← Chapters

ရာထူးတိုးအခမ်းအနား

Vol. 25 Ch. 244

ရာထူးတိုးအခမ်းအနား

Vol. 25 Ch. 244

"သဘာဝကိုယ်ခန္ဓာဖွဲ့စည်းပုံတွေမှာ ပေါင်းစပ်နိုင်စွမ်းနဲ့ ရင်းနှီးကျွမ်းဝင်နိုင်စွမ်း အဆင့်တွေ ရှိနေမလားမသိဘူး။"

မော့ယွင်ရုနှင့် လော့မိန်လီတို့ပေးသော မတူညီသည့် ရှင်းလင်းချက်များကို တွေးတောရင်း ယန်ချင်းက တွေးတောနေမိလေသည်။

မော့ယွင်ရုအနေဖြင့် သူမ၏ရှင်းလင်းချက်ကို ပြောပြရန် ခက်ခဲနေရခြင်း၏ အကြောင်းရင်းမှာ သူမ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံသည် သူမနှင့် အလွန်နက်ရှိုင်းစွာ ပေါင်းစပ်သွားသောကြောင့် ဖြစ်နိုင်ကြောင်း သူ သံသယဝင်မိ၏။

ထို့ကြောင့် သူမ၏ ခံစားချက်ကို မေးမြန်းခြင်းသည် လူတစ်ယောက်အား အဘယ်ကြောင့် လေကို ရှူသွင်း၊ ရှူထုတ်လုပ်နေသနည်း၊ အဘယ်ကြောင့် ရှူထုတ်ပြီးမှ ရှူမသွင်းသနည်းဟု မေးမြန်းနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

"ဒါတွေအားလုံးကို တစ်ရက်တည်းနဲ့ သိနိုင်မှာမှ မဟုတ်တာလေ၊ အဘိုးတို့နဲ့ တခြားလူတွေကိုပဲ ဆက်လုပ်ခိုင်းလိုက်ပါတော့မယ်။"

ယန်ချင်းသည် အားလပ်ချိန်ရသည့်အထိ ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ထားရန် ဆုံးဖြတ်လိုက်ရင်း တွေးလိုက်လေသည်။

သူ၏ လာမည့်ရက်သတ္တပတ်သည် ကိစ္စအဝဝဖြင့် ပြည့်နှက်နေပေလိမ့်မည်။

မိတ်ဆက်သင်တန်း၊ ဝိညာဉ်ကောင်စီသို့ သွားရောက်ခြင်း၊ လာမည့် ဝင်ခွင့်စာမေးပွဲကို ကြီးကြပ်ခြင်းတို့အပြင် ကျန်းဖူနှင့် ကျောက်စိမ်းလက်ဝါးဂိုဏ်းတည်ထောင်သူတို့၏ ကိစ္စနှင့်ပတ်သက်၍ မုန့်ချောင်၊ ကျန်းချင်ကောတို့နှင့် ဆွေးနွေးရမည့် ကိစ္စများလည်း ရှိနေသေး၏။

ထို့ပြင် မာယွမ်၏ ပျောက်ဆုံးနေသော ဇနီးနှင့် သမီးဖြစ်သူတို့အား စုံစမ်းစစ်ဆေးမှု၊ ရွှေဝါးရုံစံအိမ်တည်ထောင်သူများထဲမှ တစ်ဦး၏ မျိုးဆက်နှင့် မေပယ်နီအင်ပါယာတို့ ပူးပေါင်း၍ တစ်စုံတစ်ရာ ဖုံးကွယ်ထားခြင်း ရှိမရှိ စုံစမ်းစစ်ဆေးမှုများလည်း ပါဝင်လေသည်။

ထို့အပြင် သူ၏အကဲဖြတ်မှုများအတွင်း မဟူရာတစ္ဆေဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးက သူ့အား ခြုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့သည့် ဝိညာဉ်ကျင့်ကြံခြင်းဂိုဏ်း၏ အုပ်ချုပ်မှုကင်းမဲ့သော နယ်မြေတွင် အဖွဲ့အစည်း၏ ဌာနခွဲတစ်ခုကို တည်ထောင်နိုင်ရန်အတွက် ဝိညာဉ်ကောင်စီသို့ တင်ပြရမည့် အစီရင်ခံစာများလည်း ကျန်ရှိနေသေးချေသည်။

