← Chapters

အခန်း (၈၉၂-၈၉၄)

Vol. 60 Ch. 892-894

အခန်း (၈၉၂-၈၉၄)

Vol. 60 Ch. 892-894

အခန်း ၈၉၂ - ငါက နောက်ဆုံးဖဲချပ်ကို ထုတ်သုံးမယ်။ မင်းတို့ သဘောကျသာလုပ်ကြတော့

"ငါတို့လည်း ပြန်ပြီဟေ့"

အကျယ်လောင်ဆုံး ကျိန်ဆဲခဲ့ကြသည့် လူအနည်းစုကလည်း လေလံပွဲထဲမှ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာသွားကြသည်။ ခမ်းနားကြီးကျယ်လှသော ဤပွဲကြီးက သူတို့နှင့် သိပ်မသက်ဆိုင်တော့ပေ။

"နောက်ဆုံးတော့ မျက်စိနောက်စရာကောင်တွေ အကုန်ထွက်သွားပြီပဲ"

ကျန်းမုန့်လောင်၏ နှုတ်ခမ်းထောင့်စွန်းနှစ်ဖက် ကွေးတက်သွားသည်။

"ကဲ... ဆက်လုပ်ကြတာပေါ့။ တခြားဘာပစ္စည်းကောင်းတွေရှိသေးလဲ။ ကြည့်ရအောင်"

ကျန်ပစ္စည်းများထဲတွင် ကျန်းမုန့်လောင်သည် သူစိတ်ဝင်စားပြီး သဘောကျသည့် အရာများကိုသာ ဝယ်ယူခဲ့သည်။ သေချာပေါက်ပင်။ သူ့အပြုအမူက လူတချို့ကို မလွှဲမရှောင်သာ စော်ကားမိသလို ဖြစ်သွားသော်ငြား ထိုလူတစ်သိုက်ကတော့ သူတို့ပိုက်ဆံက ကျန်းမုန့်လောင်ထက် ပိုများသည်ဟု ယုံကြည်မှုမရှိမချင်း ဒေါသထွက်နေဟန် မျက်နှာထားဖြင့် ကြည့်နေရုံကလွဲပြီး ဘာမှမပြောရဲကြပါချေ။ မဟုတ်လျှင်လည်း သူတို့ လေလံရှုံးမည်သာ။

သို့သော် ဘေးနားရှိ မာကာဘာကာ၏ မျက်နှာထားကမူ တဖြည်းဖြည်း ပိုမိုလေးနက်တည်ကြည်လာသည်။ သူ့့သခင်အသစ်က ပြဿနာကောင်အစစ်ဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။

"မင်းပုံစံက မစင်စားထားတဲ့အတိုင်းပဲ။ ဘာဖြစ်နေတာလဲ"

ကျန်းမုန့်လောင်က သူ့ကို ကြည့်ပြီး မေးလိုက်၏။

"ဂိုဏ်းချုပ်... ဒီပြပွဲကြီး ပြီးသွားရင် ကျွန်တော်တို့ အပြင်ထွက်ဖို့ အခက်အခဲရှိနိုင်တယ်"

မာကာဘာကာက လေးနက်စွာ ပြောလိုက်လေသည်။ ယခုအချိန်မှာ သူသည် အဆင့်ရှစ်အလယ်အလတ် သက်ရှိအဆင့်သို့ ရောက်နေပြီဆိုသော်ငြား သူ့သက်ရှိအဆင့်က မြန်မြန်ဆန်ဆန် ထိုးတက်သွားသည့်အတွက် သိုင်းပညာစွမ်းရည်က အမီမလိုက်နိုင်သေးပေ။

အကယ်၍ အမှန်တကယ် တိုက်ခိုက်ရမည်ဆိုလျှင် သူ့အနေနှင့် အခြေခံအဆင့်ရှစ် သက်ရှိတစ်ယောက်ထက် နည်းနည်းသာ ပိုသန်မာနိုင်လိမ့်မည်။

အစောက ကျန်းမုန့်လောင် ဒေါသထွက်ပြီး ထွက်သွားအောင် လုပ်လိုက်သည့် လူများမှာ အနည်းဆုံး ဆယ်ယောက်ကျော် ရှိ၏။ ထိုအထဲတွင် အဆင့်ခြောက်သက်ရှိငါးယောက်၊ အဆင့်ခုနစ်သက်ရှိ ငါးယောက်နှင့် အဆင့်ရှစ်သက်ရှိသုံးယောက်အထိ ပါဝင်နေပေသည်။

အကယ်၍ သူတို့သည် လေလံပွဲအပြီးတွင် ကျန်းမုန့်လောင်ကို ဒုက္ခပေးဖို့ ဆုံးဖြတ်ထားမည်ဆိုလျှင် သူတစ်ယောက်တည်းနှင့် ကျန်းမုန့်လောင်၏ လုံခြုံရေးကို အာမခံနိုင်မည် မဟုတ်ချေ။

ဤသည်မှာ ကျန်းမုန့်လောင် ဒေါသထွက်ပြီး ထွက်သွားအောင် လုပ်လိုက်သူများသာ ရှိသေးသည်။ နယ်မြေအေ၏ ဗီအိုင်ပီနေရာမှာပင် ကျန်းမုန့်လောင်၏ ပြတ်သားလှသော လေလံဆွဲမှုများကြောင့် ပစ္စည်းကောင်းကို လက်လွှတ်လိုက်ရသူ ဘယ်နှယောက်ရှိမလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။ ထိုသို့သောလူစားမျိုးက ရန်စရလွယ်သူများ မဟုတ်ပါချေ။

တချို့လူတွေက အဆင့်ခုနစ်သက်ရှိအဆင့်မှာသာ ရှိနေနိုင်သော်လည်း သူတို့၏ နောက်ခံအင်အားက အဆင့်ရှစ်သက်ရှိများကိုပင် အမိန့်ပေးနိုင်လောက်သည့် အနေအထားမျိုး ရှိနေနိုင်သည်။

ကျန်းမုန့်လောင်သာ သည်အတိုင်း ဆက်သွားနေမည်ဆိုပါက နောက်နှစ်ဆိုလျှင် သူ့သင်္ချိုင်းမြေပုံက သူ့ဆံပင်ထက်ပင် ပိုစိမ်းလန်းနေလောက်ပြီ။

"စိတ်အေးအေးထားပါ။ ဒါက ထွေထွေထူးထူးကိစ္စကြီး မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ဆို၏။

"ဟန်လုပ်ပြတာက ရီထျန်းဂိုဏ်းမှာ ပထမဆုံး သင်ယူရမယ့် စွမ်းရည်ပဲ။ သေသေချာချာ ကြည့်ထားပြီး နောက်မှ လိုက်သင်ပေါ့"

"ဒါပေမဲ့ ဂိုဏ်းချုပ်... တကယ်အဆင်ပြေပါ့မလား"

"စိတ်မပူပါနဲ့။ အာလူးပုပ်နဲ့ ခရမ်းချဉ်သီးပုပ်အဆင့်လောက်ပဲ ရှိတာပါ။ သူတို့ ငါ့ကို ပြဿနာမရှာရင်တော့ ပြီးတာပဲ။ တကယ်လို့ ပြဿနာလာရှာရင်တော့ နောက်ဆုံးမှာ သူတို့ပဲ ငိုရလိမ့်မယ်"

...

"၁၇.၈ကွာဒရီလီယံ"

"နောက်ထပ်ရတနာတစ်ခုကို ရရှိသွားတဲ့ မစ္စတာဝမ်ကို ဂုဏ်ပြုပါတယ်"

...

"သူ ပစ္စည်းဘယ်လောက်တောင် ဝယ်ပြီးသွားပြီလဲ"

"မသိဘူးလေ။ ဒါ ၄၇၇ခုမြောက်ပစ္စည်းကို ရောက်နေပြီ။ သူတစ်ယောက်တည်း ဝယ်တာတင် ၃၀၀ကျော်လောက် ရှိနေပြီမလား"

"အကုန်လုံးပေါင်း ဘယ်လောက်တောင် ကုန်သွားပြီလဲ"

"အနည်းဆုံးတော့ အမှောင်ဒင်္ဂါးနှစ်ဆယ်ထရီလီယံကျော်လောက်တော့ ရှိမှာပဲ။ သူ ပိုက်ဆံဘယ်လောက်တောင် ယူလာတာလဲ"

"လေလံပစ္စည်းအများစုကို ပြပွဲမှာတင် တစ်ခါတည်းလွှဲပြောင်းပေးတာလေ။ သူ့ဆီမှာ ရတနာတွေ ဒီလောက်အများကြီးရှိနေတာ။ ခဏနေရင် သူ ဘယ်လို ဘေးကင်းကင်းနဲ့ ထွက်သွားမလဲဆိုတာ သိချင်နေပြီ"

"ဟားဟားဟား... ၁၂ကြိမ်မြောက် လေလံပွဲတုန်းကကိစ္စကို မှတ်မိသေးလား"

"ဟားဟားဟား... မှတ်မိတာပေါ့။ အဆင့်ရှစ်သက်ရှိတစ်ယောက်က သူ့ရဲ့ဥစ္စာဓနကို အားကိုးပြီး ရတနာ၁၇မျိုး ဝယ်ခဲ့တာလေ။ ဒါပေမဲ့ လေလံပွဲအပြင်ဘက် အာကာသထဲရောက်တော့ လူပေါင်းရာချီပြီး ပိတ်ဆို့တာကို ခံလိုက်ရတယ်မလား"

"အေးလေ။ သူ သနားစရာကောင်းလောက်အောင် အသေဆိုးနဲ့ သေသွားခဲ့တာ။ သူ့ပစ္စည်းတွေ အကုန်လုံးကိုလည်း ခွဲဝေယူသွားကြတယ်။ သူ့ကို ကြားဖြတ်တိုက်ခိုက်တဲ့ လူတွေကြားမှာလည်း တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အဆင့်ခြောက်နဲ့အထက် သက်ရှိဆယ်ဂဏန်းလောက် သေဆုံးခဲ့ရတဲ့အပြင် အဆင့်ခုနစ်တွေတောင် တော်တော်များများ သေသွားခဲ့တယ်လို့ ကြားတာပဲ"

"ဒါကလည်း သတင်းကြီးတစ်ပုဒ် ထပ်ဖြစ်ဦးတော့မှာပဲ"

...

