ကျော့ကွင်း
Vol. 26 Ch. 254
တပည့်များ အားလုံး စုဝေး ရောက်ရှိလာပြီးနောက် လီချင်းချိုးက အားပေးစကား တစ်ခွန်းမျှ မပြောခဲ့ချေ။ လွန်ခဲ့သော ရက်အနည်းငယ်က ဂိုဏ်းက အဖွဲ့ခေါင်းဆောင် ဆယ်ဦးကို ခန့်အပ်ထားခဲ့ပြီး ထိုသူများက ရှေ့သို့ ထွက်လာကာ တပည့်များ ရောက်ရှိလာမှု အကြောင်း လီချင်းချိုးအား သတင်းပို့လိုက်ကြသည်။
လူတိုင်း ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပြီးနောက် လီချင်းချိုးက…
"သွားကြစို့..."ဟု အချက်ပေးလိုက်သည်။
သူ စကားပြောနေစဉ် ကောင်းကင်သက်တံဓားကို ဆွဲထုတ်လိုက်ပြီး ၎င်းပေါ်သို့ ခုန်တက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။အခြားသူများကလည်း သူတို့၏ ကိုယ်ပိုင် ချင်းရှောင်ဓားများကို ဆွဲထုတ်ကာ နောက်မှ လိုက်ပါသွားကြသည်။
တပည့် ထောင်နှင့်ချီ၍ ဓားများပေါ်တွင် စီးနင်း ပျံသန်းသွားကြရာ တောင်တန်းများ းကြားရှိ နှင်းများနှင့် မြူများကို ဖယ်ရှားသွားစေသည့် ခမ်းနားကြီးကျယ်သော မြင်ကွင်း တစ်ခု ဖြစ်ပြီး တကယ်ကို ကြက်သီးထစေလောက်သည်။
လမ်းတစ်လျှောက်ရှိ ချောက်ကမ်းပါး များပေါ်တွင် ရပ်နေသော တပည့်များက တိမ်တိုက်များကို ဖောက်ထွင်း၍ ပျံသန်းသွားသော ပုံရိပ်များကို စောင့်ကြည့်နေကြပြီး လူတိုင်း စိတ်လှုပ်ရှားနေကြသည်။
"ဝါး... အရမ်း မြန်တာပဲ... ဒီစစ်ဆင်ရေးမှာပါဝင်တဲ့ လူတိုင်းက စစ်မှန်သောတပည့်တွေချည်းပဲလို့ ကြားတယ်..."
"ဒီစစ်ဆင်ရေးက ဂိုဏ်း တည်ထောင်ပြီးကတည်းက အကြီးမားဆုံး စစ်ဆင်ရေးပဲ..."
"ချင်းရှောင်ဂိုဏ်းကို မဝင်ခင်က ဂိုဏ်းချုပ်က မိစ္ဆာနှိမ်နင်းဖို့ တောင်အောက်ကို တပည့်တွေ ဦးဆောင်ပြီး ဆင်းသွားတယ်လို့ ကြားဖူးတယ်... အခုတော့ ဒီလို ကြီးမားတဲ့ လှုပ်ရှားမှုကို မျက်မြင်တွေ့လိုက်ရပြီ... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် မလုံလောက်တာ နှမြောစရာပဲ... ဒါကို စောစော သိခဲ့ရင် ငါ ပိုပြီး ကြိုးစား ကျင့်ကြံခဲ့သင့်တာ..."
"ဒီလောက် လူအများကြီးကို တိုက်ခိုက်ဖို့ ဆွဲဆောင်နိုင်တဲ့ မိစ္ဆာဝိညာဉ်က ဘယ်လိုမျိုးလဲ ဆိုတာ ငါ သိချင်လိုက်တာ..."
"ဟိုမှာကြည့်...ဂိုဏ်းတူအစ်ကိုအထီကျန်ဓားမလား... သူလည်း ပါသွားတာပဲ..."