သူ့ကို စောင့်ကြိုနေသော တောင်လိုပုံနေသည့် ကိစ္စရပ်များကို တွေးလိုက်ရုံမျှဖြင့် သူ၏ဝိညာဉ်အနက်ရှိုင်းဆုံးနေရာအထိ နွမ်းနယ်သွားသလို ခံစားလိုက်ရလေသည်။

တရားခွင်သို့ ခြေချလိုက်သည်နှင့် သူ လက်ခံရမည့် အမှုအခင်းများကိုပင် မစတင်ရသေးပေ။

ထို့ကြောင့် သူ၏သောကများကို အစားအသောက်များထဲတွင် မြှုပ်နှံထားရန်နှင့် ထိုပြဿနာအားလုံးကို အနာဂတ်မှ ယန်ချင်းထံ လွှဲချထားရန် ဆုံးဖြတ်လိုက်သည်။

တစ်ခါတစ်ရံတွင် အချိန်ဆွဲခြင်းနှင့် မိမိကိုယ်ကို လှည့်စားခြင်းတို့သည် လှပသော အရာများဖြစ်နေတတ်သည်။

"မနက်ဖြန်ကိစ္စ မနက်ဖြန်မှပဲ ပူတော့မယ်"

ယန်ချင်းသည် သူ၏ စိတ်အခြေအနေ ကြည်နူးသွားကာ တွေးလိုက်လေသည်။ သူသည် တစ်နေရာရာမှ စောင်းတစ်လက်ကိုပင် ထုတ်ယူလိုက်ပြီး သီချင်းအနည်းငယ်ကို ဖျက်ဆီးတီးခတ်လိုက်သေးသည်။

သူ၏ ဧည့်သည်များသည် နံနက်သုံးနာရီအထိ နေထိုင်ခဲ့ကြပြီး ဆုမွန်ကောင်းများ တောင်းပေးပြီးမှသာ ထွက်ခွာသွားကြလေသည်။

သူ၏ အခမ်းအနားပြီးဆုံးပြီးနောက်တွင် ယန်ချင်းသည် ၎င်းတို့အပြင် သစ်တောဖြူနိုင်ငံ၏ ဘုရင်ကဲ့သို့သော အဖွဲ့အစည်းမှ မဟုတ်သည့် အခြားမိတ်ဆွေများနှင့် သူ၏ရာထူးတာဝန်များထမ်းဆောင်ရင်း နှစ်များတစ်လျှောက် ရင်းနှီးခဲ့သော အခြားသူအချို့ကိုလည်း ဖိတ်ကြားရန် စီစဉ်ထားလေသည်။

မနက်ဖြန်တွင် ဝိညာဉ်ကျောက်တုံးများနှင့် ရတနာများထဲ၌ ကူးခတ်နေရမည်ဖြစ်သောကြောင့် ထိုလူအားလုံးအတွက် ပါတီပွဲကျင်းပမည့် ကုန်ကျစရိတ်ကို သူ လုံးဝစိုးရိမ်မနေခဲ့ပေ။

ဤသည်မှာ အခမ်းအနားမှ ရရှိလာမည့် ကောင်းမြတ်သော အရာတစ်ခုပင် ဖြစ်ပြီး အဆီအနှစ်ပြည့်ဝသော ဧည့်သည်များထံမှ သူရရှိမည့် ရတနာများပင် ဖြစ်ပေသည်။

ထိုအကြောင်းကို တွေးမိသောအခါ ယန်ချင်းက တခစ်ခစ် ရယ်မောလိုက်လေသည်။ သူရရှိမည့် လက်ဆောင်အမျိုးအစားများကိုလည်း နေ့ခင်းအိပ်မက်မက်ရုံမှတစ်ပါး မတတ်နိုင်တော့ချေ။

