← Chapters

အခန်း (၅၈၉)

Vol. 40 Ch. 589

အခန်း (၅၈၉)

Vol. 40 Ch. 589

မော့ချူး၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးမှာ ရင်ထဲတွင် တစ်ခုခုတစ်ဆို့သွားသလို ခံစားလိုက်ရသည်။

ထိုအခါမှသာ သူမသည် မော့ကြည့်လိုက်ပြီး မော့ချူးကို သေချာစွာ ပြန်၍အကဲခတ်မိတော့သည်။

ပြောရလျှင် မော့ချူးသည် အလွန်အမင်း လှပလွန်းသည့်အထဲတွင် မပါဝင်သော်လည်း အနီးကပ်ကြည့်ရှုပါက သူမ၏ မျက်နှာသွင်ပြင်များမှာ နုနယ်သပ်ရပ်ပြီး အသားအရေမှာလည်း ဖြူစင်ဝင်းပလှသည်။

ပို၍ ထူးခြားသည်မှာ သူမသည် ယခုအချိန်တွင် မည်သည့် မိတ်ကပ်ခြယ်သမှုမျှ ပြုလုပ်မထားခြင်းပင်။ လုံးဝ သဘာဝမျက်နှာအတိုင်း ရှိနေခြင်းဖြစ်သော်လည်း ပျင်းရိငြီးငွေ့ဖွယ် မကောင်းသည့်အပြင် သူမ၏ ကိုယ်ပေါ်မှ အေးချမ်းသော အငွေ့အသက်ကိုပင် ပို၍ ပေါ်လွင်စေသည်။

၎င်းမှာ ထိုအမျိုးသမီး ထင်ထားခဲ့သည့်အချက်နှင့် လုံးဝကို ကွဲပြားနေသည်။ သူမ ထင်ထားသည်မှာ မော့ချူးသည် သူမ၏ ပင်ပန်းနွမ်းလျနေသော ရုပ်သွင်ကို ဖုံးကွယ်ရန် မိတ်ကပ်အထူကြီးများ လိမ်းခြယ်ထားလိမ့်မည်ဟူ၍ ဖြစ်သည်။

... ဒီမိန်းကလေးရဲ့ မျိုးဗီဇအဆင့်က G အဆင့်တောင် မရှိဘူးလို့ ပြောကြတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီလောက်အထိ တည်တည်ငြိမ်ငြိမ် နေနိုင်ရတာလဲ။

သူမက အခုချိန်မှာ အောက်ကျနောက်ကျဖြစ်ပြီး ရှက်ရွံ့နေရမှာ မဟုတ်ဘူးလား။

ပထမဦးဆုံးအကြိမ်အဖြစ် ထိုအမျိုးသမီးသည် သူမရရှိထားသော သတင်းအချက်အလက်များအပေါ် ပြင်းထန်စွာ သံသယဝင်လာခဲ့သည်။

"နောက်ထပ် ဘာရှိသေးလဲ" မော့ချူးက သူမ၏ မေးကို အားမနာတမ်း ပင့်လိုက်ရင်း ပြောလိုက်သည်။ "ဘာမှမရှိတော့ရင်တော့ ကျွန်မ အရင်သွားနှင့်တော့မယ်။"

ဟွန့်။ သူမ၏ ကိုယ်ပိုင်နယ်မြေမှာတောင် အနိုင်ကျင့်ခံနေရလျှင် သူမ မည်မျှ ခံပြင်းစရာ ကောင်းလိုက်မည်နည်း။ ထို့ကြောင့်ပင် မော့ချူး၏ စကားလုံးများမှာ လုံးဝ အားနာမှုမရှိခြင်း ဖြစ်သည်။

"ကောင်းတယ်။"

"ငါတို့ အဖွဲ့ချုပ်ထဲအထိ လာပြီးတော့ ဘဝင်မြင့်နေတာ၊ ဒါ ဘယ်လိုလူစားမျိုးလဲ။"

"ဟုတ်တယ်။"

