း..." မော့ချူး မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ မျက်နှာတွင် ပြည့်နှက်နေသော စကားလုံးများကတော့ - "ပြောရရင်တော့ ရှည်တယ်၊ နင်တို့ဘာသာနင်တို့ပဲ ကြည့်လိုက်ကြတော့!"

မော့ချူး၏ ပုံစံကို မြင်လိုက်ရသောအခါ လူတိုင်း၏ ရင်ထဲတွင် ဒိန်းခနဲ ခုန်သွားကြသည်။

ရလဒ်က သိပ်မကောင်းဘူး ထင်တယ်...

"ကိစ္စမရှိပါဘူး။” နျဥ်ယွိယွမ်သည် မော့ချူး၏ ပုခုံးကို ကိုင်ထားသော သူ၏ လက်များကို အနည်းငယ် တင်းကျပ်လိုက်သည်။ သူသည် အခွင့်အရေးယူကာ သူ၏စိတ်ရင်းကို ထပ်ဖော်ပြလိုက်သည်။ “ကိုယ့်ရဲ့ ခံစားချက်တွေက မင်းရဲ့ မျိုးရိုးဗီဇအဆင့်ပေါ် မူတည်ပြီး ပြောင်းလဲသွားမှာ မဟုတ်ပါဘူး..."

နျဥ်ယွိယွမ် စကားမဆုံးမီမှာပင် ချင်ယွဲ့၏ အာမေဋိတ်သံက ဖြတ်ပြောလိုက်သည်။

"သောက်ကျိုးနည်း! ဘာတွေဖြစ်ကုန်တာလဲ?"

ထိုအသံကို ကြားသည်နှင့် လူတိုင်းက မော့ချူးထံမှ အကြည့်ကို လွှဲပြီး မြင်နေရသော မျက်နှာပြင်ဆီသို့ အလျင်အမြန် ကြည့်လိုက်ကြသည်။

ထိုနေရာတွင် စာလုံးကြီးကြီး အနည်းငယ် ပေါ်နေသည် ... ‘နံပါတ် ၄၊ မော့ချူး၊ မျိုးရိုးဗီဇအဆင့်ကို မသတ်မှတ်နိုင်ပါ။’

တစ်ခဏချင်းစီတွင် လူတိုင်း တိတ်ဆိတ်သွားကြသည်။

...

ထို့နောက် မျှော်လင့်ထားသည့်အတိုင်း ပေါက်ကွဲထွက်ပေါ်လာတော့သည်!

"မသတ်မှတ်နိုင်ဘူးတဲ့လား။ ဟမ်... ငါ့ကို စာသင်ပေးတဲ့ ဆရာက သင်္ချာဆရာ ဖြစ်နေလို့လားမသိဘူး။ ဒီစာကြောင်းရဲ့ အဓိပ္ပာယ်ကို ငါ လုံးဝ နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ဘာတွေ မှားနေတာလဲ"

"ငါ့ဦးနှောက် အလုပ်မလုပ်တော့ဘူးလို့ ပြောလို့ရမလား"

"ဝါး! ချူးလေး က တကယ်မိုက်တာပဲ။ မျိုးရိုးဗီဇအဆင့်တောင် ဒီလောက် ထူးဆန်းနေတာ!"

ဒါဆို... တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ။

နျဥ်ယွိယွမ်က ထိတ်လန့်မှုမှ ပထမဆုံး ပြန်လည် သတိဝင်လာသူဖြစ်သည်။

သူသည် မလှမ်းမကမ်းရှိ ဝန်ထမ်းများကို တစ်ချက်ကြည့်လိုက်သည်။ သိသာထင်ရှားစွာပင် စစ်ဆေးမှု ရလဒ်များက သူတို့ကိုလည်း ထိတ်လန့်သွားစေခဲ့သည်! ယခုတွင် သူတို့အားလုံး ထွက်လာပြီး အနောက်တိုင်း ရှုခင်းကို ကြည့်သလို ကြည့်နေကြသည်။

