အခန်း (၃၇၂-၃၇၃)
Vol. 34 Ch. 372-373
အပိုင်း ၃၇၂- ငါ့သားကို သတ်ရဲတယ်လား၊ ငါ သူ့ကို အရှင်လတ်လတ် ဝါးမြိုပစ်မယ်။
လူတိုင်းမှာ ကြောက်လန့်ကာ တုန်ယင်နေကြ၏။
ကုန်ရှင်းဂြိုဟ်၏ နေတစ်စင်းကို ဝါးမြိုလိုက်ခြင်းကြောင့် ဖြစ်နိုင်သည် ။ ဂြိုဟ်ပေါ်ရှိ လူတိုင်းမှာ တစ်ကိုယ်လုံး အေးစိမ့်သွားသလိုလည်း ခံစားလိုက်ရသည်။
တုန်ယင်နေသည့်ကြားမှ ကြောက်မက်ဖွယ်ကောင်းသော ဘီလူးကြီးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ရန် သူတို့ အထက်သို့ မော့ကြည့်လိုက်ကြ၏။
သို့သော် သူတို့မှာ ပုံသဏ္ဌာန်အပြည့်အစုံကို လုံးဝမမြင်ရဘဲ အဆုံးအစမဲ့သော သွေးရောင်ပင်လယ်ကြီးကိုသာ မြင်တွေ့နေရသည်။
ထို သတ္တဝါကြီးမှာ သူတို့ရှေ့တွင် ရှိနေသော်လည်း အစမှအဆုံးကို မည်သူမှ မြင်နိုင်စွမ်း မရှိချေ။ ခန္ဓာကိုယ်ကြီးက အတိုင်းအဆမရှိ ကျယ်ပြောလှ၏။
ဤမျှကြီးမားသော အရာတစ်ခုကို သူတို့ မည်သို့ တိုက်ခိုက်ခုခံနိုင်မည်နည်း။
ကန်ရှင်းဂြိုဟ်၏ အားအထားရဆုံးဖြစ်သော အာကာသအပိုင်းအခြား၏ အခိုင်မာဆုံး ခံစစ်ဖြစ်သော ကြယ်ခုနှစိစင်းခံစစ်ကြောင်းမှ ဂြိုဟ်ရံခုနစ်စင်းလုံးမှာ အမှိုက်ပုံထဲရှိ ပဲ့ကြွေနေသော ပေါင်မုန့်ကြွပ်လေးများကဲ့သို့ ကြေမွပျက်စီးသွားသည်။
မျက်လုံးတစ်ထောင်မိစ္ဆာအရှင်မှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး၊ အတိုင်းအဆမရှိသော သွေးရောင်ဘီလူးကြီးကို ကြည့်ကာ စိတ်ထဲတွင် လုံးဝ ဗလာဖြစ်နေ၏။
အထက်ဘုံမှ ယင်နတ်ဘုရားတစ်ပါးပင်လျှင် ဤမျှ မစွမ်းအားနိုင်ပါ။
"အို... မင်းတို့အားလုံးက အရမ်းသေးငယ်ပေမဲ့ သတ္တိကတော့ တော်တော်ကြီးတာပဲ"
" ကိုယ်ခံပညာပြိုင်ပွဲကို ရပ်တန့်ဖို့ ဘယ်သူက မင်းတို့ကို အဲဒီသတ္တိတွေ ပေးလိုက်တာလဲ။ မိစ္ဆာနယ်မြေက အဲဒီ ချစ်စရာလေးတွေလား"
ကျိယွမ်က ခေါင်းငုံ့ကြည့်လိုက်ရာ သူ၏ မျက်လုံးတစ်လုံးတည်းကပင် ကန်ရှင်းဂြိုဟ်ထက် အဆများစွာပိုမိုကြီးမားနေသည်။
မျက်လုံးကြီး၏ အစိတ်အပိုင်းကိုမြင်လိုက်ရသောအခါ ဂြိုဟ်ပေါ်ရှိ လူတိုင်းမှာ အသက်ရှူပင် မဝံ့ရဲကြတော့ချေ။
ကြမ်းလှပါသည်ဆိုသော အိမ်မွေးခွေးကြီးများပင်လျှင် ကြောက်လန့်တုန်ယင်နေပြီး မဟောင်ဝံ့ကြတော့ပေ။
ကုံရှင်းဂြိုဟ်ပေါ်ရှိ ဗိုက်ရွှဲရွှဲနှင့် လူတစ်ယောက်မှာ ထိုစကားသံကြီးကို ကြားလိုက်ရသောအခါ ကြောက်လန့်တုန်ယင်ကာ မြေပြင်ပေါ်သို့ လဲကျသွား၏။
သူသည် ခေါင်းဆောင်ပိုင်းတွင် အရေးပါသော ရာထူးတစ်ခုကို ရရှိထားသူ ဖြစ်သည့်အားလျော်စွာ သုံးနှစ်တစ်ကြိမ် အထက်လူကြီးများထံ အကြံပြုချက်များ တင်ပြရသည်။
သူသည် ပဋိပက္ခနှင့် ပြဿနာများကို ရှောင်ရှားလိုသဖြင့် ကိုယ်ခံပညာပြိုင်ပွဲကို ဖျက်သိမ်းရန် အကြံပြုချက်ကိုသာ ထပ်ခါတလဲလဲ တင်ပြခဲ့၏။
သူသည် ထိုအဆိုပြုချက်ကို
အကြိမ်ကြိမ် တင်ပြခဲ့ဖူးလေသည်။
သူ၏အထက်လူကြီးများကမူ သူ၏အကြံကို တစ်ခါမျှ ခွင့်မပြုခဲ့ပေ။
ယခုမူ... သူသည် ကြောက်လန့်လွန်း၍ ဆီးများပင် တဖြန်းဖြန်းထွက်ကျနေပြီ ဖြစ်သည်။
သမင်နက်မှာလည်း ထိုကြီးမားသော ပုံရိပ်ကြီးကို ကြည့်ကာ ပြောမပြနိုင်အောင် ထိတ်လန့်နေ၏။
သိုင်းနတ်ဘုရား၏ ပုံရိပ်ပင် ဤမျှ မကြီးမားနိုင်ပါ။
ကောလာဟလများအရ အမြင့်ဆုံးသိုင်းနတ်ဘုရား၏ ပုံရိပ်မှာ နေမင်းတစ်စင်းခန့် ကြီးမား၏။
သို့သော် ကျိယွမ်ကမူ... နေမင်းတစ်စင်းလုံးကိုပင် ဘာမှမဟုတ်သလို ဝါးမြိုပစ်သည်။
"ဘာလို့ ဘာမှမပြောကြတာလဲ။ အပြစ်ရှိသလို ခံစားနေရလို့လား"
ကျိယွမ်ကြီးက စိတ်မရှည်သလို မေးလိုက်သည်။
"ဒီနေ့ ငါ့ကို ရှင်းပြချက်တစ်ခု မပေးနိုင်ရင်၊ ငါ့ဗိုက်ကို အပြည့်ဖြည့်ဖို့အတွက် မင်းတို့ကို စားပစ်ဖို့လည်း ဝန်မလေးဘူးနော်"
ကန်ရှင်းဂြိုဟ်သည် နေမင်းနှင့်စာလျှင် သေးငယ်သော်လည်း သူ၏ နောက်ဆုံးလက်ကျန် ဗိုက်ဆာမှုကိုတော့ ဖြည့်ဆည်းပေးနိုင်သည်။
"ကျွန်တော်မျိုးတို့ကို ချမ်းသာပေးပါ"
"ဒါ ကျွန်တော်တို့ အမှားမဟုတ်ပါဘူး"
"ကျွန်တော်တို့နဲ့ တကယ်မဆိုင်ပါဘူး"
"ကျွန်တော် ဘာမှမသိပါဘူး"
"ဟီး...ဟီး ၊ မိစ္ဆာနယ်မြေက ကျွန်တော်တို့ကို အတင်းအကျပ် ခိုင်းတာပါ"
မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်သံများသည် ကန်ရှင်းဂြိုဟ်ပေါ်တွင် မြို့ရွာအနှံ့မှ ပေါ်ထွက်လာသည်။
သာမန်ပြည်သူအများစုမှာ ကြောက်လန့်လွန်းသဖြင့် ဆီးထွက်ကျနေပြီး ဘာဖြစ်နေမှန်းလည်း မသိကြချေ။
မှူးမတ်အများစုမှာလည်း ဒူးထောက်ကာ ကရုဏာသက်ရန် တောင်းပန်နေကြ၏။
စစ်လိုလားသော အုပ်စုများမှာမူ ပို၍ပင် ထိတ်လန့်နေကြပြီး သူတို့၏ ဝိညာဥ်များမှာလည်း ကြေမွနေပြီ ဖြစ်သည်။
အထူးသဖြင့် မိစ္ဆာများမှာ ပို၍ပင်ကြောက်လန့်တုန်ယင်နေကြ၏။
"ဘာလို့ ဘာမှမပြောတာလဲ။မင်းတို့က ပြန်တိုက်ခိုက်ဖို့ ကြံနေတာလား"
ကျိယွမ်က မကျေမနပ် ပြောလိုက်သည်။
အမှန်တရားမှာ သူသည် အလွန်အမင်း ကြီးမားလွန်းနေသည်။
ကန်ရှင်းဂြိုဟ်ပေါ်ရှိ လူများ၏ အော်ဟစ်သံများကို... အာကာသထဲမှ သူက မကြားနိုင်ချေ။
ကမ္ဘာပေါ်မှ လူသားများအော်ဟစ်သံက်ု လပေါ်ကလူက မကြားရသလိူပင်။
သူ အထူးအာရုံစိုက်ပြီး နားထောင်မှသာ ကြားနိုင်ပေလိမ့်မည်။
"ကောင်းပြီ၊ ဒါဆိုရင် မင်းတို့ကို တစ်ခုခု ပြရမှာပေါ့။ အိုး... မင်းတို့ကတော့ ကွက်တိပဲ"
ကျိယွမ်သည် မိစ္ဆာနယ်မြေမှ နတ်ဆိုးများ၏ အရှိန်အဝါနှင့် အလွန်အကျွမ်းတဝင် ရှိ၏။
လျူဖုန်း နယ်မြေတုန်းက ဤနတ်ဆိုးများသည် နတ်ဆိုးမ ရှန်းယန်ရန်နှင့် ပေါင်းပြီး သူ့ကို အနိုင်ကျင့်ခဲ့ကြသည်။
ကျိယွမ်သာ ဉာဏ်ရည်ထက်မြက်ခြင်း၊ ကြိုးစားခြင်းနှင့် ဂိမ်းကို အသေအလဲ မကစားခဲ့ပါက ဤဂိမ်းကို ပြီးမြောက်ရန် အချိန်အတော်ကြာခဲ့ပေလိမ့်မည်။
"ကောင်းကင်နဲ့ မြေကြီး ငါ့အမိန့်ကို နာခံလော့... သတ်စေ"
အမိန့်သံက မူကြိုကလေးတစ်ယောက်ပင် နားလည်နိုင်သော အလွန်ရိုးရှင်းသော စကားလုံးများ ဖြစ်သည်။
သို့သော် ဤရိုးရှင်းသော စကားလုံးများသည် စကြဝဠာ၏ အမှန်တရားကဲ့သို့ ခံစားလိုက်ရ၏။
ကြယ်စင်ကောင်းကင်ယံတွင် ဖော်ပြမရနိုင်သော စွမ်းအားတစ်ခု ဖြတ်သန်းသွားသည်။
ကမ္ဘာကြီးတစ်ခုလုံး သွေးရောင် ပြောင်းသွား၏။
ကန်ရှင်းဂြိုဟ်ပေါ်ရှိ အလွန်မောက်မာခဲ့ကြသော မိစ္ဆာနယ်မြေမှ မိစ္ဆာများမှာ ယခင်ကကဲ့သို့ မောက်မာမှုများ မရှိတော့ချေ။
"မလုပ်ပါနဲ့"
"ချမ်းသာပေးပါ"
"အမေရေ...ကျွန်တော် အိမ်ပြန်ချင်တယ်ဗျ"
ထိုအချိန်တွင် သူတို့သည် နောင်တကြီးစွာ ရနေကြပြီး စိတ်ကူးမယဉ်နိုင်လောက်အောင် ထိတ်လန့်နေကြသည်။
သို့သော် သူတို့ မည်သို့ပင် ပြုမူ စဉ်းစားနေပါစေ၊ ယခုအချိန်တွင် မည်သူမျှ မကူညီနိုင်တော့ချေ။
ကျိယွမ်၏ အသံမှာ စကြဝဠာကြီး၏ အမိန့်ပြန်တမ်းကဲ့သို့ပင်။
ခလွမ်း....။
အမြုတေအဆင့်ရှိသော မိစ္ဆာတစ်ကောင်၏ ခန္ဓာကိုယ်မှာ သူ၏ ဘိုးဘေးများ ချန်ထားခဲ့သော အကာအကွယ်အဆောင်နှင့်အတူ ကြေမွသွားလေသည်။
"မဖြစ်နိုင်တာ"
အုပ်စု၏ နောက်ဆုံးတွင် ပုန်းနေသော ခရမ်းရောင်နန်းတော်အဆင့် နတ်ဆိုးတစ်ကောင်မှာလည်း စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သူသည် အမြဲတမ်း သတိအရှိဆုံးဖြစ်ပြီး အခြေအနေမဟန်လျှင် အမြဲဆုတ်ခွာတတ်သူ ဖြစ်သည်။
သို့သော် ယခုအကြိမ်တွင်မူ သူ၏ သတိထားမှုမှာ တကမ္ဘာလုံးကိုလွှမ်းမိုးထားသော စွမ်းအားရှေ့တွင် အသုံးမဝင်တော့ချေ။
