အခန်း ၃၁၈
Vol. 32 Ch. 318
အခန်း (၃၁၈) ရုတ်တရက် အပြောင်းအလဲ
မိုင်ထောင်ချီ အကွာတွင် ကျိုးယွမ်သည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤနေရာသို့ ပြန်လည် ရောက်ရှိလာခြင်းက သဘာဝကျစွာပင် မတူညီသော ခံစားချက် တစ်ခုကို ယူဆောင်လာပေးပေသည်။
ထိုစဉ် ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခု ကျိုးယွမ်၏ နားထဲသို့ ရောက်ရှိလာခဲ့ရာ သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေခဲ့ပြီး မိစ္ဆာကောင်းကင်ဂိုဏ်း ရှိရာဘက်သို့ ကြည့်လိုက်၏။
"ခုနက ကျယ်လောင်တဲ့ အသံကြီးက မိစ္ဆာကောင်းကင်ဂိုဏ်းဘက်က ထွက်လာတာ..."
"ဒုက္ခပဲ! မိစ္ဆာကောင်းကင်ဂိုဏ်း ဘာဖြစ်သွားတာလဲ..."
ကျိုးယွမ် တီးတိုး ရေရွတ်လိုက်သော်လည်း သူက ဖြစ်နိုင်ခြေ နည်းပါးကြောင်းကိုလည်း ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာကောင်းကင်ဂိုဏ်းသည် နဂါးတောင်နယ်မြေတွင် အငြင်းပွားဖွယ်မရှိသော နံပါတ်တစ် ဂိုဏ်း ဖြစ်သောကြောင့်ပင်။
သို့သော် ကျိုးယွမ်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ခံစားနေရဆဲ ဖြစ်သည်။ သူသည် မူလက ဖြည်းညင်းစွာ သွားရန် စီစဉ်ထားခဲ့သော်လည်း သူသည် ချက်ချင်းပင် သူ၏ အမြန်နှုန်းကို အမြင့်ဆုံးသို့ တိုးမြှင့်လိုက်ပြီး မိစ္ဆာကောင်းကင်ဂိုဏ်းသို့ အပြေးအလွှား သွားရောက်ခဲ့၏။
"မိစ္ဆာကောင်းကင်ဂိုဏ်း မင်းတို့က ငါ့ကို ဒါတွေလုပ်ဖို့ တွန်းအားပေးခဲ့တာပဲ မင်းတို့က အကြောင်းပြချက်တွေကို နားမထောင်ဘူးဆိုတော့ အကျိုးဆက်တွေကို ခံစားရမှာပေါ့ ဒီနေ့ မိစ္ဆာကောင်းကင်ဂိုဏ်းကို ငါ သွေးလွှမ်းစေရမယ်..."
ကျောက်ထိုက်ကျီးသည် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့၏။ သူ၏ မွေးရာပါ အလောင်းကောင်ရုပ်သေးရုပ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ရာ သူ့ကို အလွန်အမင်း ဒေါသထွက်သွားစေခဲ့သည်။
သားသတ်သမားဟေးနှင့် တိုက်ပွဲတွင်ပင် သူ၏ ကိုယ်ပိုင် အလောင်းကောင်ရုပ်သေးရုပ်သည် ဤမျှ ပြင်းထန်သော ဒဏ်ရာများကို တစ်ခါမှ မရရှိခဲ့ဖူးပေ။
သူသည် နောက်ဆုံးတွင် ပြုပြင်နိုင်ခဲ့သော်လည်း ထပ်မံ ထိမှန်ခံလိုက်ရပြန်သည်။
ဤသည်က ကျောက်ထိုက်ကျီးအား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားစေခဲ့၏။
ထိုစဉ် လူရိပ်တစ်ခု အဝေးမှ ထွက်ပေါ်လာခဲ့သည်။ အဘိုးအို တစ်ဦးဖြစ်ပြီး သူ၏ ကျောပေါ်တွင် အခေါင်းတလား တစ်ခုကိုလည်း သယ်ဆောင်ထား၏။
ဤလူမှာ အခြားသူ မဟုတ်ဘဲ ကျောက်ထိုက်ကျီးနှင့်အတူ ရောက်လာသော နတ်ဘုရားအသွင်ပြောင်းခြင်း အစောပိုင်းအဆင့် အကြီးအကဲ ကျောက်ကောင်းပင် ဖြစ်သည်။
"ကျောက်ကောင်း… မင်း အချိန်ကိုက် ရောက်လာတာပဲ သူတို့ အားလုံးကို သတ်ပစ်လိုက် အခြေတည်စိတ်ဝိညာဉ်အဆင့် အထက်ရှိတဲ့ သူတွေ အားလုံးကို အလောင်းကောင်ရုပ်သေးရုပ်တွေ အဖြစ် ပြောင်းပစ်လိုက်!"
