← Chapters

အခန်း (၅၈၅)

Vol. 39 Ch. 585

အခန်း (၅၈၅)

Vol. 39 Ch. 585

အိမ်အပြင်ဘက်တွင် နျဥ်ယွိယွမ်သည် မောင်းနှင်ခြင်းယာဥ် ထဲ၌ တိတ်ဆိတ်စွာ ရှိနေလေသည်။

ဂလု၊ ဂလု၊ ဂလု …

သူသည် စိတ်ဝိညာဥ်ဝိုင်ကို တစ်ငုံပြီးတစ်ငုံ သောက်နေသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် အရင်က အရသာစုံလင်ခဲ့သော ဝိုင်သည် ယခုအချိန်တွင် အနည်းငယ် ခါးသလို ဖြစ်နေသည်။

ထို့ပြင် သူ သောက်လေလေ၊ အသိစိတ် ပိုကပ်လေလေ ဖြစ်လာသည်။

သူသည် လက်ထဲမှ ဝိုင်ပုလင်းလွတ်ကို မောင်းနှင်ခြင်းယာဥ် ပေါ်သို့ ကြမ်းတမ်းစွာ ပစ်ချလိုက်ပြီးနောက် နျဥ်ယွိယွမ်သည် ခလုတ်ခုံ ထဲမှ နောက်ထပ်ပုလင်းတစ်လုံးကို ထုတ်ယူကာ ဖွင့်ရန် ပြင်လိုက်သည်။

"ရှင် ဒါတွေ အများကြီး မသောက်နဲ့လေ။ ကျန်းမာရေးအတွက် မကောင်းဘူး..." မော့ချူး၏ စကားများသည် ရုတ်တရက်ဆိုသလို လူကိုယ်တိုင် လာပြောနေသည့်အလား သူ့နားထဲတွင် ကြားယောင်လာသည်။

သူသည် လက်ထဲမှ ဝိုင်ပုလင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ ချူးလေး အပေါ်ထားရှိသည့် သူ၏ ခံစားချက်များကို သူ ဘယ်သောအခါမျှ သံသယမဝင်ခဲ့ဖူးချေ။

သို့သော် မော့ချူး အပေါ်ထားရှိသည့် သူ့အဘိုး၏ သဘောထားက သူ့ကို အနည်းငယ် ဝမ်းနည်းစေသည်။

ဤကိစ္စကြောင့် သူ့အဘိုးက မော့ချူး အပေါ် တစ်ခုခု လုပ်ဆောင်မည်ကို သူ ပို၍ စိုးရိမ်မိသည်။ အဘယ်ကြောင့်ဆိုသော် အဘိုးအိုသာ ရက်စက်မည်ဆိုလျှင်...

ထိုအကြောင်းကို တွေးမိလိုက်သောအခါ နျဥ်ယွိယွမ် ရုတ်တရက် ကျောကိုမတ်လိုက်ပြီး ထထိုင်လိုက်သည်!

သူ၏ အတွေးများ ရုတ်တရက် ရှင်းလင်းပြတ်သားသွားသည်...

ဟုတ်ပေသည်! ယခုအချိန်တွင် သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ ဝမ်းနည်းပူဆွေးပြီး စိုးရိမ်နေရန် မဟုတ်ပေ။ ထိုသို့ဖြစ်နေမည့်အစား ချူးလေးနှင့် သူတို့၏ ဆက်ဆံရေးကို ကာကွယ်ရန်အတွက် သူသည် စွမ်းအားနှင့် ခွန်အားများ ပိုလိုအပ်နေခြင်း ဖြစ်သည်!

