အခန်း (၃၇၀-၃၇၁)
Vol. 34 Ch. 370-371
အခန်း ၃၇၀ - ရှုဧကရာဇ်နှင့် ဟူဧကရာဇ်တို့ ရုတ်တရက်ပေါ်ထွက်လာခြင်း...
သမင်နက်သခင်သည် ကျိယွမ်၏ဘေးတွင် ရပ်နေပြီး သူ၏ မျက်နှာအမူအရာမှာ သိသိသာသာရှုပ်ထွေးနေ၏။
“နှမြောစရာပဲ။ လူတွေရဲ့ စိတ်နှလုံးက သိပ်ကို ရှုပ်ထွေးလွန်းတယ်။ တကယ်လို့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုက ငါတို့နဲ့ ပူးပေါင်းနိုင်မယ်ဆိုရင် အရှေ့ဘက်သခင် ပေးအပ်ထားတဲ့ တာဝန်က ပြီးမြောက်ဖို့ ဒီလောက် ခက်ခဲမှာ မဟုတ်ဘူး"
"ပြီးတော့ သူတို့က သိပ်ကို လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ဆက်သွယ်ဖို့ မဖြစ်နိုင်တာကလည်း ကံဆိုးတာပဲ။ ဒါပေမဲ့... သူတို့သာ အရှေ့ဘက်သခင်နဲ့ တွေ့ဆုံပြီး သူပြောတာတွေကို နားထောင်ခွင့်ရမယ်ဆိုရင် သူတို့ဟာ ကျိန်းသေပေါက် ယုံကြည်သွားကြမှာဖြစ်ပြီး ဒီကမ္ဘာကြီး ကောင်းမွန်လာဖို့အတွက် အတူတကွ လက်တွဲ လုပ်ဆောင်ကြမှာပဲ။”
သမင်နက်က အားမလိုအားမရဖြစ်စွာ ညည်းညူလိုက်သည်။
ကျိယွမ်က သမင်နက်ကို တစ်ချက်ကြည့်၏။
“အရှေ့ဘက်သခင်က တကယ်ပဲ အဲ့ဒီလောက် ဖျောင်းဖျနိုင်စွမ်း ရှိတာလား။သူ့ကို တွေ့ဖို့ ပိုပြီးတော့ကို စိတ်ဝင်စားလာပြီ။”
ဒီလူတွေရဲ့ အရှေ့ဘက်သခင်အပေါ် ထားရှိတဲ့ သစ္စာစောင့်သိမှုက ကြောက်စရာကောင်းတယ်။တော်တော်ကို လေးစားကြည်ညိုကြတာ ။
ကျိယွမ်သည် ၎င်းကို အတော်လေး စူးစမ်းချင်စိတ် ဖြစ်မိသည်။
အရှေ့ဘက်သခင်ကလည် ငါ့လိုမျိုး ကိုယ်ပိုင်ဆွဲဆောင်မှု ရှိနေပုံရတယ်။
သို့သော်လည်း သေချာတွေးကြည့်ပြီးနောက် ကျိယွမ်က သူသည် အရှေ့ဘက်သခင်ထက် အနည်းငယ် နိမ့်ကျနိုင်သည်ဟု တွေးမိပြန်သည်။
ငါ့ရဲ့လက်အောက်ခံတွေက ငါ့ရဲ့ စိတ်ဝိညာဉ်တွေဆိုတော့ ငါ့ရဲ့ အစိတ်အပိုင်းတွေ လေ။ ပြောရရင် သူတို့ကလည်း ငါပဲ။
ထို့ကြောင့် သူ၏လက်အောက်ခံများက သူ့ကိုယုံကြည်သည်ဟု ပြောခြင်းထက် သူက သူ့ကိုယ်သူ ယုံကြည်သည် ဟု ပြောမှ သဘာဝကျမည်ဖြစ်သည်။
ရုတ်တရက် ကျိယွမ်သည် ဂြိုဟ်သားအပျက်အစီးများကြားရှိ ခေါင်းတလားထဲမှ အလောင်းကို သတိရသွားသည်။
“မင်း အရှေ့ဘက်သခင်ရဲ့ လက်တွဲဖော်ဖြစ်တဲ့ ဌာနေမိစ္ဆာတွေရဲ့သခင်မဆိုတာကိုရော မြင်ဖူးလား။”
သမင်နက်က ခေါင်းခါပြ၏။
“တစ်ခါမှ မမြင်ဖူးဘူး။ ငါတို့ထဲက ဘယ်သူမှ အရှေ့ဘက်သခင်ရဲ့ ကိုယ်ပွားအစစ်အမှန်ကို မမြင်ဖူးကြဘူး။ ငါတို့ မြင်ဖူးတာတွေက ရောင်ပြန်ဟပ်မှုတွေလောက်ပဲ မြင်ဖူးတာ။”
“အော်။”
ကျိယွမ်က ထပ်ပြီး အလေးအနက် မတွေးတော့ပေ။
ထို့နောက် သမင်နက်၏ အကြည့်က မျှော်စင်၏ အောက်ထပ်သို့ ရောက်သွားပြီး သူ၏ မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။
“မစ္စတာ ကျိ ၊ ခင်ဗျားမှာ တကယ်ပဲ ထက်မြက်တဲ့ အကဲဖြတ်နိုင်စွမ်းနဲ့ စူးရှတဲ့ မျက်လုံးတွေ ရှိတာပဲ"
" မူယန် ဆိုတဲ့ ကောင်လေးက ၁၅ ထပ်မြောက်ကို ရောက်နေပြီဖြစ်လို့ ထိပ်တန်းအုပ်စုထဲမှာ ပါနေပြီ"
" ဝတ်ရုံနက်နဲ့ ကောင်လေးကတော့... ဟီးဟီး၊ သူက တကယ်ပဲ အမြင့်ကြောက်တာပဲ။ သူက ၆ ထပ်မှာ ပိတ်မိနေပြီး လှုပ်တောင် မလှုပ်ရဲဘူး"
"၆ ထပ်ကို သခင်ကျိချီက စီမံခန့်ခွဲနေတာလေ ၊ စိန်ခေါ်မှုကို အနည်းငယ် ပြောင်းလဲလိုက်တာနဲ့ အဲ့ဒီ ဝတ်ရုံနက်ကောင်လေးက လုံးဝကို ပိတ်မိသွားတာပဲ။”
သမင်နက်သည် အလွန်ပင် လိမ္မာပါးနပ်လှပြီး သိုင်းနတ်ဘုရားကျိချီက ကျိယွမ်အပေါ် မည်သို့ စေတနာထားကြောင်းကို သွယ်ဝိုက်၍ ပြောဆိုလိုက်သည်။
၎င်းသည် ကျိချီအတွက် မျက်နှာသာပေးမှုတစ်ခု ရရှိစေရန်ဖြစ်၏။
သူသည် ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားတစ်ဦးအနေဖြင့် သာမန်သိုင်းနတ်ဘုရားတစ်ဦး၏ စေတနာကို အထူးတလည် ဂရုမစိုက်သော်လည်း အမှတ်တမဲ့ ပြုလုပ်ပေးခြင်းက နစ်နာစရာ မရှိပေ။
“မဆိုးဘူး၊ လုပ်တာ ကောင်းတယ်”
ကျိယွမ်က ဝတ်ကျေတမ်းကျေ မှတ်ချက်ပေးလိုက်ပြီး မျှော်စင်အတွင်းရှိ တိုက်ပွဲကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။
ထိုနေရာတွက် သိုင်းဘုရင်များ အစွမ်းကုန် တိုက်ခိုက်နေကြ၏။ သို့သော်လည် သူ့အတွက်တော့ ပါရာမေစီယမ်နှင့် မှိုတက်နေသော တဆေးတို့ကြားက တိုက်ပွဲထက် ပို၍ စိတ်လှုပ်ရှားစရာ မကောင်းဘဲ လုံးဝ ပျင်းစရာကောင်းလှသည်။
ဤလူများသည် ကုံရှင်းပေါ်ရှိ ကီးဘုတ်တိုက်ပွဲများလောက်ပင် စိတ်ဝင်စားစရာ မကောင်းပေ။
အနည်းဆုံးတော့ ကီးဘုတ်ဖိုက်တာများက ပြဿနာကို မရ ရအောင်ရှာတတ်ကြပြီး အခြေအတင် စကားများဖြင့် အပြန်အလှန်လှောင်ပြောင်တတ်ကြ သဖြင့် ပျော်စရာကောင်း၏။
အဲကီးဘုတ်ဆိုမှ ..အွန်လိုင်းမှာ ငါမေးထားတာ အဖြေတွေတော်တော်များနေလောက်ပြီ ။ ပြန်စစ်ရမယ် ။
ကျိယွမ်၏အာရုံက သူတင်ခဲ့သော ငရဲပြည်တည်ဆောက်နည်းပို့စ်ဆီသို့ တစ်ဖန် ပြန်ရောက်သွားပြန်သည်။
သို့သော် သူ့ပို့စ်ကို မြင်လိုက်ရသောအခါ ကျိယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
“ဒီလောက် ရက်တွေ အကြာကြီးကုန်သွားတာတောင် ကွန်မန့်အသစ် မရှိသေးဘူးလား"
" ငါ့ကို ဘမ်းပြန်ပြီလား ။”
သူသည် မရိုးသားမှုတစ်ခုခု ရှိနေသည်ဟု သံသယဝင်မိသည်။
မညီမျှမှု နိယာမအရ ငါ့မှာ ကြည့်ရှုသူ မရှိဘူးဆိုရင် အဲ့ဒါ ငါ့ကို မလိုတမာ တိုက်ခိုက်နေကြတာပဲ ဖြစ်ရမယ်။
“ဒါက ယုတ်မာလွန်းတယ်။”
ကျိယွမ်က တိုးတိုးလေး ရေရွတ်လိုက်ပြီး အရင်ကသူ့အား မြေကွက်ဝယ်ရန်အကြံပေးခဲ့သည့် ပါရမီရှင်ကို တဂ် (tag) လုပ်ကာ မေးလိုက်သည်။
“ပါရမီရှင်၊ နောက်ထပ် အမြင်တွေ ရှိသေးလား။ မြေကွက်ဝယ်ပြီးရင် ငါ ဘာလုပ်သင့်လဲ။”
မကြာခင်မှာပင် ထိုပါရမီရှင်က ပြန်ဖြေလာသည်။
“ခက်ပါ့... ညီအစ်ကိုရာ၊ ကန်ရှင်းက ငါတို့ကို ကျူးကျော်တော့မယ်။ အပိုစကားတွေ ပြောနေဖို့ အချိန်မရှိဘူး။”
“အော်.. ကန်ရှင်းက ကျူးကျော်နေတာလား "
" ဒါပေမဲ့ ဒါက အပိုစကားပြောနေတာ မဟုတ်ဘူးလေ ၊ ငါတို့က ကျင့်ကြံခြင်းလောက တစ်ခုလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မယ့်အရာကို ဆွေးနွေးနေတာပါ”
ကျိယွမ်က တည်ငြိမ်စွာရှင်းပြလိုက်သည်။
ငရဲပြည်တစ်ခုကို တည်ဆောက်ခြင်းကဲ့သို့ ကြီးမားသော လုပ်ငန်းစဉ်ကိုဆွေးနွေးခြင်းကို မည်သို့ အပိုစကားဟု သတ်မှတ်နိုင်မည်နည်း။
တကယ်လို့ လောကမှာ ငရဲပြည်သာရှိမယ်ဆိုရင် ဒါက ပြီးပြည့်စုံပြီး သာယာဝပြောတဲ့ နယ်မြေဖြစ်လာမှာကို ၊ စစ်မှန်တဲ့ လူမှုရေးစနစ်ကိုတောင် ဖော်ဆောင်နိုင်မှာ မဟုတ်လား။
သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်မယ်၊ သန်မာသူတွေကို အသုံးချမယ်၊ လူငယ်တွေကို ပညာပေးမယ်၊ ပြီးတော့ သေဆုံးသွားတဲ့သူတွေအတွက်လည်း သွားစရာနေရာ ရှိလာလိမ့်မယ်။
မည်မျှ ပြီးပြည့်စုံလိုက်သနည်း ။
အကယ်၍ သေဆုံးသွားသူတွေ ပျင်းလာမယ်ဆိုရင် ကျိယွမ်၏ ငရဲပြည်မှာ အလကားတောင် အလုပ်လုပ်ပေးနိုင်သေးသည်။
ဘယ်လောက် ကောင်းလိုက်သလဲ။ ပိုက်ဆံပေးစရာ မလိုဘဲ အလုပ်တစ်ခု ရတာမျိုးဖြစ်သည်။
“လောလောဆယ်တော့ ကြီးမားတဲ့ ပုံရိပ်ကို ခဏမေ့ထားလိုက်ပါ၊ ငါတို့ ကိုယ့်အကြောင်းကိုယ်ပဲ အာရုံစိုက်ရအောင်”
ပါရမီရှင်က ဆက်ပြောသည်။
“အေးပါ ..ငါကတော့ အဆင်ပြေပါတယ်”
ကန်ရှင်း၏ကျူးကျော်မှုအတွက် ကျိယွမ်တွင် နစ်နာစရာမယ်မယ်ရရ မရှိသဖြင့် စိတ်မပူပါ။
“ဒါက လူတိုင်းနဲ့ ဆိုင်တယ်။ မင်းက ဘယ်လိုလုပ် အဆင်ပြေတယ်လို့ ပြောနိုင်ရတာလဲ။ စစ်ပွဲဖြစ်လာရင် လူတွေ အများကြီး သေကြလိမ့်မယ်။ ကုန်ဈေးနှုန်းတွေ ထိုးတက်လာမယ်၊ စနစ်တကျ ရှိမှုတွေ ပျက်ပြားကုန်မယ်"
"တကယ်လို့ ကုံရှင်းသာ ရှုံးနိမ့်သွားရင် ငါတို့တွေ ကျွန်တွေ ဖြစ်ကုန်ကြလိမ့်မယ်"
"ငါတို့ရဲ့ မိဘတွေ၊ ဇနီးမယားတွေနဲ့ သားသမီးတွေဟာ စိတ်တိုင်းကျ စော်ကားခံရနိုင်ပြီး ငါတို့ရဲ့ ကံကြမ္မာကလည်း ရန်သူ့လက်ထဲမှာ လုံးဝ ရောက်သွားလိမ့်မယ်”
ပါရမီရှင်၏ လေသံမှာ ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ကန်ရှင်း၏ ကျူးကျော်မှုကို ခုခံနိုင်မည့် ချင်းယွမ်၏ စွမ်းဆောင်ရည်အပေါ် မျှော်လင့်ချက် သိပ်မရှိပုံရသည်။