မော့ချူး၏ ပွင့်လင်းပြတ်သားသော တုံ့ပြန်မှုမှာ အခမ်းအနားသို့ တက်ရောက်လာသူ အများစု၏ ထောက်ခံမှုကို ရရှိခဲ့သည်မှာ ထင်ရှားလှသည်။

ချီးမွမ်းသံများမှာ ဟိုမှသည်မှ ထွက်ပေါ်လာတော့သည်။ ထို့ပြင် မော့ချူးက ထိုသို့ပြောလိုက်ပြီးနောက် လူတိုင်း၏ ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီအပေါ် ကြည့်သည့်အကြည့်များမှာလည်း ပြောင်းလဲသွားခဲ့သည်။ ဟက်... ရှင်တို့လို လူစားမျိုးတွေကများ ငါတို့ရဲ့ စိုက်ပျိုးရေး နည်းစနစ်တွေကို ခိုးယူချင်နေသေးတာလား။

ဖူး... အိပ်မက်ပဲ မက်နေလိုက်။

မော့ချူး၏ စကားက အကွက်ထဲ တည့်တည့်တိုးသွား၍လား မသိသော်လည်း ထိုလူတစ်စုမှာ အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်နေကြသည်။

၎င်းကို မြင်လိုက်ရသောအခါ မော့ချူးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ အနည်းငယ် ဂုဏ်ယူသော အသွင်ဖြင့် လှည့်ထွက်လာခဲ့သည်။

သူမ ခြေလှမ်းအနည်းငယ် လှမ်းလိုက်စဉ်မှာပင် နောက်မှ လှောင်ပြောင်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ "တောက်ခ်... G အဆင့်တောင် မရှိတဲ့ မိန်းမက စကားတော့ အတော်ကတ်တာပဲ..."

မော့ချူးသည် လှမ်းလက်စ ခြေထောက်ကို ရုတ်တရက် ရပ်တန့်လိုက်သည်။

သူမကိုယ်တိုင် ပြန်တုံ့ပြန်ရန် မပြင်ဆင်ရသေးမီမှာပင် သူမ၏ ပရိသတ်ကိုယ်စားလှယ် အနည်းငယ်မှာ ပြေးဝင်လာကြတော့သည်။ ဘာစကားတစ်ခွန်းမှ မပြောဘဲ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို ဝင်တိုက်လိုက်ရာ သူမမှာ မျက်စိထဲ ကြယ်စင်တွေ မြင်သွားရတော့သည်။

ထို့ပြင် သူတို့၏ ရပ်တည်ချက်မှာလည်း အလွန်ပင် ခိုင်မာလှသည်။

"နင် အခု ဘာပြောလိုက်တာလဲ။"

"ဘယ်သူက G အဆင့်မရှိတာလဲ။ ငါတို့ ချူးလေးက စစ်ဆေးလို့ မရသေးတာပဲ ရှိတာ။ တကယ်လို့သာ စစ်ဆေးလို့ ရခဲ့ရင် တခြားသူတွေထက်တောင် ပိုမြင့်နေဦးမှာ။"

"ဟုတ်တယ်၊ နင်က ဘာကောင်မို့လို့လဲ။ ဘာမှမသိဘဲနဲ့ ဒီမှာ လာပြီး လျှောက်ပြောနေရဲတာလဲ။"

ဤပရိသတ်များမှာ ပြိုင်ဆိုင်မှုများကြားမှ လက်မှတ်အနည်းငယ်ကို ရအောင်ယူခဲ့ရသူများ ဖြစ်သည်။ အို... ကြည့်စမ်း၊ သူတို့ရဲ့ တုံ့ပြန်မှုက မြန်လွန်းလှသလို လုပ်ဆောင်ချက်တွေကလည်း မြန်ဆန်၊ တိကျပြီး ပြတ်သားလှသည်။

