← Chapters

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂) - စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ လုပ်ကြံမှု၊ အခြေအနေ ပြောင်းပြန်လှန်ခြင်း (အပိုင်း - ၁)

အရှင်သခင်ကြီး ပိုင်ယန် ၏ မျက်နှာ အမူအရာမှာ အလွန်တရာ အေးစက် တင်းမာနေပြီး၊ သူ၏ အကြည့်များမှာ တာအိုဆရာ ထျန်းယွီ ထံသို့သာ စူးစိုက် ကျရောက်နေသည်။ သူ၏ မျက်နှာ အမူအရာမှာ ခန့်မှန်းရ ခက်လောက်အောင် ပြောင်းလဲနေပြီး၊ ရင်ထဲတွင်မူ မခံမရပ်နိုင်အောင် နာကြည်း ခံပြင်းနေမိ၏။

သူ၏ လက်ထဲတွင် အခိုင်အမာ ရှိနေခဲ့သော တစ်ခုတည်းသော ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နှစ်စက်ခွဲလေး ကိုပင် မျက်စိရှေ့တင် အလုခံလိုက်ရသည် မဟုတ်ပါလော။

'တောက်... အစော်ကားခံရတာ... ငါ့ဘဝမှာ ဒီလောက် အစော်ကားခံရတာ ဒါ ပထမဆုံးပဲ... အကုန်လုံးကို အသေသတ်ပစ်ချင်နေပြီ'

ထိုအခိုက်အတန့်တွင် အရှင်သခင်ကြီး ပိုင်ယန် သည် မြေကမ္ဘာ

အင်မော်တယ်နန်းတော် မှ လူအုပ်ကြီး တစ်ခုလုံးကို အစတုံး သတ်ဖြတ် ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။ တာအိုဆရာ ထျန်းယွီ က သူ့အပေါ်သို့ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ၊ အရှင်သခင်ကြီး ပိုင်ယန် သည် သရော်လှောင်ပြောင်စွာ ရယ်လိုက်၏။

သူ၏ အကြည့်များသည် စုယွီ၊ လော့ချန်ယွီ၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့ အပေါ်သို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ခုနစ်စက်ခွဲ ကျန်သေးတယ် ဟုတ်လား... အဘိုးကြီး ထျန်းယွီ... ငါ့ဆီမှာ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တော့ မရှိဘူး... အသက် နည်းနည်းပါးပါးတော့ ရှိတယ်... ခင်ဗျား လိုချင်သလား”

“ဝုန်း...”

တာအိုဆရာ ထျန်းယွီ သည် ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက်လေရာ၊ သူ၏ ခြေအောက်ရှိ တောင်တန်းကြီး တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့၏။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ မူလဝိညာဉ် အစောပိုင်း အဆင့်တွင်သာ ရှိသေးသော်ငြားလည်း၊ ထိုအခိုက်အတန့်တွင် သူထံမှ ထွက်ပေါ်လာသော အင်မော်တယ် အရှိန်အဝါကြီးမှာ အရှင်သခင်ကြီး ပိုင်ယန် ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အရှင်သခင်ကြီး ပိုင်ယန် နှင့် ယွီလုံ နန်းတော် မှ အခြားသူများ၏ မျက်နှာ အမူအရာများမှာ နောက်ထပ် တစ်ကြိမ် ပျက်ယွင်းသွားကြပြန်သည်။

အင်မော်တယ် တစ်သောင်း နန်းတော် မှ အရှင်သခင်ကြီး ဇီယွီ၊ မီးတောက် နန်းတော် မှ အရှင်သခင်ကြီး ထျန်းလီ နှင့် ဘေးတွင် ရပ်ကြည့်နေကြသော အခြားသူများ၏ အမြင်များမှာလည်း တဖြည်းဖြည်း ပြောင်းလဲသွားကြပြီး၊ တာအိုဆရာ ထျန်းယွီ အပေါ် ပိုမို အထင်ကြီး လေးစားလာကြတော့၏။ သူတို့၏ မျက်ဝန်းများထဲတွင် အကြောက်တရား အရိပ်အယောင် အချို့ပင် ကိန်းအောင်းလာကြ၏။

တာအိုဆရာ ထျန်းယွီ ၏ အသံသည် အလွန်တရာ အေးစက်သော လေသံဖြင့် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“ငါ့ကို လာခြိမ်းခြောက် နေတာလား... ငါ အပြင်ကို မထွက်ဖြစ်တာ နှစ်ရာ သုံးရာ လောက် ရှိသွားတဲ့ အချိန် အတွင်းမှာ... မင်းတို့ ယွီလုံ နန်းတော် က ကောင်တွေ တော်တော်လေး အတင့်ရဲ လာကြပါလား”

'ဟက်... မင်းတို့လို ကောင်လေးတွေ ကများ... ငါ့ကို လာစမ်းချင်နေသေးတယ်... အသက် မပြည့်ချင်ကြဘူး ထင်တယ်'

အရှင်သခင်ကြီး ပိုင်ယန် ၏ မျက်ဝန်းများမှာ အေးစက်သွားသော်လည်း၊ သူသည် နောက်သို့ ခြေတစ်လှမ်းမျှ ဆုတ်မသွားခဲ့ချေ။

အင်မော်တယ် တစ်သောင်း နန်းတော် မှ အရှင်သခင်ကြီး ဇီယွီ နှင့် အခြားသူများသည် ခေတ္တမျှ စဉ်းစား တွေးတောလိုက်ကြပြီးနောက်၊ တာအိုဆရာ ထျန်းယွီ အား ဝင်ရောက် ဖျန်ဖြေပေးရန် ရှေ့သို့ တိုးထွက်လာကြသည်။

အကယ်၍များ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တွေသာ တကယ် ရှိနေခဲ့မည် ဆိုလျှင်... သူတို့ အနေဖြင့် ထိုရတနာများ တာအိုဆရာ ထျန်းယွီ ၏ လက်ထဲသို့ ရောက်ရှိသွားမည့် အန္တရာယ်ထက်... ယွီလုံ နန်းတော် က ရရှိသွားသည်ကို ပို၍ သဘောကျကြမည် ဖြစ်၏။

သို့သော်ငြားလည်း...

တကယ်လို့များ ယွီလုံ နန်းတော် က လူတွေဆီမှာ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တွေ အများကြီး ရှိနေတယ် ဆိုတာကို သူတို့ သေချာ အတည်ပြုနိုင်ခဲ့မည် ဆိုလျှင်တော့... သူတို့ အားလုံး ပူးပေါင်းပြီး အဲဒီ ရတနာ တွေကို မျှဝေ ယူကြဖို့ကိုလည်း ဝန်လေးနေကြမည် မဟုတ်ချေ။

အဆုံးစွန်၌မူ အရာအားလုံးသည် ကိုယ်ကျိုးစီးပွား အပေါ်တွင်သာ မူတည်နေသည် မဟုတ်ပါလော။

ခဏအကြာတွင် အာရုံလှည့်စားမှု ရွှံ့ညွန်တော အပျက်အစီး များကို စူးစမ်း ရှာဖွေရန် ရောက်ရှိလာကြသော ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး (၁၀) ဂိုဏ်း မှ ကျင့်ကြံသူ အများစုမှာ ဤ တောင်ထွတ် ပေါ်သို့ ရောက်ရှိလာကြပြီ ဖြစ်ကာ၊ ပြဿနာများကို ပိုမို ကြီးထွားလာစေရန် ကြံစည်နေကြသည်။