………
လေပြင်းများနှင့် နှင်းများကြားမှ ပျံသန်းနေစဉ် လီချင်းချိုး၏ အမြန်နှုန်းက သိပ်မမြန်လှပေ။ အဓိက အကြောင်းရင်းမှာ တပည့်များ၏ မူလချီစွမ်းအင်များကို သူ ထည့်သွင်း စဉ်းစားနေရသောကြောင့်ပင်။ ချန်းကျိုး သို့ သွားရမည့် ခရီးက မနီးလှဘဲ လမ်းတစ်လျှောက်လုံး ပျံသန်း၍ မရနိုင်ချေ။ သူတို့တွေ မကြာခဏ ပျံသန်းလိုက်၊ ရပ်နားလိုက် လုပ်ရမည်မှာ သေချာသည်။ နှစ်မကုန်မီ လဝက်ခန့် အချိန်ကျန်သေးသဖြင့် သူတို့ ရောက်ရှိရန် အချိန် အလုံအလောက် ရှိနေသည်။
ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့က သူ့ နောက်တွင် ပျံသန်းနေကြသည်။ သူတို့က တည်ငြိမ်နေပုံ ရသော်လည်း နှလုံးသားများကတော့ အများနည်းတူ ခုန်ပေါက်နေသည်။
သူတို့တွေ ယခင်က တာဝန်များ ထမ်းဆောင်ခဲ့ဖူးသော်လည်း ဤမျှ ခမ်းနားကြီးကျယ်သော စစ်ဆင်ရေးမျိုးကို ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
သူတို့ နောက်ရှိ ကြီးမားလှသော မူလချီစွမ်းအင်များက သူတို့ကို ကြီးမားသော လုံခြုံမှု ခံစားချက် တစ်ခု ပေးစွမ်းနေ၏။ယခင်က ဂိုဏ်းမှ တပည့်များကို သူတို့ ကာကွယ်ပေးနေရသည်ဟု အမြဲတမ်း ခံစားခဲ့ရပြီး ယခုအခါ သူတို့၏ တာဝန်များတွင် တပည့် အများအပြား လိုက်ပါလာသဖြင့် ဝန်ထုပ်ဝန်ပိုး တစ်ခုဟု မခံစားရတော့ဘဲ အဆုံးအစမရှိသော သတ္တိနှင့် မျှော်လင့်ချက်များသာ ပြည့်နှက်နေတော့သည်။
တစ္ဆေစစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်ရာတွင် ဤမျှ များပြားသော တပည့်များကို ဦးဆောင်ရမည်ဟု သူတို့ စိတ်ကူးယဉ်နေကြပြီ ဖြစ်သည်။
သူတို့တောင် ဤကဲ့သို့ ဖြစ်နေလျှင် အခြားသော တပည့်များ မည်သို့ ရှိနေမည်ကို စိတ်ကူးကြည့်ရုံသာ ရှိတော့သည်။
ဂိုဏ်းတွင် တပည့် အများအပြား၊ အစွမ်းထက်သူ မရေမတွက်နိုင်အောင် နှင့် ပါရမီရှင် မြောက်မြားစွာ ရှိနေကြောင်း တပည့်များ သိရှိထားကြသော်လည်း စစ်မှန်သောတပည့် ထောင်နှင့်ချီ၍ စုရုံးကာ ဓားပျံစီးနင်း ပျံသန်းရသည့် အတွေ့အကြုံကမူ လုံးဝ ကွာခြားနေပေသည်။
တုန်လှုပ်ဖွယ်၊စိတ်လှုပ်ရှားစရာ ကောင်းလှပေတကား……
ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် ဓားပျံစီးနင်းပျံသန်းနေသော ပုံရိပ်များ ရှိနေပြီး စုစည်းထားသော မူလချီစွမ်းအင်များက လွန်စွာ ကြီးမားလွန်းသဖြင့် အထက်မြက်ဆုံး ပါရမီရှင် တပည့်များပင်လျှင် သူတို့၏ မူလချီစွမ်းအင်များက အထူးတလည် မဟုတ်တော့ဟု ခံစားလိုက်ကြရသည်။ ဤကဲ့သို့သော အခြေအနေမျိုး အောက်တွင် သူတို့က ဂိုဏ်းအတွက် ခိုင်မာသော မျှော်လင့်ချက်နှင့် ဂုဏ်ယူမှု တစ်ခုကို ခံစားနေကြရသည်။
ယွင်ချိုင်က လူအုပ်ကြားမှ ပျံသန်းလာပြီး အရှေ့ဆုံးရှိ လီချင်းချိုးကို လေးစား အားကျမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ဤမျှ အစွမ်းထက်သော ချင်းရှောင်ဂိုဏ်းကို လီချင်းချိုး ဖန်တီးခဲ့ခြင်း ဖြစ်သည်။ လီချင်းချိုးက တပည့်များကြားတွင် လေးစား ကြောက်ရွံ့မှုနှင့် စိတ်အားထက်သန်မှု များကို ဘယ်လိုလုပ် မဖြစ်ပေါ်စေဘဲ နေနိုင်မည်နည်း။
လီချင်းချိုးက သူ့နောက်မှ အကြည့်များကို ခံစားသိရှိနိုင်သဖြင့်….