ကန်ရှင်းဂြိုဟ်အနှံ့အပြားတွင် သွေးပန်းများမှာ ကမ္ဘာပေါ်တွင် အလှပဆုံးသော မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်ကုန်၏။
အသက်တစ်ရှူစာအတွင်းမှာပင် နတ်ဆိုးပေါင်း သုံးထောင်မှာ အကုန်အစင် သုတ်သင်ခံလိုက်ရသည်။
"အခုကော ငါ့ကို အဖြေပေးနိုင်ပြီလား။ ကိုယ်ခံပညာပြိုင်ပွဲကို ဖျက်သိမ်းဖို့ ထပ်လုပ်ရဲဦးမလား"
ကျိယွမ်က ထပ်မံမေးမြန်းလိုက်သည်။
သူ၏ အသံမှာ မိုးကြိုးသံထက်ပင် ပိုမိုကျယ်လောင်၏။
"မလုပ်ရဲတော့ပါဘူး"
"ကျွန်တော်မျိုးတို့ လုံးဝ မလုပ်ရဲတော့ပါဘူး"
"အရှင် ပြောသမျှ အကုန်မှန်ပါတယ်"
အာကာသထဲတွင်ရှိနေသော ကျိယွမ်က မျက်လုံးပြူးလိုက်သည်။
"ဘာဖြစ်လို့ မဖြေကြသေးတာလဲ။ မင်းတို့က တကယ်ပဲ အဲဒီလောက်တောင် သတ္တိကောင်းနေတာလား"
"ဒါမှမဟုတ်... ငါ သတ်တာ နည်းနေလို့လား"
"ဘာလို့ ဘယ်သူမှ စကားမပြောတာလဲ"
ကျယ်ပြောလှသော စကြဝဠာကြီးမှာ ထူးဆန်းစွာ တိတ်ဆိတ်နေသည်ဟု ကျိယွမ် ခံစားလိုက်ရသည်။
ကန်ရှင်းဂြိုဟ်ပေါ်တွင် လူတိုင်းမှာ ကြောက်လန့်တုန်ယင်ကာ လည်ချောင်းကွဲမတတ် ၊ အဆုတ်ပေါက်မတတ် အားကုန်းအော်ဟစ်နေကြသည်။
အချို့မှာ အသံချဲ့စက်များကိုပင် သုံးနေကြသည်၊ အချို့မှာ ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေကြ၏။
မင်းသမီးမှာ သွားများကို ကြိတ်ကာ ဝမ်းနည်းမှုနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
ဤကဲ့သို့သော တည်ရှိမှုမျိုးမှာ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး သာမန်အသိတရားနှင့် လုံးဝ ဆန့်ကျင်နေသည်။
တစ်ချိန်က ကုုံရှင်းဂြိုဟ်တွင် ကျိယွမ်နှင့် ဆုံခဲ့ဖူးသော ခရမ်းရောင်နန်းတော်အဆင့် ဌာနေမိစ္ဆာမှာလည်း အတိုင်းအဆမရှိ စိုးရိမ်နေသည်။
"အိုး... ငါ မေ့သွားတယ်။ မင်းတို့ အဆုတ်ကွဲမတတ် အော်နေရင်တောင် ငါ တကယ်အာရုံစိုက်မှပဲ ကြားရမှာပဲ"
သူက ကြီးမားလွန်းနေသည်ကို ကျိယွမ် သတိရလိုက်၏။
ဤလူများမှာ သေးငယ်လွန်းလှသဖြင့် သူတို့၏ အသံများမှာ အာကာသထဲသို့ မရောက်နိုင်ချေ။
သူ ကြားနိုင်ရန် သူက အာရုံပို့လွှတ်မှရမည်ဖြစ်သည်။
သို့သော် အာရုံစိုက်ရသည်မှာ... ပင်ပန်း၏။
ထို့ကြောင့် သူသည် သူ၏ ကြီးမားသော ပုံရိပ်ကို ပြန်ရုပ်သိမ်းလိုက်ရာ သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောသောလူငယ်တစ်ဦးအသွင်သို့ ပြန်ပြောင်းသွားလေသည်။
ကန်ရှင်းဂြိုဟ်၏ ကောင်းကင်ယံမှာ မှောင်မိုက်သွားသလို ခံစားရပြီး တစ်ကမ္ဘာလုံး သွေးရောင်လွှမ်းသွား၏။
ထိုအခိုက်မှာပင် ကျိယွမ်၏ပုံရိပ်မှာ ဂြိုဟ်ပေါ်သို့ ဆင်းသက်လာသည်။
သူက မျက်လုံးတစ်ထောင်မိစ္ဆာအရှင် ထိုင်ခဲ့သော နေရာတွင် ဆင်းသက်လိုက်၏။
"ကောင်းပြီ၊ ငါ ရောက်ပြီ။ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်"
ကောင်းကင်ယံတွင် သူတို့ကြားခဲ့ရသောအသံက နန်းတော်အတွင်းမှ ရုတ်တရက်ပေါ်လာရာ အားလုံးမှာ ထိတ်လန့်တကြားဖြင့် ကျိယွမ်ရှိရာသို့ အလန့်တကြားလှည့်ကြည့်လိုက်ကြသည်။
"အရှင်နတ်ဘုရား"
"နတ်ဘုရားအရှင်"
သူတို့၏အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ လူတိုင်း ချက်ချင်း ဒူးထောက်လိုက်ကြ၏။
ဒူးထောက်ခြင်းအားဖြင့်သာ သူတို့၏ သစ္စာစောင့်သိမှုကို ဖော်ပြနိုင်မည်ဟု သူတို့ ခံစားရသည်။
ဘုရင်အိုကြီးမှာ မြေပြင်ပေါ်တွင် ဝပ်တွားကာ စကားဆို၏။
"ကျွန်တော်မျိုး စစ်မိန့်ကို လက်မှတ်ထိုးခဲ့တာပါ အရှင်ဘုရား။ ကျွန်တော်မျိုးရဲ့ အသက်နဲ့ အစားပေးပါ့မယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကိုတော့ ချမ်းသာပေးပါ"
ဘုရင်အိုကြီးမှာ တစ်သက်လုံး အရည်အချင်းမရှိစွာ နေထိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သတ္တိအနည်းငယ်ကို ရှာဖွေတွေ့ရှိသွားပုံရသည်။
သူသည် သေနတ်တစ်လက်ကို ကောက်ကိုင်ကာ သူ့ဦးခေါင်းကို သူပြန်ပစ်လိုက်၏။
ဒိန်းခနဲမြည်သံနှင့်အတူ ဘုရင်ကြီးမှာ လဲကျ သေဆုံးသွားခဲ့သည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော မှူးမတ်များမှာ ကြောက်လန့်လွန်းသဖြင့် စကားတစ်လုံးမျှ မပြောဝံ့ကြချေ။
"ငါဘာမှမမေးရသေးဘူးလေ သေသွားပြီလား။ ဒီမှာ ဘယ်သူ အာဏာရှိလဲ။ တစ်ယောက်ယောက် ရှေ့ထွက်ခဲ့စမ်း"
ကျိယွမ်က ရာဇပလ္လင်ပေါ်တွင် ရပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
နောက်ဆုံးတွင် မင်းသမီးသည် အံကိုကြိတ်ကာ မတ်တပ်ရပ်လိုက်၏။ သူမ၏မျက်နှာက ကလေးဆန်ကာ နုနယ်သော်လည်း သူမ၏ အကြည့်မှာ ခိုင်မာနေသည်။
"အရှင်ဘုရား၊ ကျွန်တော်မျိုးမက အကြီးဆုံးမင်းသမီးပါ"
ကျိယွမ်၏ အကြည့်က သူမမျက်နှာပေါ်သို့ ကျရောက်သွားသည်။
အင်း... သူက ငယ်ရွယ်တဲ့ ပုံစံရှိတာပဲ။
ဒဏ္ဍာရီတွေထဲကအတိုင်း ငယ်ရွယ်တဲ့ပုံစံက တစ်ယောက်တည်း ပေါ်မလာတတ်ဘူးတဲ့... ဒါက တော်တော်လေး မျက်စိကျစရာပဲ။
"မင်းတို့ ကိုယ်ခံပညာပြိုင်ပွဲကို ဖျက်သိမ်းဦးမှာလား"
ကျိယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
သူသည် မူလဇစ်မြစ်နယ်မြေ မှ ဤရည်ရွယ်ချက်တစ်ခုတည်းအတွက်နှင့် အာကာသနှင့် အချိန်ကို ဖြတ်ကျော်လာခဲ့ရ၏။
"မလုပ်တော့ပါဘူး"
မင်းသမီးက ခေါင်းကို အပြင်းအထန် ငြိမ့်လိုက်သည်။ သူမသည် ကိုယ့်ခြေထောက်ကိုကိုယ်ပင် ပြန်မမြင်ရလောက်အောင် ခေါင်းငုံ့ထား၏။
သူမသည် ကျိယွမ်ကို မျက်လုံးချင်းဆိုင်ကြည့်ရန်မပြောနှင့် မျက်နှာကိုပင် မကြည့်မဝံ့ရဲချေ။
"အရှင်ဘုရားရဲ့ အလိုတော်ဟာ ကန်ရှင်းဂြိုဟ်ရဲ့ ဆန္ဒပါပဲ။
" အရှင့်အလိုတော်ကို ဆန့်ကျင်တဲ့သူ မှန်သမျှကို သုံးရက်အတွင်း ဖယ်ရှားပစ်ပါ့မယ်။ မဟုတ်ဘူး... တစ်ရက်အတွင်း ဖယ်ရှားပါ့မယ်"
မင်းသမီးသည် ခါးကိုအကြိမ်ကြိမ်ကိုင်းပြီး လျှောက်တင်နေသည်။
"မင်း ငါ့ကို လိမ်ပြောနေတာဆိုရင်ကော"
ကျိယွမ်က မယုံသလို ရေရွတ်လိုက်သည်။
မင်းသမီးမှာ တုန်ယင်သွားသည်။ ကျားတစ်ကောင်ကို ပြုစုရခြင်းက မည်သို့ရှိသည်ကို သူမ ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။
"ကျွန်တော်မျိုးမ အရှင့်ကို မလိမ်ဝံ့ပါဘူး"
"ရိုးရိုးလေးပဲ။ ငါတို့ စာချုပ်ချုပ်ကြမယ်။ ကန်ရှင်းဂြိုဟ်ပေါ်က လူတိုင်း ဒီစာချုပ်မှာ လက်မှတ်ထိုးရမယ်၊ ကိုယ်ခံပညာပြိုင်ပွဲကို မဖျက်သိမ်းပါဘူးဆိုတာကို သဘောတူရမယ်။"
"စာချုပ်ကို ချိုးဖောက်တဲ့သူ မှန်သမျှက ငါ့ကို... ကန်ရှင်းဒင်္ဂါး ကုဋေတစ်သောင်းပေးရမယ်"
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် ကတိစကားများထက် စာချုပ်များကို ပိုယုံကြည်သည်။
သို့သော် ၊ ပြောရလျှင် သူသည် သူ၏ လက်သီးကို အယုံကြည်ဆုံး ဖြစ်သည်။
ခိုင်မာသော လက်သီးမရှိလျှင် စာချုပ်ရှိသော်လည်း ဤလူများသည် ကတိဖျက်ကြမှာ အသေအချာပင်။
ကလေးမျက်နှာနှင့် မင်းသမီးမှာ စာချုပ်ဆိုသောစကားကို နားမလည်နိုင်အောင် ဖြစ်နေသည်။
သို့သော်... သူမရှေ့မှ တည်ရှိမှုမှာ ကြယ်စင်များကို ဝါးမြိုနိုင်သော ဘီလူးကြီး ဖြစ်၏။
ထိုသူ ဘာပြောပြော ဤဂလက်ဆီ၏ အစိတ်အပိုင်းတွင် အကြွင်းမဲ့ အမှန်တရား ဖြစ်သည်။
"အရှင့်ရဲ့ အလိုတော်ဟာ ကန်ရှင်းဂြိုဟ်ရဲ့ အမှန်တရားပါပဲ"
မင်းသမီးက သစ္စာခံလိုက်သည်။
"ကိုယ်ခံပညာပြိုင်ပွဲကို ထောက်ပံ့ဖို့ ကျွန်တော်မျိုးမတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးသားပါ့မယ်"