၎င်းမှာ အလိုအလျောက် အလုပ်ခွဲဝေလိုက်သကဲ့သို့ပင် ဖြစ်နေသည်။ အမျိုးသမီး ပရိသတ်များက ထိုအမျိုးသမီး၏ မျက်နှာနှင့် ဆံပင်ကို ဆွဲဆုတ်ကြပြီး အမျိုးသား ပရိသတ်များကမူ ထိုအမျိုးသမီး၏ အဖော်များကို တားဆီးထားကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့ လက်စားချေရမည်သာ ဖြစ်သည်။

မော့ချူးနှင့် ဘေးမှ ကြည့်နေသူများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။ သူတို့ အတော်ကြာအောင် သတိမဝင်နိုင်ဘဲ ဖြစ်နေကြရသည်။

သူတို့ ရင်ထဲတွင် သက်ပြင်းချမိတော့သည်။ "ကောင်းပြီလေ။ ဒီပရိသတ်လေးတွေက ငယ်ပုံရပေမယ့် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ လျှော့တွက်လို့ မရဘူးပဲ။"

ဟုတ်တာပေါ့။

ကြည့်စမ်း... ဒီအမျိုးသမီးတော့ ဘယ်သူဘယ်ဝါမှန်း ခွဲခြားလို့မရလောက်တော့အောင် ဖြစ်သွားပြီ။

သူမ၏ လှပသော မိတ်ကပ်များမှာ ပျက်စီးသွားသလို ဆံပင်ပုံစံမှာလည်း ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အရူးမတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။

"ငါ့ကိုလွှတ်... လွှတ်စမ်း" ထိုအမျိုးသမီးက ဒေါသတကြီး ရုန်းကန်နေသော်လည်း လူသုံးယောက်၏ အင်အားဖြင့် ဖိထားခြင်းခံရသဖြင့် လုံးဝ လှုပ်ရှား၍ မရနိုင်ပေ။

ထို့ကြောင့် ပရိသတ်များ၏ စွမ်းအားကို လျှော့မတွက်သင့်ပေ။ သူတို့၏ စွမ်းဆောင်ရည်မှာ အမြဲတမ်းပင် အကန့်အသတ် မရှိပေ။

ထိုအမျိုးသမီး၏ သနားစရာကောင်းသော အသွင်အပြင်နှင့် ပတ်သက်၍မူ... လူတိုင်းက လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြောကြသည်။ "ငါတို့ကတော့ အစိမ်းရောင်အပင်တွေကိုပဲ ကြည့်နေတာ။ ကြည့်စမ်း၊ ဒီအိုးလေးက သိပ်လှတာပဲ။" ... ကျန်တာတွေကိုတော့ စိတ်မကောင်းပါဘူး၊ သူတို့ မမြင်လိုက်ကြဘူးလေ။

ဘာပဲဖြစ်ဖြစ် အရိုက်ခံနေရတာက သူတို့ အဖွဲ့ချုပ်က လူမှ မဟုတ်တာ…

"အား..." ထိုအမျိုးသမီး၏ ဆံနွယ်အချို့မှာ ဆွဲနှုတ်ခံလိုက်ရသည်။ နာကျင်မှုကြောင့် သူမ၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး မျက်လုံးထဲတွင် အမုန်းတရားများ ဖြတ်ပြေးသွားသည်။ သူမ ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ဖိထားခြင်းခံထားရသော လက်ကို ရုတ်တရက် မြှောက်လိုက်သည်။

တောက်လောင်နေသော အန္တရာယ်ရှိသည့် မီးလုံးကြီးတစ်ခုသည် အနီးဆုံးရှိ ပရိသတ်၏ မျက်နှာထံသို့ တည့်တည့် ဦးတည်သွားတော့သည်။

"သတိထား" လူတိုင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

မီးလုံးကြီးသည် အမျိုးသမီး ပရိသတ်၏ မျက်နှာသို့ ရောက်လုနီးနီးမှာပင် နို့နှစ်ရောင် အထူးစွမ်းအင်တစ်ခု ပေါ်လာပြီး ထိုမီးလုံးကို ပိတ်ဆို့ကာ ဝါးမြိုပစ်လိုက်သည်။

