← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅) - စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ လုပ်ကြံမှု၊ အခြေအနေ ပြောင်းပြန်လှန်ခြင်း (အပိုင်း - ၄)

မည်သို့ပင် ဆိုစေကာမူ၊ ဤအပျက်အစီး နေရာကြီးသည် နှစ်ပေါင်းများစွာ တိုင်အောင် မည်သူ တစ်ဦးတစ်ယောက်၏ အနှောင့်အယှက်မှ မရှိဘဲ တည်ရှိနေခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နှင့် ပဉ္စမအဆင့် ထိပ်တန်း ရတနာ ဖြစ်သော အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး တို့အပြင်၊ အခြားသော ဝိညာဉ် ဆေးပင်များ နှင့် နှစ်ပေါင်းများစွာ ရှင်သန် ကြီးထွားလာခဲ့သော ဝိညာဉ် အပင်များ အများအပြား ရှိနေဆဲပင် ဖြစ်သည်။

အချို့သော ရှေးဟောင်း နန်းတော်များ နှင့် ခန်းမဆောင်များ အတွင်း၌ မှော်လက်နက် များ နှင့် ကျင့်စဉ်များ ကဲ့သို့သော ရတနာ အချို့လည်း ကျန်ရစ်နေနိုင်သေး၏။

ဤအရာများသည် အခြားသော ကျင့်ကြံသူများ အတွက်မူ တကယ့်ကို ကြီးမားသော အခွင့်အရေးများပင်။

အရှင်သခင်ကြီး ခြောက်မြီး မြေခွေး နှင့် လော့ချန်ယွီ တို့သည် မြေကမ္ဘာအင်မော်တယ် နယ်မြေ မှ ကျင့်ကြံသူများ ဖြစ်ကြသဖြင့်၊ အခြားသော ဂိုဏ်းများ နှင့် ထိပ်တိုက် မတွေ့သရွေ့ ဤ အပျက်အစီး နေရာ အတွင်း၌ သူတို့အတွက် အန္တရာယ် ဆိုသည်မှာ သိပ်မရှိနိုင်ချေ။

တစ်လကျော်ခန့် ကြာမြင့်သွားပြီးနောက်၊ အပျက်အစီး နေရာ အတွင်းရှိ အခင်းအကျင်း ၏ စွမ်းအားများမှာ တဖြည်းဖြည်း နှင့် ပြန်လည် အားကောင်းလာသည်။ ထို့ကြောင့် စုယွီ နှင့် အခြားသူများသည် အပျက်အစီး နေရာ အတွင်းမှ ပြန်လည် ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြပြီး၊ အခြားသော အင်အားစု များမှာလည်း အသီးသီး ဆုတ်ခွာသွားကြ၏။

ကျင့်ကြံသူ များစွာ၏ မျက်စိအောက်တွင်ပင်၊ ယခင်က အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် ကြီး အတွင်း၌ ထင်ရှားစွာ မြင်တွေ့နေရသော အပျက်အစီး နေရာကြီးမှာ ရုတ်တရက် အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။

မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ ပင်လျှင် ၎င်း၏ တည်ရှိမှုကို အာရုံခံ မသိနိုင်ကြတော့ချေ။

အပျက်အစီး နေရာ ၏ အပြောင်းအလဲ ကို စောင့်ကြည့်နေရင်း၊ တာအိုဆရာ ထျန်းယွီ သည် မျက်မှောင် အနည်းငယ် ကြုံ့လိုက်ပြီး ခေတ္တမျှ စဉ်းစား တွေးတောကာ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး အား ပြောလိုက်၏။

“သွားကြစို့... အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ကို အရင် ပြန်ကြတာပေါ့”

အရှင်သခင်ကြီး ခြောက်မြီး မြေခွေး သည် လက်တစ်ချက် ဝှေ့ယမ်းကာ ယာဉ်ပျံ တစ်စင်းကို ခေါ်ထုတ်လိုက်သည်။ ထို့နောက် တာအိုဆရာ ထျန်းယွီ၊ စုယွီ၊ လော့ချန်ယွီ နှင့် အခြားသူများသည် ယာဉ်ပျံ ပေါ်သို့ အသီးသီး တက်ရောက် လိုက်ကြ၏။

“ဝီ...”

ယာဉ်ပျံ ပေါ်ရှိ စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း ၏ အသက်ဝင် လှုပ်ရှားလာသော အသံ နှင့်အတူ၊ အခင်းအကျင်း ကာကွယ်ရေး အလွှာကြီး တစ်ခုသည် ယာဉ်ပျံ ကို လွှမ်းခြုံသွားသည်။ ထို့နောက် စတုတ္ထအဆင့် အဆင့်နိမ့် ပျံသန်းခြင်း အခင်းအကျင်း ၏ စွမ်းအားဖြင့်၊ ယာဉ်ပျံ သည် အနီရောင် အလင်းတန်း တစ်ခု အဖြစ် အသွင်ပြောင်းသွားကာ အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် ကြီး အတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားတော့၏။

အခြားသော အင်အားစု များမှာလည်း အပျက်အစီး နေရာကြီး ပျောက်ကွယ် သွားသည်နှင့် တစ်ပြိုင်နက်၊ အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် ကြီး အတွင်းမှ အသီးသီး ထွက်ခွာသွားကြပြီး သူတို့၏ ဂိုဏ်းများ ရှိရာသို့ ပြန်လည် ထွက်ခွာသွားကြသည်။

အင်မော်တယ် တစ်သောင်း နန်းတော် မှ အရှင်သခင်ကြီး ဇီယွီ သည် ထွက်ခွာသွားသော ယာဉ်ပျံ ၏ နောက်ကျော ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်သည်။ ဤတစ်ကြိမ်တွင် အင်မော်တယ် တစ်သောင်း နန်းတော် သည် အကျိုးအမြတ် အချို့ကို ရရှိခဲ့ပြီး၊ အထူးသဖြင့် သူတို့ မတော်တဆ ရှာဖွေ တွေ့ရှိခဲ့သော မှော်လက်နက် ကျောက်စိမ်း ပုလင်းလေး တစ်ခု အတွင်း၌ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် အစက် (၂၀) နီးပါးခန့် ပါဝင်နေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်၏။

'ငါတို့ အင်မော်တယ် တစ်သောင်း နန်းတော် ကတောင်... ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ဆိုတဲ့ ဒီလို ရတနာ မျိုးကို ရှာတွေ့ခဲ့တာ... မြေကမ္ဘာအင်မော်တယ် နယ်မြေ က လူတွေရော မတွေ့ဘဲ နေပါ့မလား'

အရှင်သခင်ကြီး ဇီယွီ ၏ စိတ်ထဲတွင် အတွေးများ ဝင်ရောက်လာသည်။

အရှင်သခင်ကြီး ဇီယွီ ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အရောင် တစ်ချက် လျှပ်ပြေးသွားပြီး တီးတိုး ရေရွတ်လိုက်သည်။

“တကယ်လို့များ မြေကမ္ဘာအင်မော်တယ် နယ်မြေ က လူတွေလည်း ဒါကို ရှာတွေ့သွားခဲ့မယ် ဆိုရင်... တာအိုဆရာ ထျန်းယွီ ရဲ့ ဒဏ်ရာတွေ အပြည့်အဝ ပြန်ကောင်းသွားဖို့ အခွင့်အရေး တော်တော်များများ ရှိသွားပြီပေါ့”

ခေတ္တမျှ စဉ်းစား တွေးတောပြီးနောက် အရှင်သခင်ကြီး ဇီယွီ ၏ မျက်ဝန်းများမှာ အေးစက်သွားသည်။ ထို့နောက် သူမ သည် လက်တစ်ချက် ဝှေ့ယမ်းကာ ဧရာမ မှော်လက်နက် ယာဉ်ပျံ သင်္ဘောကြီး တစ်စင်းကို ခေါ်ထုတ်လိုက်ပြီး၊ အခြားသူများ၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင်ပင် ထိုနေရာမှ ထွက်ခွာသွားတော့သည်။