တစ်ခုခု မှားယွင်းသွားပါက ကန်ရှင်းဂြိုဟ်မှာ ဝါးမြိုခံရနိုင်ပြီး ကမ္ဘာကြီးမှာ အနာဂတ် ရှိတော့မည် မဟုတ်ချေ။
"မဆိုးဘူး။ လုံလောက်ပါတယ်"
ကျိယွမ်က ခေါင်းငြိမ့်လိုက်သည်။
ဒီနေ့ ရလဒ်က မဆိုးဘူးပဲ။
ကန်ရှင်းဂြိုဟ်က လူတွေက တော်တော်လေး ယုတ္တိရှိပုံရတယ်။
အများကြီး အားစိုက်စရာမလိုဘဲ သူတို့ကို နားချနိုင်ခဲ့သည်။
သို့သော် သူ ခုနက သတ်လိုက်သော မိစ္ဆာများကို စဉ်းစားမိသောအခါ ကျိယွမ် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။
သေချာပါတယ်၊ သူတို့ သေသင့်ပါတယ်၊ ဒါပေမဲ့...။
သူတို့ သူ့ကို ပြန်ခုခံနေသည်ဟု ထင်ခဲ့သောကြောင့် သတ်လိုက်ခြင်း ဖြစ်သည်။
၄င်းက အနည်းငယ်... အနိုင်ကျင့်ရာရောက်သွားပြီး ရှက်စရာကောင်းသည်။
"ငါ ဗိုက်ဆာပြီ"
ကျိယွမ်က အပြစ်ရှိသလို ခံစားချက်ဖြင့် ပြောလိုက်သည်။
"ငါ ပွဲတော်တစ်ခု ကျင်းပပေးသင့်တယ်။ ပွဲတော်တစ်ခုကသာ ငါ့ရဲ့ ဒီအပြစ်ရှိသလို ခံစားချက်ကို လျော့ပါးစေနိုင်လိမ့်မယ်"
မင်းသမီး၏ ခြေထောက်များမှာ ခွေကျသွားသည်။
ဒူးထောက်နေသော မှူးမတ်အချို့မှာ ရှိုက်ကြီးတငင် ထငိုမိကြကုန်၏။
ခရမ်းရောင်ဝတ်စုံနှင့် အမြုတေ ကျင့်ကြံသူမှာလည်း ဒူးထောက်နေပြီး စကားမပြောဝံ့ချေ။
ကျိယွမ်က ဗိုက်ဆာနေသည်ဟု ပြောခြင်းမှာ ကန်ရှင်းဂြိုဟ်ကို ဝါးမြိုရန် ကြံစည်နေသည်ဟု သူတို့ အားလုံး ထင်နေကြသည်။
ကျိယွမ်က သူတို့ကို စိတ်ဝင်တစား ကြည့်လိုက်ပြီး သက်ပြင်းချ၏။
"ရှီကျားရွာက ကျွမ်းကျင်သူတွေကပဲ ကောင်းကောင်းမွန်မွန် ဝမ်းနည်းတတ်ကြတာပဲ။ မင်းတို့ကတော့ တော်တော်လေး ညံ့တာပဲ"
" မြန်မြန် ပွဲတော်ပြင်ဆင်ကြစမ်း၊ ကြီးကြီးကျယ်ကျယ် လုပ် ၊ ဟင်းကြီး ၁၀ မျိုး၊ ဟင်းချို ၃ မျိုးထည့်"
" မိစ္ဆာတွေ အများကြီး သေသွားရတာဆိုတော့ ပွဲတော်ကို ကျော်လို့မရဘူး မဟုတ်လား။ အိုး... မင်းတို့ ပြင်ဆင်နေကြဦး။ ငါ မိစ္ဆာနယ်မြေကို ခဏသွားလိုက်ဦးမယ်"
" နောက်ဆုံးတော့၊ ကိုယ်ခံပညာပြိုင်ပွဲကို ဖျက်သိမ်းပြီး ငါ့ကို ပစ်မှတ်ထားဖို့ဆိုတဲ့ စကြဝဠာထဲက အယုတ်မာဆုံး အစီအစဥ်ကို ဘယ်သူ ကြံစည်တာလဲဆိုတာ ငါ ကိုယ်တိုင် သွားကြည့်ရမယ်"
ထိုသို့ပြောပြီးနောက် ကျိယွမ်၏ ပုံရိပ်မှာ နန်းတော်ထဲမှ ပျောက်ကွယ်သွားသည်။
ဒူးထောက်နေသော မှူးမတ်များနှင့် ကလေးမျက်နှာနှင့် မင်းသမီးတို့မှာ ကြောက်ရွံ့စွာ ငိုကြွေးရင်းကျန်ခဲ့၏။
"ဟင်းကြီး ၁၀ မျိုးဆိုတာက... "
"ဂြိုဟ် ၁၀ လုံးလား"
"ပြီးတော့ ဟင်းချို သုံးမျိုးက ဘာလဲ "
"ဒါကို ငါတို့ ဘယ်လိုလုပ်ရမှာလဲ"
သို့သော် ကျိယွမ်မှာ ထွက်ခွာသွားပြီ ဖြစ်သည့်အတွက် မင်းသမီး၏ မေးခွန်းများအတွက် အဖြေ မရှိတော့ချေ။
...............
မိစ္ဆာနယ်မြေတွင်ဖြစ်သည်။
မိစ္ဆာနန်းတော်တွင် ...။
တောင်ထွတ်ပေါင်း တစ်သောင်းမှာ မြင့်မားစွာ ရှိနေကြ၏။
ထိုတောင်ထွတ်တစ်ခုစီတွင် အနည်းဆုံး အမြုတေ (သို့မဟုတ်) ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးစီ နေထိုင်ကြသည်။
ထိုတောင်များထဲမှ တောင်တစ်ခုကတော့ ထူးခြားစွာ ကောင်းကင်ယံသို့ ထိုးတက်နေပြီး အထက်ဘုံအထိ ရောက်သည်ဟုပင် ဆိုကြသည်။
ထိုအချိန်တွင် တောင်ထွတ်အတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ၏။
"ငါ့သားကို သတ်ရဲတာ ဘယ်သူလဲ"
နှိုင်းယှဥ်မရနိုင်သော အရှိန်အဝါတစ်ခုမှာ အမြင့်ဆုံးတောင်ထွတ်မှ လောကတစ်ခွင်သို့ပျံ့နှံ့သွားသည်။
မိစ္ဆာနန်းတော်တစ်ခုလုံး တုန်ခါသွားပြီး တောင်ထွတ်များပေါ်ရှိ ငြိမ်သက်နေသော အရှိန်အဝါများစွာလည်း နိုးထလာကြကုန်သည်။
"မိစ္ဆာဘုရင်ကြီး၊ ဘာဖြစ်တာလဲ"
"သခင်လေးမှာ ပြဿနာရှိလို့လား။ ဘယ်သူက အဲဒီလောက်အထိ ရဲတင်းနေတာလဲ"
"အမိန့်ပေးပါ ဘုရင်ကြီး။ သခင်လေးအတွက် ကလဲ့စားချေဖို့ စစ်တပ်ကို ကျွန်တော် ဦးဆောင်ပါ့မယ်"
"ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ။ ငါတို့ နတ်ဆိုးနယ်မြေက သူများတွေကိုပဲ ပြဿနာရှာခဲ့တာ။ ဘယ်သူမှ ငါတို့ကို ပြဿနာမရှာဝံ့ဘူး။ ဒါက တကယ်ကို လွန်လွန်းတယ်"
အမြုတေအဆင့်မိစ္ဆာကျင့်ကြံသူ ထောင်ပေါင်းများစွာမှာ နိုးထလာကြပြီး မိစ္ဆာနန်းတော်၏ အမြင့်ဆုံးတောင်ထွတ်ရှေ့တွင် ညီညာစွာရပ်နေကြသည်။
မိစ္ဆာဘုရင်မှာ ပေပေါင်း သောင်းချီရှည်လျားသော ကြီးမားလှသော မြွေကြီးတစ်ကောင် ဖြစ်၏။
၎င်း၏ လှုပ်ရှားမှုတိုင်းမှာ နန်းတော်ကြီးတစ်ခုလုံးကိုပင် တုန်ခါစေသည်။
"ငါ သူ့ကို အကုန် ဝါးမြိုပစ်မယ်"
မြွေကြီးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
မျက်လုံးတစ်ထောင်မိစ္ဆာအရှင်မှာ သူ၏ တစ်ဦးတည်းသော သားဖြစ်သည်။
သူသည် နန်းတော်၏ နောက်ဆက်ခံသူလည်း ဖြစ်သည်။
နတ်ဆိုးဘုရင်သည် မျက်လုံးတစ်ထောင်အား ဘိုးဘေးများ၏ သွေးကို ရှာဖွေရန် ကန်ရှင်းဂြိုဟ်သို့ စေလွှတ်ခဲ့၏။
သို့သော် ယခုမူ... မျက်လုံးတစ်ထောင် မိစ္ဆာအရှင်၏ ဝိညာဥ်မီးအိမ်မှာ ငြိမ်းသွားလေပြီ ။
နတ်ဆိုးဘုရင် မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
မျက်လုံးတစ်ထောင်မှာ သူ၏သားဖြစ်ရုံသာမက၊ အထက်ဘုံမှ စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦး၏ မျက်စိကျခြင်းကို ခံထားရပြီး တပည့်အဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။
အစီအစဥ်မှာ သူ၏ သားဖြစ်သူသည် တစ်နေ့တွင် အထက်ဘုံသို့ တက်လှမ်းပြီး ထိုစွမ်းအားကြီး ပုဂ္ဂိုလ်၏ တပည့်ဖြစ်လာရန်ပင်။
ထို့ဆက်သွယ်မှုမှတစ်ဆင့် နတ်ဆိုးဘုရင်မှာ အာဏာအဆင့်အတန်း မြင့်မားလာရန် မျှော်လင့်ထားသည်။
သို့သော် ယခုတော့ သူ၏ သားမှာ သေဆုံးသွားလေပြီ။
တွေးလေ ဒေါသထွက်လေပင်။
"ငါ့အစီအစဥ်တွေကို ဖျက်ဆီးရဲတယ်လား။ ငါ သူ့ကို အရှင်လတ်လတ် ဝါးမြိုပစ်မယ်"
မြွေကြီးမှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် မိစ္ဆာနယ်မြေ၏ ကောင်းကင်ယံမှာ ရုတ်တရက် သွေးရောင်သို့ ပြောင်းသွား၏။
အတိုင်းအဆမရှိသော အသံကြီးတစ်ခု အထက်မှ ဟိန်းထွက်လာသည်။
-"ငါ့ကို ဝါးမြိုမယ်လို့ ဘယ်သူက ပြောတာလဲ"
နန်းတော်အတွင်းရှိ အမြုတေအဆင့်မိစ္ဆာထောင်ပေါင်းများစွာမှာ ဗီဇအရ ကောင်းကင်ယံသို့ ခေါင်းမော့ကြည့်လိုက်ကြ၏။
ကြီးမားလှသော မိစ္ဆာဘုရင်မှာလည်း အထက်သို့ ကြည့်လိုက်သည်။
သူတို့ မြင်လိုက်ရသည်မှာ သွေးရောင်ပင်လယ်ကြီးပင်။
မြွေကြီး၏ မျက်ဆန်မှာ ကျုံ့သွား၏။
အကြောင်းမှာ သူမြင်နေရသော သွေးရောင်မှာ ကြီးမားလှသော တည်ရှိမှုကြီး၏ အစွန်းအဖျားမျှသာ ဖြစ်နေသည်ကို သတိပြုမိသွားသောကြောင့် ဖြစ်သည်။
"အိုး... ငါ့ကို စားနိုင်မယ်လို့ ထင်နေတဲ့သူက ရည်မှန်းချက်ကြီးတဲ့ ပိုးကောင်လေးတစ်ကောင်ပါလား"
ထိုကြီးမားလှသော တည်ရှိမှုကြီးက တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
မိစ္ဆာဘုရင်ကြီး၏ တစ်ကိုယ်လုံး ကြောက်ရွံ့မှုများ လွှမ်းမိုးသွားသည်။
သူမွေးဖွားလာသည့် နေ့မှစ၍ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မကြုံခဲ့ဖူးသလို၊ မကြားလည်း မကြားဖူးပေ။
ထိုကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးက သူ့ကို စကားပြောနေခြင်း ဟုတ်မဟုတ်ကိုပင် သူ မသေချာချေ။
"အ....အရှင်..."