"အမှုဆောင်တပည့် ဆယ်ယောက်ကို အခုထိ သူတို့ စုဆောင်းရရှိထားတဲ့ မိစ္ဆာဝိညာဉ်တွေ အကြောင်း သတင်းအချက်အလက်တွေ လက်ဆင့်ကမ်းခိုင်းလိုက်... ပြီးတော့ အဲဒါကို တပည့်တိုင်းကို ပြောပြခိုင်းလိုက်..."
အမှုဆောင် တပည့်များကို တိုက်ပွဲတွင် အဖွဲ့အား ဦးဆောင်ရန် လီချင်းချိုးက ယာယီ ခန့်အပ်ထားခြင်း ဖြစ်သည်။ တပည့် တစ်ထောင်စလုံး တစ်ပြိုင်နက်တည်း ရှေ့သို့ ပြေးထွက်ရန် မဖြစ်နိုင်ချေ။
လီချင်းချိုး၏ အမြင်တွင် အနာဂတ်၌ ပိုမို သင့်လျော်သော ပေါင်းစပ်မှု တစ်ခု ဖန်တီးရန် တပည့်များ၏ စွမ်းရည်များကို အသုံးချမည် ဖြစ်သည်။
တပည့်တိုင်းက တစ္ဆေလမ်းစဉ် မှော်ပညာရပ်များ သို့မဟုတ် ကုသရေး မှော်ပညာရပ်များတွင် ကျွမ်းကျင်သည် မဟုတ်ပေ။ ထို့ကြောင့် မတူညီသော မှော်ပညာရပ်များတွင် ကျွမ်းကျင်သော တပည့်များကို အတူတကွ စုစည်းခြင်းဖြင့် ပိုမို ကြီးမားသော ရလဒ်များကို ရရှိနိုင်မည် ဖြစ်၏။
"ဟုတ်ကဲ့ပါ..."
ရှောင်ဝူချင်းက ချက်ချင်း လှည့်၍ ဂိုဏ်းချုပ်၏ အမိန့်များကို ပေးပို့ရန် အမှုဆောင် တပည့် ဆယ်ဦးထံသို့ ပျံသန်းသွားတော့သည်။
...
နှင်းများ ဖုံးလွှမ်းနေသော မြေရိုင်းလွင်ပြင်ပေါ်တွင် စစ်သား အမြောက်အမြားက လေပြင်းများနှင့် နှင်းများ ကြားတွင် ရှေ့သို့ ချီတက်နေကြသည်။
ချင်ယဲ့က မြင်းစီး၍ ရှေ့ဆုံးမှ လိုက်ပါလာပြီး သူ့လက်ထဲတွင် ရွှေရောင် တောင်ဝှေး တစ်ချောင်းကို ကိုင်ဆောင်ထားကာ လွင့်ဝဲနေသော နှင်းများ ကြားတွင် တောက်ပစွာ လင်းလက်နေသည်။ သူ့အမူအရာက တည်ကြည်လေးနက်နေပြီး မျက်လုံးများက ထက်မြက်နေသည်။
နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော တိုက်ပွဲများက သူ့ရဲ့ ပင်ကိုယ်ရိုးအမှုကို ဖယ်ရှားပစ်ခဲ့ပြီး စစ်မှန်သော ယောက်ျား တစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
အသက် သုံးဆယ် အရွယ်တွင် သူက လျူကျင်း၏ လက်အောက်ရှိ စစ်တပ် သုံးခုလုံးကို ကွပ်ကဲရသော အဓိက စစ်သူကြီး တစ်ဦး ဖြစ်နေပြီ ဖြစ်၏။ ဤတစ်ကြိမ်တွင် တပ်ဖွဲ့ဝင် သုံးသိန်းကို မြောက်ဘက်သို့ ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။
သူ့ဘေးတွင် မြင်းကိုယ်စာခန့် နောက်ကျနေသော လူငယ် စစ်သူကြီး တစ်ဦး ရှိနေပြီး ထိုသူမှာ လီရွှီကျုံးပင် ဖြစ်သည်။
လှံရှည် တစ်လက်ကို ကိုင်ဆောင်ထားသော လီရွှီကျုံးမှာ ချောမောနေပြီး အလေးချိန်စီးသော ငွေရောင် သံချပ်ကာက သူ့ကို ချင်ယဲ့ ထက်ပင် ပို၍ မျက်စိကျစရာ ဖြစ်နေစေသည်။
ချင်ယဲ့၏ အခြား တစ်ဖက်တွင် ကျားကွမ်ဟု အမည်ရသော စစ်ဗျူဟာမှူး တစ်ဦး လိုက်ပါလာပြီး သာမန် သံချပ်ကာ ကို ဝတ်ဆင်ထားသည်။သူက ရှေ့ကို ကြည့်၍ မုတ်ဆိတ်မွေးကို သပ်ကာ….
