← Chapters

အခန်း (၃၅၁-၃၅၃)

Vol. 22 Ch. 351-352

အခန်း (၃၅၁-၃၅၃)

Vol. 22 Ch. 351-352

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-351

အခန်း ၃၅၁ ။ ခိုးမှု

သန်းခေါင်ယံအချိန်

ကျောက်ထန်ဆောင်နှင့် မလှမ်းမကမ်းနေရာတွင် ရုတ်တရက် ပြေးလွှားလိုက်လံနေသည့် အသံများ ထွက်ပေါ်လာသည်။ ခုန်းချင်းသည် ယနေ့ည ညစောင့်တာဝန်ကျသူဖြစ်ရာ၊ တစ်ခုခု မှားယွင်းနေသည်ဟု ယူဆသဖြင့် လူများကိုခေါ်ကာသွားကြည့်ရန် ပြင်လိုက်သည်။

သို့သော် နှစ်လှမ်းခန့်သာ လျှောက်ရသေးမီ ထိုဘက်မှ လူတစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

“သခင်မရဲ့ပစ္စည်းကို ခိုးပြီး ထွက်ပြေးချင်တယ်ပေါ့၊ မင်း ဘယ်ပြေးမလဲဆိုတာ ငါကြည့်ရသေးတာပေါ့!"

ထိုစကားကြောင့် ခိုးမှုတစ်ခု ပေါ်ပေါက်သွားပြီဖြစ်ကြောင်းသိသာလှပေသည်။

"ချင်းကုန်းကုန်း... ကျွန်တော်တို့ သွားဦးမလားဟင်" ဘေးမှ မိန်းမစိုးလေးက မေးသည်။

ခုန်းချင်း မျက်မှောင်ကြုတ်ကာ သာမန်ခိုးမှုဟုထင်ကာ ပြန်ပြောလိုက်သည်။

"တော်ပြီ၊ သူများအရှုပ်ထဲ ဝင်မပါတာ အကောင်းဆုံးပဲ"

မတော်တဆ ပြဿနာတစ်ခုခုနှင့် ငြိစွန်းသွားလျှင် မကောင်းပေ။ မိန်းမစိုးလေးမှာမူ အခြေအနေကို စပ်စုချင်သော်လည်း ခုန်းချင်းက မသွားဟု ဆိုသဖြင့် မလှုပ်ဝံ့ဘဲ၊ ခေါင်းကိုသာ ရှည်ပြီးထိုဘက်သို့ အသာချောင်းကြည့်နေမိသည်။ ထိုဘက်တွင် လူတစ်ဦးကို ဖမ်းမိသွားပြီး ပြန်လည် ဆွဲခေါ်သွားသည့်ပုံပေါ်နေသည်။

"... ဒီလူက တကယ် အတာပဲ။ အရိုက်ခံနေရတာတောင် အသံတစ်ချက် မထွက်ဘူး။ ညကြီးမင်းကြီး ဘာလို့ ပြေးနေတာလဲမသိဘူး၊ ငါတို့ဘက်ကိုတောင် လာသေးတယ်။ လက်မသန့်တဲ့သူဆိုတော့ အမိခံရရင်တော့ အသေအရိုက်ခံရမှာပဲ!"

ခုန်းချင်းသည် ဝင်းထဲသို့ ပြန်ဝင်ရန် ပြင်စဉ်၊ ထိုတိုးတိုးတိတ်တိတ် စကားသံကို ကြားလိုက်ရသဖြင့် တစ်စုံတစ်ခုကိုရုတ်တရက် သတိရသွားသည်။ ဤဝန်းကျင်တွင် အခြားသော ကိုယ်လုပ်တော်များ မရှိဘဲ၊ ကျောက်ထန်ဆောင် တစ်ခုတည်းသာ ရှိနေခြင်းပင်။ သို့ပါလျက် ထိုသူသည် ဘာကြောင့် ဒီဘက်သို့ ပြေးလာရတာလဲ။

သူ့အကြည့်များ စူးရှသွားကာ ချက်ချင်းပင် အမိန့်ပေးလိုက်သည် - "သွားကြည့်ကြစို့"

မိန်းမစိုးလေးများမှာ ကြောင်သွားသော်လည်း အမြန်ပင် နောက်မှ လိုက်လာကြသည်။ ခြောက်ယောက်၊ ခုနစ်ယောက်ခန့် ရှိသော သူတို့အဖွဲ့မှာ မကြာမီမှာပင် ထိုလူများကို မှီသွားတော့သည်။

နန်းတွင်းသူ တစ်ဦးအား လူအချို့က ပြန်လည် ဆွဲခေါ်သွားခြင်းဖြစ်ပြီး၊ သူမကတော့ အဆက်မပြတ် ရုန်းကန်နေရှာသည်။

"မင်းတို့ ဘာလုပ်နေတာလဲ။ ညကြီးမင်းကြီး ကျောက်ထန်ဆောင် ဘေးမှာ ဆူညံဆူညံ လုပ်နေရတာ... မင်ရွှင်ရီ နဲ့ စတုတ္ထမင်းသားလေးတို့ အနားယူတာကို အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာလား။ မင်းတို့မှာ ခေါင်းဘယ်နှစ်လုံး ရှိလို့လဲ!"