စစ်မီးလျှံများကြားမှ ထွက်ပေါ်လာသူများသည် များသောအားဖြင့် သာမန်လူများထက် ပို၍ သန်မာကြစမြဲဖြစ်သည်။

ဤကဲ့သို့သော သန်မာမှုသည် သူတို့၏ ခန္ဓာကိုယ်များတွင်သာမက သူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်ပါ ပြသနေသည်။

နျဥ်ယွိယွမ်သည် ထိုကဲ့သို့သောသူမျိုး ဖြစ်သည်။

သူ ဆုံးဖြတ်ချက်ချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ချက်ချင်း နိုးကြားတက်ကြွသွားပြီး လက်ထဲမှ မဖွင့်ရသေးသော စိတ်ဝိညာဥ်ဝိုင် ပုလင်းကို သတိထား၍ ပြန်သိမ်းလိုက်သည်။

သူသည် မတ်မတ်ထိုင်လိုက်ပြီး သူ အလုပ်လုပ်ရာနေရာသို့ မောင်းနှင်ခြင်းယာဥ်ကို မောင်းနှင်သွားတော့သည်...

ကွပ်ကဲမှုစင်တာတွင် ဖြစ်သည်။

နျဥ်ယွိယွမ်သည် ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်။ တီးတိုးပြောဆိုနေကြသော ဝန်ထမ်းများသည် ချက်ချင်း မတ်တတ်ရပ်လိုက်ကြပြီး သူ့ကို နှုတ်ဆက်ကြသည်။

"ဟယ်လို ဗိုလ်မှူးကြီးနျဥ်"

"ဟယ်လို ဗိုလ်မှူးကြီး"

"အင်း...” နျဥ်ယွိယွမ် ခေါင်းငြိမ့်ပြလိုက်ပြီး ပုံမှန်အတိုင်း ရုံးခန်းသို့ လျှောက်သွားလိုက်သည်။ သူသည် လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “ဒီနေ့အတွက် စာရွက်စာတမ်းတွေနဲ့ အချက်အလက်တွေကို ယူလာခဲ့"

"ဟုတ်ကဲ့ပါ"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ စိုးရိမ်ပူပန်မှုများ ချက်ချင်း သက်သာရာရသွားသည်။ နျဥ်ယွိယွမ်၏ ပုံမှန် အပြုအမူက သူတို့ကို ပိုစိတ်သက်သာရာ ရစေခဲ့သည်မှာ ထင်ရှားလှသည်။

အင်တာနက်ပေါ်ရှိ သတင်းများမှာ တောမီးပမာ ပျံ့နှံ့နေပြီး သူတို့လည်း သဘာဝကျကျပင် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ မူလက နျဥ်ယွိယွမ် ဒီနေ့ ပေါ်မလာနိုင်လောက်ဘူး သို့မဟုတ် သူ ပေါ်လာသည့်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပါလာလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ယခုအခါ အရာအားလုံး ပုံမှန်အတိုင်း ဖြစ်နေကြောင်း ရှင်းလင်းသွားပြီ ဖြစ်သည်...

ဤအခြေအနေက အကောင်းဆုံးပင် ဖြစ်သည်!

သို့သော်လည်း မည်သူမျှ ပေါ့ပေါ့ဆဆ မနေရဲကြပေ။ သူတို့အားလုံးသည် စွမ်းအင် ၁၀၀,၀၀၀ ရာခိုင်နှုန်းကို ထည့်သွင်းပြီး သူတို့ လုပ်ဆောင်ရမည့်အရာများကို ဂရုတစိုက် လုပ်ဆောင်ကြသည်။ အကယ်၍ သူတို့ မတော်တဆ နျဥ်ယွိယွမ်ကို ဒေါသထွက်စေမိပါက ပြဿနာကြီးကြီးမားမား ဖြစ်လာမည်ကို ကြောက်ရွံ့နေကြသည်!

မည်သို့ပင်ဆိုစေကာမူ ဤအချိန်တွင် ကျားမြီးကို သွားဆွဲလောက်အောင် မည်သူမျှ မအကြပေ!

ထို့ကြောင့်... ဌာနချုပ်အတွင်းရှိ လေထုအခြေအနေမှာ တစ်နေ့လုံး အလွန်ကောင်းမွန်နေခဲ့သည်။ လူတိုင်း၏ စွမ်းဆောင်ရည်မှာလည်း အကြောင်းပြချက်မရှိဘဲ အများကြီး တိုးတက်လာခဲ့သည်!