မိစ္ဆဘုရင်ကြီးက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး မြေပြင်ပေါ်တွင် ဝပ်စတွားလိုက်သည်။
ဤမျှ စွမ်းအားကြီးပြီး ဤမျှ ကြီးမားသော ...။
ပုံသဏ္ဌာန်အပြည့်အစုံကိုပင် မမြင်နိုင်သော....။
ထို့သို့သောတည်ရှိမှုကြီးကို သူလိုတည်ရှိမှုလေးက အကြွင်းမဲ့ အညံ့ခံခြင်းဖြင့်သာ ရင်ဆိုင်နိုင်သည်။
အမြုတေအဆင့် မိစ္ဆာထောင်ပေါင်းများစွာမှာလည်း ပုရွက်ဆိတ်များကဲ့သို့ ဒူးထောက်လိုက်ကြ၏။
မိစ္ဆာဘုရင်ကြီးသည် ကြောက်ရွံ့နေသော်လည်း သူသည် မိစ္ဆာတို့၏ ဘုရင်ဖြစ်နေသောကြောင့် သူသည် ဤ "နားမလည်နိုင်သော" တည်ရှိမှုကြီးကို စကားပြောရန် သတ္တိမွေးလိုက်ရသည်။
"အရှင်... အရှင် ဘာကြောင့် မိစ္ဆာနယ်မြေကို ရောက်လာသလဲဆိုတာ ကျွန်တော်မျိုး မသိပါဘူး"
"မျက်လုံးတစ်ထောင်ဆိုလား.. တစ်လုံးစိန်ဆိုလား မိစ္ဆာတစ်ကောင်ရှိတယ်၊ သူက ကန်ရှင်းဂြိုဟ်ကနေတစ်ဆင့် ကုံရှင်းဂြိုဟ်ကို ကျူးကျော်ဖို့ ကြံစည်ခဲ့တယ်၊ ကြံစည်ရုံတင်မကဘူး ကိုယ်ခံပညာပြိုင်ပွဲကို ဖျက်သိမ်းပြီး ငါ့ကို ပစ်မှတ်ထားချင်နေတယ် ၊ အဲဒီလိုစကြဝဠာထဲက အယုတ်မာဆုံး အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာပဲ"
" ငါ သူ့ကို မတော်တဆ သတ်မိသွားလို့ ဘာမှမမေးလိုက်ရဘူး ၊ ဒါကြောင့် ကိုယ်ခံပညာပြိုင်ပွဲ ဖျက်သိမ်းဖို့ဆိုတဲ့ အယုတ်မာဆုံး အစီအစဥ်ကို ဘယ်သူက နောက်ကွယ်ကနေ ကြံစည်ခဲ့တာလဲဆိုတာ သိချင်လို့ လာခဲ့တာပဲ"
ကျိယွမ်က ယုတ္တိရှိရှိ ပြောလိုက်သည်။
ပိုးကောင်တစ်ကောင်နှင့် ရင်ဆိုင်နေရသော်လည်း သူသည် စိတ်ရှည်မှုကို ပြသနေ၏။။
ထို့အပြင် ယခုအကြိမ်တွင် သူသည် ဤကမ္ဘာပေါ်ရှိ သတ္တဝါများ၏ အသံကို လည်း သေချာအာရုံစိုက် နားထောင်နေသည်။
မိစ္ဆာဘုရင်မှာ ထိုစကားကို ကြားလိုက်ရသောအခါ ရင်တုန်သွား၏။
ဒီ... တည်ရှိမှုကြီးက ငါ့သားကို သတ်လိုက်တာလား။
ငါကသာ သူ့အဖေမှန်းသိသွားရင် ....။
သူသည် နေစရာမရှိအောင် ကြောက်လန့်သွားသည်။
အထူးသဖြင့် ထိုလူသတ်သမားကို အရှင်လတ်လတ် ဝါးမြိုပစ်မည်ဟု သူ ခုနက ပြောခဲ့သည် မဟုတ်ပါလား။
သူ့ကို သူက မည်သို့ ဝါးမြိုနိုင်မည်နည်း။
မြေပြင်ပေါ်တွင် ဝပ်တွားနေရင်း သူ၏ ဦးနှောက်မှာ အပြင်းအထန် အလုပ်လုပ်နေ၏။
သူက ခက်ခဲစွာ ပြောလိုက်သည်။
"ကျွန်တော်တို့ မိစ္ဆာနန်းတော်က ဘယ်ကိုယ်ခံပညာပြိုင်ပွဲကိုမှ ဖျက်သိမ်းဖို့ ဘယ်လိုအမိန့်မျိုးကိုမှ မပေးခဲ့ပါဘူး"
"ဒါဆို မင်းပြောချင်တာက နောက်ကွယ်က ကြံစည်သူ မရှိဘူး၊ ဒါက ငါ့ဘာသာငါ ထင်နေတာလို့ ပြောချင်တာလား"
ကျိယွမ်က မကျေမနပ် ဟိန်းဟောက်လိုက်ရာ မိစ္ဆာနယ်မြေကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားလေသည်။
သူသည် အမြဲတမ်း သတိရှိသူ ဖြစ်၏။
သူ တစ်ယောက်ယောက်ကို သတ်လျှင် မိသားစုတစ်ခုလုံးကို သုတ်သင်ပြီး အမြစ်ဖြတ်ပစ်ရသည်ကို သူ သဘောကျသည်။
"မ...မဟုတ်ပါဘူး"
ရုတ်တရက် မိစ္ဆာဘုရင်မှာ တစ်ခုခုကို သတိရသွားသည်။
ဤကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးကို အမှန်တကယ်ပင် တစ်ယောက်ယောက်က ကြံစည်ခဲ့ခြင်း ဖြစ်ရမည်။
ဒါက... အထက်ဘုံက ပုဂ္ဂိုလ်၊ သူ့သားရဲ့ ဆရာများလား။
ဒါပေမဲ့... သူ့သားရဲ့ ဆရာက တကယ်ပဲ ဒီလောက်တောင် စွမ်းအားကြီးလို့လား။
နတ်ဆိုးဘုရင်မှာ ယင်နတ်ဘုရားနယ်ပယ်အကြောင်းကို နားမလည်ပါ။
ထိုကဲ့သို့သော တည်ရှိမှုမျိုး မည်မျှ စွမ်းအားကြီးနိုင်သည်ကိုလည်း သူ မသိချေ။
"အရှင်... ခဏစောင့်ပါဦး။ ကျွန်တော်မျိုး အခုပဲ နားလည်သွားပါပြီ"
မိစ္ဆာဘုရင်က အလျင်အမြန် ပြန်ပြောလိုက်သည်။
"ဒါဟာ မျက်လုံးတစ်ထောင်ရဲ့ ဆရာဖြစ်သူက ကြံစည်တာ ဖြစ်ရပါမယ်။ ကျွန်တော်မျိုး သူ့ကို အထက်ဘုံကနေ အခုပဲ ဆင်းလာအောင် လုပ်ပါ့မယ်"
မိစ္ဆာဘုရင်မှာ အလကားသက်သက် မသေချင်ပေ။
သူတို့နှစ်ယောက်ကို တိုက်ခိုင်းလိုက်တာ ပိုကောင်းပါလိမ့်မည်။
သေချာပေါက်... အထက်ဘုံက ပုဂ္ဂိုလ်က နိုင်မှာပါ..။
အထက်ဘုံက ပုဂ္ဂိုလ်ဆိုတော့ အောက်ဘုံက ပုဂ္ဂိုလ်ထက် ပိုစွမ်းမှာပဲ မဟုတ်လား။
"ငါ မင်းကို သူ့ကို ခေါ်လာဖို့ အသက်ရှူအကြိမ် တစ်ရာ အချိန်ပေးမယ်"
ကျိယွမ်က ဒေါသကို သည်းခံထားရသလို အံကြိတ်ကာ သတိပေးလိုက်သည်။
"အမိန့်တော်အတိုင်းပါ"
မိစ္ဆာဘုရင်မှာ ခေါင်းငုံ့ထားလျက် ကောင်းကင်စင်မြင့်သို့ အမြန်ဆုံးပျံသန်းသွားသည်။
သူသည် အမွှေးတိုင်တစ်ခုကို ထွန်းလိုက်၏။
"ဘိုးဘေးဆရာကြီး၊ ကျွန်တော်မျိုးရဲ့ သားကို စွမ်းအားကြီးတဲ့ ရန်သူတစ်ယောက်က ရက်ရက်စက်စက် သတ်လိုက်ပါတယ်။ ဒီရန်သူက ဆရာကြီးကို ပစ်မှတ်ထားနေတာလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ ကျေးဇူးပြုပြီး အထက်ဘုံကနေ ဆင်းသက်လာပြီး ကျွန်တော်တို့ကို ကယ်တင်ပေးပါဦး"
သူက ဆုတောင်းရင်းမှ သတိရကာ ထပ်ဖြည့်လိုက်၏။
" သတိထားပါ ဘိုးဘေးဆရာကြီး... ဒီလူက... တော်တော်လေး ကြီးပါတယ်"
အမွှေးတိုင်မှာ အချက်အလက်အများကြီး မသယ်ဆောင်နိုင်သည့်အတွက် မိစ္ဆာဘုရင်မှာ အသေးစိတ် ထပ်မပြောနိုင်တော့ချေ။
ထိုအခိုက် အထက်ဘုံတွင် အဘိုးအိုတစ်ဦးမှာ မျက်လုံးများကို ဖွင့်လိုက်သည်။
"အောက်ဘုံက တစ်ယောက်ယောက်က ငါ့ကို ကြံစည်ရဲတယ်လား"
ဒေါသထွက်လွန်း၍ သူ၏မျကိခုံးမွှေးများပင် ကြဲသွား၏။
"ဟမ့်... ကြီးတယ် ဟုတ်လား။ ဘယ်လောက်တောင် ကြီးလို့လဲ။ ငါ ကိုယ်တိုင် သွားကြည့်ရသေးတာပေါ့"
------------
အခန်း ၃၇၃ - အထက်ဘုံရှိ အဘိုးကြီးများက ရေမချိုးကြဘူးလား
ကျိယွမ်၏ ပုံရိပ်ကြီးသည် ကောင်းကင်ယံထက်တွင် ဖြန့်ကျက်လျက်ရှိပြီး စကြဝဠာကြီးကိုပင် ပတ်ဆို့ထားသည်။
မူလဇစ်မြစ်နယ်မြေတွင်ရှိနေသော သမင်နက်နှင့် အခြားသူများသည် အံ့ဩမှင်သက်နေသော မျက်လုံးများဖြင့် ပုံရိပ်ဖော်ကျောက်တုံးမှ ပေးပို့လာသော ဖြစ်ရပ်များကို ကြည့်နေ၏။
သူတို့သည် တောင်ထွတ်များစွာဖြင့် ဖွဲ့စည်းထားသော မိစ္ဆာနန်းတော်ကို မြင်ရသောအခါ မျက်လုံးများပြူးကျယ်သွား၏။
"ဒါက မိစ္ဆာတစ်သောင်းနယ်မြေလား"
"ဘိုးဘေးမိစ္ဆာသခင်ရဲ့ ဇာတိမြေပေါ့"
"ငါတို့တွေ အရှေ့ဘက်သခင်ရဲ့ ကျင့်ဖော်ရဲ့ဇာတိမြေကို တကယ်ပဲ ရောက်လာခဲ့ပြီပဲ"
၎င်းတို့က အံ့အားသင့်စွာဖြင့် မှတ်ချက်အမျိုးမျိုးချမိကြသည်။
ထိုအချိန်မှာပင် မိစ္ဆာနန်းတော်၏ အထက်ရှိ ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာ၏။
