← Chapters

အခန်း (၈၄၁-၈၄၃)

Vol. 57 Ch. 841-843

အခန်း (၈၄၁-၈၄၃)

Vol. 57 Ch. 841-843

အခန်း (၈၄၁) - တစ်အိုးတည်း အားလုံး သိမ်းကြုံး ဖမ်းလိုက်ခြင်း

~တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က နင်ချီ ၏ ပခုံးကို ပုတ်လိုက်ပြီး သူ့ကို အနည်းငယ် သနားစရာ ကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“အခု..မင်း သွားလို့ ရမယ့် လမ်းက တစ်လမ်းတည်းပဲ ကျန်တော့တာ အမှန်ပဲကွ”

ထို့နောက် နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ တောင်နှင့် ပင်လယ် ကမ္ဘာ တွင် အတိအကျ ဘာတွေ ဖြစ်ပျက်ခဲ့သနည်း၊ ပင်လယ်ဘိုးဘေးကြီး က တောင်ဘိုးဘေးကြီး ထံမှ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို ဘယ်လိုလုပ် လုယူသွားခဲ့သနည်း စသည့် အသေးစိတ် အချက်အလက် အချို့ကို စုံစမ်း မေးမြန်းလိုက်၏။

ပိုမို သိရှိ နားလည်သွားပြီးနောက်... နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။

“ကမ္ဘာ့အရှင်သခင်... ပင်လယ်ဘိုးဘေးကြီး က အမြဲတမ်း အဲဒီလိုပဲ ရူးသွပ်နေတတ်တာလား ခင်ဗျာ”

ပုံရိပ်ယောင်ကြီးက သက်ပြင်းချလိုက်ပုံ ရသော်ငြားလည်း နင်ချီ ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ဆိုလိုက်သည်။

“မင်း အနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေကို စပ်စုမနေတာ ပိုကောင်းမယ် ထင်တယ်။ အဲဒီအစား မင်းဆင်းသက်လာခဲ့တဲ့ နက်ရှိုင်းသော သစ္စာတရား နယ်မြေ နဲ့ အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာကိုပဲ နောက်တစ်ဆင့် အနေနဲ့ စဉ်းစားသင့်တယ်”

ထိုစကားကို ကြားလိုက်ရသောအခါ နင်ချီ ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားတော့၏။

“မင်း အနေနဲ့ ပင်လယ်ဘိုးဘေးကြီး ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ ဝိညာဉ်နယ်မြေ က ကျင့်ကြံသူ တွေကို ဆုံမှတ် တွေ ပိုပြီး ရလာအောင် ကူညီပေးလိုက်တာ ပိုကောင်းမယ်။ အဲဒီလို လုပ်ပေးရင် သူက မင်းကို ပိုပြီး တန်ဖိုးထားလာလိမ့်မယ်။ သူက နည်းနည်း ရူးသွပ်တယ် ဆိုပေမဲ့... သူ့အတွက် အလုပ်လုပ်ပေးတဲ့ ကိုယ့်လူတွေ အပေါ်မှာတော့ အင်မတန် ကောင်းကောင်း ဆက်ဆံတတ်ပါတယ်”

“ကျွန်တော် သဘောပေါက်ပါပြီ ခင်ဗျာ”

“မင်း သူတို့ဘက်ကို ဝင်လာပြီ ဆိုတဲ့ အကြောင်း ပင်လယ်ဘိုးဘေးကြီး ရဲ့ လက်အောက်မှာ ရှိတဲ့ ဝိညာဉ်နယ်မြေ အသီးသီး က စစ်သူကြီး တွေကို ငါ အကြောင်းကြားပြီးပါပြီ။ ဒါကြောင့် သူတို့က မင်းကို ပစ်မှတ်ထား လာမှာကို စိတ်ပူနေစရာ မလိုတော့ဘူး”

နင်ချီ က ခေါင်းညိတ်ပြလိုက်သည်။

နင်ချီ အနည်းငယ် စိတ်ရှုပ်သွားရ၏။ သူသည် တောင်နှင့် ပင်လယ် ကမ္ဘာ တွင် လူဝင်စား အဖြစ် ပြန်လည် မွေးဖွားလာခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး... အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း သူ သိမ်းပိုက်ရမည့် နယ်မြေ တစ်ခု အဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့သည်။

သူသည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို နောက်ဆုံးတွင် အပြည့်အဝ ပေါင်းစည်းနိုင်ခဲ့သော်ငြားလည်း... ယခုအခါ ရူးသွပ်နေသော မိန်းမ တစ်ယောက်က ၎င်းကို အပြည့်အဝ သိမ်းပိုက်သွားပြီး သူ့ကို ခြိမ်းခြောက်ရန် အသုံးပြုနေလေပြီ။

ပို၍ပင် စိတ်ရှုပ်သွားသည့် အချက်မှာ... လောလောဆယ်တွင် သူ တစ်ဖက်လူကို ဘာမှ လုပ်၍ မရနိုင်သေးခြင်းပင် ဖြစ်သည်။

မိမိတို့သည် တစ်ဖက်လူ၏ လက်အောက်ငယ်သား များနှင့် နှိုင်းယှဉ်လျှင် အရေအတွက် အလွန် နည်းပါးနေပြီး... ခွန်အား အားဖြင့်လည်း သူတို့ကို လိုက်မီနိုင်ဦးမည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ သူ၏ အစစ်အမှန် စွမ်းအားများကို အပြည့်အဝ အသုံးပြုမည် ဆိုလျှင်တောင်မှ... တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ ထို တစ်ဖက်လူကို သေချာပေါက် ယှဉ်နိုင်မည် မဟုတ်။

