အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉) ဝမ်ရှန်း အကျဉ်းထောင်ရှိ ရှင်သန်ခြင်းမရဏအကျဉ်းထောင်
"ကျိုးယွမ်... 'ဝမ်ရှန်း' အကျဉ်းထောင်မှာ အခန်းပေါင်း ၉၉၉ ခန်း ရှိတယ်... အခုတော့ အကုန်ပြည့်နေပြီ... ဒါပေမဲ့ ချင့်လင် အစောင့်တပ်က ဒီကို နေ့တိုင်း လူလေးယောက် ပို့တယ်ဆိုတော့ ငါတို့က နေ့တိုင်း အနည်းဆုံး အခန်းလေးခန်း လွတ်အောင် လုပ်ပေးဖို့ လိုတယ်..."
"အကျဉ်းထောင်ထဲမှာ တပ်မှူးနှစ်ယောက်ရှိပြီး တစ်ယောက်က တစ်ဝက်စီ တာဝန်ယူရတယ်... ဒါကြောင့် မင်းက ဝက်သတ်သမားအနေနဲ့ နေ့တိုင်း ဝက်နှစ်ကောင် သတ်ပေးရမယ်..."
"သေချာပေါက် အကယ်၍ ချင့်လင် အစောင့်တပ်က လူပိုပို့လာရင် ငါတို့လည်း ဝက်တွေ ပိုသတ်ရမှာပေါ့..."
"ထပ်ပြောရရင် ငါတို့က တစ်လကို သုံးရက် နားခွင့်ရှိတယ်... အကယ်၍ မင်းနားချင်ရင် မင်းနားမယ့် လေးရက်စာအတွက် အဲ့ဒီနေ့မှာတင် အခန်းရှစ်ခန်း လွတ်အောင် လုပ်ပေးခဲ့ရမယ်..."
ယောင်းရွှီသည် ကျိုးယွမ်နှင့် ယှဉ်လျှောက်လာရင်း 'ဝမ်ရှန်း' အကျဉ်းထောင် အကြောင်း ဖြည်းညင်းစွာ ရှင်းပြနေလေ၏။ ကျိုးယွမ်သည် အကျဉ်းခန်းများကို လိုက်ကြည့်ရင်း သေချာစွာ နားထောင်နေသည်။
ကျိုးယွမ် ဘေးဘီဝဲယာသို့ လိုက်ကြည့်နေသည်ကို မြင်ချိန်တွင် ယောင်းရွှီ ပြုံးကာ ပြောလိုက်သည်။
"ဝမ်ရှန်း အကျဉ်းထောင်က အပေါ်ထပ်နဲ့ အောက်ထပ်ဆိုပြီး နှစ်ပိုင်းခွဲထားတယ်... ဒီအထပ်က အသက်ရှင်နေတဲ့ အကျဉ်းသားတွေအတွက်ပဲ... တစ်ယောက်ယောက်က သူတို့ကို ရွေးထုတ်ဖို့ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ပေးနိုင်သရွေ့ သူတို့ ဒီကနေ ထွက်သွားလို့ရတယ်... ဒါကြောင့် ဒီအထပ်က အကျဉ်းသားတွေရဲ့ စိတ်ဓာတ်က အတော်လေး ကောင်းကြတယ်လေ..."
ယောင်းရွှီ၏ စကားကို ကြားချိန်တွင် ဤလူများသည် သူ့နှင့် ယောင်းရွှီ ကို မြင်ချိန်တွင် အဘယ်ကြောင့် တည်ငြိမ်နေပြီး ကြောက်ရွံ့မှု သို့မဟုတ် စိတ်လှုပ်ရှားမှုများကို မပြသရသနည်းဆိုသည်ကို ကျိုးယွမ် ချက်ချင်း နားလည်သွား၏။
"အစ်ကိုယောင်း... 'ဝမ်ရှန်း' အကျဉ်းထောင်ထဲ ရောက်လာဖို့ဆိုရင် လူတွေက အများအားဖြင့် ဘယ်လို ပြစ်မှုမျိုးတွေ ကျူးလွန်တတ်ကြလဲ..."
ကျိုးယွမ် ပြုံးကာ ယောင်းရွှီအား အကြံဉာဏ် တောင်းလိုက်လေ၏။
ယောင်းရွှီ အပြုံးဖျော့ဖျော့လေး ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
"အကျဉ်းသားတွေ ကျူးလွန်ခဲ့တဲ့ အမှားတွေက သိပ်မကြီးမားပါဘူး... ခိုးမှု၊ မုဒိမ်းမှု၊ ဓားပြမှုနဲ့ မပတ်သက်သင့်တဲ့ သူတွေကို သွားပတ်သက်မိတာ မျိုးတွေပေါ့..."
"အကယ်၍ နောက်တစ်ထပ်က သေဒဏ်ကျ အကျဉ်းသားတွေ ဆိုရင်တော့ သူတို့က အများကြီး ပိုကြီးမားတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ကြတာ... ဥပမာ - အကြောင်းပြချက်မရှိ လူသတ်တာ၊ ချင့်လင် မဟာမိတ်အဖွဲ့ ရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေတာ၊ အခြေခံတည်ဆောက်ခြင်းအဆင့် နဲ့ ရွှေအမြုတေအဆင့် စစ်မှန်သော ကျင့်ကြံသူ တွေကို သွားစော်ကားမိတာ ဒါမှမဟုတ် ပြင်ပရန်သူတွေနဲ့ ပူးပေါင်းကြံစည်တာ မျိုးတွေပေါ့..."