"လအတော်ကြာ နေ့ရောညပါ ခရီးနှင်ခဲ့တာ နောက်ဆုံးတော့ ငါတို့ ချန်းကျိုးကို ရောက်လာခဲ့ပြီ... ဒီမြောက်ပိုင်း နယ်မြေရဲ့ ရှုခင်းက တကယ့်ကို ခြောက်ကပ်နေတာပဲ... ငါကတော့ တောင်ပိုင်းချူပြည်နယ်ရဲ့ တောင်တန်းတွေ၊ မြစ်တွေနဲ့ လမ်းသွယ်လေးတွေကို ပိုသဘောကျတယ်..."
ချင်ယဲ့က….
"ငါတို့က ချန်းကျိုးကို အလည်အပတ် လာတာ မဟုတ်ဘူး... ချန်းကျိုးထဲကို ခြေချလိုက်တာနဲ့ ငါတို့ သတိထားနေရမယ်... လအနည်းငယ် ကြာပြီးတဲ့ နောက်မှာ မြောက်ပိုင်းလူရိုင်း တွေရဲ့ မိစ္ဆာဝိညာဉ်တွေ ချန်းကျိုးကို ဝင်ရောက် ကျူးကျော်နေလောက်ပြီ..."
ထိုစကားကို ကြားပြီးနောက် ကျားကွမ် က မေးလိုက်သည်။
"စစ်သူကြီး... ခင်ဗျားက ချင်းရှောင်ဂိုဏ်းက လာတာ မဟုတ်ဘူးလား... ဂိုဏ်းချုပ်ရဲ့ တပည့် အနေနဲ့ တစ္ဆေတွေနဲ့ သတ္တဝါဆိုးတွေကို ကိုင်တွယ် ဖြေရှင်းဖို့ နည်းလမ်းတွေကို လေ့ကျင့်ထားရမှာပေါ့... ဟုတ်တယ် မလား..."
ချင်းရှောင်ဂိုဏ်း အကြောင်း ပြောသည်ကို ကြားသောအခါ လီရွှီကျုံးက အာရုံစိုက် နားမထောင်ဘဲ မနေနိုင်တော့ချေ။
လီရွှီကျုံးက ဇနီးနှင့် ကလေးများကို ချင်းရှောင်ဂိုဏ်းသို့ ပို့ဆောင်ရန် စီစဉ်ထားပြီး ဖြစ်သည်။ ပထမ အကြောင်းရင်းမှာ သူ့သား၏ အနာဂတ် အတွက် ဖြစ်ပြီး ဒုတိယ အကြောင်းရင်းမှာ သူတို့ကို ကာကွယ်ရန် ဖြစ်သည်။
တကယ်တမ်းတွင် သူကလည်း မသေမျိုးလမ်းစဉ်ကို ကျင့်ကြံလိုစိတ် ပြင်းပြနေပြီး ဖရိုဖရဲ ကာကလ ပြီးဆုံးသွားပြီးနောက် ချင်းရှောင်ဂိုဏ်း သို့ သွားရောက် ကျင့်ကြံသင့် မသင့်ကိုပင် သူ စဉ်းစားနေခဲ့သည်။
"ချင်းရှောင်ဂိုဏ်းမှာ တစ္ဆေတွေနဲ့ သတ္တဝါဆိုးတွေကို ကိုင်တွယ် ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိတာတော့ သေချာပါတယ်... ဒါပေမဲ့ ငါ တစ်ခါမှ မလေ့ကျင့်ခဲ့ဖူးဘူး..." ဟု ချင်ယဲ့က ပြန်လည် ဖြေကြားလိုက်သည်။
တောင်အောက် ဆင်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သဖြင့် ဂိုဏ်းတွင် နေခဲ့ရသော နေ့ရက်များကို သူ တကယ် လွမ်းဆွတ်နေမိသော်လည်း ပြန်သွားရန် အနည်းငယ် ကြောက်ရွံ့နေသည်။
လွန်ခဲ့သော နှစ်များ တစ်လျှောက်လုံးတွင် ချင်းရှောင်ဂိုဏ်းမှ တပည့်များနှင့် ရံဖန်ရံခါ ကြုံတွေ့ခဲ့ရသည်။ ဂိုဏ်းချုပ်၏ ဒုတိယ တပည့် တစ်ဦးအနေဖြင့် ဤတပည့်များကို သဘာဝကျကျပင် ကောင်းမွန်စွာ ဆက်ဆံခဲ့ရသည်။ ဤတပည့်များမှ တစ်ဆင့် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းကိုလည်း သူ သိရှိခဲ့ရသည်။
