အခန်း (၆၀၀)
Vol. 40 Ch. 600
မော့ချူး နိုးလာချိန်တွင် နေပင် မြင့်နေပြီဖြစ်သည်။
တောက်ပသော နေရောင်ခြည်များက သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။ ၎င်းမှာ နွေးထွေးပြီး အလွန်ပင် သက်တောင့်သက်သာ ရှိလှသည်။
“နိုးပြီလား။” အမျိုးသားတစ်ဦး၏ အသံမှာ သူမ၏ နားနားတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းက မော့ချူးကို တကယ်ပင် လန့်သွားစေခဲ့သည်။
မနေ့ညက နျဉ်ယွိယွမ် ပြတင်းပေါက်မှတစ်ဆင့် ခိုးဝင်လာခဲ့သည့် အဖြစ်အပျက်မှာ သူမ၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာတော့သည်။ မော့ချူး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ နျဉ်ယွိယွမ် တစ်ယောက် အစောကြီးကတည်းက ပြန်သွားပြီလို့ သူမ ထင်ထားခဲ့တာ…
'သာမန်လူတွေရဲ့ တွေးခေါ်ပုံအရဆိုရင် သူ လိုချင်တာရပြီးတာနဲ့ ချက်ချင်း ပြန်သွားသင့်တာ မဟုတ်လား။ နျဉ်ယွိယွမ်က ဘာလို့ ပုံမှန်အတိုင်း မလုပ်တာလဲ။'
မော့ချူး လှည့်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင်.. ဤလူမှာ သူမ၏ ကုတင်ပေါ်တွင် ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ သူမကို ငုံ့ကြည့်နေသည်။ ထိုမျှလောက် ဇိမ်ကျနေသည့် ပုံစံမှာ သူ့အိမ်မှာ သူနေရတာထက်တောင် ပိုပြီး သက်တောင့်သက်သာ ရှိနေပုံရသည်။
ကံမကောင်းစွာဖြင့် မော့ချူးမှာမူ ယခုအချိန်တွင် ဇိမ်ခံနေနိုင်သည့် စိတ်အခြေအနေတွင် မရှိပေ။ သူမမှာ သေမတတ် ကြောက်နေရတာလေ ဟုတ်ပြီလား။ နျဉ်ယွိယွမ် ဆိုတဲ့ ဒီလူလိမ်ရဲ့လက်ချက်နဲ့ ငါတကယ်ကြီး အသက်ထွက်တော့မှာပဲ။
“ရှင် ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။” မော့ချူး အမြန်ထထိုင်လိုက်ပြီး ပျာပျာသလဲဖြင့် နျဉ်ယွိယွမ်ကို တွန်းထုတ်လိုက်သည်။ သူမ အစ်ကိုသာ မိသွားရင်တော့ ဒုက္ခပဲ။
“ဘာလဲ၊ မင်းက မြစ်ကိုကူးပြီးတော့ တံတားကို ဖျက်ပစ်ဖို့ ကြံနေတာလား။” နျဉ်ယွိယွမ် မျက်ခုံးပင့်ကာ နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
'ဟုတ်တာပေါ့။ မနေ့ညကမှ သူက ဒီမိန်းကလေးအတွက် အိပ်ရာကို နွေးအောင်လုပ်ပေးပြီး ခြေထောက်တွေကိုပါ နွေးအောင် လုပ်ပေးခဲ့တာလေ၊ အခုကြတော့ သုံးပြီးတာနဲ့ လွှင့်ပစ်တော့မလို့လား။ ကျွတ်စ်... တကယ်ကို နှလုံးသားမရှိတဲ့ မိန်းကလေးပဲ။'