လူတိုင်းတွင် မိမိ ကိုယ်ပိုင် ခံစားချက်များ ရှိကြသည်။ အချို့က ပျော်ရွှင်နေကြပြီး၊ အချို့ကမူ စိုးရိမ် ပူပန်နေကြ၏။

ယွီလုံ နန်းတော် မှ အရှင်သခင်ကြီး ပိုင်ယန် နှင့် အခြားသူများ သည် မြေကမ္ဘာအင်မော်တယ် နယ်မြေ မှ လူများ ထွက်ခွာသွားသည်ကို အေးစက်စက် အကြည့်များဖြင့် စောင့်ကြည့် နေခဲ့ကြသည်။ သူတို့၏ မျက်နှာ အမူအရာများမှာ ခန့်မှန်းရ ခက်လောက်အောင် ပြောင်းလဲနေပြီး၊ အထူးသဖြင့် အရှင်သခင်ကြီး ပိုင်ယန် မှာ သူတို့ ရှာဖွေ တွေ့ရှိခဲ့သော ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နှစ်စက်ခွဲကို တာအိုဆရာ ထျန်းယွီ က အလွယ်တကူ လုယူသွားခဲ့ခြင်း၊ ထို့အပြင် ပြဿနာ ပြီးငြိမ်းစေရန် အတွက် သစ္စာ ဆိုခဲ့ရခြင်း တို့ကြောင့် အလွန်တရာ အရှက်ရပြီး ဒေါသ ထွက်နေမိသည်။

'တောက်... အစော်ကားခံရတာ... တကယ့်ကို အစော်ကားခံရတာပဲ'

နောက်ဆုံးတွင် အခြားသော အကျိုးအမြတ် အချို့ကို ရရှိခဲ့သော်ငြားလည်း၊ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် နှင့် နှိုင်းယှဉ်လိုက်ပါက ထို အခွင့်အရေးများမှာ အရသာ မရှိသော်လည်း စွန့်ပစ်ရန် နှမြောစရာ ကောင်းသော အရာများသာ ဖြစ်နေသည်။

သို့သော်လည်း သူ တစ်ယောက်တည်း အနေဖြင့် တာအိုဆရာ ထျန်းယွီ ကို ရင်ဆိုင်ရန်မူ မဝံ့ရဲချေ။

ထိုအကြောင်းများကို တွေးတောနေရင်း အရှင်သခင်ကြီး ပိုင်ယန် ၏ မျက်ဝန်းများထဲတွင် ရက်စက် ယုတ်မာသော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားပြီး၊ တီးတိုး ကြုံးဝါးလိုက်သည်။

“ခွေးအိုကြီး ထျန်းယွီ... ငါ မင်းကို မလုပ်နိုင်ရင်တောင်... မင်းရဲ့ တပည့် ကိုရော... ငါ မလုပ်နိုင်ဘူး ထင်နေလား”

'ဟက်... မင်းရဲ့ အားနည်းချက် က ဘယ်သူလဲ ဆိုတာ ငါ သိတယ်'

ခေတ္တမျှ စောင့်ကြည့်ပြီးနောက် အရှင်သခင်ကြီး ပိုင်ယန် သည် အေးစက်စက် နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး၊ ယာဉ်ပျံ ကို ခေါ်ထုတ်ကာ ယွီလုံ နန်းတော် မှ အခြားသူများ နှင့်အတူ ထွက်ခွာသွားတော့၏။

မှိုင်းညို့နေသော ကောင်းကင်ကြီးသည် အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် ကြီး တစ်ခုလုံးကို လွှမ်းခြုံထားသည်။

ယာဉ်ပျံ အတွင်း၌၊

အရှင်သခင်ကြီး ခြောက်မြီး မြေခွေး ၏ မျက်နှာပေါ်တွင် စိုးရိမ် ပူပန်မှုများ အထင်းသား ပေါ်လွင်နေပြီး တာအိုဆရာ ထျန်းယွီ အား ပြောလိုက်သည်။

“ဒီတစ်လလုံး နေရာ အနှံ့ လျှောက်ရှာခဲ့ပေမဲ့... ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ရဲ့ အရိပ်အယောင် ကိုတောင် မတွေ့ခဲ့ရဘူး”

“တကယ်လို့များ ယွီလုံ နန်းတော် က လူတွေ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ကို ရှာတွေ့သွားတယ် ဆိုတဲ့ သတင်းသာ ပျံ့သွားရင်... နောက်တစ်ခါ အပျက်အစီး နေရာ ပြန်ပွင့်တဲ့ အချိန်ကျရင် အင်အားစု တွေ အများကြီး ထပ်ပြီး ဝင်လာဖို့ ကြိုးစားကြလိမ့်မယ်... အဲဒီအခါကျရင် ရှာရတာ ပိုပြီး ခက်ခဲသွားလိမ့်မယ်”

စုယွီ သည် တာအိုဆရာ ထျန်းယွီ အား ခပ်ရေးရေး ပြုံးကာ တစ်ချက် ကြည့်လိုက်သည်။

'လှပတဲ့ မိန်းမ တစ်ယောက်ရဲ့ ဂရုစိုက်မှု ကို ခံရတာ တော်တော်လေး ကောင်းတဲ့ ခံစားချက်ပဲ မဟုတ်လား... ဆရာ ကတော့ ကြိုက်နေမှာ သေချာတယ်'

အရှင်သခင်ကြီး ခြောက်မြီး မြေခွေး သည် ဂိုဏ်းမှ ပေးအပ်လိုက်သော ပဉ္စမအဆင့် အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး ကို ရှာဖွေရမည့် တာဝန်ကို လုံးဝ မေ့လျော့နေပုံ ရပြီး၊ တာအိုဆရာ ထျန်းယွီ အတွက် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် ကို ရှာဖွေရန်သာ အာရုံစိုက်နေပုံ ရ၏။

သူ၏ ဆရာ သည် ဤမျှလောက် ဂရုစိုက်မှုကို ခံနိုင်ရည် ရှိပါ့မလား။

တာအိုဆရာ ထျန်းယွီ ကမူ တည်ငြိမ်သော အမူအရာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

“ကိစ္စ မရှိပါဘူး... ဒီတစ်ခါ ငါ နှစ်စက်ခွဲ လုလာခဲ့တယ် မဟုတ်လား... အခု တစ်စက် ကို သန့်စင်လိုက်တာ... အာနိသင် က ထင်ထားတာထက် အများကြီး ပိုကောင်းတယ်... တကယ်လို့များ ပြန်ရောက်သွားလို့ ကျန်တဲ့ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တွေကိုပါ သန့်စင်လိုက်မယ် ဆိုရင်... ငါ အများကြီး ပိုကောင်းလာမှာပါ”

သူသည် အရှင်သခင်ကြီး ခြောက်မြီး မြေခွေး ကို ကြည့်ကာ ဆက်ပြောလာ၏။

“အရမ်းကြီး စိတ်မပူပါနဲ့... လူများတာ နည်းတာက ငါတို့နဲ့ သိပ်မဆိုင်ပါဘူး... ငါတို့ရဲ့ အဓိက ပစ်မှတ် က ကျန်တဲ့ ထိပ်သီး ဂိုဏ်း (၉) ဂိုဏ်း က လူတွေပဲ... အဓိက ကတော့ ပဉ္စမအဆင့် အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး ကို ရှာဖို့ပဲ”

“တခြား ဟာတွေ က သိပ်ပြီး အရေးမကြီးပါဘူး”

“ဒါပေမဲ့...”

စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် တာအိုဆရာ ထျန်းယွီ ၏ အကြည့်များသည် စုယွီ၊ လော့ချန်ယွီ၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့ အပေါ်သို့ ရောက်ရှိသွားပြီး ပြောလိုက်သည်။

“နောက်တစ်ခါ ဆိုရင်တော့... မင်းတို့ ငါတို့နဲ့ အတူတူ လိုက်လာဖို့ မလိုတော့ဘူး”

“ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တွေ ထွက်ပေါ်လာပြီ ဆိုတော့... တခြား အင်အားစု တွေ ကလည်း ပိုပြီး အစွမ်းထက်တဲ့ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တွေကို စေလွှတ်လာကြလိမ့်မယ်”

“တကယ်လို့များ ပွတ်တိုက်မှု တွေ ဖြစ်လာခဲ့ရင်... မင်းတို့ အကုန်လုံးကို ငါ ကာကွယ်ပေးနိုင်ဖို့ ခက်လိမ့်မယ်”

“အဲဒါကြောင့် နောက်တစ်ခါ ဆိုရင်... မင်းတို့ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် မှာပဲ နေပြီး ဘေးကင်းကင်း နဲ့ စောင့်နေကြတာ ပိုကောင်းမယ်”

(၅) ရက် ကြာမြင့်ပြီးနောက်၊ ယာဉ်ပျံ သည် အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် ကြီး အတွင်းမှ အောင်မြင်စွာ ထွက်ခွာလာနိုင်ခဲ့ပြီး၊ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ဆီသို့ တည့်တည့်မတ်မတ် ဦးတည် ပျံသန်းသွားသည်။

သို့သော်လည်း ရုတ်တရက်...

လောကကြီး တစ်ခုလုံး ပြောင်းလဲသွားတော့၏။

အခင်းအကျင်း တစ်ခု အသက်ဝင် လှုပ်ရှားလာမှု နှင့်အတူ၊ မူလက ကောင်းကင်ယံ ထက်တွင် မြင့်မားစွာ ပျံသန်းနေသော ယာဉ်ပျံ သည် နောက်တစ်စက္ကန့်တွင်မူ နက်ရှိုင်းသော သမုဒ္ဒရာ ကြီး တစ်ခု အတွင်းသို့ ထိုးဆင်းသွားတော့သည်။ အဆုံးအစ မရှိသော ပင်လယ်ရေ များ၏ ဖိအားကြောင့် ယာဉ်ပျံ ၏ အရှိန်မှာ ရုတ်တရက် ထိုးကျသွားပြီး၊ ယာဉ်ပျံ ကို လွှမ်းခြုံထားသော စတုတ္ထအဆင့် အဆင့်နိမ့် ကာကွယ်ရေး အလွှာကြီး ပင်လျှင် ပြင်းထန်စွာ လှိုင်းထလာကာ... ဖိအား ဒဏ်ကြောင့် ပေါက်ကွဲ ထွက်တော့မည့် အရိပ်အယောင်များ ပြသလာ၏။

ယာဉ်ပျံ အတွင်း၌ တာအိုဆရာ ထျန်းယွီ ၏ မျက်နှာ အမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်သည်။

“ကောင်းကင် သွေးကြောအခင်းအကျင်း ပါလား... စတုတ္ထအဆင့် အဆင့်မြင့် မြေဆရာ လမ်းစဉ် က အခင်းအကျင်း ပညာရှင် တစ်ယောက်ပဲ”

အပြင်ဘက်တွင်မူ၊ အိုမင်း ရင့်ရော်နေသော အသံ တစ်သံ က ရယ်လျက် ထွက်ပေါ်လာ၏။

“ဟားဟားဟား၊ မိတ်ဆွေဟောင်းကြီး ထျန်းယွီ... မင်းရဲ့ အမြင်အာရုံ က အခုထိ ထက်မြက်နေတုန်းပဲကိုး... အရင်တုန်းက ကျင့်ကြံခြင်း လောက ရဲ့ ကြောက်စရာ အကောင်းဆုံး အခင်းအကျင်း ပါရမီရှင် ကြီး ဆိုတဲ့ နာမည် နဲ့ တကယ်ကို လိုက်ဖက်ပါပေတယ်”

အခန်း (၅၀၆) - စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ လုပ်ကြံမှု၊ အခြေအနေ ပြောင်းပြန်လှန်ခြင်း (အပိုင်း - ၅)

တာအိုဆရာ ထျန်းယွီ ၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက်တည်ကြည်သွားပြီး ထက်ရှသော အသံဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

အိုမင်းရင့်ရော်နေသော အသံက ပြန်လည်ဖြေကြားလာသည်။

"ကျုပ်က စိမ်းပြာငရဲ အင်မော်တယ်နန်းတော် က ကောင်းကင်အဆင့် တပည့်၊ ထိပ်တန်း စတုတ္ထအဆင့် မြေဆရာ ပေဟုန် ပါ... တာအိုမိတ်ဆွေကြီး ထျန်းယွီ ကို လာပြီး နှုတ်ဆက် ပို့ဆောင်ပေးတာပါဗျာ"

'ဟက်... သေမင်းဆီကို ပို့ပေးမလို့ ပြောတာပါ...'

စိမ်းပြာငရဲ အင်မော်တယ်နန်းတော် မှ ကောင်းကင်အဆင့် တပည့် ပါလား။

တာအိုဆရာ ထျန်းယွီ နှင့် အရှင်သခင်ကြီး ခြောက်မြီး မြေခွေး တို့၏ မျက်နှာများမှာ သိသိသာသာ ပျက်ယွင်းသွားကြသည်။ စိမ်းပြာငရဲ အင်မော်တယ်နန်းတော် ၏ တပည့်များအကြားတွင် လူသားအဆင့်၊ မြေကမ္ဘာအဆင့် နှင့် ကောင်းကင်အဆင့် ဟူ၍ ခွဲခြားထားရာ၊ လူသားအဆင့် တပည့်များမှာ ရွှေအမြုတေ အဆင့် သို့မဟုတ် ဂျူနီယာ အဆင့်များသာ ဖြစ်သဖြင့် သိပ်ပြီး ဂရုစိုက်စရာ မလိုလှချေ။

မြေကမ္ဘာအဆင့် တပည့်များကတော့ အနည်းငယ် သတိထားရမည့် သူများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် စိမ်းပြာငရဲ အင်မော်တယ်နန်းတော် မှ မြေကမ္ဘာအဆင့် တပည့် အများစုမှာ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ ဖြစ်ကြသောကြောင့်ပင်။ အလွန်တရာ ပါရမီထူးကဲလှသော ကြောက်မက်ဖွယ် လူနည်းစုလေး သာလျှင် ထို မြေကမ္ဘာအဆင့် တံဆိပ်ပြားကို ရရှိနိုင်ကြခြင်း ဖြစ်၏။

ကောင်းကင်အဆင့် တံဆိပ်ပြား ဆိုလျှင်တော့...

ကောင်းကင်အဆင့် တပည့် တစ်ဦး ဖြစ်လာရန် အတွက် အံ့မခန်း ပါရမီ ပါရုံနှင့် မရဘဲ၊ ပြိုင်ဘက်ကင်းသော အစွမ်းအစ မျိုးကိုပါ ပိုင်ဆိုင်ထားရန် လိုအပ်လှသည်။

ယခု သူတို့ရှေ့မှောက်တွင် ရောက်ရှိနေသော ထိပ်တန်း စတုတ္ထအဆင့် မြေဆရာ ကဲ့သို့သော သူမျိုးပင် ဖြစ်၏။

'သေစမ်း... မြေဆရာတဲ့လား... ဒီကောင်တွေ တော်တော် ရင်းနှီးမြှုပ်နှံထားတာပဲ'

ထိပ်တန်း စတုတ္ထအဆင့် မြေဆရာ တစ်ဦးကသာ ကောင်းကင် သွေးကြော နှင့် ကမ္ဘာမြေ သွေးကြော အခင်းအကျင်း များကို အသုံးပြု၍ သေချာ တွက်ချက်ကာ ထောင်ချောက်ဆင်ပြီး သင့်အား ဝင်လာအောင် စောင့်နေပြီ ဆိုလျှင်... ထို အန္တရာယ်ကို ကြိုတင် ကာကွယ်ဖို့ ဆိုတာ လုံးဝ နီးပါး မဖြစ်နိုင်တော့ချေ။

ထို့အပြင် ထိုကဲ့သို့သော အခင်းအကျင်း မျိုး အတွင်း၌ ဆိုလျှင်၊ ၎င်းမှာ မြေဆရာ ၏ ကိုယ်ပိုင် အိမ်ကွင်း လိုပင် ဖြစ်နေတော့သည်။

