← Chapters

အခန်း (၈၄၇-၈၄၉)

Vol. 57 Ch. 847-849

အခန်း (၈၄၇-၈၄၉)

Vol. 57 Ch. 847-849

အခန်း (၈၄၇) - ရေသူမလေး လန်ယင်းယင်း

~နောက်ဆုံးတွင် တစ်ဦးတည်းသော လူသား ကျင့်ကြံသူ ဖြစ်သည့် ရန်ပေါ်ဖျင် က ရှေ့သို့ ထွက်လာပြီး နင်ချီ ကို ရင်ဆိုင်လိုက်သည်။

“ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့ အတွက် အရှင်သခင် နင် ကို အလွန် ကျေးဇူးတင်ပါတယ် ခင်ဗျာ”

နင်ချီ က သိမ်မွေ့စွာ ပြုံးလိုက်၏။

“ကိစ္စ မရှိပါဘူးဗျာ။ အခုကစပြီး ငါတို့ အားလုံးက မိသားစု တစ်ခုတည်း ဖြစ်သွားပြီပဲ။ ဒီလို အခမ်းအနား တွေ လုပ်နေစရာ မလိုပါဘူး”

ရန်ပေါ်ဖျင် မှာ အတင်းအကျပ် ပြုံးလိုက်ရပြီး... ထိုအပြုံးမှာ အလွန်တရာ အသက်မပါဘဲ ဟန်ဆောင်နေရပုံ ရသည်။

“အရှင်သခင် နင်... နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ ခင်ဗျာ”

လူတစ်ယောက်၏ ဦးခေါင်းခန့် အရွယ်အစား ရှိသော ဆုံမှတ်ပုလဲ တစ်ခု နင်ချီ ၏ လက်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာပြီး၊ နူးညံ့သော အဖြူရောင် အလင်းတန်း များ ဖြာထွက်နေတော့၏။

ရန်ပေါ်ဖျင် နှင့် အခြားသူများ ၎င်းကို သတိပြုမိသွားသောအခါ သူတို့၏ မျက်လုံးများ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။

ဒီကောင်က ဒီနေရာက ဆုံမှတ်ပုလဲ ကို ဘယ်အချိန်တုန်းက သွားယူလိုက်တာလဲ။

သူတို့သည် ရုတ်တရက် လူပြက်များအလား ခံစားလိုက်ကြရသည်။

ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များသည် ဤ ဆုံမှတ် ကို ရရှိရန်အတွက် သေသည်အထိ အကြိတ်အနယ် တိုက်ခိုက်ခဲ့ကြသော်ငြားလည်း... နင်ချီ ကတော့ အရင်ဆုံး ရယူသွားခဲ့လေပြီ။

နင်ချီ က ဆုံမှတ်ပုလဲ ကို အသာအယာ အထက်သို့ ပစ်မြှောက်လိုက်ရာ... ၎င်းက ကောင်းကင် နယ်နိမိတ် နံရံ ဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့၏။

ထို့နောက် သူက မြေကြီးကို နောက်တစ်ကြိမ် လက်ညှိုး ညွှန်ပြလိုက်ပြန်သည်။

မြေကြီးပေါ်တွင် ယဇ်ပလ္လင် တစ်ခု မျက်စိတစ်မှိတ် အတွင်း ရုပ်လုံးပေါ်လာပြီး၊ မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်းမှာပင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ဆင်းသက်လာစေရန် ဆင့်ခေါ်လိုက်တော့၏။

အရာအားလုံး ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက်... ဤနေရာမှာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ နယ်မြေ တစ်ခု အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားတော့မည် ဖြစ်သည်။

နင်ချီ က ရန်ပေါ်ဖျင် ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ... ပြန်လည် မေးခွန်းထုတ်လိုက်၏။

“လူကြီးမင်းတို့ သုံးယောက် ရဲ့ ကြီးမြတ်တဲ့ နာမည်တွေကို မမေးရသေးဘူးနော်”

ထို သုံးဦးက သူတို့ကိုယ်သူတို့ တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်လိုက်ကြသည်။