မိစ္ဆာဘုရင်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် ဘိုးဘေးဆရာသခင် ဆင်းသက်လာမည့် လှိုင်းဂယက်များဖြစ်သောကြောင့်ပင်။
ဘိုးဘေးဆင်းသက်လာပြီ။
မိစ္ဆာနန်းတော်ရှိ အခြားသော ခရမ်းရောင်နန်းတော်အဆင့်မိစ္ဆာများသည်လည်း ကြောက်ရွံ့အားနာမှုများဖြင့် ပြည့်နှက်နေသလို မသေချာမှုများလည်း ရှိနေသည်။
သူတို့သည် ယခုဆင်းသက်လာသော ဘိုးဘေးဆရာသခင်၏ ကျင့်ကြံမှုအဆင့်ကို မသိရှိကြသလို ၊ စကြဝဠာထဲတွင်ရှိနေသော ရန်သူကြီးက မည်မျှအစွမ်းထက်နိုင်သည်ကိုလည်း မသိကြပါ။
နှစ်ခုလုံးက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် တည်ရှိမှုများပင်။
သူတို့ကြည့်နေစဥ်မှာပင် ဟင်းလင်းပြင်လှိုင်းဂယက်များက ပိုမိုပြင်းထန်လာ၏။သို့သော် ပုံရိပ်က မပေါ်လာခင်မှာပင် အသံတစ်ခုက အရင်ဟိန်းထွက်လာသည်။
"ငါ့ရဲ့ ခန္ဓာကိုယ်က တော်တော်လေး ကြီးတယ်။ မင်းတို့အားလုံး ကူညီပြီး နေရာဖယ်ပေးကြဦး၊ ငါ့ရဲ့ ခြေမတစ်ဖက်လောက်တော့ ဝင်လို့ရအောင်လို့ပါ"
အသံကြီးသည် ဟင်းလင်းပြင်လှိုင်းဂယက်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သိသာပါသည် ။ အထက်ဘုံမှ ထိုဘိုးဘေးဆရာသခင်သည် ကြွားဝါချင်နေခြင်းပင် ။
" သူက ကြီးတယ် ဟုတ်လား ။
ငါ့ထက်တောင် ကြီးနေလို့လား " ဟူသော အထာပင်။
မိစ္ဆာဘုရင်နှင့် အခြားခရမ်းရောင်နန်းတော်အဆင့်မိစ္ဆာများသည် ချက်ချင်းမလှုပ်ရှားရဲကြပါ။ သူတို့က အာကာသ ကောင်းကင်ယံထဲမှ ကြီးမားသောပုံရိပ်ကြီးကို တစ်ချက်ကြည့်လိုက်ကြသည်။
ပုံရိပ်ကြီးက မည်သည့်တုံ့ပြန်မှုမှ မရှိသည်ကို တွေ့ရမှ သူတို့သည် မိစ္ဆာစွမ်းအင်များကို ဟင်းလင်းပြင်အက်ကွဲကြောင်းဆီသို့ အလျင်အမြန် ပို့လွှတ်လိုက်ကြသည်။
နောက်ဆုံးတွင် သူတို့သည် ကြီးမားသော နေရာလပ်တစ်ခုကို ဖွင့်နိုင်သွား၏။
မြို့တစ်မြို့စာခန့် ကြီးမားသော ပုံရိပ်ကြီးတစ်ခု တိုးဝင်လာပြီး နေရောင်ကို ကွယ်လိုက်ကာ မိစ္ဆာနန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မိစ္ဆာများ၏ မြင်ကွင်းကို ပိတ်ဆို့ထားသည်။
"အို... မဟုတ်သေးဘူး၊ အက်ကွဲကြောင်းက သေးလွန်းနေတယ် ၊ ငါ့ရဲ့ ခြေမတစ်ဖက်ပဲ သွင်းလို့ ရသေးတယ်"
ထိုအသံတွင် ဂုဏ်ယူဝံ့ကြွားမှုများ ပါဝင်နေသည်။
ကမ္ဘာမြေ၏ အသုံးအနှုန်းအရဆိုလျှင် နှိမ့်ချပြီး ကြွားဝါနေခြင်း ပင် ဖြစ်သည်။
သူသည် ကောင်းကင်ဘုံသို့ ခြေလေးလှမ်းလှမ်းထားသည့် မဟာအုပ်စိုးရှင်တစ်ပါးဖြစ်၏။
လက်သီးတစ်ချက်တည်းဖြင့် နိုင်ငံတစ်ခုကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။
အောက်ဘုံတွင် သူ့ကို ယှဉ်နိုင်သော ရန်သူ မည်သို့ရှိနိုင်မည်နည်း။
မိစ္ဆာဘုရင်မှာ ထိတ်လန့်သွားသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့ ကြီးမားသော ခြေမကြီးတစ်ခုကို မြင်ရခြင်းက အမှန်တကယ်ပင် ကြောက်စရာကောင်းပြီး ကိုးကွယ်ထိုက်စရာပင် ဖြစ်သည်။
မြို့တစ်မြို့စာရှိသော ခြေမကြီးက ကြောက်စရာကောင်းလှသည်။
သို့သော် ကောင်းကင်ယံရှိ အတိုင်းအဆမရှိသော ပုံရိပ်ကြီးနှင့် နှိုင်းယှဉ်လျှင်မူ ၎င်းသည် အလွန်ပင် သေးငယ်လွန်းနေသေး၏။
မိစ္ဆာဘုရင်သည် မိစ္ဆာမိဖုရားကို တစ်ချက်ကြည့်လိုက်သည်။
မိစ္ဆာမိဖုရားက သူ၏ အဓိပ္ပာယ်ကို နားလည်၏။
"ဖြစ်နိုင်တာကတော့ ဘိုးဘေးဆရာသခင်က သေးပေမဲ့ စပ်စပ်လေး ဖြစ်မှာပါ"
သူမက အသံပို့လိုက်သည်။
ပုံမှန်အားဖြင့် "သေးပေမဲ့ စပ်စပ်လေး" ဆိုသည်မှာ ဘိုဘေးဆရာသခင်အတွက် မသင့်တော်ပါ။ သူတို့ သုံးဝံ့မည် မဟုတ်ပေ။
သို့သော် ကောင်းကင်ယံရှိ ထိတ်လန့်ဖွယ်ရာ ဘီလူးကြီးနှင့် နှိုင်းယှဉ်လျှင်မူ ၎င်းသည် အမှန်တကယ်ပင် ချီးကျူးစကား ဖြစ်နေသည်။
"အဲဒီလိုပဲ ဖြစ်ပါစေလို့ ငါမျှော်လင့်ပါတယ်"
မိစ္ဆာဘုရင်က စိုးရိမ်တကြီး တွေးလိုက်သည်။
ထို့နောက် သူနှင့် အခြားခရမ်းရောင်နန်းတော်အဆင့်မိစ္ဆာများသည် အက်ကွဲကြောင်းကို ပိုမိုကျယ်စေရန် စွမ်းအင်များ ပိုမိုပို့လွှတ်လိုက်ကြ၏။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
ထိုအချိန်အတွင်း ကောင်းကင်ယံမှ ဘီလူးကြီး၏ ပုံရိပ်သည် ပို၍ပင် ကြီးမားလာသည်။
ယခုအခါ ၎င်းသည် မိစ္ဆာနန်းတော်၏ တစ်ဝက်ခန့်အထိ ကြီးမားနေပြီ ဖြစ်သည်။
၎င်းသည် နေရောင်အားလုံးကိုပင် ကွယ်ပစ်လိုက်ပြီး အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်လာ၏။
ဤကဲ့သို့ ဘီလူးကြီးမျိုးသည် နှာချေလိုက်ရုံမျှဖြင့် မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်သည်။
ထိုအချိန်မှာပင် မီးအိမ်ကြီးတစ်လုံးကဲ့သို့ ကြီးမားသော မျက်လုံးကြီးက အောက်သို့ ငုံ့ကြည့်လာသည်။
"အံမယ်...မင်းတို့ မိစ္ဆာတစ်သောင်းနယ်မြေရဲ့အလင်းရောင်က အဖြူမဟုတ်ဘဲ အနီရောင်လား ၊ စိတ်ဝင်စားဖို့ကောင်းသားပဲ"
အထက်ဘုံမှ ဘိုးဘေးဆရာသခင်သည် နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တိုးဝင်နိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် သူ၏ အကြီးမားဆုံးသော ပုံစံကို ဆက်လက်ထိန်းသိမ်းထားသဖြင့် အလွန်ပင် ထုထည်ကြီးမားလှ၏။
သူ၏ အကြည့်သည် မိစ္ဆာနန်းတော်ရှိ ပေတစ်သောင်းကျော်ရှည်သော မြွေကြီးပေါ်သို့ ကျရောက်သွားပြီး အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ငါ့ကိုခေါ်လ်ုက်တဲ့ မိစ္ဆာနန်းတော်ရဲ့ မိစ္ဆာဘုရင်က ဘယ်ပုန်းနေလဲ ၊ ဒီကောင်က အတိုင်းအတာနဲ့ ပတ်သက်ပြီး သိပ်နားမလည်ဘူးပဲ။
ပေတစ်သောင်းရှည်တဲ့ မြွေလား ၊
အဲဒါက ကြီးတယ်လို့ ပြောတာလား ၊ သနားစရာကောင်းလိုက်တာ။
အောက်ဘုံကလူတွေက တကယ့်အရွယ်အစားကို မသိကြဘူး။ ဒါပေမဲ့ အဲဒါက ဖြစ်သင့်ပါတယ်။
"ငါ့ရဲ့ တပည့်ကို သတ်လိုက်တဲ့သူက မင်းလား"
အဘိုးကြီးက မြွေမိစ္ဆာအား မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်၍ ပြောလိုက်သည်။
သူ၏အသံလှိုင်းသည် မိစ္ဆာနန်းတော်ထဲသို့ မုန်တိုင်းတစ်ခု ဖြတ်တိုက်သွားသကဲ့သို့ ဖြစ်ပြီး အားနည်းသော မိစ္ဆာများကို လဲကျသွားစေသည်။ အချို့မှာ ထိုနေရာတင် သေဆုံးသွားကြပြီး မြင်ကွင်းက ကြေကွဲဖွယ် ဖြစ်သွားသည်။
မိစ္ဆာဘုရင်မှာ ထိတ်လန့်သွားသည်။
အကြည့်တစ်ချက်တည်းဖြင့်ပင် ဘိုးဘေးဆရာသခင်သည် သူ၏ ဝိညာဉ်ကို ပျက်စီးတော့မည့်အလား ခံစားရစေ၏။
"ဘိုးဘေးဆရာသခင်၊ ကျွန်တော်က မိစ္ဆာနန်းတော်ရဲ့ မိစ္ဆာဘုရင်ပါ၊ ရန်သူမဟုတ်ပါဘူး။ ကျွန်တော်က သတင်းပို့ခဲ့တဲ့သူပါ"
မိစ္ဆာဘုရင်က အလျင်အမြန် ရှင်းပြလိုက်သည်။
"ဟေ.."