သာမန် အခင်းအကျင်း ပညာရှင် များသည် မြေဆရာ များနှင့် ရင်ဆိုင်ရပါက အလိုအလျောက် ဖိနှိပ်ခံရမည်သာ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် မြေဆရာ များသည် အလွန်တရာ အစွမ်းထက် လွန်းသောကြောင့်ပင်။ အားအနည်းဆုံးသော မြေဆရာ များ ပင်လျှင် ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ဟောကိန်းထုတ်နိုင်ခြင်း၊ နဂါးသွေးကြော နေရာများကို ရှာဖွေနိုင်ခြင်း၊ ဝိညာဉ် သွေးကြော များကို ဖန်တီး တည်ဆောက်နိုင်ခြင်း နှင့် အဆင့်မြင့် အင်မော်တယ် တာအို နယ်မြေ များကို တည်ဆောက်နိုင်စွမ်း ရှိကြသည်။

အစွမ်းထက်သော မြေဆရာ များ ဆိုလျှင်... ကောင်းကင် နှင့် မြေကြီး ၏ သွေးကြော စွမ်းအားများကိုပင် ကိုယ်ပိုင် အဖြစ် ထိန်းချုပ် အသုံးပြုနိုင်ပြီး ရန်သူများကို ထောင်ချောက်ဆင်ကာ သတ်ဖြတ်နိုင်စွမ်း ရှိကြ၏။

ကမ္ဘာမြေ သွေးကြော ဆိုသည်မှာ မြေကြီး၏ စွမ်းအားကို ဆိုလိုခြင်း ဖြစ်သည်။

ကောင်းကင် သွေးကြော ဆိုသည်မှာ ကောင်းကင်ယံရှိ ကြယ်တာရာများ၏ စွမ်းအားကို ဆိုလိုခြင်း ဖြစ်၏။

ကောင်းကင် နှင့် မြေကြီး ၏ သွေးကြော စွမ်းအား နှစ်ခုကို ချိတ်ဆက်ထားသော အခင်းအကျင်း မျိုးသည် များသောအားဖြင့် မည်သည့် အရိပ်အယောင်မျှ မပြတတ်ဘဲ အလွယ်တကူ ကျော့မိသွားနိုင်သဖြင့် ကြိုတင် ကာကွယ်ရန် အလွန် ခက်ခဲလှသည်။

ထို့ကြောင့်ပင် တာအိုဆရာ ထျန်းယွီ အနေဖြင့် တစ်ဖက်လူ ဆင်ထားသော ထောင်ချောက်ကို ကြိုတင် မသိရှိခဲ့ခြင်း ဖြစ်၏။

တစ်ဖက်လူမှာ လုံးဝ အလောတကြီး ရှိနေပုံ မရဘဲ တာအိုဆရာ ထျန်းယွီ အား သရော် လှောင်ပြောင်သော လေသံဖြင့် မေးလိုက်သည်။

"တာအိုဆရာ ထျန်းယွီ... ခင်ဗျားရဲ့ အခင်းအကျင်း တာအို ပညာရပ်က လေးစားလောက်ပါတယ်ဗျာ... ဒါပေမဲ့ ကျုပ်ရဲ့ ဒီ အခင်းအကျင်း သေးသေးလေး ကိုရော ခင်ဗျား ချိုးဖျက်နိုင်ပါ့မလား လို့ သိချင်မိသား"

တာအိုဆရာ ထျန်းယွီ ၏ မျက်နှာမှာ အလွန်တရာ လေးနက် တည်ကြည်နေပြီး၊ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး နှင့် စုယွီ တို့ထံသို့ စိတ်အာရုံဖြင့် တိတ်တဆိတ် သတင်းစကား ပါးလိုက်၏။

"ငါ ဒီ အခင်းအကျင်း ကို ချိုးဖျက်ဖို့ အခွင့်အရေး ရှာတွေ့တဲ့ အချိန်ကျရင်... ဒီ အခင်းအကျင်း ဟင်းလင်းပြင် ထဲကနေ ထွက်ပြေးဖို့ အခွင့်အရေး ရပြီ ဆိုတာနဲ့ တစ်စက္ကန့်လေးတောင် မတွေဝေနဲ့နော်... မှတ်ထား... အခင်းအကျင်း ထဲက ထွက်နိုင်တာနဲ့ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ဆီကို တန်းပြေးကြ"

စုယွီ ၏ သူငယ်အိမ်များမှာ အနည်းငယ် ကျုံ့ဝင်သွားပြီး မေးလိုက်သည်။

"ဆရာ... ဒီ ထိပ်တန်း စတုတ္ထအဆင့် မြေဆရာ က တကယ်ပဲ အဲဒီလောက် ကြောက်စရာ ကောင်းနေလို့လား"

'ငါတို့ဘက်က အင်အားကလည်း မနည်းပါဘူး... ဘာလို့ ပြေးဖို့ချည်းပဲ စဉ်းစားနေရတာလဲ'

တာအိုဆရာ ထျန်းယွီ က ပြန်လည် ဖြေကြားလိုက်၏။

"ထိပ်တန်း စတုတ္ထအဆင့် မြေဆရာ တစ်ယောက်ရဲ့ သီးသန့် အစွမ်းအစ က သိပ်တော့ ကြောက်စရာ မကောင်းပါဘူး... ဒါပေမဲ့ သူ့ရဲ့ အခင်းအကျင်း ထဲမှာသာ ပိတ်မိနေမယ် ဆိုရင်တော့... ငါ အင်အား အကောင်းဆုံး အချိန်မှာတောင် အသက်ရှင်လျက် ထွက်နိုင်မယ် လို့ ရာနှုန်းပြည့် အာမမခံရဲဘူးကွ"

ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ သည် ခေတ္တမျှ စဉ်းစား တွေးတောလိုက်ပြီးနောက် ထပ်မံ မေးလိုက်သည်။

"တကယ်လို့ ကျွန်တော်က ဒီ အခင်းအကျင်း ရဲ့ အားနည်းချက်ကို မြင်နိုင်ပြီး... ဆရာတို့ အားလုံးကို ဒီထဲကနေ ထွက်နိုင်အောင် လမ်းပြပေးနိုင်မယ် ဆိုရင်ရော"

ထိုအခါ တာအိုဆရာ ထျန်းယွီ ၏ မျက်ဝန်းများမှာ အနည်းငယ် မှေးစင်းသွားသော်လည်း၊ သူ၏ စူးစိုက်မှုမှာမူ လုံးဝ လျော့ကျမသွားဘဲ၊ သတ်ဖြတ်ချင်သော အရိပ်အယောင်များ ပြည့်နှက်နေသည့် လေသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။

"ဒါဆိုရင်တော့... အဲဒီကောင် သေချာပေါက် ပြေးလို့ မလွတ်တော့ဘူးပေါ့"

'ဟက်... ငါ့ကိုများ ပိတ်လှောင်ချင်နေတယ်ပေါ့လေ... ထွက်ခွင့်သာ ရကြည့်... မင်း အသေပဲ'

*

အပြင်ဘက်တွင်မူ၊

“ဝှစ်... ဝှစ်... ဝှစ်…”

အဆိပ်ငွေ့များ ဖုံးလွှမ်းနေသော အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ် အတွင်းမှ ယာဉ်ပျံများ နှင့် မိစ္ဆာသားရဲများ သည် တစ်စင်းပြီး တစ်စင်း ထွက်ပေါ်လာကြသည်။ စုယွီ နှင့် သူ၏ အဖွဲ့ ရွှံ့ညွန်တော အတွင်းမှ ထွက်ခွာလာပြီး သိပ်မကြာမီမှာပင်၊ အရှင်သခင်ကြီး ဇီယွီ ဦးဆောင်သော အင်မော်တယ် တစ်သောင်း နန်းတော် ၏ မှော်လက်နက် ယာဉ်ပျံ သင်္ဘောကြီး လည်း ထွက်ပေါ်လာခဲ့၏။

သူတို့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်၊ ခပ်လှမ်းလှမ်းမှ ကြီးမားသော လှုပ်ရှားမှု တစ်ခုကို ရုတ်တရက် သတိပြုမိလိုက်ကြသည်။

"ဟင်... အဲဒါ စတုတ္ထအဆင့် ထိပ်တန်း ကောင်းကင် သွေးကြော အခင်းအကျင်း ကြီး ပါလား... ဘုရားရေ... စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ တစ်ယောက် ဝင်ပါနေပြီဟေ့"