နင်ချီ က ခေါင်းညိတ်ပြလိုက်၏။

“နယ်မြေအရှင်သခင် သုံးပါး... ဒီနယ်မြေ ထဲမှာ ကျန်နေသေးတဲ့ ဆုံမှတ် တွေကို ကျွန်တော့်ရဲ့ စစ်တပ်ကြီး က သိမ်းပိုက် ပြီးသွားပြီ ဖြစ်လို့... ဒီနယ်မြေ ဟာ အခုဆိုရင် တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ အပြည့်အဝ ထိန်းချုပ်မှု အောက်ကို ရောက်သွားပါပြီ။ နောက်တစ်ဆင့် အနေနဲ့... ကျွန်တော်က နယ်မြေ ဖြတ်ကျော်တဲ့ နည်းစနစ် တွေကို သုံးပြီး တခြား နယ်မြေ တစ်ခုကို သွားဖို့ စီစဉ်ထားတယ်။ နယ်မြေအရှင်သခင် သုံးပါး အနေနဲ့ ကျွန်တော်နဲ့ လိုက်ခဲ့ချင်သလား ခင်ဗျာ”

နင်ချီ နှင့် သူ၏ အဖွဲ့က ဤနယ်မြေ အတွင်းရှိ ကျန်ရှိနေသေးသော ဆုံမှတ် များ အားလုံးကို သိမ်းပိုက် ပြီးစီးသွားပြီ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ... ထို သုံးဦးမှာ နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားကြပြန်သည်။

နင်ချီ က ဤနယ်မြေ မှ ထွက်ခွာသွားတော့မည်ဟု ကြားလိုက်ရသောအခါ... ထို သုံးဦးစလုံးမှာ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ကြရ၏။

ကြည့်ရသည်မှာ... နင်ချီ ဤနယ်မြေ အတွင်းသို့ ရောက်လာပြီးကတည်းက သူတို့ ဘာမှ လုပ်စရာ မလိုတော့သည့် အလားပင်။

ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေနှင့် တိုက်စရာ မလိုတော့... ဘယ်လောက်ပဲ ခက်ခဲပါစေ နေရာအနှံ့မှာ ဆုံမှတ် တွေကို လိုက်ရှာနေစရာလည်း မလိုတော့ပေ။

ထိုမျှ မကသေးဘဲ... နင်ချီ ၏ အလုပ်လုပ်ပုံ အမြန်နှုန်း မှာလည်း ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းလှသည်။ သူက သူတို့ကို ကယ်တင်ခဲ့ရုံသာမက ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ အများအပြားကိုလည်း မျိုးတုံး သတ်ဖြတ်ခဲ့သေးသည်။ သူ အရာအားလုံးကို လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်၏။

ထို သုံးဦးမှာ လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားလိုက်ကြသည့်အခိုက်၊... မိမိတို့ အလွန်တရာ လေးစားရသော ပင်လယ်ဘိုးဘေးကြီး က နင်ချီ ကို တောင်ဘိုးဘေးကြီး ထံမှ ဘာကြောင့် လုယူသွားခဲ့ရသနည်း ဆိုသည်ကို ရုတ်တရက် နားလည် သဘောပေါက်သွားကြတော့၏။

ရန်ပေါ်ဖျင် နှင့် အခြားသူများ သတိပြန်ဝင်လာကြပြီး မေးလိုက်သည်။

“အရှင်သခင် နင်... ဘယ်ကို သွားဖို့ ရည်ရွယ်ထားလဲ ခင်ဗျာ”

ထိုအခါ၊ နင်ချီ က တောင်ဘက်သို့ လက်ညှိုး ညွှန်ပြကာ ဆိုလိုက်၏။

“မူလကတော့ အလယ်ဗဟို စစ်မြေပြင်နယ်မြေ ဆီကို တိုက်ရိုက် သွားဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ အခု ပင်လယ်ဘိုးဘေးကြီး ရဲ့ လက်အောက်ကို ရောက်သွားပြီ ဆိုတော့... ကိုယ့်လူ တွေကို အရင်ဆုံး ကူညီပေးရမှာပေါ့။ တောင်ပိုင်း စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို အရင်ဆုံး သိမ်းပိုက်ဖို့ ကျွန်တော် စီစဉ်ထားပါတယ်”

တခြား ရွေးချယ်စရာ လမ်းမှ မရှိသည်လေ... အခု အလယ်ဗဟို စစ်မြေပြင်နယ်မြေ ဆီကို သွားမည် ဆိုလျှင် သူ့ကိုယ်သူ မုန်တိုင်း ရဲ့ ဗဟိုချက် ထဲကို ပို့လိုက်သလို ဖြစ်သွားမည်ပင်။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို ထို ရူးသွပ်နေသော မိန်းမ ပင်လယ်ဘိုးဘေးကြီး က နောက်တစ်ကြိမ် ပြန်လည် ဓားစာခံ အဖြစ် ဖမ်းဆီးသွားပြီ မဟုတ်ပါလော။