ချင်းရှောင်ဂိုဏ်း၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုက သူ့ကို လန့်ဖြတ်သွားစေပြီး သူ လုပ်ဆောင်နေသော အရာများက အဓိပ္ပာယ် မရှိဟုပင် သူ ခံစားလိုက်ရကာ သူ့ဆရာနှင့် ယှဉ်လျှင် လွန်စွာ ဉာဏ်တိမ်ပြီး ကလေးဆန်လွန်းနေသည်။ ဂိုဏ်း၏ အရှိန်အဟုန်ကို သူ မမီတော့ကြောင်းကိုလည်း ခံစားမိသည်။ အဘယ်ကြောင့်ဆိုသော် တပည့် အများအပြားက သူ့ကို ကျော်တက်သွားကြပြီ ဖြစ်သောကြောင့် ပင်။
ဤသို့ဖြင့် ချင်ယဲ့၏ အတွေးများ စတင် လွင့်မျောသွားပြီး တစ္ဆေနှိမ်နင်းရေး ပညာရပ်ကို မသိကြောင်း ကြားသောအခါ ကျားကွမ်လည်း တိတ်ဆိတ်သွားတော့သည်။
ဤမြောက်ပိုင်း ခရီးစဉ်က အဆိုးရွားဆုံး အဆုံးသတ်သွားနိုင်ခြေရှိကြောင်း ကျားကွမ်၏ အလိုအလျောက် သိစိတ်က ပြောပြနေသည်။
လီရွှီကျုံးက ချင်ယဲ့ကို ချင်းရှောင်ဂိုဏ်း အကြောင်း ပို၍ မေးမြန်းလိုသော်လည်း မည်သို့ စတင် ပြောဆိုရမည်ကို မသိအောင် ဖြစ်နေရှာသည်။
သူတို့၏ ဆက်ဆံရေးက မကောင်းမွန်လှပေ။ သူတို့ကြားတွင် လျှို့ဝှက် ပြိုင်ဆိုင်မှု အချို့ပင် ရှိနေသည်။ သို့သော်လည်း သူတို့ နှစ်ဦးစလုံးက တစ်ယောက်ကိုတစ်ယောက် ကွယ်ရာတွင် အလွန် ချီးကျူး ပြောဆိုကြပြီး သူတို့၏ ပြိုင်ဆိုင်မှုက မည်သည့် အကြံအစည်မျှ မပါဘဲ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိသည်။
သူတို့၏ နောက်ရှိ တပ်ဖွဲ့ဝင် သုံးသိန်းက တိတ်ဆိတ်စွာ ရှေ့သို့ ချီတက်နေကြသည်။ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော တိုက်ပွဲများက သူတို့ မည်သည့် နေရာသို့ သွားနေသည်ကို ဂရုမစိုက်တော့လောက်အောင် ဖြစ်သွားစေပြီး မနက်ဖြန် အထိ အသက်ရှင် ကျန်ရစ်ရန်သာ တွေးတောနေကြတော့သည်။
လေပြင်းများနှင့် နှင်းများ ပိုမို ပြင်းထန်လာပြီး ရှေ့ဆက်ရမည့် လမ်းက ပို၍ပို၍ ဝေဝါးလာသည်။
ညနေခင်း အချိန်သို့ နီးကပ်လာသောအခါ ချင်ယဲ့က ရှေ့တွင် ယိမ်းထိုးနေသော ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
လီရွှီကျုံးလည်း ၎င်းကို သတိပြုမိသွားပြီး လက်ထဲရှိ လှံရှည်ကို ချက်ချင်း တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူ့နောက်တွင် တပ်ဖွဲ့ဝင် သုံးသိန်း ရှိနေသော်လည်း လူသူကင်းမဲ့သော လွင်ပြင်တွင် တစ်ယောက်တည်း ခရီးသွားနေသူ တစ်ဦးနှင့် ကြုံတွေ့ရသောအခါ သတိထားရမည် ဖြစ်၏။
ဤလောကကြီးတွင် လူတို့၏ စိတ်နှလုံးကို ခန့်မှန်း၍ မရနိုင်ချေ။
ထိုလူက ပိုမို နီးကပ်လာသောအခါ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ကျားကွမ်လည်း အာရုံခံမိလိုက်သည်။
ဘယ်သူလဲ…
ကျားကွမ်က….