ခုန်းချင်းက ရှေ့သို့ တက်ကာ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။

တစ်ဖက်လူများမှာ ခန တန့်သွားကာ၊ ဟန်ဆောင် ပြုံးပြရင်းရို့ကျိုးစွာပြန်ဖြေလိုက်သည်။

"အို... ကုန်းကုန်း၊ ကျွန်တော်တို့အမှားပါ။ ဒါပေမဲ့ သူခိုးကိုလိုက်ဖမ်းနေရလို့အသံနည်းနည်းဆူသွားတာစိတ်မရှိပါနဲ့။ သူမက သခင်မရဲ့ပစ္စည်းတွေကို ခိုးထားလို့၊ ကျွန်တော်တို့ အမိန့်အရ ပြန်ခေါ်သွားတာပါ။”

ခုန်းချင်း မျက်ဝန်းများကို မှေးစင်းလိုက်ပြီး ရှေ့သို့ တိုးလာကာ သံသယများဖြင့်မေးလိုက်သည်။

"ဘယ်သခင်မလဲ။”

"ဟွေ့ကျောင်းရုန်ပါ။ ဒီနန်းတွင်းသူက ဟွေ့ကျောင်းရုန်ရဲ့ လက်ဝတ်ရတနာတွေကို ခိုးသွားတာပါ"

သို့သော် ခုန်းချင်းကတော့ လုံးဝ မယုံကြည်ပေ။ အကြောင်းကတော့ ဖမ်းဆီးခံထားရသော နန်းတွင်းသူမှာ မျက်နှာကို မမြင်ရသော်လည်း၊ စကားပြောသံကို ကြားသည်နှင့် ပို၍ပင် အသည်းအသန် ရုန်းကန်လာသောကြောင့် ဖြစ်သည်။ထို့ကြောင့် သူမ၏မျက်နှာကို ကြည့်ရန် ရှေ့တိုးလိုက်သော်လည်းတားမြစ်ခြင်း ခံလိုက်ရသည်။

"... ကုန်းကုန်း၊ ကျွန်တော်တို့ အလုပ်ပြီးအောင် သွားရပါဦးမယ်။ ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး"

"ဟွေ့ကျောင်းရုန်ဆိုတာ ငါတို့ရဲ့ ရွှင်ရီသခင်မနဲ့ အမြဲ ရင်းနှီးတဲ့သူပဲ။ ကျောင်းရုန်ရဲ့ကိစ္စဆိုတာ ရွှင်ရီရဲ့ ကိစ္စပဲ။ ရွှင်ရီရဲ့ ကိစ္စဖြစ်နေမှတော့ ငါ မကြည့်ဘဲ နေလို့ မရဘူး"

ခုန်းချင်းက အားကြီးသူပီပီ လက်ယမ်းပြလိုက်ရာ၊ နောက်မှ ပါလာသော မိန်းမစိုးများက ရှေ့တိုးလာပြီး နန်းတွင်းသူကိုဖမ်းထားသော လူများကို တွန်းထုတ်ပစ်လိုက်သည်။ ထိုနန်းတွင်းသူလေး ခေါင်းမော့လိုက်သောအခါ၊ သူမ၏ မျက်နှာတွင် သွေးများ ပေကျံနေသော်လည်း ၎င်းမှာ နျန်ဝမ်ဖြစ်မှန်း ခုန်းချင်း ချက်ချင်း မှတ်မိလိုက်သည်။

"လက်စသတ်သော ဒီနန်းတွင်းသူကဖန်းရှိုးယွမ် ဘေးက လူပဲ။ မင်းတို့က သခင်အတွက် လူဖမ်းပေးတာဆိုရင်တောင် ကိုယ့်သခင် ဘယ်သူလဲဆိုတာတောင် ခွဲမသိတာလား။ ငါကြည့်ရတာတော့ မင်းတို့ကတမင်တကာ လူသတ်ဖို့ ကြံနေတာပဲ။ ဒီနန်းတွင်းသူကို ခေါ်သွားကြစမ်း၊ ရွှင်ရီသခင်မဆီ သွားတင်ပြမယ်!"

ခုန်းချင်း၏အမိန့်ကြောင့် နျန်ဝမ်ကို ထိုလူများလက်ထဲမှ လုယူလိုက်ကြသည်။ ထို့ပြင် ခုန်းချင်းက လူထပ်ခေါ်ကာ၊ ဖမ်းဆီးသူ မိန်းမစိုးများကိုပါ အတူတူ ကြိုးတုပ်၍ ကျောက်ထန်ဆောင်သို့ ခေါ်ဆောင်သွားတော့သည်။

….

အတွင်းခန်း

ယဲ့ယွင်မှာ အိပ်ပျော်နေစဉ် အနှိုးခံလိုက်ရသည်။ ဟွေယွဲ့ နှင့် နန်ကျစ်တို့က သူမအား အဝတ်အစားလဲပေးရင်း ဖြစ်ပျက်သမျှကို အကျဉ်းချုပ် ပြောပြကြသည်။ ယခုအခါ ပြင်ဆင်ခြယ်သရန် အချိန်မရှိသဖြင့် သူမသည် အဝတ်အစားကို အမြန်ဝတ်ကာ ဆံပင်ကို အသာအယာ စည်းနှောင်ပြီး ထွက်လာခဲ့သည်။

ကိစ္စမှာ ရုတ်တရက် ဖြစ်ပွားခဲ့သော်လည်း၊ ယနေ့ညတွင် ကိစ္စအကြီးကြီး တစ်ခုခုဖြစ်တော့မည်ဟု ယဲ့ယွင်၏ရင်ထဲတွင် ကြိုတင် ခံစားနေမိသည်။

