← Chapters

ပူးကပ်ခံရသော ဧကရာဇ်…..

Vol. 26 Ch. 252

ပူးကပ်ခံရသော ဧကရာဇ်…..

Vol. 26 Ch. 252

ရွှီနင်းက ဝိညာဉ်အသိအာရုံအဆင့်နှင့် ညီမျှသော မိစ္ဆာဝိညာဉ် နှစ်ကောင်နှင့် ကြုံတွေ့ခဲ့ရပြီး တစ်ကောင်ကို သတ်ဖြတ်ကာ နောက်တစ်ကောင်မှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း ကြားသောအခါ အခြားသူများမှာ ဆိုဖွယ်ရာ မရှိဘဲ လီချင်းချိုးပင် အံ့အားသင့်သွားရ၏။

လူတိုင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသော အမူအရာများ ရှိနေသော်လည်း ရွှီနင်းက တည်ငြိမ်နေဆဲ ဖြစ်ပြီး ဂရုမစိုက်သကဲ့သို့ပင် ဖြစ်နေသည်။

"နောက်ပြီး သူတို့က အစွမ်းထက်တဲ့ မိစ္ဆာဝိညာဉ် တစ်ကောင်ကို ကိုးကွယ်နေပုံရတယ် ဆိုတာကို ကျွန်မ သိလိုက်ရတယ်... အဲဒါက တစ္ဆေစစ်သည်တွေရဲ့ ဇာစ်မြစ်ပဲ... အကယ်၍ ကျွန်မတို့သာ သူ့ကို ရှာတွေ့ပြီး ဖျက်ဆီးပစ်နိုင်ရင် ဒီဘေးဒုက္ခ ပြီးဆုံးသွားလောက်ပြီ..."

လီချင်းချိုးက ရွှီနင်းကို ကျေနပ်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ဝိညာဉ်ကို ရှာဖွေခြင်းမှ တစ်ဆင့် သူ ရရှိခဲ့သော သတင်းအချက်အလက်များကို ရွှီနင်းက ကိုယ်တိုင်ကိုယ်ကျ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်၏။သူရရှိထားသော သတင်းအချက်အလက်များလောက် အသေးစိတ် မကျလျှင်တောင်မှ ထိုသို့ လုပ်ဆောင်နိုင်ခြင်းက ကြီးမားသော အောင်မြင်မှု တစ်ခုပင် ဖြစ်သည်။

ကျန်းကျောက်ရှားက ရွှီနင်းကို ကြည့်လိုက်ပြီး ဤတစ်ကြိမ်တွင် သူ ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း ဝန်ခံလိုက်ရသည်။

မိစ္ဆာဝိညာဉ်များကို အနိုင်ယူ နှိမ်နင်းရာတွင် ရွှီနင်း၏ အောင်မြင်မှု အကြောင်း သိရှိသွားပြီးနောက် ဂိုဏ်း၏ ခေါင်းဆောင်ပိုင်း အပေါ် ကျရောက်နေသော ဖိအားများ များစွာ လျော့ကျသွားသည်။

လီချင်းချိုးနှင့်လီချင်းချိုး၏ တပည့်များ ရှိနေသဖြင့် ဤဘေးဒုက္ခက ထင်သလောက် ကြောက်မက်ဖွယ် ကောင်းမည် မဟုတ်ချေ။

ထို့နောက်တွင် လီချင်းချိုးက မိစ္ဆာကြီးလော့၏ အစီအစဉ်ကို ထုတ်ဖော် ပြောဆိုလိုက်ရာ ရွှီနင်းနှင့် ကျန်းကျောက်ရှား အပါအဝင် အထက်လူကြီးများ၏ မျက်နှာများ အရောင်ပြောင်းသွားတော့သည်။

"မိစ္ဆာကြီးလော့ရဲ့ တည်နေရာကို ငါတို့ ရှာတွေ့တာနဲ့ ချင်းရှောင်ဂိုဏ်းက တိုက်ခိုက်မှုကို စတင်လိမ့်မယ်... ဒီတစ်ကြိမ်မှာတော့ ကိုးပြည်ထောင်နယ်မြေထဲကို မိစ္ဆာဝိညာဉ်တွေ ဝင်ရောက်လာတာကို တားဆီးဖို့ ငါတို့ အားလုံး တညီတညွတ်တည်း လှုပ်ရှားကြမယ်..."