အန္တရာယ်မှာ ခဏလေးအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါ လူတိုင်းမှာ သက်ပြင်းချနိုင်သွားကြသည်။ ထို့နောက် သူတို့၏ ဒေါသထွက်နေသော အကြည့်များကို ထိုအမျိုးသမီးထံသို့ လှည့်လိုက်ကြတော့သည်။

ဒါက ရန်ဖြစ်ရုံသက်သက်ပဲ မဟုတ်လား။

ဒီအမျိုးသမီးက ဒီလိုနေရာမျိုးမှာ သူ့ရဲ့ အထူးစွမ်းအင်ကို သုံးလိုက်တာလား။

ဒီ ဉာဏ်ပညာတိမ်တိုက်ဂလက်ဆီက လူတွေက တကယ်ကို ရက်စက်လွန်းတာပဲ။

မလှမ်းမကမ်းတွင် မော့ချူးသည် သူမ၏ လက်ကို အသာအယာ ပြန်ချလိုက်သည်။ သူမ၏ ရင်ထဲတွင် တုန်လှုပ်နေဆဲပင်။ သူမသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့လျှင် တစ်ခုခု ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

မော့ချူးသည် အမြန်လျှောက်သွားကာ ခုနက တိုက်ခိုက်ခံလိုက်ရသော အမျိုးသမီး ပရိသတ်ကို ကြည့်လိုက်သည်။ ဖြစ်ရပ်မှာ ရုတ်တရက် ဆန်လွန်းလှသဖြင့် သူမမှာ အခုထက်ထိ ထိတ်လန့်နေဆဲဖြစ်ပြီး မျက်နှာမှာ မှိုင်တွေနေသည်။

"အဆင်ပြေရဲ့လား" ထိုအမျိုးသမီးတွင် ဒဏ်ရာမရရှိသည်ကို သေချာစွာ ကြည့်ရှုပြီးနောက်မှသာ မော့ချူး စိတ်အေးသွားရသည်။ သူမက ခပ်တိုးတိုးလေး မေးလိုက်သည်။ "ဘာမှ မဖြစ်ဘူးမလား။"

ကြောင်အမ်းနေသော ထိုအမျိုးသမီးလေးမှာ မော့ကြည့်လိုက်ရာ မော့ချူးမှာ သူမနှင့် လက်မအနည်းငယ်သာ ကွာဝေးသော နေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ချူးလေး၏ အသက်ရှူသံကိုပင် ခံစားနေရသည်... မူလက ကြောက်ရွံ့မှုများမှာ ချက်ချင်းပင် လွင့်စင်သွားပြီး သူမ၏ ရင်ထဲတွင် ပျော်ရွှင်မှုများက ဆူပွက်လာတော့သည်။

အတော်ကြာမှ သူမက ခေါင်းခါပြလိုက်ရင်း ရူးကြောင်စွာဖြင့် ပြုံးလိုက်သည်။ "ဘာမှ... ဘာမှမဖြစ်ပါဘူး။"

အဲ့ဒါ ကောင်းတယ်။

မော့ချူး၏ မျက်နှာပေါ်တွင် အပြုံးလေး ရှိနေသော်လည်း ကြမ်းပြင်ပေါ်မှ အမျိုးသမီးကို လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားသည်။ သူမ၏ စကားလုံးများမှာ ဓားတစ်စင်းကဲ့သို့ ထက်မြက်လှသည်။ "ရှင်တို့ ဉာဏ်ပညာတိမ်တိုက်ဂလက်ဆီက စွမ်းအားရှင်တွေက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ သာမန်လူတွေအပေါ်မှာ အခုလို စွမ်းအင်တွေ သုံးနေတာလား။"

ထိုအမျိုးသမီး ပြန်မပြောနိုင်မီမှာပင် မော့ချူး နှာခေါင်းရှုံ့လိုက်သည်။ "ကျွန်မ ပြောလိုက်မယ်၊ ရှင်တို့အားလုံးအတွက် ကျွန်မတောင် ရှက်မိတယ်။"