နင်ချီ က အဆိုးမြင် အတွေးများကို ခါထုတ်ပစ်လိုက်ရန် ခေါင်းကို ခါယမ်းလိုက်သည်။

သူက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ဆက်လက် မေးမြန်းလိုက်၏။

“ကမ္ဘာ့အရှင်သခင်... ဒီနေရာက တောင်ပိုင်း စစ်မြေပြင်နယ်မြေ ထဲက အထက် နယ်မြေ လား ခင်ဗျာ”

ထိုစကားကို ကြားသောအခါ၊ ပုံရိပ်ယောင်ကြီးက နင်ချီ ကို အံ့အားသင့်စွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

“မင်းက ဒီနေရာ အကြောင်းကို အရာအားလုံး သိနေပုံ ရတယ်။ မှန်ပါတယ်။ ဒါက တောင်ပိုင်း စစ်မြေပြင်နယ်မြေ ရဲ့ အထက် နယ်မြေ ပါပဲ”

၎င်းက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်... တစ်ခုခုကို အရိပ်အမြွက် ပြသည့်အလား လက်ကို မြှောက်ကာ မြောက်ဘက်သို့ လက်ညှိုး ညွှန်ပြလိုက်သည်။

“အဲဒီ အရပ်က အလယ်ဗဟို စစ်မြေပြင်နယ်မြေ ရှိတဲ့ နေရာပဲ”

နင်ချီ က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

“အလယ်ဗဟို စစ်မြေပြင်နယ်မြေ က ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး ကြားက အပြင်းထန်ဆုံး စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာလားဗျ”

ပုံရိပ်ယောင်ကြီးက ခေါင်းညိတ်ပြလိုက်သည်။

“အလယ်ဗဟို စစ်မြေပြင်နယ်မြေ က အလွန်တရာ ကျယ်ပြောလှပြီး... ကမ္ဘာကြီး နှစ်ခု ဆက်စပ်နေတဲ့ အဓိက အချက်အချာ နေရာ တစ်ခုပဲ။ အဲဒီ နယ်မြေ ထဲမှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး က အစွမ်းအထက်ဆုံး ဂိုဏ်းကြီး တွေက တိုက်ပွဲဝင် နေကြတယ်လေ”

နင်ချီ ၏ မျက်လုံးများ ချက်ချင်း တလက်လက် တောက်ပသွားတော့၏။

“အလယ်ဗဟို စစ်မြေပြင်နယ်မြေ ကို သိမ်းပိုက်နိုင်တာက... စစ်ပွဲ တစ်ခုလုံးရဲ့ အခြေကုပ်စခန်း ကို သိမ်းပိုက်နိုင်တာနဲ့ အတူတူပဲလား ခင်ဗျာ”

ပုံရိပ်ယောင်ကြီးက ပြန်လည် ဖြေကြားလိုက်၏။

“အဓိက အချက်အချာ ကျတဲ့ ပထဝီဝင် အနေအထား အရ ပြောရမယ် ဆိုရင်တော့... အဲဒီလို ပြောလို့ ရပါတယ်။ အတိုချုပ် ပြောရရင်... အကယ်လို့ မင်းမှာ အခွင့်အရေး ရှိတယ် ဆိုရင် စစ်ပွဲမှာ ပါဝင်ဖို့ အလယ်ဗဟို စစ်မြေပြင်နယ်မြေ ကို သေချာပေါက် သွားရမယ်။ အဲဒီနေရာဟာ နယ်မြေ နှစ်ခုလုံး က အတော်ဆုံး ပါရမီရှင်တွေ၊ အများဆုံး ကျင့်ကြံသူတွေ စုဝေးနေတဲ့ နေရာ ဖြစ်သလို... စစ်ရေး အောင်မြင်မှု အများဆုံး ရရှိနိုင်တဲ့ နေရာလည်း ဖြစ်တယ်လေ”

“ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ ခင်ဗျာ”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က သူ့ကို အရာအားလုံး ပြောပြပြီးနောက် မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတော့၏။

‘ဒီ စစ်ပွဲကို အရှိန်နည်းနည်း တင်ဖို့ အချိန်ကျပြီပဲ’

သူသည် နင်ချီ ပေးအပ်ထားသော ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် ကို အားလပ်ချိန်များတွင် လေ့လာနေခဲ့ပြီး... ၎င်းကို ဘိုးဘေးကြီး နှစ်ပါး အား ပြသခဲ့ပြီးပြီ ဖြစ်လေ၏။

ဘိုးဘေးကြီး နှစ်ပါး က သူတို့၏ အကျွမ်းကျင်ဆုံးသော မှော်လက်နက် ဖန်တီးသူများကို စုဆောင်းကာ ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် အခု (၁၀၀) ကို ဖန်တီးခဲ့ကြလေပြီ။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ၎င်းတို့ကို စစ်မြေပြင်နယ်မြေ အတွင်းရှိ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စစ်သူကြီး အားလုံးထံ ဖြန့်ဝေပေးရန် ပြင်ဆင်နေပြီ ဖြစ်သည်။

သတင်းအချက်အလက် များကို ပြောင်းလဲနိုင်စွမ်း ရှိသော ဤ မှော်ရတနာ ဖြင့် ဆိုလျှင်... ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များသာ စစ်ပွဲတွင် ပါဝင်နေရသော လက်ရှိ အခြေအနေမှာ မကြာမီ အဆုံးသတ်သွားမည် ဖြစ်ပြီး... ထို့နောက်တွင် ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး မှ အစစ်အမှန် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဝင်ရောက်လာရန် အချိန်ကျရောက်လာမည်ဟု သူ ယုံကြည်ထားလေ၏။

