← Chapters

အခန်း (၈၅၀-၈၅၂)

Vol. 57 Ch. 850-852

အခန်း (၈၅၀-၈၅၂)

Vol. 57 Ch. 850-852

အခန်း (၈၅၀) - နင်ချီ အောင်ပွဲခံနိုင်မည့် အဓိက သော့ချက်

~တောင်ပိုင်း စစ်မြေပြင်နယ်မြေ ၏ အလယ် နယ်မြေ မြေပုံ တစ်ခု နင်ချီ ၏ ရှေ့တွင် ပေါ်ထွက်လာတော့၏။

နင်ချီ က ၎င်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အလယ် နယ်မြေ ၏ အခြေအနေများကို ချက်ချင်း ရှင်းလင်းစွာ နားလည် သဘောပေါက်သွားတော့၏။

အလယ် နယ်မြေ ၏ အခြေအနေမှာ အထက် နယ်မြေ နှင့် ဆင်တူနေသည်။

ဆုံမှတ် (၃၆) ခု အနက်မှ... ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု ကို ဖယ်ရှားလိုက်မည် ဆိုပါက သိမ်းပိုက်ရန် ကျန်ရှိနေသေးသော ဆုံမှတ် ရှစ်ခု ရှိနေသေးပြီး၊ ထိုအထဲရှိ ကျင့်ကြံသူ နှစ်ဖွဲ့မှာ အကြိတ်အနယ် တိုက်ခိုက်နေကြဆဲ ဖြစ်၏။

ဤအခြေအနေကို မြင်လိုက်ရသောအခါ နင်ချီ အနေဖြင့် သဘာဝကျကျပင် လောမကြီးသော်ငြားလည်း အချို့သော သူများကတော့ အလျင်လိုနေကြပြီ ဖြစ်သည်။

နင်ချီ ထံမှ သံလိုက်အိမ်မြှောင် ကို ရရှိပြီးနောက်... ရန်ပေါ်ဖျင် နှင့် သူ၏ သူငယ်ချင်း နှစ်ဦးမှာ အစပိုင်းက စိတ်လှုပ်ရှားမှု များမှ အနိုင်နိုင် ရုန်းထွက်လာပြီးနောက် ချက်ချင်း အလုပ်စတင် လုပ်ဆောင်လိုက်ကြ၏။

သူတို့သည် အလယ် နယ်မြေ ၏ အခြေအနေများကို သဘာဝကျကျပင် သတိပြုမိသွားကြပြီး ထို သုံးဦးစလုံး၏ မျက်နှာသွင်ပြင် များ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ရန်ပေါ်ဖျင် က ဆိုလိုက်၏။

“အရှင်သခင် နင်... ကျွန်တော်တို့ရဲ့ ကျင့်ကြံသူ တွေက ဒီနယ်မြေ ထဲမှာ အကြိတ်အနယ် တိုက်ခိုက်နေကြတယ်။ ကျွန်တော်တို့ သွားပြီး စစ်ကူပေးရမယ်”

သူ၏ ဘေးရှိ ကျန်းယွီယွဲ့ နှင့် လန်ယင်းယင်း တို့ကလည်း ဦးညွှတ်ကာ တောင်းဆိုလိုက်ကြ၏။

“အရှင်သခင် နင် ရဲ့ အကူအညီကို ကျွန်တော်တို့ (ကျွန်မတို့) ရိုသေစွာ တောင်းခံပါတယ် ခင်ဗျာ (ရှင်)”

နင်ချီ က ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ပြန်လည် ဖြေကြားလိုက်သည်။

“ကောင်းပြီလေ... ကျွန်တော် ခင်ဗျားတို့နဲ့ လိုက်ခဲ့ပြီး သူတို့ကို အရင်ဆုံး ကယ်တင်ပေးပါ့မယ်။ ဒါပေမဲ့ အရင်ဆုံး ရှင်းရှင်းလင်းလင်း သဘောတူထားရအောင်... ဒီနယ်မြေ ထဲမှာ ကျန်နေသေးတဲ့ ဆုံမှတ် တွေရဲ့ တစ်ဝက်ကို ကျွန်တော်တို့ စစ်တပ်ကြီး က ယူရမယ်”

ရန်ပေါ်ဖျင် နှင့် အခြားသူများက သံလိုက်အိမ်မြှောင် ပေါ်တွင် ပြသထားသော မြေပုံ ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ကြ၏။ တစ်ဝက် ဆိုသည်မှာ ဆုံမှတ် လေးခု ကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။

ဆုံမှတ် လေးခု ကို သိမ်းပိုက်ခြင်းမှ ရရှိလာမည့် အကျိုးအမြတ် များနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ဤသဘောတူညီချက် မှာ အလွန်တရာ တန်ဖိုးရှိလှသည်။

သူတို့သည် နင်ချီ ၏ ရည်ရွယ်ချက်ကို နားလည် သဘောပေါက်ကြ၏။

သူက လူတွေကို ကယ်တင်ပြီးမှ အကျိုးအမြတ် တွေ အကြောင်း ဆွေးနွေးပါက... သူတို့ အနေဖြင့် လက်ခံရန် ဆန္ဒမရှိဘဲ နေမည်ကို စိုးရိမ်သောကြောင့် အကျိုးအမြတ် ခွဲဝေမှု အကြောင်းကို အရင်ဆုံး ပြောဆိုရခြင်း ဖြစ်သည်။