နင်ချီ အနေဖြင့် ပင်လယ်ဘိုးဘေးကြီး ကို ကျေနပ်အောင် တစ်ခုခုတော့ လုပ်ပေးရမည်သာ ဖြစ်သည်။

ရန်ပေါ်ဖျင် က နင်ချီ ကို နက်နက်ရှိုင်းရှိုင်း စူးစိုက် ကြည့်လိုက်ရာ... သူ၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ် အဖြစ် အပြုံးတစ်ခု ပေါ်လွင်လာသော်ငြားလည်း၊ ၎င်းမှာ အစစ်အမှန် ဟုတ်မဟုတ် ဆိုသည်ကိုတော့ သဲသဲကွဲကွဲ မသိရချေ။

“ဒါဆိုရင်တော့... အရှင်သခင် နင် ရဲ့ ခရီးစဉ် မှာ ကျွန်တော်တို့ကို လိုက်ပါခွင့် ပြုပါ ခင်ဗျာ”

“ကောင်းပြီလေ”

ထို့ကြောင့် ရန်ပေါ်ဖျင် နှင့် အခြားသူများမှာ နင်ချီ နှင့် အခြားသူများ၏ နောက်မှ လိုက်ပါသွားကြပြီး တောင်ဘက်သို့ စတင် ပျံသန်း သွားကြတော့၏။

ခရီးစဉ် အတွင်း... နယ်မြေအရှင်သခင် သုံးပါး ဖြစ်ကြသော ရန်ပေါ်ဖျင် တို့ အဖွဲ့နှင့် ဓားဘိုးဘေးကြီး တို့ အဖွဲ့ အကြားတွင်လည်း အချင်းချင်း သတင်းအချက်အလက်များ ဖလှယ်ခဲ့ကြသည်။

ချီခယ်ချင်း၊ ကျူးယန့်ချွမ်း နှင့် အခြားသူများမှာ တောင်ဘိုးဘေးကြီး ၏ ကွပ်ကဲမှုအောက်တွင် ရှိနေကြကြောင်း ကြားလိုက်ရသောအခါ... ရန်ပေါ်ဖျင် နှင့် အခြား နှစ်ဦး၏ မျက်နှာသွင်ပြင် များ ရုတ်တရက် ပြောင်းလဲသွားကြရ၏။

သူတို့က တုံ့ဆိုင်းသွားကြပြီး... နင်ချီ ကို တစ်ချက် လှမ်းကြည့်

လိုက်ကြသော်ငြားလည်း ဘာမှ မပြောကြချေ။

အလွန်တရာ ထက်မြက်သော အာရုံခံနိုင်စွမ်း ရှိသည့် နင်ချီ သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်... တစ်ဖက်လူ၏ အတွေးများကို ချက်ချင်း နားလည် သဘောပေါက်သွားတော့၏။

သူက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

“ညီအစ်ကို ရန်... ကျွန်တော် သူတို့ကို ခေါ်မလာသင့်ဘူးလို့ ခင်ဗျား ထင်နေတာလား”

ရန်ပေါ်ဖျင် က ပြန်လည် ဖြေကြားလိုက်သည်။

“ညီအစ်ကို နင်... မင်း မသိလောက်ဘူး ထင်ပါတယ်။ ငါတို့ ပင်လယ်ဘိုးဘေးကြီး ရဲ့ လက်အောက်က ကျင့်ကြံသူ တွေနဲ့ တောင်ဘိုးဘေးကြီး ရဲ့ လက်အောက်က ကျင့်ကြံသူ တွေက... နှစ်ပေါင်းများစွာ ကြာအောင် တိုက်ပွဲ ဖြစ်နေခဲ့ကြတာလေ။ နှစ်ဖက်စလုံး ကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုး ရန်စတွေ ရှိနေတဲ့ အတွက်... သဘာဝကျကျပဲ ငါတို့က သူတို့ကို သတိထားနေရမှာပေါ့”

ချီခယ်ချင်း နှင့် အခြားသူများမှာ တိတ်ဆိတ်နေကြ၏။

အမှန်တကယ်တော့ သူတို့သည် ဤပြဿနာ အကြောင်းကို ယခင်ကတည်းက တွေးတောခဲ့ဖူးသော်ငြားလည်း... သူတို့ အနေဖြင့် နင်ချီ ကို စွန့်ခွာသွားရန် ဆိုသည်မှာ လုံးဝ (လုံးဝ) မဖြစ်နိုင်သော ကိစ္စတစ်ခု ပင် ဖြစ်သည်။