နျဥ်ယွိယွမ်သည် မည်းမှောင်နေသော မျက်နှာထားဖြင့် ရှေ့သို့ လှမ်းသွားလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ"

"ဒါ... ဒါက၊ ကျွန်တော်တို့လည်း သိပ်မသေချာဘူး" နျဥ်ယွိယွမ်၏ ဖိအားပေးမှုကို ခံရသော ဝန်ထမ်း၏ တစ်ကိုယ်လုံးတွင် ချွေးအေးများ ထွက်နေသည်။ သူသည် စကားပင် ကောင်းကောင်း မပြောနိုင်ဘဲ ထစ်အငေါ့ငေါ့ ဖြစ်နေသည်။ တကယ်ကို သနားစရာပင်!

အမှန်စင်စစ် သူတို့ဘက်ကလည်း စိတ်ရှုပ်ထွေးနေရသည်။ မျိုးရိုးဗီဇ စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော် ရှိပြီဟု ဆိုသော်လည်း ယခင်က ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးပေ။

ဘာကြောင့် ဒီနေ့မှ ရုတ်တရက်ကြီး... ပြီးတော့ မော့ချူး ကျမှ လာဖြစ်ရတာလဲ။ သူ သေလောက်အောင် စိတ်ပူနေရပြီ၊ ဟုတ်ပြီလား။

"နောက်စက်တစ်လုံး ပြောင်းပြီး စစ်ဆေးကြည့်" နျဥ်ယွိယွမ်က ချက်ချင်း ဆုံးဖြတ်ချက်ချပြီး တန်းအမိန့်ပေးလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့ပါ" ဝန်ထမ်းက ငြင်းဆန်ရဲခြင်း မရှိပေ။ သူသည် ချက်ချင်းပင် လိမ္မာစွာ ခေါင်းညိတ်ပြီး အမြန် စီစဉ်လိုက်သည်။

ထိုအချိန်တွင် သူ့စိတ်ထဲ၌လည်း သတိရသွားသည်။ ဟုတ်တာပေါ့! ဟုတ်တာပေါ့! စက်မှာ ပြဿနာရှိနေတာ ဖြစ်ရမယ်။ မဟုတ်ရင် ဘယ်လိုလုပ် မသိနိုင်ဘဲ နေမလဲ။

"လာပါ၊ မိန်းကလေး မော့ချူး၊ ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ" ဝန်ထမ်းက အနည်းငယ် ဦးညွှတ်ပြီး မော့ချူးကို အခြား စစ်ဆေးရေးအခန်းသို့ ခေါ်ဆောင်သွားသည်။

သူသည် မျက်လုံးထောင့်မှနေ၍ ချူးလေး၏ တည်ငြိမ်အေးဆေးသော ပုံစံကို လှမ်းမြင်လိုက်ရသည်။ သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ အခြားအမျိုးသမီးသာ ဆိုလျှင် စကားမပြောနိုင်လောက်အောင် စိုးရိမ်ပူပန်နေလောက်ပြီ ဖြစ်သည်။ ထို့နောက် သူ ချူးလေးကို ကြည့်လိုက်သည်၊ ကျွတ်စ် ကျွတ်စ်! ဘယ်လောက်တောင် တည်ငြိမ်လိုက်သလဲ! ထင်ရှားကျော်ကြားသူ တစ်ယောက်ပီပီ သူမက တကယ်ပဲ အထင်ကြီးစရာ ကောင်းလှသည်။

ပုံမှန်မဟုတ်သော စစ်ဆေးမှု ရလဒ်များကြောင့် ဂနာမငြိမ် ဖြစ်နေကြသော အခြားလူများမှာလည်း တဖြည်းဖြည်း တည်ငြိမ်လာကြသည်။

"ဟဲ့! ငါလည်း စဉ်းစားနေတာ! စက်မှာ ပြဿနာရှိနေတာကိုး။ တော်တော်ကြောက်ဖို့ကောင်းတယ်ကွ.. သိလား"

"ဟုတ်ပါ့၊ ဒီလို ပြဿနာမျိုးကို အချိန်မီ ပြုပြင်သင့်တာပေါ့!"