သေချာသည်မှာ... နင်ချီ ၏ မူလ အကြံအစည်မှာ ဤနယ်မြေ အတွင်းရှိ ကျန်ရှိနေသေးသော ဆုံမှတ် များ အားလုံးကို ရယူရန်ပင်။

သို့သော် ယခုအခါ ပင်လယ်ဘိုးဘေးကြီး ၏ ခြိမ်းခြောက်မှုကို ခံထားရပြီ ဖြစ်ရာ... သူသည် သူ၏ ကွပ်ကဲမှုအောက်ရှိ ဤလူများနှင့် ဆက်ဆံရေး အဆင်ပြေအောင် ထိန်းသိမ်းထားရမည် ဖြစ်ပြီး အကျိုးအမြတ် အချို့ကိုလည်း ခွဲဝေပေးရမည်သာ ဖြစ်သည်။

“ဒီနယ်မြေ ထဲက ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ ကိုယ်စား... ကျွန်တော်တို့ သဘောတူပါတယ် ခင်ဗျာ” ဟု ရန်ပေါ်ဖျင် က လက်ယှက် ဂါရဝပြုကာ ပြန်လည် ဖြေကြားလိုက်သည်။

နင်ချီ က အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီလေ... ဒါဆို ငါတို့ သွားကြတာပေါ့”

စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူက သူ၏ စစ်တပ်ကြီးကို ချက်ချင်း စုစည်းလိုက်ပြီး ရန်ပေါ်ဖျင် တို့ အဖွဲ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ထို့နောက် နင်ချီ က ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့ သုံးယောက်... ဒီနယ်မြေ က တာအို မိတ်ဆွေ တွေကို အမြန်ဆုံး ကယ်တင်နိုင်ဖို့ အတွက်... ကျွန်တော့်ရဲ့ အမိန့်တွေကို ယာယီ နာခံဖို့ ဆန္ဒရှိမလား မသိဘူးဗျ”

ရန်ပေါ်ဖျင် နှင့် အခြား နှစ်ဦးမှာ တစ်ခဏမျှ အံ့အားသင့် မှင်သက်သွားကြတော့သည်။

နင်ချီ က သူ၏ စစ်တပ်ကြီးကို လက်ညှိုး ညွှန်ပြကာ ဆက်ပြောလိုက်၏။

“ခင်ဗျားတို့ အရင်က ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတဲ့ အတိုင်းပဲ... ကျွန်တော် ကယ်ဆယ်ရေး စစ်ဆင်ရေး တွေကို ဦးဆောင်တဲ့ အခါ အငိုက်ဖမ်း တိုက်ခိုက်ဖို့နဲ့ ရန်သူတွေကို မမျှော်လင့်ထားတဲ့ အချိန်မှာ ဝင်တိုက်ဖို့ကို အဓိက ထားတယ်။ အကယ်လို့ ခင်ဗျားတို့ က လူတွေကို အရင်ကလောက် မြန်မြန်ဆန်ဆန် ကယ်တင်ချင်တယ် ဆိုရင်... ကျွန်တော့်ရဲ့ ခေါင်းဆောင်မှု အောက်မှာမှ အကောင်းဆုံး စွမ်းဆောင်ရည် ကို ရရှိနိုင်လိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ရန်ပေါ်ဖျင် နှင့် အခြား နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြ၏။

နင်ချီ က စစ်သူကြီး နေရာကို ယူချင်နေသော်ငြားလည်း... သူတို့ နင်ချီ နှင့် စတင် တွေ့ဆုံခဲ့ချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် တွေးတော

ကြည့်လိုက်သောအခါ၊ နင်ချီ ပြောသည်မှာ မှန်ကန်ကြောင်း သူတို့လည်း တွေးမိကြပါသည်။

နင်ချီ ၏ စစ်တပ်ကြီးနှင့် နှိုင်းယှဉ်ကြည့်ပါက... အစွမ်းထက်သော နေရာ အနည်းငယ်မှလွဲ၍ ကျန်သည့် အရာအားလုံးတွင် မိမိတို့က နိမ့်ကျနေကြောင်း သတိပြုမိခဲ့ကြ၏။

စစ်တပ် ဖွဲ့စည်းပုံ များကိုပဲ ဖြစ်ဖြစ်၊ နင်ချီ ၏ ထူးခြား ဆန်းပြားလှသော ကိုယ်ယောင်ဖျောက် နည်းစနစ် များကိုပဲ ဖြစ်ဖြစ်၊ သူ၏ ကြောက်မက်ဖွယ် ကောင်းသော ခွန်အားကိုပဲ ဖြစ်ဖြစ်... အကယ်၍ သူတို့၏ ရည်မှန်းချက်မှာ လူများကို အမြန်ဆုံး ကယ်တင်ရန် ဖြစ်ပါက နင်ချီ ၏ အမိန့်ပေး ကွပ်ကဲမှုအောက်တွင် နေထိုင်ခြင်းက သဘာဝကျကျပင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ရန်ပေါ်ဖျင် နှင့် အခြား နှစ်ဦးက ပြိုင်တူ ပြန်လည် ဖြေကြားလိုက်ကြ၏။