"စစ်တပ်ဆီကို ချီတက်လာရဲတဲ့ ဘယ်သူမဆို သာမန်လူ မဖြစ်နိုင်ဘူး... သူတို့မှာ တောင်းဆိုစရာ တစ်ခုခု ရှိနေရမယ် ဒါမှမဟုတ် အကြံအစည် တစ်ခုခု ရှိနေရမယ်..."
ဖရိုဖရဲ ဖြစ်နေသော အချိန်ကာလများတွင် မည်သူက စစ်တပ်ထံမှ အကူအညီ တောင်းခံရဲမည်နည်း။
ဆယ်ပုံ ကိုးပုံကတော့ နောက်ဆုံး အချက်ပင် ဖြစ်နိုင်သည်။
ကျားကွမ် မေးခွန်း မေးလိုက်သောအခါ ထိုလူက ပြန်လည် မဖြေကြားဘဲ သူတို့ထံသို့ ဆက်လက် လျှောက်လာနေသည်။
ချင်ယဲ့ကလည်း ရပ်တန့်ရန် အမိန့်မပေးခဲ့ချေ။ တပ်ဖွဲ့ဝင် သုံးသိန်းက လူတစ်ယောက်တည်းကြောင့် ဘယ်လိုလုပ် ကြောက်လန့် ထွက်ပြေးသွားနိုင်မည်နည်း။
သို့သော်လည်း မတော်တဆမှုများ မဖြစ်ပွားစေရန် သူက ကျာပွတ်ကို ရိုက်၍ မြင်းကို အရှိန်မြှင့်ကာ ရှေ့ဆုံးမှ ဦးဆောင်ရန် တိုက်တွန်းလိုက်သည်။
လီရွှီကျုံးကလည်း ချက်ချင်း လိုက်ပါလာပြီး လှံရှည်ကို ကိုင်ထားသော လက်ကို ပြောင်းလဲကာ အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့် ပြင်ဆင်ထားလိုက်သည်။
သူတို့ ပိုမို နီးကပ်လာသောအခါ ချင်ယဲ့ နှင့် သူ့အဖော်က ထိုလူကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ထိုသူမှာ စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေသော သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်ကာ ခြေထောက်များက ထူးဆန်းသော အနေအထားတွင် ရှိနေပြီး လက်များက တိရိစ္ဆာန်တကောင်၏ လက်သည်းများကဲ့သို့ ဖြစ်နေကာ ခေါင်းကလည်း ဘေးသို့ စောင်းနေပြီး မျက်နှာက ဖြူလျော့ကာ မျက်လုံးများက သက်ဝင်လှုပ်ရှားမှု မရှိဘဲ ပါးစပ်မှ အမည်းရောင် သွေးများ ယိုကျနေသည်။
ဤလူ၏ ရုပ်သွင် မည်မျှ ထူးဆန်းနေကြောင်းကို မြင်သောအခါ ထိုသူသည် လူသား တစ်ဦး မဟုတ်တော့ကြောင်း ချင်ယဲ့တို့ အလွယ်တကူ သိနိုင်ပေသည်။
သက်လတ်ပိုင်း အမျိုးသား၏ အကြည့်က ချင်ယဲ့နှင့် ဆုံတွေ့သွားပြီး မျက်နှာထား ရုတ်တရက် ကြမ်းတမ်းလာကာ ချင်ယဲ့တို့ထံသို့ တိုက်ရိုက် ခုန်အုပ်လာတော့သည်။
...