"သေဒဏ်ကျ အကျဉ်းသားတွေကို ဝိညာဉ်ကျောက်တုံးနဲ့ ရွေးထုတ်ခွင့် မရှိဘူး... သူတို့ကို နှိပ်စက်ပြီး သူတို့ဆီကနေ ရနိုင်သမျှ သတင်းအချက်အလက်တွေ အကုန်ယူပြီးသွားရင် သူတို့က ဘာမှ အသုံးမဝင်တော့ဘူးလေ..."
"ဒီလူတွေက မင်း အချိန်မရွေး သတ်လို့ရတဲ့ ဝက်တွေလိုပဲ... အထက်ကလူတွေက ဂရုစိုက်မှာ မဟုတ်ဘူး..."
"ဒါပေမဲ့ ဝက်သတ်တဲ့အခါ မင်း သတိထားရမယ်... တချို့က ဒီလို အသေမခံချင်ကြဘူး... သူတို့က အထူး လျှို့ဝှက်နည်းစနစ်တွေကို ကျင့်ကြံထားပြီး မင်းနဲ့အတူ အသေခံချင်ကြတယ်..."
"ဒါကြောင့် နောင်မှာ မင်း လှုပ်ရှားတဲ့အခါ ညီလေးကျိုးယွမ်... သူတို့ ပြန်တိုက်ခိုက်လာမှာ စိုးလို့ အရမ်း အနီးကပ်မသွားတာ အကောင်းဆုံးပဲ..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ် အလျင်အမြန် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုယောင်း..."
ယောင်းရွှီက ခေါင်းခါလိုက်ပြီးနောက် ပြုံးကာ ပြောဆိုလိုက်သည်။
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး... ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ... ငါ ဝက်သတ်သမား အဖြစ် အလုပ်လုပ်နေတာ တစ်နှစ်ခွဲ ရှိပြီ... ငါ့ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့ဘူး... ညီလေးကျိုး... မင်း ငါ့အလုပ်ကို လွှဲယူလိုက်တာက ငါ့ကို ကယ်တင်လိုက်တာပဲ..."
ယောင်းရွှီ စကားပြောပြီးနောက် သူတို့နှစ်ဦးသည် အောက်သို့ ကွေ့ကောက်ဆင်းသွားသော လှေကားတစ်ခုဆီသို့ ရောက်ရှိသွားကြ၏။ သေဒဏ်ကျ အကျဉ်းသားများကို အောက်ထပ်တွင် ထားရှိကြောင်း ကျိုးယွမ် ချက်ချင်း နားလည်လိုက်သည်။
လမ်းတစ်လျှောက်တွင် ကျိုးယွမ်သည် အခြားလူ လေးဦးနှင့် ဆုံတွေ့ခဲ့သည်ာ သူတို့အားလုံး ယောင်းရွှီကို မြင်ချိန်တွင် ခေါင်းညိတ်ပြကြပြီး သူတို့၏ ကျင့်ကြံမှုအဆင့်မှာ ကျိုးယွမ် နှင့် ဆင်တူပေသည်။
လှေကားထစ် ဒါဇင်ပေါင်းများစွာ ဆင်းလာပြီးနောက် အပေါ်ထပ်နှင့် သိသာစွာ ကွဲပြားနေသော လှောင်အိမ်အတန်းသစ်တစ်ခု ကျိုးယွမ်၏ ရှေ့တွင် ပေါ်လာသည်။
ဤနေရာတွင် ကျိုးယွမ်သည် ထိုလူလေးဦးနှင့် ထပ်မံဆုံတွေ့ပြန်သည်။
လှေကားဘေးတွင် နှိပ်စက်စစ်ကြောရေး ကိရိယာ အမျိုးမျိုး ပါဝင်သော အခန်းတစ်ခန်း ရှိသည်။ ကျိုးယွမ် တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်း ကြောက်ရွံ့သွားလေသည်။
ဤနေရာရှိ နှိပ်စက်စစ်ကြောရေး ကိရိယာများမှာ အလွန်တရာ ပြည့်စုံပြီး အနည်းဆုံး အမျိုးအစားတစ်ရာခန့် ရှိပေသည်။ ဝိညာဉ်မောင်းနှင်သူ လေးဦးမှာ ယောင်းရွှီနှင့် ကျိုးယွမ် အတူလာသည်ကို မြင်ချိန်တွင် အနည်းငယ် အံ့အားသင့်သွားကြ၏။
"ယောင်းရွှီ... တစ်ယောက်ယောက်က မင်းအလုပ်ကို လွှဲယူလိုက်ပြီပဲ..."