"နောက်ထပ်လေလံပစ္စည်းကတော့ အများစုလည်း ဒီပစ္စည်းနဲ့ပတ်သက်တဲ့ ပုံပြင်တွေကို ကြားဖူးကြမယ်လို့ ထင်ပါတယ်"

ရှီလင်နာရှီက ဆွဲဆောင်မှုရှိရှိ ပြောလိုက်လေသည်။

"မသိတဲ့သူတွေတောင်မှ အဲဒါကိုဖန်တီးခဲ့တဲ့ ဇူဒါ မျိုးနွယ်စုအကြောင်းကိုတော့ ကြားဖူးကြပါလိမ့်မယ်"

ထိုအချိန်တွင်မူ ပွဲခင်းထဲတွင် ရှိနေသူဖြစ်စေ၊ တိုက်ရိုက်ထုတ်လွှင့်မှုကတစ်ဆင့် လေလံပွဲကို ကြည့်နေသူများပင်ဖြစ်စေ အားလုံး သက်ပြင်းချလိုက်ကြသည်။

စကြဝဠာမျိုးနွယ်စုများတွင် ပညာရေးက မရှိမဖြစ်လိုအပ်သော ကဏ္ဍတစ်ခုပင်။ စကြဝဠာမဟာမိတ်အဖွဲ့၏ တရားဝင်သင်ရိုးညွှန်းတမ်းမှာ ပါဝင်သည့် အရာမှန်သမျှ မျိုးနွယ်စုတစ်ခုပင်ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးပင်ဖြစ်စေ ယုံမှားသံသယဖြစ်စရာမလိုအောင် ထူးခြားပြောင်မြောက်လွန်းလှသည်။

ဇူဒါမျိုးနွယ်စုက ရူပဗေဒ၊ ဓာတုဗေဒ၊ သဘာဝပတ်ဝန်းကျင်သိပ္ပံမှ ဘောဂဗေဒအထိ ဘာသာရပ်အားလုံးနီးပါး၏ ပြဋ္ဌာန်းစာအုပ်များတွင် ပါဝင်ပေသည်။ သူတို့သည် မရေမတွက်နိုင်သော ကြီးမြတ်သူများကို မွေးထုတ်ပေးခဲ့ပြီး လက်ရှိစကြဝဠာ မျိုးနွယ်စုများ၏ နည်းပညာဆိုင်ရာ မူဘောင်တချို့ကို တည်ထောင်ခဲ့သူများလည်း ဖြစ်၏။

ဥပမာအနေနှင့်ဆိုရလျှင် ယခု စကြဝဠာမဟာမိတ်အဖွဲ့တစ်ဝန်းမှာ လွှမ်းခြုံထားသော ကွမ်တမ်သတင်းအချက်အလက်ကွန်ရက်ကို ဇူဒါမျိုးနွယ်စုက တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် ဉာဏ်ကြီးရှင်တစ်ယောက်က မျိုးစေ့ချထားပေးခဲ့ခြင်းပင်။

မည်သူ့အတွက်မဆို ဤနာမည်က ဟိုးလေးတကျော်ကျော် ရေပန်းစားပြီး သမိုင်းတစ်လျှောက် အင်အားအကြီးဆုံး မျိုးနွယ်စုအဖြစ် မကြာခဏ ခေါ်ဆိုသတ်မှတ်ခံရသည်။ အားလုံးထက် သာလွန်ပြီး နတ်ဘုရားမျိုးနွယ်စုနဲ့ အနီးစပ်ဆုံး အဆင့်မြင့်မျိုးနွယ်စုကြီးအဖြစ်ပင် လေးစားကြည်ညိုခံရသည်။

သို့သော် သူတို့၏ပျောက်ကွယ်မှုနှင့်ပတ်သက်ပြီး စကြဝဠာမဟာမိတ်အဖွဲကတော့ နှုတ်ဆိတ်နေဆဲပင်။ အတွင်းရေးကို သိသူများသာ အမှန်တရားကို သိပေလိမ့်မည်။ ကျန်လူများကမူ ခန့်မှန်းရုံသာ ခန့်မှန်းနိုင်သော်ငြား အတင်းမပြောရဲကြပေ။

ဇူဒါမျိုးနွယ်စုရှိ ပစ္စည်းများမှာ ဤလေလံပွဲတစ်ခုလုံး၏ အထင်ကရအရာများပင်။

"ဒီနေ့ ကျွန်မတို့ ဇူဒါမျိုးနွယ်စုက စစ်ယာဉ်တန်းတစ်ခုကို လေလံတင်မှာဖြစ်ပါတယ်"

ရှီလင်နာရှီက ကြေညာလိုက်လေသည်။

စကြဝဠာထဲက မြေအောက်လေလံပွဲတစ်ခု ဖြစ်သည့်အတွက် ဘာကိုမှ ထိန်းချုပ်ထားစရာ မလိုပေ။ အထူးသဖြင့် သူတို့က စကြဝဠာမဟာမိတ်အဖွဲ့နှင့် အမြဲဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ရှီလင်နာရှီအနေနှင့် ကြောက်စရာဘာမှမရှိပေ။

"ဒီစစ်ယာဉ်တန်းအကြောင်း မိတ်ဆက်ရမယ်ဆိုရင် ရက်ပေါင်းများစွာ ကြာနိုင်ပေမဲ့ သူ့အောင်မြင်မှုတွေကိုတော့ စာကြောင်းတစ်ကြောင်းတည်းနဲ့ အကျဉ်းချုပ်လို့ ရပါတယ်"

ရှီလင်နာရှီက ဆက်ပြောလိုက်၏။

"ဒီစစ်ယာဉ်တန်းမှာ စစ်သင်္ဘောအစင်းရေ တစ်သောင်းတည်း ပါရှိပြီး စံသတ်မှတ်ချက်စစ်ယာဉ်စတန်းငါးခုတောင် မပြည့်ပေမဲ့ တစ်ချိန်တုန်းက အဆင့်ငါးအထွတ်အထိပ် စကြဝဠာမျိုးနွယ်စုအဆင့်ရှိတဲ့ စစ်သင်္ဘောသန်း၅၀၀ကို အနိုင်ယူနိုင်ခဲ့ပါတယ်"

"အဲဒီတိုက်ပွဲမှာ ဒီစစ်ယာဉ်တန်းထဲက တစ်စင်းမှ အဆုံးရှုံးမရှိဘဲ ပြန်လာနိုင်ခဲ့ပေမဲ့ စစ်ယာဉ်တန်းသန်း၅၀၀ထဲက ၁.၂၈သန်းကတော့ လုံးဝပြာကျသွားခဲ့ပြီး တိုက်ပွဲပျက်စီးဆုံးရှုံးမှုက စစ်သင်္ဘော ၃၀၀၀၀၀ထက် ကျော်လွန်ခဲ့ပါတယ်"

"ဘုရားရေ... တစ်စင်းတည်းနဲ့ အစင်းတစ်သန်းကို ရင်ဆိုင်ခဲ့တာလား"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"နတ်ဘုရားအဆင့်မျိုးနွယ်စုလို့ ခေါ်ဆိုခံရတာလည်း မဆန်းပါဘူး"

...