ချင်းရှောင်တောင်မှ စတင်၍ နေ့ခင်းဘက်တွင် ဓားပျံစီးနင်း ပျံသန်းကြပြီး ညဘက်တွင် အနားယူကာ အစားအစာ စားသောက်ကြသည်။ ချန်းကျိုးသို့ ရောက်ရှိရန် ခြောက်ရက် အပြည့် အချိန်ယူခဲ့ရသည်။
ချန်းကျိုးထဲသို့ ဝင်ရောက်လာသည်နှင့် လီချင်းချိုးက အရှိန်လျှော့လိုက်ပြီး သတင်းအချက်အလက်များ စုဆောင်းရန် ကျန်းကျောက်ရှားကို စေလွှတ်လိုက်သည်။
ကျန်းကျောက်ရှားက လျူကျင်း၏ စစ်တပ် လှုပ်ရှားမှုများကို လျင်မြန်စွာ ထောက်လှမ်း သိရှိနိုင်ခဲ့သဖြင့် လီချင်းချိုးက မိုင်ဒါဇင်နှင့်ချီသော အကွာအဝေးမှ နေ၍ လျူကျင်း၏ စစ်တပ် နောက်သို့ လိုက်ပါလာခဲ့သည်။
နောက်ထပ် လေးရက် ကုန်ဆုံးသွားပြန်သည်။
ညအချိန်သို့ ရောက်သောအခါ လီချင်းချိုးက တပည့်များကို ဦးဆောင်၍ နှင်းပြင်ပေါ်တွင် ရပ်နားလိုက်၏။ တပည့်များကို သိပ်သည်းစွာ ဖြန့်ကြက်မထားဘဲ ရှန်ယွဲ့၊ ကျောက်ကျိန်း၊ ကျိယာ၊ လီရန်နှင့် ရွှယ်ကျင်းတို့က အရပ်မျက်နှာ အသီးသီး၏ အစွန်းများတွင် ဖြန့်ကျဲ နေထိုင်ကြသည်။
လီချင်းချိုးက မီးပုံရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေပြီး ရွှေသူငယ်က သူ့ဘေးတွင် ဓားသိုင်းကို လေ့ကျင့်နေကာ ယွင်ချိုင် က ရွှေသူငယ် ဓားကို ဓားအိမ်ထဲ သွင်းလိုက်သည်ကို ကြည့်နေသည်။
ထိုစဉ် နန်ကုန်းအာက မြေကြီးထဲမှ ရုတ်တရက် ထွက်လာပြီး လီချင်းချိုး၏ အနီးသို့ ကပ်ကာ …..
"ဆရာ... အရင် ဖုတ်ကောင်တွေလိုပဲ နောက်ထပ် အလောင်း နှစ်လောင်း ထပ်တွေ့တယ်..."
ချန်းကျိုး နယ်မြေထဲသို့ ဝင်ရောက်လာပြီးနောက် ဖုတ်ကောင် များ၏ သောင်းကျန်းမှုများကို သူတို့ မျက်မြင်တွေ့ရှိခဲ့ရသည်။ ဖုတ်ကောင် တစ်ကောင်တည်းကပင် ရွာတစ်ရွာလုံးကို ဖရိုဖရဲ ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ သူတို့ သတ်ဖြတ်ခဲ့သော ဖုတ်ကောင် များအပြင် ဖုတ်ကောင် အလောင်းများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ချင်ယဲ့၏ လက်ချက် ဖြစ်မည်ဟု လီချင်းချိုးက ခန့်မှန်းမိသည်။
"မင်း သွားပြီး အနားယူသင့်တယ်..."
နန်ကုန်းအာက ခေါင်းညိတ်လိုက်ပြီးနောက် သူ့ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။
မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအလွှာရှိ ယွင်ချိုင်က တစ္ဆေများကို မြင်တွေ့နိုင်နေပြီဖြစ်ပြီး နန်ကုန်းအာ၏ စကားများကိုလည်း သူမ ကြားလိုက်ရသည်။ သူမက လီချင်းချိုးကို ကြည့်၍…..
"ဂိုဏ်းချုပ်... အဲဒီ ဖုတ်ကောင်တွေက သိပ်ပြီး အစွမ်းထက်ပုံ မရဘူး... သိုင်းလောကမှာ ပထမတန်း ဒါမှမဟုတ် ဒုတိယတန်း အဆင့်လောက်ပဲ ရှိတာ... စစ်တပ်က သူတို့ကို နှိမ်နင်းနိုင်သင့်တယ် မဟုတ်ဘူးလား..."
လီချင်းချိုးက…..