အသက် ငါးဆယ်ခန့် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောလိုက်၏။ သူ၏ ကျင့်ကြံမှုအဆင့်မှာ ချီသန့်စင်ခြင်း အဆင့်ခြောက်ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
"အစ်ကိုကျန်းချန်... ဒါက ကျိုးယွမ် ပါ... သူက ဒီကိုအခုမှ ရောက်လာတာ... ဝက်သတ်သမား အသစ် ဖြစ်လာလိမ့်မယ်... ပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားအောင် သူ့ကို ခေါ်လာတာပါ..."
ယောင်းရွှီက ပြုံးကာ ထိုအမျိုးသားကို ပြောဆိုလိုက်၏။
ယောင်းရွှီ စကားပြောပြီးနောက် ကျိုးယွမ်ကို ကြည့်ကာ မိတ်ဆက်ပေးလိုက်သည်။
"ကျိုးယွမ်... ဒါက အစ်ကိုကျန်းချန်... သူက နှိပ်စက်စစ်ကြောရေးအဖွဲ့ ရဲ့ တာဝန်ခံပဲ... အစ်ကိုကျန်းက အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ... အကယ်၍ နောင်မှာ မင်း တစ်ခုခု လိုအပ်ရင် အစ်ကိုကျန်းက်ု အကူအညီ တောင်းလို့ ရတယ်..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ် အလျင်အမြန် လက်သီးဆုပ် နှုတ်ဆက်ကာ ပြောလိုက်၏။
"ကျိုးယွမ်က အစ်ကို ကျန်း ကို ဂါရဝပြုပါတယ်..."
ကျန်းချန် တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြုံးပြီး ပြောဆိုလိုက်သည်။
"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး... ဝိညာဉ်မောင်းနှင်သူ တွေ အနေနဲ့ ဒီကို ရောက်လာကြပြီဆိုတော့ အခုကစပြီး ငါတို့အားလုံး ညီအစ်ကိုတွေပါပဲ..."
ကျိုးယွမ်က ခေါင်းညိတ်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိုင်အိုး အနည်းငယ် ပေါ်လာ၏။ သူ ပြုံးကာ ပြောလိုက်သည်။
"အစ်ကိုကျန်း... ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့တာဆိုတော့ တခြားပေးစရာ သိပ်မရှိဘူး... ဒါပေမဲ့ ဒီဝိုင်အိုးတွေက အရသာ အတော်လေး ကောင်းပါတယ်... အစ်ကို ကျန်း နဲ့ တခြားသူတွေ မြည်းကြည့်ကြပါဦး..."
ကျန်းချန်သည် ကျိုးယွမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်သည်။
"မင်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ... ကောင်းပြီလေ... ဒီဝိုင်ကို ငါတို့ ယူလိုက်မယ်..."
ကျန်းချန် စကားပြောပြီးနောက် ကျိုးယွမ်၏ လက်ထဲမှ ဝိုင်ကို ယူကာ သူ၏အနောက်ရှိ လူသုံးဦးကို ဝေပေးလိုက်ရာ ကျိုးယွမ်အပေါ် သူတို့၏ အထင်အမြင်မှာ ချက်ချင်း ကောင်းမွန်လာခဲ့သည်။
ထို့နောက် ကျိုးယွမ်နှင့် ယောင်းရွှီတို့သည် ကျန်းချန်ကို နှုတ်ဆက်ကာ သူတို့၏ လမ်းအတိုင်း ဆက်သွားကြလေသည်။
ယောင်းရွှီက ပြုံးကာ ပြောဆိုလိုက်၏။
"ကျိုးယွမ်... မင်း ဒီဝိုင်ကို ယူလာတာ တကယ် မှန်ကန်တဲ့ လုပ်ရပ်ပဲ... ဒါက အစ်ကိုကျန်း အကြိုက်ဆုံးအရာပဲလေ..."
"အစ်ကိုယောင်း... ဒီတစ်အိုးက အစ်ကို့အတွက်..."
ကျိုးယွမ်သည် ယောင်းရွှီ ကိုလည်း ဝိုင်တစ်အိုး ကမ်းပေးလိုက်ရာ ယောင်းရွှီ က လုံးဝ တုံ့ဆိုင်းမနေဘဲ လှမ်းယူလိုက်၏。 ထို့နောက် သူ ဖွင့်ကာ တစ်ငုံ သောက်လိုက်လေသည်။
စပ်ဖျဉ်းဖျဉ်း ခံစားချက်တစ်ခု ယောင်းရွှီ ၏ လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ချက်ချင်း စီးဆင်းသွား၏။ ယောင်းရွှီ ၏ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးကာ ရေရွတ်လိုက်သည်။
"ကောင်းလိုက်တဲ့ ဝိုင်..."
