← Chapters

အခန်း (၈၅၃-၈၅၅)

Vol. 57 Ch. 853-855

အခန်း (၈၅၃-၈၅၅)

Vol. 57 Ch. 853-855

အခန်း (၈၅၃) - နင်ချီ အောင်ပွဲခံနိုင်မည့် အဓိက သော့ချက်

~နင်ချီ က ထပ်မေးလိုက်၏။

“ဒါဆို တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် အစွမ်းထက် ပုဂ္ဂိုလ် တွေက ဒီနယ်မြေ ထဲကို အခု ဝင်လာလို့ ရပြီလား ခင်ဗျာ”

ပုံရိပ်ယောင် ကြီးက ခေါင်းခါယမ်းပြလိုက်သည်။

“အချိန် နည်းနည်းတော့ ထပ်ယူရဦးမယ်။ တောင်ပိုင်း နယ်နိမိတ် ကြီးက နယ်နိမိတ် အတားအဆီး ရဲ့ စွမ်းအားတွေကို အပြည့်အဝ စုပ်ယူ ပြီးသွားပြီ ဆိုတာနဲ့... ပြီးတော့ ငါက အဲဒါကို ထပ်ပြီး ခိုင်မာအောင် လုပ်ပြီးပြီ ဆိုတာနဲ့... ငါ ကိုယ်တိုင် ဆင်းသက်လာနိုင်ပြီ ဖြစ်သလို... သူတို့တွေလည်း အဲဒီထဲကို ဝင်လာနိုင်ပြီ”

နင်ချီ က ခေါင်းညိတ်ပြလိုက်ပြီးနောက် ထပ်မံ မေးလိုက်ပြန်၏။

“ကမ္ဘာ့အရှင်သခင်... ခင်ဗျားက ဒီနယ်မြေ ထဲကို လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်လို့ ရနေပြီပဲ။ တခြား ဘယ်သူ့ကိုမှ စေလွှတ်ဖို့ မလိုတော့ဘူးလေ။ ခင်ဗျား ဒီမှာ ရှိနေသရွေ့... ဒီနယ်မြေ ကို ကျယ်ပြန့်သော ကမ္ဘာ က ဘယ်လိုလုပ်ပြီး လုယူနိုင်မှာလဲ”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ရုတ်တရက် ရယ်လိုက်သည်။

“ငါက ဒီကမ္ဘာ ရဲ့ အမြင့်မြတ်ဆုံး သက်ရှိ တစ်ခုပဲလေ။ အကယ်လို့ ငါသာ ငါ့ရဲ့ စွမ်းအားတွေကို တကယ် အပြည့်အဝ ထုတ်လွှတ်လိုက်မယ် ဆိုရင်... ဒီ စစ်မြေပြင်နယ်မြေ ကြီးက ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ”

၎င်းက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။

“ဒါက ဟင်းလင်းပြင် ကြီးရဲ့ ခံနိုင်ရည် အမြင့်ဆုံး ကန့်သတ်ချက် ပေါ်မှာ မူတည်နေတာလေ။ ငါ ဟင်းလင်းပြင် ကို တည်ငြိမ်အောင် လုပ်ပြီးသွားတဲ့ အခါကျရင်တောင်မှ... ဒါကက တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်ရဲ့ စွမ်းအားကိုပဲ ခံနိုင်ရည် ရှိနိုင်မှာပါ”

“ဒါကြောင့်... အများဆုံး အနေနဲ့ ငါက တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် လောက်ရှိတဲ့ ခွန်အားကိုပဲ ထုတ်သုံးလို့ ရနိုင်မှာပါ။ အရင်တုန်းက မင်းနဲ့ တခြားသူတွေက ဆုံမှတ် တွေကို သိမ်းပိုက်ပြီးမှသာ ငါ့ရဲ့ စွမ်းအားတွေကို အသုံးချခွင့် ရခဲ့တာလေ”

နင်ချီ လည်း ချက်ချင်း သဘောပေါက်သွားတော့သည်။

သို့သော် ကမ္ဘာ့အရှင်သခင် တစ်ပါး အနေဖြင့် မိမိ၏ ကိုယ်ပိုင် အတွေ့အကြုံများ အရ... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် အမှန်တရား အားလုံးကို

ပြောပြမထားသေးကြောင်းကို နင်ချီ ခံစားသိရှိနေ၏။

ဒါကတော့... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ရဲ့ စွမ်းရည်တွေ အကျုံးဝင်သော နေရာက နယ်မြေ ဒေသ အလိုက် ကန့်သတ်ချက် ရှိနေသည် ဆိုသည့် အချက်ပါပင်။

ဘာကြောင့်လဲ ဆိုတော့ ဒါက 'တောင်နှင့် ပင်လယ် ကမ္ဘာ' ဖြစ်နေ၍ပင်။

သူ၏ ခွန်အားများမှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ နယ်မြေ အတွင်း၌သာ အဓိက သက်ရောက်မှု ရှိပြီး... အပြင်ဘက်တွင် သက်ရောက်မှု မရှိချေ။ အလွန်ဆုံး အနေဖြင့် သူသည် အပြင်ဘက်ကိုသာ လွှမ်းမိုးနိုင်စွမ်း ရှိသော်ငြားလည်း၊ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အပြင်ဘက်တွင်မူ အမှန်တကယ် ပြိုင်ဘက်ကင်း နိုင်စွမ်း မရှိချေ။

သို့မဟုတ်ပါက... ၎င်းက တောင်နှင့် ပင်လယ် ကမ္ဘာ ၏ နယ်နိမိတ် များကို ဆက်လက် ချဲ့ထွင်နေနိုင်သည် မဟုတ်ပါလော။

ဤအရာမှာ မဖြစ်နိုင်ကြောင်း ထင်ရှားလှသည်။ မည်သို့ပင် ဆိုစေ၊ တောင်နှင့် ပင်လယ် ကမ္ဘာ သည် ၎င်း၏ ချဲ့ထွင်နိုင်စွမ်း ကန့်သတ်ချက် အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ အကယ်၍ ၎င်းတွင် စွမ်းရည် ရှိနေသေးသည် ဆိုပါက၊ ဘာကြောင့် မိမိကိုယ်ကို ဆက်လက် မချဲ့ထွင်ရသနည်း။

သေချာသည်မှာ... နင်ချီ တွင်လည်း အလားတူ ကန့်သတ်ချက်များ ရှိနေသည်။

ဥပမာအားဖြင့်... သူ၏ အစစ်အမှန် ခန္ဓာကိုယ် မှာ အစစ်အမှန်သိုင်းကမ္ဘာ ၏ အရှင်သခင် ပင် ဖြစ်၏။ ယုတ္တိတန်တန် တွေးကြည့်မည် ဆိုပါက နင်ချီ သည် အစစ်အမှန်သိုင်းကမ္ဘာ ၏ အပြင်ဘက်တွင် သူ၏ စွမ်းအားများကို အသုံးချနိုင်စွမ်း မရှိသင့်ချေ။