ကျောက်ထိုက်ကျီးက သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အဆုံးမရှိသော လျစ်လျူရှုမှုများ ပြည့်နှက်နေခဲ့၏ဧ။
"ဟုတ်ကဲ့ ဂိုဏ်းချုပ်…"
ကျောက်ကောင်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ နောက်ရှိ အခေါင်းတလားအဖုံး ပွင့်သွားပြီး သွေးများ ရွှဲနစ်နေသော အလောင်းကောင်ရုပ်သေးရုပ် တစ်ခု ထွက်ပေါ်လာခဲ့၏။
ဤသည်မှာ ကျောက်ကောင်း၏ မွေးရာပါ အလောင်းကောင်ရုပ်သေးရုပ် ဖြစ်ပြီး သွေးများကို မျိုချရန် အလွန် နှစ်သက်သော သွေးအလောင်းကောင်ရုပ်သေးရုပ် ဖြစ်သည်။
ဤကာလအတွင်း လူသောင်းပေါင်းများစွာသည် သွေးအလောင်းကောင်ရုပ်သေးရုပ်၏ မျိုချခြင်းကို ခံခဲ့ရပြီး မူလက အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်တွင်သာ ရှိသော သွေးအလောင်းကောင်ရုပ်သေးရုပ်ကို အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားစေခဲ့၏။
"ဟားဟားဟား ဒီက သွေးတွေက တကယ်ကို အရသာရှိတာပဲ..."
ကျောက်ကောင်းသည် ရယ်မောလိုက်ပြီး အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်၏ ဖိနှိပ်ထားသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များသည် လွှမ်းမိုးနေခဲ့၏။
မိစ္ဆာကောင်းကင်ဂိုဏ်းဘက်တွင် လူတိုင်း၏ မျက်နှာအမူအရာများမှာ အလွန်အမင်း တည်ကြည်လေးနက်နေကြပြီး တစ်ချိန်တည်းမှာပင် သူတို့၏ မျက်လုံးများထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက် တစ်ခု ထွက်ပေါ်လာခဲ့သည်။
မဟာအကြီးအကဲ ရှန်းထောင် ရှေ့သို့ ထွက်လာပြီးနောက် ရယ်မောကာ ပြောလိုက်သည်။
"နဂါးတောင်နယ်မြေက လူတွေက ငါတို့ကို မိစ္ဆာတွေလို့ ခေါ်ကြတယ် ဒါပေမဲ့ အဲဒီထဲမှာ အမှန်တရား တစ်ချို့လည်း ရှိပါတယ်..."
"ငါတို့က မိစ္ဆာချီတွေကို နှစ်ရာပေါင်းများစွာ ကြာအောင် ချိတ်ပိတ်ထားခဲ့ပြီး ဒီနေ့ ငါတို့ ကိုယ်ငါတို့ ပြန်ဖော်ပြရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး..."
"ငါက မိစ္ဆာကောင်းကင်ဂိုဏ်းရဲ့ မဟာအကြီးအကဲပဲ ငါကပဲ စလိုက်မယ်..."
ရှန်းထောင် စကားပြောပြီးနောက် မည်သူကမျှ စကားမပြောနိုင်မီ သူသည် သူ၏ လက်ညှိုးကို ရင်ဘတ်ဆီသို့ ထိုးလိုက်၏။
"မဟာအကြီးအကဲ! မလုပ်နဲ့!"
ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ်နှင့် အကြီးအကဲ အားလုံးသည် မှင်တက်သွားကြပြီး တားဆီးရန် ကြိုးစားခဲ့ကြသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ဤညွှန်ကြားချက်နှင့်အတူ ရှန်းထောင်၏ ခန္ဓာကိုယ်မှ ဒေါသတကြီး လောင်ကျွမ်းနေသော မိစ္ဆာချီများသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့၏။
ဒေါသတကြီး လောင်ကျွမ်းနေသော မိစ္ဆာချီများ အလယ်တွင် ရေတွက်မရနိုင်သော မိစ္ဆာဦးခေါင်းများသည် ဟိန်းဟောက်နေကြသည်။ မိစ္ဆာချီများ၏ ရိုက်ခတ်မှုအောက်တွင် ရှန်းထောင်၏ ကျင့်ကြံခြင်းအဆင့်သည် လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး အခြေတည်ဝိညာဉ်အဆင့်ကို ချက်ချင်း ချိုးဖျက်ဝင်ရောက်သွားခဲ့၏ဧ။
သို့သော် ဤသည်မှာ ရပ်တန့်မသွားဘဲ အခြေတည်ဝိညာဉ် အလယ်အလတ်အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ရှန်းထောင်၏ ခန္ဓာကိုယ်ပေါ်တွင် မည်းနက်နေသော မိစ္ဆာချပ်ဝတ် တစ်ခု ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာချီများသည် သူ၏ လက်များတွင် လူးလှိမ့်နေကာ သူ၏ ဘယ်ညာ လက်နှစ်ဖက်စလုံးတွင် မိစ္ဆာပုဆိန် နှစ်လက် ထွက်ပေါ်လာခဲ့၏ဧ။
"မဟာအကြီးအကဲ ဘာလို့ ဒုက္ခခံနေတာလဲ ကောင်းကင်မိစ္ဆာကျင့်စဉ်ကို အသက်သွင်းလိုက်တာနဲ့ သေဖို့က သေချာနေပြီလေ..."
ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ်၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာခဲ့ပြီး ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်နေခဲ့၏။
ရှန်းထောင်က ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။
"ဂိုဏ်းချုပ် ထျန်းမို့ဂိုဏ်းက ငါတို့ကို အသိအမှတ် မပြုပေမဲ့ ငါတို့က အဲဒီနေရာက လာခဲ့တာပဲလေ..."
"ကောင်းကင်မိစ္ဆာကျင့်စဉ်က သေဖို့ သေချာနေပြီဆိုရင်တောင် ဂိုဏ်းအတွက် သေရမှာကို ငါ မကြောက်ပါဘူး..."
ရှန်းထောင် စကားပြောပြီးနောက် သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး သူသည် ယိမ်းယိုင်သွားကာ ကျောက်ကောင်း ရှိရာသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့၏။
"သတ်စမ်း!"
ရှန်းထောင်သည် ဟိန်းဟောက်လိုက်ပြီး သူ၏ လက်နှစ်ဖက်စလုံးရှိ မိစ္ဆာပုဆိန်များကို မြှောက်ကာ ကျောက်ကောင်းနှင့် သူ၏ ဘေးရှိ သွေးအလောင်းကောင်ရုပ်သေးရုပ်ထံသို့ တိုက်ရိုက် ခုတ်ချလိုက်သည်။
ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ်သည် ဟိန်းဟောက်လိုက်ပြီး သူမ၏ ဓားရှည်ကို မြှောက်ကာ အဝေးရှိ ကျောက်ထိုက်ကျီးထံသို့ ခုတ်ချလိုက်၏။
ဓားတစ်ချက် ခုတ်ချလိုက်ရာ ဓားပေါင်းတစ်သောင်း ထွက်ပေါ်လာခဲ့သည်။
ရေတွက်မရနိုင်သော ဓားအလင်းတန်းများသည် ကျောက်ထိုက်ကျီးထံသို့ မိုးရွာချသကဲ့သို့ ကျဆင်းသွားခဲ့ပြီး သူတို့၏ သတ်ဖြတ်လိုသော အငွေ့အသက်များသည် ထိတွေ့နိုင်လောက်အောင်ပင် ဖြစ်၏။
"အသေးအဖွဲ ကျွမ်းကျင်မှုလေးပဲ အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်လေးနဲ့ ငါ့ရှေ့မှာ ကြွားဝံ့တယ်ပေါ့ ဖျက်ဆီးလိုက်စမ်း!"
ကျောက်ထိုက်ကျီး၏ မျက်နှာအမူအရာမှာ လျစ်လျူရှုမှုများ ပြည့်နှက်နေခဲ့၏။ သူ၏ ဘယ်ဘက်လက်ဖြင့် လှမ်းဖမ်းလိုက်ရာ ရေတွက်မရနိုင်သော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့ထံသို့ စုစည်းလာကြသည်။ ထို့နောက် သူက လက်ညှိုးတစ်ချောင်းဖြင့် ထိုးလိုက်၏။
ဓားချီတစ်ခု ပစ်ထွက်သွားခဲ့ပြီး လေနှင့်အတူ ကြီးမားလာကာ ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ် တိုက်ခိုက်လာသော ဓားချီ အားလုံးကို ချိုးဖျက်ပစ်လိုက်ပြီးနောက် ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ်ကို တိုက်ရိုက် လွင့်စင်သွားစေခဲ့သည်။
"မိစ္ဆာဝံပုလွေ ထွက်လာခဲ့!"