တစ်ဖက်လူ ပျောက်ကွယ်သွားပြီးနောက်... နင်ချီ က မေးစေ့ကို ပွတ်သပ်ကာ ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်သည်။

ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် ကို ထုတ်ယူကာ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက်... သူ၏ ကျင့်ကြံသူ စစ်တပ်ကြီး သုံးခုထံသို့ သတင်းစကား တစ်ခု ပေးပို့လိုက်၏။ ဤဒေသ အတွင်းရှိ ကျန်ရှိနေသေးသော ဆုံမှတ် များကို သိမ်းပိုက်ကာ ထိုအထဲရှိ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များကို ကူညီပေးရန် ညွှန်ကြားလိုက်တော့၏။

သူကိုယ်တိုင် အတွက်တော့... ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု ကို အရင်ဆုံး သိမ်းယူရန် ရည်ရွယ်ထားဆဲပင်။

…

ကျယ်ပြန့်သော ကမ္ဘာ အတွင်း၌...

သူတော်စင် ဘိုးဘေးကြီး သည် စစ်မြေပြင်နယ်မြေ ကို စူးစိုက် ကြည့်နေသည်။ သူသည် အသက်အရွယ် ကြီးရင့်နေပုံ ရသော်ငြားလည်း သူ၏ အကြည့်များမှာ ဓားသွား တစ်ခုအလား ထက်မြက် စူးရှနေ၏။

သူ ယခင်က စေလွှတ်လိုက်သော ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသည့် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) ရောက်ရှိနေသော စစ်မြေပြင်နယ်မြေ ကြီးမှာ... တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အရောင်များဖြင့် လုံးလုံးလျားလျား လွှမ်းခြုံခံထားရပြီ ဖြစ်ကြောင်း သူ မြင်တွေ့လိုက်ရသည်။

ထိုအခြေအနေကို ရင်ဆိုင်ရချိန်တွင် သူတော်စင် ဘိုးဘေးကြီး မှာ စစ်သူကြီးအို ကြီး တစ်ဦးအလား တည်ငြိမ်စွာဖြင့် လုံးဝ လှုပ်ရှားခြင်း မရှိချေ။

သူ့ကို အစိုးရိမ်ဆုံး ဖြစ်စေသော အချက်မှာ... ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) ကို စေလွှတ်လိုက်သည့်တိုင် သူတို့သည် နင်ချီ ကို အနိုင်မယူနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

အခန်း (၈၄၂) - တစ်အိုးတည်း အားလုံး သိမ်းကြုံး ဖမ်းလိုက်ခြင်း

~လေနတ်ဘုရား ပန်းချီကား နှင့် 'ဖိနှိပ်' စာလုံး ပါသော လက်ရေးလှ စာအုပ် တို့မှတစ်ဆင့် နင်ချီ နှင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် နှစ်ကြိမ်တိုင်တိုင် ထိပ်တိုက် တွေ့ဆုံခဲ့ပြီးနောက်... သူတော်စင် ဘိုးဘေးကြီး သည် နင်ချီ မှာ ရှားပါးသော ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း ပို၍၊ ပို၍ ခံစားလာရသည်။

ဘိုးဘေးကြီး.. သက်ပြင်းချလိုက်၏။

“ဒီလို ပါရမီရှင် မျိုးက တောင်နဲ့ ပင်လယ် ကမ္ဘာ မှာ မွေးဖွားလာခဲ့တာ တကယ့်ကို နှမြောစရာ ကောင်းလွန်းတယ်။ တကယ့်ကို အလဟဿ ဖြစ်သွားတာပဲ”

ယခင်က နင်ချီ အပေါ် သူတော်စင် ဘိုးဘေးကြီး ၏ သဘောထားမှာ အဓိကအားဖြင့် သူ့ကို ခြိမ်းခြောက်မှု တစ်ခု အနေဖြင့် ဖယ်ရှားပစ်ရန်သာ ဖြစ်သော်ငြားလည်း... ယခုအခါ သူတော်စင် ဘိုးဘေးကြီး သည် နင်ချီ ကို ကျယ်ပြန့်သော ကမ္ဘာ နှင့် အပြည့်အဝ ပေါင်းစည်းထားရန် ဆန္ဒရှိလာတော့၏။

အခြား အကြောင်းပြချက်များ ကြောင့် မဟုတ်ဘဲ... သူတို့၏ သွယ်ဝိုက်သော ထိပ်တိုက် တွေ့ဆုံမှု နှစ်ကြိမ်စလုံးတွင် တစ်ဖက်လူ၏ နည်းလမ်းများက သူ့အတွက် လန်းဆန်းမှု အသစ်များကို ပေးစွမ်းနိုင်ခဲ့သောကြောင့်သာ ဖြစ်ပါသည်။

သူတော်စင် ဘိုးဘေးကြီး သည် နင်ချီ အနေဖြင့် မိမိ.. အဆင့်တက်လှမ်းရန်နှင့်... တာအို ၏ အမြင့်ဆုံး နယ်ပယ် သို့ တက်လှမ်းရန်အတွက် သေချာပေါက် အကူအညီ ဖြစ်စေလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားလေ၏။

နင်ချီ နှင့် တိုက်ခိုက်ပြီးနောက်တွင်... သူသည် နင်ချီ ကို ပစ်မှတ်ထားသော သူ၏ သတ်ဖြတ်ရေး အကွက်များကို ပြန်လည် ပြင်ဆင် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။