:ဘယ်သူက မြစ်ကူးပြီး တံတားဖျက်လို့လဲ။' မော့ချူးမှာ သူ့ရှေ့မှာ ဒူးတောင် ထောက်ချင်စိတ် ပေါက်သွားသည်။ 'အခုက အဲဒီအကြောင်း ပြောနေရမယ့် အချိန်လား။'
“တော်တော့၊ မနောက်နဲ့တော့။ မြန်မြန် ထွက်သွားပေးပါတော့၊ ရမလား။” သူမ အစ်ကိုသာ နျဉ်ယွိယွမ်ကို သူမကုတင်ပေါ်မှာ တွေ့သွားရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ မှန်းဆလို့တောင် မရနိုင်ပေ။
မော့ယန်သည် များသောအားဖြင့် ဒေါသမထွက်တတ်ဘဲ နူးညံ့သိမ်မွေ့သည့် ပုံစံရှိသော်လည်း ထိုကဲ့သို့သော လူစားမျိုး ဒေါသထွက်လာသည့်အခါ သာမန်လူတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းလှသည်။
သူမ အစ်ကိုကြီး၏ ဒေါသကြောင့် နီမြန်းနေသော မျက်လုံးများကို တွေးမိသည့်အခါ မော့ချူး၏ နှလုံးသားလေးမှာ ရုတ်တရက် တုန်ယင်သွားခဲ့သည်။ ထို့ကြောင့်ပင် သူမသည် နျဉ်ယွိယွမ်ကို ပို၍ပင် အားစိုက်ကာ တွန်းထုတ်လိုက်တော့သည်။
မော့ချူး၏ စိုးရိမ်နေသော ပုံစံကို မြင်သည့်အခါ နျဉ်ယွိယွမ်က အလျှော့ပေးသယောင်ဖြင့် ကုတင်ပေါ်သို့ ပြန်လှဲချလိုက်သည်။ သူက အရှက်မရှိသော မျက်နှာပေးဖြင့် ပြောခဲ့သည်။ “မသွားဘူး၊ ကိုယ်မသွားဘူး။”
မသွားဘူးဆိုတာ ဘာသဘောလဲ။
မော့ချူး အံကြိတ်ကာ သူမ၏ အားရှိသမျှဖြင့် သူ့ကို တွန်းလိုက်သည်။ နောက်ဆုံးတွင်တော့ ဤလူမှာ သံတုံးကြီးတစ်တုံးကဲ့သို့ လေးလံလှသည်။ အချိန်အတော်ကြာ တွန်းသော်လည်း သူက လုံးဝ မလှုပ်သည့်အပြင် သူမမှာသာ နဖူးတွင် ချွေးများ စိုရွှဲကာ အမောဆို့ ကျန်ရစ်ခဲ့တော့သည်။
'အားးးး ဒီလူက ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ။ ဝက်များလား။'
မော့ချူး၏ ရင်ထဲတွင် မကျေနပ်မှုများမှာ တော်တော်လေး နက်ရှိုင်းနေပြီဖြစ်သည်။
ထိုအချိန်တွင်ပင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ 'ဒေါက် ဒေါက်။' ထိုအသံမှာ အလွန်ပင် ရှင်းလင်းလှသည်။
မော့ချူးမှာ အကြီးအကျယ် လန့်သွားပြီး ပျာယာခတ်သွားတော့သည်။ သူမသည် နျဉ်ယွိယွမ်ကို စောင်ဖြင့် အုပ်ရမလား၊ ကုတင်အောက်သို့ တွန်းချရမလား ဝေခွဲမရ ဖြစ်နေသည်။ နောက်ဆုံးတွင်တော့ ဘာလုပ်လုပ် အဆင်မပြေနိုင်မှန်း သိလိုက်ရသဖြင့် သူမ၏ လက်များမှာ တုန်ယင်လာခဲ့သည်။