သို့သော် နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ၊ ကျယ်ပြန့်သော ကမ္ဘာ တို့နှင့် ကွဲပြားခြားနားသော အချက်မှာ... သူသည် လူသား တစ်ဦး ဖြစ်နေခြင်းပင်။

သူသည် အစစ်အမှန်သိုင်းကမ္ဘာ ၏ ဆန္ဒတော် ကို ဖျက်ဆီးပစ်ခဲ့ပြီး သူ့ကိုယ်သူ အစစ်အမှန်သိုင်းကမ္ဘာ ၏ ဆန္ဒတော် အဖြစ် အသွင်ပြောင်းခဲ့သော်ငြားလည်း... သူသည် လူသား တစ်ဦး ဖြစ်နေဆဲပင်။

နင်ချီ ကို... လူသား လည်း မဟုတ်၊ လူသား မဟုတ်တာလည်း မဟုတ်၊ မည်သည့် ကမ္ဘာမှ လည်း မဟုတ်၊ အခြား မည်သည့် အရာမှ လည်း မဟုတ်သော... သာမန် ပုံမှန် မဟုတ်သည့် ခြွင်းချက် အရာတစ်ခု အဖြစ် သတ်မှတ်၍ ရနိုင်၏။

သူသည် လူသား တစ်ဦး ဖြစ်သလို အစစ်အမှန်သိုင်းကမ္ဘာ တစ်ခုလုံးလည်း ဖြစ်နေသည်။

ထို့ကြောင့် နင်ချီ သည် မွေးရာပါ သဘာဝ အရ တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ တို့ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ဤ လူဝင်စား ခန္ဓာကိုယ် ကို ဖန်တီးရန်အတွက် သူ၏ ကိုယ်ပိုင် ဝိညာဉ်ကို ခွဲထုတ်နိုင်စွမ်း ရှိ၏။

လူဝင်စား ခန္ဓာကိုယ် မှာ အခြေခံအားဖြင့် သူ၏ ကိုယ်ပွား တစ်ခုသာ ဖြစ်ပြီး... ပင်မ ခန္ဓာကိုယ် နှင့် နီးကပ်သော ဆက်သွယ်မှု ရှိကာ၊ စွမ်းအားများကို အချိန်မရွေး လွှဲပြောင်း ပေးပို့နိုင်စွမ်း ရှိသည်။

ထိုအခိုက်အတန့်လေး အတွင်းမှာပင်... နင်ချီ သည် သူနှင့် တောင်နှင့် ပင်လယ် ကမ္ဘာ၊ ကျယ်ပြန့်သော ကမ္ဘာ တို့ အကြားရှိ ကွဲပြား ခြားနားမှု များကို ရုတ်တရက် နားလည် သဘောပေါက်သွားတော့၏။

နင်ချီ၏ မျက်လုံးများ တလက်လက် တောက်ပသွားသည်။ သူ၏ ခြွင်းချက် အဖြစ် တည်ရှိနေမှု ကြောင့်... ဤ ဝိညာဉ်နယ်မြေ စစ်ပွဲ ၏ အောင်ပွဲ ချိန်ခွင်လျှာ မှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး ထံသို့ ရောက်ရှိသွားမည် မဟုတ်ဘဲ၊ သူ့ဘက်သို့ တဖြည်းဖြည်း ယိမ်းယိုင်လာမည်သာ ဖြစ်၏။

“ကမ္ဘာ့အရှင်သခင်... အခု တောင်ပိုင်း စစ်မြေပြင်နယ်မြေ ကို အပြည့်အဝ အေးချမ်း တည်ငြိမ်သွားအောင် လုပ်နိုင်ပြီ ဆိုတော့... ကျွန်တော် နောက်ထပ် ဘာဆက်လုပ်သင့်သလဲ ခင်ဗျာ”

နင်ချီ တွင် သူ၏ ကိုယ်ပိုင် မဟာဗျူဟာ အစီအစဉ် များ ရှိနေသော်ငြားလည်း... တစ်ဖက်လူ ဘာတွေ တွေးနေသနည်း ဆိုတာကို သိရှိနိုင်ရန်အတွက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို မေးမြန်းချင်နေသေး၏။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကြီးသည် နင်ချီ က သူ့ကို မေးခွန်းတစ်ခု မေးလာသည်ကို မြင်လိုက်ရသောအခါ... ၎င်း၏ မျက်နှာပေါ်တွင် ကျေနပ် အားရသော အမူအရာတစ်ခု ချက်ချင်း ပေါ်လွင်လာတော့၏။

၎င်းသည် ကမ္ဘာကြီး တစ်ခုလုံး၏ အမြင့်မြတ်ဆုံး သက်ရှိ တစ်ခု ဖြစ်သော်ငြားလည်း... ၎င်းနှင့် အကြိမ်များစွာ အမှန်တကယ် ဆက်သွယ် ပြောဆိုနိုင်သူ ဆိုသည်မှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။

တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့က ၎င်းကို ကန့်သတ် ချုပ်ချယ်ထားပြီး ၎င်း၏ စွမ်းအား အချို့ကို လုယူထားကြသဖြင့်... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် သူတို့နှင့် မကြာခဏ ဆက်သွယ် ပြောဆိုနိုင်သော်ငြားလည်း၊ ၎င်းမှာ အမြဲတမ်း မပျော်မရွှင် ဖြစ်နေရ၏။

တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းရှိ မရေမတွက်နိုင်သော သက်ရှိများကို ပြောရမည် ဆိုလျှင်တော့... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူတို့ကို လုံးဝ (လုံးဝ) စိတ်မဝင်စားချေ။

သူတို့ အားလုံးသည် ဘိုးဘေးကြီး နှစ်ပါး ၏ ကွပ်ကဲမှုအောက်တွင် ရှိနေကြသူများ ဖြစ်ပြီး၊ ဘိုးဘေးကြီး နှစ်ပါး ၏ လက်အောက်ရှိ အနည်းငယ် ပိုမို အစွမ်းထက်သော ကျင့်ကြံသူ များကသာ ၎င်းကို အပေါ်ယံ အားဖြင့် ရိုသေ လေးစားဟန် ပြသကြသည်။

အခြားသော အောက်ခြေ အဆင့် ကျင့်ကြံသူ များကို ပြောရမည် ဆိုလျှင်တော့... ထိုလူများက ၎င်းကို အလွန်အမင်း ကိုးကွယ် လွန်းလှ၏။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ထိုသူများ၏ မျက်နှာလို မျက်နှာရ အမူအရာများကို မရေမတွက်နိုင်အောင် အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီး ဖြစ်ရာ... မျက်နှာချိုသွေးသူ များကို အလွန်အမင်း မြင်တွေ့ခဲ့ရသော အမျိုးသမီး တစ်ဦးအလား.. အလွန်တရာ ငြီးငွေ့လှပါသည်။

သို့သော် နင်ချီ ကတော့ ကွဲပြားခြားနားသည်။ နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ အထီးကျန်နေသော ကွက်လပ်ကြီးကို ဖြည့်ဆည်းပေးနိုင်ခဲ့၏။