လီချင်းချိုးက လူအုပ်ကို အကဲခတ် ကြည့်ရှု၍ ပြောလိုက်ပြီး ထို့နောက် သူက အဖွဲ့တစ်ခုချင်းစီသို့ ကြိုတင် ပြင်ဆင်ရေး တာဝန်များကို ခွဲဝေပေးလိုက်ပြီး ခန်းမများ အားလုံးရှိ လူတိုင်းကို လှုပ်ရှားစေတော့သည်။

ယန်တောက်ကျုံးသည် တိုက်ပွဲတွင် ပါဝင်ခြင်း မရှိသော်လည်း ကင်းလှည့် တာဝန်များကို ပိုမို ယူရမည် ဖြစ်ပြီး ၎င်းနှင့် ပတ်သက်၍ ယန်တောက်ကျုံးက မည်သည့် ကန့်ကွက်မှုမျှ မရှိချေ။

သူ့ရဲ့ သိုင်းပညာများက တစ္ဆေများကို ခြိမ်းခြောက်ရန် မလုံလောက်ကြောင်း ယန်တောက်ကျုံး သဘောပေါက်သွားပြီး ၎င်းက သူ့ကို ဖိအားများ ခံစားရစေကာ ဤခံစားချက်မျိုးကို ထျန်ရွှမ်တောင် တွင် တစ်ခါမျှ မခံစားခဲ့ရဖူးပေ။

သူ့အဖြစ်က ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာပြီးနောက် သာမန်လူ တစ်ယောက် ဖြစ်သွားသည့်နှယ်။

ယန်တောက်ကျုံးက ဤခံစားချက်ကို မနှစ်မြို့သဖြင့် ယခုမှစ၍ ပို၍ပင် ကြိုးစား ကျင့်ကြံရန် ဆုံးဖြတ်လိုက်ချေပြီ။

သိုင်းပညာက မသေမျိုးလမ်းစဉ်ထက် နိမ့်ကျသည်ဟု သူ မယုံကြည်ပေ။ သူ့ရဲ့ လက်ရှိ သိုင်းပညာ စွမ်းရည်များက မမြင့်မားသေးခြင်းသာ ဖြစ်တန်ရာ၏။

လီချင်းချိုးက တာဝန်များ ခွဲဝေပေးပြီးနောက် ရွှီနင်းကို ကျန်ရစ်နေစေပြီး အခြားသူများကို ထွက်သွားခိုင်းလိုက်သည်။

ခြံဝင်း အတွင်း၌ သူတို့ နှစ်ဦးတည်းသာ ကျန်ရှိတော့သောအခါ နောက်ဆုံးတွင် စကားစလာသည်။

"ဒီမိစ္ဆာ နှိမ်နင်းရေး စစ်ဆင်ရေး အတွက် မင်းကို ဂိုဏ်းမှာပဲ ထားခဲ့ဖို့ ငါ စီစဉ်ထားတယ်..."

ရွှီနင်းက ချက်ချင်း စိုးရိမ်သွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဆရာ ဖြစ်သူက လက်ကို မြှောက်၍ …

"မင်းကို ငါ ဒီမှာ ထားခဲ့ရတာက မင်းက အစွမ်းအထက်ဆုံး ဖြစ်နေလို့ပဲ... တခြား ဘယ်သူ့ကိုမှ ငါ မယုံကြည်နိုင်ဘူး... မြောက်ပိုင်းနယ်မြေကို သွားရမယ့် ခရီးက အရမ်း ဝေးပြီး မိစ္ဆာဝိညာဉ်တွေ ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်လာနိုင်တဲ့ အခြေအနေ အတွက် ငါတို့ ကြိုတင် ပြင်ဆင်ထားရမယ်..."

ထိုစကားကို ကြားသောအခါ ရွှီနင်း တိတ်ဆိတ်သွားတော့သည်။

သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး…..

"ကောင်းပါပြီ ဆရာ... စိတ်မပူပါနဲ့... ကျွန်မ မသေနချင်း ချင်းရှောင်ဂိုဏ်းမပျက်စီးစေရဘူး..."

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ... ကောင်းပြီလေ... အနားသွားယူလိုက်ဉီး... တိကျတဲ့ သတင်းအချက်အလက်တွေ မရမချင်း ဂိုဏ်းက ဘာမှ လှုပ်ရှားဦးမှာ မဟုတ်ပါဘူး..."