'သွားပြီ၊ သွားပြီ။' မော့ချူး၏ မျက်နှာမှာ ညှိုးငယ်သွားတော့သည်။ 'ဒါ သေချာပေါက် သူမ အစ်ကိုကြီး တံခါးလာခေါက်တာပဲ။ ဒါပေမယ့် သူသာ တံခါးဖွင့်ဝင်လာပြီး ဒီလိုပုံစံကြီး တွေ့သွားရင်တော့ ဘယ်လိုမှ ရှင်းပြလို့ ရမှာ မဟုတ်တော့ဘူး။'
“စိတ်မပူပါနဲ့၊ ကိုယ် တံခါးလော့ချထားပါတယ်။” မော့ချူး စိုးရိမ်နေသည်ကို မြင်သည့်အခါ နျဉ်ယွိယွမ်က ထရပ်ပြီး သူမကို စိတ်ကောင်းရှိစွာဖြင့် ပြောလိုက်သည်။
ဒါကို ကြားလိုက်ရသည့်အခါ မော့ချူး ခဏတာ ရပ်တန့်သွားပြီး နျဉ်ယွိယွမ်ကို အံ့သြတကြီး လှည့်ကြည့်လိုက်သည်။ ' ... တံခါးပိတ်ထားတယ် ဟုတ်လား။ ဟင်း... တော်သေးတာပေါ့။'
ဒါကို ကြားလိုက်ရမှသာ မော့ချူး သက်ပြင်းချနိုင်တော့သည်။ သူမ၏ စိုးရိမ်ပူပန်နေသော စိတ်မှာလည်း ချက်ချင်းပင် လျော့ပါးသွားခဲ့သည်။
'အားးး မနက်စောစောစီးစီး လူကို သေမတတ် ကြောက်အောင် လုပ်တာပဲ။ သူမ အစ်ကိုကြီး ရုတ်တရက် တံခါးဖွင့်ဝင်လာပြီး သူတို့ကို လက်ပူးလက်ကြပ် မိသွားတော့မယ်လို့တောင် ထင်လိုက်တာ။ ကံကောင်းလို့ နျဉ်ယွိယွမ်က ပါးနပ်လို့…'
နောက်တစ်ခဏမှာတော့ မော့ချူး သူမကိုယ်သူမ ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။ ‘နင့်ပါးစပ်က ဘာတွေ လျှောက်ပြောနေတာလဲ။ ဘာ လက်ပူးလက်ကြပ် မိတာလဲ။’
“ကျွီ...” တံခါး ပွင့်သွားခဲ့သည်။
မော့ချူး၏ ဦးနှောက်မှာ ချက်ချင်း ဗလာဖြစ်သွားတော့သည်... သူမ စိတ်ထဲတွင် ပေါ်လာသည့် တစ်ခုတည်းသော အတွေးမှာ ‘သွားပြီ’ ဆိုတာပင်။ သူမ အစ်ကိုကြီးမှာလည်း အခန်းထဲဝင်ဖို့ လျှို့ဝှက်နံပါတ်ရှိတာကို သူမ မေ့သွားခဲ့တာပဲ။ သူမ တကယ်ကို တုံးအလိုက်တာ။
မော့ချူးမှာ ကြောင်နေသော်လည်း နျဉ်ယွိယွမ်၏ လှုပ်ရှားမှုများမှာ သူမထက် ပို၍ မြန်ဆန်လှသည်။ သူသည် ဘေးနားရှိ စောင်ကို ချက်ချင်းယူကာ သူမကို လုံအောင် အုပ်ပေးလိုက်သည်။ သို့သော် မော့ချူးမှာမူ အတော်လေး စိတ်ရှုပ်သွားရသည်။
“...” အင်း... ကျွန်မတို့ နေရာတွေ မှားနေလားလို့။
နျဉ်ယွိယွမ်၏ စောင်အောက်တွင် ရောက်နေသဖြင့် မော့ချူးသည် သူတို့နှစ်ဦးကြားက ပြင်းထန်သော အကြည့်ချင်း ဖလှယ်မှုများကို မမြင်လိုက်ရပေ။ နျဉ်ယွိယွမ်က သူမကို စောင်အောက်မှ ပြန်ဆွဲထုတ်လိုက်သည့် အချိန်အထိ သူမ စောင့်နေခဲ့ရသည်။
'ဒုက္ခပဲ' တံခါးဝတွင် ရပ်နေသော သူမ အစ်ကိုကြီး၏ မျက်နှာမှာ မည်ကဲ့သို့ ဖော်ပြရမှန်း မသိလောက်အောင်ပင် မည်းမှောင်နေတော့သည်။