"အဲဒီစစ်ယာဉ်တန်းက ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ပြီးတဲ့နောက် စွမ်းအင်တွေကုန်ခမ်းပြီး လက်ရှိရောင်းချသူရဲ့ ဖမ်းဆီးခြင်းကို မခံရခင်အချိန်အထိ သူတို့ရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ စကြဝဠာရဲ့အစွန်အဖျားမှာ လှည့်လည်သွားလာခဲ့ကြပါတယ်။ သူတို့ကိုမောင်းနှင်ဖို့ အဆင့်ခြောက် စွမ်းအင် ကျောက်မျက်ကို လိုအပ်ပါတယ်။ ကျောက်မျက်တစ်ခုက စစ်သင်္ဘောတစ်စင်းကို စကြဝဠာနှစ်တစ်နှစ်စာ စွမ်းအင်ထောက်ပံ့ပေးနိုင်ပါတယ်"

"မောင်းနှင်ဖို့အတွက် အဆင့်ခြောက်ကျောက်မျက် လိုအပ်တယ်တဲ့လား။ တစ်ခုတည်းနဲ့တင် အဆင့်ငါးမျိုးနွယ်စုတစ်ခုရဲ့ တစ်နှစ်စာစွမ်းအင်သုံးစွဲမှုကို ထိန်းထားနိုင်တယ်လေ"

"အံ့ဩစရာကောင်းနေတာလည်း မဆန်းပါဘူး။ ကိုယ်ပိုင်အသိဉာဏ်တောင် ရှိနေတာလေ။ ဒါက ငါ့ဦးနှောက်နဲ့တောင် စဉ်းစားလို့မမီနိုင်ဘူး"

"ဒီစစ်ယာဉ်တန်းကို ပိုင်ဆိုင်ထားမယ်ဆိုရင် အင်အားအကြီးမားဆုံး စစ်ရေးအင်အားကို ပိုင်ဆိုင်တာနဲ့ အတူတူပါပဲ"

ရှီလင်နာရှီက ကြေညာလိုက်လေတော့သည်။

"ဇူဒါစစ်ယာဉ်တန်းရဲ့ လေလံကြမ်းခင်းဈေးကတော့ အမှောင်ဒင်္ဂါး ၁ထရီလီယံပါ"

"၁ထရီလီယံလား"

"သောက်ကျိုးနည်း... ဘယ်သူက အဲဒါကို ဝယ်နိုင်မှာလဲ"

"ထားလိုက်ပါတော့။ ဒါက ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး"

"အဆင့်ရှစ်နဲ့အထက် အဓိကလေလံရှင်တွေပဲ ဒါကို လေလံဝင်ဆွဲနိုင်မှာ မဟုတ်လား"

"အဲဒီရီထျန်းဂိုဏ်းက ဝမ်စီခုန်းက ပြဿနာထပ်မရှာလောက်ပါဘူးနော်။ သူ ခုနကတင် လူအများကြီးကို စော်ကားထားတာ။ ပြဿနာထပ်ရှာဖို့ဆိုတာ နောက်စရာမှမဟုတ်တာ"

"ဟုတ်တယ်။ အဲဒီအချိန်ကျရင် ဘယ်သူမှ သူ့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

...

"လေလံဆွဲခြင်းကို စတင်နိုင်ပါပြီ"

"နောက်ဆုံးတော့ ရောက်လာပြီပဲ"

ကျန်းမုန့်လောင်က သူလက်နှစ်ဖက်ကို စိတ်အားထက်သန်စွာ ပွတ်သပ်လိုက်သည်။

"ဂါနေး... မင်းရဲ့ သတင်းအချက်အလက်က ကွက်တိပဲကွ"

"ဂိုဏ်းချုပ်က စစ်ယာဉ်တန်းကိုဝယ်ဖို့ စီစဉ်နေတာလား"

"သေချာတာပေါ့"

ကျန်းမုန့်လောင်က ပြန်ဖြေလေသည်။

"ဒီလောက်ကောင်းတဲ့အရာကို ငါ မပိုင်ဆိုင်ရရင် နှမြောစရာကြီး"

ကျန်းမုန့်လောင်သည် လေလံဆွဲသည့်စနစ်ကို ဖွင့်လိုက်ပြီးနောက် သုညအများကြီးပါသော စာတန်းရှည်ကြီးတစ်ခုကို ရိုက်ထည့်လိုက်၏။

"ငါ အမှောင်ဒင်္ဂါး၁ထရီလီယံ ပေးမယ်"

ကျန်းမုန့်လောင်က အသံစနစ်ကိုပါ တစ်ပြိုင်နက်တည်း ဖွင့်လိုက်သည်။

"ငါ ဒီပစ္စည်းကို လိုချင်တယ်။ အားလုံးပဲ ဝမ်စီခုန်းရဲ့မျက်နှာကို ထောက်ထားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ကို အကြံပေးချင်တာကတော့ မိုက်ရူးရဲမဆန်ကြပါနဲ့"

"ဟားဟားဟား... သူ့မှာ ပိုက်ဆံပြတ်သွားပြီထင်တယ်။ အမှောင်ဒင်္ဂါး ၁ထရီလီယံတည်းနဲ့ ဈေးခေါ်နေတယ်"

"ဒီလိုမျိုးသုံးဖြုန်းနေမှတော့ အခုထိ ပိုက်ဆံကျန်နေသေးတာကပဲ အထင်ကြီးစရာကောင်းနေပြီ"

"သူ့လိုလူမျိုးက ဒီလိုပစ္စည်းတွေနဲ့ ဘယ်ထိုက်တန်မှာလဲ"

"၁.၂ထရီလီယံ'

"၁.၃ထရီလီယံ"

"လူအိုကြီး... ခင်ဗျား တော်တော်လေး စုဆောင်းထားနိုင်သားပဲ။ ၁.၅ထရီလီယံ"

"ငါ့ကိုပြောနေတာလား။ မင်းက ဇူဒါစစ်ယာဉ်တန်းအတွက် သီးသန့်ရောက်လာပုံပဲ။ ၁.၇ထရီလီယံဟေ့"

လေလံကြေးက တဖြည်းဖြည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ၃.၂၅ထရီလီယံအထိ မြင့်တက်သွားပြီး ယခင်က ကြေးအမြင့်ဆုံး လေလံပစ္စည်းဈေးနှုန်း၏ ဆယ်ဆနီးပါးအထိ ရောက်လာချိိန်တွင်မူ လေလံဆွဲသည့် အရှိန်က နှေးကွေးသွားပါတော့သည်။

"သူ တကယ်ပိုက်ဆံပြတ်သွားပြီထင်တယ်"

"ဟုတ်တယ်။ သူ လေလံကြေးမတိုးတာ တော်တော်ကြာသွားပြီ"

"ဝမ်စီခုန်းမပါတော့ လေလံပွဲက ရုတ်တရက်ကြီး သိပ်စိတ်လှုပ်ရှားစရာ မကောင်းတော့သလိုပဲ"

"အားလုံး ပြီးပြီလား"

ကျန်းမုန့်လောင်က အခန်းတစ်ခုလုံးကို အကဲခတ်ကြည့်လိုက်သည်။

ဤစကားတစ်ခွန်းက လူတိုင်း၏ ရင်ထဲဝယ် မကောင်းသော နိမိတ်တစ်ခုကို ခံစားသွားရစေသည်။

"ငါတော့ နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးတော့မယ်။ မင်းတို့ သဘောကျသာ လေလံဆွဲကြတော့။ ငါ ဆယ်ဆပိုပေးတယ်။ ၃၀ထရီလီယံ"

*********************

အခန်း ၈၉၃ - ဒါကို လေလံဆွဲရဲတဲ့လူ ဘယ်သူမဆို ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားရမှာ မဟုတ်ဘူး

"၃၀ထရီလီယံ ဟုတ်လား။ ငါတို့က ဒီပွဲကို ဘယ်လိုဆက်ကစားရမှာလဲ"

"သူက လေလုံးထွားနေတာများလား။ နောက်မှ ပိုက်ဆံမရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲ"

"ငတုံး.. ဒီလေလံပွဲမှာ လေလံဆွဲတိုင်း မင်းရဲ့အကောင့်လက်ကျန်ငွေကို သူတို့က စစ်ဆေးတယ်။ တစ်နည်းအားဖြင့်ပြောရရင် မင်းက ဒီလေလံကြေးကို ဖန်သားပြင်ပေါ်မှာ ရိုက်ထည့်နိုင်ပြီဆိုတာနဲ့ မင်းရဲ့အမှောင်ဒင်္ဂါးအကောင့်ထဲမှာ အဲဒီပိုက်ဆံပမာဏရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"

"သူ့ကို ဘယ်သူကယှဉ်နိုင်မှာလဲ။ အမှောင်ဒင်္ဂါး၃၀ထရီလီယံတဲ့လား။ ဒီမှာရှိတဲ့ လူတွေအားလုံးရဲ့ အမှောင်ဒင်္ဂါးတွေ အကုန်ပေါင်းရင်တောင် အဲဒီနားကပ်နိုင်ပါ့မလား"

...