သူ၏ အကြည့်များက တာအို ဖြတ်တောက်ထားသူများ ဝင်ရောက်သွားသော နောက်ဆုံး နယ်မြေငယ် (၂၀) ဆီသို့ ကျရောက်သွားရာ... ထို နယ်မြေများမှာ ကျယ်ပြန့်သော ကမ္ဘာ ကို ကိုယ်စားပြုနေသော ရွှေရောင် ဖျော့ဖျော့ အရောင်လေး များဖြင့် အပြည့်အဝ စွန်းထင်းနေကြောင်း တွေ့လိုက်ရ၏။

ဤသည်က ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် အယောက် (၂၀) သည်... ထိုအထဲရှိ ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီးကို အသုံးပြုကာ ထိုနယ်မြေကို လုံးလုံးလျားလျား သိမ်းပိုက်အောင် ကူညီပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း အထင်အရှား ပြသနေသည်။

သူတော်စင် ဘိုးဘေးကြီး သည် သူတို့ ထိုနေရာသို့ မရောက်ရှိခင်မှာပင်... ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် နောက်ထပ် ဆယ်ယောက် ကို သူ၏ လက်ရေးလှ လက်ရာ သုံးခု နှင့်အတူ စစ်မြေပြင်နယ်မြေ ဆီသို့ စေလွှတ်ထားခဲ့ပြီး ဖြစ်၏။

‘ဒီတစ်ကြိမ်မှာတော့ နင်ချီ ကို ဒီကို သေချာပေါက် ခေါ်လာခဲ့ရမယ်’

သူတော်စင် ဘိုးဘေးကြီး သည် သူ၏ ရိုးရှင်းပြီး မွမ်းမံထားခြင်း မရှိသော ခြံဝင်းလေး ရှေ့တွင် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေရင်း... စစ်မြေပြင်နယ်မြေ ဆီသို့ ဆက်လက် စူးစိုက် ကြည့်ရှုနေခဲ့၏။

သူသည် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် မှတစ်ဆင့်... နင်ချီ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ လက်ရေးလှ လက်ရာ သုံးခု ကို သူ့ရှေ့တွင် ချက်ချင်း ထုတ်ဖော် ပြသရန်နှင့် နင်ချီ ကို အမြန်ဆုံး ဖမ်းဆီးရန် လူတိုင်းကို အသိပေးထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် သူတော်စင် ဘိုးဘေးကြီး သည် မည်သည့် အမှားအယွင်းမျှ မဖြစ်ပေါ်စေရန်အတွက်... နင်ချီ နှင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် တတိယအကြိမ် ထိပ်တိုက် တွေ့ဆုံရန် ထိုနယ်မြေသို့ သူ၏ မှော်စွမ်းအားများကို လွှဲပြောင်းပေးရင်း၊ အချိန်မရွေး ပံ့ပိုး ကူညီမှုများ ပေးနိုင်ရန်အတွက် ကိုယ်ပိုင် အချိန်များကိုပင် ဖယ်ထားခဲ့၏။

အချိန်တွေက တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီး... မကြာမီမှာပင် သူတော်စင် ဘိုးဘေးကြီး ပင်လျှင် စိတ်မရှည်တော့ချေ။

သူက လက်ခုပ် တစ်ချက် တီးလိုက်ရာ... ရုတ်တရက် သူ၏ နောက်ကွယ်တွင် ပုံရိပ်ယောင် တစ်ခု ပေါ်ထွက်လာပြီး တပည့် တစ်ဦး၏ အရိုအသေ ပေးမှုဖြင့် ဂါရဝပြုလိုက်သည်။

“ဆရာ”

သူတော်စင် ဘိုးဘေးကြီး က သူ၏ မုတ်ဆိတ်မွေး များကို ပွတ်သပ်ရင်း မေးလိုက်၏။

“နင်ချီ က အခုထိ မပေါ်လာသေးဘူးလား”

ပုံရိပ်ယောင်က ခေါင်းခါယမ်းပြလိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။

“ဆရာ... ကျွန်တော်တို့ လူတွေ နယ်နိမိတ် နံရံ အပြင်ဘက်မှာ စောင့်နေတာ အချိန် အတော်ကြာနေပြီ။ ဒါပေမဲ့ ဘာလှုပ်ရှားမှု မှ မတွေ့ရသေးပါဘူး ခင်ဗျာ”

“မင်းက ဘာလို့ တခြား နယ်မြေတွေကို စုံစမ်းကြည့်ဖို့ မင်းရဲ့ စွမ်းရည်တွေကို အသုံးမပြုခဲ့တာလဲ”

ထိုစကားကို ကြားလိုက်ရသောအခါ ပုံရိပ်ယောင် မှာ လင်းလက်သွားပုံ ရသည်။

“တောင်းပန်ပါတယ် ဆရာ။ ဒီ တပည့် က မေ့တတ်လွန်းလို့... အဲဒါကို မေ့သွားတာပါ ခင်ဗျာ”

စကားဆုံးသည်နှင့် တစ်ပြိုင်နက်... သူက မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်ပြီး၊ သူ၏ အသက်ရှူသံများမှာ များစွာ ပိုမို တည်ငြိမ်ပြီး ညီညာလာတော့၏။

သူက သူ၏ စိတ်ကို စူးစိုက်လိုက်သည်နှင့်အမျှ... ကျယ်ပြောလှသော စွမ်းအားကြီး တစ်ခုက စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို ဖြတ်သန်း တဟုန်ထိုး စီးဆင်းသွားပြီး... ကျယ်ပြန့်သော ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံသွားသည့်အလား ဖြစ်နေတော့သည်။