သူတို့ ခလုတ်ခုံပေါ်ရှိ အချိန်ကို ကြည့်လိုက်ကြသည်။ အို ယေး! ရုံးဆင်းချိန် နီးနေပြီပဲ!

"ကဲ... အချိန်ကျရင် မင်းတို့ ပြန်လို့ရပြီ။” ကျုံးဝမ် လူတိုင်းကို လက်ပြလိုက်သည်။ “ကျန်တဲ့ လက်စသတ်ရမယ့် အလုပ်တွေကို ကျိုးလင်နဲ့ ငါ တာဝန်ယူလိုက်မယ်"

ဒါက လူတိုင်း မျှော်လင့်နေသော အရာပင်! ဝန်ထမ်းများက ငြင်းဆန်ခြင်း မပြုကြပေ။ သူတို့နှစ်ဦးကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် တစ်ယောက်ကိုတစ်ယောက် တွန်းတိုက်ကာ ထွက်ခွာသွားကြသည်။

နျဥ်ယွိယွမ်မှာမူ အလုပ်ရှုပ်နေဆဲ ဖြစ်သည်။

ဆယ်မိနစ်အကြာတွင် ကျုံးဝမ်သည် နောက်ဆုံး စာရွက်စာတမ်းကို ယူပြီး နျဥ်ယွိယွမ် ရုံးခန်းတံခါးကို ခေါက်လိုက်သည်။

"ဝင်ခဲ့ပါ"

"ဘော့စ်၊ ရုံးဆင်းချိန်ရောက်ပြီလေ။ မပြန်သေးဘူးလား" ကျုံးဝမ် လက်ထဲမှ စာရွက်စာတမ်းကို နျဥ်ယွိယွမ်၏ စားပွဲပေါ် တင်လိုက်ပြီး နောက်ပြောင်သော လေသံဖြင့် မေးလိုက်သည်။ "ဘော့စ်က... ဘယ်တုန်းက အလုပ်ကို စွဲလမ်းတဲ့သူ ဖြစ်သွားရတာလဲ"

ဟုတ်ပေသည်!

ရှစ်နာရီကြာသည်အထိ နျဥ်ယွိယွမ်သည် ဒီနေ့ တစ်မိနစ်မျှပင် အနားမယူခဲ့ပေ။ သူသည် စာရွက်စာတမ်းများကို လက်မှတ်ထိုးနေခြင်း သို့မဟုတ် အချက်အလက်များကို ကြည့်ရှုနေခြင်းသာ ပြုလုပ်နေသည်။ စစ်ဒေသခေါင်းဆောင်များနှင့် ဗီဒီယိုကောလ် ခနတာ ချိတ်ဆက်ပြောဆိုရန်ပင် အချိန်ပေးခဲ့သေးသည်။

သူသည် ရုတ်တရက် အားဆေးထိုးထားသကဲ့သို့ ဖြစ်နေသည်!

"ဒီနေ့က စတာပါ" ထိုစကားကို ကြားသောအခါ နျဥ်ယွိယွမ် မပြုံးဘဲ မနေနိုင်တော့ချေ။

စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကောက်ယူရန် ပြင်လိုက်စဉ်တွင် ကုလားထိုင် ရှေ့သို့ ရွေ့သွားပြီး သူ၏ ဒဏ်ရာရနေသော ကျောကုန်းသည် ရုတ်တရက် ကုလားထိုင်နှင့် တိုက်မိသွားကာ နာကျင်မှုကြောင့် ညည်းညူသံ ထွက်ပေါ်လာသည်။

"ဘော့စ်၊ ဘာဖြစ်တာလဲ" ကျုံးဝမ်သည် အမြဲတမ်း ဂရုစိုက်တတ်သူ ဖြစ်သည်။ နျဥ်ယွိယွမ်၏ နာကျင်မှုကြောင့် အော်လိုက်သံမှာ မထင်ရှားသော်လည်း သူ သတိထားမိလိုက်သည်။

နျဥ်ယွိယွမ်၏ အနည်းငယ် တောင့်တင်းနေသော လှုပ်ရှားမှုများကို လိုက်ကြည့်ရင်း ကျုံးဝမ်သည် သူ့ကျောဘက်သို့ ကြည့်လိုက်သည်။