ရွှီနင်းက ခေါင်းညိတ်လိုက်ပြီးနောက် ဦးညွှတ်၍ ထွက်ခွာသွားတော့သည်။

လီချင်းချိုးက လိုဏ်ဂူ သို့ ချက်ချင်း ပြန်မသွားခဲ့ဘဲ ဂိုဏ်းတွင် ကျင်းပမည့် အကြီးစား ဟောပြောပွဲများ အကြောင်း တွေးတောနေသည်။

တာအိုကံကြမ္မာ မလိုအပ်သော တစ္ဆေလမ်းစဉ် မှော်ပညာရပ် တစ်ခုကို ဂိုဏ်း တစ်ခုလုံးတွင် မြှင့်တင်ရန် သူ စီစဉ်ထားသည်။ ဤသည်ကလည်း တပည့်များ အနေဖြင့် တစ္ဆေများနှင့် သတ္တဝါဆိုးများကို ခွဲခြား သိမြင်နိုင်စွမ်း ရှိလာစေရန် ဖြစ်ပေသည်။

ဤမှော်ပညာရပ်က ကျမ်းစာတိုက် အတွင်းရှိ မှော်ပညာရပ် တစ်ခု မဖြစ်နိုင်ပေ။ မဟုတ်လျှင် ၎င်းကို ရွေးယူထားပြီးသော တပည့်များ အတွက် တရားမျှတမှု မရှိ ဖြစ်သွားလိမ့်မည်။

ထိုနေ့တွင် သူက ချူကျင်းကို ခေါ်ယူပြီး သူတို့ နှစ်ဦး အတူတကွ ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။

ချူကျင်းက တစ္ဆေလမ်းစဉ် မှော်ပညာရပ်များတွင် ပါရမီပါသည်ကို ရှာဖွေတွေ့ရှိခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး ၎င်းအပေါ် ယုံကြည်မှုပင် ရှိလာခဲ့သည်။ သို့သော်လည်း လီချင်းချိုး၏ တစ္ဆေလမ်းစဉ် အပေါ် နားလည်သဘောပေါက်နိုင်စွမ်းက သူ့ထက် မနိမ့်ကျကြောင်း သူ တွေ့ရှိလိုက်ရသဖြင့် လီချင်းချိုးကို လွန်စွာ လေးစား အားကျသွားသည်။

ဂိုဏ်းချုပ်က တကယ့်ကို ပါရမီရှင်ပဲ…

……..

ဇွန်လကုန်ပိုင်းတွင် ချင်းရှောင်ဂိုဏ်းက တစ္ဆေများကို ခွဲခြား သိမြင်နိုင်သော ပညာရပ်ကို စတင် အကောင်အထည်ဖော်မည် ဖြစ်ပြီး အတွင်းစည်းတပည့်များ အားလုံး ၎င်းကို ကျင့်ကြံရန် လိုအပ်မည် ဖြစ်သည်။

တပည့်များက မည်သည့် ငြင်းဆန်မှုမျှ မပြသခဲ့ဘဲ ဂိုဏ်းကိုပင် ကျေးဇူးတင်နေခဲ့ကြသည်။

ဂိုဏ်းများနှင့် အထက်တန်းလွှာ မိသားစု များတွင် အာဏာရှိသူများက သူတို့၏ လက်အောက်ငယ်သားများ ပိုမို အစွမ်းထက်လာမည်ကို ကြောက်ရွံ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိန်းချုပ်၍ မရနိုင်တော့မည်ကို စိုးရိမ်သောကြောင့် ပင်။ လီချင်းချိုးကမူ သူတို့ကို ပို၍ အစွမ်းထက်လာစေရန် အဆက်မပြတ် တွန်းအားပေးနေပြီး အပြင်ဘက်ရှိ တစ္ဆေများနှင့် သတ္တဝါဆိုးများ၏ အန္တရာယ် ပြုခြင်းကို ခံရမည်ကို စိုးရိမ်နေသည်။

တစ်ချိန်တည်းမှာပင် တပည့် အများစုက လီချင်းချိုး အပေါ် သူတို့၏ သစ္စာရှိမှုများ တိုးပွားလာကြောင်း ပြသခဲ့ကြသည်။

ဤနေ့တွင် အမှောင်ခန်းမမှ တပည့် ဖြစ်သော ချင်ယွီချန်က သူလျှို တာဝန်ကို လွှဲပြောင်းပေးရန် ဂိုဏ်းသို့ ပြန်လာခဲ့သည်။ဤတာဝန်က ရေရှည် တာဝန် ဖြစ်သော်လည်း သူက ဂိုဏ်းကို သစ္စာမဖောက်ကြောင်း သေချာစေရန် နှစ်စဉ် ပြန်လာရမည် ဖြစ်သည်။