စစ်မြေပြင်နယ်မြေ အတွင်း၌... အလားတူ စွမ်းအားမျိုးက မှေးမှိန်စွာ ပဲ့တင်ထပ်သွားပြီး၊ ၎င်းတို့ နှစ်ခုမှာ တူညီသော ကြိမ်နှုန်း ပေါ်တွင် ရှိနေကြသဖြင့်... ထိုအထဲရှိ အချက်အလက်များ အားလုံးကို မျက်စိတစ်မှိတ် အတွင်း ပြန်လည် ပို့ဆောင်ပေးလိုက်တော့၏။

မကြာမီမှာပင် ပုံရိပ်ယောင်ကြီးက မျက်လုံး ပြန်ဖွင့်လာပြီး... အမှားတစ်ခုခု လုပ်မိထားသော ကျောင်းသား တစ်ယောက်အလား ကြောက်ရွံ့နေသော အသံဖြင့် ဆိုလိုက်သည်။

“ဆရာ... ဒီ တပည့် စောစောစီးစီး သတိမထားမိခဲ့တာ အားလုံး ဒီ တပည့် အပြစ်တွေပါ။ နင်ချီ က သူ့ရဲ့ စစ်တပ်ကြီးကို ဦးဆောင်ပြီး နယ်မြေ ဖြတ်ကျော် သွားခဲ့ပြီ။ ဒါပေမဲ့ သူက မြောက်ဘက် တည့်တည့်မှာ ရှိတဲ့ စစ်မြေပြင်နယ်မြေ ဆီကို သွားခဲ့တာ ခင်ဗျ”

ကျယ်ပြန့်သော ကမ္ဘာ ၏ ရှုထောင့်မှ ကြည့်မည် ဆိုပါက... ၎င်းမှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ရှုထောင့်နှင့် အတိအကျ ဆန့်ကျင်ဘက် ဖြစ်နေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ သူတော်စင် ဘိုးဘေးကြီး မှာ မုတ်ဆိတ်မွေး ပွတ်သပ်နေမှုကို ရပ်တန့်လိုက်ပြီး၊ နောက်သို့ လှည့်ကာ ဆိုလိုက်၏။

“မင်း ဆိုလိုတာက... အဲဒီ ကောင်လေးက နယ်မြေကြီး တစ်ခုလုံးကို ဖြတ်ကျော်ပြီး မြောက်ဘက် တည့်တည့်မှာ ရှိတဲ့ စစ်မြေပြင်နယ်မြေ ဆီကို တောက်လျှောက် သွားခဲ့တာလား”

“ဟုတ်ကဲ့ပါ ခင်ဗျာ”

ဤအခိုက်အတန့်တွင် သူတော်စင် ဘိုးဘေးကြီး ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်တရာ နက်နဲ သိမ်မွေ့လှသည်။

သူသည် မလှုပ်ရှားမီ အမြဲတမ်း အသေအချာ အကွက်ချ စီစဉ်တတ်သူ တစ်ဦး ဖြစ်ပြီး... ရန်သူများ၏ ခွန်အား မည်မျှပင် ရှိစေကာမူ မည်သည့်အခါမျှ အထင်သေးလေ့ မရှိချေ။

"ခြင်္သေ့ တစ်ကောင်ဟာ ယုန်လေး တစ်ကောင်ကို ဖမ်းဖို့အတွက်တောင် အစွမ်းကုန် အသုံးပြုရတယ်" ဟူသော မူဝါဒကို... စွဲလမ်းမှု လွန်ကဲသော ရောဂါ [OCD] အဆင့်အထိ သူက လိုက်နာ ကျင့်သုံးလေ့ ရှိသူ ဖြစ်၏။

သို့သော် နင်ချီ က ဤ စေ့စပ် သေချာလှသော အစီအစဉ် များကို ရှောင်ကွင်းသွားနိုင်ခဲ့လေပြီ။

၎င်းမှာ မုဆိုး တစ်ယောက်က သားကောင် သွားမည့် လမ်းကြောင်းပေါ်တွင် သေချာပေါက် မိမည့် ထောင်ချောက် တစ်ခုကို ဆင်ထားသော်ငြားလည်း... သားကောင်က ထိုလမ်းကြောင်း အတိုင်း ရုတ်တရက် ဆက်မသွားတော့ခြင်းနှင့် ဆင်တူသည်။

သူတော်စင် ဘိုးဘေးကြီး မှာ အတော်လေး စိတ်ပျက်သွားရ၏။ နင်ချီ ၏ အပေါ်တွင် သူ လုံလောက်သော အာရုံစိုက်မှုများ ထားရှိခဲ့ပြီဟု သူ ထင်မှတ်ထားခဲ့သော်ငြားလည်း... နင်ချီ ၏ အခြေအနေ အလိုက် လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်း ကို သူ အထင်သေးမိခဲ့ကြောင်း ထင်ရှားလှသည်။

ယုတ္တိတန်တန် တွေးကြည့်မည် ဆိုပါက... နင်ချီ သည်လည်း တောင်နှင့် ပင်လယ် ကမ္ဘာ မှ တောင်ဘိုးဘေးကြီး၊ ပင်လယ်ဘိုးဘေးကြီး၊ နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် တို့၏ ကွပ်ကဲမှုအောက်တွင် ရှိနေသင့်၏။

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် မှတစ်ဆင့် စစ်မြေပြင်နယ်မြေ ထဲမှ ရရှိလာသော သတင်းအချက်အလက် များ အားလုံးကို အခြေခံပြီး... သူတော်စင် ဘိုးဘေးကြီး သည် သူနှင့် အဆင့်အတန်း တူညီသော တောင်နှင့် ပင်လယ် ကမ္ဘာ မှ ထိုကောင်များ၏ အကျင့်စရိုက် များကို ခွဲခြမ်းစိတ်ဖြာထားပြီးပြီပင်။