အတော်ကြာမှ မော့ယန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ “နျဉ်ယွိယွမ်၊ ငါနဲ့ ခဏ အပြင်ကို လိုက်ခဲ့။”
“ကောင်းပြီ။” နျဉ်ယွိယွမ်က သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်လိုက်ပြီး ဘာမှထပ်မပြောဘဲ မော့ယန်နောက်သို့ လိုက်သွားခဲ့သည်။
အခန်းထဲတွင် ကျန်ရစ်ခဲ့သော မော့ချူးမှာ ဘာမှမပြောဝံ့ပေ။ သူမသည် သူတို့နှစ်ဦး တိတ်တဆိတ် ထွက်သွားသည်ကိုသာ ကြည့်နေမိတော့သည်…
သူတို့နှစ်ဦး ထွက်သွားသည့်အခါမှသာ မော့ချူး ရုတ်တရက် သတိဝင်လာသည်။ 'ဟင်... တစ်ခုခုတော့ မှားနေပြီ။'
မော့ချူး ရုတ်တရက် ထထိုင်လိုက်သည်။ အတော်ကြာ စဉ်းစားပြီးမှ သူမ နားလည်သွားသည်။ 'ဟုတ်သားပဲ၊ ပုံမှန်ဆိုရင် သူမက တံခါးကို တမင်တကာ ပိတ်မထားတတ်ဘူးလေ။'
'ဒါပေမယ့် နျဉ်ယွိယွမ်ရဲ့ လုပ်ရပ်တွေကတော့ တကယ်ကို အရှက်မရှိတာပဲ။ မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေအပြင် အခုလို တံခါးပိတ်ထားတာကိုပါ တွေ့ရင် မော့ယန်အနေနဲ့ သံသယဖြစ်ပြီး တံခါးဖွင့်ဝင်လာမှာက မဆန်းပါဘူး။'
'နျဉ်ယွိယွမ်လို ဉာဏ်ကောင်းတဲ့သူက ဒီလို အခြေခံအကျဆုံး အမှားမျိုးကို လုပ်ပါ့မလား။ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ဆိုလိုတာက... နျဉ်ယွိယွမ်က မော့ယန်ကို တမင်တကာ သိစေချင်လို့လား။ မဟုတ်ရင် သူ့ရဲ့ စေ့စပ်သေချာမှုနဲ့ဆိုရင် အခုထိ ဒီလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။'
ဒီမေးခွန်းကို အဖြေရှာမိသွားသည့်အခါ မော့ချူး နှာခေါင်းရှုံ့လိုက်မိသည်။ 'ဒီ လျှို့ဝှက်ချက်များတဲ့လူက သူမကိုတောင် အကွက်ချစီစဉ်သွားတာပဲ'
အောက်ထပ်တွင်မူ ယောင်္ကျားချင်း တိုက်ပွဲတစ်ခု ဖြစ်နေသည်။ သူတို့နှစ်ဦး အောက်ထပ်သို့ ဆင်းလာပြီးသည်နှင့် မော့ယန်က စကားတစ်လုံးမှ မပြောဘဲ ချက်ချင်း လှည့်ကာ တိုက်ခိုက်တော့သည်။
သူသည် စစ်တပ်တွင် ဆယ်နှစ်နီးပါး လေ့ကျင့်ခဲ့သူဖြစ်သည်။ သူ၏ အရည်အချင်းမှာ နျဉ်ယွိယွမ်နှင့် မယှဉ်နိုင်သော်လည်း ယခုအချိန်တွင် သူသည် အပြည့်အဝ ဒေါသထွက်နေသဖြင့် သူ၏ လက်သီးချက်များမှာ ပို၍ ထက်မြက်လာခဲ့သည်။ ခဏတာအတွင်းမှာပင် သူသည် နျဉ်ယွိယွမ်နှင့် အပြန်အလှန် တိုက်ခိုက်နိုင်ခဲ့သည်။
အထူးသဖြင့် သူ့ရှေ့က ဒီလူယုတ်မာက သူ၏ ညီမလေး ကုတင်ပေါ်အထိ တက်ခဲ့သည်ဟု တွေးမိသည့်အခါ မော့ယန်၏ ရင်ထဲမှ ဒေါသများမှာ ပို၍ မြင့်တက်လာခဲ့သည်။ ထို့ကြောင့်ပင် သူ၏ တိုက်ခိုက်မှုများမှာ ပို၍ ပြင်းထန်လာခဲ့တော့သည်။