ချင်ယွီချန်က ချင်းရှားဂိုဏ်းတွင် အချိန်ပိုကြာကြာ နေလေ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်း အတွက် ပို၍ ကျေးဇူးတင်လေ ဖြစ်ပြီး ယခုအခါ ချင်းရှားဂိုဏ်းကို သူ လွန်စွာ သနားမိနေပြီ ဖြစ်သည်။

ချိုးတဟူတွင် ကြီးမားသော ရည်မှန်းချက်များ ရှိသော်လည်း သူ့တွင် စွမ်းရည် မရှိချေ။ ချင်ယွီချန်၏ အမြင်တွင် ချင်းရှားဂိုဏ်းက အနာဂတ်တွင် ကျောက်ကျိန်းလို ပါရမီရှင် တစ်ဦး မွေးဖွားလာပါက အမှန်တကယ် နာမည်ကြီးလာရန် အခွင့်အရေး ရှိနိုင်ပေသည်။

ချင်းရှောင်တောင်၏ တောင်တက်လမ်းပေါ်တွင် လျှောက်လှမ်းလာရင်း ချင်ယွီချန်က လမ်းတစ်လျှောက်ရှိ တပည့်များက လူတစ်ယောက် အကြောင်း ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။

ဟူယန်... ဂိုဏ်းချုပ်ရဲ့ တပည့်သစ်….

ဟူယန်က ခြောက်လ လေ့ကျင့်ပြီးနောက် မူလအားဖြည့်နယ်ပယ်စတုတ္ထအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကြားရသောအခါ ချင်ယွီချန် အံ့အားသင့်သွားသည်။

သူ တောင်အောက်ဆင်းပြီး ပြန်လာတိုင်း ဂိုဏ်းတွင် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး မွေးဖွားလာသကဲ့သို့ သူ ခံစားရသည်။ ဟူယန်၏ ကျင့်ကြံခြင်း အမြန်နှုန်းက လွန်စွာ အံ့မခန်းမြန်ဆန်လွန်းလှသဖြင့်ကျောက်ကျိန်းနှင့် ရွှီနင်းတို့ပင် သူ့ကို မယှဉ်နိုင်ဟု သူ ခံစားရသည်။

အစပိုင်း အံ့အားသင့်မှု ပြီးဆုံးသွားပြီးနောက် ဂုဏ်ယူမိသွားပြန်သည်။

ဤကဲ့သို့သော ဂိုဏ်းကို အလုပ်အကျွေး ပြုရခြင်းက သူ့အတွက် ဂုဏ်ယူစရာ တစ်ခုပင် ဖြစ်သည်။

နောက်ပိုင်းတွင် တစ္ဆေများနှင့် သတ္တဝါဆိုးများ အကြောင်းကို သူ ကြားသိရပြီး တပည့် အချို့က တစ္ဆေများနှင့် သတ္တဝါဆိုးများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ကြားသိရပြန်သည်။ ဂိုဏ်းချုပ်က အကြီးစား စစ်ဆင်ရေး တစ်ရပ်ဖြင့် မြောက်ဘက်သို့ ချီတက်ရန် ပြင်ဆင်နေကြောင်း ကြားသောအခါ သူ အနည်းငယ် ဝမ်းနည်းမိသည်။

ချင်းရှားဂိုဏ်းကို စောင့်ကြပ်နေရသည်မှာ လွန်စွာ ပျင်းစရာကောင်းသဖြင့် ဤကဲ့သို့သော စစ်ဆင်ရေးမျိုးတွင် သူလည်း ပါဝင်ချင်နေသည်။

ဤကိစ္စကို တွေးတောရင်း ချင်းရှောင်တောင်၏ မြောက်ဘက်ခြမ်းသို့ ရောက်ရှိလာပြီး မြေအောက် နန်းတော် တစ်ခု အတွင်းသို့ ဝင်ရောက်သွားသည်။

ဤသည်မှာ အမှောင်ခန်းမပင် ဖြစ်၏။

အမှောင်ခန်းမ တည်ရှိသော တောအုပ်က တားမြစ်နယ်မြေ ဖြစ်ပြီး အမှောင်ခန်းမ မှ တပည့်များကလွဲ၍ အခြား မည်သည့် တပည့်ကမျှ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်ခွင့် မရှိချေ။

အမှောင်ခန်းမ အတွင်းသို့ ဝင်ရောက်လာသောအခါ အမှောင်ခန်းမ ၏ မြေအောက် နန်းတော်က ပိုမို ကြီးမားလာပြီး တပည့်များ ပိုမို များပြားလာကြောင်း ချင်ယွီချန် တွေ့ရှိလိုက်ရသည်။ အခန်းတိုင်းတွင် အမှောင်ခန်းမမှ တပည့် တစ်ဦးစီ ကျင့်ကြံနေကြသည် သို့မဟုတ် ဇာတ်တိုက် လေ့ကျင့်နေစဉ်အတွင်း သူလျှို တစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အခြေအနေမျိုး ရှိနေသည်။

သူက ခန်းမသခင်၏ တံခါးဝသို့ ရောက်ရှိလာပြီး ညင်သာစွာ ခေါက်လိုက်တော့

"ဝင်ခဲ့..."