"အရှင်မင်းကြီးကို သွားပင့်စမ်း။ တိတ်တဆိတ် သွားရမယ်၊ ဘယ်လိုပြောရမလဲဆိုတာ မင်း သိပါတယ်" ယဲ့ယွင်က မျက်လွှာချကာ ဟွေယွဲ့အား မှာကြားလိုက်သည်။

ဟွေယွဲ့က ခေါင်းညိတ်ကာ ချက်ချင်း ထွက်ခွာသွားသည်။ ခဏအကြာတွင် ယဲ့ယွင်သည် ခန်းမဆောင်သို့ ရောက်လာခဲ့၏။ အခန်းထဲတွင် ဖယောင်းတိုင်များစွာ ထွန်းထားသဖြင့် လင်းထိန်နေကာ၊ မျက်နှာတွင် သွေးများ ပေကျံနေသော နျန်ဝမ်မှာကုလားထိုင်ခြေရင်းတွင် မှီ၍ အသက်ကို လုရှူနေသည်ကို တွေ့လိုက်ရသည်။

"သူမရဲ့ မျက်နှာကို သုတ်ပေးပြီးသေချာ သွေးတိတ်အောင် လုပ်ပေးလိုက်”

ယဲ့ယွင်သည် နျန်ဝမ်ကိုကြည့်ကာမျက်မှောင်ကြုတ်လိုက်သည်။

နန်ကျစ်က ခေါင်းညိတ်ကာ အစေခံမလေးများကို ပြင်ဆင်ခိုင်းလိုက်သည်။ ထိုအတောအတွင်း ယဲ့ယွင်က စတင် မေးမြန်းတော့သည်။

"မင်း ပစ္စည်းခိုးတယ်လို့ သူတို့က ပြောနေတယ်၊ ဟွေ့ကျောင်းရုန်ရဲ့ ပစ္စည်းတွေလား။”

ဤစကားမှာ အလွန်ပင် လိမ်ညာထားမှန်း သိသာလှသဖြင့် ယဲ့ယွင်က ပြုံးလျက်ပင် မေးလိုက်ခြင်း ဖြစ်သည်။ ထင်သည့်အတိုင်း နျန်ဝမ်မှာ အားအင်မရှိသလို ခေါင်းခါပြရှာသည်။

ယဲ့ယွင် တည်ငြိမ်စွာ ဆက်မေးသည်။

“ဒါဆို ပြောစမ်းပါဦး၊ သူတို့က ဘာလို့ မင်းကို ခိုးတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးရတာလဲ"

"အာ... အာအာ..."

နျန်ဝမ် ပါးစပ်ဟလိုက်သော်လည်း သြရှရှနှင့် မပီပြင်သောအသံများသာ ထွက်ပေါ်လာသည်။

ယဲ့ယွင်ဘေးနားတွင်ရပ်နေသောနန်ကျစ်သည်မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောသည်။

"ရွှင်ရီ... သူမရဲ့ အသံအိုး တစ်ခုခု ဖြစ်နေပုံရတယ်။”

"မင်း စကားမပြောနိုင်တော့ဘူးလား" ယဲ့ယွင်၏ မျက်ဝန်းများမှောင်ကျသွားသည်။

နျန်ဝမ်က ခေါင်းညိတ်ပြသည်။

၎င်းမှာ မမျှော်လင့်ထားသည့် အချက်ပင်။ ယောင်ရှန်းသည် နျန်ဝမ်ကို ဆွံ့အအောင် လုပ်လိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အမှန်ပင်၊ တိုက်ရိုက် သတ်ပစ်လိုက်လျှင် သံသယဝင်စရာ ဖြစ်နိုင်သော်လည်း၊ ဆွံ့အအောင် အရင်လုပ်ပြီးမှ ဖြည်းဖြည်းချင်း နှိပ်စက်သတ်ပစ်လျှင် မည်သူမှ သတိထားမိမည် မဟုတ်ပေ။ အလွန်ရက်စက်လှပေသည်။

ယဲ့ယွင် မျက်လွှာချလိုက်သည်။

"နန်းတွင်းသမားတော်ကိုသွားခေါ်၊ သူမကို ကုလို့ ရမလား ကြည့်ခိုင်းလိုက်"

စကားမပြောနိုင်လျှင် စစ်ဆေးမေးမြန်းရန် ခက်ခဲပေလိမ့်မည်။ အစေခံ အများစုမှာ စာမတတ်ကြသဖြင့် ပါးစပ်က မပြောနိုင်လျှင် ဘာမှ လုပ်၍ မရတော့ပေ။ နျန်ဝမ်ကိုလောလောဆယ် စစ်၍ မရသေးသဖြင့်၊ သူမ၏ဒဏ်ရာများကို အရင် ဆေးထည့်ပေးခိုင်းလိုက်သည်။

ထို့နောက် ဖမ်းဆီးလာသူ မိန်းမစိုးများအား စစ်ဆေးရာ၊ သူတို့က အမိန့်အရလုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်တာ ဘာမှမသိဟုသာ ဆိုကြသည်။