"အင်း.. ဝတ်ရုံအတွက် ကြိုတင်ဒဏ်ကြေးတွေကိုတောင် ပေးနိုင်လောက်မယ်ထင်တယ်။ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သိန်းဂဏန်းလောက်က သိပ်များတာမှ မဟုတ်တာ"

ယန်ချင်းက သူဌေးပေါက်စသခင်လေးတစ်ဦးအလား ဟန်ဆောင်ကာ မောက်မာစွာ ပြောလိုက်၏။

"မင်းက ဘာတွေကို တွေးပြီး ဒီလောက်တောင် ကျေနပ်နေရတာလဲ"

"ငါ မကြာခင် ရတော့မယ့် စည်းစိမ်တွေလေ။ မင်းရဲ့ လာမယ့် အဆင့်တက်ခြင်း အောင်ပွဲအတွက် လက်ဆောင်တစ်ခုဝယ်ပေးဖို့တောင် လုံလောက်လောက်တယ်"

ယန်ချင်းက သူ၏ဘေးတွင် ရပ်ကာ နှင်းဂျင်ဆင်းလက်ဖက်ရည်ကို ကိုယ်တိုင်ငှဲ့သောက်နေသော လူငယ်လေးအား ရည်ရွယ်၍ ပြောလိုက်လေသည်။

သူကား ရီကျဲပင်။ ယန်ချင်းသည် ကောင်းကင်ဘုံရက်ကန်းငှက်၏ အသိုက်ထဲမှ ထွက်လာကတည်းက သူ့ကို အာရုံခံမိပြီးဖြစ်ပေသည်။

ယီကျဲအနေဖြင့် အဆင့်မတက်ရသေးသော်လည်း သူ့ထံမှ သိပ်သည်းလှသော တာအို၏ ဆွဲဆောင်မှုကို ခံစားသိရှိနိုင်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အထွတ်အထိပ်အထိ ခိုင်မာအားကောင်းနေလေသည်။

အောက်ခြေ၌ ဓားတစ်လက်ရှိနေသည့် ရေကန်ကို စောင့်ကြည့်နေသော အထီးကျန်လမင်းတစ်စင်းကဲ့သို့ ခံစားနေရ၏။

ဤအရာများအားလုံးသည် ယီကျဲကျင့်ကြံထားသော ကျင့်စဉ်ဖြစ်သည့် 'တိတ်ဆိတ်သော လ ဓားဆွဲယူခြင်း' ၏ ရောင်ပြန်ဟပ်မှုပင် ဖြစ်ပေသည်။

အလင်းနှင့် အသံ အနည်းငယ်မျှပင် မထွက်ပေါ်စေဘဲ အလွန်အမင်းလျင်မြန်မှုကို အဓိကထားသည့် အထွတ်အထိပ် ရွှေအဆင့်ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

အဖွဲ့အစည်းအတွင်း ထိုကျင့်စဉ်၏ တင်းကျပ်လှသော သတ်မှတ်ချက်များနှင့် ကိုက်ညီသူမှာ အနည်းငယ်သာ ရှိပြီး ယီကျဲသည်လည်း ထိုအထဲမှ တစ်ဦးဖြစ်ပေသည်။

ယန်ချင်း၏ ခန့်မှန်းချက်အရ ယီကျဲသာ ဆန္ဒရှိပါက သူသည် ထိုနေရာတွင် ချက်ချင်းပင် အဆင့်တက်နိုင်ပေသည်။

"မင်း ကောင်းကင်ကပ်ဘေးတောင်ကို သွားတော့မှာလား"

ယန်ချင်းက မေးလိုက်၏။

"အင်း…"

ယီကျဲက ခေါင်းညိတ်ကာ ပြန်ဖြေလေသည်။

"ဘယ်လောက်ကြာမလဲ"

"ငါးလ ဒါမှမဟုတ် အဲဒီထက်နည်းမယ်"

"ကောင်းတယ်"

...