ကျိုးယွမ်ပ စိတ်ထဲမှ တွေးလိုက်၏။
သေချာပေါက် ကောင်းတဲ့ဝိုင်ပေါ့။ ဆေးဘက်ဝင်အပင် တချို့ ထည့်ထားတာဆိုတော့ ဆေးရည်စိမ်ဝိုင်လေ။
သို့သော် ကျိုးယွမ် ဤအကြောင်းကို သေချာပေါက် ပြောမည်မဟုတ်ချေ။ အကြောင်းမှာ ဝိညာဉ်မောင်းနှင်သူ ဖြစ်လာသူ အများစုမှာ ငွေရေးကြေးရေး အခက်အခဲရှိပြီး အခြား ရွေးချယ်စရာ မရှိသော ဂိုဏ်းမဲ့ကျင့်ကြံသူ များ ဖြစ်သောကြောင့် ပင်ဖြစ်သည်။
ကျိုးယွမ်၏ အကြည့်များ အကျဉ်းခန်းဆီသို့ ရောက်သွားချိန်တွင် သူ၏ အမူအရာမှာ ချက်ချင်း လေးနက်သွား၏။
အကျဉ်းခန်းထဲရှိ အကျဉ်းသားများ၏ ခြေလက်များကို သံတိုင်များဖြင့် ချည်နှောင်ထားပြီး သူတို့၏ ခန္ဓာကိုယ်များမှာ သွေးစွန်းနေပေသည်။ အကျဉ်းခန်းထဲတွင် အပုပ်နံ့ တစ်ခုရှိသည်။
"ညီလေး ကျိုးယွမ်... မင်း ကြည့်ကြည့်... အကယ်၍ လှောင်အိမ် အဝင်ဝမှာ အကာအကွယ် တစ်ခုတည်းပဲ ရှိတယ်ဆိုရင် ဒီလူတွေက အချိန်မရွေး သတ်လို့ရတဲ့ ဝက်တွေပဲ... ဝိညာဉ်မောင်းနှင်သူ ရဲ့ တံဆိပ်ပြားကို သုံးပြီး ဒီ အကာအကွယ်ကို ဖွင့်ပြီး အထဲဝင်လို့ ရတယ်..."
"အကယ်၍ အပို သံကြိုးတစ်ချောင်း ရှိနေသေးရင် နှိပ်စက်ပြီး ဖြောင့်ချက်ယူတဲ့ အဆင့် မပြီးသေးဘူးလို့ ဆိုလိုတာပဲ... ဒီလူတွေကို လောလောဆယ် သတ်လို့ မရသေးဘူး..."
"ငါက မနက်ဖြန် နားရက်ရထားတယ်... ပြီးတော့ ဒီနေ့ တာဝန်လည်း မပြီးသေးဘူးဆိုတော့... ခဏနေရင် မင်းကို ငါ သရုပ်ပြမယ်..."
ယောင်းရွှီက ဤနေရာရှိ စည်းမျဉ်းများကို ကျိုးယွမ်အား ရှင်းပြလိုက်ရာ ကျိုးယွမ် အလျင်အမြန် ခေါင်းညိတ်လိုက်၏။
လှောင်အိမ်ထဲမှတစ်ဆင့် လူအများအပြား သွေးသံရဲရဲ ဖြစ်နေအောင် အရိုက်ခံထားရသည်ကို ကျိုးယွမ် မြင်နိုင်ပေသည်။ သူတို့၏ ဆံပင်အရှည်များ တွဲလောင်းကျနေပြီး မျက်နှာအများစုကို ဖုံးကွယ်ထားသဖြင့် ရှင်းလင်းစွာ မြင်ရရန် မဖြစ်နိုင်ချေ။
သေချာပေါက် အချို့ကို ရှင်းလင်းစွာ မြင်နိုင်သော်လည်း လူတိုင်း၏ မျက်လုံးများတွင် အမုန်းတရားများနှင့်အတူ ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်ကိုပါ တွေ့ရပေ၏။
နံ့သာတိုင် တစ်ဝက်ခန့် အချိန်ကုန်ဆုံးပြီးနောက် သူတို့နှစ်ဦး အောက်ထပ်ကို လေ့လာကြည့်ရှုပြီးသွားကာ ယောင်းရွှီက စည်းမျဉ်းများကို ကျိုးယွမ်အား ရှင်းပြခဲ့လေသည်။
ထိုစဉ် ယောင်းရွှီသည် သူ့ခါးရှိ ဝိညာဉ်မောင်းနှင်သူ တံဆိပ်ပြားကို အသုံးပြု၍ လှောင်အိမ်တစ်ခုကို ဖွင့်ကာ ကျိုးယွမ် နှင့်အတူ အထဲသို့ ဝင်သွားလေ၏။
အထဲတွင် အသက် ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့် အရွယ်ရှိ အဘိုးအိုတစ်ဦး ရှိနေသည်။ သူ၏ လက်များနှင့် ခြေထောက်များကို သံကြိုးများဖြင့် ချည်နှောင်ထားသည်။
သူသည် ယောင်းရွှီ နှင့် ကျိုးယွမ် ဝင်လာသည်ကို မြင်ချိန်တွင် ခေါင်းမော့လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သက်သာရာရသွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
"နောက်ဆုံးတော့ ငါ့အလှည့် ရောက်ပြီပေါ့..."