"အားလုံးပဲ ဆောရီးပါ။ ဒါပေမဲ့ ဒီစစ်ယာဉ်တန်းကို ကျုပ် ရမှဖြစ်မယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"တစ်ယောက်ယောက်က ပိုမြင့်တဲ့ဈေးပေးနိုင်မယ်ဆိုရင်လည်း ကျုပ်ဘက်က ထပ်သုံးရမှာကို ဝန်လေးနေမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ဆီမှာ ကျုပ်ထက် ပိုက်ဆံပိုမရှိတာတော့ သေချာနေတာပဲလေ"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က ရေတစ်ငုံကို ကျေနပ်အားရစွာ သောက်လိုက်သည်။

ဂါနေးသည် ကျန်းမုန့်လောင်တစ်ယောက် အမှောင်ဒင်္ဂါး ဘယ်လောက်ရထားလဲဆိုသည်ကို အတိအကျ သိထားသော်လည်း မာကာဘာကာကတော့ ဘာမှမသိရှာသဖြင့် မျက်လုံးအစုံက မီးသီးများနှယ် ပြူးကျယ်နေချေသည်။

အမှောင်ဒင်္ဂါး၃၀ထရီလီယံတဲ့လား။ ဘယ်သူက အဲဒါကို ရင်ဆိုင်နိုင်မှာလဲ။

"ငါတို့ လေလံဆက်ဆွဲကြဦးမလား အဘိုးကြီး"

ဇူဒါစစ်ယာဉ်တန်းကို လိုချင်နေကြသည့် အဘိုးကြီးတချို့ အချင်းချင်း တိုင်ပင်လိုက်ကြသည်။

"လေလံဆွဲရမှာလားတဲ့။ ငါ့ဖင်ကိုလာဆွဲလေ။ အမှောင်ဒင်္ဂါး၃၀ထရီလီယံကို မင်းထုတ်ပေးနိုင်လို့လား။ ငါ့မျိုးနွယ်စုတစ်ခုလုံးကို ပြောင်သလင်းခါအောင် ရောင်းလိုက်ရင်တောင် ၃ထရီလီယံတောင်ပြည့်အောင်စုနိုင်မှာ မဟုတ်ဘူး"

"ငါ့ကိုလာမမေးနဲ့။ ငါ့ရဲ့ နောက်ဆုံးလေလံကြေးကတင် ငါ့နောက်ဆုံးအကန့်အသတ်ဖြစ်နေပြီ"

"ဒီစကြဝဠာထဲမှာ အမှောင်ဒင်္ဂါး၃၀ထရီလီယံထုတ်နိုင်တဲ့လူ ရှိမရှိသွားစုံစမ်းကြည့်လိုက်။ တကယ်လို့ ရှိတယ်ဆိုရင် ငါ သူ့ကို ချက်ချင်း 'အဖေ'လို့ ခေါ်ပြမယ်"

"ဒီလေလံပွဲက တော်တော်အဓိပ္ပာယ်မဲ့လွန်းတယ်"

...

သူတို့လည်း ဤစစ်ယာဉ်တန်းကို တကယ် လိုချင်ကြသည်။ လေလံဆက်ဆွဲချင်သော်ငြား မတတ်နိုင်ပေ။ သူတို့ကိုယ်သူတို့ ရောင်းစားလိုက်လျှင်ပင် အမှောင်ဒင်္ဂါး၃၀ထရီလီယံ တန်ပါ့မလား။

"ကဲ... နောက်တစ်ကြိမ် ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့တဲ့ မစ္စတာဝမ်စီခုန်းကို ဂုဏ်ပြုပါတယ်"

ရှီလင်နာရှီခမျာ ယနေ့ အလွန်တရာ အံ့အားသင့်ခဲ့ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ငွေကြေးအင်အားမျိုးကို ပိုင်ဆိုင်ထားသူတစ်ယောက် ဤလောကမှာ တကယ်ရှိနေလိမ့်မည်ဟု သူ(မ) မယုံကြည်နိုင်အောင် ဖြစ်နေပေသည်။

ရီထျန်းဂိုဏ်းက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ။

"သူက အရင်တစ်ခေါက် လီကျားချီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ရခဲ့တဲ့ ပိုက်ဆံတွေအကုန်လုံးကို ယူလာတာများလား"

လူတိုင်းက ရုတ်တရက်ဆိုသလို ဤအကြောင်းကို တွေးမိသွားကြသည်။

ထိုတိုက်ရိုက်ထုတ်လွှင့်မှု တစ်ပွဲတည်းမှာတင် လီကျားချီ၏ စုစုပေါင်းရောင်းရငွေက အမှောင်ဒင်္ဂါးတစ်ရာထရီလီယံကို ကျော်လွန်သွားခဲ့ပြီး သမိုင်းမှာ ယခင်က မရှိခဲ့ဖူးသော စံချိန်သစ်တစ်ခု ဖြစ်သည်ဟု ဆိုကြ၏။

အကယ်၍ သူသာ ထိုပိုက်ဆံအားလုံးကို ယူလာခဲ့သည်ဆိုလျှင် ဝမ်စီခုန်း၏ လုပ်ရပ်များက အံ့ဩစရာတော့ မဟုတ်ပေ။ အမှောင်ဒင်္ဂါးတစ်ရာထရီလီယံကျော်ဆိုမှတော့ တခြားသူတွေက ဘယ်လိုလုပ် ယှဉ်နိုင်တော့မှာလဲ။

"ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို အနိုင်ပေးခဲ့ကြတဲ့လူအားလုံးကို ကျေးဇူးတင်ပါတယ်"

ထိုစစ်ယာဉ်တန်းကို အပိုင်ရလိုက်သည့်အတွက် ကျန်းမုန့်လောင်မှာ စိတ်ခံစားချက် အလွန်ကောင်းနေပေသည်။

"နောက်လာမယ့် ပစ္စည်းတွေကိုတော့ ကျုပ် ဝင်မလုတော့ပါဘူး။ ဒါကြောင့် အားလုံးပဲ လွတ်လွတ်လပ်လပ် လေလံဆွဲနိုင်ပါတယ်"

"သူ လေလံဆက်မဆွဲတော့ဘူးလား"

"ကောင်းတာပေါ့။ နောက်ဆုံးတော့ ငါတို့ ပျော်ပျော်ပါးပါး လေလံဆွဲလို့ရပြီ"

"ဝူးဟူး... ပစ္စည်းတွေရဲ့ သုံးပုံတစ်ပုံပဲ ရောင်းရသေးတာ။ အခုတော့ ငါတို့ ပစ္စည်းကောင်းတချို့ ရနိုင်မှာ သေချာသွားပြီ"

...

"လူကြီးမင်း... ဒါက ဒီစစ်ယာဉ်တန်းရဲ့ ထိန်းချုပ်စက်ပါ"

ဝန်ထမ်းတစ်ယောက်က စက်လုံးပုံစံ အရာဝတ္ထုတစ်ခုကို ကျန်းမုန့်လောင်ဆီသို့ လှမ်းပေးလိုက်၏။

ကျန်းမုန့်လောင် ထိုစက်လုံးလေးကို ထိလိုက်သည်နှင့် ပုံပြင်များထဲကအတိုင်း စစ်ယာဉ်တန်းနှင့် သိမ်မွေ့သော ဆက်သွယ်မှုတစ်ခုကို တည်ဆောက်မိသွားသည်။ ဤစစ်ယာဉ်တန်းမှာ အသက်ရှင်နေသလိုပင်။

"အံ့ဩဖို့ကောင်းလိုက်တာ"

ကျန်းမုန့်လောင်သည် သူ့အသိစိတ်က သတ္တုတုံးတစ်ခုနှင့် ဆက်သွယ်နိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ချေ။

"ကျောင်းအုပ်ကြီး... အဲဒါက ဘာများဆန်းနေလို့လဲ။ အဆင့်မြင့်မှော်ကမ္ဘာတွေမှာဆိုရင် လက်နက်တွေက ကိုယ်ပိုင်အသိဉာဏ် ဒါမှမဟုတ် တကယ့်သက်ရှိတွေဖြစ်တဲ့ လက်နက်ဝိညာဉ်တွေတောင် ဖြစ်တည်လာနိုင်တယ်။ ကျောင်းအုပ်ကြီး စစ်ယာဉ်တန်းရဲ့အသိဉာဏ်က အလွန်ဆုံးရှိလှ ဖန်တီးထားတဲ့အရာယေ အပေါ်ယံအဆင့်လောက်ပဲ ရှိတာပါ"

ကောထန်က ပြောလိုက်လေသည်။

"ဟုတ်တယ်"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်၏။

"ဒီအရာကို ဘယ်လိုဖန်တီးထားတယ်လို့ မင်းထင်လဲ"

"ဥပမာတစ်ခု ပြောပြပါ့မယ်"

ကောထန်က ဆို၏။

"ဒီကမ္ဘာရဲ့ခွက်က အဆုံးမဲ့ဟင်းလင်းပြင်ကြီးပါ။ ခင်ဗျားရဲ့စကြဝဠာကတော့ ဥတစ်လုံးလောက်ပါပဲ။ တခြားအပြိုင်ကမ္ဘာတွေကလည်း ဒီခွက်ထဲက ဥတွေပါပဲ။ ကျောင်းအုပ်ကြီး သဘောပေါက်ပြီလား"

"နည်းနည်းတော့ နားလည်ရခက်ပေမဲ့ ငါ သဘောပေါက်သလိုလိုတော့ ရှိတယ်"

"ဒြပ်ထုတည်မြဲမှုနိယာမအရ ဘယ်အရာမှ လေထဲကနေ အလိုလိုဖြစ်ပေါ်မလာပါဘူး။ ဒါကြောင့် အပြိုင်စကြဝဠာတွေကို ထိန်းသိမ်းထားတဲ့ ဒီဟင်းလင်းပြင်ကြီးထဲမှာ အမျိုးမျိုးသော ဒြပ်ပစ္စည်းတွေနဲ့ ပြည့်နှက်နေတယ်။ တချို့က အသက်ရှင်တယ်။ တချို့က အသိဉာဏ်ရှိတယ်။ တချို့ကတော့ ဘာမှမရှိဘူး။ ကျောင်းအုပ်ကြီးရဲ့စကြဝဠာ မွေးဖွားလာချိန်မှာ အထူးဒြပ်ပစ္စည်းတချို့က အဲဒီထဲကို ရောနှောပါဝင်သွားခဲ့တာပါ"