အထက်ဘုံမှ အဘိုးကြီးမှာ ခေတ္တမျှ မှင်သက်သွားပြီး အနည်းငယ် အနေရခက်သွားသည်။
"ဩော်... ဒါဆို ရန်သူက ဘယ်မှာလဲ"
သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ထူးထူးခြားခြား ကြီးမားသောအရာကို မမြင်ရပါ။
ယခုနေရာတွင် ထိုမြွေကြီးက အကြီးဆုံးပင်။
"ငါရှိနေတာကြောင့် သူတို့ ထွက်ပြေးသွားတာများလား"
အဘိုးကြီးမှာ ဂုဏ်ယူစိတ်များဖြင့် ပြည့်နှက်သွားသည်။
အဲဒီလိုပဲ ဖြစ်နိုင်တယ်။
အထက်ဘုံမှာတောင် ငါက နာမည်ကျော်တဲ့သူတစ်ယောက်ပဲ။
မဟာအုပ်စိုးရှင်တစ်ဦးအနေဖြင့် သူသည် ဒဏ္ဍာရီလာ ယန်နတ်ဘုရားများ နှင့်ပင် ရံဖန်ရံခါ တွေ့ဆုံနိုင်သည်။
အကယ်၍ ယန်နတ်ဘုရားတစ်ပါးက သူ့ကို သတိပြုမိပြီး ကောင်းကင်ဘုံပေါင်းစုံကို ကြီးကြပ်ခွင့် ပေးခဲ့မည်ဆိုလျှင် ၎င်းမှာ ထူးကဲလှပေမည်။
ထို့ကြောင့် အောက်ဘုံတွင်ရန်သူများက သူလာမည်ဟုကြားရုံဖြင့် ယခုလို ကြောက်လန့်တကြား ထွက်ပြေးသွားခြင်းမှာ သဘာဝကျ၏။
"ပြောစမ်း သူတို့ ဘယ်ကို ထွက်ပြေးသွားတာလဲ ၊ ငါ့လက်က လွတ်မယ်ထင်နေလား "
အဘိုးကြီးက မာန်ပါပါမေးလိုက်သည်။
မိစ္ဆာဘုရင်၏ မျက်နာမှာ ငိုရမလိုလို ရယ်ရမလိုလိုဖြစ်သွား၏။ သူက မိစ္ဆာမိဖုရားကို ထပ်မံကြည့်လိုက်သည်။
သေးပေမဲ့ စပ်စပ်လေး ဆိုသည်မှာ သူမျှော်လင့်ထားသလောက် အားမကိုးရကြောင်း သူ စတင်တွေးတောလာသည်။
"သူတို့ ထွက်မပြေးပါဘူး။ သူက... ကောင်းကင်ပေါ်မှာပါ"
"ကောင်းကင်ပေါ်ကို ပြေးသွားတာလား ဟားဟားဟားဟား "
"သူ့ကိုယ်သူ လည်လှပြီမှတ်နေတာကိုး .."
အဘိုးကြီးက သူ၏ ကြီးမားသော ခန္ဓာကိုယ်ကို အပေါ်သို့ မော့ကာ ကောင်းကင်ယံကို ကြည့်လိုက်သည်။
..........
"အင်း....မင်းတို့ရဲ့ ကောင်းကင်က တော်တော်ထူးဆန်းတာပဲ၊ အနီရောင်ကြီး... ..ပဲ"
"အို..အခုမှ သတိရတယ်၊ ငါ့မှာ မစားရသေးတဲ့ ပေါက်စီတစ်လုံး ရှိသေးတယ်။ အဲဒါကို အရင်သွားစားလိုက်ဦးမယ်၊ ပြီးမှ ပြန်လာခဲ့မယ်"
အဘိုးကြီးသည် ပို၍ အရေးကြီးသော ကိစ္စရှိသည့် ပုံစံမျိုးဖမ်းကာ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကို ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ပြန်လည်သွတ်သွင်းရန် ကြိုးစားသောအခါ တစ်ဆို့နေသည်ကို တွေ့လိုက်ရသည်။
မည်မျှပင် ကြိုးစားစေကာမူ သူသည် ဟင်းလင်းပြင်ထဲသို့ ပြန်မဝင်နိုင်တော့ပါ။
ထိတ်လန့်မှုများ ဝင်ရောက်လာပြီး သူ ငိုပင်ငိုချင်လာသည်။
ထိုအချိန်တွင် သူ၏ နားထဲသို့ အသံတစ်သံ ဝင်လာ၏။
"မင်းက ငါ့ကို လုပ်ကြံဖို့ ကြံစည်နေတဲ့သူလား"
အဘိုးကြီးမှာ ကြောက်လန့်လွန်း၍ မလှုပ်ရဲတော့ပေ။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ၊ လုံးဝမဟုတ်ပါဘူး၊ အရှင်ကောင်းကင်ဘုံအရှင်သခင်"
အထက်ဘုံတွင် ယန်နတ်ဘုရားများကို ကောင်းကင်ဘုံအရှင်သခင်များဟု ခေါ်ကြ၏။
အဘိုးကြီးသည် ဤကဲ့သို့ ဝေးလံသော နေရာလေးတွင် ယန်နတ်ဘုရားတစ်ပါးနှင့် တွေ့ဆုံရမည်ဟု လုံးဝမထင်မှတ်ထားခဲ့ပါ။
ဤသည်မှာ မည်ကဲ့သို့ ရယ်စရာကောင်းသော တိုက်ဆိုင်မှုနည်း ။
၎င်းမှာ မိမိအိမ်နားက ရေကန်လေးထဲမှာ ငါးမျှားနေရင်းလေယာဉ်တင်သင်္ဘောကြီးတစ်စင်း ပေါလောပေါ်နေတာကို တွေ့လိုက်ရသလိုမျိုး ဖြစ်သည်။
ဖြစ်နိုင်ခြေက အလွန်ပင် နည်းပါးလွန်းသည် မဟုတ်ပါလား ။
သို့သော် ဖြစ်နိုင်ချေဆိုသည်မှာ တစ်ခါတစ်ရံ ဖြစ်တတ်သည်ဟု ဆိုလိုခြင်းပင်။
အဘယ့်ကြောင့်ဆိုသော် ကမ္ဘာကြီးသည် ထူးဆန်းပြီး ယုတ္တိမတန်သော ဖြစ်ရပ်များနှင့် ပြည့်နှက်နေသောကြောင့် ပင်။
ဒါပေမဲ့... တစ်နေရာတည်းမှာ အဲဒီလိုကိစ္စမျိုး ဘယ်လိုလုပ် နှစ်ခါဖြစ်နိုင်မှာလဲ ။
"မျက်လုံးတစ်ထောင်မိစ္ဆာက ကန်ရှင်းဂြိုဟ်ကိုသွားပြီး ကိုယ်ခံပညာပြိုင်ပွဲကို ဖျက်သိမ်းခိုင်းတာနဲ့ ငါဂိမ်းဆော့တာကို တားဆီးဖို့ လုပ်ခဲ့တာ မဟုတ်ဘူးလား"
ကြီးမားသော မျက်လုံးကြီးက အဘိုးကြီးကို စိုက်ကြည့်နေသည်။
အဘိုးကြီး၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး နဖူးမှ ချွေးများ စီးကျလာ၏။
မိစ္ဆာနန်းတော်တွင်မူ အနံ့ဆိုးထွက်သော အက်ဆစ်မိုးများ စတင်ရွာသွန်းလာသည်။
"ကျွန်တော်မျိုး ကောင်းကင်ဘုံအရှင်သခင်ကို ကြံစည်ဖို့ မဝံ့ရဲပါဘူး"
အဘိုးကြီးမှာ ချွေးများဖြင့် ရွဲစိုနေသည်၊ ဤသည်မှာ နှစ်ပေါင်းများစွာအတွင်း မဖြစ်ဖူးသော ကိစ္စပင်။
ကျိယွမ်က တည်ငြိမ်စွာဖြင့် အဘိုးကြီးအားကြည့်နေသည်။
အဘိုးကြီးက လိမ်မပြောနေပါ။
အဘယ့်ကြောင့်ဆိုသော် သူ၏ နှာခေါင်းက ရှည်မလာသောကြောင့် ဖြစ်သည်။
"အထက်ဘုံက အဘိုးကြီးတွေက ရေမချိုးကြဘူးလား ၊ မင်းဆီက အနံ့နံတယ်"
ကျိယွမ်က ရွံရှာစွာ ပြောလိုက်သည်။
ထိုအချက် အထက်ဘုံ၏ လူနေမှုအဆင့်အတန်းနှင့် ယဉ်ကျေးမှုသည်လည်း အောက်ဘုံထက် များစွာမသာလွန်ကြောင်း သိသာနေ၏။
သူ အထက်ဘုံသို့ တက်လှမ်းသောအခါတွင် ၎င်းတို့၏ သန့်ရှင်းမှုအဆင့်အတန်းကို မြှင့်တင်ရန် ကျိယွမ်က ဆုံးဖြတ်လိုက်သည်။
လူတိုင်း သန့်ရှင်းမှုကို တန်ဖိုးထားသင့်တယ် ။
အဘိုးကြီး အဘွားကြီးတွေက တစ်နေ့တစ်ခါ ရေချိုးရမယ် ။
ထို့တောက် အချိန်တန်သောအခါ သူက ရေချိုးခန်းတစ်ခုဖွင့်ပြီး အမြတ်အစွန်းတွေ အများကြီးရှာရမည်။
အဘယ့်ကြောင့်ဆိုသော် သက်ကြီးရွယ်အိုများသည် သူ၏အနာဂတ် မျှော်လင့်ခြင်းလမင်းဖောက်သည်များ ဖြစ်သောကြောင့် ဖြစ်သည်။
သူ၏ မျှော်လင့်ခြင်းလမင်းများက ရေမချိုး မိုးမချိုးနှင့် အလွန်ညစ်ပတ်နေမည်ဆိုလျှင် ထိုအတွေးက ကျိယွမ်ကီုတော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေ၏။
"ကျွန်တော်..."
