ရှန်းရှကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာပြီး သုံးနှစ်အကြာတွင် ကျိုးယွမ်တစ်ယောက် ဓားပြလုယက်မှုစနစ်ကို နိုးထလာခဲ့လေသည်။ "စနစ်...ဆိုင်းအင် လုပ်မယ်!" "ပိုင်ရှင် ... ဒီစနစ်မှာ အဲဒီလုပ်ဆောင်ချက် မရှိပါဘူး" "စနစ်.. အဖွဲ့ဝင်သစ် လက်ဆောင်ထုတ် ပေးစမ်း" "ပိုင်ရှင် ...ဒီစနစ်မှာ အဲဒီဝန်ဆောင်မှု မရှိပါဘူး" "စနစ်... ကနဦး ကျင့်ကြံခြင်းစွမ်းအား အနှစ်တစ်သိန်း ဆုချပေးစမ်း" "ပိုင်ရှင် ...ဒီစနစ်မှာ အဲဒီဆုလာဘ် မရှိပါဘူး" "စနစ်...ငါ့ကို ဧကရာဇ်လက်နက် တစ်လက်ပေးစမ်း" "ပိုင်ရှင် ..ဒီစနစ်မှာ ဧကရာဇ်လက်နက် မရှိပါဘူး" "သောက်စနစ်၊ ဒါလည်းမရှိ ဟိုဟာလည်းမရှိနဲ့ မင်းကို ငါက ဘာအတွက် အသုံးချရမှာလဲ။" "ပိုင်ရှင် ..ဒီစနစ်က ဓားပြလုယက်မှုစနစ်ပါ။ ကောင်းကင်ဘုံကို လုယက်မယ်၊ ကမ္ဘာမြေကို လုယက်မယ်၊ သက်ရှိအရာခပ်သိမ်းကို လုယက်မယ်။ ပါရမီ၊ သိုင်းပညာရပ်၊ ကံကြမ္မာနဲ့ သက်တမ်း... အားလုံးက ဒီစနစ်ရဲ့ အသုံးအဆောင်တွေချည်းပါပဲ” အားလုံးပဲ ဓားပြလုယက်ခြင်း ကမ္ဘာမှ ကြိုဆိုလိုက်ပါ၏...။