သူတို့နှစ်ဦး၏ လက်သီးချင်း ထိတွေ့သံများမှာ လေတိုးသံများကဲ့သို့ ထွက်ပေါ်နေသည်။ ရံဖန်ရံခါတွင်လည်း ခန္ဓာကိုယ်ကို ထိမှန်သံများ ကြားနေရသည်။ ကြည့်လိုက်ရုံနှင့်ပင် အနည်းငယ် ကြောက်စရာ ကောင်းလှသည်။
သို့သော် နာရီဝက်ကျော်ကြာ တိုက်ခိုက်ပြီးနောက်တွင်မူ နျဉ်ယွိယွမ်သာ ဒဏ်ရာရလုနီးပါး ဖြစ်နေခဲ့သည်။ သူက မော့ယန်ကို မယှဉ်နိုင်၍ မဟုတ်ဘဲ မော့ယန်၏ အဆင့်အတန်းကြောင့် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက သူ၏ ယောက်ဖ ဖြစ်နေသည်မဟုတ်ပါလား၊ ထို့ကြောင့် နျဉ်ယွိယွမ်အနေဖြင့် သူ့ကို ပြနတိုက်ခိုက်ရန် အကြောင်းမရှိပေ။ ချူးလေးသာ သိသွားရင် သူ့ကို အပြစ်တင်လိမ့်မည်။
နျဉ်ယွိယွမ်က အလျှော့ပေးနေသဖြင့် မော့ယန်၏ တိုက်ခိုက်မှုများမှာ ပို၍ ပြင်းထန်လာသည်။ သူသည် နျဉ်ယွိယွမ်ကို အကြိမ်အနည်းငယ် ထိုးနှက်ပြီးမှသာ ရပ်လိုက်တော့သည်။ နျဉ်ယွိယွမ်သည် နာကျင်မှုကြောင့် ခန္ဓာကိုယ်ကို အနည်းငယ် ကုန်းလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။
“မင်းသာ ချူးလေး အခန်းထဲကို နောက်တစ်ခါ ထပ်ခိုးဝင်ရဲရင်…” မော့ယန်က သူ၏ လက်သီးကို မြှောက်ကာ ခြိမ်းခြောက်လိုက်သည်။ “ငါ မင်းကို ဒီထက်ပိုပြီး လုပ်မှာနော်။”
“အစ်ကို၊ နောက်ထပ် ဘာတွေများ လုပ်ဖို့ ကြံထားသေးလဲ။” နျဉ်ယွိယွမ်က ခပ်တိုးတိုး ရယ်လိုက်သည်။ ဤကဲ့သို့ ခေါ်ဝေါ်ရသည်မှာ သူ့အတွက်တော့ မခက်ခဲလှပေ။ “အစ်ကို့မှာ တခြား အကွက်တွေ ရှိသေးရင်လည်း အခုပဲ ထုတ်သုံးလိုက်လေ။”
ဒါကို ကြားလိုက်ရသည့်အခါ မော့ယန်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။ 'နျဉ်ယွိယွမ် ပြောပုံအရဆိုရင်... သူက မော့ချူး အခန်းထဲကို ထပ်ပြီး ခိုးဝင်ဖို့ ကြံနေတုန်းပဲလား။'
“အစ်ကို၊ ကျွန်တော့်ကို ခင်ဗျား တားလို့မရဘူးဆိုတာ သိနေတာပဲ။” မော့ယန်၏ မျက်နှာ ပျက်သွားသည်ကို မြင်သည့်အခါ နျဉ်ယွိယွမ်က မီးလောင်ရာ လေပင့်လိုက်ပြန်သည်။
ဟုတ်တာပေါ့။ ချူးလေး တွေးထားသကဲ့သို့ပင် သူသည် မော့ယန် တမင်တကာ သိအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။