သူတို့ အားလုံးသည် ရည်မှန်းချက် ကြီးမားပြီး အောင်မြင်မှုကို အမြန်ဆုံး ရရှိလိုသော သဘောထားများ ရှိကြရာ... ၎င်းက နင်ချီ ကို အနောက်မြောက် စစ်မြေပြင်နယ်မြေ ကို အနိုင်ရရှိသွားစေခဲ့ခြင်း ဖြစ်၏။ နယ်မြေငယ် နှစ်ခုကို သိမ်းပိုက်ပြီးနောက်... နင်ချီ အနေဖြင့် တတိယမြောက် နယ်မြေကို အလွတ်ပေးဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။ လုံးဝ (လုံးဝ) မဖြစ်နိုင်ချေ။

သူတော်စင် ဘိုးဘေးကြီး က ရုတ်တရက် ပြုံးလိုက်ပြီး ဆိုလိုက်၏။

“စိတ်ဝင်စားစရာပဲ”

ဆိုလိုတာက ဖြစ်နိုင်ခြေ တစ်ခုတည်းပဲ ရှိတော့တယ်။

အဲဒါက နင်ချီ ကလည်း တစ်ဖက်လူတွေကို လွှမ်းမိုး ထိန်းချုပ်ထားနိုင်ခဲ့တာပဲ။ အဲဒါကြောင့် သူတို့က နင်ချီ လို အဆင့်နိမ့် လူတစ်ယောက်ကို နယ်မြေကြီး တစ်ခုလုံး ဖြတ်ကျော်သွားဖို့ ခွင့်ပြုလိုက်တာပေါ့။

“အရမ်း ကောင်းတယ်... နင်ချီ... နောက်တစ်ခါမှာလည်း မင်း ဆက်ပြီး ရှောင်တိမ်းနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်ကွာ”

…

တောင်ပိုင်း နယ်နိမိတ် ၏ အလယ်ဗဟို ဒေသ။

မတူညီသော နယ်မြေများမှ စစ်တပ်ကြီး ခြောက်ခု စုဝေးရောက်ရှိနေကြပြီး၊ နှစ်ဖက်စလုံးက မျက်နှာချင်းဆိုင် ရင်ဆိုင်ကာ အကြိတ်အနယ် တိုက်ခိုက်နေကြ၏။

ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး မှ ကျင့်ကြံသူ များမှာ အင်အား မတိမ်းမယိမ်း ဖြစ်နေကြပြီး၊ အားလုံးမှာ အလယ်အလတ် အဆင့် ဝိညာဉ်နယ်မြေ မှ လာကြသူများ ဖြစ်သည်။

တောင်နှင့် ပင်လယ် ကမ္ဘာ ဘက်တွင်... နယ်မြေ သုံးခု ၏ စစ်တပ်ကြီးကို အစွမ်းထက်သော ကျင့်ကြံသူ ကျန်းယွီယွဲ့ က ဦးဆောင်နေသည်။

သို့မဟုတ် သူ့ကို မိစ္ဆာ ဘုရင်ကြီး ဟု ခေါ်ဆို၍လည်း ရနိုင်၏။

သူသည် ပင်လယ်ဘိုးဘေးကြီး ၏ ကွပ်ကဲမှုအောက်ရှိ နဂါး နယ်မြေ ၏ နယ်မြေအရှင်သခင် ဖြစ်သည်။

သူ၏ နာမည်နှင့် လိုက်ဖက်စွာပင် ကျန်းယွီယွဲ့ သည် မိစ္ဆာ ငါးကြင်း တစ်ကောင်မှ နေ၍ နဂါး တံခါး ကို ကျော်ဖြတ်ကာ နဂါးနီ ကြီး တစ်ကောင် အဖြစ်သို့ အသွင်ပြောင်းသွားခဲ့သော ပေါင်းစည်းခြင်း နယ်ပယ် မဟာ မိစ္ဆာ တစ်ကောင် ပင်။

အခန်း (၈၄၃) - တစ်အိုးတည်း အားလုံး သိမ်းကြုံး ဖမ်းလိုက်ခြင်း

~ပင်လယ်ဘိုးဘေးကြီး သည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ သမုဒ္ဒရာ လေးစင်းလုံးကို အုပ်ချုပ်၏။ သူမ၏ လက်အောက်တွင် လူသား ကျင့်ကြံသူ များစွာ ရှိနေသေးသော်ငြားလည်း၊ မိစ္ဆာ မျိုးနွယ် များမှာလည်း ထက်ဝက်ခန့် ပါဝင်နေသည်။

သူတို့ အများစုမှာ လောကတွင် မွေးဖွားလာသော မိစ္ဆာ မျိုးနွယ် များ သို့မဟုတ် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ကုန်းမြေများပေါ်တွင် ဆက်လက် ရှင်သန်နိုင်စွမ်း မရှိတော့သော သူများ ဖြစ်ကြ၏။

ကျန်းယွီယွဲ့ ၏ ဘေးတွင် လူတစ်ယောက် နှင့် မိစ္ဆာ တစ်ကောင် ရှိနေသေးသည်။

လူမှာ သုံးခွ ခက်ရင်းကို ကိုင်ဆောင်ထား၏။... ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထား၏။ ရှည်လျားပြီး လွင့်ဝဲနေသော ဆံပင်များနှင့် ဖောင်းကြွနေသော ကြွက်သားများ ရှိသည့် ပင်လယ် ဧကရာဇ် နယ်မြေ မှ ရန်ပေါ်ဖျင် ပင် ဖြစ်၏။