“ကောင်းပါပြီ... လူတွေကို ကယ်တင်မယ့် ဒီကိစ္စမှာ အရှင်သခင် နင် ပြောတဲ့အတိုင်းပဲ ကျွန်တော်တို့ (ကျွန်မတို့) လုပ်ပါ့မယ် ခင်ဗျာ (ရှင်)”

ထိုအခါ၊ နင်ချီ က သိမ်မွေ့စွာ ပြုံးလိုက်၏။

တစ်ဖက်လူတွေ လက်မခံမှာကို စိတ်ပူနေစရာ မလိုပါ...။ တစ်ခါ လက်ခံပြီးသွားပြီ ဆိုတာနှက့် သူ၏ ခေါင်းဆောင်မှုက ဘယ်လောက်တောင် ကွာခြားလဲ ဆိုတာကို သူတို့ ခံစားရမှာ သေချာပါသည်။

အခန်း (၈၅၁) - နင်ချီ အောင်ပွဲခံနိုင်မည့် အဓိက သော့ချက်

~ချီခယ်ချင်း၊ ကျူးယန့်ချွမ်း နှင့် အခြားသူများ ကဲ့သို့ပင်... သူတို့သည် တဖြည်းဖြည်းချင်း သူ့အပေါ် အပြည့်အဝ မှီခိုလာကြမည်သာ ဖြစ်သည်။ ထိုအချိန်ကျလျှင် ဤလူများ အားလုံးမှာ သူ၏ သစ္စာရှိသော နောက်လိုက်များ ဖြစ်လာကြပေလိမ့်မည်။

ထိုအတွေးက နင်ချီ ၏ ခေါင်းထဲတွင်

လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။

‘ဒါက ပင်လယ်ဘိုးဘေးကြီး ရဲ့ လက်အောက်ငယ်သား တွေကို ခိုးယူ စည်းရုံးလိုက်တာလို့ သတ်မှတ်လို့ ရမလား’

‘ဘာပဲဖြစ်ဖြစ်လေ... ဒါက အနာဂတ်အတွက် ကြိုတင် ပြင်ဆင်မှု တစ်ခု အနေနဲ့ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်တာပါပဲ’

မည်သို့ပင်ဆိုစေ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး အပါအဝင် စစ်မြေပြင်နယ်မြေ တစ်ခုလုံးတွင်... ဝိညာဉ်နယ်မြေ မှ ကျင့်ကြံသူ နှစ်ရာကျော်ခန့် ရှိနိုင်ပြီး နောက်ပိုင်းတွင် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး များ ဝင်ရောက်လာကြဦးမည် မဟုတ်ပါလော။

သူ ၏ ကွပ်ကဲမှုအောက်တွင် လက်အောက်ငယ်သား လုံလောက်စွာ မရှိပါက... သူ တစ်ယောက်တည်း လုပ်ဆောင်နိုင်စွမ်း ရှိသော အရာများမှာ အလွန်တရာ အကန့်အသတ် ရှိနေမည်သာပင်။

ထို့ကြောင့် နင်ချီ သည် ရန်ပေါ်ဖျင် ၏ အဖွဲ့ကို သူ၏ ကိုယ်ပိုင် စစ်တပ်ကြီးထဲသို့ ယာယီ ပေါင်းစပ် ထည့်သွင်းရန် သူ၏ စွမ်းရည်များကို အသုံးပြုလိုက်သည်။

ဤ ကျင့်ကြံသူ မိစ္ဆာ ဘုရင်ကြီး များမှာ တစ်ယောက်ပြီး တစ်ယောက် ပြန့်ကျဲသွားကြပြီး၊ နင်ချီ ၏ စစ်တပ်ကြီးထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက်... တစ်ခုခု ကွဲပြားခြားနားနေကြောင်းကို ချက်ချင်း ခံစားလိုက်ကြရ၏။

လူတိုင်းမှာ ကိုယ်စီကိုယ်ငှ.. သင့်လျော်သော နေရာများတွင် ရှိနေကြပြီး၊ တည်ကြည် လေးနက်မှု နှင့် စနစ်တကျ ရှိမှု တို့က သူတို့၏ စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော် အသုံးချနိုင်စွမ်း ရှိစေရန် ဖန်တီးပေးနေသည်။

နယ်မြေအရှင်သခင် သုံးပါး ဖြစ်ကြသော ရန်ပေါ်ဖျင်၊ ကျန်းယွီယွဲ့ နှင့် လန်ယင်းယင်း တို့ကိုပင်... ဓားဘိုးဘေးကြီး၊ ချီခယ်ချင်း၊ ကျူးယန့်ချွမ်း တို့နှင့်အတူ သူတို့၏ ကိုယ်ပိုင် အဖွဲ့များ ဖွဲ့စည်းရန်အတွက် နင်ချီ က နေရာ ပြန်လည် ချထားပေးလိုက်၏။

ကြိုတင် ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားပြီးနောက် နင်ချီ က ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူ ကွပ်ကဲနေသော စစ်တပ်ကြီး တစ်ခုလုံးမှာ ကိုယ်ယောင်ဖျောက် အခင်းအကျင်း ၏ လွှမ်းခြုံမှုကို ခံလိုက်ရတော့၏။