အဘိုးကြီးမှာ အသံမထွက်နိုင်တော့ဘဲ ပြန်မပြောဝံ့ပါ။
သူလိုအဆင့်ရှိသော ကျင့်ကြံသူများသည် ရေမချိုးကြတော့ပါ။ အမှန်တကယ်တွင် ရေသည် သူတို့ထက်ပင် ပို၍ ညစ်ပတ်နေသည်ဟု ဆိုနိုင်၏။
"မင်းက နောက်ကွယ်က ကြိုးကိုင်သူမဟုတ်ရင် တခြားသူများ ဖြစ်နေမလား"
ကျိယွမ်က အဘိုးကြီးကို စိုက်ကြည့်ရင်း စဉ်းစားနေသည်။
အဘိုးကြီးမှာ အဖြေကိုမသိသဖြင့် ဘာမှပြန်မပြောဝံ့ဘဲ တဆတ်ဆတ်တုန်ယင်နေပြီး ချွေးစေးကြီးများ တစ်ပေါက်ပေါက်ကျနေ၏။
မိစ္ဆာဘုရင်မှာ သူခေါင်းပေါ်သို့ကြလာသော အစက်စစ်ဓာတ်ပါသည့် မိုးရေများကို မသတီစွာခါထုတိလိုက်သည်။
ဘိုဘေးဆရာသခင်က တကယ်ရေမချိူးတာလား ။
ရှင်းလင်းနေသည်မှာ သေးပေမဲ့ စပ်စပ်လေး ဆိုသည်မှာ အလုပ်မဖြစ်တော့ပေ။
"ကျွန်တော် ဒီကိုယ်ခံပညာပြိုင်ပွဲအကြောင်း တကယ်ပဲ ဘာမှမသိပါဘူး"
အဘိုးကြီးက အားတင်းကာ ပြောလိုက်သည်။
သူ၏ စိတ်ထဲတွင်မူ မိစ္ဆာဘုရင်ကို ကျိန်ဆဲနေ၏။
တမင်သပ်သပ်ငါ့ကို သေတွင်းထဲဆွဲချတာလား ၊ ဒီအမွှေးတိုင်ကို ပေးမိတာကိုက ငါ့အမှားပဲ။
"ငါ နားလည်မှု လွဲသွားတာလား"
ထိတ်လန့်ဖွယ်ရာ အာကာသဘီလူးကြီးက တွေးတောနေသည်။
အဘိုးကြီးမှာ ဆက်လက်တုန်ယင်နေပြီး ထင်မြင်ချက်မပေးရဲချေ။
သူနေထိုင်သော မြင့်မြတ်နယ်မြေတွင် ရှိသည့် ဒဏ္ဍာရီလာ ကောင်းကင်ဘုံအရှင်သခင်၏ နတ်ဘုရားပုံစံသည်ပင် ဤမျှ မကြီးမားပါ။
ဒါက ဘယ်လိုမျိုး ဘီလူးသတ္တဝါကြီးလဲ ။
ကျိယွမ်ကတော့ အနည်းငယ် အခက်တွေ့နေသည်။
ငါက သံသယလွန်ကဲနေတာလား ။
ဘာပဲပြောပြော ..အမြဲတမ်း သတိထားတာက ပိုကောင်းတယ်။
ရန်သူကို လွတ်သွားစေတာထက် မှားသတ်လိုက်တာက ပိုကောင်းပါသည်။
သို့သော်လည်း...သူက အနည်းငယ် ထပ်မံစစ်ဆေးလိုက်၏။
"မင်း ဘိုးဘေးမိစ္ဆာသခင်ကို သိလား"
ကျိယွမ်က ရုတ်တရက် မေးလိုက်သည်။
သူသည် ဤကမ္ဘာ၏ ဂိမ်းနောက်ခံသမိုင်းကြောင်းကို ပိုမိုသိရှိချင်၏။
သမင်နက်ကြီး၏ ပြောကြားချက်အရ အရှေ့ဘက်သခင်၏ ကျင့်ကြံဖော်မှာ ဘိုးဘေးမိစ္ဆာသခင် ဖြစ်သည်။
ဂြိုဟ်သားအကြွင်းအကျန်များထဲတွင် ရှေးဟောင်းခရမ်းရောင်နန်းတော် မိစ္ဆာတစ်ကောင်က ပြောခဲ့သည်မှာ ဘိုးဘေးမိစ္ဆာ ပျောက်ကွယ်သွားပြီးနောက် အထက်ဘုံမှ မိစ္ဆာများသည် မိစ္ဆာတစ်သောင်းနယ်မြေကို ထိန်းချုပ်လိုက်သည်ဟူ၍ ဖြစ်သည်။
ထိုမေးခွန်းကို ကြားသောအခါ အဘိုးကြီးက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေ၏။
"ဘိုးဘေးမိစ္ဆာသခင်အကြောင်း ကြားဖူးပါတယ်။ သူက... ကောင်းကင်ဘုံအရှင်သခင် တစ်ပါးပါ"
သူက ဖြေသံခါးသီးနေ၏။
ဒီနေရာမှာ ကောင်းကင်ဘုံအရှင်သခင်တစ်ပါး ပေါ်လာတာတောင် တော်တော်ဆိုးနေပြီ၊ အခု နောက်ထပ်တစ်ပါး ရှိသေးတယ်ပေါ့ ။
"ယန်နတ်ဘုရားတစ်ပါးပေါ့ ဟုတ်လား"
ကျိယွမ်ကတော့ သိပ်မအံ့ဩပါ။သူက မှန်းထားပြီးသားပင် ။
"သူ့ရဲ့ ကျင့်ကြံဖော်က ဘယ်သူလဲဆိုတာရော မင်းသိလား"
အဘိုးကြီးက ခေတ္တဆိုင်းငံ့ပြီးမှ ပြန်ဖြေ၏။
"ဘိုးဘေးမိစ္ဆာသခင်မှာ ကျင့်ဖော်ရှိတယ်လို့ ကျွန်တော် တစ်ခါမှ မကြားဖူးပါဘူး"
မူလနယ်မြေတွင်ရှိနေသော သမင်နက်နှင့် အခြားသူများသည် ဤစကားကို ကြားသောအခါ အံ့အားသင့်သွားကြသည်။
"ဟွန်း...ဒီမိစ္ဆာက လျှောက်ပြောနေတာပဲ ၊ ဘိုးဘေးမိစ္ဆာသခင်ရဲ့ ကျင့်ကြံဖော်က ငါတို့ရဲ့ အရှေ့ဘက်သခင်ပဲ"
"သူက အသိပညာဗဟုသုတမရှိတာ ဖြစ်ရမယ်"
ကျိယွမ်က အဘိုးကြီးကို စိုက်ကြည့်လိုက်သည်။
"မင်း အရှေ့ဘက်သခင်အကြောင်း ကြားဖူးလား"
"တစ်ခါမှ မကြားဖူးပါဘူး"
အဘိုးကြီးက အလျင်အမြန် ပြန်ဖြေသည်။
" အဲဒီလိုလား"
ကျိယွမ်က မျက်ခုံးပင့်လိုက်ပြီး တစ်မျိုးထပ်မေး၏။
"ဘိုးဘေးမိစ္ဆာသခင်ရဲ့ ဇစ်မြစ်ကိုကော မင်းသိလား"
"ဒါက..."
အဘိုးကြီးက သူ၏ ဦးနှောက်ကို ညှစ်ထုတ်ကာ စဉ်းစားနေပြီး သိသိသာသာပင် ထိတ်လန့်နေသည်။
ယန်နတ်ဘုရားတစ်ပါးရှေ့တွင် လိမ်ညာနေခြင်းက အပိုအလုပ်သာဖြစ်ကြောင်း သူသိ၏။
အဘယ့်ကြောင့်ဆိုသော် ယန်နတ်ဘုရားတစ်ပါးက အမှန်တရားကို သိရှိရန် သူ၏ ဝိညာဉ်ကို တိုက်ရိုက်ရှာဖွေနိုင်သောကြောင့် ဖြစ်သည်။
"ဘိုးဘေးမိစ္ဆာသခင်က ဒီကမ္ဘာက သတ္တဝါမဟုတ်ဘူးလို့ ကျွန်တော် ကြားဖူးပါတယ်"
"အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့ သူက အထက်ဘုံနဲ့ အဆက်အသွယ်ကို ဖြတ်တောက်ပြီး အထက်ဘုံကို မတက်ဘဲ ငြင်းဆန်ခဲ့တာပါ"
"အဲဒီနောက်မှာ သူ ပျောက်ကွယ်သွားခဲ့ပြီး အဲဒီအချိန်ကစပြီး ကျွန်တော်တို့က ဒီနယ်မြေကို လွှဲပြောင်းယူခဲ့တာပါ"
အဘိုးကြီးက သူသိသမျှကို ရှင်းပြလိုက်သည်။
ပုံမှန်အားဖြင့် အောက်ဘုံများမှာ ယန်နတ်ဘုရားတစ်ပါး မမွေးဖွားနိုင်ပါ။
ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သော ဘိုးဘေးမိစ္ဆာသခင်ကပင် လုံလောက်အောင် တုန်လှုပ်စရာ ဖြစ်ခဲ့ပြီးဖြစ်သည်။
သို့သော် ယခုအခါ နောက်ထပ် ယန်တစ်ပါး ထပ်မံပေါ်ပေါက်လာ၏။
မည်သူက မကြောက်ဘဲ နေနိုင်မည်နည်း။
"ကျွန်တော့်နာမည်က ချန်လိုင် ပါ။ ကျွန်တော်က အတိုင်းအဆမဲ့တောင်ရဲ့ ၃၇ ခုမြောက် နယ်မြေက အကြီးအကဲ တစ်ယောက်ပါ"
" ကျွန်တော်တို့ရဲ့ အတိုင်းအဆမဲ့တောင်မှာ တတိယကောင်းကင်မှာ စံပယ်တဲ့ ကောင်းကင်ဘုံအရှင်သခင် တစ်ပါးရှိပါတယ်"
အဘိုးကြီးက သူ၏ နောက်ခံကို ထုတ်ဖော်ပြောဆိုလိုက်ပြီး ၎င်းက သူ့ကို ကယ်တင်နိုင်မည်ဟု မျှော်လင့်နေသည်။
"ဩော်၊ ဒါဆို သူက နောက်ကွယ်က ကြိုးကိုင်သူပေါ့။ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ သူ့ကို ဒီကို ဆင်းလာဖို့ ခေါ်လိုက်ပါ"
အနည်းငယ် တညိငြိမ်နေသော ကျိယွမ်မှာ ပြန်လည်အေးစက်သွားတော့ သည်။
လက်စသတ်တော့ လက်မည်းကြီးက တကယ်ပဲရှိနေတာကိုး ။
အဘိုးကြီး၏ မျက်နှာမှာ အလွန်ပျက်သွားပြီး ပြန်လည်ဖြေကြားရန် ရုန်းကန်နေရသည်။
"ကျွန်တော်... ကျွန်တော့်မှာ ကောင်းကင်ဘုံအရှင်သခင်ကို တွေ့ဆုံဖို့ လုပ်ပိုင်ခွင့် မရှိပါဘူး"
အတိုင်းအဆမဲ့တောင်တွင် နယ်မြေပေါင်း ခုနစ်ရာကျော်ရှိပြီး သူက နယ်မြေတစ်ခု၏ အကြီးအကဲလေးမျှသာ ဖြစ်သည်။
သူ၏အဆင့်လေးက ဒဏ္ဍာရီလာ ကောင်းကင်ဘုံအရှင်သခင်ကို မည်သို့ တွေ့ဆုံနိုင်မည်နည်း ။
"ပျင်းစရာကောင်းလိုက်တာ..ပျင်းစရာတွေပဲ"
သွေးရောင်အလင်းတန်းတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။
ကောင်းကင်ယံရှိ ထိတ်လန့်ဖွယ်ရာ မျက်လုံးကြီးက ပိတ်သွား၏။
မိစ္ဆာနန်းတော်တွင်မူ မိစ္ဆာအားလုံး တောင့်တင်းသွားကြသည်။
ကြီးမားသော မျက်လုံးကြီး ပြန်ပွင့်လာသောအခါ မိစ္ဆာနန်းတော်ရှိ မိစ္ဆာတိုင်းနှင့် အထက်ဘုံမှဆင်းလာသော ရေမချိုးသည့် အဘိုးကြီးအပါအဝင် အားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။
မိစ္ဆာနန်းတော်ထဲတွင် သွေးနီရောင် ပုံရိပ်တစ်ခု ပေါ်လာပြီး အလွန်အမင်း ချောမောခန့်ညားလှသည်။
ထိုသွေးနီရောင် ပုံရိပ်မှာ ကျိယွမ်ပင်။
သူသည် ဘိုးဘေးမိစ္ဆာသခင် ချန်ထားခဲ့သော အမှတ်အသားများ ရှိမရှိ စုံစမ်းရန် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ပတ်ပတ်လည် ရှာဖွေပြီးနောက်မှ အသုံးဝင်သော အရာတစ်ခုမှ မတွေ့ခဲ့ပါ။
....................
နောက်ဆုံးတွင် ကျိယွမ်သည် စားပွဲသောက်ပွဲအတွက် ကန်ရှင်းဂြိုဟ်သို့ ပြန်မသွားခဲ့ပါ။
သို့သော် သူသည် မထွက်ခွာမီ ဝက်သားထမင်းတစ်ပွဲကိုမူ ခိုးယူလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူသည် ကုံရှင်းဂြိုဟ်သို့ ပြန်တော့မည်ဖြစ်ပြီး ကောင်းကင်ယံ၌ အနားယူနေစဉ်အတွင်း ၎င်းမှာ စားသောက်ရန် အကောင်းဆုံးအချိန်ပင် ။
ဝက်သားထမင်း စားပြီးသောအခါ ကျိယွမ်၏ ပုံရိပ်သည် သူ၏ အိမ်သို့ ပြန်ရောက်သွားသည်။
"မြောင်...."