နင်ချီ သည် ၎င်းကို အခြား ကျင့်ကြံသူ များကဲ့သို့ အလွန်အမင်း ရိုသေ ကြောက်ရွံ့ခြင်း မရှိသလို... တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့၏ လက်အောက်ငယ်သား များကဲ့သို့ အပေါ်ယံ အားဖြင့်သာ လေးစားဟန် ပြသခြင်းမျိုးလည်း မရှိခဲ့ချေ။ာာု

ထို့အပြင် ၎င်းသည် နင်ချီ ကို စတင် သတိပြုမိချိန်မှစ၍... နင်ချီ မှာ အလွန်တရာ ရှားပါးလှသော ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း ခံစားခဲ့ရပြီး၊ သူ့ကို ပြုစု ပျိုးထောင်ပေးကာ တောင်ဘိုးဘေးကြီး၊ ပင်လယ်ဘိုးဘေးကြီး တို့နှင့် ယှဉ်ပြိုင်နိုင်အောင် ဖန်တီးပေးချင်၏။

ထို့ကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က အလွန်တရာ ဖော်ရွေသော လေသံဖြင့် ဆိုလိုက်၏။

“မင်း တခြား နယ်မြေ တွေကို ဆက်ပြီး သိမ်းပိုက်သင့်တာ မှန်ပေမဲ့... မင်းရဲ့ ဘေးကင်းရေး အတွက် လောလောဆယ် အလယ်ဗဟို စစ်မြေပြင်နယ်မြေ ဆီကိုတော့ မသွားတာ ပိုကောင်းမယ်။ ဒါ့အပြင်... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် နဲ့ သူ့ရဲ့ နောက်ကွယ်က သူတော်စင် ဘိုးဘေးကြီး တို့က မင်းကို သေချာပေါက် စောင့်ကြည့်နေကြမှာပဲ”

နင်ချီ က ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင် ကမ္ဘာ့အရှင်သခင် ရဲ့ အကြံပေးချက် အတိုင်းပဲ ကျွန်တော် လုပ်ပါ့မယ် ခင်ဗျာ။ ကျွန်တော် အလယ်ဗဟို စစ်မြေပြင်နယ်မြေ ဆီကို သွားဖို့ လိုအပ်လာတဲ့ အချိန်ကျရင်... ကမ္ဘာ့အရှင်သခင် က ကျွန်တော့်ကို ခေါ်လိုက်ရင်ရော ဘယ်လိုလဲ ခင်ဗျာ”

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က သဘောတူကြောင်း ခပ်တိုးတိုး အသံပြုလိုက်ပြီးနောက် ဆက်ပြောလိုက်၏။

“စိတ်မပူပါနဲ့... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် နဲ့ သူတော်စင် ဘိုးဘေးကြီး တို့ရဲ့ လှုပ်ရှားမှု တွေကို ငါ အမြဲတမ်း စောင့်ကြည့်နေမှာပါ။ အကယ်လို့ သူတို့က မင်းအပေါ် တစ်ခုခု လုပ်ဖို့ ကြံစည်လာရင်... ငါ မင်းကို ကြိုတင် အသိပေးပါ့မယ်”

အခန်း (၈၅၄) - စုတ်ပြဲနေသော သစ်ရွက် နှင့် ရတနာ

~နင်ချီ ချက်ချင်း ဝမ်းသာသွားတော့သည်။

သူက ရုတ်တရက် မေးလိုက်၏။

“ကမ္ဘာ့အရှင်သခင်... ကျယ်ပြန့်သော ကမ္ဘာ ရဲ့ အာရုံခံနိုင်စွမ်း ကို ပိတ်ဆို့ထားနိုင်မယ့် ပစ္စည်းမျိုးများ ရှိမလား မသိဘူးနော်”

ပုံရိပ်ယောင် ကြီးမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ချက်ချင်း အဖြေမပေးဘဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“မင်းက ဘာလို့ ဒါကို မေးနေရတာလဲ”

နင်ချီ က ပြန်လည် ဖြေကြားလိုက်၏။

“အကယ်လို့ အဲဒီလို ပစ္စည်းမျိုး တကယ် ရှိတယ် ဆိုရင်... ကျွန်တော်..စစ်မြေပြင်နယ်မြေ ထဲမှာ ပိုပြီး လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားလို့ ရမှာပေါ့။ ပြီးတော့ တောင်နဲ့ ပင်လယ် ကမ္ဘာ အတွက်လည်း အများကြီး ပိုပြီး စွမ်းဆောင်ပေးနိုင်မှာလေ”

သူက ပုံရိပ်ယောင်ကြီးကို တည်ကြည် လေးနက်သော အမူအရာဖြင့် စူးစိုက် ကြည့်နေသည်။

နင်ချီ ၏ လက်ရှိ ခွန်အားများမှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ က ဆုံမှတ် တစ်ခုကို မသိမ်းပိုက်ရသေးချိန်တွင် ၎င်းတို့၏ အာရုံခံနိုင်စွမ်း များကို ပိတ်ဆို့ တားဆီးနိုင်စွမ်း ရှိသော်ငြားလည်း... ၎င်းတို့၏ ဆန္ဒတော် များ အမှန်တကယ် ဆင်းသက်လာပြီးချိန်တွင်မူ လုံးဝ ပိတ်ဆို့နိုင်စွမ်း မရှိတော့ချေ။

မည်သို့ပင်ဆိုစေ ဝိညာဉ်နယ်မြေ နှစ်ခုလုံးမှာ အစစ်အမှန်သိုင်းကမ္ဘာ ထက် များစွာ ပိုမို ကြီးမား ကျယ်ပြန့်သော ဝိညာဉ်နယ်မြေ ကြီးများ ဖြစ်ကြပြီး... သူတို့၏ ခွန်အားများမှာလည်း သူ့ထက် များစွာ သာလွန်နေသေးသည် မဟုတ်ပါလော။

သို့သော် အကယ်၍ သူသာ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ၏ အာရုံခံနိုင်စွမ်း ကို ပိတ်ဆို့ တားဆီးပေးနိုင်မည့် ပစ္စည်းတစ်ခုကို ဤ ပုံရိပ်ယောင်ကြီးထံမှ ရရှိနိုင်မည် ဆိုပါက... သူ၏ ကောင်းကင်ကို အံတုနိုင်သော နားလည် သဘောပေါက်နိုင်စွမ်း ဖြင့် ၎င်းကို လေ့လာပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ အာရုံခံနိုင်စွမ်း ကိုပါ ပိတ်ဆို့ တားဆီးပေးနိုင်မည့် အရာတစ်ခုကို အမြန်ဆုံး ဖန်တီး တွက်ချက်နိုင်လိမ့်မည်မှာ သေချာလှသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က ဆိုလိုက်၏။