နင်ချီ က သူ၏ သိုလှောင်ရေး ဟင်းလင်းပြင် ထဲမှ လုံလောက်သော ဝိညာဉ်ကျောက်တုံး များနှင့် စည်းမျဉ်း အပိုင်းအစ များကို ထုတ်ယူကာ... အားလုံးကို မှုန့်မှုန့်ညက်ညက် ကြေမွအောင် ချေမွပစ်လိုက်သည်။

ထိုအထဲရှိ ဝိညာဉ်ချီ များနှင့် စည်းမျဉ်း စွမ်းအား များကို နင်ချီ က လမ်းညွှန် ထိန်းချုပ်လိုက်ပြီး... သူ့ရှေ့တွင် ဧရာမ တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး ကြီးတစ်ခု အဖြစ် မျက်စိတစ်မှိတ် အတွင်း စုစည်း ဖန်တီးလိုက်တော့၏။

ရန်ပေါ်ဖျင် နှင့် ပင်လယ်ဘိုးဘေးကြီး ၏ ကွပ်ကဲမှုအောက်ရှိ အခြား ကျင့်ကြံသူ များမှာ... သူတို့ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အလွန်တရာ အံ့အားသင့် တုန်လှုပ်သွားကြတော့သည်။

‘ဘုရားရေ...ငါတို့ ဘာကို မြင်လိုက်ရတာလဲ။ စစ်တပ်ကြီး တစ်ခုလုံးကို ဟင်းလင်းပြင် ဖြတ်ကျော် သွားလာနိုင်အောင် လုပ်ပေးနိုင်မယ့် တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး ကြီးတစ်ခု ပါလား’

လမ်းလျှောက်နေသော စစ်သားသစ်လေးများ က... ရုတ်တရက် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော အခြား တပ်ဖွဲ့ တစ်ခုနှင့် ဆုံတွေ့လိုက်ရ၏။ ထိုတပ်ဖွဲ့၏ ခေါင်းဆောင်က သူတို့ကို အခမဲ့ လိုက်ပါ စီးနင်းခွင့် ပေးလိုက်သည်နှင့် ဆင်တူနေသည်။

ရန်ပေါ်ဖျင် နှင့် အခြားသူများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားမှု များဖြင့် ပြည့်နှက်သွားကြတော့၏။

ထို ကျင့်ကြံသူ အချို့က နင်ချီ ၏ ကွပ်ကဲမှုအောက်ရှိ ကျင့်ကြံသူ များကို တိတ်တဆိတ် ခိုးကြည့်လိုက်ကြရာ... ထိုသူများမှာ သူတို့၏ ကျောပြင်ကို ချက်ချင်း မတ်မတ် ထားလိုက်ကြပြီး... 'ကလေးလေး... ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား' ဟု ပြောနေသည့်အလား သူတို့ကို လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။

တစ်ခဏမျှ... လူတိုင်းက သူတို့ကိုယ်သူတို့ ကမ္ဘာကြီးကို တစ်ခါမှ မမြင်ဖူးသူများအလား သိမ်ငယ်သွားသလို ခံစားလိုက်ကြရသည်။

ရန်ပေါ်ဖျင်၊ ကျန်းယွီယွဲ့ နှင့် လန်ယင်းယင်း တို့သည် နင်ချီ ကို စူးစိုက် ကြည့်နေကြပြီး... သူတို့၏ စိတ်ထဲတွင် တွေးတောနေမိကြ၏။

‘ဒီကောင် ဆီမှာ နောက်ထပ် စွမ်းရည် ဘယ်နှခုလောက်များ ဖုံးကွယ်ထားသေးတာလဲ’

.. နင်ချီ နှင့် စတင် တွေ့ဆုံခဲ့ချိန်မှစ၍... သူ ပြသခဲ့သော စွမ်းရည် အမျိုးမျိုးက သူတို့ကို အလွန်တရာ အံ့အားသင့်သွားစေခဲ့သည်။

နင်ချီ သည် မိမိတို့၏ ရှေ့တွင် သူ၏ စွမ်းအားများကို တမင်တကာ ကြွားလုံးထုတ် ပြသနေခြင်းများလား ဟုပင် တွေးထင်ခဲ့မိကြသော်ငြားလည်း... နင်ချီ ၏ လက်အောက်ငယ်သား များက ဤအရာများ အားလုံးကို ပုံမှန် ကိစ္စတစ်ခုအလား လက်ခံနေကြသည်ကို မြင်လိုက်ရသောအခါ ဒါက.. တမင်တကာ ကြွားလုံးထုတ်နေခြင်း မဟုတ်ကြောင်း သူတို့ သိရှိသွားကြ၏။

ထိုစဉ်၊ နင်ချီ က ညွှန်ကြားလိုက်သည်။

“စစ်သည်တော် အားလုံး... ငါ့အမိန့်ကို နားထောင်ကြ။ တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး ထဲကို ဝင်ရောက်သွားတာနဲ့ တစ်ပြိုင်နက်... ရန်သူတွေ မသိအောင် ငါ့အမိန့် မရဘဲ ဘယ်မှ မလှုပ်ရှားကြနဲ့”

လူတိုင်းက ပြိုင်တူ ပြန်လည် ဖြေကြားလိုက်ကြ၏။

“ဟုတ်ကဲ့ပါ ခင်ဗျာ (ရှင်)”

နင်ချီ က ကြွေးကြော်လိုက်သည်။

“သွားကြစို့”

အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားသော နင်ချီက ရှေ့ဆုံးမှ ဦးဆောင်ကာ တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး ဆီသို့ ပျံသန်း သွားတော့၏။

အခြားသူများ ကလည်း သူ၏ နောက်မှ ချက်ချင်း လိုက်ပါသွားကြသည်။

ရန်ပေါ်ဖျင် နှင့် သူ၏ အဖော်များမှာ တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး ကို ပထမဆုံးအကြိမ် ဖြတ်သန်း စီးနင်းခဲ့ရခြင်း အတွက် အလွန်တရာ ကောင်းမွန်သော အတွေ့အကြုံ တစ်ခုကို ရရှိခဲ့ကြ၏။

လူဝင်စား အခိုက်အတန့်တွင် အမှောင်ထု လွှမ်းမိုးနေခြင်း ၊ သို့မဟုတ် သူတို့ စိတ်ကူးယဉ် ထားခဲ့သကဲ့သို့ အထက်အောက် ပြောင်းပြန် ဖြစ်သွားခြင်းမျိုး လုံးဝ မရှိခဲ့ချေ။

တစ်ခဏမျှသာ မှောင်မိုက်သွားပြီးနောက် ဟင်းလင်းပြင် ကို ဖြတ်ကျော် သွားခဲ့ခြင်းပင် ဖြစ်သည်။

သူတို့ သတိပြန်ဝင်လာချိန်တွင်... သူတို့ ရှေ့ရှိ မြင်ကွင်းကို စူးစိုက် ကြည့်လိုက်ရာ၊ သူတို့သည် စစ်တပ်ကြီး နှစ်ခု တိုက်ပွဲ ဖြစ်ပွားနေသော စစ်တလင်း ၏ အနီးအနားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သဘောပေါက်သွားကြတော့၏။

ရန်ပေါ်ဖျင်၊ ကျန်းယွီယွဲ့ နှင့် လန်ယင်းယင်း တို့၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားကြသည်။

သူတို့၏ ပထမဆုံး အတွေးမှာ... "သူတို့ ငါတို့ကို တွေ့သွားပြီလား" ဆိုသည်ပင် ဖြစ်လေသည်။

သို့သော် ရှေ့ဘက်ရှိ ဖရိုဖရဲ ဖြစ်နေသော စစ်တပ်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်သောအခါ မည်သူကမျှ သူတို့၏ တည်ရှိမှုကို သတိမထားမိကြကြောင်း တွေ့လိုက်ရ၏။

အဖွဲ့သည် နင်ချီ နှင့် ပူးပေါင်းပြီးနောက်... စုစုပေါင်း ကျင့်ကြံသူ စစ်တပ်ကြီး လေးခုခွဲ ရှိနေခဲ့လေပြီ။ ဤမျှ များပြားလှသော လူများက တည်နေရာ ရွှေ့ပြောင်းခြင်း တံခါး မှတစ်ဆင့် နယ်မြေ ဖြတ်ကျော် လာနိုင်ခြင်းက တစ်ကဏ္ဍ ဖြစ်သော်ငြားလည်း၊ သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်ပြီး မည်သူကမျှ သတိမထားမိအောင် လုပ်ဆောင်နိုင်ခြင်းက.. နင်ချီ ၏ အမိုက်စား စွမ်းရည်ကို သူတို့ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားစေတော့၏။

“အရှင်သခင် နင်... ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ”

လန်ယင်းယင်း က တိုးတိုးလေး မေးလိုက်သည်။

သူမသည် ပုံရိပ်ယောင် ထိန်းချုပ်မှု တွင် ကျွမ်းကျင်ပြီး ရေ သဘာဝ စည်းမျဉ်း များကို ပိုင်နိုင်စွာ ကိုင်တွယ်နိုင်စွမ်း ရှိသော ရေသူမ မိစ္ဆာ ဘုရင်မ ကြီး တစ်ပါး ဖြစ်ရာ... နင်ချီ က သူမကို စစ်တပ်ကြီး အတွင်းရှိ သက်ဆိုင်ရာ အဖွဲ့ တစ်ခုတွင် နေရာ ချထားပေးခဲ့ပါသည်။

ရန်ပေါ်ဖျင် နှင့် ကျန်းယွီယွဲ့ တို့ကလည်း နင်ချီ ကို စူးစိုက် ကြည့်နေကြပြီး သူ အမိန့်ပေးမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။

စစ်ဆင်ရေး တွင် ကျွမ်းကျင်သော ရန်ပေါ်ဖျင် ကို နင်ချီ က တိုက်ခိုက်ရေး ဖွဲ့စည်းပုံ တွင် နေရာ ချထားပေးခဲ့ပြီး၊ မဟာ မိစ္ဆာ ဘုရင်ကြီး ဖြစ်သော ကျန်းယွီယွဲ့ ကိုမူ နင်ချီ က နွားမိစ္ဆာ ဘုရင် အပါအဝင် မိစ္ဆာ မျိုးနွယ် များ၏ အဖွဲ့တွင် နေရာ ချထားပေးခဲ့သည်။