"သွားပြီ... သွားပြီ... မြေကမ္ဘာအင်မော်တယ်နန်းတော် ရဲ့ ယာဉ်ပျံကြီး ပိတ်မိသွားပြီ... ဒါ မြေကမ္ဘာအင်မော်တယ်နန်းတော် ကို တမင် ပစ်မှတ်ထားတာပဲ"

"သွားကြစို့ဟေ့... ဒီပွဲကို ရပ်ကြည့်နေဖို့ အကြောင်းမရှိဘူး...မြေကမ္ဘာ

အင်မော်တယ် နန်းတော် က လူတွေ သေပြီးရင် ကိုယ့်အလှည့် ရောက်လာမှာကို စောင့်နေချင်လို့လား"

"ဒီလူက ဘယ်သူများလဲကွာ... မြေကမ္ဘာအင်မော်တယ်နန်းတော် ကိုတောင် ဒီလောက် ဗြောင်ကျကျ အခင်းအကျင်း နဲ့ ထောင်ချောက်ဆင်ရဲတာ"

အပြင်ဘက်တွင် အကြီးအကျယ် ပွက်လောရိုက် သွားကြတော့၏။

'ရှောင်ဟေ့... ရှောင်ဟေ့... ငါတို့နဲ့ မဆိုင်ဘူး... မြေစာပင် အဖြစ်မခံနိုင်ဘူး'

သိပ်မကြာမီ အချိန်အတွင်းမှာပင်၊

အင်အားစု အသီးသီး ၏ ယာဉ်ပျံများ နှင့် မိစ္ဆာသားရဲများ သည် အလျင်အမြန် လမ်းလွှဲကာ ထို ကုန်းမြေ အပိုင်းအစ ရှိရာ နေရာမှ အဝေးသို့ ရှောင်ကွင်း သွားကြတော့သည်။

သို့သော်လည်း အင်မော်တယ် တစ်သောင်း နန်းတော် ၏ မှော်လက်နက် ယာဉ်ပျံ သင်္ဘောကြီး မှာမူ ရပ်တန့်သွား၏။ အရှင်သခင်ကြီး ဇီယွီ သည် ရှေ့သို့ လေးနက်သော အကြည့်ဖြင့် စူးစိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

"စတုတ္ထအဆင့် ထိပ်တန်း ကောင်းကင် သွေးကြော အခင်းအကျင်း ဟုတ်လား"

ခဏအကြာတွင် မီးတောက် နန်းတော် ၏ ယာဉ်ပျံ သည်လည်း အာရုံလှည့်စားမှု ရွှံ့ညွန်တော အတွင်းမှ ထွက်ပေါ်လာခဲ့၏။

သို့သော် အင်မော်တယ် တစ်သောင်း နန်းတော် ၏ မှော်လက်နက် ယာဉ်ပျံ သင်္ဘောကြီး ထိုနေရာတွင် ရပ်တန့်နေသည်ကို မြင်လိုက်ရသောအခါ၊ မီးတောက် နန်းတော် ၏ ယာဉ်ပျံ သည်လည်း ရပ်တန့်သွားသည်။

ထိုအခိုက်၊ အရှင်သခင်ကြီး ထျန်းလီ ၏ အသံ ထွက်ပေါ်လာ၏။

"ဟေ... အရှင်သခင်ကြီး ဇီယွီ... ဘာလို့ ရပ်နေတာလဲ"

အရှင်သခင်ကြီး ဇီယွီ သည် ယာဉ်ပျံ သင်္ဘောကြီး ထဲမှ ထွက်လာပြီး ကုန်းပတ်ပေါ်တွင် ရပ်ကာ ရှေ့သို့ အကြည့်ပို့လွှတ်ရင်း ဖြေလိုက်သည်။

"မြေကမ္ဘာအင်မော်တယ်နန်းတော် က လူတွေ ခြုံခို တိုက်ခိုက်ခံနေရတယ်... ရှေ့မှာ တစ်ယောက်ယောက်က စတုတ္ထအဆင့် ထိပ်တန်း ကောင်းကင် သွေးကြော အခင်းအကျင်း ကြီး ချထားတယ်"

"ဝှစ်..."

အရှင်သခင်ကြီး ထျန်းလီ ၏ ပုံရိပ် ထွက်ပေါ်လာသည်။ ထိုစကားကို ကြားလိုက်ရသောအခါ၊ သူ၏ သူငယ်အိမ်များမှာ ချက်ချင်းပင် ကျုံ့ဝင်သွားပြီး ရှေ့သို့ အကြည့်ပို့လွှတ်လိုက်၏။

ရှေ့တည့်တည့်ရှိ မြေကွက်လပ် ပြောင်ကြီးပေါ်တွင် အခင်းအကျင်း ၏ အရိပ်အယောင် လုံးဝ မတွေ့ရသော်ငြားလည်း၊ သေချာစွာ စောင့်ကြည့်မည် ဆိုပါက အထက် ကောင်းကင်ယံမှ နေရောင်ခြည် များသည် ထိုနေရာ တစ်ခုတည်းသို့ စုဆုံ ကျရောက်နေသည်ကို မြင်တွေ့ရမည် ဖြစ်၏။

အဆုံးအစ မရှိသော ကြယ်တာရာ စွမ်းအင်များ သည် နေရာ တစ်ခုတည်းတွင် စုဆုံနေသည်။

ထပ်မံ၍ အနီးကပ် စောင့်ကြည့်လိုက်သော အခါမှသာ၊ ထိုမြေနေရာ ထံမှ ကြက်သီး ထဖွယ် ကောင်းလှသော အခင်းအကျင်း စွမ်းအင် အငွေ့အသက် အချို့ကို မှေးမှိန်စွာ အာရုံခံ သိရှိနိုင်သည်။

အရှင်သခင်ကြီး ထျန်းလီ ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်နေပြီး တီးတိုး ရေရွတ်လိုက်၏။

"ဘယ်သူလဲ... ဘယ်သူကများ တာအိုဆရာ ထျန်းယွီ ကိုတောင် လာပြီး စမ်းသပ်ရဲလောက်အောင် သတ္တိကောင်းနေရတာလဲ"

ခေတ္တမျှ စဉ်းစား တွေးတောပြီးနောက် အရှင်သခင်ကြီး ဇီယွီ က ပြောလိုက်သည်။

"မကြာသေးခင်ကမှ မြေကမ္ဘာအင်မော်တယ်နန်းတော် ဘက်က ပြဿနာတွေ အကြီးအကျယ် ရှင်းထားတယ် မဟုတ်ဘူးလား"

"စိမ်းပြာငရဲ အင်မော်တယ်နန်းတော် လား"

အရှင်သခင်ကြီး ထျန်းလီ သည် ချက်ချင်း သဘောပေါက်သွားပြီး၊ သူ၏ မျက်မှောင်များ ကြုံ့သွားကာ ရှေ့ရှိ ကုန်းမြေကို အကြည့်ပို့လွှတ်လိုက်၏။ သို့သော်လည်း သူ၏ မူလဝိညာဉ် အလယ်အလတ် အဆင့် ကျင့်ကြံခြင်း ဖြင့်ပင်၊ ထို စွမ်းအားကြီး အခင်းအကျင်း ကြီးကို ဖောက်ထွင်း၍ အတွင်းဘက်ရှိ အခြေအနေကို မသိမြင်နိုင်ချေ။

'သောက်ကျိုးနည်း အခင်းအကျင်းကြီး... ဘာမှကို မမြင်ရဘူး'

သူသည် ခေတ္တမျှ တွေဝေသွားပြီးနောက် မေးလိုက်သည်။

"ငါတို့ ကူညီသင့်သလား"

အရှင်သခင်ကြီး ဇီယွီ သည် မည်သည့်စကားမျှ ပြန်မပြောဘဲ၊ ရှေ့ရှိ ကုန်းမြေ ကိုသာ တိတ်ဆိတ်စွာ စူးစိုက် ကြည့်နေ၏။