ယဲ့ယွင်က အေးဆေးစွာ လက်ဖက်ရည်သောက်ရင်းဆက်လက်မေးမြန်းနေခဲ့သည်။

"နျန်ဝမ် ပစ္စည်းခိုးတယ်၊ မခိုးဘူး ဆိုတာကို ခန ထားပါဦး။ ငါ မေးချင်တာက... မင်းတို့က ဘာလို့ နျန်ဝမ်ကို ဟွေ့ကျောင်းရုန်ရဲ့ လူလို့ လိမ်ပြောရတာလဲ။”

"အဲ... အဲဒါကတော့ ဖန်းရှိုးယွမ်က မှာထားလို့ပါ။ ဒီလိုသိက္ခာကျစရာ ကိစ္စမျိုးကို အပြင်လူ မသိစေချင်လို့ပါ။ ဟွေ့ကျောင်းရုန်နဲ့ ရွှင်ရီသခင်မတို့က ရင်းနှီးမှန်း ကျွန်တော်တို့ သိထားတော့၊ ကျောင်းရုန်ရဲ့နာမည်ကို သုံးလိုက်ရင် သခင်မဘက်က လူတွေက ဆက်ပြီး စပ်စုတော့မှာ မဟုတ်ဘူးလို့ ထင်လို့ပါ။”

ခေါင်းဆောင်ဖြစ်သူ မိန်းမစိုးမှာ တုန်တုန်ရီရီဖြင့် အကျိုးအကြောင်းကို ဝန်ခံလိုက်သည်။

"ရွှင်ရီသခင်မ... ကျွန်တော်တို့ တကယ် ဘာမှမသိပါဘူး။ နျန်ဝမ်က အရှင်မင်းကြီး ဆုချထားတဲ့ ပစ္စည်းတွေကို ခိုးတယ်လို့ အမိန့်ရလို့ ဖမ်းခေါ်လာတာပါ"

ထိုစကားကို ကြားသောအခါ မျက်နှာသစ်ပြီးစ နျန်ဝမ်မှာအလွန်ပင် ဒေါသထွက်သွားပုံ ရသည်။ သူမသည် စကားပြန်ပြောချင်သော်လည်း သြရှရှအသံများသာ ထွက်ပေါ်လာရှာသည်။

ယဲ့ယွင်သည် ထိုမိန်းမစိုး၏ အမူအရာကို ကြည့်ကာ၊ သူတို့ကတော့ အမှန်တကယ် ဘာမှမသိမှန်း ရိပ်မိလိုက်သည်။ ထို့ကြောင့် သူတို့ကို ခန ကြိုးတုပ်ထားခိုင်းလိုက်ပြီး၊ နျန်ဝမ်အားဆက်မေးသည်။

"မင်းရဲ့ အသံအိုးကအဆိပ်ခတ်ခံရတာလား၊ ဖန်းရှိုးယွမ် လုပ်တာလား"

နျန်ဝမ်က အသည်းအသန် ခေါင်းညိတ်ပြပြီးမှ၊ သူမ၏ လည်ပင်းကို ဓားဖြင့် လှီးသည့် ပုံစံမျိုး လက်ဖြင့် ပြလိုက်သည်။

ယဲ့ယွင် မျက်မှောင်ကြုတ်ကာ - "သူမက မင်းကိုပါ သတ်ချင်နေတာလား"

ယခုတစ်ကြိမ်တွင်မူ နျန်ဝမ်က ခေါင်းခါလိုက်ပြီး ယဲ့ယွင်ကိုလက်ညှိုးထိုးပြသည်။

ဤသည်မှာ ရှင်းလင်းသွားခဲ့ပြီ။

"မင်းပြောချင်တာက... သူမက ငါ့ကို သတ်ချင်နေတာလား" ယဲ့ယွင်က မေးလိုက်ရာ၊ နျန်ဝမ်က ခေါင်းညိတ်ပြတော့သည်။

သို့သော် ဆက်လက် မေးမြန်းရန် ပြင်စဉ်မှာပင် အပြင်ဘက် ဝင်းထဲမှ ဆူညံသံများကို ကြားလိုက်ရပြန်သည်။ အစေခံများ တားဆီးရန် မမီလိုက်မီမှာပင် ယောင်ရှန်းသည် လူအုပ်နှင့်အတူ အတင်း ဝင်ရောက်လာခဲ့သည်။

သူမသည် အထဲသို့ ရောက်သည်နှင့် နျန်ဝမ်ကို အရင်ဆုံးလှမ်းကြည့်လိုက်ရာ၊ သူမ အသက်ရှင်နေသေးသည်ကို မြင်သောအခါ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။

ယဲ့ယွင်က အေးစက်သော မျက်နှာထားဖြင့် ထရပ်လိုက်သည်။

"ညကြီးမင်းကြီး ဖန်းရှိုးယွမ်က ကျွန်မရဲ့ အဆောင်ကို ဒီလိုမျိုးအတင်းဝင်လာတာက... မင်းရဲ့ မျက်လုံးထဲမှာ အထက်အောက် စည်းကမ်းတွေ မရှိတော့ဘူးလား!"