“ငါ့ဆီမှာ အဲဒီလို ပစ္စည်းမျိုး ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက မင်းကိုပဲ ဖုံးကွယ်ထားပေးနိုင်မှာပါ။ ဒါ့အပြင်... အကယ်လို့ မင်း ဖန်တီးလိုက်တဲ့ ပြောင်းလဲမှုတွေက အရမ်း ကြီးမားလွန်းပြီး ပတ်ဝန်းကျင်က တုံ့ပြန်မှု တွေကိုပါ ဖြစ်ပေါ်လာစေမယ် ဆိုရင်တော့... တစ်ဖက်လူက မင်းကို အာရုံခံမိနေဦးမှာပဲ”

စကားဆုံးသည်နှင့် ၎င်းက နင်ချီ ထံသို့ တစ်ဝက်ခန့် စုတ်ပြဲနေသော သစ်ရွက် တစ်ရွက်ကို ရုတ်တရက် ကမ်းပေးလိုက်သည်။

သစ်ရွက် မှာ ခြောက်သွေ့နေပြီး ဝါညိုရောင် သန်းနေကာ... ၎င်း၏ အပေါ်တွင် အက်ကွဲကြောင်း အများအပြား ရှိနေ၏။

နင်ချီ က ၎င်းကို ယူလိုက်ပြီး သူ၏ လက်ထဲတွင် အသေအချာ စစ်ဆေး ကြည့်ရှုလိုက်၏။

ခြောက်သွေ့နေသော သစ်ရွက် ပေါ်ရှိ သွေးကြောလေး များမှာ ရှုပ်ယှက်ခတ် နေပြီး... စုတ်ပြဲနေသော နေရာ အများအပြား ရှိနေကာ၊ သစ်ရွက် မျက်နှာပြင် အချို့ပင် ပျောက်ဆုံးနေသည်။

သို့သော် သူ့ကို အံ့အားသင့်သွားစေမည့် အချက်မှာ... ဤ စုတ်ပြတ်သတ်နေသော သစ်ရွက် လေးမှာ မည်သည့် သစ်ပင် အမျိုးအစားမှန်း သူ လုံးဝ ခွဲခြား မသိနိုင်ခြင်းပင် ဖြစ်ချေ။

ထို့အပြင် သူက အနည်းငယ် အားစိုက်ကြည့်လိုက်သော်ငြားလည်း... နင်ချီ ၏ လက်ချောင်းများက ၎င်းကို လုံးဝ (လုံးဝ) ညှစ်ချေ၍ မရနိုင်ခဲ့ချေ။

နင်ချီ က သူ၏ ခွန်အားများကို ထပ်မံ မြှင့်တင်လိုက်သော်ငြားလည်း လုံးဝ အသုံးမဝင်ခဲ့ချေ။ နောက်ဆုံးတွင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ရှေ့မှာပင် သူ၏ စွမ်းအား အားလုံးကို အသုံးပြုလိုက်သော်ငြားလည်း... သူ ဘာမှ မတတ်နိုင်ချေ။

ပုံရိပ်ယောင်ကြီးက သူ ခြောက်သွေ့နေသော သစ်ရွက် ကို အသည်းအသန် ညှစ်ချေနေသည်ကို ကြည့်ရင်း လုံးဝ စိတ်မဆိုးဘဲ... လူပြက် တစ်ယောက်ကို ကြည့်နေသည့်အလား ငေးကြည့်နေသည်။

နင်ချီ သည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်ချီ များနှင့် စည်းမျဉ်း စွမ်းအား များကိုပါ ထုတ်ယူ အသုံးပြုလိုက်သေး၏။ သို့သော် ခြွင်းချက် မရှိ... ထိုအရာများ အားလုံးမှာ ရေစိုနေသော မျက်နှာသုတ်ပုဝါ တစ်ထည်အလား ဖြစ်သွားပြီး၊ ခြောက်သွေ့နေသော သစ်ရွက် လေးမှာ ၎င်းတို့ကို အနည်းငယ်မျှပင် မထိခိုက်စေဘဲ အလွယ်တကူ ဖြတ်သန်းသွားသည်။

“ဆက်မကြိုးစားပါနဲ့တော့။ မင်း စမ်းကြည့်ခဲ့တဲ့ နည်းလမ်း တွေ အားလုံးကို ငါလည်း စမ်းကြည့်ပြီးပြီပဲ... ဒါပေမဲ့ ဘယ်နည်းလမ်း ကမှ အလုပ်မဖြစ်ဘူး”

နင်ချီ အလွန်တရာ စိတ်ဝင်စားသွားပြီး မေးလိုက်၏။

“ဒါက တကယ်တော့ ဘာပစ္စည်း လဲ ခင်ဗျာ”

ပုံရိပ်ယောင် က ဆိုလိုက်သည်။

“ငါလည်း မသိဘူး။ ငါ့ရဲ့ လက်အောက်ငယ်သား တွေက ကမ္ဘာငယ်လေး တစ်ခု ထဲမှာ အမှတ်မထင် ရှာတွေ့ခဲ့တာလို့ ပြောပြီး ငါ့ဆီ ဆက်သလာတာပဲ။ အဲဒါက ငါတို့ရဲ့ အာရုံခံနိုင်စွမ်း တွေကို ပိတ်ဆို့ထားနိုင်စွမ်း ရှိတယ် ဆိုတာကို တွေ့ရှိခဲ့ရတာ ကလွဲရင်... ငါ့အတွက် ဘာမှ အသုံးမဝင်ပါဘူး”

နင်ချီ မှာ အံ့အားသင့် မှင်သက်သွားပြီး...

“ဒီလို ရတနာ မျိုးကို ကမ္ဘာ့အရှင်သခင် က ကျွန်တော့်ကို တကယ်ပဲ ပေးရက်တာလား ခင်ဗျာ”

ပုံရိပ်ယောင်ကြီးက အသာအယာ ရယ်လိုက်ပြီး ဆိုလိုက်၏။

“ဒါက သိပ်ပြီး ကြီးကျယ်တဲ့ ရတနာ မျိုးတော့ မဟုတ်ပါဘူး။ ငါ့ဆီမှာ အဲဒီလို အပိုင်းအစ လေးတွေ နောက်ထပ် အများကြီး ရှိသေးတယ်”

နင်ချီ ချက်ချင်း သဘောပေါက်သွားတော့သည်။

“အာ... ခင်ဗျားက ကျွန်တော့်ကို ချို့ယွင်းချက် ရှိတဲ့ ပစ္စည်း ကို ပေးလိုက်တာပေါ့လေ”

သို့သော် သူ အလွန်တရာ စိတ်ဝင်စားနေဆဲ ဖြစ်ပြီး... ဤပစ္စည်း ၏ ဇာစ်မြစ်မှာ သေချာပေါက် အလွန်တရာ အံ့မခန်း ဖြစ်ရမည်ဟု သူ ယုံကြည်ထား၏။