"သူတို့ သုံးယောက်က ငါ့ကို ဝိုင်းပြီး မလုပ်ခဲ့ရင်..." ထိုအမျိုးသမီးက ကြမ်းပြင်မှ ခက်ခက်ခဲခဲ ထလာရင်း ညည်းညူလိုက်သည်။ "ငါက ဘာလို့ ငါ့ရဲ့ အထူးစွမ်းအင်ကို သုံးရမှာလဲ။"

အို... အခုကြမှ အကြောင်းပြချက်တွေ ပေးနေတာလား။ ခုနက လူတစ်ယောက်ကို သတ်မိတော့မလို့ ဖြစ်သွားတာကို မသိဘူးလား။

မော့ချူးမှာ ရယ်ချင်သွားသော်လည်း သူမ၏ စကားလုံးများမှာ ပို၍ ထက်မြက်လာသည်။ "အစပိုင်းမှာ ရှင် ကျွန်မကို ဆဲဆိုခဲ့တာကိုကြတော့ ဘာလို့ မပြောတာလဲ။ ပြီးတော့ ဒီမိန်းကလေးတွေ လုပ်တာက ရှင့်အတွက် အရှက်ရရုံပဲ ရှိတာ။ ရှင်ကကြတော့ သူတို့ရဲ့ အသက်ကို ရအောင် ယူဖို့ ပြင်နေတာလေ။"

သူမ ပြောလေလေ၊ မော့ချူး၏ မျက်နှာမှာ ပို၍ မည်းမှောင်လာလေလေပင်။

သူမ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။ ထူးဆန်းတဲ့သူတွေက နှစ်တိုင်းရှိနေတာပဲ၊ ဉာဏ်ပညာတိမ်တိုက်ဂလက်ဆီကတော့ အများဆုံးပဲ။

ဒီလို လုပ်ဆောင်ပုံမျိုးက သာမန်လူတစ်ယောက် နားလည်နိုင်တဲ့အရာ မဟုတ်ပေ။

စောစောက သူမရဲ့ ထူးခြားတဲ့စွမ်းအားကို ထုတ်သုံးလိုက်တာ အတိုင်းအတာထက် ကျော်လွန်သွားမှန်း ထိုအမျိုးသမီးကိုယ်တိုင်လည်း ရိပ်မိနေသည်။ ထို့ကြောင့်ပင် မော့ချူး ပြောလိုက်သည့် စကား၏ နောက်ပိုင်းတစ်ဝက်ကို သူမ သေချာပင် အာရုံမရလိုက်တော့ပေ။ သူမသည် လူအများ၏ အာရုံကို တခြားဘက်သို့ လွှဲပြောင်းပစ်ရန်အတွက် ရှေ့ကကိစ္စကိုသာ အကြောင်းပြု၍ စကားလမ်းကြောင်းကို အမြန်ပင် ပြောင်းလဲပစ်လိုက်လေတော့သည်။

"နင့်ကို ဆဲတာတဲ့လား။ ဟက်၊ ငါက ဆဲနေခဲ့လို့လား။ ငါပြောတာတွေက အမှန်တရားတွေပဲလေ။" အခုချိန်မှာ အဖွဲ့ချုပ်က စိတ်ဝိညာဉ်အစားအစာတွေကို ဖန်တီးတဲ့ မိန်းကလေးက G အဆင့်တောင် မရှိဘူးဆိုတာ ဘယ်သူမသိဘဲ နေမလဲ။ ဒီကိစ္စက တစ်ဂလက်ဆီလုံးရဲ့ ရယ်စရာတစ်ခု ဖြစ်နေပြီလေ။