ချင်းယွမ်၏ အခြေခံအုတ်မြစ်ဖြစ်သောကောင်းကင်မျက်လုံးများအားလုံး ကျရှုံးသွားခဲ့ပြီ မဟုတ်ပါလား ။
တိုက်ပွဲက မစခင်ကတည်းက ရှုံးသွားခဲ့လေပြီ။
ချင်းယွမ်သည် အဝတ်အစားအားလုံး ချွတ်ခံထားရပြီး အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်တော့ကာ မည်သူမဆို စိတ်ကြိုက် ပြုမူနိုင်သည့် ချောမောသော အမျိုးသားတစ်ဦးကဲ့သို့ ဖြစ်နေသည်။
“မင်းပြောတာလည်း သဘာဝကျပါတယ်”
ကျိယွမ် ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးရင်းမှ တစ်ခုခုကို သတိရသွားပြီး တိတ်ဆိတ်သွားသည်။
“ဒါနဲ့ ကန်ရှင်းက တကယ်ကျူးကျော်လာရင် သိုင်းပညာပြိုင်ပွဲကို ကျင်းပဦးမှာလား။”
“သိုင်းပညာပြိုင်ပွဲလား ၊ အဲ့ဒါက ဘာလဲ။”
ပါရမီရှင်မှာ နားမလည်သလို ပြန်မေးပြီး ခေတ္တတိတ်ဆိတ်သွား၏။
“ငါက သိုင်းပညာပြိုင်ပွဲရဲ့ ချန်ပီယံ ကျိယွမ်လေ၊ ဆယ်စုနှစ်ပေါင်းများစွာ ဆက်တိုက် အနိုင်ရထားတာ။တကယ်လို့ပြိုင်ပွဲသာ ဖျက်သိမ်းခံရရင် ငါ့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး။”
အတန်ကြာမှ ပါရမီရှင်ထံမှ စာပြန်လာ၏။
“ငါ အခုပဲ ရှာကြည့်လိုက်တာ ၊ သိုင်းပညာပြိုင်ပွဲလိုမျိုး ရှေးဟောင်းပစ္စည်းကြီးက အခုထိ ရှိနေသေးတယ်ဆိုတာ မယုံနိုင်စရာပဲ"
" ဘယ်သူမှ မကြည့်တော့တဲ့ သိုင်းပညာပြိုင်ပွဲကို အသာထား ၊ အရမ်းခေတ်စားပြီး လူကြိုက်များနေတဲ့ ကျင့်ကြံခြင်းပြိုင်ပွဲတောင် ဖျက်သိမ်းခံရနိုင်တယ်။”
“ဘာကွ”
မူလဇစ်မြစ်နယ်မြေမှ ကျိယွမ် အလွန် ဒေါသထွက်သွား၏။
“ဘာလို့လဲ.. ဘာဆိုင်လို့လဲ။ ငါက ငါ့ဂိမ်းတွေကို အေးအေးဆေးဆေး ကစားပြီး ပြိုင်ပွဲတွေကို ကြည့်ချင်ရုံတင်ပါ။ ဒီ NPC တွေက ဘာလို့ ဒီလောက် အောက်တန်းကျပြီး သိုင်းပညာပြိုင်ပွဲကို ဖျက်သိမ်းကြတာလဲ"
" ငါ ဒါကို သည်းမခံနိုင်ဘူး ၊ လုံးဝ သည်းမခံနိုင်ဘူး"
ကျိယွမ်သည် ရုတ်တရက် ထရပ်လိုက်ပြီး ပါရမီရှင်ထံသို့ စာတစ်စောင် ပို့လိုက်သည်။
“ငါ့ကို စောင့်နေ။ ငါ အခုပဲ အိမ်ပြန်လာတော့မယ်။ အဲ့ဒီ ကန်ရှင်းက ကောင်တွေကို သိုင်းပညာချန်ပီယံတစ်ယောက်ရဲ့ တန်ဖိုးကို ငါ ပြလိုက်မယ်”
အနီးတွင် ရပ်နေသော သမင်နက်သည် ကျိယွမ်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ကြောင်အသွားသည်။
“မစ္စတာ ကျိ၊ ဘာဖြစ်လို့လဲ။”
“ဟွန်း.."
ကျိယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“NPC တွေထဲမှာ လူယုတ်မာတွေ ရှိနေတယ်။ ငါမရှိတဲ့အချိန်မှာ ငါ့ရဲ့ နေရပ်ကို တိုက်ခိုက်ရဲတဲ့သူ ရှိနေတယ်။
ငါ ပြန်သွားပြီး သူတို့ကို သင်ခန်းစာ ပေးရမယ်"
“ဟင်”
သမင်နက်သည် ထိတ်လန့်သွားသလို စိုးရိမ်လည်း သွားသည်။
“ရန်သူက အားကောင်းလား။ ငါတို့ အရှေ့ဘက်မဟာမိတ်အဖွဲ့က ဝင်ပြီး ကူညီပေးရမလား။”
“မလိုဘူး၊ သာမန် လူပြက်တွေပါပဲ။ ငါ လေတစ်ချက်မှုတ်လိုက်ရုံနဲ့ လွင့်ထွက်သွားမှာပါ”
ကျိယွမ်က လက်ကာပြလိုက်သည်။
“ဒီစာမေးပွဲကို လောလောဆယ် ထားခဲ့လိုက်မယ်။ ငါ မကြာခင် ပြန်လာခဲ့မယ်"
" ဪ... ပြီးတော့ အရှေ့ဘက်သခင်ရဲ့ တံတိုင်းဖွင့်ပွဲကို နောက်ဆုတ်ထားဖို့ မမေ့နဲ့ဦး။ ငါ အဲ့ဒီမှာ ရှိနေဖို့ လိုတယ်။”
“ပြဿနာ မရှိပါဘူး။”
သမင်နက်က အမြန် ခေါင်းညိတ်ပြ၏။
ထိုကဲ့သို့သော ကိစ္စရပ်များသည် သေးငယ်လှပြီး ထည့်ပြောနေစရာပင် မလိုပေ။
“ဒါပေမဲ့ မစ္စတာကျိ၊ စည်းမျဉ်းအရ ခင်ဗျား ထွက်သွားတဲ့အခါ မှတ်တမ်းတင်ကျောက်တုံးကို သက်သေအနေနဲ့ ဆောင်သွားဖို့ လိုအပ်တယ်"
" ခင်ဗျား လုပ်သမျှကို ဒီမှာ လူသိရှင်ကြား ပြသရမှာဖြစ်တယ်။
ဒါပေမဲ့ အကယ်၍ ဒါက လျှို့ဝှက်ချက်ဆိုရင်တော့ ငါတို့က ....”
“ရပါတယ်။ လျှို့ဝှက်ထားစရာ ဘာမှမရှိဘူး။ ငါက ပွင့်ပွင့်လင်းလင်းနဲ့ သိက္ခာရှိရှိ လုပ်ဆောင်တတ်သူပဲ။ မှတ်တမ်းတင်ကျောက်တုံးကို ပေးပါ၊ ငါ့ဘာသာငါ မှတ်တမ်းတင်လိုက်မယ်”
ကျိယွမ်က သဘောကောင်းစွာ ပြောလိုက်သည်။
“ကောင်းပါပြီ။”
သမင်နက်က မှတ်တမ်းတင်ကျောက်တုံးကို ကျိယွမ်ထံ ကမ်းပေးလာ၏။
ဤနယ်မြေရှိ မှတ်တမ်းတင်ကျောက်တုံးသည် ကန်းလန်ရှိ ကျောက်တုံးများနှင့် ဆင်တူသော်လည်း သွေးသိုင်းပညာ၏ စွမ်းအင်ဖြင့် အလုပ်လုပ်ခြင်း ဖြစ်သည်။
“ငါ ဖွင့်လိုက်ပြီ။”
ကျိယွမ်က မှတ်တမ်းတင်ကျောက်တုံးကို အသက်သွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျိယွမ်၏ ပုံရိပ်သည် မျှော်စင်ရှေ့တွင် ပိတ်ကားပြသလို ပေါ်လာ၏။
ထိုအချိန်တွင် ကျိယွမ်သည် ချက်ချင်း ထွက်မသွားဘဲ ကောင်းကင်သို့ လှမ်း၍ အော်လိုက်သည်။
“ဧကရာဇ်ရှု နဲ့ ၊ ဧကရာဇ်ဟူ အမြန်လာခဲ့ကြ”
သူ၏အသံက ကျယ်လောင်လှပြီး မူလနယ်မြေတစ်ခုလုံးကိုပင် ဟိန်းထွက်သွားပုံရသည်။
သမင်နက်သည် ခဏတာ ကြောင်အသွားပြီး အခြားသော သိုင်းနတ်ဘုရားများကလည်း ဘာတွေဖြစ်နေတာလဲဟု တွေးကာ လှည့်ကြည့်လာကြကုန်၏။
ထိုအသံထွက်ပြီး အသက်ရှူချိန် သုံးကြိမ်မပြည့်သေးမီမှာပင် ရုတ်တရက် ဆိုသလို မျှော်စင်ပေါ်တွင် အမျိုးသားနှစ်ဦး ပေါ်လာသည်။
သူတို့သည် အသံတစ်ချက်မျှပင် မထွက်ဘဲ အလွန်လျင်မြန်စွာ ရောက်ရှိလာကြခြင်းပင် ။
အနီးရှိ သိုင်းနတ်ဘုရားများထဲမှ တစ်ယောက်ကမှ သူတို့ ရောက်လာသည်ကို သတိမထားမိကြပေ။
ထိုအမျိုးသားနှစ်ဦး စကားပြောလိုက်မှသာ သိုင်းနတ်ဘုရားများသည် သူတို့ရှိနေမှန်း သိလိုက်ရ၏။
“တောင်ပင်လယ်ရဲ့ ဧကရာဇ်ရှု ၊ နတိဘုရားအရှင်ကို ဂါရဝပြုပါတယ်”
“မြောက်ပင်လယ်ရဲ့ဧကရာဇ်ဟူ ၊ နတ်ဘုရားအရှင်ကို ဂါရဝပြုပါတယ်”
သူတို့နှစ်ဦးသည် ကျိယွမ်ရှေ့တွင် ဦးညွှတ်ရပ်နေကြပြီး သူတို့၏ အရှိန်အဝါမှာ လျှို့ဝှက်ဆန်းကြယ်သော်လည်း သာမန်လူများကဲ့သို့ ရိုးရှင်းလှသည်။
သမင်နက်နှင့် အခြားသော သိုင်းနတ်ဘုရားများသည် ရုတ်တရက်ပေါ်လာသော ရှုဧကရာဇ်နှင့် ဟူဧကရာဇ်တို့ကို အာရုံစိုက်မကြည့်ဘဲ မနေနိုင်ကြပေ။
တစ်ချိန်တည်းမှာပင် သူတို့၏ မျက်ဆန်များမှာ ကျုံ့သွားပြီး အဆုံးမရှိသော သတိဝီရိယများဖြင့် ပြည့်နှက်သွား၏။
ဒီလူနှစ်ယောက်က ဘယ်လိုပေါ်လာတာလဲ။
သမင်နက်သည် သာမန်သိုင်းနတ်ဘုရားအဆင့်မဟုတ်ပါ ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားတစ်ဦး ဖြစ်သည်။
တစ်စုံတစ်ယောက်က သူ၏ အာရုံခံမှုကို ရှောင်လွှဲပြီး ၊ သူမသိဘဲ သူ့အနီးမီတာတစ်ရာအတွင်း ရုတ်တရက် ပေါ်လာနိုင်သည်ဆိုခြင်းမှာ .....။
အကယ်၍ သူတို့သာ အလိုရှိပါက သူ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ရင်ဘတ်ကို ဓားဖြင့် ထိုးနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
ဒါဆို ဖြစ်နိုင်တာက.....။
သမင်နက်၏ နှလုံးသားထဲတွင် ထိတ်လန့်ဖွယ် သံသယတစ်ခု ဝင်ရောက်လာ၏။
“လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု”
မှန်ပါသည် ။
လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း မူလဇစ်မြစ်နယ်မြေတွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သော ထိုလျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုကသာ ဤကဲ့သို့ လုပ်ဆောင်နိုင်ပေလိမ့်မည်။
ကျိယွမ်သည် အမှန်တကယ်ပင် ထိုလျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုနှင့် ဆက်နွှယ်နေခြင်းပင်။
“ငါ ကုံရှင်းကို ပြန်ချင်တယ်။ မင်းတို့နှစ်ယောက်၊ ငါ့အတွက် ပင်လယ်နက် ပေါ်မှာ တံတားတစ်စင်း တည်ဆောက်ပေးပါ"
" မြန်မြန်လုပ်၊ ငါ လောနေတယ်”
ကျိယွမ်က အရေးတကြီးတိုက်တွန်းလိုက်သည်။
သမင်နက်နှင့် အခြားသိုင်းနတ်ဘုရားများသည် ၎င်းကို ကြားသောအခါ ကျိယွမ်၏ ရည်ရွယ်ချက်ကို နားမလည်သဖြင့် ဇဝေဇဝါ ဖြစ်ကုန်ကြ၏။
ပင်လယ်နက်သည် လျှို့ဝှက်ဆန်းကြယ်လွန်းသော နေရာဖြစ်သည် ။
ယခုရောက်လာသော ထိပ်တန်း သိုင်းဘုရင်များသည် လွန်ခဲ့သောအချိန်ကတည်းက သေဆုံးခဲ့ကြသူများဖြစ်ကာ သူတို့၏ ဝိညာဉ်များသည် တောင်နှင့်မြစ်ပန်းချီကားထဲတွင် ပေါင်းစပ်သွားခဲ့သဖြင့် ပင်လယ်နက်၏ စီးဆင်းမှုကို အလွယ်တကူ ပြောင်းပြန်လှန်နိုင်ကာ ဆန်လာနိုင်ကြခြင်းဖြစ်သည်။