သို့သော် သူ သာမက ဝိညာဉ်ကမ္ဘာ ၏ လက်ရှိ ဆန္ဒတော် ပင်လျှင်... ၎င်းမှာ မည်သည့် သစ်ပင် အမျိုးအစား ဖြစ်သနည်း၊ ၎င်းတွင် အခြား မည်သို့သော အသုံးဝင်မှုများ ရှိနေသေးသနည်း ဆိုတာကို ရှာဖွေ မတွေ့ရှိနိုင်သေးချေ။

ဤ ရတနာ ကို ရရှိပြီးနောက် နင်ချီ က ချက်ချင်း မေးလိုက်၏။

“ကမ္ဘာ့အရှင်သခင်... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ၏ အာရုံခံနိုင်စွမ်း ကို ပိတ်ဆို့ဖို့ အတွက် သူ့ရဲ့ စွမ်းရည်ကို ဘယ်လို အသက်သွင်းရမလဲ ခင်ဗျာ။ ကျွန်တော် ခုလေးတင် စမ်းကြည့်တာတောင် ကျွန်တော့်ရဲ့ စွမ်းအား တွေ အားလုံးက သူ့အပေါ် လုံးဝ အသုံးမဝင်ဘူး ဖြစ်နေတယ်”

“မင်း ဘာမှ လုပ်စရာ မလိုပါဘူး... သူ့ကို ဒီတိုင်း ဆောင်ထားလိုက်ရုံပါပဲ” ဟု ပုံရိပ်ယောင် က ရှင်းပြလိုက်သည်။

နင်ချီ ၏ မျက်နှာပေါ်တွင် ဝမ်းသာ ပီတိ ဖြစ်နေသော အမူအရာများ ချက်ချင်း ပေါ်လွင်လာပြီး၊ သူက အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်၏။

“ဒါဆိုရင်လည်း အရမ်း ကျေးဇူးတင်ပါတယ် ကမ္ဘာ့အရှင်သခင်”

ပုံရိပ်ယောင်ကြီးက ဂရုမစိုက်သည့်အလား လက်ကို ဝှေ့ယမ်းပြလိုက်သည်။

“တခြား ကိစ္စ မရှိတော့ဘူး ဆိုရင်... သွားတော့”

နင်ချီ က ချက်ချင်း နှုတ်ဆက် ထွက်ခွာလာခဲ့၏။

ထို့နောက် သူက လူတိုင်းကို စုစည်းကာ နယ်မြေ ဖြတ်ကျော်မည့် ကိစ္စကို နောက်တစ်ကြိမ် ထပ်မံ ဆွေးနွေး တိုင်ပင်လိုက်တော့သည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူ့ကို အလယ်ဗဟို စစ်မြေပြင်နယ်မြေ ဆီသို့ အလျင်စလို မသွားရန် ပြောထားသဖြင့်... နင်ချီ က ၎င်းကို နာခံလိုက်၏။

သူသည် အလယ်ဗဟို စစ်မြေပြင်နယ်မြေ သို့ သွားရန် ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ... အလယ်ဗဟို စစ်မြေပြင်နယ်မြေ မှာ စစ်မြေပြင်နယ်မြေ တစ်ခုလုံး၏ အဓိက အချက်အချာ နေရာ ဖြစ်ပြီး ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ အာရုံစိုက်မှုကို အများဆုံး ရရှိထားသော နေရာ ဖြစ်သောကြောင့်ပင်။ ယခု ၎င်းနေရာသို့ သွားရောက်ခြင်းမှာ... ပြင်ပ နယ်မြေများတွင် ဆက်လက် နေထိုင်ပြီး အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းရန် ဆုံမှတ် ဟင်းလင်းပြင် များကို ပိုမို ရယူခြင်းလောက် အကျိုးမရှိနိုင်ဟု သူ တွေးတောမိသောကြောင့် ဖြစ်၏။

ထို့ကြောင့် နင်ချီ သည် ပင်လယ်ဘိုးဘေးကြီး ဝင်ရောက်ထားသော နောက်ထပ် နယ်မြေ တစ်ခု ဖြစ်သည့် အနောက်တောင် စစ်မြေပြင်နယ်မြေ ဆီသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။

‘ပင်လယ်ဘိုးဘေးကြီး နဲ့ ဆက်ဆံရေး ကိုလည်း ငါ တိုးတက်အောင် လုပ်လို့ ရတာပေါ့’

ထို့ကြောင့် နင်ချီ သည် သူ၏ ပေါင်းစပ်ထားသော စစ်တပ်ကြီးကို ဦးဆောင်ကာ နောက်တစ်ကြိမ် ခရီးဆက်ခဲ့ပြန်သည်။

ယခင် လုပ်ငန်းစဉ် များအတိုင်း လုပ်ဆောင်ပြီးနောက်... သူသည် အနောက်တောင် စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက် ပြီးစီးသွားခဲ့လေပြီ။

ထိုအချိန် အတွင်း... မထင်မှတ်ထားသော အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်ခဲ့၏။

သူတို့သည် နောက်ဆုံး နယ်မြေငယ်လေး ကို သိမ်းပိုက်နေစဉ် အတွင်း... အနောက်ဘက် နယ်မြေ ၏ နယ်နိမိတ် နံရံ တွင် တံခါး တစ်ပေါက် ရုတ်တရက် ပွင့်ဟလာတော့သည်။

အခန်း (၈၅၅) - စုတ်ပြဲနေသော သစ်ရွက် နှင့် ရတနာ

~ကြည့်ရသည်မှာ သူတို့က သူတို့ တိုက်ခိုက်နေသော ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များကို ကယ်တင်ရန် ကြိုးစားနေသည်လော။

ထို့ကြောင့် နင်ချီ သည် ကျူးယန့်ချွမ်း နှင့် တိုက်ခိုက်နေသော နယ်မြေအရှင်သခင် တစ်ပါးကို တမင်တကာ ထွက်ပြေး လွတ်မြောက်ခွင့် ပေးလိုက်၏။ သူ၏ သံလိုက်အိမ်မြှောင် ကို ကျူးယန့်ချွမ်း ထံမှ နေ၍ အလွန်တရာ ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် ထိုသူ့ထံသို့ တမင်တကာ ကျချပေးလိုက်ရာ... ထိုသူက ၎င်းကို ရရှိသွားခဲ့သည်။

ထို သံလိုက်အိမ်မြှောင် ကို နင်ချီ ကိုယ်တိုင် ပြန်လည် ဖန်တီးထားခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းကို ဖန်တီးသည့် နည်းလမ်း များကိုလည်း နောက်ကျောတွင် ဖုံးကွယ် ရေးသားထားခဲ့သည်။

သေချာသည်မှာ... နင်ချီ ၏ ဟန်ဆောင်မှုများက အခြားသူများ အားလုံးကို လှည့်စားနိုင်ခဲ့သော်ငြားလည်း... သူ နောက်ဆုံးတွင် အလွန်တရာ အံ့မခန်း ဖြစ်သော အရာတစ်ခုကို လုယူသွားနိုင်ခဲ့ကြောင်းကိုတော့ ထို နယ်မြေအရှင်သခင် တစ်ဦးတည်းသာ သိရှိထား၏။