"မင်း မြင်နေရတာတွေက ရုပ်ဖျက်ထားတဲ့ လယ်သမားတွေနဲ့ မုဆိုးတွေပဲ... သူတို့က သာမန်လူတွေကို သိုင်းပညာ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် လေ့ကျင့်ပြီးမှ ရလာတဲ့ စွမ်းအားမျိုး ပေးနိုင်တယ်... ဒါက လုံလောက်တဲ့ ခြိမ်းခြောက်မှု တစ်ခု မဟုတ်ဘူးလို့ မင်း ထင်နေတာလား..."
"သူတို့ရဲ့ နှလုံးသားထဲကနေ ထူးဆန်းပြီး အဆိပ်ပြင်းတဲ့ စွမ်းအား တစ်ခု ထွက်ပေါ်လာတာကို ကျွန်မ မြင်လိုက်ရတယ်... အဲဒါက ဖုတ်ကောင် တွေရဲ့ အသက်အန္တရာယ် ရှိတဲ့ အားနည်းချက်လို့ ရှင် ထင်လား..."
ထိုစကားကို ကြားသောအခါ လီချင်းချိုးက မျက်လုံးများကို ဖွင့်လိုက်ပြီး ယွင်ချိုင်၏ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးက ဤမျှ အံ့မခန်း အကျိုးသက်ရောက်မှုရှိကြောင်း အံ့အားသင့်သွားသည်။
"ကောင်းတယ်... မင်း နောက်ထပ် တစ်ခုခုကို တွေ့သေးရင် ငါ့ကို ပြောပြပါ..."
လီချင်းချိုးက ချီးကျူးစကား ဆိုလိုက်ပြီးနောက် ရှောင်ဝူချင်းကို လက်ဝှေ့ယမ်းခေါ်၍ ဤကိစ္စကို ပြောပြလိုက်သည်။
"အမှုဆောင် တပည့်တွေကို ပြောလိုက်... နောက်တစ်ခါ ဖုတ်ကောင်တွေနဲ့ ကြုံတွေ့ရရင် အဲဒါက အားနည်းချက် တစ်ခု ဟုတ်မဟုတ် သိရအောင် သူတို့ရဲ့ နှလုံးသားကို ထိုးဖောက်ကြည့်လို့ ရတယ်လို့..."
"ဟုတ်ကဲ့ပါ..."
ရှောင်ဝူချင်းက ချက်ချင်း အမိန့်ကို လက်ခံ၍ ထွက်သွားသည်။
သာမန် ဖုတ်ကောင်များကို ကိုင်တွယ် ဖြေရှင်းရာတွင် သူတို့ကို အပိုင်းရှစ်ပိုင်း အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ရုံဖြင့် လုံလောက်သော်လည်း အကယ်၍ အစွမ်းထက်သော ဖုတ်ကောင်များနှင့် ကြုံတွေ့ရပါက ထိုသို့ လုပ်ဆောင်ရန် လွယ်ကူမည် မဟုတ်ချေ။
လီချင်းချိုးက သူမ၏ အကြံဉာဏ်ကို လက်ခံရန် ဆန္ဒရှိနေသည်ကို မြင်သောအခါ ယွင်ချိုင် လွန်စွာ ဝမ်းသာသွားလေသည်။
သူမက လီချင်းချိုးနှင့် ရင်းနှီးသော်လည်း ဤမျှ အရေးကြီးသော ကိစ္စရပ်ကို ကိုင်တွယ် ဖြေရှင်းရန် အရည်အချင်း မရှိသေးဘဲ သူမ၏ အသံက အလေးအနက်ထား ခံရမည် မဟုတ်ကြောင်း သူမ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ယွင်ချိုင်က လီချင်းချိုးကို ဆက်လက် အနှောင့်အယှက် မပေးတော့ဘဲ ဆက်လက် ကျင့်ကြံနေတော့သည်။
အချိန်အနည်းငယ် အကြာတွင်…..
ကျန်းကျောက်ရှားက ကောင်းကင်ယံမှ ဆင်းသက်လာပြီး လီချင်းချိုး၏ ဘေးတွင် ဆင်းသက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"စီရင်စုမြို့တော်မှာ တစ်ခုခု မှားယွင်းနေတယ်... ဒါက လျူကျင်းရဲ့ စစ်တပ်အတွက် ထောင်ထားတဲ့ ကျော့ကွင်း တစ်ခု ဖြစ်နိုင်တယ်..."