သို့သော် ထိုအရာကလွယ်ကူသော်လည်း ပယ်လယ်နက်ကို ရေစုန်အတိုင်းသွားဖို့ကတော့ မလွယ်ကူပါ။
မလွယ်ကူခြင်း မဟုတ်ပါ ၊ ဖြစ်ကိုမဖြစ်နိုင်ပေ ။
မူလနယ်မြေသို့ရောက်ပြီးမှ ပင်လယ်နက်ကိုပြန်ကူးပြီး ယခင်နေရာသို့ ပြန်သွားရန်ကြိုးစားဖူးကြသော်လည်း မည်သူမျှ မအောင်မြင်ဖူးပေ။
ယခုမူ ကျိယွမ်က ပင်လယ်နက်ကို ပြန်ကူးမည်ဟု ပြောနေ၏။
“အရှင့်အမိန့်ကို နာခံပါတယ်”
ရှုဧကရာဇ်နှင့် ဟူဧကရာဇ်တို့သည် ဦးညွှတ်လိုက်ပြီးနောက် ခေါင်းပြန်မော့လိုက်ကြသည်။
သူတို့က ပင်လယ်နက်ရှိရာ အရပ်သို့ မျက်နှာမူလိုက်သောအခါ သူတို့၏ ပုံသဏ္ဌာန်များမှာ ခဏချင်းအတွင်း ရှည်လျားသွားသလို ဆန့်လာ၏။
ထူးဆန်းသော ရွတ်ဆိုသံတစ်ခုက ထိုအချိန်တွင် ဟိန်းထွက်လာသည်။
“မိုးနဲ့မြေ မကွဲပြားခင်၊ ရှေးဦးအစက ကမ္ဘာဦး အမှောင်ထု”
“ပင်လယ်နက်မှာ တံတားမရှိ၊ ဟိုဘက်ကမ်းကို မကူးနိုင်”
“ငါ...တောင်ပင်လယ်ရဲ့ ရှုဧကရာဇ်၊ တံတားတစ်စင်းအဖြစ် ပြောင်းလဲမယ်၊ ဖြတ်ကျော်ပြီး အနာဂတ်ကို ရောက်ရှိစေ”
“ငါ.. မြောက်ပင်လယ်ရဲ့ ဟူဧကရာဇ်၊ ရက်မတစ်ခု ဖြစ်လာမယ်၊ ပင်လယ်နက်ကို နင်းပြီး ကောင်းကင်ကို ထောက်မထားစေ”
ရွတ်ဆိုသံသည် မူလနယ်မြေတစ်ခုလုံးသို့ နေရာလပ်မကျန် ပျံ့နှံ့သွားသည်။
အရှေ့ဘက်မဟာမိတ်အဖွဲ့၏ သိုင်းနတ်ဘုရားများအားလုံး ထိုအချိန်တွင် ကောင်းကင်သို့ အလိုအလျောက် မော့ကြည့်မိလိုက်ကြ၏။
မျှော်စင်အတွင်း၌ ပြိုင်ပွဲဝင်နေသော သိုင်းဘုရင်များလည်း တုန်လှုပ်ချောက်ချားသော မျက်နှာအမူအရာများ ပြသလာကြသည်။
ကျိယွမ်အနီးမှ သမင်နက်မှာမူ သူ၏ မျက်လုံးများ ပြူးကျယ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။
“ကမ္ဘာဦး အမှောင်ထု... အရာခပ်သိမ်းရဲ့ အရင်းအမြစ်၊ ကမ္ဘာကြီးရဲ့ အစဦး"
ထိုအချိန်တွင် သူသည် အကန့်အသတ်မဲ့ပြီး ကျယ်ပြောလှသော ကမ္ဘာဦး အရှိန်အဝါကို ခံစားလိုက်ရသည်။
၎င်းသည် သိုင်းနတ်ဘုရားတစ်ဦးအတွက် လုံးဝ နားမလည်နိုင်သော အရာဖြစ်ပြီး ကောလာဟလများအဖြစ်သာ ကြားဖူးသည့် အရာလည်းဖြစ်သည်။
ရှုဧကရာဇ်နှင့် ဟူဧကရာဇ်တို့ ရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် မူလနယ်မြေတစ်ခုလုံး ရုတ်တရက် မှောင်အတိ ကျသွားခြင်းပင်။
နယ်မြေတစ်ခုလုံးအမှောင်ထုကြီးက စိုးမိုးသွားပြီး ဘာကိုမှမမြင်နိုင်တော့ပေ။
အကြောင်းရင်းမသိသော သိုင်းနတ်ဘုရားများအားလုံး အလွန် ထိတ်လန့်ကုန်ကြသည်။
“ဘာဖြစ်နေတာလဲ။”
“အရုဏ်ဦးတေးသံက စောပြီး ဖြစ်ပေါ်နေတာလား။”
“ရှုဧကရာဇ်နဲ့ ဟူဧကရာဇ်ဆိုတာက တကယ်တော့ ဘယ်သူတွေလဲ။”
“သူတို့က သိုင်းနတ်ဘုရားတွေလား။”
လူတိုင်း ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
မည်သည့်အချိန်ကမှန်း မသိဘဲ ကောင်းကင်ကြီး ဖုံးလွှမ်းခံလိုက်ရပြီး ကမ္ဘာကြီးမှာ အမှောင်ထုထဲ ရောက်သွားကာ အလင်းရောင် ကင်းမဲ့နေ၏။
“ကောင်းကင်ကြီး... ပိတ်ဆို့ခံလိုက်ရပြီ”
“နေဦး...အဲ့ဒါ... အဲ့ဒါ လက်တစ်ဖက်နဲ့ တူတယ်မလား။”
သိုင်းဘုရင်များအားလုံးမှာလည်း ကြောက်ရွံ့တုန်ယင်နေကြပြီး သူတို့၏ ဝိညာဉ်များပင်ကျုံ့သွားကာ ထိတ်လန့်မှုက အထွက်အထိပ်သို့ ရောက်ရှိနေသည်။
သူတို့သည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသော်လည်း အမှောင်ထုမှလွဲ၍ ဘာမှ မမြင်ရပေ၊ သို့သော် ၎င်းမှာ ကြီးမားလှပြီး နားမလည်နိုင်သော အရာတစ်ခု၏ ထိပ်ဖျားလေးမျှသာ ဖြစ်ကြောင်းကိုတော့ အလိုလို သိနေကြသည်။
သူတို့သည် လမ်းပျောက်နေကြပြီး၊ ဇဝေဇဝါဖြစ်ကာ ကြောက်လန့်နေကြသော်လည်း ဘာဖြစ်နေမှန်းကို လုံးဝ မသိကြပေ။
မသိလေ ပိုကြောက်လေဖြစ်ပြီး အခြေအနေကို တွန်းလှန်ချင်လာကြ၏။
သို့သော်လည်း မတတ်နိုင်ကြသဖြင့် အခြေအနေကိုသာ စောင့်ကြည့်နေကြရသည်။
မျှော်စင်ထိပ်ဖျားရှိ သမင်နက်ကဲ့သို့သော သိုင်းနတ်ဘုရားများမှာလည်း မျက်နှာများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
“ဒါက... သိုင်းနတ်ဘုရား တစ်ပါးလား။”
စွမ်းအင်အစအနလေး တစ်ခု ထွက်လာရုံမျှဖြင့် သူတို့ကို ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားစေပြီး ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်ခဲ့၏ ။
“ငါဟာ တံတားတစ်စင်း ဖြစ်လာမယ်၊ အတိတ်နဲ့ အနာဂတ်ကို ချိတ်ဆက်ပေးမယ်”
“ငါဟာ ရက်မတစ်ခု ဖြစ်လာမယ်၊ မိုးနဲ့မြေကို ပေါင်းစည်းပေးမယ်”
“စကြာဝဠာရဲ့ ကျယ်ပြောမှုနဲ့ အဆုံးမဲ့တဲ့ အချိန်မြစ်ပြင်ကြီးမှာ၊ ငါဟာ ဖြတ်ကျော်ဖို့ တံတားတစ်စင်း ထွင်းထုမယ်။”
ရုတ်တရက် မူလနယ်မြေတွင် တံတားကြီးတစ်စင်း ပေါ်လာသည်။
၎င်းက မည်မျှ ကျယ်ပြီး မည်မျှ မြင့်သည်ကို မည်သူမျှ မသိပေ။ ၎င်း၏ ထိပ်ဖျားလေးတစ်ခုတည်းကပင် မူလနယ်မြေတစ်ခုလုံးကို သေးငယ်သွားစေအောင် ကြီးမား၏။
လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲလှကာ အချိန်မြစ်ပြင်ကို ဖြတ်သန်းသွားသည်။
ကမ္ဘာဦး အမှောင်ထုက ၎င်း၏အပေါ်တွင် စီးဆင်းနေပြီး ပင်လယ်နက်၏ အချိန်စွမ်းအင်များက ၎င်း၏ ပတ်ပတ်လည်တွင် ဝဲလှည့်နေသည်။
ခိုင်မာသော တံတားတစ်စင်းကို တည်ဆောက်ပြီးစီးသွားကာ အချိန်သမိုင်းမြစ်ပြင်ကျယ်ကြီးကို ဖြတ်ကျော်လျက် ရှိသည်။
“ရှုဧကရာဇ်နဲ့ ဟူဧကရာဇ်က အရှင်သခင်ကို ဂုဏ်ပြုပါတယ်"
ထိုအသံသည် ကျယ်ပြောလှပြီး မူလနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားပြန်သည်။
ကျိယွမ်သည် တည်ငြိမ်နေဆဲပင် ။ သူက ဝတ်ရုံလက်စကို တစ်ချက်ဝေ့ယမ်းလိုက်ပြီး တံတားပေါ်တွင် ရပ်လိုက်၏။
မူလဇစ်မြစ်နယ်မြေမှ သိုင်းနတ်ဘုရားအားလုံးကတော့ သူတို့ နယ်မြေထက်ပင် ကြီးမားလှသော ထိုထိတ်လန့်ဖွယ် တံတားကြီးနှင့် သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုကို မြင်လိုက်ကြသည်။
အလင်း၏ အလျင် သို့မဟုတ် အမြင်အာရုံ၏ သိမြင်မှုက အရေးမကြီးပေ ။
သူပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း ထိုပုံရိပ်ကို မြင်လိုက်ရသည်။
“အဲ့ဒါ ဘယ်သူလဲ။”
မျှော်စင်အတွင်းရှိ မူယန်သည်လည်း ထိုပုံရိပ်၏ ကျောပြင်ကို မြင်လိုက်ရ၏။ တစ်စုံတစ်ခုကြောင့် ၎င်းသည် သူ့အတွက် ရင်းနှီးနေသလို ခံစားရသည်။
ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားများ အပါအဝင် အခြားသိုင်းနတ်ဘုရားများအားလုံးသည် ဝတ်ရုံနီနှင့် အမျိုးသားကို စူးစိုက်ကြည့်နေကြ၏။
မျှော်စင်၏ ထိပ်တွင်တော့ မှတ်တမ်းတင်ကျောက်တုံးက ကျိယွမ်၏ ပုံရိပ်ကို ပြသနေသည်။
သူသည် တံတားပေါ်သို့ တက်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်ကို သူတို့မြင်နေရသည်။
ထိုအခိုက်အတန့်တွင် သူသည် အဆုံးမရှိသော နှစ်ကာလများကို ဖြတ်ကျော်သွားပုံရသည်။
သူက ခြေတစ်လှမ်းသာ လှမ်းလိုက်ပြီး ၎င်းသည် လှေကားထစ်တစ်ခုကို တက်လိုက်သလိုမျိုး ဖြစ်သော်လည်း အမှန်တကယ်တွင်မူ နှစ်ပေါင်း ထောင်ချီ၊ သောင်းချီကို ခုန်ကျော်သွားခြင်း ဖြစ်သည်။
“ဒါက...”
သမင်နက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
“ဒါက ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားတစ်ယောက်တင် မဟုတ်နိုင်တော့ဘူး"
သူ တစ်ခုခုကို တွေးမိသွားပြီး စိတ်လှုပ်ရှားလာသည်။
ဖြစ်နိုင်တာက... ။
ကျိယွမ်က အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုရဲ့ အဆင့်မြင့် အဖွဲ့ဝင်တစ်ယောက်လား။
သူ့ရဲ့ အစွမ်းက ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားတစ်ယောက်ရဲ့ အဆင့်ထက် သိသိသာသာကို ကျော်လွန်နေတာပဲ။
အကယ်၍ သူသာ အရှေ့ဘက်သခင်ကို အလုပ်အကျွေးပြုမယ်ဆိုရင် မိုးသောက်ကြယ်သံစဉ်ကနေ ငါတို့ အသက်ရှင်လွတ်မြောက်ဖို့ အခွင့်အလမ်းတွေ ပိုများလာမှာ မဟုတ်လား။
အခြားတစ်နေရာတွင်ရှိနေသော ဥသခင်မှာလည်း ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး သူ့မျက်လုံးကို ပွတ်လိုက်သည်။
“ဒါက... ငါ့ဘိုးဘေးနဲ့ နည်းနည်းတူနေသလိုပဲ”
.....................