မိုကျိုဟုန်၏ အသံက အတွင်းမှ ထွက်ပေါ်လာသည်။

ချင်ယွီချန် တံခါးကို တွန်းဖွင့်၍ ဝင်လိုက်သည်နှင့် မျက်လုံးထဲသို့ ဝင်ရောက်လာသည်မှာ လင်းထိန်နေသော အခန်း တစ်ခန်း ဖြစ်ပြီး ရှေးဟောင်း ပစ္စည်းများစွာဖြင့် အလှဆင်ထားကာ နံရံများတွင် ရှုခင်း ပန်းချီကားများ ချိတ်ဆွဲထားသည်။

မိုကျိုဟုန်က အတွင်းခန်းတွင် တရားထိုင်၍ ကျင့်ကြံပြီး သူ့ ပတ်ဝန်းကျင်တွင် ဝိညာဉ်ကျောက်တုံး များ ရှိနေပြီး ဝါးအလံ လေးခုကို စိုက်ထားသည်။ ဝိညာဉ်ချီများက သူ့ ပတ်ဝန်းကျင်တွင် အဆက်မပြတ် လှည့်ပတ်နေပြီး ဝတ်ရုံများကို လွင့်ဝဲနေစေသည်။

မိုကျိုဟုန်သည် ယခုအခါ မူလအားဖြည့်နယ်ပယ်ဆဋ္ဌမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချင်းရှောင်ဂိုဏ်းသို့ မဝင်ရောက်မီက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း မူလအားဖြည့်နယ်ပယ်စတုတ္ထအလွှာ သို့သာ ရောက်ရှိခဲ့သည်။ထို့ကြောင့် လီချင်းချိုး ရင်းနှီးမြှုပ်နှံထားသော ကျင့်ကြံရေး အရင်းအမြစ်များက လုံးဝ အနည်းအကျဉ်း မဟုတ်ကြောင်း သိနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ မိုကျိုဟုန်က အမှောင်ခန်းမ၏ ခေါင်းဆောင် ဖြစ်ပြီး လီချင်းချိုးက သူ့ကို တာဝန်များ ပိုမို ယူနိုင်ရန် မျှော်လင့်ထားသဖြင့် သူ့တွင် အခြေခံ အနေဖြင့် အစွမ်းထက်သော ကျင့်ကြံခြင်း ရှိရပေမည်။

ချင်ယွီချန်က လျှောက်သွားပြီး ချင်းရှားဂိုဏ်း ၏ အခြေအနေကို မိုကျိုဟုန်ထံ အစီရင်ခံတင်ပြလိုက်သည်။

ချင်းရှားဂိုဏ်းကလည်း ကျင့်ကြံရေးဂိုဏ်း တစ်ခု ဖြစ်၏။ ၎င်းက မကြီးမားသော်လည်း ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာနိုင်ချေ ရှိနေဆဲပင ထို့ကြောင့် ချင်ယွီချန်၏ တာဝန်မှာ ဂိုဏ်းချုပ်နှင့် တိုက်ရိုက် ဆက်သွယ်ရန်ပင် ဖြစ်သည်။

ချင်းရှားဂိုဏ်း၏ အခြေအနေကို သူ ရှင်းပြပြီးနောက်တွင်ပင် မိုကျိုဟုန်က မျက်လုံးများကို မဖွင့်သေးချေ။

"မင်း အလုပ် ကောင်းကောင်း လုပ်ခဲ့တယ်... သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မင်း ဝင်စွက်ဖက်ဖို့ မလိုဘူး... သူတို့ သဘာဝအတိုင်းပဲ ဖြစ်ပါစေ..."

ချင်ယွီချန်က ခေါင်းညိတ်၍ ….