သို့သော်လည်း ဤ ပွတ်တိုက်မှုမှာ နောက်ဆုံးတွင် အလုံးစုံ စစ်ပွဲကြီး တစ်ခု အဖြစ်သို့ ရောက်ရှိမသွားခဲ့ချေ။

တာအိုဆရာ ထျန်းယွီ နှင့် အခြားသော အင်မော်တယ် ဂိုဏ်းများ မှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ၏ ဖိအားပေးမှု အောက်တွင်၊ အရှင်သခင်ကြီး ပိုင်ယန် သည် သူ၏ ဒေါသများကို မျိုသိပ်လိုက်ရ၏။

သူတို့ ယွီလုံ နန်းတော် အနေဖြင့် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နှစ်စက်ခွဲ ကိုသာ မြင်တွေ့ခဲ့ရပြီး ရရှိခဲ့ကြောင်း ကောင်းကင် သစ္စာဆိုလိုက်ရသဖြင့်၊ ဤ အငြင်းပွားမှု ၏ တင်းမာနေသော လေထုမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။

ထို့နောက် လူတိုင်းသည် အောက်ဘက်ရှိ မြေအောက် လှိုဏ်ဂူ အတွင်းသို့ ဝင်ရောက် သွားကြသည်။ သူတို့သည် ထိုနေရာ အနှံ့ကို အသေအချာ ရှာဖွေခဲ့ကြသော်လည်း ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ၏ အရိပ်အယောင်မျှပင် မတွေ့ရတော့သဖြင့်၊ နောက်ဆုံးတွင်တော့ မကျေမချမ်းဖြင့်ပင် လက်လျှော့ လိုက်ကြရ၏။

အရှင်သခင်ကြီး ပိုင်ယန် ၏ အေးစက်သော အကြည့်များသည် တာအိုဆရာ ထျန်းယွီ၊ အရှင်သခင်ကြီး ဇီယွီ၊ အရှင်သခင်ကြီး ထျန်းလီ နှင့် အခြားသူများ အပေါ်သို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီး၊ မကြားတကြား လေသံဖြင့် ပြောလိုက်သည်။

“ငါတို့ ယွီလုံ နန်းတော် က ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တွေ မရခဲ့ဘူး ဆိုတာ ငါ သေချာတယ်... ဒါပေမဲ့ ခင်ဗျားတို့ အထဲက ဘယ်သူ့ဆီမှာ ရှိနေလဲ ဆိုတာကိုတော့ ငါ သေချာ မသိဘူး”

“ဟွန်း... ယွီလုံ နန်းတော် ကတော့ ဒီကနေ သွားပြီ”

ဒေါသတကြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက်၊ အရှင်သခင်ကြီး ပိုင်ယန် သည် ယွီလုံ နန်းတော် မှ လူများကို ဦးဆောင်ကာ၊ သူတို့၏ ဝတ်ရုံ လက်စွပ်များကို ခါယမ်းလျက် ထိုနေရာမှ ထွက်ခွာသွားကြတော့သည်။

တာအိုဆရာ ထျန်းယွီ ၏ မျက်ဝန်းများမှာ မှေးစင်းသွားပြီး၊ ထိုနေရာတွင် ရှိနေသော လူများ အားလုံးကို ခြိမ်းခြောက် လွှမ်းမိုးနိုင်သော အကြည့်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။ အချိန် အတန်ကြာပြီးနောက် မှသာ သူသည် တိတ်ဆိတ်စွာ လှည့်ထွက်လာခဲ့ပြီး စုယွီ နှင့် အခြားသူများကို ခေါ်ဆောင်ကာ ထွက်ခွာလာခဲ့သည်။

ကျန်ရှိနေသော အင်အားစု များမှာလည်း သိုသိုသိပ်သိပ် ပင် လူစုခွဲ သွားကြသည်။

အင်မော်တယ် ဂိုဏ်းကြီး နှစ်ဂိုဏ်း ဖြစ်သော အင်မော်တယ် တစ်သောင်း နန်းတော် မှ အရှင်သခင်ကြီး ဇီယွီ နှင့် မီးတောက် နန်းတော် မှ အရှင်သခင်ကြီး ထျန်းလီ တို့မှာမူ နောက်ဆုံးတွင် အတူတကွ လျှောက်လှမ်းလာခဲ့ကြသည်။

အင်မော်တယ် တစ်သောင်း နန်းတော် မှ အရှင်သခင်ကြီး ဇီယွီ ၏ မျက်ဝန်းများမှာ တောက်ပနေပြီး၊ သူမသည် အခြားသော အင်အားစုများ မှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များကို ကြည့်ကာ၊ လှပသော မျက်ခုံးလေးများကို အနည်းငယ် ကြုံ့လျက် နက်ရှိုင်းစွာ တွေးတောနေသည်။

သူမ ၏ ဘေးတွင် ရှိနေသော အရှင်သခင်ကြီး ထျန်းလီ က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“အရှင်သခင်ကြီး ဇီယွီ... ခင်ဗျား ထင်တာ ယွီလုံ နန်းတော် က လူတွေ အမှန်တိုင်း ပြောနေတာ ဟုတ်ရဲ့လား... သူတို့ ဆီမှာ တကယ်ပဲ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နှစ်စက်ခွဲ လောက်လေးပဲ ရှိတာ သေချာလို့လား”

အရှင်သခင်ကြီး ဇီယွီ ၏ မျက်နှာ အမူအရာမှာ ပြေလျော့သွားပြီး တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်သည်။

“အရှင်သခင်ကြီး ပိုင်ယန် က သစ္စာ ဆိုသွားခဲ့တယ်လေ... ဆိုတော့ သူတို့ ပြောတာ အမှန် ဖြစ်ဖို့ များပါတယ်”

အရှင်သခင်ကြီး ထျန်းလီ သည် မျက်မှောင်ကြုံ့သွားပြီး မေးလိုက်ပြန်၏။

“ဒါဆို... တစ်ယောက်ယောက်က သူတို့ထက် အရင် ရောက်သွားပြီး ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တွေကို ယူသွားတယ် လို့ ခင်ဗျား လည်း ယုံကြည်နေတာပေါ့ ဟုတ်လား”

ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် သူက ဆက်ပြောသည်။

“ဒါဆို ဘာလို့ လူတိုင်းကို ဒီအတိုင်း လွှတ်ပေးလိုက်ရတာလဲ... အင်အားစု အားလုံးကို သစ္စာ ဆိုခိုင်းလိုက်ရင် ပြီးနေတာကို... သစ္စာ မဆိုရဲတဲ့ လူတိုင်းက သေချာပေါက် တစ်ခုခုကို ဖုံးကွယ်ထားလို့ပဲ ဖြစ်ရမယ်”

“ဒါက အမှန်တရားကို ဖော်ထုတ်ဖို့ အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား”

အရှင်သခင်ကြီး ဇီယွီ သည် သူ့အား တစ်ချက် အကြည့်ပို့လွှတ်လိုက်ပြီး ပြောလိုက်သည်။

“တကယ်လို့ သူတို့ အကုန်လုံးက သစ္စာ ဆိုသွားခဲ့ရင်ရော... ဘယ်လို လုပ်မလဲ... ပြီးတော့... ဒီက အင်အားစု တွေ အားလုံးက ငါတို့ အင်မော်တယ် တစ်သောင်း နန်းတော် ရဲ့ လက်အောက်ခံ တွေ မှ မဟုတ်တာ... ဘယ်သူက သူတို့ကို အတင်းအဓမ္မ သစ္စာ ဆိုခိုင်းနိုင်မှာလဲ”