လှုပ်ရှားမှု တစ်ခုတည်း ဖလှယ်ပြီးနောက် ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ်သည် သူတို့နှစ်ဦးကြားရှိ ကွာဟချက်ကို သိရှိသွားခဲ့၏။ သူတို့သည် ရိုးရှင်းစွာပင် တူညီသော အဆင့်တွင် မရှိကြပေ။
အခြား ရွေးချယ်စရာ မရှိတော့ဘဲ သူတို့သည် မိစ္ဆာဝံပုလွေကို လွှတ်ပေးခဲ့ရသည်။
ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏ ခြေထောက်အောက်ရှိ တောင်သည် ပြိုကျသွားခဲ့ပြီး မီတာအနည်းငယ် မြင့်မားသော မိုးမခဝံပုလွေကြီး တစ်ကောင်သည် လူတိုင်း၏ ရှေ့မှောက်တွင် ထွက်ပေါ်လာခဲ့၏။
“အာဝူး!"
မိစ္ဆာဝံပုလွေသည် ကောင်းကင်သို့ ဟိန်းဟောက်လိုက်ရာ ဧရာမ ခန္ဓာကိုယ်သည် မိစ္ဆာချီများကို ထုတ်လွှတ်နေပြီး အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်၏ ဖိနှိပ်ထားသော အရှိန်အဝါကို တိုက်ရိုက် ပြသလိုက်သည်။
ဝံပုလွေ၏ မျက်လုံးများမှာ သွေးစွန်းနေပြီး ချဉ်းကပ်လာသော တိုက်ခိုက်မှုကို မြင်ချိန်တွင် သူ၏ ရှေ့လက်သည်းများကို မြှောက်ကာ ရိုက်ချလိုက်၏။
ဧရာမ လေပြင်းကြီး တစ်ခု ပစ်ထွက်သွားခဲ့ပြီး ဤဓားချီများကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်မှုသည် မိစ္ဆာဝံပုလွေထံမှ မြင့်တက်လာခဲ့ပြီး မျက်လုံးများ ချက်ချင်း သွေးနီရောင် ပြောင်းသွားခဲ့၏။
မိစ္ဆာဝံပုလွေသည် ခေါင်းလှည့်ကာ ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ်နှင့် အခြားသူများကို ကြည့်လိုက်ရာ မျက်လုံးများထဲတွင် အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေခဲ့သည်။
ကျောက်ထိုက်ကျီးသည် ကြောက်မက်ဖွယ် မိစ္ဆာဝံပုလွေကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့ပြီး သူ၏ မျက်မှောင်များ ကျုံ့သွားခဲ့၏။ ဝံပုလွေသည် ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။
သို့သော် ထို့နောက် ကျောက်ထိုက်ကျီး၏ မျက်လုံးများ ထပ်မံ တောက်ပသွားခဲ့၏။ မိစ္ဆာဝံပုလွေ၏ အမူအရာတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ အာရုံခံမိလိုက်သည်။ ထိုဝံပုလွေ၏ ဝိညာဉ်သည် ထိန်းချုပ်ခံထားရသည့်အလားပင် ဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်က ဧရာမ ဝံပုလွေကို ယဉ်ပါးအောင် ယဉ်ကျေးအောင် သင်ကြားပေးနိုင်ပြီး မိမိ၏ စီးတော်ယာဉ် အဖြစ် ပြုလုပ်နိုင်ပါက ထိုသူ၏ စွမ်းအားသည် သေချာပေါက် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။
ဂိုဏ်းချုပ် ကျောက်ထိုက်ကျီး၏ အကြံအစည်မှာ အိပ်မက် မဟုတ်ပေ။ သူသည် အလောင်းကောင်တစ်ထောင်ဂိုဏ်းမှ အဖွဲ့ဝင် တစ်ဦး ဖြစ်၏။ ဂိုဏ်းချုပ်များတွင် ထိုသို့သော အရာများကို ထိန်းချုပ်ရန် နည်းလမ်းများ ရှိပေသည်။
"မိစ္ဆာဝံပုလွေ တကယ်လို့ မင်းသာ ဒီလူကို အနိုင်ယူနိုင်ရင် ဒီနေ့ပြီးရင် မင်းကို လွှတ်ပေးမယ်လို့ ငါ ကတိပေးတယ်..."
ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ်သည် မိစ္ဆာဝံပုလွေကို ပြောလိုက်ရာ သူမ၏ မျက်လုံးများထဲတွင် အကြောက်တရား အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
"မင်းတို့ မိစ္ဆာကောင်းကင်ဂိုဏ်းက လူတွေ သေသင့်တယ်! ပြီးတော့ ဓားတစ်ရာမိစ္ဆာသခင်က ပိုပြီးတောင် သေသင့်သေးတယ်!"