အခြား မိစ္ဆာ တစ်ကောင်မှာမူ အလွန်တရာ ဆွဲဆောင်မှုရှိသော အသွင်အပြင် ရှိသော်ငြားလည်း... အလွန်တရာ အပြစ်ကင်းစင်သော ခံစားချက် တစ်ခုကို ပေးစွမ်းနိုင်သည်။

ထို မိစ္ဆာ ဘုရင်မ ကြီးသည် သူတော်စင် တစ်ဦးအလား ကျက်သရေ ရှိသော အထက်ပိုင်း ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသော်ငြားလည်း... သူမ၏ အောက်ပိုင်း ခန္ဓာကိုယ် မှာမူ ငါး သို့မဟုတ် မြွေ တစ်ကောင်နှင့် တူနေသည်။ သူမသည် လန်ယင်းယင်း ဟု အမည်ရသော ရှားပါးလှသည့် ရေသူမ မိစ္ဆာ ဘုရင်မ တစ်ပါး ပင် ဖြစ်၏။

သူမသည် သမုဒ္ဒရာ ဝဲဂယက် ဒေသမှ လာသူ ဖြစ်သည်။

ထိပ်တန်း မိစ္ဆာ ဘုရင်ကြီး နှစ်ပါး နှင့် ထိပ်တန်း အထွတ်အထိပ် ဘိုးဘေးကြီး တစ်ဦး တို့သည် နယ်မြေ သုံးခု ၏ စစ်တပ်ကြီးများကို ဦးဆောင်ကာ၊ ကျယ်ပြန့်သော ကမ္ဘာ မှ စစ်တပ်ကြီးနှင့် အကြိတ်အနယ် တိုက်ခိုက်နေကြ၏။

လန်ယင်းယင်း သည် အရောင်အသွေး စုံလင်လှသော ခရုခွံ ဝိညာဉ်ရတနာ တစ်ခုကို ကိုင်ဆောင်ထားပြီး... ၎င်းကို တိုးတိုးလေး မှုတ်နေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်ဖက်စလုံး တိုက်ခိုက်နေကြသော နေရာမှာ... ခရုခွံ မှ ထွက်ပေါ်လာသော နူးညံ့ သိမ်မွေ့သည့် သီချင်းသံများဖြင့် ပြည့်နှက်သွားတော့၏။

ငြိမ့်ညောင်းလှသော သီချင်းသံများက တစ်ဖက်ရှိ ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီးကို... နိုးထချင်စိတ် မရှိတော့လောက်အောင် ချိုမြိန်သော အိပ်မက် တစ်ခု ထဲတွင် ရောက်နေသည့်အလား ခံစားသွားရစေတော့သည်။

တစ်ခဏမျှ... တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များက ပြိုင်တူ တိုက်ခိုက်လိုက်ကြပြီး လူအများအပြား၏ အသက်များကို ရိတ်သိမ်းလိုက်ကြ၏။

ရန်ပေါ်ဖျင် သည် သူ၏ ခက်ရင်းခွ သုံးခွ ကို လွှဲယမ်းလိုက်ရာ... ၎င်းမှာ ပေတစ်ထောင်ခန့် အရွယ်အစား အထိ ကြီးမားလာလေသည်။ ၎င်းက အလိုအလျောက် လည်ပတ်ကာ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များ အုပ်စုဆီသို့ တဟုန်ထိုး ပျံသန်းသွားပြီး တရစပ် တိုက်ခိုက်လိုက်တော့သည်။ အကယ်၍ တစ်ဖက် ရန်သူ့ စစ်တပ်ကြီး၏ ရဲရင့်သော ခေါင်းဆောင်မှု သာ မရှိခဲ့လျှင်... မရေမတွက်နိုင်သော ကျင့်ကြံသူ များ သေချာပေါက် သေဆုံးသွားကြမည်သာ။

ကျန်းယွီယွဲ့ နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... သူက သူ၏ အစစ်အမှန် ရုပ်သွင်ကို တိုက်ရိုက် ထုတ်ဖော် ပြသလိုက်၏။

“ဝရော”

ဟင်းလင်းပြင် အတွင်း၌... အနီရောင် အကြေးခွံများနှင့် မီးတောက် နဂါးကြီး တစ်ကောင် ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းက ရေအောက် မီးတောင် တစ်ခု ပေါက်ကွဲထွက်လာသည့်အလား... အဆုံးအစမဲ့သော မှော်မီးတောက် များကို ကျယ်ပြန့်သော ကမ္ဘာ ၏ စစ်တပ်ကြီးဆီသို့ တဟုန်ထိုး မှုတ်ထုတ်လိုက်တော့၏။

သူတို့၏ ကွပ်ကဲမှုအောက်ရှိ နယ်မြေ သုံးခု မှ ကျင့်ကြံသူ များမှာလည်း အလွန်တရာ ရဲရင့် ကြမ်းတမ်းကြပြီး၊ ပုန်းအောင်းရန်၊ နောက်ဆုတ်ရန် အရိပ်အယောင် လုံးဝ မပြသကြချေ။

အခြား တစ်ဖက်ရှိ ကျယ်ပြန့်သော ကမ္ဘာ မှ စစ်သူကြီး သုံးဦးမှာလည်း အားလုံး အလွန်တရာ ထူးခြား အံ့မခန်း ဖြစ်ကြ၏။