ကံမကောင်းစွာဖြင့် နျဥ်ယွိယွမ်၏ ဝတ်စုံအင်္ကျီက ဒဏ်ရာကို လုံလုံခြုံခြုံ ဖုံးအုပ်ထားသဖြင့် အတွင်း၌ ဘာဖြစ်နေသည်ကို သူ မမြင်နိုင်ပေ။

သို့သော် ကျုံးဝမ် ပိုနီးကပ်သွားသောအခါ သူ အနံ့ခံလိုက်မိပြီး မကြာမီ နျဥ်ယွိယွမ်၏ ခန္ဓာကိုယ်ပေါ်မှ သွေးနံ့သင်းသင်းကို အာရုံခံမိလိုက်သည်။ သူ့မျက်နှာ ပြောင်းလဲသွားသည်။

"ဘော့စ် ဒဏ်ရာရထားတာလား။ ဘယ်သူ လုပ်လိုက်တာလဲ..."

သူ စကားမဆုံးခင်မှာပင် ကျုံးဝမ် သူ့အလိုလို သဘောပေါက်သွားသည်။ လက်ရှိအခြေအနေအရ အကြီးအကဲနျဥ်မှလွဲ၍ မည်သူက သူ့ ဘော့စ် ကို နာကျင်အောင် လုပ်နိုင်မည်နည်း?

"ဘော့စ် ဒဏ်ရာရနေတာတောင် ဒီမှာ အကြာကြီး အလုပ်လုပ်နေတာလား" ဤအကြောင်းကို တွေးမိပြီးနောက် ကျုံးဝမ် မျက်မှောင်ကြုတ်ကာ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ သူသည် သူ့ရှေ့ရှိ ဖိုင်ကို ပိတ်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ "ကုသရေး စက်ဆီ မြန်မြန် သွားရအောင်"

"မလိုပါဘူး" နျဥ်ယွိယွမ် ခေါင်းခါလိုက်ပြီး ကျုံးဝမ် ကို ရယ်ချင်သောပုံစံဖြင့် ကြည့်လိုက်သည်။ "ဒဏ်ရာသေးသေးလေးပါ။ ခဏနေရင် သက်သာသွားမှာပါ။ ပြန်စဉ်းစားကြည့်ဦးလေ၊ စစ်မြေပြင်တုန်းက ငါတို့ဆီမှာ ကုသရေး စက်မှ မရှိတာ။ ငါတို့ ကျော်ဖြတ်နိုင်ခဲ့ကြတယ် မဟုတ်လား"

ကျုံးဝမ် စကားမပြောနိုင် ဖြစ်သွားသည်။ အခြေအနေက တူမှ မတူတာလေ ဟုတ်တယ်မလား။

"ကဲပါ၊ ငါ ခဏလောက် အလုပ်ရှုပ်ဦးမယ်။ ငါ့အတွက် စိတ်မပူပါနဲ့" နျဥ်ယွိယွမ်သည် ခလုတ်ခုံ ပေါ်မှ အချိန်ကို ကြည့်လိုက်သည်။ "ရုံးဆင်းချိန်လည်း ကျော်နေပြီဆိုတော့ မင်းတို့ မြန်မြန် ပြန်သင့်ကြပြီ"

...

ကျုံးဝမ်သည် ထပ်ခါတလဲလဲ နားချရန် ကြိုးစားခဲ့သည်။ ကျိုးလင် ရောက်လာလျှင်ပင် နျဥ်ယွိယွမ်၏ စိတ်ကို ပြောင်းလဲနိုင်ခြင်း မရှိပေ။ သူသည် ည ၈ နာရီ၊ ၉ နာရီခန့် မှောင်နေချိန်ကျမှသာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

"ဘော့စ်၊ ကျွန်တော်တို့ ပြန်ပို့ပေးပါမယ်" ကျုံးဝမ်သည် မောင်းနှင်ခြင်းယာဥ်ကို ထုတ်ယူလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဒီနေ့ တစ်နေ့ကုန် အလုပ်ရှုပ်ထားတာဆိုတော့ အပေါ်မှာ ကောင်းကောင်း အနားယူသင့်တယ်"