အနောက်တောင် နယ်မြေ ကို အပြည့်အဝ သိမ်းပိုက် ပြီးစီးသွားပြီးနောက်... နင်ချီ သည် သူ၏ စစ်တပ်ကြီးကို ယာယီ ပြန်လည် စုစည်းရန် ပြင်ဆင်လိုက်တော့၏။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် က သူ့ကို သတိထားရန် အသံလွှင့် သတိပေးလာပြီး... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် နှင့် သူတော်စင် ဘိုးဘေးကြီး တို့သည် အနောက်ဘက် နယ်မြေ တွင် ထောင်ချောက် တစ်ခုခု ဆင်ထားကြောင်း ပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် တောင်ပိုင်း စစ်မြေပြင်နယ်မြေ ၏ ဟင်းလင်းပြင် တည်ငြိမ်မှု အခြေအနေမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး... ပထမဆုံး အသုတ် ဖြစ်သော တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များ စစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက်လာတော့မည်ပင်။

…

နင်ချီ သည် တောင်ပိုင်း နှင့် အနောက်တောင် နယ်မြေ များကို အပြည့်အဝ သိမ်းပိုက် ပြီးစီးသွားပြီးနောက်...

တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌...

ပင်လယ်ဘိုးဘေးကြီး ၏ မျက်လုံးများက စစ်မြေပြင်နယ်မြေ ကို စူးစိုက် ကြည့်နေလေသည်။ သူမ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးပန်း တစ်ပွင့် သီးဝေလာတော့၏။

တောင်ဘိုးဘေးကြီး ထံမှ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို လုယူပြီး နင်ချီ ကို သူမထံသို့ ဝင်ရောက်လာအောင် အတင်းအကျပ် ဖိအားပေးခဲ့ခြင်းမှာ အလွန်တရာ တန်ဖိုးရှိသော အပေးအယူ တစ်ခု ဖြစ်ကြောင်း.. သူမ ရုတ်တရက် သဘောပေါက်သွားတော့သည်။

ထင်ထားသည့်အတိုင်းပင် နင်ချီ သည် သူမကို နယ်မြေ နှစ်ခုလုံး သိမ်းပိုက်နိုင်ရန် တိုက်ရိုက် ကူညီပေးခဲ့ရုံသာမက၊ သူမ၏ ကျင့်ကြံသူ အများအပြားကိုလည်း ကယ်တင်ပေးနိုင်ခဲ့သည်။

အကယ်၍ နင်ချီ သာ တောင်ဘိုးဘေးကြီး နှင့်အတူ ဆက်လက် ရှိနေမည် ဆိုပါက... ကယ်တင်ခံရသူ များမှာ တောင်ဘိုးဘေးကြီး ၏ လူများ ဖြစ်သွားမည် မဟုတ်ပါလော။

အတိုချုပ် ပြောရမည် ဆိုလျှင်... နင်ချီ သည် သူမ၏ ကျင့်ကြံသူ စစ်တပ်ကြီးကို ပျက်စီးဆုံးရှုံးမှု များမှ ကာကွယ်ပေးနိုင်ခဲ့ရုံသာမက၊ တောင်ဘိုးဘေးကြီး ၏ ခွန်အားများကိုပါ သွယ်ဝိုက်သော နည်းလမ်းဖြင့် အားနည်းသွားစေခဲ့၏။

ယခုအခါ တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များကို တောင်ပိုင်း နယ်မြေ အတွင်းသို့ ချက်ချင်း စေလွှတ်၍ ရနိုင်ပြီ ဖြစ်ကြောင်း တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူမကို အသိပေးလာခဲ့လေပြီ။

တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များ ထပ်မံ ပါဝင်လာမှုနှင့် အတူ... စစ်မြေပြင်နယ်မြေ တစ်ခုလုံး၏ အောင်ပွဲ ချိန်ခွင်လျှာ မှာ သူတို့ဘက်သို့ လုံးလုံးလျားလျား ယိမ်းယိုင်သွားမည် ဖြစ်ပြီး၊ ကျယ်ပြန့်သော ကမ္ဘာ ကို လက်တွေ့ ကျူးကျော် တိုက်ခိုက်မှုများ ပြုလုပ်ရန်မှာလည်း သိပ်မဝေးတော့သော အနာဂတ်တွင် ဖြစ်လာတော့မည်တည်း။

ကောင်းကင် ဆက်သွယ်ရေး တောင်ထွတ် ပေါ်ရှိ တောင်ဘိုးဘေးကြီး သည်လည်း စစ်မြေပြင်နယ်မြေ အတွင်းရှိ အခြေအနေများကို အဆက်မပြတ် စောင့်ကြည့်နေသည်။

ဤအခိုက်အတန့်တွင် သူ၏ မျက်နှာသွင်ပြင် မှာ သိပ်မကောင်းလှချေ။

အထူးသဖြင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ၏ အပြည့်အဝ လွှမ်းမိုး ဝါးမြိုခြင်းကို ခံလိုက်ရပြီ ဖြစ်သော အရှေ့မြောက် စစ်မြေပြင်နယ်မြေ ကို မြင်တွေ့လိုက်ရပြီးနောက်တွင်ပင်၊

အပြာရောင် သန်းသော အစိမ်းရောင် အလင်းတန်းများဖြင့် တောက်ပနေသည့် တောင်ပိုင်း နှင့် အနောက်တောင် အရပ်ရှိ နယ်မြေ နှစ်ခု နှင့် ၎င်းတို့ကို နှိုင်းယှဉ်ကြည့်လိုက်သောအခါ အလွန်တရာ သိသာ ထင်ရှားလွန်းလှသည်။

သူက သက်ပြင်းချလိုက်၏။

“အင်းလေ... ပါရမီ အရည်အချင်း ဆိုတာ အရေးအကြီးဆုံးပဲ”

နောက်ထပ် အောင်ပွဲများ ရရှိနိုင်ရန်အတွက်... တောင်ဘိုးဘေးကြီး သည် သူ၏ မဟာမိတ် တာအို များကို စစ်မြေပြင်နယ်မြေ အတွင်းသို့ စတင် စေလွှတ်နေပြီ ဖြစ်၏။

သို့သော် သူ… စေလွှတ်ချင်နေသည်မှာ... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က မသိမ်းပိုက်ရသေးသော နေရာနှင့် သူ၏ ကျင့်ကြံသူ များ အရေးနိမ့်နေသော နယ်မြေများ အတွင်းသို့... ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ပြီး ဝင်လာကြသော လူများကိုသာ ဖြစ်သည်။

...

ကျယ်ပြန့်သော ကမ္ဘာ အတွင်း၌...