ရှဲ့ရှင်းစု၏ အမွှေးများ ထောင်သွားပြီး သနားစရာကောင်းအောင် အော်လိုက်သည်။
စက်ရုပ်ဇီးရိုးဝမ်းကမူ ယဉ်ကျေးသော အိမ်အကူတစ်ဦးကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေ၏။
"ပြန်လာတာကို ကြိုဆိုပါတယ် သခင်"
ကိုယ်ကျပ်ဝတ်စုံနှင့် အမျိုးသမီးမှာ တင်းမာသွားပြီး သူမ၏ ရှေ့ရှိ အလွန်အမင်း ချောမောသော အမျိုးသားကို ကြည့်ရင်း ရင်ခုန်သံများ မြန်လာသည်။
ယခုအချိန်အထိပင် သူမ၏ မောင်ဖြစ်သူသည် ကောင်းကင်ယံကို လွှမ်းမိုးထားသော ဘီလူးကြီးနှင့် တစ်ဦးတည်းဖြစ်သည်ဆိုသောအချက်ကို သူမ လက်မခံနိုင်သေးပါ။
"ငါ ပြန်လာပြီ။ မင်းကို အကြာကြီး စောင့်ခိုင်းလိုက်မိသလား"
ကျိယွမ်က ကိုယ်ကျပ်ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်ရင်း ညင်သာစွာ မေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမသည် သူ၏ အကြွေးရှင် မဟုတ်ပါလား။
"မဟုတ်ဘူး၊ မဟုတ်ပါဘူး"
အမျိုးသမီးက အလျင်အမြန် ပြန်ဖြေသည်။
"မင်း ငါ့ဆီကို ဒီအထိ လာတာက အကြွေးပြန်ဆပ်ဖို့ လာပြောတာဆိုတာ ငါသိပါတယ်"
"ဟူး... အခုလောလောဆယ် ငါ့မှာ ငွေကြေးအနည်းငယ် ပြတ်လပ်နေတယ်။ မင်းကို ပေးရမယ့် ယွမ်သောင်းဂဏန်းလောက်ကို ခဏလောက် ထပ်ဆိုင်းငံ့ထားလို့ ရမလား"
ကျိယွမ်က မသိမသာ စမ်းသပ်သလိုမေးမြန်းလိုက်သည်။
သူသည် မြေကွက်ဝယ်ပြီး ငရဲဘုံတည်ဆောက်ရန်အတွက် ငွေစုချင်နေသေးသည်။
အကြွေးဆပ်ဖို့လား ....။
အဲဒါကတော့ အခုလောလောဆယ် မဖြစ်နိုင်သေးပါ။
"မဟုတ်တာ .. ရှင် ပြန်ဆပ်ဖို့ မလိုပါဘူး"
အမျိုးသမီးက စိုးရိမ်စိတ်ကြောင့် အသက်ရှူမှားမတတ် အော်ပြောလိုက်သည်။
ကြယ်တစ်စင်းကို ဝါးမြိုပစ်ခဲ့သော ထိုသတ္တဝါကြီးနှင့် အလွန်နူးညံ့ပြီး သတိကြီးသော ဤအမျိုးသားသည် တစ်ဦးတည်းဖြစ်ကြောင်း သူမပင် သံသယဝင်လာမိသည်။
"ဒီကမ္ဘာမှာ လူကောင်းတွေ တကယ်ရှိတာပဲ"
ကျိယွမ်က သက်ပြင်းချလိုက်သည်။
"တကယ်တော့ ငါကလည်း လူကောင်းတစ်ယောက်ပါ။ ငါ ကန်ရှင်းဂြိုဟ်ကို သွားခဲ့တာက ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေလည်း ပါပါတယ်"
"ဒါပေမဲ့... ပိုအရေးကြီးတာက ငါတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေ ငါတို့မျိုးဆက်မှာ ပျောက်ကွယ်မသွားစေချင်လို့ပါ။ ကိုယ်ခံပညာပြိုင်ပွဲက ပရိသတ်တွေ ဒီလိုဖျော်ဖြေမှုမျိုး မဆုံးရှုံးစေချင်ဘူးလေ"
" ဒီလိုလုပ်ခြင်းအားဖြင့် ငါက ချင်းယွမ်နိုင်ငံရဲ့ GDP ကိုလည်း အထောက်အကူပြုနေတာပေါ့"
သူ၏စကားအဆုံးတွင် ကျိယွမ်မှာ အနည်းငယ် အားနာသွားမိသည်။
GDP အတွက်ဟု ပြောဆိုခြင်းက အနည်းငယ် လက်လှမ်းမမီသလို ဖြစ်နေသောကြောင့် ဖြစ်သည်။
ငါ့စကားက နည်းနည်းကြီးကျယ်သွားသလား ။
ကျိယွမ်သည် ဤကဲ့သို့သော ပုံပြင်တစ်ပုဒ်ကို ကြားဖူးသည်။
လူ A က ယွမ် ၁၀၀ ထုတ်ပြီး လူ B ကို ပြောသည်။
"မင်း ဒီခွေးချေးကို စားရင် ငါ ယွမ် ၁၀၀ ပေးမယ်"
လူ B က စိတ်ဝင်စားသွားပြီး ခွေးချေးစားကာ ယွမ် ၁၀၀ ရယူလိုက်သည်။
ဒါပေမဲ့ အဲဒီနောက်မှာ သူက ရှုံးတယ်လို့ ခံစားရတာကြောင့် ယွမ် ၁၀၀ ကို လူ A ဆီ ပြန်ပေးပြီး လူ A ကို ခွေးချေးစားခိုင်းသည်။
လူ A က ယွမ် ၁၀၀ ဆုံးရှုံးမှာစိုးတာကြောင့် ခွေးချေးစားပြီး သူ၏ ယွမ် ၁၀၀ ကို ပြန်ယူလိုက်သည်။
သူတို့နှစ်ယောက်လုံး ငွေမရလိုက်ပေမဲ့ နှစ်ယောက်လုံး ခွေးချေးစားလိုက်ရသည်။
ဒါပေမဲ့ သူတို့က နိုင်ငံရဲ့ GDP ကိုတော့ အထောက်အကူပြုလိုက်၏။
ကျိယွမ်၏ ရှင်းပြချက်ကို ကြားသောအခါ ကိုယ်ကျပ်ဝတ်စုံနှင့် အမျိုးသမီးမှာ ခေါင်းညိတ်ရုံမှအပ ဘာမှမပြောရဲတော့ပါ။
ကျိယွမ်ကို ထွက်ပြေးပြီး ထျန်းယွမ်ဂိုဏ်းမှာ ပုန်းနေဖို့ အကြံပေးဖို့လား ။
သူမ ထိုအကြောင်းကို စကားပင် မစဝံ့တော့ပါ။
"အဲဒါဆို ငါ မူလဇစ်မြစ်နယ်မြေကို ပြန်သွားဖို့ လိုပြီ။ နှုတ်ဆက်ပါတယ်၊ နောက်မှ တွေ့ကြတာပေါ့"
ထို့နောက် ကျိယွမ်သည် အခန်းထဲမှပျောက်ကွယ်သွားလေ၏။
သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်လာပြီး ချက်ချင်းလိုလိုပြန်သွားသည်။
သူသည် အရှေ့ဘက်သခင်၏ နံရံကို သွားကြည့်ပြီး ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားဆိုသည်မှာ ဘာလဲဆိုတာကို အလွန်သိချင်နေလေပြီ။
..................
တောင်နှင့်မြစ်ပန်းချီကားထဲတွင် ဖြစ်သည် ။
ကောင်းကင်ရှိလမင်းက တောက်ပနေပြီး ကြည်လင်နေသော ရေကန်မျက်နှာပြင်ပေါ်တွင် အရိပ်ထင်ဟပ်နေ၏။
လရောင်အောက်တွင် ကြည်လဲ့လဲ့ရေကန်မျက်နှာပြင်ပေါ်တွင် လှေငယ်လေးတစ်စင်း ပေါလောမျောနေသည်မှာ ရိုးရာပန်းချီကားတစ်ချပ်ထဲမှ စုတ်ချက်တစ်ခုကဲ့သို့ပင်။
အမျိုးသမီးတစ်ဦးသည် လှေဦးတွင် ရပ်နေပြီး သူမ၏ မျက်လုံးများတွင် အဆုံးမရှိသော မသေချာမှုများ ပြည့်နှက်နေသည်။
သူမသည် အဝေးသို့ ငေးကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်၊း။
"အမှန်တရားကို မြင်ရဖို့ ဘယ်လောက်ကြာဦးမလဲ"
ဝမ်ယွမ်ယွီက အမျိုးသမီးကို ကြည့်ပြီး ညင်သာစွာ ပြန်ဖြေ၏။
"၁၀ နှစ်လည်း ဖြစ်နိုင်သလို၊ နှစ် ၁၀၀ လည်း ဖြစ်နိုင်တယ်"
တောင်နှင့်မြစ်ပန်းချီအတွင်း၌ ရေတွက်မကုန်သော ပန်းချီကားများသည် စတင်ယှက်နွယ်လာပြီး ဆက်သွယ်လာကြသည်။
ရေတွက်မကုန်သော တိုက်ပွဲများလည်း ဖြစ်ပွားလာ၏။
ထို့အတူ ဝမ်ယွမ်ယွီသည် လူကျူနှင့် တွေ့ဆုံသောအခါ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ သူမအတွင်း၌ အလိုလိုပေါ်ပေါက်လာခဲ့သည်။
သူမကို သတ်ပစ်ချင်သော ပြင်းပြသည့် ဆန္ဒကို သူမ ခံစားလိုက်ရ၏။
သို့သော် နောက်ဆုံးတွင် သူမသည် သူမ၏ ပင်ကိုယ်အသိကို နှိပ်ကွပ်လိုက်ပြီး လူကျူးနှင့် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် အမှန်တရားကို မြင်ရသည်နှင့် ၎င်းတို့သည် ပိုမိုကြီးမားသော ဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ရမည်ကို သူမ သိသောကြောင့် ဖြစ်သည်။
"အချိန်တွေ ပိုမြန်မြန် ကုန်ဆုံးသွားရင် ကောင်းမှာပဲ"
လူကျူက ထိုသို့ပြောလိုက်ပြီး သူမ၏ ကြည်လင်တောက်ပသော မျက်လုံးများတွင် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
"ကမ္ဘာတွေ တစ်ခုနဲ့တစ်ခု ဆုံစည်းသွားတဲ့အခါ အတုအယောင်တွေနဲ့အတူ နင်လည်း ပျက်စီးသွားမှာကို မကြောက်ဘူးလား"
ဝမ်ယွမ်ယွီက မေးလိုက်သည်။
"အဲဒီနေ့ ရောက်လာတဲ့အခါ အတုအယောင်တွေအားလုံး ပျောက်ကွယ်သွားပြီး အမှန်တရား တစ်ခုတည်းပဲ ကျန်ရစ်မှာလေ"
"ကြောက်တာပေါ့၊ ဒါပေမဲ့ ငါ့ရဲ့ ဆရာသခင်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ပြီး ကျေးဇူးတင်စကား ပြောချင်သေးတယ်"
လူကျူးက တမ်းတမ်းတတဖြင့် ပြောလိုက်သည်။
တစ်ချိန်က ငယ်ရွယ်သော မင်းသမီးလေးသည် နောက်ဆုံးတွင် အရွယ်ရောက်လာခဲ့ပြီ ဖြစ်သည်။
ထိုစဉ်က သူမ၏ ဆရာသခင်သည် သူမ ကျေးဇူးတင်စကား မပြောရသေးခင်မှာပင် ပျောက်ကွယ်သွားခဲ့၏။
မပြောလိုက်ရသော ကျေးဇူးတင်စကားမှာ ထိုအချိန်မှစ၍ သူမ၏ နှလုံးသားထဲတွင် ရှိနေဆဲပင်။
သူမက ကောင်းကင်ရှိလမင်းကြီးကို ကြည့်ကာ သက်ပြင်းချ၏။
"ပြီးတော့ လူကျူက ဆရာသခင်ကို စိတ်မပျက်စေခဲ့ဘူးဆိုတာကိုလည်း ဆရာသခင် သိစေချင်ပါသေးတယ်