...

လူအများ၏ ညည်းညူသံများနှင့် ဆွေးနွေးသံများကြားတွင် မော့ချူးသည် ဒုတိယ စက်မှ လျင်မြန်စွာ ဆင်းလာခဲ့သည်။

စကားပြောသံများ ချက်ချင်း ပျောက်ကွယ်သွားသည်။

လူတိုင်း တက်ကြွလာကြသည်။ သူတို့သည် တောက်ပနေသော မျက်လုံးများဖြင့် ပြသထားသော မျက်နှာပြင်ကို စိုက်ကြည့်နေကြသည်။

မျက်နှာပြင်ပေါ်ရှိ ဆွဲဆောင်မှုရှိသော အနီရောင် စာလုံးများမှာ တစ်လုံးပြီး တစ်လုံး လင်းလက်လာသည်။

‘နံပါတ် ၄၊ မော့ချူး၊ မျိုးရိုးဗီဇအဆင့်ကို ရှာဖွေတွေ့ရှိခြင်း မရှိပါ။’

ဘာကြီးလဲဟ?

ရလဒ်က အရင်တစ်ခုနှင့် အတူတူပင်!

... ဒီစက်မှာလည်း တစ်ခုခု မှားနေတာတော့ မဟုတ်ပါဘူးနော်?

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရုတ်တရက် တိတ်ဆိတ်သွားကြသည်။

ဘေးနားရှိ ဝန်ထမ်းမှာ ချွေးအေးများဖြင့် စိုရွှဲနေပြီး ခြေထောက်များ တုန်ယင်နေသည်။

"အမ်... မင်းရဲ့ စစ်ဆေးတဲ့ နည်းလမ်းက မှန်ရဲ့လား။ ခြေထောက်ကို ခြေရာတွေပေါ်မှာ နင်းပြီး လက်ချောင်းတွေကို လက်တန်းပေါ်က ချိုင့်ခွက်ထဲ ထည့်ထားတာ သေချာရဲ့လား။"

"ဟုတ်ပါတယ်" မော့ချူးက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

သူမ တကယ်ပဲ ညွှန်ကြားချက်များကို လိုက်နာခဲ့ပါသည်! ဒီလို အခြေအနေမျိုး ဘယ်လို ဖြစ်လာလဲဆိုတာ ဘယ်သူက သိမှာလဲ။

"ကျွန်တော်တို့ကို သူမနဲ့အတူ အထဲလိုက်ဝင်ပြီး နောက်တစ်ကြိမ် ထပ်စစ်ဆေးခွင့် ပြုနိုင်မလား" မော့ယန်က ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။

မော့ချူး ခေါင်းလှည့်ကြည့်လိုက်သည်။ 'အစ်ကို၊ ညီမလေးကို မယုံဘူးလား?'

"လိမ္မာပါတယ်!" မော့ယန်က ညီမဖြစ်သူ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ သူမ၏ အသိဉာဏ်ကင်းမဲ့မှုကို သူ ကျင့်သားရနေပြီ ဖြစ်သည်။

"...ကောင်းပါပြီ။” ဝန်ထမ်းက စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ မိန်းကလေး မော့ချူးရဲ့ စစ်ဆေးမှု ရလဒ်တွေကို အနှောင့်အယှက် မဖြစ်စေဖို့ အကာအကွယ် ဝတ်စုံတွေကို ဝတ်ဆင်ရပါမယ်"