ဤသည်မှာ သူတို့ ဤကဲ့သို့သော ခြားနားသည့် မျိုးနွယ်စု များနှင့် ပထမဆုံးအကြိမ် အတူတကွ တိုက်ပွဲဝင်ရခြင်း ဖြစ်ပြီး... သူတို့ အနေဖြင့် နင်ချီ ၏ အမိန့်များကို နာခံရန်သာ တတ်နိုင်ကြတော့၏။

နင်ချီ က ရှေ့ဘက်တွင် ဖရိုဖရဲ တိုက်ခိုက်နေကြသော စစ်တပ်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ တိုက်ပွဲ အခြေအနေကို သေချာစွာ အကဲခတ် လေ့လာလိုက်သည်။

သူက ဖြေရှင်းရမည့် နည်းလမ်းကို လျင်မြန်စွာ စဉ်းစား တွက်ချက်လိုက်၏။

နင်ချီ သည် ချက်ချင်းပင် လူတိုင်းထံသို့ အသံလွှင့်ကာ ဆက်သွယ်လိုက်ပြီး၊ ဖွဲ့စည်းပုံ များကို ပြန်လည် ချိန်ညှိလိုက်ကာ သူ၏ လက်ကို ဝှေ့ယမ်းလိုက်တော့သည်။

“လာ... ငါ့နောက်က လိုက်ခဲ့ကြ”

လန်ယင်းယင်း မှာ သူက သူမကို ပြန်မဖြေသည့် အတွက် လုံးဝ စိတ်ဆိုး ဒေါသထွက်ခြင်း မရှိခဲ့ချေ။

ဆန့်ကျင်ဘက် အနေဖြင့်... သူ၏ အာရုံစိုက်နေသော အမူအရာမှာ အလွန်တရာ ဆွဲဆောင်မှု ရှိပြီး ကျက်သရေ ရှိလွန်းလှသည်ဟု သူမ ခံစားနေရ၏။

အရာအားလုံးကို ကြိုတင် ပြင်ဆင် စီစဉ်ထားပြီး ဖြစ်ရာ... ရန်ပေါ်ဖျင် နှင့် အခြားသူများကို ကယ်တင်ခဲ့စဉ်က ကဲ့သို့ပင်၊ သူတို့ ရှေ့ရှိ တိုက်ပွဲကို အနိုင်ယူရန်မှာ သဘာဝကျကျပင် ခက်ခဲသော ကိစ္စ တစ်ခု မဟုတ်တော့ချေ။

အခန်း (၈၅၂) - နင်ချီ အောင်ပွဲခံနိုင်မည့် အဓိက သော့ချက်

~အချိန်တိုလေး အတွင်းမှာပင် နင်ချီ သည် သူ၏ စစ်တပ်ကြီးကို ဦးဆောင်ကာ ဤနယ်မြေ အတွင်းရှိ ကျင့်ကြံသူ များကို လုံးလုံးလျားလျား ကယ်တင်နိုင်ခဲ့ပြီး... ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ အားလုံးကိုလည်း မျိုးတုံး သတ်ဖြတ်နိုင်ခဲ့သည်။

ဤနယ်မြေ အတွင်းရှိ ကျင့်ကြံသူ များ၏ ခေါင်းဆောင်မှာ ခေါင်းကိုးလုံး ပါသော ပင်လယ်မြွေ မိစ္ဆာ တစ်ကောင် ပင် ဖြစ်သည်။ ယခင်က စစ်တပ်ကြီး အတွင်း၌ သူ၏ ခေါင်းကိုးလုံး စလုံးက မတူညီသော နတ်ဘုရား စွမ်းရည် မှော်နည်းစနစ် များကို ထုတ်လွှတ်နေခဲ့ပြီး၊ သူ၏ အစွမ်းထက်လှသော ခန္ဓာကိုယ်ကြီးက သူတို့ ကြားထဲတွင် ရမ်းကား တိုက်ခိုက်နေကာ... ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်နေခဲ့ခြင်း ဖြစ်၏။

ယခုအခါ သူသည် လူသား အသွင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်ငြားလည်း၊ ချင်းချူလန် ဟု အမည်ရသော ရုပ်ရည် ချောမောလှသည့် မိန်းမလျာ တစ်ဦးနှင့် တူနေသည်။

ရန်ပေါ်ဖျင် နှင့် အခြားသူများက သူ့ကို လာရောက် ကယ်တင်သည်ကို မြင်လိုက်ရသောအခါ သူ အလွန်တရာ ဝမ်းသာ ပီတိ ဖြစ်သွားတော့၏။

ထို့နောက် ရန်ပေါ်ဖျင် နှင့် အခြားသူများ၏ ဦးဆောင်မှုဖြင့်... သူတို့က နင်ချီ ကို လာရောက် ဂါရဝပြု နှုတ်ဆက်ကြ၏။

“အရှင်သခင် နင်... ကျွန်တော်က ပင်လယ်မြွေ နယ်မြေ ရဲ့ အရှင်သခင် ချင်းချူလန် ပါ ခင်ဗျာ။ ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ”

ဤ ချင်းချူလန် မှာ အတော်လေး ယဉ်ကျေး သိမ်မွေ့လှပြီး၊ သူ၏ အမူအရာမှာလည်း အလွန်တရာ ရိုသေ လေးစားမှု ရှိနေလေသည်။ ၎င်းမှာ ရန်ပေါ်ဖျင် နှင့် အခြားသူများက နင်ချီ ၏ အခြေအနေကို သူ့အား ပြောပြထားသောကြောင့် သေချာပေါက် ဖြစ်ရမည်သာ။