"ဒါဆိုရင် ဒီစစ်ယာဉ်တန်းကို တည်ဆောက်ရာမှာ သုံးတဲ့ပစ္စည်းတွေက အဆင့်မြင့်ကမ္ဘာတွေမှာ လက်နက်ဝိညာဉ်ပါတဲ့ လက်နက်တွေဖန်တီးတဲ့ နေရာမှာသုံးတဲ့ ပစ္စည်းတွေနဲ့ ဆင်တူနိုင်တာပေါ့"

"အဲဒီလိုပြောလို့ရပါတယ်။ ဒါပေမဲ့ ကျောင်းအုပ်ကြီးရဲ့စကြဝဠာက တော်တော်ခေါင်ပါးတဲ့ ဒေသမှာ မွေးဖွားလာတာ သိသာတယ်။ ဒါကြောင့် စကြဝဠာအရင်းအမြစ်တွေက ရှားပါးတယ်။ ဒီစစ်ယာဉ်တန်းက အဲဒီလိုပစ္စည်းတွေအကုန်လုံးကို သုံးပစ်လိုက်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် ပြိုင်ဘက်ကင်းစစ်ယာဉ်တန်းဖြစ်လာတာပေါ့"

"အဲ့လိုကိုး။ ဒါဆိုရင် ဒါက တော်တော်တန်ဖိုးကြီးတဲ့ ရတနာပဲ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ငါ့ရဲ့တခြားဘိုးဘေးတွေနဲ့သာ ဆက်သွယ်လို့ရရင် သူတို့ကို ထပ်ပို့ခိုင်းလိုက်ဦးမယ်။ သင်္ဘောအစင်း တစ်သန်းလောက် ဖန်တီးလိုက်ရင် ဘယ်သူမှတားနိုင်မှာ မဟုတ်တော့ဘူး"

"သူတို့ ဆာလောင်နေလို့ စွမ်းအင်လိုအပ်နေတယ်လို့ ငါ့ကို ပြောနေသလိုပဲ"

ကျန်းမုန့်လောင်က ဤသတင်းအချက်အလက်ကို ပေးပို့နေသည့် သိမ်မွေ့သော ဆန္ဒတစ်ခုကို ဝိုးတဝါး ခံစားလိုက်ရသည်။

"ဒါက ပုံမှန်ပါပဲ"

ကောထန်က ပြောပြန်သည်။

"အနည်းဆုံး နှစ်ပေါင်းဘီလီယံလောက် ကြာသွားပြီလေ။ အိပ်မောကျနေတဲ့ အနေအထားမှာတောင် အခုအချိန်ဆိုရင် စစ်ယာဉ်တန်းရဲ့ စွမ်းအင်တွေ နည်းပါးနေလောက်ပြီ။ နောင်တစ်ချိန် အဲဒါကို မောင်းနှင်ဖို့ဆိုရင် စွမ်းအင်တော်တော်လေး လိုအပ်ပါလိမ့်မယ်"

"အဆင့်ခြောက် စွမ်းအင်သလင်းကျောက်တစ်လုံးက စစ်သင်္ဘောတစ်စင်းကို ပြင်းထန်တဲ့တိုက်ပွဲမှာ တစ်နှစ်ကြာအောင် ထိန်းထားနိုင်တယ်လို့ ကျွန်တော် တွက်ချက်ထားတယ်။ စွမ်းအင်အသုံးနည်းတဲ့ ဆောင်းခိုစနစ်မှာဆိုရင်တော့ နှစ်သန်းပေါင်းများစွာ ခံနိုင်ပါတယ်။ ကျောင်းအုပ်ကြီးအနေနဲ့ စွမ်းအင်သလင်းကျောက်တချို့ ဝယ်ထားတာ ပိုကောင်းမယ်။ မဟုတ်ရင် စစ်ယာဉ်တန်းက အိမ်တောင် ပြန်လာနိုင်မှာမဟုတ်ဘူး"

"ဒါက လွယ်ပါတယ်"

ကျန်းမုန့်လောင်က စကြဝဠာကုန်သွယ်ရေးဈေးကွက်ကို ဖွင့်ရင်း ပြောလိုက်သည်။ ဤနေရာမှာ လိုချင်တာမှန်သမျှ အားလုံးနီးပါးကို ရှာတွေ့နိုင်သည်။ အဆင့်ခြောက် စွမ်းအင်သလင်းကျောက်သည် ရှားပါးသော်ငြား စကြဝဠာတစ်ခွင်မှာမူ ပေါများဆဲသာ။

"အဆင့်ခြောက် စွမ်းအင်သလင်းကျောက်တွေ"

ကျန်းမုန့်လောင်လည်း အချက်အလက်များကို ရှာဖွေလိုက်သည်။ အရည်အသွေးနှင့် အလေးချိန်အပေါ် မူတည်ပြီး ဈေးအပေါဆုံးက တစ်လုံးကို စကြဝဠာဒင်္ဂါး၂၀၀ဘီလီယံခန့်ရှိပြီး အမြင့်ဆုံး အရည်အသွေးကတော့ ၁၀ထရီလီယံအထိ ရှိနိုင်သည်။

အဆင့်ခြောက် စွမ်းအင်သလင်းကျောက်များကို ရောင်းချသည့် ကုမ္ပဏီများမှာ စကြဝဠာထဲရှိ ထိပ်တန်းသတ္တုတူးဖော်ရေးကုမ္ပဏီများ ဖြစ်ကြသည်။ ရှားပါးသော်ငြား ကုမ္ပဏီတစ်ခုစီတိုင်းမှာ လက်ကျန်အဖြစ် အလုံးရေထောင်ဂဏန်းမှ ရာဂဏန်းအထိ ရှိတတ်ကြသည်။

"ကောထန်.. ရနိုင်သမျှ အဆင့်ခြောက်စွမ်းအင်သလင်းကျောက်တွေအကုန်လုံးကို ဝယ်လိုက်စမ်း"

"ဟုတ်ကဲ့"

ကောထန်က အမြန်အော်ဒါတင်လိုက်သည်။

"ကျောင်းအုပ်ကြီး... အဆင့်ခြောက် စွမ်းအင်သလင်းကျောက် အလုံးရေ ၂၃၁၃၂၆၆လုံး ရှိပါတယ်။ စုစုပေါင်းစကြဝဠာဒင်္ဂါး၃၆သန်းလောက် ကျသင့်ပါ့မယ်"

"အကုန်ဝယ်လိုက်"

ကျန်းမုန့်လောင်က ခမ်းနားသော ဟန်ပန်ဖြင့် ပြောလိုက်၏။ ပုံမှန်အခြေအနေများကို မဆိုထားနှင့်။ အကြီးစား တိုက်ပွဲများတွင်ပင် ဤပမာဏက သူ့ကို နှစ်ရာပေါင်းများစွာအထိ ထောက်ပံ့ပေးထားနိုင်သည်။

.....

"ဘာဖြစ်သွားတာလဲ။ အဆင့်ခြောက်စွမ်းအင်သလင်းကျောက်တွေ ဘာလို့မရှိတော့တာလဲ"

သလင်းကျောက်များကို ဝယ်ယူရန် ကြိုးစားနေသည့် အခြားဖောက်သည်များမှာ ဖန်သားပြင်ကို ဖွင့်လိုက်သောအခါ အလွတ်ကြီးသာ မြင်လိုက်ရသည့်အတွက် အံ့အားသင့်သွားကြသည်။

"ဘာ... အကုန်ရောင်းထွက်သွားပြီလား"

"မနေ့ကတောင် အလုံးရေသန်းနဲ့ချီပြီး ရှိသေးတာ တွေ့လိုက်ပါတယ်။ ဘယ်ကောင်ကများ အဆင့်ခြောက် စွမ်းအင်သလင်းကျောက် သန်းဂဏန်းကို ဝယ်သွားတာလဲ။ ရူးများရူးနေတာလား"

...