နျဥ်ယွိယွမ်လည်း သူတို့နှစ်ဦး၏ လိုက်ပါပို့ဆောင်မှုကို လိုလားပါသည်။ သူ ခေါင်းငြိမ့်လိုက်ပြီး ထိုင်လိုက်သည်။ "ငါ့ တိုက်ခန်းကိုပဲ ပြန်ကြတာပေါ့"

"ကောင်းပါပြီ" ကျိုးလင် တိုးတိုးလေး အော်လိုက်သည်။ သူ လှည့်ကြည့်လိုက်ပြီး မောင်းနှင်ခြင်းယာဥ် မောင်းသူနေရာတွင် ရှိနေသော ကျုံးဝမ်နှင့် မျက်လုံးချင်း ဆက်သွယ်လိုက်သည်။

"ဘော့စ်၊ ရောက်ပါပြီ"

ယနေ့တွင် လုပ်စရာများလွန်းပြီး အချိန်အကြာကြီး အလုပ်ရှုပ်နေခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ နျဥ်ယွိယွမ်သည် မောင်းနှင်ခြင်းယာဥ်ပေါ်တွင် အချိန်အကြာကြီး မထိုင်လိုက်ရခင်မှာပင် ခေါင်းမူးနောက်နောက် ဖြစ်လာခဲ့သည်။ ကျိုးလင် သူ့ကို တွန်းနှိုးလိုက်မှသာ နျဥ်ယွိယွမ် နိုးလာခဲ့သည်။

အခြားတစ်ဖက်တွင် ကျုံးဝမ်သည် မော့ မိသားစု၏ တံခါးကို ခေါက်ပြီးနေပြီ ဖြစ်သည်...

ထို့ကြောင့် နျဥ်ယွိယွမ်သည် မောင်းနှင်ခြင်းယာဥ် ထဲမှ ထွက်လာသောအခါ မော့ချူး၏ ပန်းပွင့်လေးကဲ့သို့သော အပြုံးနှင့် ဆုံတွေ့လိုက်ရသည်။

သူ့ရင်ထဲ ချက်ချင်း တုန်လှုပ်သွားသည်!

"မင်း... မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ"

“ဖွီး...” ထိုစကားကို ကြားသောအခါ မော့ချူး မရယ်ဘဲ မနေနိုင်တော့ချေ။ "သေချာကြည့်ပါဦး၊ ဒါ ကျွန်မအိမ်လေ"

ထိုစကားကို ကြားသောအခါ နျဥ်ယွိယွမ် မျက်လုံးမော့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်... ဟုတ်သားပဲ၊ ဒါ တကယ်ပဲ မော့ မိသားစုအိမ်ပဲ!

ကျိုးလင်နဲ့ ကျုံးဝမ်၊ အဲဒီကောင်စုတ် နှစ်ကောင်...

"သူတို့ ပြန်သွားကြပြီ၊ သွားရအောင်" မော့ချူးသည် နျဥ်ယွိယွမ်ကို ဆွဲထုတ်လိုက်ရာ သူမလက်က မတော်တဆ သူ့ကျောဘက်ကို ထိမိသွားသည်။ နျဥ်ယွိယွမ် လက်မောင်းကြွက်သားများ တင်းမာသွားသည်ကို သူမ သတိထားမိလိုက်သော်လည်း တိတ်ဆိတ်စွာပင် နေလိုက်သည်။

မော့ချူး၏ မျက်လုံးများ မှေးမှိန်မသွားဘဲ မနေနိုင်တော့ပေ... ဒီလူ့ဒဏ်ရာတွေက မသက်သာဘူးနဲ့ တူတယ်!