နောက်ကွယ်တွင် နေထိုင်ပြီး ရေးဆွဲ ပန်းချီဆွဲ ရင်း အေးချမ်းသော ဘဝကို ဖြတ်သန်းရန် ကျေနပ်နေသော သူတော်စင် ဘိုးဘေးကြီး မှာ... ယခုအခါ ရှေ့တန်း သို့ ပြန်လည် ထွက်ပေါ်လာရန် အတင်းအကျပ် ဖိအားပေး ခံလိုက်ရလေပြီ။

သူသည် ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်း ၏ အရှင်သခင် နှင့် အခြား တာအို ကျင့်ကြံသူ အများအပြားကို ခေါ်ယူလိုက်သည်။

“ဒီကောင်တွေကို နယ်မြေ တွေ ထပ်ပြီး သိမ်းပိုက်ခွင့် ပေးလို့ မဖြစ်တော့ဘူး။ ကျီလီ... မင်း သိထားတာတွေကို သူတို့ကို ပြောပြလိုက်”

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ဖြင့် ဖွဲ့စည်းထားသော လူမှာ သူတော်စင် ဘိုးဘေးကြီး ၏ ဘေးတွင် လက်များ ဆုပ်မိုးကာ ရိုသေစွာ ရပ်နေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ သူက ကျောင်းသား တစ်ယောက်အလား ရိုသေ လေးစားစွာဖြင့် ချက်ချင်း ပြန်လည် ဖြေကြားလိုက်၏။

“ဟုတ်ကဲ့ပါ ဆရာ”

သို့သော် သူ ခေါင်းလှည့်ကာ ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်း ၏ ဂိုဏ်းချုပ် နှင့် အခြား တာအို များကို ရင်ဆိုင်လိုက်ချိန်တွင်မူ... သူသည် အလွန်တရာ တည်ကြည် လေးနက်လာပြီး အလွယ်တကူ ချဉ်းကပ်၍ မရနိုင်သော ပုဂ္ဂိုလ် တစ်ဦးအလား ပြောင်းလဲသွားတော့သည်။

ဆရာ က အခြားသူများ၏ ရှေ့တွင် တည်ကြည် လေးနက်ပြီး ရိုသေ လေးစားဖွယ် ကောင်းသော အမူအရာကို ထိန်းသိမ်းထားရမည် ဖြစ်ကြောင်း ပြောခဲ့ဖူး၏။

အုပ်ချုပ်သူ တစ်ဦးသည် အုပ်ချုပ်သူ တစ်ဦး ပီသရမည် ဖြစ်ပြီး လက်အောက်ငယ်သား တစ်ဦးသည်လည်း လက်အောက်ငယ်သား ပီသရမည်။ ဖခင် တစ်ဦးသည် ဖခင် တစ်ဦး ပီသရမည် ဖြစ်ပြီး သား တစ်ဦးသည်လည်း သား တစ်ဦး ပီသရမည် ပင် ဖြစ်သည်။

သူ ပထမဆုံး အသိစိတ် ရရှိလာချိန်က... အရာအားလုံးကို သူ့အား တစ်ဆင့်ပြီး တစ်ဆင့် သင်ကြား ပြသပေးခဲ့သူမှာ သူတော်စင် ဘိုးဘေးကြီး ပင်။ ထို့ကြောင့် သူသည် သူတော်စင် ဘိုးဘေးကြီး တစ်ဦးတည်း အပေါ်တွင်သာ အထူး လေးစားမှု ရှိနေခြင်းပါ။

ကျီလီ ဟူသော အမည်ကိုလည်း သူတော်စင် ဘိုးဘေးကြီး ကိုယ်တိုင် ပေးထားခဲ့ခြင်း ဖြစ်ပြီး... သူသည် ကောင်းကင်နှင့် မြေကြီး ၏ ယဉ်ကျေးမှု များကို နားလည် သဘောပေါက်ပြီး ကျယ်ပြန့်သော ကမ္ဘာ အတွင်းရှိ သက်ရှိ အားလုံး အပေါ် ကြင်နာစွာ ဆက်ဆံလိမ့်မည်ဟု မျှော်လင့်၍ ပေးထားခဲ့ခြင်း ပင် ဖြစ်သည်။

ကျီလီ က လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ဆိုလိုက်၏။

“လောလောဆယ် စစ်မြေပြင်နယ်မြေ ရဲ့ အဓိက နယ်မြေကြီး ကိုးခု ထဲမှာ... တောင်နဲ့ ပင်လယ် ကမ္ဘာ က နှစ်ခု ကို သိမ်းပိုက်ထားပြီး ငါတို့ ဘက်က တစ်ခု ကို သိမ်းပိုက်ထားတယ်။ ကျန်ရှိနေသေးတဲ့ နယ်မြေငယ် လေးတွေ နဲ့ ပတ်သက်ပြီး ပြောရရင်တော့... ကျယ်ပြန့်သော ကမ္ဘာ က အတော်လေး အားနည်းနေတယ်။ အကယ်လို့ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင်... တောင်နဲ့ ပင်လယ် ကမ္ဘာ က ငါတို့ရဲ့ နယ်မြေ တွေကို သေချာပေါက် ကျူးကျော် ဝင်ရောက်လာနိုင်လိမ့်မယ်”

စစ်မြေပြင်နယ်မြေ ၏ အခြေအနေများကို မသိရှိကြသော သူများမှာ ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် အံ့အားသင့် ထိတ်လန့်သွားကြတော့သည်။

“ဒီ အခြေအနေကို ပြောင်းပြန် လှန်ပစ်နိုင်ဖို့ သူတော်စင် ဘိုးဘေးကြီး နဲ့ ကမ္ဘာ့အရှင်သခင် တို့ အမိန့်တွေ ချမှတ်ပေးဖို့ ကျွန်တော်တို့ တောင်းပန်ပါတယ် ခင်ဗျာ”

ကျီလီ က ခေါင်းညိတ်ပြလိုက်သည်။

ရုတ်တရက် သူက စစ်မြေပြင်နယ်မြေ ဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသော အမူအရာတစ်ခု ပေါ်လွင်လာတော့၏။

“ဘာဖြစ်လို့လဲ” ဟု သူတော်စင် ဘိုးဘေးကြီး က မေးလိုက်သည်။

ကျီလီ က စစ်မြေပြင်နယ်မြေ ဆီသို့ သူ၏ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ... မျက်စိတစ်မှိတ် အတွင်းမှာပင် တစ်ခုခုက ဟင်းလင်းပြင် ကို ဖြတ်သန်း ပျံသန်းလာပြီး သူ၏ လက်ထဲသို့ ဝင်ရောက်လာတော့၏။

“ဆရာ... ကြည့်ပါဦး”

ကျီလီ က သူ၏ လက်ထဲရှိ ပစ္စည်း ကို သူတော်စင် ဘိုးဘေးကြီး ထံသို့ ကမ်းပေးလိုက်သည်။

“ဒါက ဘာလဲ”