နင်ချီ က ပြန်လည် ဖြေကြားလိုက်၏။

“ဒီလို သူစိမ်းဆန်နေစရာ မလိုပါဘူးဗျာ။ ကျွန်တော်တို့ အားလုံးက ပင်လယ်ဘိုးဘေးကြီး ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ ကျင့်ကြံသူ တွေပဲလေ။ အချင်းချင်း ကူညီရမှာက သဘာဝ ပါပဲ”

ချင်းချူလန် က ရယ်လိုက်ပြီး ဆိုလိုက်သည်။

“အခု အရှင်သခင် နင် က ကျွန်တော်တို့ကို ကယ်တင်ခဲ့ပြီ ဆိုတော့... ကျွန်တော်တို့ တောင်နဲ့ ပင်လယ် ကမ္ဘာ ကို ပြန်ရောက်တဲ့ အခါကျရင် အရှင်သခင် နင် ရဲ့ ကျေးဇူးတွေကို သေချာပေါက် ပြန်ဆပ်ပါ့မယ် ခင်ဗျာ”

နင်ချီ က ချင်းချူလန် ကို အံ့အားသင့်စွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်၏။

‘ဒီလူက လောက အကြောင်းကို တော်တော်လေး နားလည် သဘောပေါက်ပုံ ရတယ်။ ခေါင်းကိုးလုံး ရှိနေလို့များ ပိုပြီး ဉာဏ်ကောင်းနေတာလား မသိဘူး’

ထို့နောက် တစ်ဖက်လူက အခြား နယ်မြေအရှင်သခင် နှစ်ပါး ကိုပါ ခေါ်လာပြီး နင်ချီ နှင့် မိတ်ဆက်ပေး၏။

သတင်းအချက်အလက် များကို ဖလှယ်ပြီးနောက်... နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ လိုအပ်သနည်း ဆိုသည်ကို သူတို့ ဆွေးနွေး တိုင်ပင်လိုက်ကြတော့သည်။

ဤတစ်ကြိမ်တွင်မူ ရန်ပေါ်ဖျင် နှင့် အခြား နှစ်ဦးမှာ နင်ချီ ကိုသာ လုံးဝ အားကိုးနေကြပြီး၊ သူ့ကို သူတို့၏ ခိုင်မာသော ထောက်တိုင်ကြီး တစ်ခုအလား သတ်မှတ်ထားကြ၏။

နင်ချီ ကလည်း လုံးဝ မငြင်းဆန်တော့ဘဲ စစ်တပ် တစ်ခုစီတိုင်းကို တာဝန်များ တိုက်ရိုက် ခွဲဝေ ပေးလိုက်တော့သည်။

လောလောဆယ် အရေးအကြီးဆုံး တာဝန်မှာ ဤနယ်မြေ တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်ရန် ပင် ဖြစ်၏။

ဓားဘိုးဘေးကြီး နှင့် နင်ချီ တို့သည် ကြိုတင် သဘောတူညီထားသော ဆုံမှတ် လေးခု ကို သိမ်းပိုက်ရန် သူတို့ကို စေလွှတ်လိုက်သည်။ အခြား ဆုံမှတ် လေးခု နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... ရရှိလာမည့် အကျိုးအမြတ် များကို ရန်ပေါ်ဖျင် နှင့် ချင်းချူလန် တို့ အကြားတွင် ခွဲဝေ ယူရမည်ပင်။

နင်ချီ ကိုယ်တိုင် အတွက်တော့... သူသည် ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု ကို ဆက်လက် ရိတ်သိမ်းပြီး ၎င်းတို့ကို အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းသွားမည်သာ ဖြစ်၏။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ ဆုလာဘ် ကို လက်ခံ ရရှိပြီးနောက်... နင်ချီ သည် အလယ် နယ်မြေ နှင့် အောက် နယ်မြေ အကြားရှိ နယ်နိမိတ် အတားအဆီး ကို ဖွင့်လှစ်ရန် သူ၏ စစ်တပ်ကြီးကို နောက်တစ်ကြိမ် ဦးဆောင် သွားခဲ့သည်။

ထို့နောက် အလားတူ လုပ်ငန်းစဉ် များအတိုင်း လုပ်ဆောင်ပြီးနောက်... အောက် နယ်မြေ ကိုလည်း အပြည့်အဝ အေးချမ်း တည်ငြိမ်သွားစေခဲ့၏။

ထို့ကြောင့် နင်ချီ သည် အောက် နယ်မြေ ရှိ ဖုံးကွယ်နေသော ဆုံမှတ် ခြောက်ခု ကို ရိတ်သိမ်း ပြီးစီးသွားပြီးနောက်... ဓားဘိုးဘေးကြီး နှင့် သူ၏ အဖွဲ့သည် အောက် နယ်မြေ ၏ နောက်ဆုံး ဆုံမှတ် ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြလေပြီ။

နောက်ဆုံး ဆုံမှတ် ကို သိမ်းပိုက် ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက်... သူတို့သည် တောင်ပိုင်း စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို အပြည့်အဝ အေးချမ်းသွားစေခဲ့ပြီပင်။