စကားပုံတစ်ခုရှိသကဲ့သို့ပင်… မြင့်မြင့်တက်လေ၊ ပြုတ်ကျရင် ပိုနာလေပဲ မဟုတ်လား။

မော့ချူးမှာ ယခု ထိုအခြေအနေသို့ ရောက်နေခြင်း ဖြစ်သည်။ အရင်က လူတိုင်းက သူမကို ချီးမွမ်းခဲ့ကြသော်လည်း ယခုအခါတွင်မူ လှောင်ပြောင်နေကြပြီ ဖြစ်သည်။

"အမှန်တရားဟုတ်လား" မော့ချူးက သူမ၏ မျက်လုံးများကို မှေးလိုက်ရာ သူမထံမှ ဖိအားပေးနိုင်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ "ဟွန့်။ ရှင်တို့ ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီရဲ့ သတင်းတွေက နောက်ကျနေတာလား၊ ဒါမှမဟုတ် ရှင့်ကိုယ်ရှင် အရမ်းသိတယ်လို့ ထင်နေတာလား။"

"ကျွန်မရဲ့ မျိုးဗီဇအဆင့်ကို သတ်မှတ်လို့ မရတာက အမှန်ပဲ။ ဒါပေမယ့် G အဆင့်တောင် မရှိတာတော့ မဟုတ်ဘူး။ ဒီအချက်နှစ်ခုကိုတောင် နားမလည်ဘဲနဲ့ ဒီပြပွဲကို လာကြည့်ဖို့ မျက်နှာပြောင်တိုက်နေသေးတာလား။ ကျွန်မတို့ရဲ့ တန်ဖိုးရှိတဲ့ ဝင်ခွင့်လက်မှတ်တွေကို အလဟဿ မဖြုန်းတီးပါနဲ့။"

"ရှင်တို့ လာရာလမ်းအတိုင်း ပြန်သွားလိုက်ပါ။ ကျွန်မ ရှင်တို့ကို လုံးဝ မကြိုဆိုတော့ဘူး။"

မော့ချူးသည် ယခုကဲ့သို့ ဒေါသထွက်ခဲလှသည်။ သူမ၏ အေးစက်ပြီး ပြတ်သားသော အသွင်အပြင်ကြောင့် ဘေးရှိလူများမှာလည်း မှင်သက်သွားကြရသည်။

အမှန်အတိုင်းပြောရလျှင် မော့ချူးသည် သူမ၏ ဒေါသကို အတော်လေး ထိန်းထားခြင်း ဖြစ်သည်။ ခုနက အခြေအနေမှာ မည်မျှ အန္တရာယ်များလှသနည်း။ သူမသာ အချိန်မီ မတားဆီးနိုင်ခဲ့လျှင် ထိုမိန်းကလေးမှာ နေရာမှာတင် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။ သူမ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

မော့ချူး၏ စကားလုံးများဖြင့် တိုက်ခိုက်ခြင်း ခံလိုက်ရပြီးနောက် ထိုအမျိုးသမီးမှာလည်း ခေတ္တမျှ ကြောင်အမ်းသွားရသည်။

အတော်ကြာမှ သူမက အားမရှိသော အသံဖြင့် ပြောလိုက်သည်။ "လာနောက်မနေပါနဲ့။ စစ်ဆေးလို့ မရဘူးဆိုတာ G အဆင့်တောင် မရှိတာကို ဆိုလိုတာ မဟုတ်ဘူးလား။ ဒါကိုမှ လာပြီး ငြင်းနေသေးတယ်..."

"နင် ဘာတွေ လာပြောနေတာလဲ။"

ထိုအမျိုးသမီး စကားမဆုံးမီမှာပင် အဖွဲ့ချုပ်မှ လူများက ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြတော့သည်။

"ငါတို့ ချူးလေး ဘာဖြစ်ဖြစ် နင်နဲ့ ဘာဆိုင်လို့လဲ။ နင့်အလုပ် နင်လုပ်စမ်းပါ။"

"ဟုတ်တယ်။ ငါတို့ ချူးလေးရဲ့ ပြပွဲကို လာကြည့်ပြီးတော့မှ ပြဿနာလာရှာနေတာ၊ နင့်ဦးနှောက်က တစ်ခုခု ဖြစ်နေတာလား။"