အခန်း (၈၄၈) - ရေသူမလေး လန်ယင်းယင်း

~စစ်မြေပြင်နယ်မြေ အတွင်း၌... ချီခယ်ချင်း၊ ကျူးယန့်ချွမ်း နှင့် သူတို့၏ လူများသည် သူတို့၏ စစ်တပ်ကြီးများကို ဦးဆောင်ကာ နင်ချီ ၏ နောက်သို့ မဖြစ်မနေ လိုက်ပါရမည်ဟု ဆုံးဖြတ်ထားခဲ့ကြပြီး ဖြစ်၏။

တခြား နည်းလမ်း မှ မရှိတာလေ။ နင်ချီ နှင့်အတူ အချိန် ဖြတ်သန်းပြီး သူ၏ နည်းလမ်း အမျိုးမျိုးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးနောက်... သူတို့၏ ယခင် အကျင့်ဟောင်းများဆီသို့ ပြန်သွားရန်နှင့် သူတို့၏ စစ်တပ်များကို တစ်ယောက်တည်း ဦးဆောင်ရန် ဆိုသည်မှာ သူတို့အတွက် အလွန်တရာ ခက်ခဲလွန်းလှသည်။

ထို့အပြင် သူတို့သည် နင်ချီ ကိုလည်း အပြည့်အဝ ယုံကြည်ကြ၏။ ဤမျှ အချိန်ကြာမြင့်စွာ အတူ ဖြတ်သန်းလာခဲ့ပြီးနောက်... နင်ချီ ၏ အကျင့်စရိုက် မှာ ယုံကြည် စိတ်ချရကြောင်း သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။

သေချာသည်မှာ ပို၍ အရေးကြီးသော အချက်မှာ... သူတို့သည် နင်ချီ ၏ နောက်သို့ လိုက်ပါမည် ဆိုကတည်းက... နင်ချီ ကို သူတို့၏ အကျိုးအမြတ် အနည်းဆုံး (၃၀) ရာခိုင်နှုန်း ကို ပေးအပ်ရမည် ဖြစ်ကြောင်းပင်။

ထင်ထားသည့်အတိုင်းပင် နင်ချီ က ရန်ပေါ်ဖျင် ကို စကားပြောလိုက်သံ ကြားလိုက်ရ၏။

“တောင်နဲ့ ပင်လယ် ကမ္ဘာ ထဲမှာတော့ ခင်ဗျားတို့ နှစ်ယောက် အချင်းချင်း တိုက်ခိုက်ချင် တိုက်ခိုက်ကြမှာပေါ့ဗျာ။ ဒါပေမဲ့ စစ်မြေပြင်နယ်မြေ ထဲမှာ... ပြီးတော့ ကျွန်တော့် ရှေ့မှာတော့ ခင်ဗျားတို့ အချင်းချင်း တိုက်ခိုက်လို့ မရဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်း ဆောင်ရွက်ရမယ်”

သူ၏ စကားများမှာ တည်ငြိမ်နေသော်ငြားလည်း လူတိုင်း၏ နှလုံးသားထဲတွင် မိုးခြိမ်းသံများအလား ပဲ့တင်ထပ်သွားတော့၏။

နယ်မြေအရှင်သခင် သုံးပါး ဖြစ်ကြသော ရန်ပေါ်ဖျင် တို့ အဖွဲ့မှာ တိတ်ဆိတ်နေကြပြီး... ၎င်းမှာ နင်ချီ ၏ အကြံအစည် ကို ဝန်ခံ လက်ခံလိုက်ခြင်းပင် ဖြစ်သည်။

သူတို့၏ ရင်တွင်း၌ မကျေနပ်မှုများ အနည်းငယ် ကျန်ရှိနေနိုင်သေးသော်ငြားလည်း... ယခင်က နင်ချီ ပြသခဲ့သော ခွန်အား များနှင့် နည်းလမ်း များကို ပြန်လည် တွေးတောမိလိုက်သောအခါ...

‘ထားလိုက်ပါတော့လေ... ဉာဏ်ပညာ ရှိတဲ့ သူဆိုတာ ဘယ်အချိန်မှာ အလျှော့ပေးရမလဲ ဆိုတာကို သိရတယ် မဟုတ်လား’

မကြာမီမှာပင် ထိုအဖွဲ့သည် နယ်နိမိတ် အတားအဆီး ကြီးဆီသို့ ရောက်ရှိလာကြ၏။

နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအားများကို အသုံးပြုကာ နယ်မြေ ဖြတ်ကျော် ဆက်သွယ်ရေး တံခါး ကို ဖွင့်လှစ်လိုက်တော့၏။