"အစ်ကိုကြီး"

စျေးဝယ်ဆိုက်များကို ကြည့်ရင်း အလုပ်များနေသော ကျန်းမုန့်လောင်ကို ဂါနေးက ရုတ်တရက် ဝင်ပြောလိုက်သည်။ စကြဝဠာကုန်သွယ်ရေးဈေးကွက်ထဲမှာ ပစ္စည်းများလွန်းသောကြောင့် ဆက်မကြည့်ဘဲ ရပ်လိုက်ရန်မှာ ခက်ခဲလှပေသည်။

"ငါ့ကို လာမရှုပ်နဲ့"

ကျန်းမုန့်လောင်က နည်းပညာမြင့် အဆင့်ငါးမျိုးနွယ်စု အတွင်းခံဘောင်းဘီတစ်ထည်ကို ကြည့်နေခြင်းပင်။

"အစ်ကိုကြီး... အဲဒါ ကျွန်တော်တို့မျိုးနွယ်စုရဲ့ အထွတ်အမြတ်ကျောက်တုံးဗျ"

"ဘာ... အထွတ်အမြတ်ကျောက်တုံးလား"

ကျန်းမုန့်လောင်က ကုန်သွယ်ရေးဈေးကွက်ထဲက အမြန်ထွက်လိုက်ပြီး ဗဟိုလေလံစင်မြင့်ဆီသို့ စူးစူးစိုက်စိုက် ကြည့်လိုက်ချေသည်။

ရွှေရောင်သွေးကြောများ အနှံ့အပြားပါဝင်နေသော ကျောက်ဖြူတစ်တုံးက ဂါနေးဆီမှာရှိသော အငွေ့အသက်နှင့် ဆင်တူလှသည့် ကြွယ်ဝလှသော သက်စောင့်စွမ်းအင်များကို ထုတ်လွှတ်နေပေသည်။

"အစ်ကိုကြီး... အဲဒါက ကျွန်တော့်ကို ခေါ်နေသလို ခံစားရတယ်"

သူတို့မိုဟာမျိုးနွယ်စုမှာ ကွယ်လွန်သွားသူများကလွဲလျှင် လူနည်းစုလောက်သာ အထွတ်အမြတ်ကျောက်တုံးကို မြင်ဖူးကြသည်။ ဤသည်မှာ ဒဏ္ဍာရီလာ အမွေအနှစ်ပစ္စည်းကို ဂါနေး ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ မြင်ဖူးခြင်းပင်။

"ကျောင်းအုပ်ကြီး... ဒီကျောက်တုံးက ထူးခြားတဲ့အရာတစ်ခုပါ"

ဤသည်မှာ ကောထန်က သူတို့စကြဝဠာထဲရှိ အရာတစ်ခုကို ပထမဆုံးအကြိမ် ချီးကျူးလိုက်ခြင်းပင်။

"ဒါက ဝယ်သင့်တယ်။ အနည်းဆုံးတော့ ကောင်းကင်ဘုံအဆင့် လက်နက်တစ်ခုကို သွန်းလုပ်နိုင်ပါတယ်"

"ကောင်းကင်ဘုံအဆင့် လက်နက်ဆိုတာ ဘာလဲ"

"တိ၊ ရွှမ်၊ ဟွမ် ဆိုတဲ့ အဓိကအဆင့်သုံးခုနဲ့ အသေးစားအဆင့်ကိုးခုက ဒီစကြဝဠာရဲ့အဆင့်ကိုးသိုင်းလက်နက်တွေနဲ့ ခန့်မှန်းခြေအားဖြင့် တူပါတယ်။ ကောင်းကင်ဘုံအဆင့်လက်နက်က အဲဒါထက် ကျော်လွန်နေတယ်ဆိုတော့ စဉ်းစားသာကြည့်လိုက်ပါတော့"

"အရူးအမူးဖြစ်ချင်စရာ မကောင်းဘူးလား"

မည်သို့ပင်ဖြစ်စေ ကျန်းမုန့်လောင်အနေနှင့် ဤအထွတ်အမြတ်ကျောက်တုံးကို အရယူဖို့ ရည်ရွယ်ထားပြီးသားပင်။

"ဒီအထွတ်အမြတ်ကျောက်တုံးနဲ့ ခင်ဗျားတို့ထဲက အများစုကတော့ ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒါကို အစွမ်းအထက်ဆုံး သိုင်းလက်နက်တစ်ခု ဖန်တီးဖို့အတွက် သုံးနိုင်ပါတယ်။ သူ့ရဲ့လေလံကြမ်းခင်းဈေးက အမှောင်ဒင်္ဂါး၁ထရီလီယံပါပဲ"

"အဟမ်း"

ရှီလင်နာရှီ၏ စကားအဆုံးမှာပင် ကျန်းမုန့်လောင်က ဝင်ပြောလိုက်၏။

"ဒီအထွတ်အမြတ်ကျောက်တုံးက ငါတို့ရီထျန်းဂိုဏ်းရဲ့ အပိုင်ပဲ။ ဒါကို လေလံဆွဲရဲတဲ့လူမှန်သမျှ ဒီမြေအောက်စကြဝဠာပြပွဲကနေ ထွက်သွားလို့မရအောင် လုပ်ပြမယ်"

**************************

အခန်း ၈၉၄ - သူ့ကိစ္စတွေကို ငါဝင်စွက်ဖက်လို့မရဘူး

"ဒါက ဘာသဘောလဲ"

"သူက ဒီပစ္စည်းကို သဘောကျသွားတာလား။ သေစမ်း... ဒါဆို ငါတို့တော့ ကံဆိုးပြန်ပြီ"

"သူ့ဆီမှာ အမှောင်ဒင်္ဂါးဘီလီယံဆယ်ဂဏန်းလောက် အနည်းဆုံးရှိနေမှာပဲ။ သူ့ကို ဘယ်သူက ယှဉ်နိုင်မှာလဲ"

လူတိုင်းက ကျန်းမုန့်လောင်၏ အဓိပ္ပာယ်ကို နားလည်မှုလွဲနေဟန်တူပြီး သူ့အနေနှင့် ပိုက်ဆံသုံး၍ သူတို့၏ လေလံဆွဲချင်စိတ်ကို တစ်ဖန်စွန့်လွှတ်သွားအောင် လုပ်ချင်နေသည်ဟု ထင်နေကြသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့၏အထင်အမြင်ကား တက်တက်စင်အောင် လွဲသွားပေသည်။ ကျန်းမုန့်လောင်မှာ ဤအထွတ်အမြတ်ကျောက်တုံးကို ရဖို့အတွက် ပိုက်ဆံတစ်ပြားမှ အကုန်ခံရန် စိတ်ကူးမရှိပေ။ ကိုယ့်ပစ္စည်းကိုယ် ပြန်ရဖို့အတွက် ပိုက်ဆံပေးရသည်ဟုများ ကြားဖူးလေသလား။

"အားလုံးက ကျုပ်ရဲ့ဆိုလိုရင်းကို နားလည်မှုလွဲနေပုံပဲ"

ကျန်းမုန့်လောင်က အလေးပေး၍ ပြောလိုက်ပြန်သည်။

"ကျုပ်က ဒါကို လေလံဆွဲဖို့ ရည်ရွယ်ထားတာမဟုတ်ဘူး။ ပြီးတော့ ဘယ်သူ့ကိုမှလည်း လေလံဆွဲခွင့်ပေးမှာမဟုတ်ဘူး။ ကျုပ်ဘာပြောတာလဲဆိုတာ နားလည်ကြရဲ့လား"

စင်ပေါ်ရှိ ရှီလင်နာရှီ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်ကား ရှင်းလင်းလှသည်။ သူသည် အထွတ်အမြတ်ကျောက်တုံးကို အတင်းအဓမ္မလုယူရန် စီစဉ်နေခြင်းပင်။

သူ ရူးများရူးနေတာလား။

ဤလေလံပွဲ၏ ပိုင်ရှင်မှာ အာရီယာဟူသည့် အမျိုးသမီးဖြစ်ပြီး ပွဲမစတင်ကတည်းက လေလံပွဲ၏ ပုံမှန်လုပ်ငန်းစဉ်များကို မည်သူမှ ဝင်ရောက်နှောင့်ယှက်ခြင်းမပြုရန်နှင့် အကယ်၍ ပြုလုပ်ခဲ့ပါက ဆိုးဝါးသော အကျိုးဆက်များကို ခံစားရမည်ဖြစ်ကြောင်း လူတိုင်းကို သတိပေးထားပြီးဖြစ်၏။

ကျန်းမုန့်လောင်၏ အပြုအမူက အာရီယာ၏ ဩဇာအာဏာကို စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ယုံမှားဖွယ်မရှိပေ။ ထိုသို့လုပ်ခဲ့သည့် နောက်ဆုံးလူဆိုလျှင် ယခုအချိန် သူ့သင်္ချိုင်းပေါ်တွင် မြက်ပင်များ ပေါက်နေသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နေလောက်ပြီဖြစ်၏။

"နယ်မြေA1က ဧည့်သည်တော်ရှင့်... ရှင် ဘာကိုဆိုလိုချင်တာလဲ။ ရှင်က ဒီလေလံပွဲရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို ဝင်နှောင့်ယှက်ဖို့ ကြိုးစားနေတာလား"

ရှီလင်နာရှီက ကျန်းမုန့်လောင်ကို အလွန်သဘောကျသော်လည်း သူ(မ)၏ ရပ်တည်ချက်နှင့် တာဝန်ဝတ္တရားများအရ ဤကိစ္စကို ဖြေရှင်းရန် တာဝန်ရှိပေသည်။

ထိုအချိန်တွင် လေလံပွဲ၌ စည်းကမ်းထိန်းသိမ်းပေးနေသော အဆင့်ရှစ်သက်ရှိအယောက်နှစ်ဆယ်ကျော်ကလည်း ကျန်းမုန့်လောင်ရှိရာဘက်သို့ ဖိအားပေးသည့်နှယ် ချဉ်းကပ်လာကြသည်။