သူမ၏ အမူအရာကို မြင်လိုက်ရသောအခါ အရှင်သခင်ကြီး ထျန်းလီ သည် သူမ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး ..မျက်ခုံးများ အနည်းငယ် ပင့်တက်သွား၏။ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး ဆယ်ခု ၏ ခေါင်းဆောင် အဖြစ်၊ အင်မော်တယ် တစ်သောင်း နန်းတော် သည် အင်မော်တယ် တာအို လမ်းစဉ် ၏ တရားဝင် အင်အားစုကြီး ဖြစ်သော်လည်း၊ စိမ်းပြာငရဲ အင်မော်တယ်နန်းတော် မှာမူ အဖြူ နှင့် အမည်း ကြားရှိ မီးခိုးရောင် နယ်ပယ် တွင် ကျင်လည်နေသော အင်အားစု ဖြစ်၏။

အင်မော်တယ် ဂိုဏ်း အင်အားစုများ အကြားတွင် ၎င်းတို့သည် များသောအားဖြင့် အမြဲတမ်းလိုလို ဆန့်ကျင်ဘက် အနေအထား တွင်သာ ရှိနေကြသည်သာ။

'အေးလေ... ကိုယ့်ကိစ္စမှ မဟုတ်တာ... ဝင်မပါတာ အကောင်းဆုံးပဲ’

အခန်း (၅၀၇) - စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ လုပ်ကြံမှု၊ အခြေအနေ ပြောင်းပြန်လှန်ခြင်း (အပိုင်း - ၆)

ထိုအကြောင်းကြောင့်ပင် မြေဆရာများသည် စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ ဌာနချုပ်ကို ဖျက်ဆီးပစ်ခဲ့ကြပြီး၊ စိမ်းပြာငရဲ အင်မော်တယ်နန်းတော်မှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး အများအပြားကို သတ်ဖြတ်ခဲ့ကြ၏။ ထိုအချိန်က အင်မော်တယ်တာအို၏ မည်သည့်ဂိုဏ်းကမျှ စိမ်းပြာငရဲ အင်မော်တယ်နန်းတော်ဘက်မှ မကူညီခဲ့ကြချေ။

သို့သော် ယခုအခါတွင်မူ... အင်မော်တယ်တစ်သောင်းနန်းတော်က လူတွေကို မကယ်ချင်တော့ဘူးလော။

ကောင်းကင်သွေးကြော အခင်းအကျင်းကြီး၏ ဖိအားများအောက်တွင် ဖန်တီးထားသော ဟင်းလင်းပြင်အတွင်း၌၊

တာအိုဆရာ ထျန်းယွီသည် စုယွီထံသို့ စိတ်အာရုံဖြင့် မေးခွန်းထုတ်လိုက်သည်။

"ငါတို့ ဘာလုပ်ရမလဲ…"

စုယွီက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်၏။

"ဒီယာဉ်ပျံအတွင်းက ဟင်းလင်းပြင်ကို တစ်ခဏလောက် ဘေးကင်းအောင် ထိန်းထားပေးပါ... အဲဒါဆိုရင် ကျွန်တော် ဆရာတို့ကို ဒီကမ္ဘာကနေ ခေါ်ထုတ်သွားနိုင်ပါတယ်"

'ဟက်... ဒီအဘိုးကြီးက ငါတို့ကို သူ့ပိုက်ဆံအိတ်ထဲက ပစ္စည်းများ မှတ်နေသလား မသိဘူး... စောင့်ကြည့်နေလိုက်... မင်း မျက်လုံးတွေ ပြူးသွားစေရမယ်'

"ဒါဆို ပြင်ဆင်ထားတော့"

တာအိုဆရာ ထျန်းယွီသည် စုယွီ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်ထဲမှ အခင်းအကျင်း အလံပေါင်း တစ်ထောင်နီးပါးသည် လွင့်ပျံထွက်သွားပြီး၊ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး၏ ယာဉ်ပျံအတွင်း တစ်ခုလုံးကို ဖြန့်ကြက် နေရာယူလိုက်တော့၏။

နောက်တစ်စက္ကန့်တွင် တာအိုဆရာ ထျန်းယွီ၏ စိတ်အာရုံ လှုပ်ရှားမှုနှင့်အတူ၊ အလွန်အစွမ်းထက်လှသော စတုတ္ထအဆင့် ထိပ်တန်း ကာကွယ်ရေး အလွှာကြီးတစ်ခုသည် ယာဉ်ပျံအတွင်း၌ ထွက်ပေါ်လာသည်။

၎င်းသည် တာအိုဆရာ ထျန်းယွီ၊ စုယွီ၊ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး၊ အစ်မချန်ယွီ နှင့် မန်သဲ့၊ မန်ယောင် ညီအစ်မနှစ်ဦးတို့ကို လုံခြုံစွာ ကာကွယ်ပေးထား၏။

အပြင်ဘက်ရှိ စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ ‘ပေဟုန်’ မှာ တာအိုဆရာ ထျန်းယွီ၏ လှုပ်ရှားမှုကြောင့် သိသိသာသာ အံ့အားသင့်သွားပုံ ရ၏။

‘ယာဉ်ပျံကြီးအတွင်းမှာမှ နောက်ထပ် စတုတ္ထအဆင့် ထိပ်တန်း ကာကွယ်ရေး အခင်းအကျင်းတစ်ခုကို ထပ်ခင်းနေတာ သူ ဘာလုပ်နေတာလဲ’

'ပေဟုန်' ၏ အမြင်အရမူ... သူ၏ အခင်းအကျင်းကြီးကို တာအိုဆရာ ထျန်းယွီဘက်က မချိုးဖျက်နိုင်သရွေ့၊ မည်မျှပင် အခင်းအကျင်းတွေ ထပ်ခင်းနေပါစေ အလကားပင် ဖြစ်၏။

သာမန် စတုတ္ထအဆင့် ထိပ်တန်း ကာကွယ်ရေး အခင်းအကျင်းမျိုးကို သူက မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလော။

မြေဆရာ ‘ပေဟုန်’ သည် သူ၏မျက်နှာပေါ်တွင် အသည်းထိတ်ဖွယ် ကြေး ကျားမျက်နှာဖုံးကြီးကို စွပ်ထားသည်။ သူ၏ ဆံပင်များမှာ ပိုးသားကဲ့သို့ ဖြူဖွေးတောက်ပနေပြီး၊ လက်များမှာမူ အိုမင်းရင့်ရော်ကာ အရေပြားနှင့် အရိုးသာ ကျန်တော့သည်။

အမှန်တကယ်တွင်မူ သူ့ထံမှ ဆွေးမြည့်နေသော အငွေ့အသက်များကို အာရုံခံနိုင်၏။ ၎င်းမှာ သူ၏ သက်တမ်းကုန်ဆုံးတော့မည့် လက္ခဏာဖြစ်ပြီး သေမင်း၏ တံခါးဝသို့ ခြေတစ်လှမ်း ရောက်နေပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။

မြေဆရာများသည် အလွန်တရာ အစွမ်းထက်ကြသော်လည်း၊ သူတို့၏ စွမ်းအားများသည် ကောင်းကင်ဘုံ၏ အမျက်ဒေါသကို ရင်းနှီး၍ ရယူထားကြရခြင်း ဖြစ်၏။ သူတို့၏ နည်းစနစ်များကို အသုံးပြုသည့် အကြိမ်တိုင်းတွင် သက်တမ်းအချို့ ဆုံးရှုံးကြရသဖြင့်၊ သူတို့သည် အသက်ရှည်ရှည် မနေကြရချေ။

တာ့ချန် ကျင့်ကြံခြင်း လောကတွင် စတုတ္ထအဆင့်အထက် မြေဆရာ ဆိုသည်မှာ လက်ချိုးရေတွက်၍ပင် ရလောက်အောင် ရှားပါးလှသည်။

စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ ဆိုလျှင်တော့ ပြောမနေနှင့်တော့။

ထို့ကြောင့်ပင် စတုတ္ထအဆင့် ထိပ်တန်း ကောင်းကင်သွေးကြော အခင်းအကျင်းကို သတိပြုမိလိုက်သောအခါ တာအိုဆရာ ထျန်းယွီ အံ့အားသင့်သွားရခြင်း ဖြစ်၏။ ဤကဲ့သို့သော စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ တစ်ဦးသည် အခြေခံအားဖြင့် ရှေးဟောင်း ရတနာတစ်ခုလိုပင် အဖိုးတန်လှသည် မဟုတ်ပါလော။

ထိုကဲ့သို့သော လူမျိုးကမှ သူ့ကို လာပြီး ခြုံခိုတိုက်ခိုက်ရတယ်လို့။

မြေဆရာ ‘ပေဟုန်’ သည် သူ၏ အိုမင်းရင့်ရော်သော အသံကြီးဖြင့် သရော်လိုက်သည်။

"တာအိုဆရာ ထျန်းယွီ... ဒီ စတုတ္ထအဆင့် ထိပ်တန်း ကာကွယ်ရေး အခင်းအကျင်းလေးနဲ့ ငါ့ရဲ့ တိုက်ခိုက်မှုကို တားနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား.."