"ပြဿနာ မရှိပါဘူး" နောက်ဆုံးတွင် နျဥ်ယွိယွမ်နှင့် မော့ယန်တို့သည် ချူးလေး နောက်သို့ လိုက်ကာ တတိယမြောက် စစ်ဆေးရေးအခန်းသို့ ဝင်သွားကြသည်။

စက်ကို ကြိုတင် စစ်ဆေးထားပြီး ဖြစ်သဖြင့် ပြဿနာ မရှိပေ။ ချူးလေး၏ လုပ်ဆောင်ချက်မှာ မှန်ကန်သော်လည်း ပေါ်လာသော ရလဒ်မှာမူ... ‘မျိုးရိုးဗီဇအဆင့်ကို မသတ်မှတ်နိုင်ပါ!’

ဖာ့ခ်!

သူ တကယ်ပဲ ရူးတော့မည်!

ဝန်ထမ်းမှာ ခါးသီးသော အမူအရာဖြင့် ခေါင်းကို ကုတ်လိုက်သည်။ သွားပါပြီ!

ဒီဒေတာကို သူ ဘယ်လို တင်ပြရမလဲ?! သူ ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးဘူးလေ!

"သူ့အဆင့်က အရမ်းနိမ့်လွန်းလို့ ရှာမတွေ့တာများလား?" တိတ်ဆိတ်နေချိန်တွင် အာမေဋိတ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မူလက ရှုပ်ထွေးနေသော အတွေးများမှာ ရုတ်တရက် ရှင်းလင်းသွားသည်။ 'ဟုတ်သားပဲ! ချူးလေး၏ အဆင့်က တကယ်ပဲ နိမ့်လွန်းလို့ စက်ကတောင် ရှာမတွေ့တာများလား?'

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!” မော့ချူး၏ အသည်းစွဲပရိသတ်များမှာ ချက်ချင်း မကျေမနပ် ဖြစ်သွားကြသည်။ သူတို့က ခေါင်းထောင်ထလာပြီး ပြန်လည်ချေပလိုက်သည်။ “ချူးလေးရဲ့ အဆင့်က အရမ်းမြင့်လွန်းလို့ စက်ရဲ့ ထောက်လှမ်းနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတာရော မဖြစ်နိုင်ဘူးလား?"

... ဟီးဟီး!

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

လူတိုင်း မနေနိုင်စွာ ခေါင်းခါမိကြသည်။

အဖွဲ့ချုပ် သမိုင်းတွင် A rank အပြင် SS-rank ထူးခြား gene ranker တစ်ဦး တစ်ခါက ပေါ်ထွန်းခဲ့ဖူးသည်။ ထိုအချိန်က သူမသည် ကြယ်တာရာ သူရဲကောင်းများစွာ၏ အာရုံစိုက်မှုကိုပင် ရရှိခဲ့သည်ဟု ဆိုကြသည်။ အမှန်စင်စစ် သူမကြောင့် ဒသမကမ္ဘာစစ်ကြီးပင် ဖြစ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။

... ချူးလေး ၏ အဆင့် မည်မျှပင် မြင့်မားပါစေ၊ SS-rank ကို ကျော်လွန်ရန်မှာ မဖြစ်နိုင်ဘူး မဟုတ်ပါလား?

နှစ်ခုကို ချိန်ဆကြည့်လိုက်သောအခါ ပထမအချက်က ပို၍ ယုံကြည်လက်ခံနိုင်စရာ ရှိသည်။

"ဒါဆိုရင် ချူးလေး ရဲ့ မျိုးရိုးဗီဇက G rank ထက် နိမ့်နေတာပေါ့"

ထောက်လှမ်းရေးကိရိယာမှ ရှာဖွေတွေ့ရှိနိုင်သော အနိမ့်ဆုံး မျိုးရိုးဗီဇအဆင့်မှာ G rank ဖြစ်သည်။

"အမယ်လေး၊ အခု ပြန်စဉ်းစားကြည့်လိုက်တော့ ချူးလေးက သနားစရာလေးပဲ!"