"ကျွန်တော် ချင်းရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပိုင်ယွမ်တောင်ကြားကို သွားလည်တဲ့ နောက်ကို လိုက်သွားခဲ့တယ်... ပိုင်ယွမ်တောင်ကြားက ကောင်းချီးမြေ တချို့ကို ရထားပုံရပြီး သူတို့ ဂိုဏ်းသားတွေရဲ့ ကျင့်ကြံခြင်း အဆင့်တွေက ယေဘုယျအားဖြင့် ချင်းရှားဂိုဏ်းထက် ပိုမြင့်နေတယ် ဆိုတာကို သိလိုက်ရတယ်... သူတို့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ချင်ပါသလား..."

"တစ်ယောက်ယောက်က အဲဒီကို စောင့်ကြည့်နေတာ ကြာပါပြီ... မင်း ပြောတဲ့ ကောင်းချီးမြေကို အမှောင်ခန်းမ က စုံစမ်းပြီးပါပြီ..."

"ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ..."

"ကိုးပြည်ထောင်နယ်မြေထဲက အရာအားလုံးက ချင်းရှောင်ဂိုဏ်း ပိုင်တာချည်းပဲ... သူတို့ကို မသေမျိုးလမ်းစဉ် ကျင့်ကြံခွင့် ပြုထားတာကပဲ ချင်းရှောင်ဂိုဏ်းက သူတို့ကို ကြီးမားတဲ့ ကျေးဇူး ပြုထားတာပဲ... သူတို့ကို စဉ်းစားဖို့ အချိန်ပေးမယ်... အကယ်၍ သဘောတူညီမှု မရနိုင်ရင် ပိုင်ယွမ်တောင်ကြားက ဆက်ပြီး တည်ရှိနေဖို့ မလိုတော့ဘူး..."

မိုကျိုဟုန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ချင်ယွီချန် အတွက်မူ လွန်စွာ လွှမ်းမိုးနိုင်စွမ်း ရှိနေပုံ ပေါ်သည်။

"ဒီကိစ္စကို ဂိုဏ်းချုပ် သိရဲ့လား..." ဟု ချင်ယွီချန်က ဆက်မေးလိုက်သည်။

သူက ချင်မိသားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး မိသားစု၏ သားအကြီးဆုံး ဖြစ်သော ချင်ယဲ့ကလည်း ဂိုဏ်းချုပ်၏ တပည့် ဖြစ်သည်။ ထို့ကြောင့် သူ့နှလုံးသားထဲတွင် သူသည် ဂိုဏ်းချုပ်နှင့် သက်ဆိုင်ပြီး ထိုမှသာ အမှောင်ခန်းမနှင့် သက်ဆိုင်ခြင်း ဖြစ်သည်။

မိုကျိုဟုန်က…..

"ဂိုဏ်းချုပ်က ဒီလို အသေးအဖွဲ ကိစ္စလေးကို စိတ်ပူနေရဦးမှာလား... အဲဒါက ဂိုဏ်းချုပ် ဆက်ပြီး မကျင့်ကြံနိုင်တော့ဘူးလို့ အဓိပ္ပာယ် သက်ရောက်နေမှာပေါ့..."

ချင်ယွီချန်က ဤစကားကို သဘောတူလိုက်ပြီးနောက် ဦးညွှတ် နှုတ်ဆက် ထွက်ခွာသွားတော့သည်။

အမှောင်ခန်းမမှ ထွက်လာပြီးနောက် ကိုယ်ပိုင် နေအိမ်ဆီသို့ပြန်သွားခဲ့လိုက်သည်။

သေချာ စဉ်းစားပြီးနောက် ဂိုဏ်းချုပ်ကို ဒီအကြောင်းတွေ ပြောပြသင့်သည်ဟု ခံစားရဆဲပင်။ ဤကိစ္စက အမှန်တကယ်ပင် အသေးအဖွဲ ဖြစ်သော်လည်း လောကကြီးတွင် ချင်းရှောင်ဂိုဏ်းမှလွဲ၍ ကျင့်ကြံရေးဂိုဏ်း နှစ်ခုသာ ရှိပြီး အနာဂတ် ပြဿနာများကို ချန်ရစ်ထားခဲ့မည်ကို သူ စိုးရိမ်မိသည်။

...

တောင်ပိုင်းချူပြည်နယ်ရှိ စီရင်စုမြို့တော်၏ ပင်မခန်းမဆောင် အတွင်း၌…..