အဘိုးအို ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ သူ၏ အသံမှာ အလွန်တရာ တည်ငြိမ်နေပြီး အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို ဂရုမစိုက်တော့သည့်အလား ဖြစ်နေပေသည်။
အခန်း (၃၀) ပထမနေ့ ဝက်သတ်ခြင်းမှ ကြီးမားသော ရိတ်သိမ်းရရှိမှု
ကျိုးယွမ်သည် အဘိုးအိုကို ကြည့်ရင်း တိတ်တဆိတ် အံ့အားသင့်သွားလေသည်။ ဤအဘိုးအိုမှာ အမှန်တကယ်ပင် ချီသန့်စင်ခြင်း အဆင့်ကိုးကျင့်ကြံသူ တစ်ဦး ဖြစ်နေပေသည်။
"ညီလေးကျိုးယွမ်... ဝက်တိုင်းရဲ့ နှလုံးကို ချေမွပြီး ခေါင်းကို ဖောက်ရမယ်လို့ အထက်က အမိန့်ပေးထားတယ်... ဒါမှ သေချာပေါက် သေမှာလေ... အခု မင်းကို ငါ သရုပ်ပြမယ်..."
ယောင်းရွှီက ပြုံးကာ ကျိုးယွမ်ကို ပြောလိုက်ပြီး သူ၏ လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာသည်။
ဤစကားကို ကြားချိန်တွင် ကျိုးယွမ် ချက်ချင်း စိုးရိမ်သွားသည်။ ဤမျှ ကောင်းမွန်သော ဝက်တစ်ကောင်ကို ယောင်းရွှီ ၏ ဖျက်ဆီးခြင်း လုံးလုံးလျားလျား မခံနိုင်ချေ။
"အစ်ကိုယောင်း... ကျွန်တော့်ကို လုပ်ခွင့်ပေးပါ... ကျွန်တော်လည်း အသားကျအောင် လုပ်ရဦးမယ်... အကယ်၍ သေချာမလုပ်နိုင်ရင် အစ်ကိုက ထောက်ပြပေးလို့ ရတာပဲ..."
ယောင်းရွှီသည် ကျိုးယွမ်၏ စကားကို ကြားချိန်တွင် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်၏။ သူ အလွန်တရာ ဝမ်းသာသွားပေသည်။
ချီသန့်စင်ခြင်း အဆင့်ကိုး ကျင့်ကြံသူ တစ်ဦးကို သတ်ခြင်းက ချီသန့်စင်ခြင်း အဆင့်ငါး သို့မဟုတ် အဆင့်ခြောက် ရှိသူကို သတ်ခြင်းထက် အာဃာတ များ အဆပေါင်းများစွာ ပိုမို ထွက်ပေါ်လာစေကြောင်း သိထားရမည် ဖြစ်၏။
ယောင်းရွှီထံတွင် အာဃာတ များ လုံလောက်စွာ ရှိနေပြီ ဖြစ်သည်။
ကျိုးယွမ်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။ လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားရှည်တစ်လက် ပေါ်လာပြီး လုံးလုံးလျားလျား တုံ့ဆိုင်းမနေဘဲ လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ထိုးသွင်းလိုက်လေသည်။
အဘိုးအိုသည် ကျိုးယွမ်ကို ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ငုံ့ချလိုက်၏。
အဘိုးအို၏ ရင်ဘတ်နှင့် ခေါင်းတွင် အပေါက်တစ်ပေါက်စီ ဖြစ်သွားပြီး သွေးများ ပန်းထွက်လာလေသည်။
အဘိုးအို သေဆုံးသွားသည့် အခိုက်အတန့်တွင် အာဃာတ လှိုင်းလုံးကြီးတစ်ခု ကျိုးယွမ်ကို ရိုက်ခတ်လာပြီး ချက်ချင်း အကျိုးသက်ရောက်မှု ရှိသွားလေ၏။
"ဒင်... သက်တမ်း -၀.၅..."
"ဒင်... ကံကြမ္မာတန်ဖိုး +၂၃၊ သက်တမ်း +၁၁၊ ကျင့်ကြံခြင်းအမှတ် +၁၁၆၇၊ မီးတောက်ဖြူ ကျင့်စဉ် တစ်အုပ် ရရှိပါသည်..."
အသိပေးသံနှစ်ခု ဆက်တိုက် ထွက်ပေါ်လာ၏။ ကျိုးယွမ် အနည်းငယ် အံ့အားသင့်သွားသော်လည်း အလွန်တရာ ဝမ်းသာသွားလေသည်။
သူ ခံစားလိုက်ရသော အာဃာတ မှာ ဝိညာဉ်မောင်းနှင်သူ၏ သက်တမ်း ကို လျှော့ချခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သူ နားလည်သွားလေ၏。
ချီသန့်စင်ခြင်း အဆင့်ကိုးကို သတ်ခြင်းမှ ထွက်ပေါ်လာသော အာဃာတသည် သက်တမ်းကို ခြောက်လခန့် လျော့ကျစေနိုင်ပေသည်။ လူအများအပြားက ဝိညာဉ်မောင်းနှင်သူ အလုပ်ကို ကပ်ရောဂါတစ်ခုလို အဘယ်ကြောင့် ရှောင်ရှားကြသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
သူ ထင်ထားသည့်အတိုင်းပင် ဤနေရာသည် သူ၏သုခဘုံဖြစ်ပေ၏။ ဝက်များကိုသာသတ်ပြီး အခြားဘာကိုမှ ဂရုစိုက်စရာ မလိုချေ။ အလွန်တရာ ကောင်းမွန်လှပေသည်။
ဝိညာဉ်မောင်းနှင်သူ ဖြစ်လာခြင်းသည် သူ၏ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း ကျိုးယွမ် သိလိုက်၏။ ဤနေရာသည် သူ၏ ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ မြှင့်တင်ရန်အတွက် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။
"ငါတော့ ပျံတက်တော့မယ်ဟေ့..."