"တစ်ခုခု ဖြစ်နေရင်လည်း ဉာဏ်ပညာတိမ်တိုက်ဂလက်ဆီကို မြန်မြန်ပြန်ပြီး ဆေးသွားသောက်လိုက်လေ။ ဒီမှာ ဘာလာလုပ်နေတာလဲ။"

"ငါတို့ ချူးလေးကို ခဏခဏ လာပြီး အနိုင်ကျင့်နေတာ၊ အဖွဲ့ချုပ်က လူတွေကို မျက်စိကန်းနေတယ် ထင်နေလား။"

ယခုအချိန်တွင် မော့ချူးကို ဝိုင်းဝန်းကူညီပေးနေကြသော အဖွဲ့ချုပ်ရှိလူများ၏ အတွေးမှာ ရိုးရှင်းလှသည်။ မော့ချူး၏ မျိုးဗီဇအဆင့် နိမ့်သည်ဖြစ်စေ၊ မနိမ့်သည်ဖြစ်စေ ပြင်ပလူတစ်ဦး၏ အနိုင်ကျင့်ခြင်းကိုမူ သူတို့ လက်ပိုက်ကြည့်နေနိုင်မယ်ထင်လို့လား။ သေချာပေါက် သူတို့မလုပ်နိုင်ဘူး။

၎င်းမှာ ၂၁ ရာစုက အခြေအနေတွေနဲ့ အတော်လေးကို ဆင်တူနေသည်။ မိမိတို့ဘာသာ ကိုယ့်နိုင်ငံအကြောင်းကို ကိုယ်တိုင်ပဲ ပြန်လည်ကဲ့ရဲ့ အပြစ်တင်ခြင်းမျိုးကိုတော့ တံခါးပိတ်ပြီး သီးသန့်သာ လုပ်ဆောင်လေ့ရှိကြသည်။ သို့သော်လည်း အခြားနိုင်ငံမှ လူများကသာ မိမိတို့အပေါ် မကောင်းသည့်စကား တစ်ခွန်းတစ်လေမှား၍ ပြောဆိုလာခဲ့ပါက သူတို့သည် အလျှော့ပေးမည်မဟုတ်ဘဲ အသေအချာပင် ပြန်လည်တုံ့ပြန်ကြမည်သာ ဖြစ်သည်။

လူတိုင်းမှာ ထိုကဲ့သို့သော စိတ်ထားမျိုး ရှိနေကြခြင်း ဖြစ်သည်…

ထို့ကြောင့်ပင် လူအများ၏ ဒေါသတကြီး ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရသော ဉာဏ်ပညာတိမ်တိုက်ဂလက်ဆီမှ လူများမှာ မှင်သက်သွားကြရသည်။ အခြေအနေမှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။

လုံခြုံရေးဝန်ထမ်းများပင် ခေါ်စရာမလိုဘဲ အဖွဲ့ချုပ်သားများကပင် သူတို့ကို တစ်လှမ်းချင်းစီ မောင်းထုတ်လိုက်ကြတော့သည်။

လူအင်အား မမျှတာကတော့ နောက်ပြောင်စရာ မဟုတ်ပေ။

မိနစ်အနည်းငယ်အတွင်းမှာပင် မူလက ဘဝင်မြင့်နေကြသော ဉာဏ်ပညာတိမ်တိုက်ဂလက်ဆီသားများမှာ အားလုံး မောင်းထုတ်ခြင်း ခံလိုက်ရတော့သည်။

တံခါးကြီး ပိတ်သွားခဲ့သည်။

ဝိုး…

ပြပွဲခန်းမတစ်ခုလုံးရှိ လေထုမှာ ချက်ချင်းပင် ပိုကောင်းမွန်သွားသည်ဟု လူတိုင်း ခံစားလိုက်ရသည် မဟုတ်ပါလား။

All Chapters