"မာကာဘာကာ"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်နှင့် မာကာဘာကာကလည်း ကျန်းမုန့်လောင်နှင့် ဂါနေးတို့ကို ကာကွယ်ရန် သူ့စွမ်းအားကို ချက်ချင်း အသုံးပြုလိုက်သည်။ သူ့စွမ်းအားသည် အဆင့်ရှစ်သက်ရှိအယောက်နှစ်ဆယ်ကျော်ကို မယှဉ်နိုင်သော်လည်း သူတို့၏ အရှိန်အဝါဖိအားကို ကာကွယ်တားဆီးရန်မှာမူ ပြဿနာမရှိပေ။

သို့သော် မာကာဘာကာ၏ မျက်နှာအမူအရာက အလွန်တည်ကြည်လေးနက်နေသည်။ ကျန်းမုန့်လောင်သည် ပြဿနာကောင်ဖြစ်ရုံသာမက အစွန်းရောက်လွန်းသည်အထိ မိုက်ရူးရဲဆန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ လေလံပွဲတွင် အခြားသူများအား စိန်ခေါ်ခြင်းကို ခွင့်လွှတ်ပေး၍ ရနိုင်သော်လည်း ယခုမူ ပွဲစီစဉ်သူများကိုပါ စိန်ခေါ်နေသတဲ့လား။

သူ သေချင်နေတာများလား။

သို့သော် သူသည် ဤပင်လယ်ဓားပြသင်္ဘောပေါ်သို့ ရောက်နေပြီဖြစ်ရာ ဆုံးခန်းတိုင်သည်အထိ လိုက်ပါသွားရုံသာ ရှိတော့သည်။

"မစ္စတာဝမ်...ဒါက ရှင့်အတွက် သတိပေးချက်ပါ။ ကျွန်မတို့ရဲ့ လေလံပွဲလုပ်ငန်းစဉ်တွေမှာ ဘယ်လို အနှောင့်အယှက်မျိုးကိုမှ ခွင့်မပြုပါဘူး။ ပြီးတော့ ရှင့်ရဲ့အပြုအမူကို ကြီးလေးတဲ့ ရန်စမှုတစ်ခုအဖြစ် ရှုမြင်ပါတယ်"

"ငါကတော့ အဲ့လိုမထင်ဘူး"

ကျန်းမုန့်လောင်က အသံကို မြှင့်လိုက်သည်။

သူသည် ဧရိယာA1၏ ဒိုင်းကာစက်ကို တက်ကြွစွာ ဖွင့်လိုက်၏။

"ဒီအထွတ်အမြတ်ကျောက်တုံးက မိုဟာမျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှုတစ်ခုဆိုတာ လူတိုင်း သိကြမှာပါနော်။ ငါ့ဘေးမှာ ရပ်နေတာက မိုဟာမျိုးနွယ်ဝင် တစ်ယောက်ပဲ"

"မိုဟာမျိုးနွယ်လား"

"အဲဒါ အသန်မာဆုံး ကျွန်မျိုးနွယ် မဟုတ်ဘူးလား"

"ဒီမျိုးနွယ်ကလာတဲ့ ကျွန်တွေရဲ့ ဈေးနှုန်းက အရမ်းမြင့်တယ်လို့ ငါကြားဖူးတယ်။ မွေးကင်းစကလေးတစ်ယောက်ကိုတောင် အနည်းဆုံး ကြယ်ဒင်္ဂါးတစ်ရာလောက်ပေးပြီး ဝယ်ရတာတဲ့"

"ဒီအထွတ်အမြတ်ကျောက်တုံးကို မိုဟာမျိုးနွယ်စုက လူတွေရဲ့ အသွေးအသားတွေနဲ့ ပုံအောတည်ဆောက်ခဲ့တာ။ ဒါကြောင့် ဒါဟာ သူတို့မျိုးနွယ်စုနဲ့ပဲ သက်ဆိုင်တယ်။ ငါပြောတာ မမှားဘူးမလား"

ကျန်းမုန့်လောင်က မေးခွန်းထုတ်လိုက်သည်။

ဤစကားကို မည်သူကမှ မချေပခဲ့ပေ။ သူတို့မျိုးနွယ်စု၏ ထွက်ကုန်များက သူတို့နှင့်သာ သက်ဆိုင်သည်ဆိုခြင်းမှာ ယုတ္တိရှိပေသည်။

"အခု ငါက ဒီမိုဟာမျိုးနွယ်ဝင် ကလေးကို ငါ့တပည့်အဖြစ် လက်ခံလိုက်ပြီ။ ဒါကြောင့် အခု ငါက သူ့အတွက် မားမားမတ်မတ်ရပ်တည်ပြီး သူ့မျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ယူပေးမလို့။ အဲဒါ ဘာမှမမှားဘူးမဟုတ်လား"

"ဆင်ခြေပေးနေတာပဲ"

"သူတို့က ကျွန်ပြုခံထားရတဲ့ မျိုးနွယ်စုဖြစ်နေပြီလေ။ ကျွန်တွေပိုင်ဆိုင်တဲ့အရာက သခင်ဖြစ်သူနဲ့ပဲ သက်ဆိုင်တာပေါ့"

"ဒါက ငါကြားဖူးသမျှထဲမှာ ရယ်စရာအကောင်းဆုံး ပြက်လုံးပဲ။ စကားနှစ်ခွန်းလောက်ပြောရုံနဲ့ သူက ဒီအထွတ်အမြတ်ကျောက်တုံးကို အလကား ယူသွားခွင့်ရမယ်လို့ ထင်နေတာလား"

"ဟာသပဲ။ ဒီအထွတ်အမြတ်ကျောက်တုံးက အမှောင်ဒင်္ဂါး ငါးထရီလီယံထက်မနည်း တန်ကြေးရှိတာ။ ဒါကို ရောင်းတဲ့သူကလည်း ဒီလိုလုပ်ရပ်ကို လက်ခံမှာမဟုတ်သလို ပွဲစီစဉ်သူတွေကလည်း သူ ဒီလိုလုယူသွားတာကို ထိုင်ကြည့်နေမှာ မဟုတ်ဘူး"

ကျန်းမုန့်လောင်၏ စကားများက ယုတ္တိရှိပုံပေါ်သော်လည်း အခြားရှုထောင့်တစ်ခုမှ ကြည့်လျှင်မူ လုံးဝအဓိပ္ပာယ်မရှိပေ။ စကြဝဠာမဟာမိတ်အဖွဲ့ကတော့ ဤကဲ့သို့သော အကြောင်းပြချက်များကို အသိအမှတ်ပြုကောင်း ပြုနိုင်သော်လည်း စကြဝဠာ၏ ဤအမှောင်ထောင့်လေးတွင်မူ အကျိုးအမြတ်ဟူသောအရာသာ တည်ရှိပြီး ကိုယ်ကျင့်တရားဆိုသည်မှာ မရှိပေ။ ဤနေရာတွင်မူ ထိုကဲ့သို့သော အကြောင်းပြချက်များမှာ ရယ်စရာတစ်ခုသဖွယ် ဖြစ်နေတော့သည်။

"အခု ငါ ဒီအထွတ်အမြတ်ကျောက်တုံးကို ယူသွားတော့မယ်။ ကန့်ကွက်ချင်တဲ့သူ ရှိလား"

ကျန်းမုန့်လောင်၏ လေသံတွင် ငြင်းဆန်၍မရနိုင်သော ဩဇာအာဏာများ ပြည့်နှက်နေသည်။

"သူ့ဆီမှာ အဆင့်ရှစ်အလယ်အလတ်အဆင့်ရှိတဲ့ သက်ရှိသက်တော်စောင့်တစ်ယောက်ပဲ ရှိတာလေ။ သူ့ရဲ့ယုံကြည်မှုတွေက ဘယ်ကရောက်လာတာလဲ"

"မိုဟာမျိုးနွယ်ကို သိမ်းပိုက်ခဲ့တဲ့ မျိုးနွယ်စုရဲ့ သခင်က အဆင့်ရှစ်အထွတ်အထိပ်သက်ရှိလို့ ငါကြားဖူးတယ်။ အခုလည်း သူ ဒီလေလံပွဲရဲ့ စင်နောက်မှာ ရှိနေလောက်တယ်"

"ဟားဟား... သူ ထွက်လာဖို့တောင် မလိုပါဘူး။ ပွဲစီစဉ်တွေက ဒါမျိုးဖြစ်လာဖို့ ခွင့်ပြုမှာမဟုတ်ဘူး"

"သူတော့ သေပြီပဲ"

...