မော့ယန်က မိုးကျရွှေကိုယ်စုန့် ကို သွားရှာနေသဖြင့် အိမ်ထဲတွင် မော့ချူး တစ်ယောက်တည်းသာ ကျန်ရစ်သည်။

"ချွတ်လိုက်" တံခါးပိတ်လိုက်ချိန်တွင် မော့ချူး ပြောလိုက်သော ပထမဆုံး စကားကြောင့် နျဥ်ယွိယွမ် လန့်သွားရသည်။

... ငါ ဘယ်လို ချွတ်ရမှာလဲ။

ဒီနေရာမှာပဲလား၊ ပထမဆုံးအကြိမ်အနေနဲ့... ငါ့အခန်းကို ပြန်သွားသင့်လား။

"ဘာတွေ လျှောက်တွေးနေတာလဲ" နျဥ်ယွိယွမ်၏ မျက်နှာထားကို မြင်လိုက်ရသောအခါ မော့ချူး မျက်လုံးလှန်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ရှင်ပဲ ဒဏ်ရာရထားတယ်ဆို"

ထိုစကားကို ကြားသောအခါ နျဥ်ယွိယွမ်၏ ခေါင်းထဲမှ အတွေးများ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ "အဲဒီ အာချောင်တဲ့ကောင် နှစ်ကောင်ကတော့ကွာ"

မော့ မိသားစုတွင် ကုသရေး စက် မရှိပေ။ ချူးလေးက အသုံးပြု၍ မရသောကြောင့် ဖြစ်သည်။ မော့ယန်က အချိန်အများစုကို စစ်တပ်တွင်သာ ကုန်ဆုံးလေ့ရှိသဖြင့် မော့ချူးထံတွင် လိမ်းဆေးကဲ့သို့သော ဆေးများသာ ရှိသည်။

သူမ ထွက်လာပြီး နျဥ်ယွိယွမ် မလှုပ်မယှက် ရှိနေသေးသည်ကို မြင်သောအခါ မျက်ခုံးပင့်ကာ ညင်သာစွာ ပြောလိုက်သည်။ "ရှင်က... ကျွန်မကို ကူချွတ်ခိုင်းတော့မလို့လား"

အမ်... ဒီကောင်မလေးက ဘာလို့ ရုတ်တရက်ကြီး ဒီလောက် တက်ကြွနေရတာလဲ။

"ဟင့်အင်း၊ မလိုပါဘူး" နျဥ်ယွိယွမ်က ဦးစွာ နောက်တွန့်သွားသူ ဖြစ်သည်။ သူ လက်ကာပြပြီး ပြောလိုက်သည်။ "ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်ပါ့မယ်"

သူ့ဒဏ်ရာက အနည်းငယ် ပြင်းထန်ပုံရသည်ကို သူ ကောင်းကောင်း သိထားသည်။ အချိန်တန်သောအခါ မော့ချူးကို မလန့်စေချင်ပေ။

စကားဆုံးသည်နှင့် နျဥ်ယွိယွမ်သည် ဝတ်စုံအင်္ကျီကို ခပ်မြန်မြန် ချွတ်လိုက်ပြီး အတွင်းမှ အဖြူရောင် ရှပ်အင်္ကျီကို ချွတ်ရန် ပြင်လိုက်သည်...

"နေဦး" မော့ချူး ရုတ်တရက် ပြောလိုက်သည်။

နျဥ်ယွိယွမ်၏ လက်မှာ ထိုနေရာတွင်ပင် တောင့်ခဲသွားသည်။ သူသည် မခို့တရို့ မျက်နှာထားဖြင့် နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။ "မင်း... ရှက်နေတာလား။ ဒါဆိုလည်း ထားလိုက်ပါတော့..."

နျဥ်ယွိယွမ် စကားမဆုံးခင်မှာပင် မော့ချူး ရုတ်တရက် ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီး အင်္ကျီကြယ်သီး ပြန်တပ်ရန် ပြင်နေသော သူ့လက်ကို လှမ်းဆွဲလိုက်သည်။

သူမသည် လေးနက်သော မျက်နှာထားဖြင့် သူ့ကျောဘက်ကို စိုက်ကြည့်နေသည်...

သူမသည် ယခင်က ကျုံးဝမ် ပြောပြသည်ကိုသာ ကြားဖူးခဲ့ပြီး အခြေအနေ ဤမျှ ဆိုးရွားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။

All Chapters