ထိုအခါမှ ယောင်ရှန်းသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး၊ မလိုလားစွာဖြင့် ဂါရဝပြုလိုက်သည်။

"ချန်းချဲ့ ရုတ်တရက် ဝင်လာမိတာ ခွင့်လွှတ်ပါ။ ဒါပေမဲ့ မင်ရွှင်ရီက ချန်းချဲ့ဘေးက ပစ္စည်းခိုးတဲ့ နန်းတွင်းသူကိုဖမ်းထားတယ်လို့ ကြားရလို့၊ တစ်ခုခုဖြစ်မှာ စိုးရိမ်ပြီးရောက်လာတာပါ"

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-352

အခန်း ၃၅၂ ။ နန်းဆောင်ကို ရှာဖွေခြင်း

ယဲ့ယွင်က ခပ်ဖွဖွရယ်မောလိုက်ပြီး မျက်လွှာချလိုက်သည်။

"အော်... အဲဒီလိုလား။ ဒါပေမဲ့ တို့ကိုယ်တိုင် ဒီနန်းတွင်းသူလေးကို စစ်ဆေးပြီးပြီ။ သူမက တို့ကိုပြောတာကတော့ သူမပစ္စည်းမခိုးဘူးတဲ့၊ ပြီးတော့ တခြား အရေးကြီးတဲ့ ကိစ္စတစ်ခုကိုလည်း ပြောပြသေးတယ်"

ဤနေရာသို့ရောက်သော် ယဲ့ယွင်က တမင်စကားဖြတ်လိုက်ပြီးစူးရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ယောင်ရှန်းကတော့ တည်ငြိမ်နေဆဲပင်။ "ရွှင်ရီအနေနဲ့ ဒီအစေခံမလေးရဲ့ တစ်ဖက်သတ်စကားကိုတော့ မယုံသင့်ပါဘူး။ ချန်းချဲ့က အစေခံတစ်ယောက်ကို မတရားစွပ်စွဲပါ့မလား။ နောက်ပြီး ဒီကလေးမက အရင်ရက်ပိုင်းက ချောင်းဆိုးရောဂါဖြစ်ပြီး အသံပါ ပျက်သွားတာလေ၊ သူမက ရွှင်ရီကို ဘယ်လိုများ ပြောပြနိုင်မှာလဲ။”

"ဟုတ်လား?" ယဲ့ယွင်က အံ့သြဟန်ဆောင်လိုက်ပြီး နျန်ဝမ်ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ ရပ်

လိုက်သည်။

"ဒါပေမဲ့ သူမ ခုနက တို့မေးခွန်းတွေကို ဖြေသွားတယ်။ သူမရဲ့အသံကို မင်းက အဆိပ်ခတ်ပြီး ဆွံ့အအောင်လုပ်တာတဲ့၊ ပြီးတော့ ဖန်းရှိုးယွမ်က တို့ကိုပါ သတ်ချင်နေတာလို့ ပြောတယ်လေ"

တစ်ခဏချင်းမှာပင် ယောင်ရှန်း၏ မျက်ဝန်းများ မှောင်ကျသွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သူမက ပြုံးလျက် - "ဒီလိုစကားမျိုးကို ရွှင်ရီက ယုံနေတာလား။ သူမက ခိုးမှုအတွက် အပြစ်ပေးခံရမှာ ကြောက်လို့ တခြားဇာတ်လမ်းတွေ လျှောက်လုပ်ပြီး ထွက်ပြေးဖို့ ကြံနေတာပါ။”

သို့သော် သူမ ထိုသို့ပြောလိုက်သည်နှင့် နျန်ဝမ်က အသည်းအသန် ခေါင်းခါပြတော့သည်။ ထိုအခါ ယောင်ရှန်း၏ရင်ထဲတွင် ဤနျန်ဝမ်ကို ထိုနေရာ၌ပင် သတ်ပစ်ချင်စိတ် ပေါက်သွားတော့သည်။ သူမ၏ ပေါ့ဆမှုကြောင့် နျန်ဝမ်က ထိုအရာကိုယူပြီး ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းသည်မှာပစ္စည်းကိုတော့ ပြန်လုနိုင်ခဲ့ခြင်းပင်။ မဟုတ်လျှင် ရှာဖွေတွေ့ရှိပါက ဆင်ခြေပေးရန် ခက်ခဲပေလိမ့်မည်။

"ကြည့်စမ်း... ဒီကလေးမက ဝန်မခံသေးဘူးပဲ။ တို့လည်း သိချင်မိတယ်၊ သူမက အရှင်မင်းကြီး ဆုချထားတဲ့ ဘယ်လိုပစ္စည်းမျိုးကို ခိုးခဲ့လို့လဲ၊ အခု သူမကိုယ်ပေါ်မှာလည်း ဘာမှ မတွေ့ရပါလား" ယဲ့ယွင်က ပြုံးစိစိဖြင့် ပြောလိုက်သည်။

ယောင်ရှန်းက နှုတ်ခမ်းစေ့ကာ - "သူမက ချန်းချဲ့ရဲ့ ရွှေရောင်ဥဒေါင်းဆံထိုးကို ခိုးသွားတာပါ။ တတိယမင်းသမီးလေး တစ်နှစ်ပြည့်တုန်းက အရှင်မင်းကြီး ဆုချထားတဲ့အရာလေ။ အခု မတွေ့တာကတော့ သူမ ထွက်ပြေးတဲ့လမ်းမှာ တစ်နေရာရာမှာလွှင့်ပစ်ခဲ့လို့ ဖြစ်မှာပေါ့။ ရွှင်ရီ မယုံရင် လူလွှတ်ပြီး ရှာခိုင်းနိုင်ပါတယ်"