"မစ္စတာဝမ်စီခုန်း... ဒါက ရှင့်အတွက် ကျွန်မတို့ရဲ့ နောက်ဆုံးသတိပေးချက်ပါ။ ကျေးဇူးပြုပြီး လေလံပွဲက ချက်ချင်းထွက်သွားပေးပါ။ မဟုတ်ရင် လေလံပွဲရဲ့ စည်းကမ်းကို ထိန်းသိမ်းဖို့အတွက် ကျွန်မတို့ဘက်က အင်အားသုံးပြီး ဖြေရှင်းရပါလိမ့်မယ်"

"ကောင်းပြီ။ မင်းတို့ရဲ့ သတိပေးချက်ကို ငါ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပါတယ်။ တခြားကိစ္စတွေ ရှိသေးလား။ မရှိရင်တော့ သွားနားလို့ရပြီ။ ငါ မင်းတို့ကို သောက်စရာတစ်ခုခု တိုက်ပါ့မယ်"

ကျန်းမုန့်လောင်က အနီးအနားရှိ ဝန်ထမ်းကို ပြောလိုက်သည်။

"ဒီက အကောင်းဆုံးဝိုင်တစ်ခွက်ကို မိန်းကလေးရှီလင်နာရှီအတွက် သွားပေးလိုက်ပါ"

ရှီလင်နာရှီခမျာ ဒေါသထွက်ရမလား သို့တည်းမဟုတ် အခြားခံစားချက် ရှိရမလားဆိုသည်ကိုပင် မသိတော့ဘဲ သရော်ပြုံးတစ်ချက်သာပြုံးပြီး ဘေးဖယ်ပေးလိုက်သည်။

အဆင့်ရှစ်သက်ရှိအယောက်နှစ်ဆယ်ကလည်း လေလံပွဲကျင်းပရာနေရာ၌ ပေါ်လာသဖြင့် လေလံပွဲထဲတွင် ချက်ချင်းဆိုသလို အနည်းငယ် ကမောက်ကမဖြစ်သွားခဲ့သည်။

"သူ ဘာလုပ်မလို့လဲ"

"သူက စကြဝဠာမြေအောက်ကုန်စည်ပြပွဲတစ်ခုလုံးရဲ့ အာဏာကို စိန်ခေါ်ဖို့ ကြံစည်နေတာလား။ အဲ့ဒီမိန်းမက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သူ မသိဘူးလား"

"ဟားဟား...အဲဒီမိန်းမအကြောင်း မပြောပါနဲ့တော့။ ဒီအခြေအနေကိုတောင် သူ ဖြေရှင်းနိုင်မှာမဟုတ်ဘူး"

"ဟုတ်တယ်။ ဒီအဆင့်ရှစ်သက်ရှိအယောက်နှစ်ဆယ်ထဲမှာ သူ့ဘေးက သက်တော်စောင့်ထက် အားနည်းတဲ့သူ တစ်ယောက်မှမရှိဘူး။ သူတော့ သေချာပေါက် သေတော့မှာပဲ"

"ချချင်တယ်ပေါ့လေ"

ကျန်းမုန့်လောင်က သူတို့ကို လက်ယပ်ခေါ်လိုက်သည်။

"လာလေ"

ထိုအဆင့်ရှစ်သက်ရှိအယောက်နှစ်ဆယ်၏ မျက်နှာထက်တွင်လည်း ဒေါသထွက်နေလေဟန် အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူတို့က အဆင့်လေးသက်ရှိဖြစ်သော သာမန်ကောင်လေးတစ်ယောက်၏ ရန်စခြင်းကို ခံလိုက်ရသည်ဖြစ်ရာ သည်းခံနိုင်စရာ မရှိပေ။

"ဂါနေး... မာကာဘာကာ... ငါ့နောက်ကို လာခဲ့ကြ"

မာကာဘာကာခမျာ ခဏမျှ တုံ့ဆိုင်းသွားသည်။

ဒီစကားကို သူက ပြောရမှာမဟုတ်ဘူးလား။ ကျန်းမုန့်လောင်က သာမန်အဆင့်လေးသက်ရှိလေးလေ။ ရူးများသွားပြီလား။

"ကောထန်... ငါ့ဆီမှာ ခွန်အားအမှတ် ဘယ်လောက်ရှိလဲ"

"ကျောင်းအုပ်ကြီး သင့်ဆီမှာ လက်ရှိ ခွန်အားအမှတ်စုစုပေါင်း ၈၇၂၃၄၁ ရှိပါတယ်"

"သေစမ်း ပွတာပဲ"

ကျန်းမုန့်လောင်မှာ ခွန်အားအမှတ်အများကြီး စုဆောင်းမိထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"တကယ်လို့ ငါက အဆင့်ကိုးသက်ရှိ ဆရာတစ်ယောက်ရဲ့ စွမ်းအားကို ငှားချင်တယ်ဆိုရင် ခွန်အားအမှတ် ဘယ်လောက်ကုန်မလဲ"

"ကျောင်းအုပ်ကြီး...အဆင့်ကိုးသက်ရှိ ဆရာတစ်ယောက်ရဲ့ စွမ်းအားကို ငှားရမ်းတာက တစ်စက္ကန့်ကို ခွန်အားအမှတ်တစ်သောင်း ကုန်ကျပါတယ်။ ဒါပေမဲ့ ဒီလိုပြိုင်ဘက်အဆင့်လောက်ဆိုရင် အဆင့်ရှစ်ပထွတ်အထိပ်သက်ရှိ ဆရာရှောင်ယန် တစ်ယောက်တည်းနဲ့တင် သူတို့ထဲက အယောက် တစ်ရာလောက်ကို ရင်ဆိုင်နိုင်ပါတယ်။ ပိုပြီး အကုန်ခံနေစရာ မလိုပါဘူး"

"ကောင်းပြီလေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဆရာရှောင်ယန်ရဲ့ စွမ်းအားကို အသက်သွင်းလိုက်"

"ခွန်အားအမှတ်ဖြတ်တောက်ခြင်း စတင်ပါပြီ။ အချိန်ကို စတင်မှတ်သားနေပါပြီ"

ကျန်းမုန့်လောင်၏ ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ချက်ချင်းပျံ့နှံ့လာပြီး တောက်လောင်နေသော အင်ပါယာမီးတောက်ကြီးကလည်း သူ့အပေါ်တွင် လောင်ကျွမ်းနေသဖြင့် ထိုအခိုက်အတန့်တွင် သူ့ကို နတ်ဘုရားတစ်ပါးအလား ထင်မှတ်စေသည်။

"ဒီ... ဒီအရှိန်အဝါက သူ... သူက အဆင့်ရှစ်သက်ရှိလား"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ရီထျန်းဂိုဏ်းက လူတွေအကုန်လုံးက မကောင်းဆိုးဝါးတွေချည်းပဲလား"

ကျန်းမုန့်လောင်၏ အနောက်ရှိ မာကာဘာကာ၏ သူငယ်အိမ်များ တုန်ခါသွားသည်။ ကျန်းမုန့်လောင်က သူ့ကို အနောက်မှာ ပုန်းနေခိုင်းတာ အံ့ဩစရာတော့ မဟုတ်ပေ။

သူကိုယ်တိုင်လည်း အဆင့်ရှစ်သက်ရှိတစ်ယောက် ဖြစ်နေသော်လည်း ကျန်းမုန့်လောင်ထံမှ ထွက်ပေါ်လာသည့် စွမ်းအားက သူ့စွမ်းအားထက် အဆပေါင်းများစွာ သာလွန်နေကြောင်း ခံစားလိုက်ရသည်။

သူတို့က သက်ရှိအဆင့်အတူတူပင် ဖြစ်သော်လည်း သူတို့နှစ်ဦးကြားရှိ ကွာဟချက်က ကြီးမားလွန်းလှပြီး အဆင့်ကိုးသက်ရှိများပင် ကျန်းမုန့်လောင်၏ပြိုင်ဘက် ဖြစ်လာနိုင်မည်မဟုတ်ပေ။

"နေဦး"

လေလံပွဲခန်းမတစ်ခုလုံးတွင် အမျိုးသမီးတစ်ယောက်၏အသံ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

"သူ ရောက်လာပြီ။ အာရီယာပေါ့"

"အဲဒီမိန်းမ ထွက်လာတော့မယ်"

"သူ တကယ်လန့်သွားတာပဲ။ရီထျန်းဂိုဏ်းက ဒီကောင်လေးတော့ ကိစ္စတုံးပြီ။ အဆင့်ရှစ်သက်ရှိ ဖြစ်နေတော့ရော ဘာထူးမှာလဲ။ ဒီမှာ အဆင့်ရှစ် သက်ရှိတွေ အများကြီးရှိတယ်။ အာရီယာက အဆင့်ကိုးသက်ရှိလေ"

ကျန်းမုန့်လောင်၏ရှေ့တွင် အာကာသအက်ကွဲကြောင်းတစ်ခု ပွင့်ဟလာပြီး ထိုအမျိုးသမီးက ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်။ သို့သော် ကျန်းမုန့်လောင်ကို ကြည့်နေသော သူ(မ)၏အကြည့်တွင် ဒေါသ သို့မဟုတ် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ လုံးဝမရှိပေ။ တကယ်တမ်းတွင် အလိုလိုက်မှုနှင့် အတိတ်ကို လွမ်းဆွတ်တမ်းတနေခြင်းတို့သာ ရှိနေပေသည်။

"မင်းက သူနဲ့ တစ်ပုံစံတည်းပဲ"

အာရီယာ၏ လက်ချောင်းများက ကျန်းမုန့်လောင်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

"နောက်ဆုတ်ကြစမ်း"

အာရီယာက သူ(မ)၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

"သူ့ကိစ္စတွေကို ငါ ဝင်စွက်ဖက်လို့ မရဘူး"

All Chapters