အရှင်သခင်ကြီး ထျန်းလီ အား ထပ်မံ ဂရုမစိုက်တော့ဘဲ၊ အရှင်သခင်ကြီး ဇီယွီ သည် သူမ၏ လူများကို ဦးဆောင်ကာ အပျက်အစီး နေရာများကို ဆက်လက် စူးစမ်း ရှာဖွေရန် ထွက်ခွာသွားတော့သည်။

ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် များ ထွက်ပေါ်လာခြင်းသည် အခြားသော အင်အားစု များကို မျှော်လင့်ချက်များ ပေးစွမ်းလိုက်သည့်နှယ် ဖြစ်သွားစေခဲ့သည်။

ဒီ တောင်ထွတ် ပေါ်မှာတောင် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တွေ ရှိခဲ့တာ ဆိုရင်... တခြား တောင်ထွတ် တွေ မှာရော... အဲဒီလို ရတနာ တွေ မရှိနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။

ထို့အပြင်...

ဤ အပျက်အစီး နေရာ ကြီးထဲတွင် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ဟူသော ရတနာ တစ်မျိုးတည်းသာ ရှိနေမည် မဟုတ်သည်မှာ သေချာလှ၏။

အရှင်သခင်ကြီး ထျန်းလီ သည် ထွက်ခွာသွားသော အရှင်သခင်ကြီး ဇီယွီ ၏ ကျောပြင်ကို ငေးနေခဲ့သည်။ သူမ အဝေးသို့ ရောက်သွားသော အခါမှသာ၊ သူသည် နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အရောင်များ တောက်ပလာသည်။

'ဟွန်း... ဒီမိန်းမ ကို လှည့်စားဖို့ က သိပ်တော့ မလွယ်ဘူးပဲ'

“ဘယ်သူ များ ဖြစ်နိုင်မလဲ”

အရှင်သခင်ကြီး ထျန်းလီ သည် တီးတိုး ရေရွတ်ကာ တွေးတောနေမိသည်။ ယခင်က သူ ပြသခဲ့သော ဒေါသကြီးပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သည့် အမူအရာများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီပင်။ ယခုအခါ သူ၏ တောက်ပနေသော မျက်ဝန်းများထဲတွင် အေးစက် တည်ငြိမ်သော ဆင်ခြင်တုံတရား များသာ ပြည့်နှက်နေတော့၏။

တစ်ခါတစ်ရံတွင် ဒေါသတကြီး ရမ်းကားပြခြင်း ဆိုသည်မှာ ပြဿနာ တစ်ခုကို ဖြေရှင်းရန် အကောင်းဆုံး နှင့် အရှင်းလင်းဆုံးသော နည်းလမ်းများ အနက်မှ တစ်ခု ဖြစ်သည်။

ဥပမာ အားဖြင့် ဆိုရလျှင်၊ ယခုကဲ့သို့ အခြေအနေ မျိုးတွင်... တကယ်လို့များ ယွီလုံ နန်းတော် ကသာ ဖိအားကို မခံနိုင်တော့ဘဲ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် များကို တကယ်ပဲ ဖုံးကွယ်ထားခဲ့မည် ဆိုပါက၊ သူ၏ ရမ်းကားလိုက်သည့် လှုပ်ရှားမှု တစ်ခုတည်းဖြင့်၊ ယွီလုံ နန်းတော် ထံမှ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် အချို့ကို ခွဲဝေ ရယူနိုင်လိမ့်မည် ဖြစ်၏။

တကယ်လို့ သူ ရမ်းကားလိုက်ပြီး သူ တွေးထားသလို ဖြစ်မလာခဲ့လျှင်တောင်မှ... သူ၏ အစွမ်းအစ နှင့် မီးတောက် နန်းတော် ၏ အင်အား ကို အားကိုး၍၊ သူသည် အရှင်သခင်ကြီး ပိုင်ယန် နှင့် ယွီလုံ နန်းတော် ကို အနည်းငယ်မျှပင် ကြောက်ရွံ့နေမည် မဟုတ်ချေ။ မည်သို့ပင် ဖြစ်စေ ၊ သူ၏ ဘက်မှ အရှုံးပေါ်စရာ အကြောင်း မရှိပေ။

သို့သော်လည်း ယွီလုံ နန်းတော် တွင် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နှစ်စက်ခွဲ ဟူသော ရယ်စရာ ကောင်းလောက်အောင် နည်းပါးလှသည့် ပမာဏ သာ ရှိနေခြင်းမှာတော့ တကယ့်ကို နှမြောစရာ ကောင်းလှသည်။

ထိုအခိုက်အတန့်တွင် အရှင်သခင်ကြီး ထျန်းလီ သည် ယွီလုံ နန်းတော် မှ လူများ၏ မျက်စိအောက်တွင်ပင် သူတို့ လုံးဝ မရိပ်မိလိုက်ဘဲ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် များကို တိကျ သေချာစွာ လုယူသွားနိုင်သူမှာ မည်သူ ဖြစ်နိုင်မည်နည်း ဆိုသည်ကို တွေးတောနေမိ၏။

သူ ပို၍ တွေးတောလေလေ၊ အရှင်သခင်ကြီး ထျန်းလီ ၏ စိတ်ထဲတွင် နောက်ထပ် အတွေး တစ်ခု ဝင်ရောက်လာလေလေ ဖြစ်သည်။

“တကယ်လို့များ... ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် က နှစ်စက်ခွဲ ပဲ ရှိခဲ့တာ ဆိုရင်ရော”

“အဲဒီလိုသာ တကယ် ဖြစ်ခဲ့မယ် ဆိုရင်... ယွီလုံ နန်းတော် က လူတွေ ပြောချင်တဲ့ သဘောက...”

'သူတို့ အပြင် တခြား တစ်ယောက်ယောက် ကလည်း ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တွေကို ရှာတွေ့သွားခဲ့တယ် လို့ ဆိုလိုချင်တာများလား’

အခန်း (၅၀၃) - စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ လုပ်ကြံမှု၊ အခြေအနေ ပြောင်းပြန်လှန်ခြင်း (အပိုင်း - ၂)

သူသည် မျက်မှောင်ကို အနည်းငယ် ကြုံ့လိုက်ပြီး၊ ယွီလုံ နန်းတော် မှ လူများ ထွက်ခွာသွားသော အရပ်ဆီသို့ တစ်ချက် အကြည့်ပို့လွှတ်လိုက်ကာ သူ၏ အဖွဲ့နှင့်အတူ ထိုနေရာမှ ထွက်ခွာသွားတော့၏။

အပျက်အစီး နေရာ ကြီး၏ အနက်ရှိုင်းဆုံး အပိုင်းတွင်မူ၊

ခံစားချက် ကင်းမဲ့နေသော မျက်လုံး တစ်စုံသည် ထိုနေရာတွင် ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

ကောင်းကင် မိုးကြိုး ကြွက် မိစ္ဆာဘုရင် သည် ထို လျှို့ဝှက် နယ်မြေ အတွင်းသို့ ခိုးဝင်ကာ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် များကို လုယူသွားခဲ့သည်ကို ၎င်း မြင်တွေ့ခဲ့ရသော်လည်း၊ လုံးဝ ဝင်ရောက် မစွက်ဖက်ခဲ့ချေ။

၎င်း၏ အကြည့်များသည် စုယွီ အပေါ်သို့သာ စူးစိုက် ကျရောက်နေသည်။

...