"တကယ်လို့ အဲဒီအတိုင်းသာ ၏ဆိုရင်တော့... မင်းအပေါ် ငါ တကယ်ပဲ စိတ်ပျက်မိတယ်ကွာ"

သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ စုယွီသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး တာအိုဆရာ ထျန်းယွီ၊ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး၊ အစ်မချန်ယွီ နှင့် ကျန်း ညီအစ်မနှစ်ဦးတို့ကို သူ၏ လက်ထဲရှိ မှော်လက်နက် နန်းတော်အတွင်းသို့ အလျင်အမြန် ခေါ်ဆောင်လိုက်၏။

ထို့နောက် ချက်ချင်းပင် စုယွီ၏ အရှိန်အဝါမှာ မယုံကြည်နိုင်လောက်အောင် ပေါက်ကွဲထွက်ပေါ်လာသည်။သူ၏ ရွှေအမြုတေ အဆင့် (၆) ရှိ ဓာတ်ကြီးငါးပါး မန္တန်စွမ်းအားများမှာ အထိန်းအကွပ်မရှိဘဲ လွှတ်ထုတ်လိုက်တော့၏။

တစ်ချိန်တည်းမှာပင် သူ၏ အစွမ်းထက်လှသော ဝိညာဉ်စွမ်းအားများမှာလည်း မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာသည်။

ခဏအကြာတွင်၊

"ဝီ..."

စုယွီ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ လှိုင်းထသွားပြီး၊ သူ၏ အသိစိတ်ထဲတွင် အတောင်ပံနှစ်ဖက်ပါ ရွှေပုစဉ်း အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ တောက်ပလှသော ရွှေရောင်မျက်လုံးများသည် ဟင်းလင်းပြင်နှင့် အချိန်ကို ဖောက်ထွင်းကြည့်ရှုလိုက်ပြီး၊ အခင်းအကျင်း၏ အပြင်ဘက်တွင် ပုန်းအောင်းနေသော စတုတ္ထအဆင့် ထိပ်တန်း မြေဆရာကို ချက်ချင်းပင် ရှာဖွေ တွေ့ရှိကာ ပိတ်‌ဆို့လိုက်တော့၏။

စုယွီ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့် အခိုက်အတန့်တွင်၊ သူ၏ အေးစက်စက် အကြည့်များသည် စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ ပုန်းကွယ်နေသော နေရာဆီသို့ ကျရောက်သွားသည်။

အခင်းအကျင်း၏ အပြင်ဘက်တွင်မူ၊

ပြင်းထန်သော လှိုင်းလုံးများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင် စွမ်းအားများ အခင်းအကျင်းအတွင်းသို့ လွှမ်းမိုးသွားသောအခါ၊ မျက်နှာဖုံးအောက်တွင် ပုန်းကွယ်နေသော မြေဆရာ ‘ပေဟုန်’ ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့၏။ သူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

"ဟင်းလင်းပြင် စွမ်းအား ဟုတ်လား"

'သေစမ်း... အခြေအနေ မဟန်တော့ဘူး'

"ဝုန်း..."

နောက်တစ်စက္ကန့်တွင် သူသည် ဤဒေသရှိ ကမ္ဘာမြေသွေးကြော အခင်းအကျင်း၏ စွမ်းအားများကို ထိန်းချုပ်ကာ ယာဉ်ပျံဆီသို့ ပစ်လွှတ်လိုက်သည်။

အသက်တစ်ရှူစာ အချိန်လေးအတွင်းမှာပင်၊ စတုတ္ထအဆင့် အဆင့်နိမ့် ကာကွယ်ရေး အခင်းအကျင်း ပါဝင်သော အရှင်သခင်ကြီး ခြောက်မြီး မြေခွေး၏ ယာဉ်ပျံကြီးမှာ အဆုံးမရှိသော ပင်လယ်ရေများ၏ ဖိအားကြောင့် အစမကျန်အောင် ကြိတ်ခြေခံလိုက်ရ၏။ ကာကွယ်ရေး အခင်းအကျင်းမှာ ယာဉ်ပျံကြီးနှင့်အတူ တစ်စစီ ပျက်စီးသွားပြီး ဖိအားအောက်တွင် ပုံသဏ္ဌာန် ပျက်ယွင်းသွားတော့သည်။

ဤ 'ပင်လယ်ရေ' များမှာ ကမ္ဘာမြေသွေးကြောများ၏ စွမ်းအားမှ စုစည်းထားခြင်း ဖြစ်၏။ မည်သည့် ဝိညာဉ်ခွဲထွက်အဆင့် အစောပိုင်း ကျင့်ကြံသူမျှ ဤကဲ့သို့သော ဒေသတွင်း ကမ္ဘာမြေ အခင်းအကျင်း စနစ်အတွင်းသို့ ကျရောက်သွားပါက၊ ဒဏ်ရာမရဘဲ လွတ်မြောက်နိုင်ရန် မလွယ်ကူချေ။

ယာဉ်ပျံကြီး ပျက်စီးသွားသည့် အခိုက်အတန့်တွင်၊ ကြီးမားလှသော အခင်းအကျင်း စွမ်းအားကြီးမှာ တာအိုဆရာ ထျန်းယွီ ခင်းကျင်းထားသော ထိပ်တန်း ကာကွယ်ရေး အခင်းအကျင်း၏ အလွှာဆီသို့ ပြင်းထန်စွာ တိုးဝင် တိုက်ခိုက်လိုက်သည်။

"ဝုန်း..."

ထိပ်တန်း အခင်းအကျင်း နှစ်ခု၏ စွမ်းအားများ ထိပ်တိုက် တွေ့ဆုံလိုက်သောအခါ၊ မြေဆရာ ပေဟုန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွား၏။ သူ၏ သူငယ်အိမ်များမှာ ကျုံ့ဝင်သွားပြီး တာအိုဆရာ ထျန်းယွီ ခင်းကျင်းထားသော အခင်းအကျင်းကို ကြည့်ကာ သူ၏ မျက်ဝန်းများထဲတွင် အကြောက်တရား အချို့ ဖြတ်ပြေးသွားသည်။

အဘယ်ကြောင့်ဆိုသော် ဤထိပ်တန်း ကာကွယ်ရေး အခင်းအကျင်းမှာ သူ ထင်ထားသည်ထက် များစွာ ပိုမို နက်နဲနေသောကြောင့်ပင် ဖြစ်၏။ ကမ္ဘာမြေသွေးကြော စွမ်းအားများဖြင့် ထိုကာကွယ်ရေး အလွှာကို တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင်၊ အခင်းအကျင်းအတွင်း၌ ပြောင်းပြန်လှန်ခြင်း အာနိသင်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးမှာ ဇောက်ထိုး ဖြစ်သွားသည့်နှယ် ရှိသည်။

၎င်းသည် သူ၏ ကမ္ဘာမြေသွေးကြော စွမ်းအားများကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး၊ သူ၏ ကိုယ်ပိုင် စွမ်းအားများဖြင့်ပင် သူ၏ တိုက်ခိုက်မှုကို ပြန်လည် ခုခံနေခြင်း ဖြစ်၏။

'ထျန်းယွီရဲ့ အခင်းအကျင်း တာအို အဆင့်က ဒီအဆင့်အထိတောင် ရောက်နေပြီလား..' မြေဆရာ ပေဟုန်မှာ ထိတ်လန့် တုန်လှုပ်သွားရ၏။

"ကွဲစမ်း.."