"ဒါဆို ချူးလေး က ဗိုလ်ချုပ်ကြီးနျဥ်နဲ့ အတူရှိနေနိုင်ဦးမှာလား? နျဥ် မိသားစုက လက်ခံပါ့မလား..."

"တော်တော့၊ ဆက်မပြောနဲ့တော့!" စိုးရိမ်သည့် မျက်နှာဖြင့် မိန်းကလေးတစ်ဦးက သူမ၏ သူငယ်ချင်း၏ လက်မောင်းကို အားကုန်ရိုက်လိုက်ပြီး မျက်စိတစ်ဖက်ကို အသည်းအသန် မှိတ်ပြလိုက်သည်။

တောက်၊ နျဥ်ယွိယွမ်၏ ကြောက်စရာကောင်းအောင် မည်းမှောင်နေတဲ့ မျက်နှာထားကို နင် မမြင်ဘူးလား? နင် ဆက်ပြောရဲသေးတယ်ပေါ့?

သူမ သေလောက်အောင် ကြောက်နေပြီ၊ သိရဲ့လား?

...

ထိုအချိန်ကျမှသာ လူတိုင်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။ အဆုံးတွင် နျဥ်ယွိယွမ်၏ အေးစက်သော အကြည့်နှင့် တည့်တည့်တိုးသွားကြပြီး မမြင်နိုင်သော ဖိအားတစ်ခုက လျင်မြန်ပြင်းထန်သော ဒီရေလှိုင်းကဲ့သို့ သူတို့ထံ အရှိန်နှင့် ဝင်ရောက်လာသည်။

လူတိုင်း၏ မျက်နှာများ ချက်ချင်း ဖြူလျော်သွားပြီး နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲကြတော့ပေ။

"အော် ဒါနဲ့... မင်း စောစောက ဘာပြောလိုက်တာလဲ" နျဥ်ယွိယွမ်၏ အကြည့်များက လူတိုင်း၏ မျက်နှာကို ဖြတ်ကျော်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ထောင့်တစ်နေရာ၌ ခေါင်းငုံ့နေသော မိန်းကလေးတစ်ဦးအပေါ် ကျရောက်သွားသည်။ စောစောက ချူးလေး၏ အဆင့် နိမ့်လွန်းသောကြောင့် ရှာမတွေ့နိုင်ခြင်း ဖြစ်သည်ဟု ပထမဆုံး ပြောခဲ့သူမှာ သူမပင် ဖြစ်သည်။

နျဥ်ယွိယွမ်၏ အကြည့်မှာ ထက်ရှသော ဓားတစ်လက်ပမာ လူတို့၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားသကဲ့သို့ ခံစားရပြီး အလွန်အမင်း နာကျင်စေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့ကို မျက်လုံးချင်းဆုံကြည့်ရဲသူ မည်သူရှိမည်နည်း။

လူတိုင်း တစ်ပြိုင်နက်တည်း ဘေးသို့ ဆုတ်သွားကြသည်။ အဆုံးတွင် နျဥ်ယွိယွမ်၏ အကြည့်အောက်၌ ထိုမိန်းကလေးတစ်ဦးသာ ကျန်ရစ်ခဲ့သည်။ သူမသည် တစ်လက်မမျှပင် မလှုပ်ရဲပေ။

"ခေါင်းမော့ပြီး ပြောစမ်း!" နျဥ်ယွိယွမ်၏ အသံမှာ ရေခဲတမျှ အေးစက်နေပြီး လူများကို အရိုးထဲထိ တုန်ယင်သွားစေသည်။

"ကျွန်... ကျွန်မ..." မိန်းကလေးမှာ ထစ်အငေါ့ငေါ့ဖြင့် ခေါင်းမော့လာသည်။ သူမကတော့ အသနားခံရန် ရောက်ရှိနေသော ချန်ချူးချူးပင်။

All Chapters