အပျက်အစီး နေရာ ၏ အစွန်အဖျားရှိ တောင်ကုန်း တစ်ခု ပေါ်တွင်၊

တာအိုဆရာ ထျန်းယွီ၊ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး၊ စုယွီ၊ လော့ချန်ယွီ နှင့် အခြားသူများသည် အနားယူရန် အတွက် အင်မော်တယ် နန်းတော် အတွင်းသို့ ပြန်လည် ရောက်ရှိလာကြ၏။ ကောင်းကင်ယံမှာ တဖြည်းဖြည်း မှောင်မိုက်လာပြီး၊ အပျက်အစီး နေရာ အတွင်း၌မူ အဆိပ်ငွေ့များ ဖုံးလွှမ်းနေခြင်း မရှိချေ။ အထက်သို့ မော့ကြည့်လိုက်ပါက၊ မြင့်မားသော ကောင်းကင်ယံ ထက်တွင် ကြယ်ရောင်လေးများ တောက်ပနေပြီး၊ ၎င်းတို့၏ မှေးမှိန်သော အလင်းရောင်လေးများက အပျက်အစီး နေရာ အပေါ်သို့ နူးညံ့စွာ ဖြာကျနေသည်။

ညအမှောင်ထု သက်ဆင်းလာသည်နှင့်အမျှ၊ လေပြည် အေးလေး တစ်ချက် ကမ္ဘာမြေ အနှံ့ တိုက်ခိုက် သွားလေရာ၊ တောင်ကုန်းများ ပေါ်ရှိ သစ်ပင် တစ်ပင်စီတိုင်း နှင့် ဝိညာဉ် ဆေးပင် အရွက် တစ်ရွက်စီတိုင်း အပေါ်တွင် ငွေရောင် အလင်းတန်းလေးများ လွှမ်းခြုံသွားသည့်နှယ် ရှိသည်။

နေဝင်ဆည်းဆာ အချိန်သို့ ရောက်ရှိလာသောအခါ၊ အပျက်အစီး နေရာ အတွင်းရှိ ပွက်လောရိုက်မှု များမှာလည်း ငြိမ်သက်သွားခဲ့ပြီ ဖြစ်ပြီး၊ အင်အားစု အသီးသီး မှ လူတိုင်းသည် အနားယူကာ အင်အားများ ပြန်လည် ဖြည့်တင်းရန် နေရာယူ လိုက်ကြတော့၏။

အခန်း တစ်ခန်း အတွင်း၌၊

စုယွီ သည် ရွှေပုစဉ်း နည်းစနစ် ကို အသက်သွင်း လိုက်လေရာ၊ သူ၏ ဝိညာဉ်သည် ရွှေပုစဉ်း အဖြစ်သို့ အသွင်ပြောင်းသွားပြီး၊ ၎င်း၏ မျက်လုံး နှစ်လုံးမှ ထွက်ပေါ်လာသော ခိုင်မာ တောက်ပလှသည့် ရွှေရောင် အလင်းတန်း များသည် ဟင်းလင်းပြင် နှင့် ညအမှောင်ထု ကို ဖောက်ထွင်း၍ အပျက်အစီး နေရာ ၏ အနက်ပိုင်း သို့ စူးစမ်း ကြည့်ရှုနေသည်။

တာအိုဆရာ ထျန်းယွီ မှာမူ သူ၏ မှော်လက်နက် စံအိမ် အတွင်း၌ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တစ်စက် ကို သောက်သုံး၍ သန့်စင်နေသည်။

ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ၏ ရနံ့သည် တာအိုဆရာ ထျန်းယွီ ၏ ပတ်လည်တွင် ပျံ့လွင့် လှုပ်ခတ်နေပြီး၊ သူ၏ နတ်ဘုရား ဝိညာဉ် အရှိန်အဝါ မှာလည်း တဖြည်းဖြည်း နှင့် ပိုမို အားကောင်းလာ၏။

ကြောက်မက်ဖွယ် ကောင်းလှသော မူလဝိညာဉ် အဆင့် အရှိန်အဝါ ကြီးသည် မှော်လက်နက် စံအိမ် တစ်ခုလုံးသို့ ပြည့်နှက် သွားတော့သည်။

တာအိုဆရာ ထျန်းယွီ ၏ အရှိန်အဝါ များ ပြောင်းလဲလာသည်ကို အာရုံခံ မိလိုက်သောအခါ၊ စုယွီ ၏ ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာ ပီတိ ဖြစ်သွားရ၏။

'ကြည့်ရတာ... ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် က ဆရာ့ကို ပြန်လည် နာလန်ထူလာအောင် တကယ်ပဲ ကူညီပေးနိုင်တဲ့ ပုံပဲ'

'ဒါပေမဲ့... ဆရာ့ရဲ့ ကျင့်ကြံခြင်း အဆင့် ဘယ်လောက် အထိများ ပြန်ကောင်းလာမလဲ မသိဘူး'

ယခင် အတိတ် ကာလများက...

တာအိုဆရာ ထျန်းယွီ သည် မူလဝိညာဉ် အဆင့် ၏ အထွတ်အထိပ် သို့ ရောက်ရှိခဲ့ဖူးပြီး၊ လောကကြီး တစ်ခုလုံးတွင် ကျော်ကြားလှသော အစွမ်းထက် ကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့သည်။ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး (၁၀) ဂိုဏ်း အတွင်း၌ ပင်လျှင်၊ ဝိညာဉ်ခွဲထွက်ခြင်း အဆင့် သို့ ရောက်ရှိနေသူများ မှလွဲ၍၊ သူ့အား ဖိနှိပ်နိုင်စွမ်း ရှိသူမှာ အလွန် ရှားပါးလှ၏။

အကယ်၍ တာအိုဆရာ ထျန်းယွီ ၏ ကျင့်ကြံခြင်း အဆင့်သာ ပြန်လည် ကောင်းမွန်လာခဲ့မည် ဆိုပါက၊ တာအိုဆရာ ထျန်းယွီ ၏ အကာအကွယ် အောက်တွင် သူ၏ တာ့ချန် နယ်မြေ ရှိ ကျင့်ကြံခြင်း ခရီးစဉ်မှာ ပိုမို ချောမွေ့ လာမည်မှာ အသေအချာပင်။

ယနေ့ အဖြစ်အပျက် များကို ကြည့်မည် ဆိုလျှင်၊ အခြားသော ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး (၉) ဂိုဏ်း မှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များသည် တာအိုဆရာ ထျန်းယွီ ၏ အမြင်တွင် ဂျူနီယာ အဆင့် လောက်သာ ရှိကြသည်။

အင်မော်တယ် တစ်သောင်း နန်းတော် မှ အရှင်သခင်ကြီး ဇီယွီ ပင်လျှင်... တာအိုဆရာ ထျန်းယွီ က ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နှစ်စက်ခွဲ ကို ရမ်းကားစွာ လုယူသွားခဲ့သည်ကို၊ မကျေနပ်သည့် စကား တစ်ခွန်းမျှ မဟရဲဘဲ အရှုံးပေး လိုက်ရကာ တာအိုဆရာ ထျန်းယွီ အား လွတ်လပ်စွာ ထွက်ခွာခွင့် ပြုလိုက်ရသည် မဟုတ်ပါလော။

အကယ်၍ သူ၏ ကျင့်ကြံခြင်း စွမ်းအားများသာ အနာဂတ်တွင် ပြန်လည် မြင့်တက်လာခဲ့မည် ဆိုပါက...