အခြားသော နယ်မြေများသို့ ကူးလူး ဆက်သွယ်နိုင်သော တံခါး ကြီးကို ကြည့်ရင်း... ရန်ပေါ်ဖျင် နှင့် အခြား နှစ်ဦးမှာ နင်ချီ အပေါ် အလွန်တရာ လေးစားစိတ် ဝင်သွားကြရသည်။

‘ဒီကောင်လေး …ဘယ်လောက်တောင် ကျွမ်းကျင်လဲ ဆိုတာကို ကြည့်ရုံနဲ့တင်... ဒါက သူ ပထမဆုံးအကြိမ် လုပ်တာ မဟုတ်ဘူး ဆိုတာ သေချာနေပြီလေ’

သူတို့သည် နင်ချီ အကြောင်းကို သိပ်ပြီး မသိရှိကြချေ။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူတို့ကို... နင်ချီ သည် ပင်လယ်ဘိုးဘေးကြီး လုယူလာခဲ့သော ပါရမီရှင် တစ်ဦး ဖြစ်ကြောင်းနှင့် နင်ချီ ကို ခွဲခြား မဆက်ဆံသင့်ကြောင်း ပြောခဲ့သည်ကိုသာ သိရှိထားကြ၏။

၎င်းမှ လွဲ၍ နင်ချီ နှင့် ပတ်သက်သော အခြား မည်သည့် အကြောင်းအရာကိုမျှ မည်သူကမျှ မသိရှိကြချေ။

စပ်စုချင်စိတ် ပြင်းပြစွာဖြင့် ရန်ပေါ်ဖျင် က ထပ်မံ မေးလိုက်ပြန်သည်။

“အရှင်သခင် နင်... အရှင် က နယ်မြေ တွေကို ဘယ်နှကြိမ်လောက် ဖြတ်ကျော်ခဲ့ပြီးပြီလဲ ခင်ဗျာ”

နင်ချီ ပြန်မဖြေခင်မှာပင်... ဘေးရှိ ဓားဘိုးဘေးကြီး က ဝင်ပြောလိုက်၏။

“အရှင်သခင် ရန်... စစ်မြေပြင်နယ်မြေ ထဲကို ဝင်လာပြီးကတည်းက ဒါက ကျွန်တော်တို့ နယ်မြေ ဖြတ်ကျော်တာ တတိယအကြိမ်မြောက် ပါပဲ”

သုံးကြိမ် တောင်လား။

ရန်ပေါ်ဖျင် နှင့် အခြား နှစ်ဦး ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြပြီး... သူတို့၏ စိတ်ထဲရှိ နင်ချီ ၏ ပုံရိပ်မှာ မျက်စိတစ်မှိတ် အတွင်း ပို၍ပင် ကြီးကျယ် ခမ်းနားလာတော့သည်။

လန်ယင်းယင်း ဟု အမည်ရသော ရေသူမ ဘုရင်မကြီးကမူ နင်ချီ ကို ကြင်နာ ယုယမှု များနှင့် ချစ်ခင် မြတ်နိုးမှု များဖြင့် ပြည့်နှက်နေသော အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။

အခန်း (၈၄၉) - ရေသူမလေး လန်ယင်းယင်း

~ရေသူမ မျိုးနွယ် များသည် အစွမ်းထက်သော သူများကို အလွန်တရာ လေးစားလေ့ ရှိကြ၏။

လန်ယင်းယင်း က ရုတ်တရက် ချိုသာစွာ ရယ်လိုက်၏။... သူမ၏ အသံမှာ အလွန်တရာ ဆွဲဆောင်မှု ရှိလှသည်။

“အရှင်သခင် နင် က လက်ထပ်ဖို့ ဆန္ဒရှိမလား မသိဘူးနော်”

သူမ၏ အသံမှာ နူးညံ့ပြီး ရှက်ရွံ့မှု အရိပ်အယောင် အချို့ ပါဝင်နေပေ၏...။ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက်၍ သူမ၏ ရဲတင်းလှသော မေးခွန်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး အတွင်းရှိ စစ်တပ် ဖွဲ့စည်းပုံ တစ်ခု အတွင်း၌...