ထိုအခါ၊ ကျီလီ က ရှင်းပြလိုက်၏။

“ဒါက အနောက်တောင် စစ်မြေပြင်နယ်မြေ ထဲကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ နယ်မြေအရှင်သခင် တစ်ပါးက နင်ချီ ရဲ့ စစ်တပ်ကြီး ဆီကနေ လုယူလာခဲ့တဲ့ သံလိုက်အိမ်မြှောင် ပါ။ စစ်မြေပြင်နယ်မြေ ထဲမှာ ရှိနေသရွေ့... ဝိညာဉ်စွမ်းအား တွေကို အသုံးပြုပြီး ဆုံမှတ် တွေ အားလုံးရဲ့ တည်နေရာ နဲ့ ကျင့်ကြံသူ တွေရဲ့ တည်နေရာ ဥ ထောက်လှမ်း သိရှိနိုင်ပြီး မြေပုံ တစ်ခု ဖန်တီးပေးနိုင်ပါတယ်”

သူတော်စင် ဘိုးဘေးကြီး က သံလိုက်အိမ်မြှောင် ကို ချက်ချင်း စစ်ဆေးကြည့်လိုက်ရာ... ၎င်းကို မည်သို့ အသုံးပြုရမည် နှင့် မည်သို့ ဖန်တီးရမည် ဆိုသည်ကို လျင်မြန်စွာ နားလည် သဘောပေါက်သွားတော့၏။

စူးစမ်း လေ့လာပြီးနောက် သူတော်စင် ဘိုးဘေးကြီး မှာ ရုတ်တရက် သဘောပေါက်သွားတော့သည်။

“တောင်နဲ့ ပင်လယ် ကမ္ဘာ က ကျင့်ကြံသူ တွေ ရုတ်တရက်ကြီး ဒီလောက်တောင် ကြမ်းတမ်း လာတာ မဆန်းပါဘူးလေ။ ငါ့ရဲ့ တာအို မှာ ဘာတွေ ဖြစ်နေတာလဲ။ တကယ်ပဲ ဒီလို နတ်ဘုရား လို အရာမျိုး ရှိနေတာကိုး

“ဒီပစ္စည်းကို နင်ချီ က ဖန်တီးခဲ့တာ ဖြစ်ပြီးတော့ တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် ဆီကို ပေးခဲ့တယ် လို့ ကျွန်တော် ကြားတယ်။ အဲဒီနောက်မှာ သူတို့က ဒါတွေကို အမြောက်အမြား ထုတ်လုပ်ပြီး စစ်မြေပြင်နယ်မြေ ထဲက ကျင့်ကြံသူ တွေဆီ ဖြန့်ဝေပေးလိုက်တာတဲ့... အဲဒါကြောင့်မလို့ ကျွန်တော်တို့ရဲ့ စစ်တပ်ကြီး က တဖြည်းဖြည်းချင်း ခံစစ် သက်သက် ဖြစ်လာပြီး ရှုံးနိမ့်နေရတာပေါ့”

သူတော်စင် ဘိုးဘေးကြီး က စစ်မြေပြင်နယ်မြေ ကို စူးစိုက် ကြည့်နေပြီး... မကြားရလောက်အောင် တိုးညှင်းသော သက်ပြင်း တစ်ချက် ချလိုက်သည်။

“ဒီအရာ ကိုလည်း နင်ချီ ကပဲ ဖန်တီးခဲ့တာ ဆိုတာကို ငါ လုံးဝ မထင်ထားခဲ့ဘူး။ ပထမအကြိမ် တုန်းက သူ့ကို မဖမ်းနိုင်ခဲ့တာ အရမ်းကို နှမြောစရာ ကောင်းတယ်။ နောက်ပိုင်း သူ့ကို ဖမ်းဖို့ ကြိုးစားတာတွေ ကလည်း တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် ရဲ့ အာရုံစိုက်မှု တွေကြောင့် အခက်အခဲ တွေ အများကြီး ကြုံခဲ့ရတယ်လေ”

သက်ပြင်းချပြီးသည်နှင့် တစ်ပြိုင်နက် သူက ချက်ချင်း ဆိုလိုက်၏။

“မှော်လက်နက် ဖန်တီးတဲ့ ကျင့်ကြံသူ အဖွဲ့ တစ်ဖွဲ့ကို အခုချက်ချင်း ခေါ်လိုက်... ဒီပစ္စည်းကို အမြန်ဆုံး ဖန်တီးပြီး ငါတို့ နယ်မြေ က ကျင့်ကြံသူ တွေဆီ ဖြန့်ဝေပေးဖို့ ညွှန်ကြားလိုက်”

“ဟုတ်ကဲ့ပါ ခင်ဗျာ”

မှော်လက်နက် ဖန်တီးခြင်း တွင် အထူး ကျွမ်းကျင်သော အကြံပေး ကျင့်ကြံသူ တစ်ဦးက သူတော်စင် ဘိုးဘေးကြီး ထံမှ သံလိုက်အိမ်မြှောင် ကို ချက်ချင်း လှမ်းယူလိုက်ပြီး နောက်ဆုတ် သွားတော့သည်။

ထို့နောက် လူတိုင်းက ကိစ္စရပ်များကို ထပ်မံ ဆွေးနွေး တိုင်ပင်ကြပြန်၏။

“တောင်နဲ့ ပင်လယ် ကမ္ဘာ က အဖွဲ့ တစ်ဖွဲ့ကို မကြာခင် စေလွှတ်တော့မယ် ထင်တယ် ဆရာ... ကျွန်တော်တို့ကော မလုပ်သင့်ဘူးလား ခင်ဗျာ…”

ထိုအခါ၊ သူတော်စင် ဘိုးဘေးကြီး က ဆိုလိုက်၏။

“ဒါပေါ့၊ ငါတို့လည်း လူတွေကို အဲဒီကို စေလွှတ်ရမှာပေါ့။ ဒါပေမဲ့ တောင်နဲ့ ပင်လယ် ကမ္ဘာ က သိမ်းပိုက်ထားတဲ့ နယ်မြေ နှစ်ခု ကိုတော့ ငါတို့ သတိထားရမယ်”

“ဘာကို ဆိုလိုတာလဲ ခင်ဗျာ”

ထိုအခါ၊ သူတော်စင် ဘိုးဘေးကြီး က ညွှန်ကြားလိုက်သည်။

“အဆင့်တက် ဆေးလုံး တချို့ကို ထုတ်ယူပြီး... အိမ်နီးချင်း နယ်မြေ တွေမှာ ရှိတဲ့ ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တွေဆီ ပေးလိုက်။ အကယ်လို့ သူတို့က အတိုက်ခိုက် ခံရရင်... အဲဒီ ဆေးလုံး တွေကို ဝါးစားပြီး အဆင့် ကျော်တက်ပြီးတော့ တိုက်ခိုက်ကြပါစေ”

“ဆရာ... ဒါပေမဲ့ ပေါင်းစည်းခြင်း နယ်ပယ် ကနေ အဆင့်တက် ဖို့ဆိုတာ မိုးကြိုး ကောင်းကင်ဒဏ် ကို ဖြတ်ကျော်ရမှာလေ။ စစ်မြေပြင်နယ်မြေ ထဲမှာ ကောင်းကင်ဒဏ် ကို ခံယူတာက အရမ်းကို အန္တရာယ် မများလွန်းဘူးလား ခင်ဗျာ”

ကျီလီ က မေးလိုက်၏။

All Chapters