ထိုအချိန်တွင် ကုံရှင်းပေါ်ရှိ ချင်ယွမ်နိုင်ငံ၌ဖြစ်သည်။
ဗီလာတစ်ခု၏ ဒုတိယထပ်တွင် လူငယ်တစ်ဦးသည် တစ်ဖက်လူ ပို့လိုက်သော မှတ်ချက်ကို ကြည့်ပြီး စကားမပြောနိုင် ဖြစ်နေ၏။
“ညီအစ်ကိုရာ၊ မင်းက သိုင်းပညာပြိုင်ပွဲ ချန်ပီယံဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးပါဘူး။ မင်းက ကျင့်ကြံခြင်းပြိုင်ပွဲ ချန်ပီယံဖြစ်ရင်တောင် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး ၊ ဒီလောက်အထိ ရယ်စရာတွေ မပြောပါနဲ့။”
“ဟေ့၊ သိုင်းပညာပြိုင်ပွဲ ချန်ပီယံကို အထင်မသေးနဲ့။ ငါ အခု တံတားပေါ်မှာ၊ အိမ်ကို အမြန်ပြန်လာနေတာ။ မကြာခင်မှာ မင်း ဒီဘွဲ့ရဲ့ အလေးချိန်ကို နားလည်သွားလိမ့်မယ်”
ကျိယွမ်က တံတားကို ဖြတ်ကူးနေရင်း မကျေနပ်စွာ ပြန်ဖြေလိုက်သည်။
“ဟားဟား ဟား ၊ ငါ အခုပဲ ရှာကြည့်လိုက်တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း သိုင်းပညာပြိုင်ပွဲရဲ့ ဒုတိယရရှိသူတွေအားလုံးက အဲ့ဒီ အဘိုးကြီး တစ်ယောက်တည်းပဲ"
"အဘိုးကြီးတစ်ယောက်ကို ရိုက်ပြီး နိုင်လာတဲ့ချန်ပီယံတဲ့။ တကယ်ကြီးလား”
ထိုအဘိုးကြီးသည် သာမန် သက်ကြီးရွယ်အိုတစ်ဦးနှင့် တူလှသည်။
ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ကျိယွမ်သည် ထိုအဘိုးကြီးကို ဆက်တိုက် ရိုက်နှက်ကာ ပထမဆုယူလာခဲ့ခြင်းဖြစ်၏။
တကယ်ကို ရယ်စရာကောင်းလှသည်။
သူက အဘိုးကြီးကို တစ်ခါလေးတောင် အနိုင်မပေးခဲ့ပေ။
“ထားလိုက်ပါတော့၊ မင်းနဲ့ အပိုစကားတွေ ပြောမနေတော့ဘူး။ ငရဲပြည်ကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အကြံဉာဏ်တွေကိုပဲ စဉ်းစားထားဖို့ မမေ့နဲ့။ ငါ အိမ်ရောက်ခါနီးပြီ။”
“အေးပါ .. မင်းနဲ့ ငြင်းနေလို့လည်း ဘာမှ ထူးမှာမဟုတ်ဘူး။ မင်းက နည်းနည်း ကြွားတတ်ပြီး ယုံကြည်လို့ မရပေမဲ့ အဲ့ဒီ အလှအပရေးရာ ဘလော့ဂါတွေထက်စာရင်တော့ တော်ပါသေးတယ်။
" မနေ့က ငါတို့ ချင်းယွမ်နိုင်ငံမှာ ကန်ရှင်းက သူလျှိုတစ်ယောက်ကို မိတယ်၊ အဲ့ဒါကို အလှအပရေးရာ ဘလော့ဂါတစ်ယောက်က အဲ့ဒီသူလျှိုကို သနားပြနေသေးတယ်။ တော်တော် ရယ်စရာကောင်းတဲ့ မိန်းမ”
လူငယ်က ပြောလိုက်ရင်း သူ၏ မျက်လုံးများတွင် စိုးရိမ်ရိပ်များဖြင့် ကောင်းကင်သို့ တစ်ချက် ကြည့်လိုက်သည်။
“ငါ ရိက္ခာတွေ စုဆောင်းထားပြီး မြေအောက်ခန်းထဲမှာပဲ နေသင့်တယ် ထင်တယ်။ မျှော်လင့်တာကတော့ ဒီဘေးဒုက္ခကနေ ငါ အသက်ရှင် လွတ်မြောက်နိုင်မှာပါ။”
လူငယ်သည် ထိုသို့ရေရွတ်ပြီးနောက် စူပါမားကတ်တွင် ဟင်းသီးဟင်းရွက် သို့မဟုတ် အစားအသောက်များ ထပ်ဝယ်နိုင်မလား ကြည့်ရန် အပြင်သို့ ပြန်ထွက်ရန် ပြင်ဆင်လိုက်သည်။
ယခုအချိန်တွင် အခြားသူများသည်လည်း သူလိုပင်တွေးကာ ရနိုင်သမျှရိက္ခာများကို စုဆောင်းနေကြ၏။
သမိုင်းရေစီးကြောင်းတွင် ပိတ်မိနေပြီး စစ်ပွဲ၏ အရိပ်အာဝါသအောက်တွင် လူသားတိုင်းသည် သေးငယ်လှသည်ဟု ထင်ရကာ မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက်သာ ရုန်းကန်နေကြရသည်မှာ လောကကြီး၏ သဘာဝပင်။
"ညီအစ်ကိုရေ..နှုတ်ဆက်ခဲ့တယ် ၊ ငါအပြင်ထွက်တော့မယ် "
----------
အပိုင်း ၃၇၁ - တစ်ကွက်လောက်တော့ ပြလိုက်မယ် ၊ ကြယ်တစ်လုံးကို ဝါးမြိုခြင်း
ကားတစ်စီးသည် ကျွင်းအန်း လူနေရပ်ကွက်၌ ရပ်တန့်သွားသည် ။
ဆွဲဆောင်မှုရှိသော ကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် အရေးတကြီးဖြစ်နေသော မျက်နှာထားဖြင့် ကားပေါ်မှ ဆင်းလာ၏ ။
"စစ်ပွဲကြီးက စတော့မှာပဲ ။ ဒီနေရာက မလုံခြုံတော့ဘူး ။ ရှောင်ယွမ်ကို ငါ ခေါ်သွားရမယ် ။ ထျန်းယွမ်ဂိုဏ်းမှာပဲ မျှော်လင့်ချက် နည်းနည်းရှိနိုင်တော့မယ်"
သူမက အခြားသူမဟုတ်ပါ ၊ ကျိယွမ်၏ မိဘများ၏တပည့်ဖြစ်သူ ရှောင်မေပင် ။
သူမသည် ကျိယွမ်ကို အနီးကပ်မဆက်ဆံသော်လည်း အမြဲတမ်း တိတ်တဆိတ် စောင့်ကြည့်ပေးခဲ့၏။
မူလက သူမသည် ကျိယွမ်၏ အေးချမ်းသော ဘဝကို မနှောင့်ယှက်ချင်ခဲ့ပါ ။
သို့သော် ယခုအခါ စစ်ပွဲကြီးက နီးကပ်နေပြီး ချင်းယွမ်နိုင်ငံတစ်ခုလုံး ကျဆုံးလုနီးပါး ဖြစ်နေသဖြင့် သူမသည် ကျိယွမ်ကို ခေါ်သွားမှ ရတော့မည် ။
သူမဆရာ၏ သွေးမျိုးဆက်ကို အပြတ်အတောက် မခံနိုင်ပါ ။
လူနေရပ်ကွက်အတွင်းရှိ လမ်းမပေါ်တွင်တော့ လူများသည် အရေးတကြီး မျက်နှာထားများဖြင့် သွားလာနေကြပြီး အပူကိုယ်စီဖြင့် ပြာယာခပ်နေကြ၏ ။
ကောင်းကင်မျက်လုံးများ ဖျက်ဆီးခံလိုက်ရပြီဖြစ်သောကြောင့် ကန်ရှင်း၏ စစ်တပ်သည် ကြယ်များထံမှ အချိန်မရွေး ဆင်းသက်လာနိုင်သည် ။
လူတိုင်းသည် လေထုထဲ၌ စစ်ပွဲ၏ အနံ့အသက်ကို ရရှိနေကြသလို စိုးရိမ်သောကများဖြင့် လှုပ်ရှားနေကြကုန်သည် ။
ရှောင်မေသည် လှေကားပေါ်သို့ တက်ရင်း သူမ၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေသည် ။
"ဒီလောက် တိုတောင်းတဲ့ သက်တမ်းအတွင်းမှာ ငါ သမိုင်းကြောင်းတွေ အများကြီးကို မြင်တွေ့ခဲ့ရပြီးပြီပဲ"
သူမသည် သက်ပြင်းချကာအတွေးများကို ဖယ်ထုတ်ပြီး မြန်ဆန်စွာတက်သွားလိုက်၏။
မကြာမီ သူမသည် ကျိယွမ်၏ တိုက်ခန်းတံခါးရှေ့သို့ ရောက်ရှိလာသည် ။ သူမသည် တံခါးရှေ့တွင် ရပ်နေရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေ၏ ။
အသက်ကို ပြင်းပြင်းရှူပြီးနောက် လူခေါ်ဘဲလ်ကို နှိပ်လိုက်သည် ။
အသက်ရှူငါးကြိမ်စာခန့် အချိန်ကုန်လွန်သွားပြီးနောက်မှ တံခါးကပွင့်လာပြီး သွယ်လျသော စက်ရုပ်လေးတစ်ရုပ် ထွက်လာသည် ။
"မင်္ဂလာပါ ၊ ဘာကူညီပေးရမလဲ"
ဇီးရိုးဝမ်းက ဗီဒီယိုရိုက်လက်စ ဖုန်းတစ်လုံးကို ကိုင်ရင်း ယဉ်ကျေးစွာ မေးမြန်းသည် ။
အိမ်အတွင်းမှ သနားစရာကောင်းသော ကြောင်အော်သံကိုလည်း သူမ ကြားနေရသည် ။
"ကျိယွမ်နဲ့ တွေ့ချင်လို့ပါ ။ အရေးကြီးလို့"
ရှောင်မေက လာရင်းကိစ္စကို တိုက်ရိုက်ဖြေလိုက်သည် ။
"စိတ်မကောင်းပါဘူး ၊ သခင် အိမ်မှာ မရှိပါဘူး"
ဇီးရိုးဝမ်းကလည်း မဆိုင်းမတွ ပြန်ဖြေ၏ ။
"သူ အခုဘယ်မှာလဲ ။ ဒါက အရေးကြီးတယ် ၊ အရမ်းကို အရေးကြီးတယ်"
ရှောင်မေ၏ စိုးရိမ်စိတ်က မြင့်တက်လာသည် ။
အခုလို အချိန်မျိုးမှာ ကျိယွမ် ပျောက်ဆုံးနေပါက ပြဿနာက ကြီးသွားလိမ့်မည် ဖြစ်သည် ။
"စိတ်မကောင်းပါဘူး ၊ ဒါက ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ဖြစ်ပါတယ် ။ ကျွန်မရဲ့သခင် ဘယ်မှာရှိလဲဆိုတာ ထုတ်ဖော်လို့ မရပါဘူး"
"ဒါက ကျိယွမ်ရဲ့ အသက်အန္တရာယ်နဲ့ ဆိုင်တဲ့ ကိစ္စပဲ ။ ငါ့ကို ပုဂ္ဂိုလ်ရေးဆိုတဲ့အကြောင်းပြချက်တွေ လာမပြောနဲ့"
ရှောင်မေက စိတ်ပူနေသဖြင့် စိတ်မရှည်စွာ အော်ဟစ်လိုက်၏။
ထျန်းယွမ်ဂိုဏ်း၏ လေသင်္ဘောသည် နောက်ထပ် သုံးရက်အတွင်း ထွက်ခွာတော့မည် ဖြစ်သည် ။
သူမမှာ အချိန်အများကြီး မကျန်တော့ပါ ။
"စိတ်မကောင်းပါဘူး ၊ ကျွန်မမှာ အဲဒါကို ပြောပြပိုင်ခွင့် မရှိပါဘူး"
ဇီးရိုးဝမ်းကလည်း ပြတ်သားစွာ ပြန်ဖြေ၏ ။
ရှောင်မေက စက်ရုပ်ကို ကြည့်ကာ သွားကြိတ်လိုက်သည် ။
"ဒါဆိုရင်တော့..."
ထိုစဉ် အိမ်ထဲမှ သာယာသော အသံတစ်ခု ထွက်ပေါ်လာသည် ။
"ဇီးရိုးဝမ်း .။ ငါ ပြန်ရောက်နေပြီ"
အသံနှင့်အတူ ကျိယွမ်၏ ပုံရိပ်သည် အိမ်ထဲမှ ထွက်ပေါ်လာ၏ ။
သူသည် ရှုဧကရာဇ်နှင့် ဟူဧကရာဇ်တို့ တည်ဆောက်ပေးထားသော အချိန်နှင့်ဟင်းလင်းပြင်တံတားကို ဖြတ်ကျော်ကာ အိမ်သို့ ပြန်ရောက်လာခြင်းပင် ။
ယခုအချိန်တွင် သူသည် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ထူးထူးခြားခြား ချောမောနေသည် ။
ရှောင်မေမှာ ကျိယွမ်ကို မြင်ပြီး ခဏတာမျှ ငေးမောသွား၏ ။
လွန်ခဲ့သော ဆယ်စုနှစ်များက သူ့ကို သူမ မြင်တွေ့ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှာ လုံးဝ ကွဲပြားနေသည် ။
"ကျိယွမ် ၊ ငါက—"
"အင်း ၊ ငါ သိတယ် ၊ မင်းက ရှောင်မေမဟုတ်လား"
ကျိယွမ်က အမျိုးသမီးကို မှတ်မိသွားသည် ။
"မင်း ငါ့ဆီ အကြွေးလာတောင်းတာတော့ မဟုတ်ပါဘူးနော်"
ကျိယွမ်က သိသိသာသာပင် တွန့်ဆုတ်သွား၏ ။
သူသည် ကုံရှင်းကို မဝယ်ရသေးသလို ၊ မြေကွက်နေရာဝယ်ပြီး ငရဲပြည်တည်ဆောက်ရန် ငွေအလုံအလောက်လည်း မစုမိသေးပါ ။
သူသည် ခြိုးခြံချွေတာရန် ကြိုးစားနေပြီး ယခုအချိန်တွင် အကြွေးမဆပ်ချင်သေးပေ ။
"မဟုတ်ဘူး"
ရှောင်မေက သူမ၏ နဖူးကို ပွတ်ရင်း ပြောသည် ။
"စစ်ပွဲကြီးတစ်ခု စတော့မယ် ၊ အဲဒါ ..."