ကောင်းကင်ကပ်ဘေးတောင်သည် အဖွဲ့အစည်းမှ အဆင့်တက်ခြင်းအတွက် သီးသန့်ဖယ်ထားသော အထူးနေရာတစ်ခု ဖြစ်လေသည်။

တောင်တစ်ခုလုံးမှာ ကမ္ဘာကြီး၏ မူလအစနှင့် ဆက်နွှယ်နေသော သဘာဝရတနာတစ်ခုဖြစ်ပြီး တစ်စုံတစ်ဦးအား သီးခြားလေဟာနယ်တစ်ခုတွင် ရှိနေသကဲ့သို့ ခွဲထုတ်ထားနိုင်သော စွမ်းရည်ရှိ၏။

ထိုအာနိသင်မှာ အလွန်ပြင်းထန်လှရာ ကောင်းကင်ကပ်ဘေးများကို တားဆီးပေးခြင်းဖြင့် အကျိုးသက်ရောက်စေလေသည်။

အကယ်၍ ကျင့်ကြံသူနှစ်ဦးသည် တူညီသော အဆင့်တစ်ခုတွင်ရှိနေပြီး ၎င်းတို့ထဲမှ တစ်ဦးက အနီးအနားရှိ အခြားကျင့်ကြံသူတစ်ဦးနှင့်အတူ အဆင့်တက်ခြင်း ကပ်ဘေးကို အစပျိုးလိုက်ပါက ထိုကောင်းကင်ကပ်ဘေးသည် အခြားကျင့်ကြံသူအား ၎င်းတို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုနေရာတွင်ပင် ၎င်းတို့၏ ကိုယ်ပိုင်ကောင်းကင်ကပ်ဘေးကို အစပျိုးသွားစေမည်ဖြစ်သည်။

ရလဒ်အနေဖြင့် ထိုကျင့်ကြံသူနှစ်ဦးလုံး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော ပေါင်းစပ်ကောင်းကင်ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာစေလိမ့်မည်။

သို့သော်လည်း ပေါင်းစပ်ကောင်းကင်ကပ်တစ်ခုသည် ကောင်းချီးတစ်ခု သို့မဟုတ် ကျိန်စာတစ်ခု လည်းဖြစ်သည်။

တစ်ဖက်တွင်မူ ၎င်းသည် အလွန်အစွမ်းထက်လာနိုင်သဖြင့် ကျင့်ကြံသူနှစ်ဦးလုံး ထိုအောက်တွင် သေဆုံးသွားနိုင်​ခြင်း သို့မဟုတ် နှစ်ဦးလုံး အသက်ရှင်လွတ်မြောက်သော်လည်း ၎င်းတို့၏ အဆင့်တက်ခြင်း ကျရှုံးသွားနိုင်သည်။

တစ်နည်းအားဖြင့် တစ်ဦးသည် အဆင့်တက်ခြင်းကျရှုံးကာ အသက်ရှင်ကျန်ရစ်ပြီး အခြားတစ်ဦးမှာ သေဆုံးသွားနိုင်၏။

သို့သော် ၎င်းတို့ထဲမှ တစ်ဦး သို့မဟုတ် နှစ်ဦးလုံး အသက်ရှင်ကျန်ရစ်ပြီး အဆင့်တက်ခြင်းကို အောင်မြင်စွာ ပြီးမြောက်ပါက မဏ္ဍိုင်၊ ရွှေအမြုတေနှင့် နန်းတော်အဆင့် အစရှိသည့် မည်သည့်အဆင့်ဖြစ်စေ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို အဆင့်မြှင့်တင်မှု ရရှိမည့်အပြင် ခိုင်မာဆုံးသော အခြေခံအုတ်မြစ်များကိုပါ ရရှိသွားကြမည်ဖြစ်သည်။

အကယ်၍ ကျင့်ကြံသူတစ်ဦးသည် လိမ္မော်ရောင်အဆင့်မဏ္ဍိုင်ကို ဖွဲ့စည်းရန် သင့်လျော်ပါက ပေါင်းစပ်ကောင်းကင်ကပ်ဘေးကို အသက်ရှင်လွတ်မြောက်ပြီး အောင်မြင်စွာ အဆင့်တက်နိုင်လျှင် အပြာရောင်အဆင့်မဏ္ဍိုင်ကို ရရှိသွားပေလိမ့်မည်။