ဖြစ်နိုင်သည်မှာ...

သူသည် အင်မော်တယ် တစ်သောင်း နန်းတော် မှ အရှင်သခင်ကြီး ဇီယွီ နှင့် အခြား သူများ အဆင့်နှင့် တန်းတူ ဖြစ်လာနိုင်၏။

'နှမြောစရာ ကောင်းလိုက်တာ... တခြား အင်အားစု တွေက ယွီလုံ နန်းတော် ကို တိုက်ခိုက်ဖို့ ဒီ အခွင့်အရေး ကို အသုံးမချခဲ့ကြဘူး... အဲဒီလိုမှ မဟုတ်ရင်တော့...'

စုယွီ သည် ခပ်တိုးတိုး သက်ပြင်းချလိုက်မိသည်။ မြူဆွယ် သွေးဆောင်မှု မရှိဘဲ မည်သည့် အခွင့်အရေးမှ ပေါ်ပေါက်လာမည် မဟုတ်ချေ။ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နှစ်စက်ခွဲ ဆိုသည်မှာ အင်မော်တယ် တစ်သောင်း နန်းတော် သို့မဟုတ် အခြားသော အင်မော်တယ် ဂိုဏ်း များ အနေဖြင့် သူတို့၏ အင်အားစု များကို စုစည်းကာ တိုက်ပွဲဝင်ရန် လုံလောက်သော ပမာဏ မဟုတ်ပေ။

သို့သော်လည်း ပိုမို များပြားသော ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် များကို ငါးစာ အဖြစ် အသုံးပြုရန် ကိုလည်း သူ မလုပ်ရက်နိုင်ချေ။

ဘာပဲပြောပြော အသား တစ်ဖဲ့လေး ကိုတောင် အလကား ပေးလိုက်ရမှာကို နှမြောဖို့ ကောင်းသည်လေ။

ထို့အပြင် ၎င်းကို ငါးစာ အဖြစ် အသုံးပြုလိုက်သည် ဆိုဦးတော့၊ ယွီလုံ နန်းတော် ပြိုလဲသွားမည် ဆိုတာကို လုံးဝ အာမခံနိုင်မည် မဟုတ်ချေ။

အန္တရာယ် က အရမ်း ကြီးလွန်းလှသည်။

'ဆရာ့ကိုပဲ အကုန် ပေးလိုက်ပြီး သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ပြန်ကောင်းလာအောင် လုပ်ခိုင်းတာက အကောင်းဆုံးပဲ... တကယ်လို့ ယွီလုံ နန်းတော် က လူတွေ ထပ်ပြီး အကြံအစည် တွေ ရှိလာရင်တောင်... ဆရာ တစ်ယောက်တည်း နဲ့တင် သူတို့ကို ဖိချေပစ်လို့ ရလောက်တယ်'

စုယွီ တွက်ချက်လိုက်သည်။

‘တကယ်လို့ အဲဒီလိုမှ အဆင်မပြေဘူး ဆိုရင်လည်း၊ သူကိုယ်တိုင် အစွမ်းအစ တွေ တိုးတက်အောင် ကြိုးစားပြီးမှ သူတို့ကို နှိမ်နှင်းလို့ ရတာပဲ။

ဘာမှ လောစရာ အကြောင်း မရှိပါဘူး’

*

သန်းခေါင်ယံ အချိန်သို့ ရောက်ရှိလာသော်လည်း၊ စုယွီ သည် အပျက်အစီး နေရာ ၏ အနက်ပိုင်း ရှိ အရာအားလုံးကို သေချာစွာ စူးစမ်း လေ့လာနေဆဲပါပင်။ အခြားသော ရတနာ တစ်ခု ဖြစ်နိုင်သည့် ပဉ္စမအဆင့် အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး ရှိနေနိုင်မည့် နေရာကို ရှာဖွေနေပါသည်။

သူ၏ ဝိညာဉ်မှာ ပင်ပန်း နွမ်းနယ်လာပြီး စူးစမ်း ကြည့်ရှုနေခြင်းကို ရပ်တန့်ရန် ပြင်လိုက်စဉ်မှာပင်၊ ရုတ်တရက် တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရ၏။

“ဟင်”

အပျက်အစီး နေရာ ၏ အလယ်ဗဟို ဒေသရှိ တောင်ကုန်း တစ်ခု ပေါ်တွင် အိပ်မောကျနေသော အာရုံလှည့်စားမှု မိစ္ဆာသားရဲ တစ်ကောင်၏ ဝမ်းဗိုက် အတွင်း၌ ငွေရောင် အလင်းတန်းများ ဖြာထွက်နေသော တံဆိပ်ပြား တစ်ခုကို တွေ့လိုက်ရ၏။

ထို တံဆိပ်ပြား ကို မတော်တဆ မြင်တွေ့လိုက်ရသောအခါ၊ စုယွီ ၏ မျက်နှာပေါ်တွင် အလင်းရောင် တစ်ချက် လင်းလက်သွားရ၏။

'ဒါက ဘာကြီးလဲ'

သေချာစွာ ကြည့်ရှုလိုက်သောအခါ၊ ထို တံဆိပ်ပြား ပေါ်တွင် အင်မော်တယ် နန်းတော် ၏ ပုံရိပ် တစ်ခုကို ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ် ၏ ဘေးတွင်မူ၊ ရှေးဟောင်း စာလုံး နှစ်လုံး ရှိနေ၏။

‘ရွှံ့မြွေ’ တဲ့လား။

'ရွှံ့မြွေ ဟုတ်လား... ရွှံ့မြွေ အင်မော်တယ် ဂူစံအိမ် လား'

စုယွီ သည် တီးတိုး ရေရွတ်လိုက်ပြီး အနည်းငယ်လည်း အံ့အားသင့်သွားမိသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ ယွီလုံ နန်းတော် မှ လူများ ရှိနေခဲ့သော တောင်ပေါ်ရှိ အင်မော်တယ် ဂူစံအိမ် တွင်လည်း “ရွှံ့မြွေ အင်မော်တယ် ဂူစံအိမ်” ဟူသော စာတန်းကို ရေးထိုးထားသည် မဟုတ်ပါလော။

တံဆိပ်ပြား ပေါ်ရှိ “ရွှံ့မြွေ” ဟူသော စာလုံး နှစ်လုံးသည် ထိုအရာနှင့် သေချာပေါက် ပတ်သက် ဆက်နွယ်နေမည် ဖြစ်ပြီး၊ ဖြစ်နိုင်သည်မှာ ထို အင်မော်တယ် ဂူစံအိမ် ၏ ပိုင်ရှင် နှင့် ပတ်သက်နေခြင်းလည်း ဖြစ်နိုင်၏။

ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်၊ ထို အာရုံလှည့်စားမှု မိစ္ဆာသားရဲ မှာ တတိယအဆင့် အဆင့်နိမ့် တွင်သာ ရှိသေးသည်ကို သတိပြုမိလိုက်သဖြင့်၊ စုယွီ သည် ကောင်းကင် မိုးကြိုး ကြွက် မိစ္ဆာဘုရင် ကို ခေါ်ယူလိုက်ပြီး ထို မိစ္ဆာသားရဲ ကို နှိမ်နှင်းရန် အတွက် ထို တောင်ကုန်း ဆီသို့ စေလွှတ်လိုက်သည်။