"မင်းမှာ ပိုက်ဆံကုန်သွားလို့လား"
"မဟုတ်ပါဘူး"
"မင်း အလျင်လိုနေမှန်း ငါ သိပါတယ် ၊ ဒါပေမဲ့ ခဏလေး စောင့်ပါဦး ။ ငါ အရေးတကြီး လုပ်စရာတစ်ခု ရှိလို့ပါ ။ အဲဒါလေး ပြီးမှ စကားပြောကြမလား ။ ဆယ်မိနစ်လောက်ပဲ ကြာမှာလား ၊ ဒါမှမဟုတ် တစ်နာရီလောက်ပေါ့"
ကျိယွမ်က စကားဖြတ်ကာ မေတ္တာရပ်ခံလိုက်သည် ။
သူသည် အကြွေးဆပ်ရမည်ကို တကယ် ရှောင်ချင်နေ၏ ။
သူ၏အရည်အချင်းနှင့်ဆိုလျှင် သူ ချေးထားသည့် အကြွေးကို ဘာကြောင့် ပြန်ဆပ်ရမည်နည်း ။
သူက ထိုကိစ္စကို အကြောင်းတစ်ခုခုပြကာ ရှောင်ရပေမည်။
စကားဖြတ်ခံလိုက်ရသဖြင့် ရှောင်မေမှာ ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်သည် ။
"ကောင်းပါပြီ ၊ မြန်မြန်လုပ်ပါ ။ နင်နဲ့ ပြောစရာ အရေးကြီးတာ ရှိတယ်"
"ကောင်းပြီ ၊ ကိုယ့်အိမ်လိုပဲ သဘောထားပါ ။ ခဏနေမှ တွေ့မယ်"
ကျိယွမ်သည် အမျိုးသမီးကို အိမ်ထဲသို့ တွန်းပို့လိုက်ပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည် ။
အမျိုးသမီးသည် စိုးရိမ်စိတ်ဖြင့် ကျန်ရစ်ခဲ့သော်လည်း ကျိယွမ်ကို သက်ရှိထင်ရှား တွေ့လိုက်ရသဖြင့် စိတ်သက်သာရာ ရသွားသည် ။
သူပြန်လာရင်တော့ ဂိုဏ်းကိုတန်းခေါ်သွားရမယ်။
............
မှောင်မည်းနေသော အာကာသဟင်းလင်းပြင်ထဲ၌ အဝေးမှနေ၍ အပြာရောင် သို့မဟုတ် အနီရောင် ဂြိုဟ်အချို့ကို မြင်တွေ့နိုင်သည် ။
၎င်းတို့သည် ဧရာမ သတ္တဝါကြီးများ၏ မျက်လုံးများကဲ့သို့ ကျယ်ပြောသော စကြဝဠာထဲ၌ တိတ်ဆိတ်စွာလွင့်မျောနေကြ၏ ။
အာကာသဟင်းလင်းပြင်တစ်ခုလုံးသည် အသံကင်းမဲ့နေသော ကမ္ဘာတစ်ခုကဲ့သို့ ထူးဆန်းစွာ တိတ်ဆိတ်နေသည် ။
တစ်ချက် တစ်ချက်တွင် ဥက္ကာခဲများ လွင့်မျောနေပြီး ၎င်းတို့၏ အလင်းတန်းများသည် ဟင်းလင်းပြင်ကို လင်းထိန်သွားစေသည် ။
စစ်သင်္ဘော တစ်ရာနီးပါးသည် ဧရာမ အာကာသယာဉ်အစုကြီးအဖြစ် ဖွဲ့စည်းကာ စကြဝဠာအတွင်း ကင်းလှည့်နေ၏ ။
စစ်သင်္ဘောများသည် အေးစက်သော ငွေရောင်အလင်းများဖြင့် တောက်ပနေသည် ။ ၎င်းတို့၏ ကြောက်မက်ဖွယ် ဒီဇိုင်းများသည် တစ်ချက်ကြည့်လိုက်ရုံနှင့် မည်သူ့ကိုမဆို တုန်လှုပ်သွားစေနိုင်၏ ။
သင်္ဘောတစ်စင်းအတွင်း၌ လူသားအရေခွံဝတ်ရုံကို ဝတ်ဆင်ထားသော "ဖန်ရှဲ့" အမည်ရှိ မိစ္ဆာသည် မောက်မာသော အပြုံးမျိုး ပြုံးနေလေသည် ။
"လူသားတွေရဲ့ နည်းပညာက စိတ်ဝင်စားဖို့ကောင်းသားပဲ ။ ဒီအရှိန်က... ခရမ်းရောင်နန်းတော် ကျင့်ကြံသူတစ်ယောက်ထက်တောင် မြန်သေးတယ်"
"ဒီစစ်သင်္ဘောတွေက နောက်ဆုံးပေါ် မော်ဒယ်တွေပါ ။ တစ်စင်းချင်းစီက ချင်းယွမ်နိုင်ငံကို မြေလှန်ပစ်ဖို့ လုံလောက်ပါတယ် ။ ဒါပေမဲ့ မိစ္ဆာနယ်မြေက အရှင်သခင်တွေနဲ့ ယှဉ်ရင်တော့ ဒါတွေက အမှိုက်တွေပါပဲ"
အထူးတိုက်ခိုက်ရေးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဖန်ရှဲ့ကို ဖားရင်းပြောသည် ။
သူသည် ဤစစ်သင်္ဘော၏ တပ်မှူးဖြစ်ပြီး ဤစစ်ဆင်ရေး၏ အမြင့်ဆုံး အာဏာပိုင်လည်း ဖြစ်သည် ။
သို့သော် လက်တွေ့တွင် အစစ်အမှန် ခေါင်းဆောင်မှာ သူ့ဘေးနားရှိ မိစ္ဆာအရှင်ဖန်ရှဲ့သာ ဖြစ်၏ ။
"ဒီစစ်သင်္ဘောတွေရဲ့ စွမ်းအားက အထင်ကြီးစရာပါပဲ ၊ ရင်ဆိုင်ဖို့လည်း မလွယ်ပါဘူး ။ ဒါပေမဲ့ အထဲက လူတွေကို ဖယ်ရှားလိုက်တာနဲ့ ဒါတွေက ဘာမှ မဟုတ်တော့ပါဘူး"
ဖန်ရှဲ့က အထင်မကြီးသလို မှတ်ချက်ပေးသည် ။
အကယ်၍ မိစ္ဆာနယ်မြေကသာ ဤစစ်သင်္ဘောများကို တိုက်ရိုက်ရင်ဆိုင်ရပါက အကျအဆုံး များပြားမည်မှာ သေချာပြီး ခရမ်းရောင်နန်းတော် ကျင့်ကြံသူအချို့ကိုပင် ဆုံးရှုံးရနိုင်သည် ။
သို့သော် မိစ္ဆာနယ်မြေသည် လိမ္မာပါးနပ်စွာဖြင့် ထိပ်တိုက်တွေ့မည့်လမ်းစဥ်ကို မသုံးခဲ့ပါ ။ ခေါင်းဆောင်ပိုင်းကို အကျင့်ပျက်ခြစားအောင်လုပ်ပြီး ကန်ရှင်းကို အထက်မှအောက်သို့ ထိန်းချုပ်ရန် ရွေးချယ်ခဲ့သည် ။
ယခုအခါ ကန်ရှင်း၏ ရေယာဉ်စုမှာ မိစ္ဆာများ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရောက်ရှိနေလေပြီ ။
ဤစစ်ဆင်ရေးတွင် ပါဝင်သော စစ်သားများနှင့် အရာရှိများသည် စစ်လိုလားသော အုပ်စုမှ ဖြစ်ကြ၏ ။
"ကျွန်တော်တို့က သာမန်လူတွေပါ ၊ အရှင်နဲ့တော့ လုံးဝ မယှဉ်နိုင်ပါဘူး"
တပ်မှူးက ထပ်၍ဖားလိုက်သည် ။
ထိုစဉ် အာကာသယာဉ်စုအတွင်း၌ ရုတ်တရက် အသံတစ်ခုက ရုတတရက် ပဲ့တင်ထပ်လာခဲ့သည် ။
"ဟေး ...ကန်ရှင်းကို ဘယ်လိုသွားရမလဲဆိုတာ တစ်ယောက်ယောက် ပြောပြနိုင်မလား"
"ဘာလဲဟ.."
စစ်သင်္ဘောအတွင်းရှိ စစ်သားများမှာ ချက်ချင်းပင် တင်းမာသွားကြ၏ ။
တပ်မှူးသည်လည်း သတိကြီးစွာ ထားလိုက်သည် ။
"အသံလာရာကို ရှာဖွေစမ်း ။ ဘယ်သူလဲဆိုတာ ခွဲခြားလိုက်"
သူက အလျင်အမြန် အမိန့်ပေးလိုက်သည် ။
ခဏအတွင်းမှာပင် ဖန်သားပြင်ပေါ်၌ သွေးရောင်လွှမ်းနေသော ပုံရိပ်တစ်ခု ပေါ်လာသည် ။
သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဧရာမ ဥက္ကာခဲကြီးတစ်ခုပေါ်တွင် ရပ်နေပြီး အာကသယာဉ်အုပ်စုနောက်မှ နီးကပ်စွာ လိုက်ပါလာနေ၏ ။
"ကျင့်ကြံသူတစ်ယောက်လား"
ဖန်ရှဲ့က ပြုံးလိုက်ပြီး သူ၏ မျက်လုံးများထဲ၌ အံ့ဩရိပ်များ ဖုံးလွှမ်းသွားသည် ။
"ဒီလို အာကာသထဲမှာ ဖြတ်သန်းနိုင်ဖို့ဆိုရင် သူက ခရမ်းရောင်နန်းတော် အဆင့် ဖြစ်ရမယ်"
"ဒါဆို ဒါက ချင်းယွမ်ရဲ့ ဝှက်ဖဲဖြစ်တဲ့ ခရမ်းရောင်နန်းတော် ကျင့်ကြံသူပေါ့လေ"
သူပြုံးနေစဥ်မှာ ထိုကျင့်ကြံသူထံမှ အသံထပ်ထွက်လာ၏။
"ဟေ့ကောင်တွေ... မင်းတို့က ကန်ရှင်းရဲ့ အာကာယာဉ်အုပ်စုကလား"
ဥက္ကာခဲပေါ်မှ သွေးရောင်ပုံရိပ်က ထပ်မေးပြန်သည် ။
သူ၏ ခြေထောက်အောက်ရှိ ဥက္ကာခဲသည် ယာဉ်အုပ်စုနှင့်အတူ အရှိန်အပြိုင် လိုက်ပါနေ၏။
ဖန်ရှဲ့သည် သွေးရောင်ဝတ်ရုံရှင်ကို ကြည့်ပြီး တုန့်ပြန်လိုက်သည်။
"မင်းက သတ္တိရှိသားပဲ ။ ငါ့ဆီမှာ သစ္စာခံမယ်ဆိုရင် မင်းရဲ့ မျိုးဆက်တစ်ခုလုံး ဘေးကင်းအောင် ငါ အာမခံတယ်"
သူက ရက်ရက်ရောရော ကမ်းလှမ်းလိုက်ခြင်းပင် ။
ယင်းကို ကြားသောအခါ ဥက္ကာခဲပေါ်တွင် ရပ်နေသော ကျိယွမ်သည် တောင့်ခဲသွားပြီး သူ၏မျက်နှာက တည်သွားသည် ။
"မင်းက ကိုယ်ခံပညာပြိုင်ပွဲကို ဖျက်သိမ်းချင်ရုံတင် မကဘူး ၊ ငါ့ကိုပါ သတ်ချင်နေတာလား"
ဖန်ရှဲ့သည် သူ၏ စကားကို နားမလည်ပါ ။
သို့သော် အရေးမကြီးပါ ။ သူက အေးစက်စွာ ပြုံးကာ မှတ်ချက်ချလိုက်သည်။
"မင်းမှာ သတ္တိတော့ ရှိတယ် ၊ ဒါပေမဲ့ ဉာဏ်မရှိဘူးပဲ ။ အဲဒီလိုဆိုရင်တော့ မင်း သေရလိမ့်မယ် ။ စကားတွေ အများကြီး ပြောနေစရာ မလိုတော့ဘူး"
သူက တပ်မှုးအား ကြည့်လိုက်၏။
"အမိန့်အတိုင်းပါ"
တပ်မှူးက တက်ကြွစွာ ပြန်ဖြေပြီး အမိန့်များ ချက်ချင်းထုတ်ပြန်လိုက်သည် ။
"ပစ်မှတ်ကို သတ်မှတ် ။ ထျန်းကျန်း အဆင့် အမြောက်ကြီးတွေကို ဖွင့် ။ အကုန်ဖျက်ဆီးပစ်ဖို့ ပြင်ဆင်"
တပ်မှူး၏ အမိန့်အရ အာကသယာဉ်စုသည် အလျင်အမြန် လူစုခွဲလိုက်ပြီး အာကာသအတွင်း အရှိန်ပြင်းပြင်းဖြင့် လှုပ်ရှားလိုက်ကြ၏ ။
ခဏအတွင်းမှာပင် သူတို့သည် ကျိယွမ်ကို ဝိုင်းရံထားလိုက်ပြီး ထွက်ပြေးပေါက်အားလုံးကို ပိတ်ဆို့လိုက်သည် ။
ထျန်းကျန်း အမြောက်ကြီး၏ အေးစက်သောပြောင်းဝကလည်း ကျိယွမ်ကို ပစ်မှတ်ထားလိုက်သည် ။
ထျန်းကျန်း အမြောက်ကြီးမှာ ဂြိုဟ်ဖျက်အမြောက်များကို အခြေခံထားသော ကြောက်မက်ဖွယ် လက်နက် ဖြစ်၏ ။
၎င်းသည် စစ်သင်္ဘောတစ်စင်းပေါ်ရှိ အားအကောင်းဆုံး လက်နက် ဖြစ်သည် ။
ကန်ရှင်း၏ အားအကောင်းဆုံး လက်နက်များပြီးလျှင် ဒုတိယတန်းလိုက်ပြီး ၎င်း၏ စွမ်းအားမှာ ကောင်းကင်မျက်လုံးများနှင့် တန်းတူရှိသည်ဟုပင် ဆိုကြသည် ။
တပ်မှူး၏အမိန့်နှင့်အတူ ထျန်းကျန်း အမြောက်ကြီး တစ်ရာကျော်သည် ကျိယွမ်ကို ပစ်မှတ်ထားလိုက်၏ ။
အီလက်ထရွန်းနစ်လုပ်ဆောင်သံများ လေထုထဲ၌ ပြည့်နှက်သွားသည် ။
"အားသွင်းနေသည်... ၃... ၂... ၁..."
"ပစ်မှတ်ကို သတ်မှတ်ပြီးပါပြီ .."