သူ၏ ရင်ထဲရှိ ဝမ်းသာမှုကို အပြင်းအထန် ဖိနှိပ်ထားရင်း ကျိုးယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
လျင်မြန်၊ ရက်စက်ပြီး တိကျသော ကျိုးယွမ်၏ ဓားချက်ကို ယောင်းရွှီ မြင်တွေ့လိုက်ရသည်။
ကျိုးယွမ်မှာ အတော်လေး ရက်စက်သော သူတစ်ယောက် ဖြစ်ပုံရသည်။
ယောင်းရွှီက စိတ်ထဲမှ တွေးလိုက်သော်လည်း ဤစကားများကို ကျိုးယွမ်အား သေချာပေါက် ပြောမည်မဟုတ်ချေ။ ထို့အစား သူက ပြုံးကာ ပြောလိုက်သည်။
"ညီလေးကျိုးယွမ်... မင်း တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... ဝက်သတ်ပြီးသွားရင် အကျဉ်းခန်း တံခါးကို မပိတ်နဲ့... နောက်မှ လာရှင်းတဲ့သူတွေ ရှိတယ်..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီးနောက် ယောင်းရွှီ နောက်မှ နောက်ထပ် အကျဉ်းခန်းဆီသို့ လိုက်သွားလေသည်။
ဤတစ်ကြိမ်တွင် ကျိုးယွမ်သည် ဝိညာဉ်မောင်းနှင်သူ တံဆိပ်ပြားကို အသုံးပြု၍ လှောင်အိမ်၏ အကာအကွယ်ကို ဖွင့်လိုက်ရာ အထဲတွင် ချီသန့်စင်ခြင်း အဆင့်ငါးရှိသူ တစ်ဦးကို တွေ့လိုက်ရ၏။
"ဒင်... သက်တမ်း -၀.၂..."
"ဒင်... ကံကြမ္မာတန်ဖိုး +၁၁၊ သက်တမ်း +၂၃၊ ကျင့်ကြံခြင်း +၂၆၇၊ ကြိုးကြာဖြူ လက်သီး တိုက်ခိုက်ရေးသိုင်း ရရှိပါသည်..."
ကျိုးယွမ်နှင့် ယောင်းရွှီတို့ လှောင်အိမ်ထဲမှ ထွက်လာချိန်တွင် စနစ်၏ အသံ ထပ်မံ ထွက်ပေါ်လာလေသည်။
ထို့နောက် ယောင်းရွှီသည် ကျိုးယွမ်ကိုခေါ်ကာ ဝက်ရှစ်ကောင် ဆက်တိုက် သတ်စေခဲ့သည်။ သို့သော် နောက်ထပ် လူခြောက်ဦး၏ ကျင့်ကြံမှုအဆင့်မှာ ချီသန့်စင်ခြင်း အဆင့်သုံး နှင့် ချီသန့်စင်ခြင်း အဆင့်လေးတွင်သာ ရှိကြပေ၏။
သူ၏ လျင်မြန်စွာ တိုးတက်လာသော ကျင့်ကြံမှုအဆင့်ကို ကြည့်ရင်း ကျိုးယွမ် အားရပါးရ ရယ်မောချင်သွားမိသည်။ သူ စိတ်ထဲမှ တွေးလိုက်၏။
"စနစ်... မင်းက အံ့မခန်းပဲ... ဒီ cheat ကြီးက အရမ်းမိုက်တယ်..."
ကျိုးယွမ်က စနစ်၏ အချက်အလက်ပြဘုတ်ကို စစ်ဆေးလိုက်သည်။
"ပိုင်ရှင် - ကျိုးယွမ်"
"ကျင့်စဉ် - ချီသန့်စင်ခြင်း အဆင့်ခြောက် (၃၇၇၅/၄၆၀၀)"
"သက်တမ်း - ၂၁/၂၁၀၈.၇"
"ပါရမီ - ဝိညာဉ်သွေးကြောလေးခု"
"ကံကြမ္မာတန်ဖိုး - ၉၈"
"ကျွမ်းကျင်မှုများ - အလယ်အလတ်အဆင့် မီးတောက်မန္တန်၊ အဆင့်နိမ့် ဝိညာဉ်ဖမ်း ဝင်္ကပါ"
"အထူးစွမ်းရည်များ - မျက်နှာ တစ်ထောင် ကျင့်စဉ်၊ အချိန်ကိုဖျက်ဆီးခြင်း နည်းစနစ်၊ အရှိန်အဝါဖုံးကွယ်ခြင်း ကျင့်စဉ် (ဒုတိယအဆင့်)"
ကျိုးယွမ်က တိတ်တဆိတ် အံ့သြသွားမိသည်။ ယနေ့နံနက်က သူ၏ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးစဉ်က ၈၇၅ သာ ရှိခဲ့သည်။ ယခုအခါ ၃၇၇၅ သို့ ထိုးတက်သွားပြီး ၂၉၀၀ တိုးလာခဲ့လေပြီ။
သက်တမ်းမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းပြီး ၂၁၀၀ အမှတ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
အခြားသူများအတွက် ဝိညာဉ်မောင်းနှင်သူ အဖြစ် ဝက်သတ်ခြင်းသည် သေမင်းတမန် အလုပ်တစ်ခု ဖြစ်သော်လည်း သူ့အတွက်မူ ဒုံးပျံအင်ဂျင်တစ်ခုကဲ့သို့ ဖြစ်နေပေသည်။
"နောင်မှာ လူတွေ ပိုသတ်ရမယ်... ဒါမှမဟုတ် အနည်းဆုံး ကျင့်ကြံမှုအဆင့် ပိုမြင့်တဲ့သူတွေကို သတ်ရမယ်..."
အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ကျိုးယွမ် စိတ်ထဲမှ တွေးလိုက်သည်။
ကျိုးယွမ်သည် မျက်နှာ အမူအရာ မပျက်ဘဲ လူရှစ်ဦးကို သတ်ဖြတ်လိုက်သည်ကို မြင်ချိန်တွင် ယောင်းရွှီ ပို၍ပင် အံ့အားသင့်သွားသည်။
ဝိညာဉ်မောင်းနှင်သူအဖြစ် မဝင်မီက သူ လူသတ်ဖူးသော်လည်း အခြေအနေအရ သတ်ခဲ့ရခြင်းဖြစ်ပြီး ထိုလူသတ်မှုများအားလုံးမှာ တိုက်ပွဲများအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ဝိညာဉ်မောင်းနှင်သူ သို့ သူ ဝင်ရောက်လာချိန်တွင် ဝက်သတ်သမား အဖြစ် ပထမဆုံးနေ့၌ ဝက်လေးကောင် သတ်ပြီးနောက် သူ၏ မျက်နှာမှာ စက္ကူတစ်ရွက်လို ဖြူရော်သွားခဲ့သည်ကို ယောင်းရွှီ မှတ်မိနေသေးသည်။
ယောင်းရွှီက အံ့အားသင့်သွားသော်လည်း များသောအားဖြင့် ဝမ်းသာနေခဲ့သည်။
ကျိုးယွမ်သည် သူ့ကို ဂရုစိုက်စရာ မလိုတော့ချေ။ သူသည် ဤကြောက်မက်ဖွယ်ကောင်းသော အလုပ်မှ နောက်ဆုံးတော့ လွတ်မြောက်သွားပြီ ဖြစ်၏။
ထိုနေ့ ညနေပိုင်းတွင် ကျိုးယွမ်သည် 'ဝမ်ရှန်း' အကျဉ်းထောင်မှ ထွက်ခွာပြီး သူ၏ အိမ်ငယ်လေးသို့ ပြန်လာခဲ့သည်။
ဝိညာဉ်မောင်းနှင်သူများသည် သူတို့၏ ကိုယ်ပိုင်လက္ခဏာများကို ထုတ်ဖော်ခွင့် မရှိချေ။ အကြောင်းမှာ သေဒဏ်ကျ အကျဉ်းထောင်တွင် အကျဉ်းကျနေသူများ၏ ဆွေမျိုးများ အပြင်ဘက်တွင် ရှိနေသေးသောကြောင့်ပင်ဖြစ်သည်။
ကျိုးယွမ်နှင့် သူ၏အဖွဲ့သည် လျှို့ဝှက်လမ်းကြောင်းမှ ထွက်ခွာလာခဲ့သဖြင့် မည်သူကမျှ သတိထားမိမည် မဟုတ်ချေ။
ပိုင်ယွင်ရှို့သည် ဆိုင်ကို ထပ်မံ စောင့်နေပြီး ကျိုးယွမ်ကို မြင်ချိန်တွင် မနေနိုင်ဘဲ ချိုသာစွာ ပြုံးပြလိုက်လေ၏။
ကျိုးယွမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ မိစ္ဆာသားရဲအလောင်းနှစ်ခု ပေါ်လာသည်။ သူက ပြုံးကာ ပြောလိုက်၏။
"မိန်းကလေးပိုင်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဘယ်လောက်တန်လဲ..."
ပိုင်ယွင်ရှို့က အံ့အားသင့်သွားပြီးနောက် အလျင်အမြန် ရှေ့သို့ တက်လာခဲ့သည်။ သူမ၏ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးကာ မေးလိုက်သည်။
"ဘာလဲ... မျိုးရိုးဗီဇပြောင်း မီးခိုးရောင် ဝံပုလွေ နောက်ထပ်လား... အစ်ကိုကျိုး... ဒီနေ့ ချင့်လင်တောင်တန်းမှာ အမဲလိုက် သွားပြန်တာလား..."
ကျိုးယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဘာမျှမပြောဘဲ ပြုံးနေလိုက်၏။
ထို့နောက် ပိုင်ယွင်ရှို့က ပြုံးကာ ပြောဆိုလိုက်သည်။
"ဒီမီးခိုးရောင် ဝံပုလွေနှစ်ကောင်က အတော်လေး သေးတယ်... ပြီးတော့ ဝံပုလွေအသားကလည်း အတော်လေး ဈေးပေါတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ့်ငါးတုံးနဲ့ပဲ ထားလိုက်ပါတော့..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ် ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောဆိုလိုက်၏
"မိန်းကလေးပိုင် ဆုံးဖြတ်သလိုပဲလုပ်ပါ..."
ပိုင်ယွင်ရှို့သည် မီးခိုးရောင် ဝံပုလွေ နှစ်ကောင်ကို သိမ်းဆည်းလိုက်ပြီးနောက် ကျိုးယွမ်အား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ့်ငါးတုံး ပေးလိုက်လေသည်။
ကျိုးယွမ် ထွက်သွားတော့မည်ကို မြင်ချိန်တွင် ပိုင်ယွင်ရှို့ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
"အစ်ကိုကျိုး... ညစာစားပြီးပြီလား... အကယ်၍ မစားရသေးရင် ခဏနေရင် ကျွန်မတို့နဲ့ လာစားမလား..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်က ခေတ္တမျှ မှင်တက်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော် လာစားလို့ရမလား... အခုကစပြီး ညစာကို အိမ်မှာပဲ စားတော့မယ်... မနက်စာနဲ့ နေ့လယ်စာကိုတော့ အပြင်မှာပဲ စားမယ်..."
ပိုင်ယွင်ရှို့က အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြောလိုက်၏။
"သေချာတာပေါ့... ကျွန်မ ပိုလုပ်ထားလိုက်မယ်..."
ကျိုးယွမ်က ပြုံးကာ ပြောလိုက်သည်။
"ဒီလိုလုပ်ပါ... ကျွန်တော် တစ်လကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခြောက်ဆယ် ပေးမယ်... အခုကစပြီး ညတိုင်း မင်းတို့နဲ့ အတူစားမယ်..."
ပိုင်ယွင်ရှို့က ခေါင်းအနည်းငယ် ခါလိုက်ပြီးနောက် ပြုံးကာ ပြောဆိုလိုက်၏。
"အစ်ကို ကျိုး... အဲ့ဒီလောက် အများကြီး မလိုပါဘူး... သုံးဆယ်ဆို လုံလောက်ပါပြီ..."
"အဲ့လိုတော့ မရဘူးလေ... ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ရဲ့ မိစ္ဆာသားရဲ အတွက် မင်းက ဈေးပိုပေးလိုက်တယ်လို့ မင်းအဖေ ပြောတာ ငါကြားတယ်... အကယ်၍ ငါက လုံလုံလောက်လောက် မပေးရင် သူ သေချာပေါက် ငါ့ကို စားခိုင်းမှာ မဟုတ်ဘူး..."
ကျိုးယွမ် စကားပြောပြီးနောက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်ကို ထုတ်ယူကာ ပိုင်ယွင်ရှို့ ၏ လက်ထဲသို့ ထည့်ပေးလိုက်လေ၏。
ကျိုးယွမ်၏ စကားကို ကြားချိန်တွင် ပိုင်ယွင်ရှို့ မျက်နှာနီရဲသွားပြီးနောက် တခစ်ခစ် ရယ်မောကာ ဆက်လက် မငြင်းဆန်တော့ချေ。
အိမ်ပြန်ရောက်ပြီးနောက် ကျိုးယွမ် ရေချိုးကာ သူ့ကိုယ်သူ သန့်စင်လိုက်လေ၏。
ထို အာဃာတ အနံ့အသက်များက သူ့အပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် မနှစ်မြို့ဖွယ် အနံ့အသက်တစ်ခု ရှိနေဆဲ ဖြစ်သည်။ ရေချိုးလိုက်ပြီးနောက် ချက်ချင်း ပိုမို ကောင်းမွန်သွားကြောင်း ခံစားလိုက်ရ၏。
ထို့နောက် ကျိုးယွမ်သည် အဆင့် ၁ ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲ ထည့်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်၍ ကျင့်ကြံလေတော့သည်။
ဖြတ်လမ်းများ ရှိသော်လည်း မိမိကိုယ်ကို ကျင့်ကြံရန် ပြင်ပအချက်အလက်များအပေါ် လုံးလုံးလျားလျား အားကိုး၍ မရနိုင်ချေ။
ထို့အပြင် ကျိုးယွမ် တစ်ခုခုကို သတိရသွား၏。 ဝက်သတ်သမားများ အားလုံး တဖြည်းဖြည်း ပိန်လှီလာကြပြီး သူသာ လုံးလုံးလျားလျား မပြောင်းလဲဘဲ နေမည်ဆိုပါက ယုတ္တိတန်မည် မဟုတ်ချေ။
သူ ဤနေရာတွင် နှစ်နှစ်တိုင်တိုင် အလုပ်လုပ်နိုင်မည် မဟုတ်ဘဲ အချိန်မရွေး ထွက်ပြေးသွားနိုင်ကြောင်း ကျိုးယွမ် သိထားလေ၏。