ခရမ်းရောင် ဝတ်စုံကို ဆင်မြန်းထားသော လုဇီယွဲ့ သည် လန်ယင်းယင်း ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းကို ကိုက်ထားလိုက်၏။

နတ်မိမယ်တွေ အားလုံးက ဒီလောက်တောင် အရှက်မရှိကြတာလား။

တစ်ဖက်လူက ဤမျှ ရဲတင်းစွာဖြင့် စကားစမြည် စတင် ပြောဆိုလာသောအခါ... သူတို့ မော့ကြည့်ရုံသာ တတ်နိုင်သော ပြိုင်ဘက် တစ်ဦးနှင့် ကြုံတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။

မနာလိုမှု၊ ငြူစူမှု၊ မျက်စောင်းထိုးမှု၊ လှောင်ပြောင် သရော်မှု နှင့် အခြားသော ခံစားချက်များ အားလုံး တဟုန်ထိုး ထွက်ပေါ်လာကြတော့၏။

လန်ယင်းယင်း မှာ ထို အမျိုးသမီး ကျင့်ကြံသူ များ ထံမှ ရန်လိုမှုများကို လုံးဝ သတိမထားမိပုံ ရပြီး... သူမ၏ သန့်စင်သော မျက်နှာလေးမှာ နင်ချီ အပေါ်သို့သာ အာရုံစိုက်ထားကာ သူ၏ အဖြေကို စောင့်ဆိုင်းနေပုံ ရသည်။

နင်ချီ က ရယ်လိုက်ပြီး ဆိုလိုက်၏။

“ကျွန်တော်တို့ ကျင့်ကြံသူ တွေက အင်မော်တယ် လမ်းစဉ် ကိုပဲ လိုလား တောင့်တကြပြီး အမြင့်မြတ်ဆုံး တာအို ကိုပဲ ကျင့်ကြံကြတာလေ။ အချိန်တွေကို အချစ်ရေး တွေမှာ ဘယ်လိုလုပ်ပြီး အလဟဿ ဖြုန်းတီးနိုင်မှာလဲ။ တောင်းပန်ပါတယ်... ခင်ဗျားက မိန်းကလေး ကောင်း တစ်ယောက် ဖြစ်ပေမဲ့...ကျွန်တော်တို့က လိုက်ဖက်တဲ့ သူတွေ မဟုတ်ပါဘူး”

လန်ယင်းယင်း ၏ သိမ်မွေ့သော နှာခေါင်းလေး အနည်းငယ် တွန့်ချိုးသွားရ၏။... ရေအောက် ကမ္ဘာကြီး အလား ဖြစ်နေသော သူမ၏ အပြာရင့်ရောင် မျက်လုံးများမှာ သလင်းကျောက် အလင်းတန်းများအလား တလက်လက် တောက်ပနေသည်။

သူမက ယုံကြည်မှု အပြည့်ဖြင့် သဘာဝကျစွာပင် ပြန်ပြောလိုက်၏။

“အရှင်သခင် နင်... လောလောဆယ်တော့ သူငယ်ချင်း တွေပဲ လုပ်ကြတာပေါ့”

နင်ချီ က ခေါင်းခါယမ်းလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။

“ခင်ဗျားတို့ အားလုံး... ကျွန်တော့် အမိန့်ကို နားထောင်ပြီး နယ်မြေ ဖြတ်ကျော်ဖို့ အနောက်က လိုက်ခဲ့ကြပါ”

“အမိန့်အတိုင်းပါ..”

သူ၏ နယ်မြေ သုံးခု စစ်တပ်ကြီးက ကျယ်လောင်စွာဖြင့် ချက်ချင်း ပြန်လည် ဖြေကြားလိုက်ရာ... ရန်ပေါ်ဖျင် နှင့် ပင်လယ်ဘိုးဘေးကြီး ၏ ကွပ်ကဲမှုအောက်ရှိ အခြား ကျင့်ကြံသူ များကို အံ့အားသင့်သွားစေခဲ့သည်။

အကဲခတ် ကြည့်ရှုခြင်း မှတစ်ဆင့်... နင်ချီ သည် သူ၏ လက်အောက်ငယ်သား များ အပေါ် … မည်မျှအထိ ထိန်းချုပ်ထားနိုင်သနည်း ဆိုတာနှင့်... ထိုလူများက သူ့အပေါ် မည်မျှအထိ ယုံကြည် ကိုးစားကြသနည်း ဆိုတာကို သူတို့ ချက်ချင်း နားလည် သဘောပေါက်သွားကြတော့၏။

အတိုချုပ် ပြောရမည် ဆိုလျှင်... ပွင့်ပွင့်လင်းလင်း ပြောရပါက၊ တခြား နယ်မြေ က ကျင့်ကြံသူ တွေကို ဦးဆောင်ဖို့ ဆိုတာ ထားလိုက်ပါတော့... ကိုယ့် နယ်မြေ ထဲက ကျင့်ကြံသူ တွေကို ဦးဆောင်သော နေရာမှာတောင် သူတို့က နင်ချီ ကို လုံးဝ မမီနိုင်ဟု ခံစားလိုက်ကြရသည်။