တပ်မှူး၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏ ။
ထိုလက်နက်သည် နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သည်။
သာမန် ခရမ်းရောင်နန်းတော် ကျင့်ကြံသူတစ်ယောက်မှာ ၄င်းတို့နှင့်ရင်ဆိုင်ရလျှင် အသေကောင်နှင့် မခြားပါ ။
သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ကျိယွမ်ကတော့ တည်ငြိမ်နေဆဲပင်။
သူက ရှေ့မှမြင်ကွင်းကိုကြည့်ကာ စိတ်ပျက်သလို ရေရွတ်၏။
"NPC တွေထဲမှာ လူဆိုးတွေ တော်တော်များနေတာပဲ"
သို့သော် သူက မည်သည့်လှုပ်ရှားမှုမှ မလုပ်ဘဲ ငြိမ်သက်စွာသာ ရပ်နေသည် ။
ထိုအခိုက်မှာပင် ကျယ်လောင်သော ပစ်ခတ်သံများထွက်ပေါ်လာပြီး ဒုံးကျည်များနှင့် စွမ်းအင်တန်းများသည် အရပ်မျက်နှာအနှံ့မှ သူ့ထံသို့ တဟူးဟူးပျံသန်းလာကြသည် ။
ပြောရလျှင် မဟာအုပ်စိုးရှင်တစ်ပါးပင်လျှင် ထိုတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ။
သို့သော် သူကား ကျိယွမ် ဖြစ်သည် ။
ဒီလောက် အာကသယာဉ်အုပ်စုလေးလား ။
သူလိုကောင်က ဂရုပင်မစိုက်ပါ ။
"ပျင်းစရာကောင်းလိုက်တာ"
ကျိယွမ်က စိတ်ပျက်စွာဆိုပြီးနောက် အာကာသယာဉ်စုရှိရာ ဘက်သို့ ခပ်ဖွဖွ လေတစ်ချက် မှုတ်လိုက်သည် ။
တိတ်ဆိတ်ငြိမ်သက်နေသော စကြဝဠာအတွင်း၌ ပြင်းထန်သော လေပြင်းတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာ၏ ။
၎င်းသည် အာကာသအတွင်း စကြဝဠာမုန်တိုင်းတစ်ခု ကျရောက်လာသကဲ့သို့ ဖြစ်သွားပြီး ကြယ်စင်များကို ပေါက်ကွဲသွားစေသည် ။
ရေတွက်မရသော ဥက္ကာခဲများသည် ခဏချင်းအတွင်းမှာပင် ကြေမွပျောက်ကွယ်သွား၏ ။
ကျိယွမ်ကို ပစ်မှတ်ထားထားသော ဒုံးကျည်များနှင့် ပစ်ခတ်မှုများသည် လည်း ဖုန်မှုန့်များအဖြစ် ပြိုကွဲသွားသည် ။
စစ်သင်္ဘောများမှာမူ သတိပေးချက် ထုတ်ပြန်ရန်ပင် အချိန်မရလိုက်ပါ ။
အတွင်းရှိ စစ်သားများနှင့် မိစ္ဆာများသည် တုံ့ပြန်ရန်ပင် အခွင့်အရေး မရလိုက်ဘဲ ကျိယွမ်၏ လေတစ်ချက်မှုတ်ချက်ဖြင့် ချက်ချင်းပင် အစအနမကျန်အောင် ပျောက်သွားကြသည် ။
အာကာသအတွင်း၌ ပေါက်ကွဲသံပင် မကြားရပါ ။
တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းသော ရေယာဉ်စုကြီးမှာ ဂယက်တစ်ခုပင် မထွက်ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်သည် ။
"ငါ့ဆီက လေတစ်ချက်မှုတ်တာကိုတောင် မခံနိုင်ဘဲနဲ့ သူတို့က ကြွားလုံးထုတ်နေကြတာလား ။ ရယ်စရာပဲ"
ကျိယွမ်သည် သမ်းဝေလိုက်ပြီး သူ၏ အကြည့်မှာ ဝေးလံသော နေရာသို့ ရောက်သွားသည် ။
"အဲဒီ အစိမ်းရောင်တောက်နေတဲ့ ဂြိုဟ်က ကန်ရှင်းလား ။ သူ့ဘေးက နေကတော့ နည်းနည်း တောက်ပလွန်းပြီး စိတ်အနှောင့်အယှက် ဖြစ်စရာကြီးပဲ"
ကုံရှင်းနှင့်ကန်ရှင်းဂြိုဟ်သည် နေအဖွဲ့အစည်းထက် အနည်းငယ်သာ ပိုကြီး၏ ။
၄င်းတို့တွင် ကိုယ်ပိုင်နေတစ်စင်းစီ ရှိကြသည် ။
ကျိယွမ်၏ အမြုတေပုံရိပ်ကို ထည့်မတွက်လျှင်ဖြစ်သည်။
"သွားကြည့်လိုက်မယ်"
ကျယ်ပြောသော စကြဝဠာအတွင်း၌ ကျိယွမ်၏ ပုံရိပ် ပျောက်ကွယ်သွားသည် ။
..................
တစ်ချိန်တည်းမှာပင် ...
ကန်န်ရှင်း၏ အကြီးဆုံး စစ်အခြေစိုက်စခန်း၌ ဖြစ်သည်။
စစ်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ထိတ်လန့်တကြား ဖြစ်နေ၏ ။
"စစ်သေနာပတိချုပ် ၊ ချီဟန် ယာဉ်အုပ်စု... ပျောက်ဆုံးသွားပါပြီ"
"ပျောက်ဆုံးသွားတယ် ဟုတ်လား"
စစ်သေနာပတိချုပ်က နားမလည်သလို မျက်ခုံးပင့်ကာ ပြန်မေးသည် ။
"အချက်ပြစနစ် ပြတ်တောက်သွားတာလား"
"စစ်သေနာပတိချုပ် ၊ အဲဒါထက် ပိုဆိုးပါတယ် ။ ကျွန်တော်တို့ စစ်သားတွေ... အားလုံး... ချန်လီမင်တွေပါ သေကုန်ပါပြီ"
ချန်လီမင် ဆိုသည်မှာ အထူးဇီဝရုပ်စု သို့မဟုတ် ဘက်တီးရီးယား အုပ်စု ဖြစ်သည် ။
၎င်း၏ အစိတ်အပိုင်းတစ်ခုကို စစ်သားများ၏ ခန္ဓာကိုယ်ထဲ၌ ထည့်သွင်းထားပြီး ကျန်အစိတ်အပိုင်းကို မွေးမြူရေးခွက်များထဲ၌ ထားရှိသည် ။
အကယ်၍ စစ်သားတစ်ဦး သေဆုံးပါက သူတို့ကိုယ်ထဲက ဘက်တီးရီးယားများလည်း သေဆုံးမည်ဖြစ်ပြီး ခွက်ထဲမှ ဘက်တီးရီးယားများမှာလည်း လိုက်၍ သေဆုံးမည် ဖြစ်သည် ။
၎င်းသည် ကျင့်ကြံသူကမ္ဘာရှိ ဝိညာဉ်မီးအိမ်များနှင့် ဆင်တူ၏ ။
ဝိညာဉ်မီးအိမ် ငြိမ်းသွားပါက သေဆုံးခြင်းကို ဆိုလိုသည် ။
"ဘာ ၊ အားလုံး သေကုန်ပြီ ဟုတ်လား"
စစ်သေနာပတိချုပ်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်သွားသည် ။
ထိုအရာက ယာဉ်အုပ်စုတစ်ခုလုံး သုတ်သင်ခံလိုက်ရသည်ဟု ဆိုလိုခြင်းလော ။
ထိုယာဉ်အုပ်စုမှာ ကြယ်စင်သင်္ဘော တစ်ရာကျော် ပါဝင်ပြီး တစ်စင်းချင်းစီမှာပင် နိုင်ငံတစ်ခုကို ဖျက်ဆီးနိုင်စွမ်း ရှိသည် ။
ယခုတော့... သူတို့ မရှိတော့ဘူးလား ။
မည်သူက မကြောက်ဘဲ နေနိုင်မည်နည်း ။
"သူတို့ဆီက သတင်းစကား တစ်ခုခု ရသေးလား"
စစ်သေနာပတိချုပ်က စိုးရိမ်တကြီး မေးလိုက်သည် ။
စစ်သားများ သေဆုံးခြင်းထက် မိစ္ဆာနယ်မြေ၏ တာဝန်ကို မထမ်းဆောင်နိုင်ခြင်းက ပို၍ ဘေးဒုက္ခဖြစ်နိုင်၏ ။
"မရပါဘူး ၊ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားတာပါ ။ ဒါပေမဲ့ အဆက်အသွယ် မပြတ်ခင်လေးမှာ ယာဉ်အုပ်စုက ရန်သူနဲ့ တွေ့ခဲ့ပြီး ထျန်းကျန်း အမြောက်ကြီးကိုတောင် အသုံးပြုခဲ့တာတော့ သိရပါတယ်"
"ဒါက... .."
" ကြယ်စင်မြစ် ကာကွယ်ရေးစနစ်ကို အပြည့်အဝ ချက်ချင်းဖွင့် ။ ဘယ်သူ့ကိုမှ ကန်ရှင်းပေါ် ခြေချခွင့် မပေးနဲ့"
စစ်သေနာပတိချုပ်က ချက်ချင်း အမိန့်ပေးလိုက်သည် ။
အကယ်၍ ယာဉ်အုပ်စုသာ ရန်သူတစ်ယောက်တည်းကြောင့် သုတ်သင်ခံလိုက်ရပါက ထိုရန်သူသည် အလွန်အမင်း စွမ်းအားကြီးရမည် ဖြစ်သည် ။
အကယ်၍ ထိုသို့သော ကြောက်မက်ဖွယ် ရန်သူက ကန်ရှင်းသို့ ရောက်ရှိလာပါက သူတို့သည် မိစ္ဆာနယ်မြေကို ရင်ဆိုင်ရစဉ်ကကဲ့သို့ပင် လုံးဝ လက်နက်ချရမည် ဖြစ်သည် ။
ထို့ကြောင့် အကောင်းဆုံးမှာ သူ့ကို အာကာသထဲ၌ပင် သတ်ပစ်ရန် ဖြစ်သည် ။
ကြယ်စင်မြစ်ကာကွယ်ရေးစနစ်မှာ ကန်ရှင်း၏ အားအကောင်းဆုံး ကာကွယ်ရေးစနစ် ဖြစ်သည် ။
၎င်းတွင် ကြယ်ခုနစ်စင်း ပါဝင်၏ ။
ထိုအထဲမှ ငါးစင်းမှာ ကန်ရှင်း၏ လများဖြစ်ပြီး ကျန်နှစ်စင်းမှာ အဆင့်မြင့် နည်းပညာဖြင့် ဖမ်းယူထားသော ဂြိုဟ်များ ဖြစ်ကြသည် ။
ခုနစ်စင်းသောကြယ်စင်မြစ် ကာကွယ်ရေးစနစ်တွင် ကန်ရှင်း၏ အားအကောင်းဆုံး လက်နက်များကို တပ်ဆင်ထား၏ ။
အကယ်၍ ရန်သူ ကျူးကျော်လာပါက ၎င်းကို အသက်သွင်းနိုင်သည် ။
အစွမ်းကုန် အသုံးပြုပါက ကြယ်စင်မြစ် ကာကွယ်ရေးစနစ်သည် ကြောက်မက်ဖွယ်ကောင်းလှ၏ ။
၎င်းတွင် ရောင်ခြည်ဂန်းများ ၊ ဂြိုဟ်ဖျက်အမြောက်များ ၊ စူပါဓါတ်ရောင်ခြည်များ ၊ ကြယ်စင်ဗုံးများနှင့် အာကာသ အလင်းတန်းများ စသည့် အစွမ်းထက် လက်နက်များ အားလုံး ရှိသည် ။
၎င်းသည် လငယ်လေးတစ်စင်းကိုပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေနိုင်သည် ။
"ဒီအကြောင်းကို မိစ္ဆာအရှင်နဲ့ ဘုရင်မင်းမြတ်ဆီ သတင်းပို့ရမယ်"
စစ်သေနာပတိချုပ်က နဖူးမှချွေးများကို သုတ်ကာ စိုးရိမ်တကြီးရေရွတ်လိုက်သည်။
အချိန်များမှာ ဖြည်းညှင်းစွာ ကုန်လွန်သွား၏ ။
ကြီးမားသောနန်းတော်ကြီးအတွင်း၌ မျက်လုံးတစ်ထောင်မိစ္ဆာအရှင်သည် ထိုသတင်းကို လက်ခံရရှိပြီးသော်လည်း တည်ငြိမ်နေဆဲပင်။
သူ၏ခေါင်းကို ချောမောလှပသောဧကရီတစ်ဦး၏ ပေါင်ပေါ်တွင် တင်ထားပြီး ဇိမ်ယစ်နေ၏ ။
"ရန်သူ့တိုက်ခိုက်မှုလား ။ စိတ်ဝင်စားဖို့ကောင်းသားပဲ"
သူသည် လုံးဝ ဂရုမစိုက်ပါ ။
အိုမင်းနေသောဘုရင်ကြီးကတော့ အနီးတွင်ရပ်နေပြီး သူ၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ မရှိပါ ။
မင်းသမီးကတော့ ဘေးတွင် ရပ်နေပြီး သူမ၏ ခန္ဓာကိုယ်မှာ တင်းမာနေသည် ။
ထိုစဉ် နန်းတော်အတွင်း၌ ရုတ်တရက် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည် ။
"ကျွန်မကတော့ စက်ရုပ် ဇီးရိုးဝမ်း ဖြစ်ပါတယ် ၊ ကျွန်မရဲ့သခင်ဆီက သတင်းစကားကို လာပို့တာပါ"
ထို့နောက် ကြေညာသံတစ်ခုထွက်ပေါ်လာ၏။