"ဝုန်း..."

သူ၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ၊ ဤအခင်းအကျင်း၏ ကမ္ဘာမြေသွေးကြော စွမ်းအားများမှာ ပိုမို ပြင်းထန်လာပြီး မူလဝိညာဉ်အဆင့်ကိုပင် ကျော်လွန်သွားသည်။ သို့သော်ငြားလည်း၊ မည်သူမျှ ထိန်းချုပ်ထားခြင်း မရှိတော့သော တာအိုဆရာ ထျန်းယွီ ခင်းကျင်းထားသည့် အခင်းအကျင်း ကာကွယ်ရေး အလွှာကို ဖျက်ဆီးပစ်နိုင်ရန်အတွက် အသက်နှစ်ရှူစာခန့် အချိန်ယူလိုက်ရ၏။

ထိုအခိုက်အတန့်တွင် ကာကွယ်ရေး အခင်းအကျင်းအတွင်းရှိ လှိုင်းထနေသော ဟင်းလင်းပြင်မှာ ပြန်လည် ငြိမ်သက်သွားခဲ့ပြီ ဖြစ်၏။ စုယွီ၊ တာအိုဆရာ ထျန်းယွီ၊ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး နှင့် အခြားသူများ၏ ပုံရိပ်များသည် ဤအခင်းအကျင်း ဟင်းလင်းပြင်အတွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။

ထိုအချိန်ကျမှ မြေဆရာ ပေဟုန်သည် စုယွီ ထွက်ခွာသွားချိန်က ပြသခဲ့သော အေးစက်စက် အကြည့်ကို ပြန်လည် သတိရလိုက်သည်။

"ရွှေအမြုတေ အဆင့် (၄)... မဟုတ်ဘူး... ရွှေအမြုတေ အဆင့် (၆) ပဲ... ငါ့ရဲ့ မျက်စိအောက်မှာတင် သူက ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားနိုင်ခဲ့တာလား.."

မြေဆရာ ပေဟုန်သည် အမည်မဖော်နိုင်သော ကျောချမ်းမှုကို ခံစားလိုက်ရ၏။

"ဒါ့အပြင် ဟင်းလင်းပြင် စွမ်းအား... ဒီကောင်လေး... ဒီကောင်လေးက တကယ်ပဲ ဟင်းလင်းပြင် စွမ်းအားကို ပိုင်ဆိုင်ထားတာလား.."

သူ ဘာလုပ်သင့်သနည်း။

ယခုအခါ ဗလာကျင်းနေပြီဖြစ်သော ကမ္ဘာမြေသွေးကြော အခင်းအကျင်းကို ကြည့်ရင်း သူ၏ ရင်ထဲတွင် အဆုံးမရှိသော အကြောက်တရားများ ပြည့်နှက်လာသည်။

တာအိုဆရာ ထျန်းယွီကို ခြုံခိုတိုက်ခိုက်ခြင်းမှာ ကျရှုံးသွားခဲ့ပြီး၊ သူ့ကို လွတ်မြောက်ခွင့် ပေးလိုက်ရတော့၏။

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးကြားရှိ အဆင့်အတန်းမှာ... ပြောင်းပြန် ဖြစ်သွားခဲ့ချေပြီ။

အပြင်ဘက်တွင်မူ၊

ထိုအခင်းအကျင်းနှင့် မိုင်ပေါင်း လေးဆယ်ခန့်အကွာတွင်၊ ဟင်းလင်းပြင်မှာ ရုတ်တရက် လှိုင်းထသွားပြီး ဝဲဂယက်တစ်ခု အသွင်ပြောင်းသွားကာ နောက်တစ်စက္ကန့်တွင် စုယွီ၏ ပုံရိပ် ထွက်ပေါ်လာသည်။

သူ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ စုယွီသည် သူ၏ မှော်လက်နက် နန်းတော်ကို လွှတ်ထုတ်လိုက်ရာ၊ မူလဝိညာဉ်အဆင့် အကြီးအကဲ နှစ်ပါးဖြစ်သော တာအိုဆရာ ထျန်းယွီနှင့် အရှင်သခင်ကြီး ခြောက်မြီး မြေခွေးတို့မှာ ၎င်းအတွင်းမှ ထွက်ပေါ်လာကြ၏။

တာအိုဆရာ ထျန်းယွီမှာ အစပိုင်းတွင် အနည်းငယ် စိုးရိမ်နေခဲ့သော်လည်း၊ သူသည် ထိုကမ္ဘာမြေသွေးကြော အခင်းအကျင်းကြီးထဲမှ အမှန်တကယ် ထွက်ပေါ်လာနိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ၊ ချက်ချင်းပင် ရူးသွပ်စွာ ဟားတိုက် ရယ်လိုက်တော့သည်။

"ဟားဟားဟား.."

"ငါ မထင်ထားဘူး... တကယ် မထင်ထားဘူးကွ.."

တာအိုဆရာ ထျန်းယွီသည် ရူးသွပ်စွာ ရယ်နေရင်း၊ သူ၏ အစွမ်းအစများ သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရ၏။

မူလက .. မူလဝိညာဉ် အစောပိုင်းအဆင့်တွင်သာ ရှိနေခဲ့သော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အရှိန်အဝါမှာ အလယ်အလတ်အဆင့်နှင့် နောက်ပိုင်းအဆင့်များဆီသို့ တရိပ်ရိပ် တိုးတက်သွားသည်။

အသက်တစ်ရှူစာ မပြည့်မီ အချိန်အတွင်းမှာပင်၊ တာအိုဆရာ ထျန်းယွီ၏ အရှိန်အဝါမှာ မူလဝိညာဉ် အဆင့်၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။

'ဟားဟားဟား... ငါ့တပည့်လေး ကတော့ တကယ်ကို လူစွမ်းကောင်းလေးပဲ... လာကြစမ်း... ဘယ်သူ လာဦးမလဲ'

"ဝုန်း..."

ခပ်လှမ်းလှမ်း နေရာတွင်မူ၊

မြေကမ္ဘာအင်မော်တယ် နယ်မြေမှ အဖွဲ့ကို ခြုံခိုတိုက်ခိုက်မှု၏ ရလဒ်ကို တိတ်တဆိတ် စောင့်ကြည့်နေကြသော အင်မော်တယ်တစ်သောင်းနန်းတော်၊ လီဟော့ကျောင်းတော်မှ လူများနှင့် အနောက်ဘက်မှ လိုက်ပါလာသော ယွီလုံနန်းတော်မှ အရှင်သခင်ကြီး ပိုင်ယန် တို့ရှိနေကြ၏။

အင်အားစု အသီးသီးမှ ကျင့်ကြံသူ ပေါင်း ဒါဇင်နှင့်ချီ၍ ကောင်းကင်ယံထက်တွင် ရပ်တန့်ကာ ရှေ့မှ လောကကြီးကို ကြိတ်၍ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

သို့သော်လည်း မိုင်ပေါင်း ဒါဇင်နှင့်ချီသော နေရာမှ တာအိုဆရာ ထျန်းယွီ၏ ရယ်သံကြီး ထွက်ပေါ်လာသောအခါ၊ အရှင်သခင်ကြီး ဇီယွီ၊ အရှင်သခင်ကြီး ထျန်းလီ နှင့် အရှင်သခင်ကြီး ပိုင်ယန် တို့ အားလုံး ဆွံ့အ မှင်သက် သွားကြရ၏။

နောက်တစ်စက္ကန့်တွင် တာအိုဆရာ ထျန်းယွီ၏ စွမ်းအားကြီး အရှိန်အဝါ ကျရောက်လာသောအခါ၊ လူတိုင်း၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားကြတော့သည်။

'သေစမ်း... ဒါ ဘယ်လို ဖြစ်တာလဲ... ထျန်းယွီက ဘယ်လိုလုပ်ပြီး..ဒီလောက် အစွမ်းထက်သွားရတာလဲဟ’

All Chapters