ယောင်ရှန်း ဤသို့ပြောခြင်းမှာ ကြိုတင်ပြင်ဆင်ထားပြီးမှန်း သိသော်လည်း၊ ယဲ့ယွင်က အလိုက်သင့်ပင် လူလွှတ်ရှာခိုင်းလိုက်သည်။ ထိုအတောအတွင်းမှာပင် ခုနက သွားခေါ်ခိုင်းသော နန်းတွင်းသမားတော် ရောက်ရှိလာခဲ့သည်။

"မင်ရွှင်ရီ... ဒါက ဘာအဓိပ္ပာယ်လဲ။”

ယောင်ရှန်း၏ မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားကာ သိသိသာသာပင် စိုးရိမ်သွားပုံရသည်။ သမားတော် ရောက်လာပြီဆိုလျှင် နျန်ဝမ်၏အသံမှာဘာကြောင့် ပျက်သွားရသလဲဆိုသည်ကို အဖြေပေါ်ပေတော့မည်။

ယဲ့ယွင်က သူမ၏တုံ့ပြန်မှုကို မြင်သောအခါ ပို၍ပင် ယုံကြည်ချက် ရှိသွားသည်။

"ဘာအဓိပ္ပာယ်မှ မဟုတ်ပါဘူး၊ ဒီကလေးမရဲ့ လည်ချောင်းကိုစစ်ခိုင်းရုံပါ။ သူမက ဖန်းရှိုးယွမ်က တို့ကို သတ်ချင်နေတယ်လို့ ပြောနေမှတော့ တို့လည်း အကျိုးအကြောင်း သိရအောင် မေးရမှာပေါ့။ လောကမှာ လျှို့ဝှက်ချက်ဆိုတာ အမြဲ ဖုံးထားလို့ မရဘူးလေ၊ သူမလည်း အကြောင်းမဲ့တော့ ဒီစကားမျိုးပြောမှာ မဟုတ်ပါဘူး။”

ပြောပြီးသည်နှင့် ယောင်ရှန်းအား စကားပြောခွင့် မပေးတော့ဘဲ သမားတော်အား နျန်ဝမ်၏ လည်ချောင်းကို စစ်ဆေးခိုင်းလိုက်သည်။ ထင်သည့်အတိုင်းပင် အဆိပ်ခတ်ခံရသဖြင့် ဆွံ့အသွားခြင်းဖြစ်ကြောင်း အဖြေထွက်လာတော့သည်။

ယဲ့ယွင်၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားသည်။

"ဖန်းရှိုးယွမ်... ဒါကို မင်း ဘယ်လိုရှင်းပြမလဲ။ ခုနကတော့ ရောဂါကြောင့် အသံပျက်တာလို့ မင်းကိုယ်တိုငိပြောခဲ့တယ် မဟုတ်လား!"

"ချန်းချဲ့ သိသလောက်တော့ သူမက ရောဂါကြောင့် အသံပျက်တာပါ။ မင်ရွှင်ရီဆီ ရောက်မှ ဘာလို့ အဆိပ်ခတ်ခံရတာ ဖြစ်သွားလဲဆိုတာတော့ ချန်းချဲ့ လုံးဝ မသိပါဘူး!" ယောင်ရှန်းက မေးစေ့ကို မြှင့်ကာ စူးရှသော အကြည့်ဖြင့် ပြန်ပြောသည်။

ဤဆင်ခြေကို သူမ ကြိုတင်စဉ်းစားထားပြီးသား ဖြစ်ပုံရသည်။ ထိုအချိန်တွင် နျန်ဝမ်က သူမ၏ အပေါ်ဝတ်စုံကို ဆွဲဟလိုက်ရာ အတွင်းမှ အဖြူရောင် အင်္ကျီပေါ်တွင် ဖျော့တော့သော အနီရောင် အမှုန့်အချို့ ပေကျံနေသည်ကို တွေ့လိုက်ရသည်။ သူမက ထိုအမှုန့်ကို လက်ဖြင့် ပွတ်သပ်ကာသမားတော်ရှေ့သို့ ကမ်းပေးလိုက်သည်။ သမားတော်အားမေးမြန်းပေးရန် တောင်းဆိုသည့် ပုံစံမျိုးပင်။

ယဲ့ယွင်က သမားတော်ကို အကြည့်တစ်ချက် ပေးလိုက်သည်။ သမားတော်က နျန်ဝမ်၏ လက်ကို အနံ့ခံကြည့်ပြီးနောက် မျက်နှာ ပျက်သွားတော့သည်။

"ရွှင်ရီ... ဒီအရာက 'ဆူးပန်း' ရနံ့ ရနေပါတယ်။ အမှုန့်က နည်းပေမဲ့ အနံ့ကတော့ မမှားနိုင်ပါဘူး"

ယဲ့ယွင်က ချက်ချင်း လှည့်ကြည့်ကာ ပြင်းထန်စွာမေးခွန်းထုတ်လိုက်သည်။

"ဖန်းရှိုးယွမ်... ဒါကိုရော မင်းဘယ်လို ရှင်းပြမလဲ။ သူမက မင်းရဲ့ပစ္စည်းတွေကို ခိုးတယ်လို့ မင်း စွပ်စွဲတယ်၊ ဒါပေမဲ့ သူမကိုယ်ပေါ်မှာတော့ ဆူးပန်းမှုန့်တွေ တွေ့နေရတယ်။ နျန်ဝမ်က မင်းရဲ့ အနီးကပ် နန်းတွင်းသူ မဟုတ်လား။ သူမကိုယ်ပေါ်မှာ ဒီအရာက ဘာလို့ ရှိနေရတာလဲ၊ မင်း သေသေချာချာ ရှင်းပြသင့်တယ် မဟုတ်လား"