"ကန်ရှင်း ၊ မင်းတို့ရဲ့ မောက်မာပြီး ကုံရှင်းကို သိမ်းပိုက်ရုံနဲ့ အားမရဘဲ ကိုယ်ခံပညာပြိုင်ပွဲကိုပါ ဖျက်သိမ်းဖို့ ကြိုးစားခဲ့ကြတယ် ။ ဒီနေ့မှာတော့ ငါကိုယ်တိုင်လာပြီး မင်းတို့ကို သင်ခန်းစာပေးမယ်"
ထို့နောက် ဇီးရိုးဝမ်က ထပ်ပြောလိုက်သည်။
"ကျွန်မရဲ့သခင် ကျိယွမ်ဟာ နောက်ထပ် သုံးမိနစ်အတွင်းမှာ ကန်ရှင်းကို ရောက်လာပါလိမ့်မယ် ။ လက်နက်ချတဲ့သူတွေ အသက်ရှင်ခွင့်ရမယ် ၊ ခုခံတဲ့သူတွေကိုတော့ မညှာမတာ သတ်ဖြတ်ပစ်မယ်"
စက်ရုပ်အသံမှာ အေးစက်ပြီး ခံစားချက် ကင်းမဲ့နေသည် ။
မောက်မာလှသောအပြူအမူကြောင့် မျက်လုံးတစ်ထောင်မိစ္ဆာအရှင်သည် ဒေါသတကြီး ထရပ်လိုက်၏။
သူ၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာထွက်ပေါ်လာသည် ။
"စိတ်ဝင်စားဖို့ကောင်းသားပဲ ။ သူက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ"
မျက်လုံးတစ်ထောင် မိစ္ဆာအရှင်သည် မကောင်းမှုအငွေ့အသက်များကို ထုတ်လွှတ်ရင်း ထရပ်လိုက်သည် ။
ဘုရင်အိုကြီးမှာ ခံစားချက်မဲ့နေဆဲဖြစ်သော်လည်း မင်းသမီး၏ မျက်လုံးများကတော့ သတိမထားမိလောက်သော စိတ်လှုပ်ရှားမှုလေးများဖြင့် တောက်ပသွား၏ ။
"မိစ္ဆာအရှင် ၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
စစ်သေနာပတိချုပ်က ကြောက်လန့်တကြားဖြင့် ဦးညွှတ်ကာ မေးသည် ။
သူတို့၏ အာကာသယာဉ်အုပ်စုတစ်ခုလုံးကို ရန်သူက သုတ်သင်ပစ်ခဲ့သည် မဟုတ်ပါလား ။
ယခုအနေအထားအရ ရန်သူမှာ သာမန်ရန်သူ မဟုတ်နိုင်တော့ပေ။
"မင်းတို့မှာ ကြယ်စင်မြစ် ကာကွယ်ရေးဆိုတာ ရှိတယ် မဟုတ်လား ။ ဟင်းလင်းပြင်ဟာ သူ့ရဲ့ နောက်ဆုံး အနားယူရာနေရာ ဖြစ်စေရမယ်"
ဟု မျက်လုံးတစ်ထောင် မိစ္ဆာအရှင်ကဒေါသထွကါနေသော်လည်း စိုးရိမ်ခြင်းတော့ မရှိပေ။
သူ၏မျက်လုံးထဲတွင် အာကာသယာဉ်စုကို ဖျက်ဆီးနိုင်သော ဤကျိယွမ်ဆိုသူမှာ အလွန်ဆုံးရှိလှ ခရမ်းရောင်နန်းတော် အဆင့်၏ ထိပ်ဆုံးသာ ဖြစ်လိမ့်မည် ။
သူသည်လည်း ခရမ်းရောင်နန်းတော် အဆင့်၏ ထိပ်ဆုံးဖြစ်ပြီး မိစ္ဆာနယ်မြေတွင် သူနှင့်အဆင့်တူများ တစ်ရာကျော် ရှိ၏ ။
တိုက်ခိုက်ရေးစွမ်းအား အရဆိုလျှင် သူ ဘာကိုမှ မကြောက်ပါ ။
ထို့ပြင် ကြယ်စင်မြစ် ကာကွယ်ရေးစနစ်မှာ အမှန်တကယ်ပင် အစွမ်းထက်၏ ။
ခရမ်းရောင်နန်းတော် ထိပ်သီး ကျင့်ကြံသူ ဆယ်ယောက်တောင်မှ ယင်းကို ဖောက်ထွက်ရန် မဖြစ်နိုင်ပါ ။
"အမိန့်အတိုင်းပါ ။ သူ ကန်ရှင်းကို မရောက်ခင် သေသွားစေရမယ်"
"ဟမ့် ၊ သူက ရထားလုံးကို တားဖို့ ကြိုးစားတဲ့ ပုစဉ်းရင်ကွဲလိုပဲ ။ ကိုယ့်သေတွင်းကိုယ် တူးနေတာ"
မျက်လုံးတစ်ထောင်မိစ္ဆာအရှင်က လှောင်ပြောင်လိုက်သည် ။
တစ်ချိန်တည်းမှာပင် မင်းသမီးကတော့ စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်လာသည် ။
ထိုစဉ် တိုက်ခိုက်ရေး စက်ရုပ်များဆီမှ သတိပေးချက် အသံများ ထုတ်လွှင့်လာသည် ။
"တီ... တီ... တီ ..ကြယ်စင်မြစ် ကာကွယ်ရေးစနစ်အတွင်း ကျူးကျော်သူကို တွေ့ရှိသည် ။ သုတ်သင်ခြင်းကို စတင်သည်"
"ရောင်စဥ်ဂန်းများ အသက်သွင်းလိုက်ပါပြီ"
"ကြယ်စင် သုတ်သင်ရေး အလင်းတန်း အသက်သွင်းလိုက်ပါပြီ"
"ဂြိုဟ်ဖျက်အမြောက် အသက်သွင်းလိုက်ပါပြီ"
ရေတွက်မရသော အစွမ်းထက် လက်နက်များက လျှပ်တပြတ်အတွင်း အသက်ဝင်သွားကြ၏။
ယခုအချိန်တွင် ကောင်းကင်သို့ မော့ကြည့်လိုက်သော မည်သူမဆို ကောင်းကင်ယံ၌ ရေတွက်မရသော အလင်းတန်းများကို မြင်တွေ့ရမည် ဖြစ်သည် ။
လူသားတို့၏ မျက်စိဖြင့် အာကာသထဲအထိ သေချာ မမြင်နိုင်သော်လည်း ကြယ်ကြွေသကဲ့သို့ ပြေးနေသော အလင်းတန်းများကိုတော့ ရေးတေးတေး မြင်နေရ၏။
သို့သော် ဖန်သားပြင်များပေါ်တွင်မူ ရေတွက်မရသော အလင်းတန်းများနှင့် ရှုပ်ထွေးနေသော စွမ်းအင်တန်းများကို ထင်းရှာစွာ မြင်နိုင်ကြသည် ။
လက်နက်တပ်ဆင်ထားသော ဂြိုဟ်ခုနစ်စင်းသည် အစွမ်းကုန် ပစ်ခတ်နေကြပြီး ဗုံးမိုးများ ဆက်တိုက်ရွာချနေ၏ ။
လက်နက်များ ၊ အလင်းတန်းများနှင့် ဓာတ်ရောင်ခြည်များသည် ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်သွားစေပြီး ပစ်မှတ်တစ်ခုတည်းဆီသို့ ဦးတည်နေကြသည် ။
"အဲဒီလို တိုက်ခိုက်မှုမျိုးကို ငါတောင် အသက်မရှင်နိုင်ဘူး ။ ဟမ့် ...သူက တမင်လာပြီး အသေခံတာပဲ"
မျက်လုံးတစ်ထောင်မိစ္ဆအရှင်က အေးစက်စွာ ပြောလိုက်သည် ။
ကြယ်စင်ကောင်းကင်ယံ၌ ကျိယွမ်ကတော့ မလှုပ်မယှက် ရပ်နေ၏ ။
ရေတွက်မရသော ဒုံးကျည်များနှင့် စွမ်းအင်တန်းများသည် သူ့ကို တဗုန်းဗုန်းထိမှန်နေသော်လည်း တစ်ခုမှ သူ၏ သွေးရောင်ဝတ်ရုံကို မဖောက်နိုင်ပါ ။
သူ၏ မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း စိတ်ပျက်ရိပ် အနည်းငယ် ရှိနေသည် ။
"မင်းတို့က ငါ့ရဲ့ ကိုယ်ခံပညာပြိုင်ပွဲကို တောင် ဖျက်သိမ်းရဲတယ်ဆိုတော့ တစ်ခုခုတော့ ရှိလိမ့်မယ်လို့ ငါ ထင်ထားတာ ။ ဒါပေမဲ့ ဒါပဲလား ။ ဒါက တော့ စိတ်ပျက်စရာကြီးပဲ"
ကျိယွမ်က စိတ်ပျက်သလို တိုးတိုးလေး ပြောလိုက်ခြင်းဖြစ်၏။
သို့သော် သူ၏အသံမှာ အာကာသ ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ ကန်ရှင်းတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည် ။
ကန်ရှင်းပေါ်ရှိ လူတိုင်းသည် သူ၏ အသံကို ရုတ်တရက် ပီပြင်စွာကြားလလိုက်ရ၏ ။
"အဲဒါ ဘာသံလဲ"
"မင်းရော ကြားလိုက်လား"
"နတ်ဘုရားတစ်ပါးရဲ့ အသံလား"
လူတိုင်း ကောင်းကင်သို့ မော့ကြည့်သော်လည်း ဘာမှ မမြင်ရပါ ။
အာကာသထဲတွင် ဖြစ်ပွားနေသော တိုက်ပွဲကို သူတို့ မမြင်နိုင်ကြပေ။
မျက်လုံးတစ်ထောင်မိစ္ဆာအရှင်၏ မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် တည်ကြည်သော အမူအရာ ပေါ်လာသည် ။
"စွမ်းအားကို မြှင့်လိုက် ။ သူ့ကို ဖျက်ဆီးပစ်"
"အမိန့်အတိုင်းပါ"
စစ်သေနာပတိချုပ်က အချိန်မဆိုင်းရဲဘဲ အမိန့်ကို ချက်ချင်း လက်ဆင့်ကမ်းလိုက်သည် ။
တစ်ချိန်တည်းမှာပင် ကျိယွမ်၏ အသံသည် ကောင်းကင်ယံ၌ ဆက်လက် ပဲ့တင်ထပ်နေသည် ။
"လမ်းလျှောက်လာတာ ကြာတော့ နည်းနည်း ဗိုက်ဆာလာသလိုပဲ... တစ်ခုခုလောက် အရင်စားလိုက်ဦးမယ် ၊ ပြီးမှ ငါတို့ စကား ဆက်ပြောကြတာပေါ့"
သူ၏ အသံဆုံးသည်နှင့် ကောင်းကင်ကြီးမှာ ရုတ်တရက် သွေးရောင် ပြောင်းသွားသည် ။
အဖြူရောင် အလင်းများ မရှိတော့ဘဲ အနီရောင် အလင်းများသာ လွှမ်းမိုးလာ၏ ။
"ဒါက ဘာကြီးလဲ"
"ဘာတွေ ဖြစ်နေတာလဲ"
"သွေးရောင် ဂြိုဟ်ကြီးတစ်လုံးလား"
လူတိုင်းသည် ထိတ်လန့်တကြားဖြင့် ကောင်းကင်သို့ မော့ကြည့်နေကြသည် ။
အဘယ်ကြောင့်ဆိုသော် သူတို့အပေါ်ရှိ ကောင်းကင် ၊ ကြယ်များနှင့် နေလုံးကြီးမှာ ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည် ။
သူတို့ မြင်နေရသည်မှာ ဧရာမ... ဝိုင်းစက်နေသော... ကြယ်ကဲ့သို့ အရာဝတ္ထုကြီးတစ်ခု ဖြစ်သည် ။
မဟုတ်သေးဘူး ၊ တစ်ခုတည်း မဟုတ်ဘူး ၊ နှစ်ခု ဖြစ်သည် ။
"အဲဒါတွေက... မျက်လုံးတွေလား"
ဘုရင်အိုကြီး၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည် ။
အလင်းရောင်အားလုံးကို ပိတ်ဆို့ထားသော ကောင်းကင်ယံမှ အရာဝတ္ထုကြီးမှာ... ဧရာမ သတ္တဝါကြီးတစ်ကောင်၏ မျက်လုံးနှင့် တူနေသည် ။
အသံတစ်ခု ထပ်မံ ပဲ့တင်ထပ်လာသည် ။
"ခန္ဓာကိုယ်ကို ကြီးထွားအောင် လုပ်လိုက်ရတာ ကောင်းလိုက်တာ ။ အမြဲတမ်း သေးငယ်တဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေရတာက အရမ်း ပျင်းဖို့ကောင်းတယ်"
"ဒါပေမဲ့ ကြီးတာကလည်း အားနည်းချက် ရှိသားပဲ ။ ငါ့မျက်လုံးက ကန်ရှင်းနဲ့ ကပ်နေပြီ ၊ ဒါတောင် မင်းတို့ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူး"
သူသည် အာကာသ ဟင်းလင်းပြင်ထဲ၌ ရပ်နေသည် ။
ကန်ရှင်းဂြိုဟ်မှာ သူ၏ လက်ဖဝါးလောက်ပင် မရှိဘဲ သူ၏ ခန္ဓာကိုယ်မှာ စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထား၏ ။
ဤအခိုက်အတန့်တွင် သူသည် စကြဝဠာနိယာမများ၏ ချုပ်ကိုင်မှုကိုပင် ခံရပုံမပေါ်ပါ ။
သူ ပေါ်လာသည်နှင့် လူတိုင်း သူ့ကို မြင်နိုင်သည် ။
သူ၏ အသံမှာလည်း သာမန် လေထုထဲမှ ဖြတ်သန်းလာခြင်း မဟုတ်ပေ ။ အသံထွက်ပေါ်လာသည်နှင့် နေရာတိုင်းမှ လူတိုင်း ကြားနိုင်၏ ။
"ဒါ ..ဒါက .."