အချုပ်အားဖြင့် ဆိုရလျှင်... နင်ချီ သည် မည်မျှအထိ စွမ်းအား ကြီးမြတ်သနည်း ဆိုတာကို သူတို့ ပို၍..ပို၍ ခံစားလာရ၏။

နင်ချီ နှင့် အခြားသူများ တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး ထဲသို့ ဝင်ရောက်သွားကြသည်ကို မြင်လိုက်ရသောအခါ... သူတို့လည်း သတိထားကာ ချက်ချင်း လိုက်ပါသွားကြတော့သည်။

လန်ယင်းယင်း ၏ ဘေးတွင် ကျန်းယွီယွဲ့ က ရုတ်တရက် အသံလွှင့်ကာ ဆိုလိုက်၏။

“ဝါး... မင်းက အဲဒီကောင် ကို တကယ်ပဲ သဘောကျနေတာလား”

လန်ယင်းယင်း က ပြန်လည် တုံ့ပြန်လိုက်သည်။

“အဲဒီလို ဆိုရင်ရော ဘာဖြစ်လဲ”

ကျန်းယွီယွဲ့ မှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက် အသံလွှင့် ပြောလိုက်ပြန်၏။

“ငါ အကြံပေးချင်တာကတော့... သူ့ရဲ့ နောက်ခံ အကြောင်းကို သေချာ မသိရသေးခင် သူ့အနားကို မကပ်တာ ပိုကောင်းမယ်နော်”

စကားဆုံးသည်နှင့် လန်ယင်းယင်း ၏ အဖြေကို မစောင့်တော့ဘဲ... ကျန်းယွီယွဲ့က ခြေတစ်လှမ်း တက်လှမ်းလိုက်ပြီး လန်ယင်းယင်း ၏ ရှေ့မှ ပျောက်ကွယ်သွားတော့သည်။

လန်ယင်းယင်း မှာ ကျန်းယွီယွဲ့၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို စူးစိုက် ကြည့်နေပြီး... သူ ဘာတွေများ တွေးနေသနည်း ဟု စဉ်းစားနေမိ၏။

သူမက ရုတ်တရက် ပြုံးလိုက်လေသည်။

…

“နောက်ခံ အကြောင်းတွေလား။ ငါ ပင်လယ်ဘိုးဘေးကြီး ဖြစ်ဖြစ်၊ ကမ္ဘာ့အရှင်သခင် ကို ဖြစ်ဖြစ်၊ မေးကြည့်လိုက်ရင် သိရမှာပေါ့”

သူမက အတော်လေး ရိုးအ ပြီး အချစ်ကြီးသူ တစ်ယောက်နှင့် တူနေ‌လေသည်။ အထူးသဖြင့် ရေသူမ များမှာ လူတစ်ယောက်တည်း အပေါ်တွင်သာ သစ္စာရှိစွာ မြှုပ်နှံထားလေ့ ရှိကြ၏။

သင်..နှစ်သက်သူနှင့် တွေ့သည့်အခါ... အဲဒါက တစ်သက်လုံး အတွက်ပင် ဖြစ်သည်လေ။

…

တောင်ပိုင်း စစ်မြေပြင်နယ်မြေဝယ်၊

နင်ချီ နှင့် အခြားသူများမှာ နယ်နိမိတ် ကို ဖြတ်ကျော်ပြီး အပြင်ဘက်သို့ ထွက်ပေါ်လာကြ၏။

ရန်ပေါ်ဖျင် နှင့် အခြား ကျင့်ကြံသူ များကလည်း နောက်မှ လိုက်ပါလာကြ၏။

ရုတ်တရက် သူတို့သည် နင်ချီ က သံလိုက်အိမ်မြှောင် နှင့် တူသော ပစ္စည်း တစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်တွေ့လိုက်ကြရသည်။

နင်ချီ က ထိုအထဲသို့ ဝိညာဉ်စွမ်းအင်များ သွင်းနှံလိုက်သည်နှင့် တစ်ပြိုင်နက်... ၎င်းမှနေ၍ အပြာရောင် အလင်းတန်း တစ်ခု ဖြာထွက်လာပြီး မြေပုံ တစ်ခု အဖြစ် ဖွဲ့စည်းသွားတော့၏။

ထိုအခါ ရန်ပေါ်ဖျင် နှင့် အခြားသူများ၏ မျက်နှာများပေါ်တွင် အံ့အားသင့်နေသော အမူအရာများ ပေါ်လွင်လာကြတော့၏။

“အရှင်သခင် နင်... ဒါက...”