"ချန်းချဲ့ ရှေ့မှာ ပြောခဲ့သလိုပါပဲ၊ သူမကိုယ်ပေါ်မှာ ဒါတွေဘာလို့ ရှိနေလဲဆိုတာ ချန်းချဲ့ လုံးဝ မသိပါဘူး။ ဒီကလေးမက ရွှင်ရီဆီမှာ နေနေတာ ကြာပြီပဲ၊ ရွှင်ရီက ချန်းချဲ့ကို တမင် လုပ်ကြံတာ မဟုတ်ပါစေနဲ့!" ယောင်ရှန်းက ပြန်လည် ချေပသည်။

မည်သို့ပင် ဖြစ်စေ သူမကတော့ လုံးဝ ဝန်ခံမည် မဟုတ်ပေ။

"ကောင်းပြီ... ဒါဆိုရင် နန်းဆောင်ကို ရှာဖွေစမ်း!" ယဲ့ယွင်ကပြတ်သားစွာ အမိန့်ပေးလိုက်သည်။

"ရွှင်ရီရာထူးက အခုထိအဆင့်နိမ့်ဖေးတစ်ယောက်ဆိုတာမမေ့ပါနဲ့အုံး၊ ဘာအခွင့်အရေးနဲ့ ချန်းချဲ့နန်းဆောင်ကို ရှာမှာလဲ!"

"ဒါဆိုရင် ကျန်းရဲ့အမိန့်နဲ့ ရှာဖွေစမ်း!"

နှစ်ဦးသား ထိပ်တိုက်တွေ့နေစဉ်မှာပင် နင်ချန်၏ အသံမှာတံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ယောင်ရှန်း၏မျက်နှာမှာ တစ်ခဏအတွင်း တောင့်တင်းသွားတော့သည်။ သူတို့နှစ်ဦးလုံး အမြန်ပင် ဂါရဝပြုလိုက်ကြသည်။

နင်ချန်က ခြေလှမ်းကျဲကျဲဖြင့် အထဲဝင်လာကာ ဒဏ်ရာများဖြင့် နျန်ဝမ်နှင့် ကြိုးတုပ်ခံထားရသော မိန်းမစိုးများကို ကြည့်ပြီး မျက်နှာထား ညိုမှောင်သွားသည်။

"အရှင်မင်းကြီး... အခုက ညသန်းခေါင်ကြီးပါ၊ တတိယမင်းသမီးလေးလည်း အိပ်နေတုန်းပါ။ ချန်းချဲ့က ကြောက်လို့ မဟုတ်ပါဘူး၊ ရှာဖွေတဲ့သူတွေက ကလေးကို လန့်သွားအောင် လုပ်မိရင် မကောင်းလို့ပါ။ အရှင်မင်းကြီးနဲ့ မင်ရွှင်ရီက ချန်းချဲ့ကို တကယ်ပဲ သံသယရှိနေတယ်ဆိုရင် မနက်ဖြန် မနက်ကျမှ လူလွှတ်ပြီး ရှာဖို့တောင်းဆိုချင်ပါတယ်။”

ယောင်ရှန်းက မျက်ရည်ဝဲလျက် ဒူးထောက်ကာ ပြောလိုက်သည်မှာအလွန်ပင် မတရား ခံစားနေရသည့် ပုံစံပင်။ သူမကယဲ့ယွင်ကို တစ်ချက်ကြည့်ကာ မျက်ရည်များ ကျလာသည်။

"မင်ရွှင်ရီက ဒီအစေခံမလေးရဲ့ စကားအနည်းငယ်နဲ့ ချန်းချဲ့ကို ဒီလောက်အထိ သံသယ ရှိနေတာကို ချန်းချဲ့ အပြစ်မဆိုလိုပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးအနေနဲ့ တတိယမင်းသမီးလေးကိုတော့ ငဲ့ညှာပေးပါဦး"

ယဲ့ယွင်သည် သူမ၏ သရုပ်ဆောင်မှုကို ကြည့်ကာ အလွန်ပင် ရွံရှာမိသဖြင့် မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

"ဖန်းရှိုးယွမ်ကလည်း ခုနက ကျွန်မကို မတရားစွပ်စွဲပြီး လုပ်ကြံတယ်လို့ ပြောခဲ့တာပဲ မဟုတ်လား။ ချန်းချဲ့ရဲ့ စရိုက်ကိုတော့ အရှင်မင်းကြီး သိပါတယ်။ ဒီနေ့သာ အဖြေမပေါ်ရင် ချန်းချဲ့ အိပ်လို့ပျော်မှာ မဟုတ်ဘူး။ ချန်းချဲ့လည်း ဖန်းရှိုးယွမ်နဲ့အတူ ရှာဖွေမှုကို ခံယူပါ့မယ်။ အကယ်၍ ကလေးကို စိုးရိမ်တယ်ဆိုရင်တော့ ကလေးရှိတဲ့ အခန်းကိုပဲ ချန်ထားခဲ့ပြီး ကျန်တဲ့နေရာတွေကို ရှာကြတာပေါ့"