မျက်လုံးတစ်ထောင်မိစ္ဆာအရှင်မှာ တုန်ယင်နေပြီး စကားပင် မပြောနိုင်တော့ပါ ။
ကန်ရှင်း၏ လူများအားလုံးမှာလည်း သတ္တိများ ပျောက်ဆုံးကာ ကြောက်လန့်တကြား ဒူးထောက်လိုက်ကြသည် ။
တစ်ချိန်တည်းမှာပင် မိုင်ပေါင်းများစွာ ဝေးကွာသော ကုန်းရှင်းဂြိုဟ်ပေါ်ရှိ လူများသည်လည်း သွေးရောင်ပုံရိပ်ကြီးကို မြင်တွေ့ရသည် ။
ယန်နတ်ဘုရားတစ်ပါး၏ ပုံရိပ် ထွက်ပေါ်လာသောအခါ အာကာသ ဟင်းလင်းပြင်ကို ကျော်လွန်၍ သက်ရှိအားလုံး ထိုကြောက်မက်ဖွယ် ပုံရိပ်ကို မြင်နိုင်၏ ။
ကန်ရှင်းဂြိုဟ်သည် ကုံရှင်းဂြိုဟ်နှင့် အလွန်ဝေးကွာသည် ။
ကုံရှင်းမှ လှမ်းကြည့်လျှင် ကန်ရှင်းဂြိုဟ်မှာ လက်သီးဆုပ်ခန့်သာ ရှိသော ကြယ်တစ်လုံးဖြစ်သည် ။
သို့သော် ယခုအခါ သွေးရောင်အလင်းသည် နေ၏နေရာတွင် အစားထိုးဝင်ရောက်လာ၏ ။
ဧရာမ ပုံရိပ်ကြီးမှာ ဟင်းလင်းပြင်ထဲ၌ ရပ်နေပြီး ကန်ရှင်းဂြိုဟ်မှာ သူ့ကြောင့် ကွယ်နေသကဲ့သို့ ဖြစ်နေသည် ။
ကန်ရှင်းဂြိုယ်အနီးရှိ နေမင်းကြီးမှာပင် သူ၏ လက်ဖဝါးလောက်သာ သေးငယ်ပုံရသည် ။
ကုံရှင်းဂြိုဟ်ပေါ်တွင် ပစ္စည်းများ ဝယ်ယူရန် အပြေးအလွှား သွားနေကြသော လူတိုင်းမှာ သွားရမည့်ခရီးကိုမေ့ကာ မော့ကြည့်မိနေကြသည် ။
ကံကောင်းထောက်မစွာဖြင့် သူတို့၏ အမြင်အာရုံမှာ ယခုတစ်ကြိမ်တွင် အလွန်ကောင်းမွန်နေသည် ။
အာကာသထဲတွင် ရပ်နေသော ဧရာမ ပုံရိပ်ကြီးကို သူတို့ ရှင်းရှင်းလင်းလင်း မြင်နေရ၏ ။
"ကောင်းကင်ထဲက သွေးရောင် အရာကြီးက ဘာကြီးလဲ"
"အဲဒါ လူတစ်ယောက်လား"
"ငါ မျက်စိများမှားနေတာလား ၊ မင်းတို့ရော မြင်လား"
"မေမေ ၊ သမီး ကြောက်တယ်"
"ယောင်္ကျားရေ ..မိန်းမအရမ်းကြောက်တာပဲ"
ထိုအချိန်မှာပင် အာကာသထဲမှ သွေးရောင် ဘီလူးကြီးက စတင်လှုပ်ရှားလိုက်သည် ။
သူသည် သူ၏ဧရာမလက်ကြီးကို ဆန့်ထုတ်ကာ ကန်ရှင်းဂြိုဟ်ဘေးနားရှိ ကြယ်တစ်လုံးကို ဖမ်းဆုပ်လိုက်သည် ။
ပဲ့တင်ထပ်နေသော အသံကြီးသည် ကုုရှင်းနှင့် ကန်ရှင်း သာမက မူလဇစ်မြစ်နယ်မြေ ရှိ မှတ်တမ်းကိုပြသနေသော ပုံရိပ်ယောင်များ၌ပါ ပျံ့နှံ့သွားလေ၏ ။
"ခုနစ်ဆယ့်ခြောက်နှစ် ဆက်တိုက် ကိုယ်ခံပညာပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ တန်ဖိုးကို မင်းတို့ သိလား"
"မင်းတို့က ဘယ်လိုတောင် သတ္တိရှိလို့ ကုံရှင်းကို သိမ်းပိုက်ပြီး ကိုယ်ခံပညာပြိုင်ပွဲကို ဖျက်သိမ်းဖို့ ကြိုးစားရတာလဲ"
ကန်ရှင်းဂြိုဟ်ပေါ်ရှိ လူများသည် ကြောက်လန့်လွန်း၍ တုန်ယင်နေကြသည် ။
သူတို့သည် ကျိယွမ်ကြီးနှင့် အလွန်နီးကပ်နေသဖြင့် သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ကြောက်မက်ဖွယ် ဘီလူးကြီး၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ မြင်ရသည် ။
မင်းသမီးမှာလည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည် ။
သူမသည် ဖန်ဟွန်း၏ စကားကို ပြန်သတိရလိုက်သည် ။
ကုံရှင်းဂြိုဟ်ပေါ်တွင် အလွန်စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦး ရှိကြောင်း ဖန်ဟွန်းက သူမအား ပြောခဲ့ဖူး၏ ။
ထိုသူသည် စွမ်းအားကြီးမှန်း သူမ သိသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟုတော့ သူမ မထင်ထားခဲ့ပါ ။
မူလဇစ်မြစ်နယ်မြေတွင်ရှိနေသော သိူင်းနတ်ဘုရားများ အားလုံးမှာလည်း ဆွံ့အနေကြသည် ။
သမင်နက်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည် ။
"ဒါ... ဒါက ကျိယွမ်လား"
သူ နားမလည်နိုင်ပါ ၊ နားမလည်ရုံမျှမက စိတ်ကူးပင် မယဉ်နိုင်ပါ ။
ထိုကြောက်မက်ဖွယ် ပုံရိပ်ကြီးမှာ ခြေလှမ်းတစ်ချက်နှင့်တင် မူလနယ်မြေတစ်ခုလုံးကို နင်းခြေဖျက်ဆီးပစ်နိုင်သည် ။
ဒါက သိုင်းနတ်ဘုရားလား ။
အဲဒါကဆို ငါတို့က ဘာတွေလဲ။
ငါတို့ကလည်း သိုင်းနတိဘုရားတွေလေ ။
ဒါပေမဲ့ ဘာလို့ ငါတို့နဲ့သူက ဒီလောက်ကြီးကွာခြားနေရတာလဲ။
ကုံရှင်းဂြိုဟ်ပေါ်တွင်တော့ ရေတွက်မရသော လူများသည် ပထမတွင် ဝေခွဲမရ ဖြစ်နေကြပြီး ဘာမှနားမလည်နိုငိဖြစ်နေ၏။
သို့သော် သတိဝင်လာသောအခါ အလွန်အမင်း ဝမ်းသာသွားကြသည် ။
"ဒါ မစ္စတာကျိ ။အဲ ဒါ မစ္စတာကျိပဲ ... ဟားဟားဟား...ဟားဟားဟားဟား "
ဘုရင်ကြီးသည် အားရပါးရရယ်မောရင်းမှ သူမသိလိုက်ဘဲ ဝမ်းသာမျက်ရည်များ ဆက်တိုက်ကျလာ၏။
ကုန်းယီချင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ထိုကြောက်မက်ဖွယ် ပုံရိပ်ကြီးကို ကယောင်ကတမ်းဖြင့်ရှိခိုးနေသည် ။
ကျိယွမ်၏ ဇနီးသည် ကောင်းကင်မျက်လုံးများကို ဖျက်ဆီးနိုင်ခဲ့သည် ။
ထို့ကြောင့် ကျိယွမ်သည် သူ၏ ဇနီးထက် အားနည်းမည်ဟု သူတို့ ထင်ခဲ့ကြ၏ ။
ကန်ရှင်း၏ ကျူးကျော်မှုက ရက်စက်ပြင်းထန်လှသဖြင့် ကျိယွမ်သည် သူတို့ကို ခုခံနိုင်ပါ့မလားဟု သူတို့ စိုးရိမ်ခဲ့ကြသည် ။
ဒါပေမဲ့ အခုတော့...။
သူက မခုခံနိုင်တာမှ မဟူတ်တာ ၊ ခုခံစရာကို မလိုတာ ။
၄င်းမှာ ကြောက်စရာကောင်းသည်ဆိုတာထက်ကို ကျော်လွန်နေပြီ ဖြစ်သည် ။
နားမလည်နိုင်စရာ ၊ သို့မဟုတ် နားလည်ရန် မဖြစ်နိုင်စရာပင် ။
ဤကမ္ဘာပေါ်တွင် နေတစ်စင်းလောက် အရွယ်အစားကြီးမားသော လက်သီးရှိသောပုဂ္ဂိုလ်မျိုး မည်သို့ တည်ရှိနိုင်မည်နည်း ။
ဆိုလိုသည်မှာ သူသာ အလိုရှိပါက သူ၏ ဆံပင်တစ်ပင်ကိုနှုတ်ကာ ပစ်ချလိုက်ရုံဖြင့် ကုံရှင်းကို နင်းခြေဖျက်ဆီးနိုင်သည် မဟုတ်ပါလား ။
အထပ်မြင့် အဆောက်အဦးတစ်ခုပေါ်တွင် အသက်ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ဦးသည် သူ၏ ဆံပင်ဖြူနေသော အဖိုးကို ကြည့်လိုက်သည် ။
"အဖိုး... အဖိုးက ကိုယ်ခံပညာပြိုင်ပွဲမှာ ဒုတိယရခဲ့တာ မဟုတ်လား"
သူသည် သူ၏အဖိုးကို စိတ်လှုပ်ရှားမှုနှင့်အတူ အထင်ကြီးမှုများဖြင့် ကြည့်နေသည် ။
ပထမရတဲ့သူက ဒီလောက်တောင် သန်မာရင် ဒုတိယရတဲ့သူကလည်း ဘယ်လိုလုပ်အားနည်းနိုင်မှာလဲ ။
"ဒါမှ ငါ့အဘိုးကွ ..."
အဘိုးအိုကတော့ ကောင်းကင်ရှိ ပုံရိပ်ကြီးကို ကြည့်ကာ ကြက်သေ သေနေ၏။
ငါက ဒါကြီးနဲ့နှစ်ပေါင်း ခြောက်ဆယ် တိတိ တစ်ယောက်ချင်း မကြောက်မလန့် တိုက်ခိုက်နေခဲ့တာလား ။
တစ်ချိန်တည်းမှာပင် ကျွင်းအန်း လူနေရပ်ကွက်၌ရှိနေသော ကိူယ်ကျပ်ဝတ်စုံနှင့်ရှောင်မေမှာလည်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည် ။
ရှဲ့ရှင်းစု၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေပြီး ကြောက်လန့်လွန်းသဖြင့် အမြီးလေးပင် မလှုပ်ရဲပေ ။
ဝူချီသည် လေထုပေါ်တွင် ရပ်နေပြီး သူမ၏ မျက်လုံးများထဲ၌ အံ့ဩလေးစားမှုများ ပြည့်နှက်နေသည် ။
"ငါက တကယ်ပဲ အဲဒီလောက်အထိ သတ္တိကောင်းခဲ့တာလား"
အာကာသ ဟင်းလင်းပြင်ထဲ၌ရပ်နေရင်း ကျိယွမ်ကို သူမ တစ်ခါက ဘယ်လို မြှူဆွယ်ခဲ့သည်ကို ရုတ်တရက် သတိရလိုက်၏ ။
သူမက သူမ၏သွယ်လျသော ခန္ဓာကိုယ်လေးအား ပြန်ကြည့်ကာ ကြက်သီးများ ထသွားသည်။
ကျိယွမ်က ဒီလောက်ကြီးတာကို... ငါ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ ။
ဖိုရမ်ပေါ်တွင် ကျိယွမ်ကို ပြန်ဖြေခဲ့သော လူငယ်မှာလည်း ဆွံ့အသွားသည် ။
"သိုင်းပညာပြိိုင်ပွဲရဲ့ ချန်ပီယံက ဒီလောက် ကြီးတာလား ၊ ညီအစ်ကို ...မင်းက တကယ်ပြောနေတာပဲ"
ထိုအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးများသည် သွေးရောင် ဘီလူးကြီးဆီသို့ ရောက်ရှိနေကြသည် ။
ထိုအခိုက်တွင် သွေးရောင် ဘီလူးကြီး က လှုပ်ရှားလိုက်၏ ။
သူ၏ ဧရာမ လက်ကြီးကို ဆန့်ထုတ်ကာ ကန်ရှင်းဂြိုဟ်နယ်နိမိတ်အတွင်းရှိ ကြယ်တစ်လုံးကို ဖမ်းဆုပ်လိုက်သည် ။
သူ၏ အသံမှာ ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားသည် ။
"ငါ ဒီလောက်ကြီးတဲ့ ကြယ်မျိုး တစ်ခါမှ မစားဖူးဘူး"
သူသည် ကြယ်ကို ဖမ်းယူကာ သူ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည် ။
ဂလု...။
ဂလွတ် ....။
သူ၏ ပါးစပ်အတွင်း၌ မီးပွားများနှင့် ပေါက်ကွဲမှုများ တဖွားဖွား ဖြစ်ပေါ်လာသည် ။
ကျိယွမ်က အရသာခံလိုက်ပြီးမှ မှတ်ချက်ချ၏ ။
"မဆိုးဘူး ၊ သကြားလုံး ပေါက်ကွဲတာနဲ့ တူတယ် ။ နည်းနည်းတော့ စပ်ဖျဉ်းဖျဉ်း ဖြစ်တယ်"
ဧရာမ ပုံရိပ်ကြီးမှာ ကြယ်တစ်လုံးကို စားသုံးပြီးနောက် သူ၏ အကြည့်မှာ ကုုရှင်းဂြိုဟ်၏ နေမင်းကြီးဆီသို့ ရောက်ရှိသွားသည် ။
လောဘရိပ် အနည်းငယ်က သူ၏ မျက်လုံးထဲ၌ ဖြတ်ပြေးသွား၏ ။
သူက ဆာလောင်လာသလို တံတွေး မျိုချလိုက်သည် ။
သို့သော် နောက်ဆုံးတွင် သူသည် သူ၏ ဗိုက်ဆာမှုကို စိတ်ဓာတ်ခွန်အားဖြင့် အနိုင်ယူလိုက်ပြီး ထိန်းလိုက်၏ ။
သူ၏အကြည့်ကို ကန်ရှင်းဆီသို့ ပြန်လည် ပို့လိုက်ပြီး သူ၏ အသံမှာ ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားပြန်သည် ။
"ငါ လေးပုံသုံးပုံလောက် ဗိုက်ပြည့်သွားပြီ ။ ကဲ ၊ ငါတို့ စကား ဆက်ပြောကြရအောင် ။ မင်းတို့ လက်နက်ချမှာလား... ဒါမှမဟုတ် ခုခံဦးမှာလား"
ကျိယွမ်၏ အသံမှာ ကန်ရှင်းတစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏ ။
ထိုနေ့တွင် လူတိုင်းသည် သမိုင်းအသစ်ကို အမှန်တကယ် မြင်တွေ့ခဲ့ကြရသည် ။
"ခုခံမှာလားတဲ့ မေးနေပြီ ၊ ဖြေလိုက်ကြလေ .."