'ဒီ တံဆိပ်ပြား က ဘာအတွက် သုံးတာလဲ'

'ဒါက အမှတ်အသား တံဆိပ်ပြား လား... ဒါမှမဟုတ် တောင်ကုန်း တစ်ခုခု ရဲ့ အခင်းအကျင်း ကိုများ ထိန်းချုပ်လို့ ရတာလား... ဒါမှမဟုတ်ရင်တော့... ဒီ အပျက်အစီး နေရာ ကြီး ထဲကို လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်ခွင့် ပြုထားတာများလား'

အကယ်၍ ၎င်းသည် အပျက်အစီး နေရာ အတွင်းသို့ လွတ်လွတ်လပ်လပ် အဝင်အထွက် ပြုလုပ်ရန် ကူညီပေးနိုင်မည် ဆိုပါက၊ ဤ တံဆိပ်ပြား ကို လုံးဝ လက်လွတ်ခံ၍ မဖြစ်ချေ။

စုယွီ ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများကြောင့် အရောင်များ တောက်ပလာခဲ့တော့သည်။

ဤ အပျက်အစီး နေရာ သည် အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် ကြီး၏ အနက်ပိုင်းတွင် တည်ရှိပြီး၊ ဝေးလံ ခေါင်သီကာ လူသူ ကင်းမဲ့လှသော်လည်း၊ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် နှင့် သိပ်မဝေးလှချေ။ မြို့တော်၏ နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း ကို အသုံးပြုမည် ဆိုပါက မိမိ သွားလိုရာ အရပ်သို့ သွားရောက်ရန် အလွန် အဆင်ပြေလှ၏။

ထို့အပြင် ၎င်းမှာ ရှေးဟောင်း ကောင်းကင် အင်မော်တယ် နန်းတော် မှ ချန်ရစ်ခဲ့သော နေရာ တစ်ခု ဖြစ်ပြီး၊ အပျက်အစီး နေရာ အတွင်းရှိ အခင်းအကျင်း များ၏ အခြေခံ အုတ်မြစ် ကို သူ နားလည် သဘောပေါက် ထားကာ၊ ထို အရာများမှာ အတော်လေး ပြည့်စုံ ကောင်းမွန်နေသေးသည် မဟုတ်ပါလော။

အကယ်၍သာ အပြည့်အဝ အသက်သွင်းနိုင်မည် ဆိုပါက၊ ၎င်းသည် သေချာပေါက် သာယာ လှပသော ကောင်းကင် ဘုံ တစ်ခု အဖြစ် ဖန်တီးနိုင်မည် ဖြစ်၏။

ဤနေရာရှိ ဝိညာဉ် စွမ်းအင် နှင့် ပတ်ဝန်းကျင် မှာလည်း အလွန် အဆင်ပြေ ကောင်းမွန်လှသည်။

စတုရန်းမိုင် ပေါင်း ဒါဇင် နှင့်ချီ၍ ကျယ်ဝန်း၏။

အခင်းအကျင်း များ၏ ကျေးဇူးကြောင့်၊ အပြင်ဘက်ရှိ အာရုံလှည့်စားမှု ရွှံ့ညွန်တော ၏ မှောင်မိုက်နေသော ပတ်ဝန်းကျင် ၏ သက်ရောက်မှုကို မခံရဘဲ ကောင်းကင်ပြာကြီးကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ဒါဟာ တကယ့်ကို ရတနာ သိုက်ကြီး တစ်ခုပင် ဖြစ်တော့၏။

အခန်း (၅၀၄) - စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ လုပ်ကြံမှု၊ အခြေအနေ ပြောင်းပြန်လှန်ခြင်း (အပိုင်း - ၃)

'ဟင်း... ဒီနေရာကြီးကိုသာ ငါ ထိန်းချုပ်လိုက်နိုင်ရင် ဘယ်လောက်ကောင်းမလဲ... အင်မော်တယ် ဂိတ်တံခါး က စတုတ္ထအဆင့် လျှို့ဝှက်နယ်မြေကို သွားလဲနေရတာထက် အများကြီး ပိုမိုက်မှာပဲ...'

စုယွီ ၏ ရင်ထဲတွင် သဘာဝကျစွာပင် လောဘရမ္မက် အနည်းငယ် ဖြစ်ပေါ်လာမိသည်။

သို့သော်လည်း ဤအရာမှာ စိတ်ကူးယဉ်ရုံဖြင့် ဖြစ်လာမည့် ကိစ္စမဟုတ်ပေ။

တံဆိပ်ပြားက သူ့အား ဤအပျက်အစီးနေရာ အတွင်း လွတ်လပ်စွာ အဝင်အထွက် ပြုလုပ်ခွင့် ပေးနိုင်မည် ဆိုလျှင်တောင်မှ၊ ဤနေရာရှိ အရာအားလုံးကို ထိန်းချုပ်နိုင်မည်ဟု မဆိုလိုချေ။ အပျက်အစီးများ၏ အဓိက အချက်အချာကျသော ဗဟိုချက်ကို ရှာဖွေပြီး ထိန်းချုပ်နိုင်မှသာ ဖြစ်နိုင်မည် ဖြစ်၏။

ခဏအကြာတွင် စုယွီသည် လွင့်ပျံ့နေသော သူ၏ အတွေးများကို ပြန်လည် စုစည်းလိုက်သည်။ သူ၏ အသိစိတ်သည် ရွှေပုစဉ်း အသွင်သို့ ပြောင်းလဲသွားပြီး၊ အပျက်အစီးများ အတွင်းရှိ အန္တရာယ်များကို စူးစမ်း ကြည့်ရှုကာ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် အတွက် လမ်းပြပေးနေတော့သည်။

စုယွီ ၏ တိကျလှသော လမ်းညွှန်မှု အောက်တွင်၊ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် သည် အန္တရာယ်များကို ကျွမ်းကျင် လိမ္မာစွာ ရှောင်ကွင်းသွားနိုင်ခဲ့ပြီး၊ အာရုံလှည့်စားမှု အခင်းအကျင်း တစ်ခုပြီးတစ်ခုကို ဖောက်ထွင်း ဖြတ်ကျော်သွားသည်။ နောက်ဆုံးတွင် ဒုတိယနေ့ နံနက်ခင်း အရုဏ်တက်ချိန်၌ အပျက်အစီးများ၏ အနက်ပိုင်းရှိ တောင်ထွတ်တစ်ခုပေါ်သို့ တိတ်တဆိတ် ခိုးဝင်သွားနိုင်ခဲ့တော့၏။

အာရုံလှည့်စားမှု မိစ္ဆာသားရဲ ဆိုသည်မှာ အာရုံလှည့်စားမှု စွမ်းအားကို ပိုင်ဆိုင်ထားသော မိစ္ဆာများကို ခေါ်ဆိုခြင်း ဖြစ်၏။ အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် အတွင်းရှိ သားရဲ အများစုမှာ ဤ အာရုံလှည့်စားမှု စွမ်းအား၏ အနှစ်သာရကို ပိုင်ဆိုင်ထားကြသည်။