လျူကျင်းက ရာဇပလ္လင်ပေါ်တွင် ထိုင်နေသည်။လက်ရှိတွင် နဂါးဝတ်ရုံကို မဝတ်ဆင်ထားသော်လည်း ဧကရာဇ် အရှိန်အဝါက ပို၍ပင် အစွမ်းထက်နေပြီး ဧကရာဇ်တစ်ပါး၏ ရုပ်သွင်ကို ပိုင်ဆိုင်ထားသည်။ ခန်းမထဲတွင် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိ ဒါဇင်နှင့်ချီ၍ မတ်တတ်ရပ်နေကြပြီး နိုင်ငံ၏ အစိတ်အပိုင်း အသီးသီးရှိ အခြေအနေများကို တစ်ယောက်ပြီးတစ်ယောက် အစီရင်ခံတင်ပြနေကြသည်။

ချင်းရှောင်ဂိုဏ်း၏ အကူအညီဖြင့် လျူကျင်း၏ လောကကြီးကို သိမ်းပိုက်ရေးက လွန်စွာ လွယ်ကူလှသည်။ သူ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန် မလိုအပ်ဘဲ စစ်ဗျူဟာမှူးများ၊ နာမည်ကြီး ပညာရှင်များနှင့် ရဲရင့်သော စစ်သူကြီးများက သူ့ထံသို့ အစုလိုက်အပြုံလိုက် ရောက်ရှိလာကြပြီး ပြည်နယ် အသီးသီးရှိ စစ်မျက်နှာများလည်း တည်ငြိမ်စွာ ရှေ့သို့ တိုးလာနေသည်။ သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ ပြည်သူများ၏ စားဝတ်နေရေးကို စီမံခန့်ခွဲရန်နှင့် မှန်ကန်သော လူများကို မှန်ကန်သော နေရာများတွင် ထားရှိရန် ပင် ဖြစ်သည်။

ထိုအခိုက်၌ သံချပ်ကာ ဝတ်ဆင်ထားသော စစ်သား တစ်ဦးက အလျင်စလို ဝင်ရောက်လာပြီး လှေကားထစ်များ ရှေ့တွင် ဒူးတစ်ဖက် ထောက်ချလိုက်ကာ လက်ထဲရှိ စာလိပ် တစ်ခုကို မြှောက်ထားလိုက်ပြီး…

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်... ချန်းကျိုးကနေ စာတစ်စောင် ရောက်လာပါတယ်... အရေးကြီးတဲ့ ကိစ္စပါ..."

ထိုစကားကို ကြားသောအခါ လျူကျင်းက ချက်ချင်း လက်ဝှေ့ယမ်းလိုက်ရာ လှေကားထစ်များ အောက် တစ်ဖက်တွင် ရပ်နေသော မိန်းမစိုးက စာလိပ်ကို သွားယူရန် ချက်ချင်း ထွက်သွားကာ ၎င်းကို အရင် ဖွင့်ကြည့်လိုက်ပြီး ထူးခြားမှု မရှိကြောင်း အတည်ပြုပြီးနောက် လှေကားထစ်များကို တက်သွားကာ လျူကျင်းထံ ဆက်သလိုက်သည်။

လျူကျင်းက စာလိပ်ကို ဖြန့်၍ အရေးကြီးသော စာကို သေချာစွာ ဖတ်ရှုလိုက်သည်။

မကြာမီမှာပင် မျက်နှာထား မည်းမှောင်သွားပြီး ခန်းမထဲရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက သူ့ အမူအရာ အပြောင်းအလဲကို သတိပြုမိသွားကြကာ သူတို့အချင်းချင်း တီးတိုး စကားပြောလာကြသည်။

ချန်းကျိုးက တောင်ပိုင်းချူပြည်နယ် နှင့် အဝေးဆုံးတွင် ရှိသော်လည်း ၎င်းကို လီမိသားစုက ထိန်းချုပ်ထားပြီး သိမ်းပိုက်ခံရရန် တစ်လှမ်းသာ လိုတော့သည

ချန်းကျိုးထံမှ အရေးပေါ် သတင်းများက မြောက်ပိုင်းလူရိုင်းများနှင့် သက်ဆိုင်နိုင်ခြေ အများဆုံးပင် ဖြစ်သည်။

မြောက်ပိုင်းလူရိုင်းတွေက အင်အား ပြန်လည် စုစည်းပြီး တိုက်ခိုက်ဖို့ ပြင်နေကြပြီလား….

အချိန်အတော်ကြာပြီးနောက် လျူကျင်းက နောက်ဆုံးတွင် စာလိပ်ကို အောက်ချလိုက်ပြီး ခန်းမထဲရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကို ကြည့်၍…..