နင်ချီ က ထိုအဖွဲ့ကို ဝေ့ဝဲကြည့်ကာ မေးလိုက်၏။

“ခင်ဗျားတို့ ကမ္ဘာ့အရှင်သခင် ဆီကနေ ကျွန်တော် တီထွင်ထားတဲ့ ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် ကို မရကြသေးဘူးလားဗျ”

ရန်ပေါ်ဖျင် နှင့် အခြား နှစ်ဦးမှာ ဇဝေဇဝါဖြင့် ခေါင်းများကို ခါယမ်းပြလိုက်ကြသည်။

နင်ချီ မှာ ဆွံ့အသွားရတော့၏။

‘တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်... ခင်ဗျားက တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ နယ်မြေအရှင်သခင် တွေ အားလုံးဆီ သံလိုက်အိမ်မြှောင် တွေ ဖြန့်ဝေပေးဖို့ကို တကယ်ပဲ.. ဒီလောက်တောင် အချိန်ဆွဲနေရတာလား’

အကယ်၍ သူသာ ၎င်းကို လူတိုင်းဆီ အမြန်ဆုံး မပို့ပေးလျှင်... သူ မျှော်လင့်ထားသော ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ စစ်ပွဲ အရှိန်မြှင့်တင်မှု ကို မည်သို့.. အကောင်အထည်ဖော် နိုင်မည်လဲ။

နင်ချီ သည် ဤပစ္စည်းကို ကျယ်ပြန့်သော ကမ္ဘာ ထံသို့ မည်သို့ ပေးအပ်ရမည်နည်း ဆိုသည်ကိုပင် တွေးတောနေခဲ့ပြီ ဖြစ်သည်။ သံလိုက်အိမ်မြှောင် တစ်ခု အကောင်းဆုံး အလုပ်လုပ်နိုင်ရန်အတွက်... တစ်ဖက်လူတွင်လည်း ၎င်းကို ပိုင်ဆိုင်ထားရန် လိုအပ်သည် မဟုတ်ပါလော။

အမှန်တကယ်တော့ နင်ချီ မသိရှိခဲ့သော အချက်တစ်ခုမှာ... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် အခြား နယ်မြေများရှိ လူများထံသို့ သံလိုက်အိမ်မြှောင် များကို ပေးပို့ပြီး ဖြစ်ကြောင်းပင်။

သို့သော် နင်ချီ သွားရောက်မည့် နေရာများတွင်တော့…‘နင်ချီ ရှိနေပြီ ဆိုမှတော့ ဘာလို့ ပို့နေဖို့ လိုဦးမှာလဲ’ ဟု တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က တွေးထင်ထားခဲ့ခြင်း ဖြစ်၏။

နင်ချီ က ဝိညာဉ်ကျောက်တုံး အချို့ကို ထုတ်ယူလိုက်ပြီး... သံလိုက်အိမ်မြှောင် ၏ ရိုးရှင်းသော ဗားရှင်း သုံးခုကို နေရာတင် ချက်ချင်း ဖန်တီးလိုက်ကာ ရန်ပေါ်ဖျင် နှင့် အခြား နှစ်ဦးထံသို့ ပေးအပ်လိုက်သည်။

ထို သုံးဦးမှာ သံလိုက်အိမ်မြှောင် များကို ကိုင်ဆောင်ထားရင်း ၎င်းတို့မှာ အတော်လေး ဆန်းသစ်နေကြောင်း တွေ့ရှိလိုက်ကြရ၏။

ဝိညာဉ်စွမ်းအင်များ သွင်းနှံလိုက်ပြီးနောက်တွင်တော့... သူတို့ ပို၍ပင် အံ့အားသင့်သွားကြတော့သည်။

‘အိုး... နင်ချီ က နယ်မြေ သုံးခု ကို ဒီလောက် မြန်မြန်ဆန်ဆန် ဖြတ်သန်း သွားလာနိုင်ခဲ့တာ မဆန်းပါဘူးလေ။ သူ့ဆီမှာ ဒီလို ထက်မြက်လှတဲ့ လက်နက် မျိုး ရှိနေတာကိုး’

သူတို့၏ နှလုံးသားထဲတွင် နင်ချီ ၏ အရေးပါမှု မှာ သူတို့ မသိလိုက်ဘဲ သိသိသာသာ မြင့်တက်လာခဲ့ပြီး... သူတို့၏ ယခင်က သတိထားနေမှု များနှင့် ရန်လိုမှု များမှာလည်း လျင်မြန်စွာ လျော့ကျသွားတော့၏။

All Chapters