၎င်းတို့သည် စိတ်ကူးယဉ် သားရဲများ မဟုတ်ဘဲ အစစ်အမှန် သက်ရှိများ ဖြစ်ကြသည်။

တောင်ပေါ်ရှိ သစ်တောအုပ် ထူထပ်သော နေရာတစ်ခု၏ အလယ်ဗဟိုတွင်၊ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် သည် မြေအောက်မှနေ၍ တိတ်ဆိတ်စွာ ထွက်ပေါ်လာသည်။ ၎င်း၏ ခရမ်းရင့်ရောင် အမွေးအမျှင်များမှာ လျှပ်စီး အပ်ချောင်းများအလား ထောင်မတ်နေပြီး၊ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ကြောက်မက်ဖွယ် ကောင်းလှသည့် အရိပ်မည်းကြီး တစ်ခုကို ဖန်တီးနေသည်။

ရှေ့တည့်တည့်တွင်၊

ငွေရောင် အမွေးအမျှင်များ ဖုံးလွှမ်းနေသော မိစ္ဆာဝံပုလွေ တစ်ကောင်သည် အိပ်ရာမှ နိုးလာခဲ့သည်မှာ မကြာသေးဘဲ၊ သစ်တောအုပ် အတွင်း၌ သားကောင် ရှာဖွေနေသည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ...

ထို မိစ္ဆာဝံပုလွေ၏ အနောက်ဘက်မှ အရိပ်မည်းကြီး တစ်ခု ရုတ်တရက် လွှမ်းခြုံလာသောအခါ ၎င်း၏ မျက်ဝန်းများမှာ အကြောက်တရားများဖြင့် ပြည့်နှက်သွားတော့သည်။ ၎င်း၏ မျက်လုံးများမှ စူးရှသော အဖြူရောင် အလင်းတန်းများ ရုတ်တရက် တောက်ပလာသည်။

“ဝီ...”

အာရုံလှည့်စားမှု ကမ္ဘာသည် ရုတ်တရက် သက်ဆင်းလာခဲ့သော်လည်း၊ တတိယအဆင့် အဆင့်နိမ့် မျှသာ ရှိသော အာရုံလှည့်စားမှုသည် တတိယအဆင့် အဆင့်မြင့် သို့ ရောက်ရှိနေပြီဖြစ်သော ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ကို ယှဉ်နိုင်စွမ်း လုံးဝ မရှိခဲ့ပေ။

ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ၏ မျက်ဝန်းများထဲတွင် လျှပ်စီးရောင်များ တောက်ပသွားသည်။ တွေဝေသွားသော အမူအရာတစ်ခု ဖြတ်ပြေးသွားပြီးနောက်၊ နောက်တစ်စက္ကန့်တွင် ၎င်းသည် ထွက်ပြေးရန် ကြံစည်နေသော မိစ္ဆာဝံပုလွေကို ကြည့်ကာ သွားဖြီးလျက် မထီမဲ့မြင် ပြုံးလိုက်သည်။

“ပြေးချင်နေတာလား... မင်းလို ကောင်လေးကများ ငါ့ကို လာစမ်းနေတယ်ပေါ့လေ”

“ဝုန်း...”

လောကပျက်မတတ် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း စွမ်းအင်များ ပြည့်နှက်သွားပြီး ခရမ်းရောင် လျှပ်စီးတန်း တစ်ခုသည် ရုတ်တရက် ပစ်ချလိုက်သည်။ အရပ် နှစ်ပေခန့် မြင့်သော မိစ္ဆာဝံပုလွေမှာ ချက်ချင်းပင် အပိုင်းပိုင်း အစအန ဖြစ်သွားတော့သည်။

၎င်း၏ ခြေအောက်ရှိ မြေကြီးများနှင့်အတူ လျှပ်စီးစွမ်းအင်၏ ဒဏ်ကြောင့် ပေါက်ကွဲထွက်သွားပြီး၊ ပင့်ကူအိမ် ကဲ့သို့ အက်ကွဲကြောင်းကြီးများ ဖြာထွက်သွားသည်။

ပတ်ဝန်းကျင်ရှိ ဧရာမ သစ်ပင်ကြီးများ၏ ပင်စည်များမှာလည်း လျှပ်စီးစွမ်းအင်ကြောင့် တစ်စစီ ကျိုးပဲ့ လွင့်စင်သွားကြသည်။

သစ်တောအုပ် တစ်ခုလုံးမှာ အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားလုနီးပါး ဖြစ်သွားတော့သည်။

ထို မိစ္ဆာဝံပုလွေမှာ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ၏ လျှပ်စီးဒဏ်ကို မျက်စိတစ်မှိတ်အတွင်း ခံလိုက်ရခြင်း ဖြစ်၏။ ၎င်းသည် အသက်ရှူသံပင် မထွက်တော့ဘဲ မြေပြင်ပေါ်တွင် လဲကျနေပြီး၊ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ မီးသွေးခဲ တစ်တုံး အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

“ရွှီး...”

ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် သည် ရှေ့သို့ ပြေးထွက်သွားပြီး ၎င်း၏ ခန္ဓာကိုယ်ထံမှ ရွှံ့မြွေ တံဆိပ်ပြား ကို လွယ်ကူ ချောမွေ့စွာ ရယူလိုက်သည်။ ထို့နောက် စုယွီ ၏ လမ်းညွှန်မှုဖြင့် စုယွီ ရှိရာ အပျက်အစီး နေရာ အစွန်အဖျားရှိ တောင်ထွတ်ဆီသို့ တိတ်တဆိတ် ပြန်လည် လှည့်လာခဲ့တော့သည်။

တောင်ခါးပန်းရှိ အင်မော်တယ် ဂူစံအိမ် အတွင်း၌၊ တာအိုဆရာ ထျန်းယွီ သည် တံခါးပိတ် ကျင့်ကြံနေသဖြင့်... မိုးလင်းသောအခါ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး၊ လော့ချန်ယွီ နှင့် သူမ၏ အမြွှာ တပည့်များ ဖြစ်ကြသော ကျန်းမန်သဲ့၊ ကျန်းမန်ယောင် တို့သည် တောင်ပေါ်တွင် အခွင့်အရေးများ ဆက်လက် ရှာဖွေရန် ထွက်ခွာသွားကြသည်။

စုယွီ မှာမူ တာအိုဆရာ ထျန်းယွီ အတွက် အစောင့်အဖြစ် အင်မော်တယ် ဂူစံအိမ် အတွင်း၌သာ ကျန်ရစ်ခဲ့သည်။

မွန်းတည့်ချိန် သို့ ရောက်သောအခါ၊ စုယွီ သည် အရှင်သခင်ကြီး ခြောက်မြီး မြေခွေး၊ လော့ချန်ယွီ နှင့် အခြားသူများအတွက် အသားကင် ပေးသည်။ ဗိုက်ဝအောင် စားသောက်ပြီးကြသောအခါ၊ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး သည် သူမ၏ အဖွဲ့ကို ခေါ်ဆောင်ကာ အပျက်အစီးများ၏ အခြားနေရာများသို့ အခွင့်အရေး ရှာဖွေရန် တောင်ပေါ်မှ ထွက်ခွာသွားကြပြန်၏။

ထို့နောက် စုယွီ သည် သူ၏ အခန်းအတွင်းသို့ ပြန်ဝင်လာပြီး ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ထံမှ ရွှံ့မြွေ တံဆိပ်ပြား ကို ယူလိုက်သည်။

ထို တံဆိပ်ပြား ကို မည်သည့် သတ္တုဖြင့် ပြုလုပ်ထားမှန်း မသိရသော်လည်း၊ စုယွီ ၏ ခန့်မှန်းချက်အရ ၎င်းသည် ထိပ်တန်းအဆင့် မှော်လက်နက် များထက်ပင် သာလွန်နေသည်။

တံဆိပ်ပြား တစ်ခုလုံးမှာ ငွေဖြူရောင် ဖြစ်ပြီး ယခင်က သူတွေ့ခဲ့ဖူးသော ရွှံ့မြွေ ဂူစံအိမ် နှင့် ဆင်တူသည့် အင်မော်တယ် ဂူစံအိမ် ပုံစံတစ်ခုကို ထွင်းထုထား၏။

ခေတ္တမျှ စဉ်းစားပြီးနောက်၊ စုယွီ သည် သူ၏ နတ်ဘုရား အာရုံကို တံဆိပ်ပြားပေါ်သို့ ဖြာကျစေပြီး သူ၏ အမှတ်အသားကို ချန်ရစ်စေလိုက်သည်။

“ဝီ...”