အတွင်းဘက်မှာ တစ်ခုခု လျင်မြန်စွာ.. ပြောင်းလဲနေကြောင်း လူတိုင်း ရှင်းလင်းစွာ အာရုံခံမိလိုက်ကြ၏။

အောက် နယ်မြေ တစ်ခုလုံး တုန်လှုပ်နေရုံသာမက၊ မြောက်ဘက် အရပ်ဆီမှနေ၍ ကြောက်မက်ဖွယ် ကောင်းသော ဟိန်းဟောက်သံကြီး တစ်ခုပါ ထွက်ပေါ်လာတော့သည်။

လူတိုင်း ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားကြပြီး မြောက်ဘက် အရပ်ဆီသို့ စူးစိုက် ကြည့်ရှုလိုက်ကြ၏။

မြောက်ဘက် အရပ် ဆိုသည်မှာ... သူတို့ လာစဉ်က နယ်နိမိတ် အတားအဆီး ကို ဖြတ်ကျော်ခဲ့သော နေရာပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် ကျယ်ပြောလှသော နယ်နိမိတ် အတားအဆီး ကြီးမှာ နားကွဲလုမတတ် ဟိန်းဟောက်သံကြီး များနှင့်အတူ ကြေမွ ပျက်စီးသွားပြီး... ပတ်ဝန်းကျင်ရှိ ကုန်းမြေများပေါ်သို့ စီးဝင်သွားသော စွမ်းအင်များ အဖြစ် အသွင်ပြောင်းသွားတော့၏။

နင်ချီ သည် ထိုအနီးအနားသို့ မျက်စိတစ်မှိတ် အတွင်း တစ်ယောက်တည်း တည်နေရာ ရွှေ့ပြောင်း သွားခဲ့သည်။

အရာအားလုံးကို အကဲခတ် ကြည့်ရှုနေရင်း သူ၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားတော့၏။

နယ်နိမိတ် အတားအဆီး မှာ ကြေမွ ပျက်စီးသွားပြီး စွမ်းအင်များ အဖြစ် အသွင်ပြောင်းသွားကာ... နင်ချီ ၏ အထက်နှင့် အောက်ဘက် ခြေဖဝါး အောက်ရှိ နယ်နိမိတ် နံရံ များထဲသို့ စီးဝင်သွားသည်။ ထိုအခါ အတွင်းပိုင်းရှိ ဟင်းလင်းပြင် မှာ ပိုမို တည်ငြိမ်လာကြောင်း နင်ချီ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

သို့သော် ပြောင်းလဲမှုများမှာ ဤမျှနှင့်

မပြီးဆုံးသေးချေ။ နင်ချီ သည် ဟင်းလင်းပြင် ကို နောက်တစ်ကြိမ် ဖြတ်သန်းသွားပြီး၊ အလယ် နယ်မြေ တစ်ခုလုံးကို မျက်စိတစ်မှိတ် အတွင်း ဖြတ်ကျော်နေ၏။ အလယ် နယ်မြေ နှင့် အထက် နယ်မြေ အကြားရှိ နယ်နိမိတ် အတားအဆီး သို့ ရောက်ရှိသွားတော့သည်။

ဤအခိုက်အတန့်တွင် ထိုနေရာရှိ နယ်နိမိတ် အတားအဆီး မှာလည်း ပြောင်းလဲနေလေပြီ။

ပတ်ဝန်းကျင်ရှိ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအင်များက နယ်နိမိတ် အတားအဆီး ကို အပြင်းအထန် ဖိသိပ် ကြိတ်ချေနေကြောင်း နင်ချီ အာရုံခံမိလိုက်၏။

နင်ချီ ၏ ဘေးတွင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကြီး ရုတ်တရက် ပေါ်ထွက်လာတော့သည်။

နင်ချီ သည် ယခုအခါ လျှို့ဝှက်ဆန်းကြယ်လှသော ပုံရိပ်ယောင် များကို ရင်ဆိုင်ရာတွင် အလွန်တရာ တည်ငြိမ် အေးဆေးနေပြီ ဖြစ်၏။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင်လည်း ကမ္ဘာ့အရှင်သခင် တစ်ပါး ဖြစ်နေပြီ ဖြစ်ရာ၊ ဤစွမ်းရည် အပေါ်တွင် နက်နဲသော နားလည် သဘောပေါက်မှု များ ရှိနေပြီ ဖြစ်သည်။

သူ က မေးလိုက်၏။

“ကမ္ဘာ့အရှင်သခင်... ဒါက နယ်မြေကြီး တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်ပြီးတဲ့ နောက်မှာ ဖြစ်လာတဲ့ ရလဒ်လား ခင်ဗျာ”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က နင်ချီ ကို အတော်လေး ကျေနပ် အားရသော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ပြန်လည် ဖြေကြားလိုက်သည်။

“အခု တောင်ပိုင်း စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ် က အပြည့်အဝ သိမ်းပိုက် ပြီးသွားပြီ ဆိုတော့... သူတို့ အကြားက အတားအဆီး တွေကို ဖယ်ရှားလို့ ရသွားပြီလေ။ ဒါက တောင်ပိုင်း နယ်မြေ တစ်ခုလုံးကို ချောမွေ့တဲ့ လမ်းကြောင်းကြီး တစ်ခု အဖြစ် ပြောင်းလဲသွားစေမှာပဲ

All Chapters