မိစ္ဆာဝံပုလွေသည် ပါးစပ်ကို ဖွင့်လိုက်ရာ သတ်ဖြတ်လိုသော အငွေ့အသက်များသည် များပြားလာ၏။
ဧရာမ ဝံပုလွေ၏ ဟိန်းဟောက်သံကို ကြားချိန်တွင် ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ်နှင့် အခြားသူများသည် သူတို့၏ နှလုံးသားများ အောက်ခြေသို့ ကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်း ဘိုးဘေး မရှိတော့သောကြောင့် မည်သူကမျှ ဤသတ္တဝါကို မထိန်းချုပ်နိုင်တော့ပေ။
"ဟားဟားဟား"
"သူ့ရဲ့ ကိုယ်ပိုင် ထောင်ချောက်ထဲ သူ ပြန်ကျသွားတာပဲ ငါက သွေးလွှမ်းမယ့် ပွဲကို စတင်တော့မယ်..."
ကျောက်ထိုက်ကျီးသည် ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားကာ မိစ္ဆာကောင်းကင်ဂိုဏ်းဝင် အချို့၏ အရှေ့ တည့်တည့်တွင် ပေါ်လာခဲ့၏။ တပည့်တစ်ယောက်၏ ဘေးသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဤတပည့်များသည် ကျောက်ထိုက်ကျီး၏ လက်ချက်ဖြင့် ချက်ချင်း သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားချိန်တွင် စူးရှသော အော်ဟစ်သံ အချို့ ထွက်ပေါ်လာခဲ့၏။
ကျောက်ထိုက်ကျီးသည် ထူထဲသော အခေါင်းတလားကို ဖွင့်လိုက်ရာ သူ၏ မွေးရာပါ အလောင်းကောင်ရုပ်သေးရုပ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။
မည်းနက်နေသော အလောင်းကောင်ရုပ်သေးရုပ်သည် ပါးစပ်ကို ဖွင့်လိုက်ပြီး သွေးမြူများ အားလုံးကို ဗိုက်ထဲသို့ မျိုချလိုက်၏။
မူလက ပြတ်တောက်သွားသော လက်မောင်းများပေါ်တွင် အနက်ရောင် ချီစွမ်းအင်များ လူးလှိမ့်နေပြီး ဖြည်းညင်းစွာ ကြီးထွားလာနေသည်။
ကောင်းကင်ယံ အထက်တွင် မဟာအကြီးအကဲ ရှန်းထောင်သည် သူ၏ နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ကျောက်ကောင်းနှင့် သူ၏ သွေးအလောင်းကောင်ရုပ်သေးရုပ်ကို တစ်ယောက်တည်း တိုက်ခိုက်နေခဲ့သော်လည်း အသာစီး ရနေဆဲ ဖြစ်၏။
သို့သော် ထိုအခိုက်အတန့်တွင် ကျောက်ထိုက်ကျီးသည် ရှန်းထောင်ကို သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဧရာမ လက်ဝါးရာကြီးသည် ကောင်းကင်ကို လွှမ်းခြုံသွားပြီး လက်ချောင်း တစ်ချောင်းစီသည် ကောင်းကင်ကို ထောက်ပံ့ထားသော တိုင်များကဲ့သို့ ဖြစ်ကာ လက်ဝါး လမ်းကြောင်းများ ထွက်ပေါ်လာပြီး လမ်းကြောင်း တစ်ခုစီသည် နက်ရှိုင်းသော မြောင်းကြီးများကဲ့သို့ ဖြစ်၏။
အလောင်းကောင်သည် သူ၏ လက်ဝါးထဲတွင် တွန့်လိမ်နေပြီး ရှန်းထောင်ကို ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။
ရှန်းထောင်သည် ဟိန်းဟောက်လိုက်ပြီး သူ၏ မိစ္ဆာပုဆိန်များကို မြှောက်ကာ ဧရာမ လက်ကြီးထံသို့ တိုက်ရိုက် ခုတ်ချလိုက်၏။
မိစ္ဆာချီများ လူးလှိမ့်နေသော်လည်း သူသည် ဧရာမ လက်ကြီးကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။ ရှန်းထောင်၏ စူးရှသော အော်ဟစ်သံနှင့်အတူ သူသည် အမြောက်ဆံ တစ်ခုကဲ့သို့ ကောင်းကင်မှ ပြုတ်ကျသွားခဲ့သည်။