"မြောက်ပိုင်းလူရိုင်းတွေဆီမှာ တစ်ခုခု ဖြစ်သွားပြီ... မြောက်ပိုင်းနန်းတွင်းရဲ့ ဧကရာဇ်ကို မိစ္ဆာဝိညာဉ် တစ်ကောင် ပူးကပ်သွားတယ်တဲ့... အခုဆို မြောက်ပိုင်းနန်းတွင်းက လုံးဝ ဖရိုဖရဲ ဖြစ်နေပြီး ပြည်သူတွေ ဆိုးဆိုးရွားရွား ဒုက္ခရောက်နေကြရတယ်..."

မိစ္ဆာဝိညာဉ် ဟုတ်လား…..

ခန်းမထဲရှိ လူတိုင်း အံ့အားသင့်သွားကြ၏။ အခြေအနေများ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြချေ။

"မိစ္ဆာဝိညာဉ်" ဟူသော စကားလုံးက ကြောက်မက်ဖွယ် ကောင်းနေသဖြင့် မည်သူကမျှ မပျော်ရွှင်ကြပေ။

အမတ်အိုကြီး တစ်ဦးက….

"မိစ္ဆာဝိညာဉ် က တောင်ဘက်ကို ဆင်းလာမှာလား..."ဟု မေးလိုက်၏။

လျူကျင်းက ……

"မြောက်ပိုင်းနန်းတွင်းမှာ မိစ္ဆာဝိညာဉ် တစ်ကောင်တည်း ရှိနေတာ မဟုတ်ဘူးလို့လည်း စာထဲမှာ ပါတယ်... တခြား မိစ္ဆာဝိညာဉ်တွေက ပြည်သူတွေကို သတ်ဖြတ်နေကြပြီး မြောက်ပိုင်းလူရိုင်းတွေကို တစ္ဆေစစ်သည်တွေ အဖြစ် ပြောင်းလဲပစ်နေကြတယ်... သူတို့ရဲ့ အင်အားက တောင်ဘက်ကို ရွေ့လျားနေပြီး ချန်းကျိုးကို ခြိမ်းခြောက်လာနိုင်တယ်..ဒါ့ကြောင့် ချန်းကျိုးက အကူအညီ တောင်းဖို့ စာရေးလိုက်တာပဲ..."

ခန်းမထဲရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ အားလုံး၏ မျက်နှာထားများ သိသိသာသာ ပြောင်းလဲသွားကြပြီ။ ကျင့်ကြံရေးဂိုဏ်း များ လောကကြီးတွင် ပေါ်ထွက်လာပြီး ဖြစ်သဖြင့် တစ္ဆေများနှင့် သတ္တဝါဆိုးများ ပေါ်လာလျှင်လည်း သူတို့ မအံ့သြတော့ချေ။

တစ္ဆေများနှင့် သတ္တဝါဆိုးများ၏ စွမ်းရည်များကို တွေးကြည့်ရုံဖြင့် သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေသည်။

သူတို့ရဲ့ ပြိုင်ဘက်က သာမန်လူ တွေကနေ မိစ္ဆာဝိညာဉ် တစ်ကောင် အဖြစ် ပြောင်းလဲသွားဖို့ ဖြစ်နိုင်ခြေ ရှိနေတာလား။

"အရှင်မင်းကြီး... လောကကြီးက မငြိမ်းချမ်းသေးပါဘူး... မြောက်ပိုင်း နယ်စပ်ကို သွားဖို့ ကျွန်တော်တို့ ဘယ်လိုလုပ် အချိန်ရနိုင်မှာလဲ..."

စစ်သူကြီးတစ်ဦးက ခေါင်းလောင်းသံ ကဲ့သို့ ကျယ်လောင်သော အသံဖြင့် ပြောလိုက်ရာ ထိုစကားများက အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိ အများအပြား၏ ထောက်ခံမှုကို ချက်ချင်း ရရှိသွားသည်။

လျူကျင်းကတော့ မျက်မှောင်ကြုတ်ပြီး ဤကိစ္စကို စဉ်းစားနေသည်။

လီချင်းချိုးက သူ့အတွက် အချိန်ကန့်သတ်ချက် တစ်ခု သတ်မှတ်ပေးထားသော်လည်း သူက ဤရာထူးကို ရယူမည် ဖြစ်သဖြင့် ချက်ချင်း ကြုံတွေ့နေရသော ပြဿနာများကိုသာ တွေးတောနေ၍ မရနိုင်ကြောင်း ခံစားလိုက်ရသည်။

All Chapters