သူမ ထိုသို့ပြောလိုက်သောအခါ ခေါင်းငုံ့ထားသော ယောင်ရှန်း၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်။

"မင်ရွှင်ရီက ဒီလောက်အထိ ပြတ်သားနေမှတော့ ချန်းချဲ့လည်း မင်ရွှင်ရီ ပြောတဲ့အတိုင်း ရှာဖွေမှုကို လက်ခံပါ့မယ်"

နင်ချန်၏ မျက်ဝန်းများ မှောင်ကျသွားကာ ယဲ့ယွင်ကို တစ်ချက်ကြည့်ပြီး လက်ယမ်းပြလိုက်သည်။

"ယွမ်ကျို... မင်း လူတွေကိုခေါ်ပြီး ကျောက်ထန်ဆောင်ကို ရှာစမ်း။ ဟွိုက်အန်း... မင်း လူတွေကိုခေါ်ပြီး တင်းလန်ဆောင်ကိုသွားရှာ။ မင်းသားနဲ့ မင်းသမီးလေးတွေကိုတော့ မနှောင့်ယှက်စေနဲ့။”

နင်ချန် ပြောဆိုနေစဉ် သူ့အကြည့်မှာ ယောင်ရှန်းအပေါ်သို့ ဖြတ်ပြေးသွားပြီး လက်မှ ကျောက်စိမ်းလက်စွပ်ကိုအသာအယာ လှည့်နေမိသည်။ ယွမ်ကျိုက ဧကရာဇ်ကို တစ်ချက်ကြည့်ကာ ဟွိုက်အန်းနှင့်အတူ ထွက်သွားတော့သည်။

ထို့နောက်တွင်တော့ အသက်ရှူရပ်မတတ် စောင့်ဆိုင်းရသည့် အချိန် ရောက်ရှိလာသည်။ ယောင်ရှန်းနှင့် ယဲ့ယွင် နှစ်ဦးစလုံးမှာ တည်ငြိမ်နေကြပြီး မည်သူက တရားခံဖြစ်သည်ကိုခန့်မှန်းရ ခက်လှသည်။ ယောင်ရှန်းမှာတော့ လုံးဝ မထိတ်လန့်ပေ။ သူမ၏ နန်းဆောင်တွင် အချို့သော အရာများ ရှိနေသည်မှာ အမှန်ဖြစ်သော်လည်း၊ ရှာဖွေသူများ လုံးဝ မသွားနိုင်သည့် နေရာများတွင် ဝှက်ထားသောကြောင့် ဖြစ်၏။ ရှာဖွေပြီးသွားလျှင် အရှင်မင်းကြီး၏ သံယယများ ပျောက်သွားပေလိမ့်မည်။ ထိုအခါမှ ယဲ့ယွင်၏ အတင်းအကျပ် ရှာဖွေခိုင်းမှုကြောင့် မိမိမှာ အရှက်ရရပါသည်ဟု ဆိုကာအရှင်မင်းကြီးရှေ့တွင် ငိုယိုပြရန်ပင် သူမ ပြင်ဆင်ထားပြီးသား ဖြစ်သည်။

သို့သော် နာရီဝက်ခန့် ကြာသောအခါ ဟွိုက်အန်းသည် လူအုပ်နှင့်အတူ ပြန်ရောက်လာပြီး၊ တံခါးကို ဖွင့်ကာ အနီရောင် ဗန်းတစ်ခုကို ကမ်းပေးလိုက်သည်။ ထိုဗန်းပေါ်တွင် ပစ္စည်းအမျိုးအမျိုး ရှိနေသည်။

တစ်ခဏချင်းမှာပင် ယောင်ရှန်း၏မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူလျော်သွားတော့သည်။

"အရှင်မင်းကြီး... သမားတော် စစ်ဆေးချက်အရ ဒီပစ္စည်းတွေဟာ 'ဆူးပန်း'၊ 'ကတိုး' ၊ 'ဂျင်းရှဲဖုန်းဟို' (အသက်ရှူရပ်စေသော အဆိပ်) နဲ့ 'ဆွံ့အစေသော အဆိပ်ဆေး' တို့ ဖြစ်ပါတယ်"

ဟွိုက်အန်းက ပစ္စည်းအမည်များကို တစ်ခုချင်း ကြေညာလိုက်ချိန်တွင် ယောင်ရှန်း၏ တစ်ကိုယ်လုံးရှိ သွေးများမှာ အေးစိမ့်သွားတော့သည်။ သူမသည် ချက်ချင်းပင် ဒူးထောက် လဲကျသွားကာ အသနားခံတော့သည်။

"အရှင်မင်းကြီး... အရှင်မင်းကြီး... ချန်းချဲ့ မတရား စွပ်စွဲခံရတာပါ။ ချန်းချဲ့မှာ ဒီလိုအရာတွေ ဝှက်ထားစရာ အကြောင်းမရှိပါဘူး။ တစ်စုံတစ်ယောက်က တမင် လုပ်ကြံတာပါ။ မင်ရွှင်ရီပါ... ဒီနေ့ ဖြစ်ပျက်သမျှက ထူးဆန်းလွန်းတယ်။ သူမနဲ့ နျန်ဝမ်တို့ ပူးပေါင်းပြီး ချန်းချဲ့ကို ထောင်ချောက်ဆင်တာပါ။ အရှင်မင်းကြီး... ချန်းချဲ့ကို ယုံကြည်ပေးပါဦး!"

***

All Chapters