အကယ်၍ ထိုကျင့်ကြံသူတွင် အပြာရောင်အဆင့် မဏ္ဍိုင်များရှိပြီး ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်သို့ အဆင့်တက်နေပါက ကောင်းကင်ကပ်ဘေးမှ အသက်ရှင်လွတ်မြောက်ပြီးနောက် ရွှေရောင်အဆင့် ရွှေအမြုတေကို ရရှိသွားမည်ဖြစ်သည်။

ရွှေရောင်မဏ္ဍိုင်များရှိသူပင်လျှင် အကယ်၍ အသက်ရှင်လွတ်မြောက်ပါက ခရမ်းရောင်အဆင့် ရွှေအမြုတေကို ရရှိနိုင်ပေသည်။

သို့သော်လည်း ခရမ်းရောင်အဆင့် ရွှေအမြုတေသည် ထိပ်တန်းရွှေရောင်အဆင့် မဏ္ဍိုင်များရှိသူ နှစ်ဦးက ၎င်းတို့၏ ကောင်းကင်ကပ်များကို တစ်ပြိုင်နက်တည်း အစပျိုးမှသာ အလုပ်ဖြစ်ပေလိမ့်မည်။

ထွက်ပေါ်လာသော ကောင်းကင်ကပ်ဘေးသည် အထွတ်အထိပ် ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်ရန် လုံလောက်ပေသည်။

ထို့ကြောင့် ဤနည်းလမ်းဖြင့် ခရမ်းရောင်အဆင့် ရွှေအမြုတေကို ရရှိရန် ကြိုးစားသူ အလွန်နည်းပါးခြင်း ဖြစ်လေသည်။

ထို့ကြောင့် ပေါင်းစပ်ကောင်းကင်ဘေးများ၏ အန္တရာယ်များကို ရှောင်ရှားနိုင်ရန်အတွက် အဖွဲ့အစည်းသည် အဆင့်တက်ရန်အတွက် လေဟာနယ်တစ်ခုကို ခွဲထုတ်ပေးခဲ့ခြင်း ဖြစ်၏။

ထိပ်တန်းအဖွဲ့အစည်းများ အားလုံးတွင်လည်း အလားတူ နေရာများ ရှိကြလေသည်။

ယန်ချင်းနှင့် ယီကျဲသည် တိတ်ဆိတ်စွာ ထိုင်လျက် စားသောက်နေကြလေသည်။

ယန်ချင်းသည် သူ၏ ဝိုင်ကို ထုတ်ယူကာ သူ့အား မျှဝေတိုက်ခဲ့၏။ နေထွက်ခါနီးအချိန်ရောက်မှသာ ယီကျဲသည် အဆုံး၌ ထွက်ခွာသွားလေသည်။

"သုံးလနေရင် တွေ့ကြတာပေါ့"

ယန်ချင်း သူ၏အခမ်းအနားဝတ်ရုံများကို လဲလှယ်ရန် သူ၏ခြံဝင်းအတွင်းသို့ ဝင်သွားရင်း ပြောလိုက်လေသည်။

"ကျေးဇူးပဲ။ ငါမထွက်သွားခင် မင်းအတွက် ဒီမှာ တစ်ခုခုချန်ထားခဲ့မယ်"

ယီကျဲက လမ်းလျှောက်ထွက်သွားရင်း ပြောလိုက်၏။

"နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီပဲ။ မျှော်လင့်မထားတဲ့ အံ့ဩစရာတွေ မရှိဖို့ မျှော်လင့်ရတာပဲ”

“ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်တဲ့ ယန်ချင်းရေ... မင်း ဒီလာမယ့် တစ်ပတ်ကို ရှင်သန်ကျော်ဖြတ်နိုင်ရုံနဲ့ မင်းရဲ့ အိပ်မက်ဆီကို နောက်တစ်လှမ်း နီးကပ်သွားလိမ့်မယ်"

ယန်ချင်းက လက်သီးများကို ဆုပ်ထားရင်း သူ့ဘာသာ တိတ်ဆိတ်စွာ ရေရွတ်လိုက်လေသည်။

All Chapters