'ဘာပဲဖြစ်ဖြစ် သူနဲ့ ချူးလေးက လက်ထပ်ပြီးသားလေ။ သူ တစ်ယောက်တည်း မနေချင်တော့ဘူး။ လှည့်ကွက်သုံးတာပဲဖြစ်ဖြစ်၊ ရိုးရိုးသားသားပဲဖြစ်ဖြစ် သူ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်မှာပဲ။ ဇွဲနဲ့ သည်းခံမှုဆိုတာလည်း သူ့မှာ လိုတာထက်တောင် ပိုသေးတယ်လေ။'
နျဉ်ယွိယွမ်၏ မာနကြီးသော စကားများကို ကြားရသည့်အခါ မော့ယန်မှာ ဒေါသကြောင့် အံကြိတ်မိသော်လည်း သူပြောနေသည်မှာ အမှန်တရားဖြစ်ကြောင်း သိနေသည်။ ဘာပဲဖြစ်ဖြစ် နျဉ်ယွိယွမ်၏ အရည်အချင်းနှင့်ဆိုလျှင် ဤအိမ်ထဲသို့ ဝင်ထွက်ဖို့မှာ သူ့အတွက်တော့ ကလေးကစားစရာလိုပင်။ ထို့အပြင် သူသာ အမိမခံချင်ရင် ဘယ်သူမှ မသိအောင် လာချင်တိုင်း လာနိုင်သူ ဖြစ်သည်။
ယနေ့ သူကိုယ်တိုင် ဗြောင်ပြလိုက်ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိစေချင်၍ ဖြစ်သည်။ ချူးလေးက သူ့အိမ်ကို ပြောင်းလာတာပဲဖြစ်ဖြစ်၊ သူကပဲ ညဘက် လာတာပဲဖြစ်ဖြစ်၊ အတိုချုပ်ပြောရရင် သူ ချူးလေးနဲ့ မခွဲနိုင်ဘူး ဆိုတာပဲ။
ဟမ့်။ ဒီကောင်စုတ်ကတော့။
မော့ယန်၏ လက်ဝါးများမှာ တစ်ဖန် ပြန်လည် ယားယံလာခဲ့သည်။ သူသည် လက်သီးကို တင်းတင်းဆုပ်ကာ ရင်ထဲမှ တိတ်တဆိတ် တွက်ချက်နေတော့သည်။ သူသာ နျဉ်ယွိယွမ်ကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်ရင် ချူးလေးဆီ လာနှောင့်ယှက်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူးမလား။
“အစ်ကို၊ ကျွန်တော်ကတော့ ခင်ဗျားရဲ့ တိုက်ခိုက်မှုတွေကို ရှောင်နေမှာပဲ။” မော့ယန်၏ အတွေးကို ရိပ်မိသကဲ့သို့ နျဉ်ယွိယွမ် အသာအယာ ရယ်လိုက်သည်။ သူသည် မော့ယန်ကို ပြန်လည် တိုက်ခိုက်မည် မဟုတ်သော်လည်း ရှောင်တိမ်းဖို့ကတော့ သူ့အတွက် အလွန်ပင် လွယ်ကူလှသည်။
ယခုအချိန်တွင် မော့ယန်သည် ‘ငါက ဒီလိုပဲ တော်နေတာ၊ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ’ ဆိုသည့် အထာဖမ်းနေသော သူ၏ မျက်နှာကို လက်သီးနှင့်သာ ထိုးပစ်ချင်စိတ် ပေါက်နေတော့သည်။
လေထုမှာ တစ်ဖန် ပြန်လည် တင်းမာလာသည်ကို မြင်သည့်အခါ... မျက်နှာသစ် သန့်စင်ပြီးသား မော့ချူးသည် အောက်ထပ်သို့ ဆင်းလာကာ တိုးတိုးလေး မေးလိုက်သည်။ “ရှင်တို့ နှစ်ယောက်... ဘာဖြစ်နေကြတာလဲ။”
သူတို့နှစ်ဦးစလုံးမှာ မော့ချူးကို စိတ်မပူစေချင်ကြပေ။ သူတို့ ဘယ်လိုပဲ ရန်ဖြစ်ဖြစ် ဒါဟာ သူတို့ ယောင်္ကျားချင်း ကိစ္စသာ ဖြစ်သည်။ ထို့ကြောင့် သူတို့ မော့ချူးကို ပြုံးပြကာ ကြိုဆိုလိုက်ကြသည်။