သူတို့ထဲမှ တစ်ဦးမှာ မိစ္ဆာ တစ်ကောင်အလား ဖြစ်နေပြီး... အနီရောင် မိစ္ဆာ မျက်နှာဖုံး တစ်ခုကို တပ်ဆင်ထားသည့်အလား... သူ၏ ရုပ်ဆင်းသဏ္ဌာန် မှာ ထိုအတိုင်းပင် ဖြစ်နေသည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း သွေးများဖြင့် စွန်းထင်းနေသည့်အလား... သေးငယ်သော သွေးရဲရဲ နီနေသည့် အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး၊ အလွန်တရာ သွေးဆာနေသော မိစ္ဆာ ချီ စွမ်းအင် များကို ထုတ်လွှတ်နေသည်။

အခြား တစ်ယောက်မှာမူ သူ၏ ကျောဘက်တွင် လင်းနို့ တစ်ကောင်၏ အတောင်ပံ များနှင့် တူသော အမည်းရောင် အတောင်ပံ နှစ်ဖက် ရှိ၏။

ရှုပ်ပွနေသော ဆံပင်များနှင့် မိုးကြိုး နတ်ဘုရား တစ်ပါးအလား ဖြစ်နေသော သူသည်... ပေါ့ပေါ့ပါးပါး စကားတစ်ခွန်း ဆိုလိုက်ရုံဖြင့် ဟင်းလင်းပြင် အပေါ်သို့ ဧရာမ မိုးကြိုး လျှပ်စီးတန်း ကြီးတစ်ခုကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။

နောက်ဆုံး စစ်သူကြီး မှာမူ သာမန် လူသား တစ်ဦး ဖြစ်သော်ငြားလည်း... သူ၏ မျက်လုံးများမှာ မီးခိုးရောင် သန်းသော အဖြူရောင် ဖြစ်နေပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို လှမ်းကြည့်လိုက်မည် ဆိုပါက... ထိုသူ၏ ဝိညာဉ်ကို ဆွဲထုတ်ခံလိုက်ရပြီး လုံးလုံးလျားလျား သေဆုံးသွားမည့်အလား ထင်မှတ်ရသည်။

စစ်သူကြီး ခြောက်ဦးစလုံး နယ်မြေ ခြောက်ခု မှ စစ်တပ်ကြီးများ အတွင်းသို့ ဝင်ရောက်လာကြပြီး... အပြန်အလှန် အကြိတ်အနယ် တိုက်ခိုက်နေကြကာ နောက်ဆုံးတွင် တိုက်ပွဲ ကြီးတစ်ခု အဖြစ် ပေါက်ကွဲ ထွက်လာတော့၏။

ဤနေရာရှိ ဟင်းလင်းပြင် တစ်ခုလုံးမှာ သွေးများဖြင့် စွန်းထင်းနေရုံသာမက၊ ဖြတ်တောက်ခံထားရသော ထူးဆန်းသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်း အသီးသီးဖြင့် ပြန့်ကျဲနေသဖြင့်... ခပ်လှမ်းလှမ်းမှ ကြည့်မည် ဆိုပါက ငရဲပြည် တစ်ခုနှင့်ပင် တူနေသည်။

နှစ်ဖက်စလုံးမှာ အလွန်တရာ ကြမ်းတမ်း ပြင်းထန်လွန်းလှပြီး... မည်သည့် ကျင့်ကြံသူ ကမျှ နောက်မဆုတ်ကြချေ။ တိုက်ပွဲ ရှည်ကြာလာသည်နှင့်အမျှ နှစ်ဖက်စလုံးမှာ လုံးလုံးလျားလျား သွေးဆာလာကြတော့၏။

ရလဒ်အနေဖြင့် ပြတ်တောက်နေသော ကိုယ်အင်္ဂါ အစိတ်အပိုင်း များနှင့် ကြေမွနေသော ရုပ်အလောင်း များမှာ မြေကြီးပေါ်တွင် ပို၍ပို၍ များပြားလာတော့သည်။

မည်သည့်အချိန်က စတင်ခဲ့မှန်း မသိရသော်ငြားလည်း... မြေကြီးပေါ်တွင် စုပုံနေသော သွေးများမှာ နေရာအနှံ့အပြားသို့ စတင် စီးဆင်းသွားကြပြီး၊ နောက်ဆုံးတွင် အပြည့်အဝ စတေးခံခြင်း အဖြစ် သွေးများကို အသုံးပြုထားသော ကြောက်စရာ အခင်းအကျင်း ကြီးတစ်ခု အဖြစ် ဖွဲ့စည်းသွားတော့၏။

ရုတ်တရက် ထိုဒေသ တစ်ခုလုံးမှာ သွေးရောင် အလင်းတန်း များဖြင့် ပြည့်နှက်သွားပြီး... နယ်မြေ တစ်ခုလုံးကို လင်းထိန်သွားစေတော့၏။

မြေကြီးပေါ်တွင်... ဟင်းလင်းပြင် အတွင်းရှိ လူတိုင်းကို စူးစိုက် ကြည့်နေသော ဧရာမ သွေးရောင် မျက်လုံးကြီး တစ်လုံး ပွင့်လာသည့်အလား ဖြစ်နေတော့သည်။

မရေမတွက်နိုင်သော သွေးရောင် အလင်းတန်း များ အကြားတွင်... ကျောချမ်းဖွယ် ကောင်းသော အနက်ရောင် သံကြိုးများစွာ လှုပ်ယမ်း တုန်ခါနေကြပြီး၊ ထူးဆန်းသော ပွတ်တိုက်သံ များကို ထုတ်လွှတ်နေကြ၏။

All Chapters