ခဏအကြာတွင် စုယွီ သည် ဤတံဆိပ်ပြား၏ တိကျသော လုပ်ဆောင်ချက်ကို အာရုံခံ သိရှိသွား၏။

ရှေးဟောင်းခေတ် ကောင်းကင် အင်မော်တယ် နန်းတော် ၏ ဤ အခြေစိုက်စခန်း၏ နာမည်ရင်းမှာ ရွှံ့မြွေ ဂူစံအိမ် ဖြစ်ပြီး၊ ယခု သူကိုင်ထားသော ရွှံ့မြွေ တံဆိပ်ပြား မှာ ဤအခြေစိုက်စခန်း၏ အမှတ်အသားပြား ဖြစ်ရုံသာမက လွတ်လပ်စွာ အဝင်အထွက် ပြုလုပ်ခွင့် ပေးသော တံဆိပ်ပြားလည်း ဖြစ်နေသည်။

၎င်းမှာ စုယွီ ပိုင်ဆိုင်ထားသော မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ အမှတ်အသားပြား နှင့် သိပ်ပြီး ကွာခြားမှု မရှိလှပေ။

'တော်သေးတာပေါ့... ဒီတံဆိပ်ပြားလေး ရထားလို့... အပျက်အစီး နေရာကြီးရဲ့ အခင်းအကျင်းတွေ ပြန်ပြီး အားကောင်းလာရင်တောင် ငါက လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်လို့ ရပြီလေ... လျှို့ဝှက်နယ်မြေကြီး ပိတ်သွားပြီး ပြန်ပုန်းသွားရင်တောင် ဂရုစိုက်စရာ မလိုတော့ဘူး'

စုယွီ သည် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိသည်။

အင်မော်တယ် ဂူစံအိမ် အတွင်းသို့ အကြည့်ပို့လွှတ်လိုက်ရာ၊ တာအိုဆရာ ထျန်းယွီ သည် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တစ်စက်ထံမှ စွမ်းအားများကို သန့်စင်နေဆဲ ဖြစ်၏။

ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီ သည် အပြင်သို့ ထွက်လာခဲ့ပြီး၊ ဤတောင်ပေါ်တွင် ကျန်ရစ်ခဲ့သော ရှေးဟောင်း အခင်းအကျင်းများနှင့် ချိပ်ပိတ် အတားအဆီးများကို စတင် လေ့လာနေသည်။ တာအိုဆရာ ထျန်းယွီ သင်ကြားပေးထားသည့် အတိုင်း ဤထူးခြားဆန်းကြယ်သော အခင်းအကျင်းများကို ခွဲခြမ်းစိတ်ဖြာကာ နားလည်အောင် ကြိုးစားနေ၏။

ညနေခင်း ရောက်သောအခါ၊ စုယွီ သည် နေ့စဉ် ပုံမှန် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

*

နောက်ရက်များတွင်၊

အပျက်အစီး နေရာ အတွင်း၌ ရံဖန်ရံခါ လှုပ်ရှားမှုများ ရှိနေပြီး၊ ကြီးမားသော အခွင့်အရေးများ ပေါ်ထွက်လာခြင်း၊ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ အချင်းချင်း ကတောက်ကဆ.. တိုက်ခိုက်မှုများ ပုံမှန်လိုလို ဖြစ်ပေါ်နေခဲ့သည်။ သို့သော်လည်း ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ကဲ့သို့သော ရတနာမျိုးကိုကား ဘယ်နေရာမှာမှ ရှာမတွေ့ကြတော့ချေ။

'ဒါကလည်း မဆန်းပါဘူးလေ... ငါကိုယ်တိုင် ရွှေပုစဉ်း နည်းစနစ် နဲ့ ဒီအပျက်အစီး နေရာ တစ်ခုလုံးကို အကြမ်းဖျင်း ပတ်ရှာကြည့်ပြီးပြီပဲ... ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ထွက်တဲ့ ရတနာမြေ တစ်နေရာပဲ တွေ့ခဲ့တာကိုး... တခြား ဘယ်မှာ သွားရှာလို့ တွေ့တော့မှာလဲ'

ပဉ္စမအဆင့် ထိပ်တန်း ရတနာ ဖြစ်သော အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး နှင့် ပတ်သက်၍မူ၊ စုယွီ သည် မည်သည့် အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ပေ။

အပျက်အစီး နေရာကြီးမှာ အလွန် ကျယ်ဝန်းလှသည်။

မျက်စိ မှော်ပညာကို သုံးပြီး တစ်နေရာမကျန် အသေးစိတ် ရှာဖွေမည် ဆိုလျှင်ပင် နှစ်ပေါင်းများစွာ၊ သို့မဟုတ် ဆယ်စုနှစ် တစ်ခုခန့် အချိန်ယူရမည်။

ပဉ္စမအဆင့် ထိပ်တန်း ရတနာ ဖြစ်သည့် အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး ၏ အရိပ်အယောင်ကို မတွေ့ရသောအခါ၊ သူ့အနေနှင့် အခြားသော အခွင့်အရေးများကို ရှာဖွေရန် စိတ်ဝင်စားမှု လျော့ကျသွားရ၏။

အရှင်သခင်ကြီး ခြောက်မြီး မြေခွေး နှင့် လော့ချန်ယွီ တို့ကိုသာ သူတို့ဘာသာ စူးစမ်း ရှာဖွေ တိုက်ခိုက်ခွင့် ပြုထားလိုက်ပြီး၊ စုယွီ ကိုယ်တိုင်မှာမူ တောင်ပေါ်တွင် စိတ်ရှည် လက်ရှည် နေထိုင်ကာ ရှေးဟောင်း အခင်းအကျင်း များကိုသာ အာရုံစိုက် လေ့လာနေတော့သည်။

ဤနည်းအားဖြင့် သူသည် အပျက်အစီး နေရာ အတွင်း၌ နောက်ထပ် တစ်လနီးပါးခန့် ဆက်လက် နေထိုင်ခဲ့သည်။ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး၊ လော့ချန်ယွီ၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့သည် အပျက်အစီး နေရာ အနှံ့ သွားရောက်ကာ အခွင့်အရေးများကို ရှာဖွေခဲ့ကြပြီး အကျိုးအမြတ် အများအပြားကို ရရှိခဲ့ကြ၏။

All Chapters