← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉) ရွှီကျွမ်၏ သေဆုံးမှု

မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွားလေ၏။

ယနေ့ နံနက်စောစောတွင် ကောင်းမိသားစု စခန်းသို့ အထူးဧည့်သည်တစ်ဦး ရောက်ရှိလာလေသည်။

ထိုသူမှာ ရွှီမိသားစု၏ မဟာအကြီးအကဲ ရွှီလျိုဟောက် ပင်ဖြစ်သည်။

ရွှီလျိုဟောက်၏ ဘေးတွင် ရွှီကျွမ်အမည်ရှိ မိန်းမပျိုလေးတစ်ဦးလည်း ပါလာလေ၏။

ကျိုးယွမ်သည် မှော်အဆောင်များ ရေးဆွဲနေချိန်တွင် မဟာအကြီးအကဲ၏ အမိန့်ဖြင့် တစ်စုံတစ်ယောက်က လာရောက်အကြောင်းကြားသဖြင့် သူ သွားရောက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ကျိုးယွမ်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ရွှီကျွမ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားခဲ့သော်လည်း ကောင်းကျန်းကျွန်းနှင့် ရွှီလျိုဟောက်တို့ ရှိနေသဖြင့် သူမအနေဖြင့် အလွန်အမင်း ထင်ရှားစွာ မပြသဝံ့ချေ။

ထို့ပြင် ကောင်းမိသားစုနှင့် ရွှီမိသားစုတို့၏ စေ့စပ်ထားမှုအရ ရွှီကျွမ်မှာ ကောင်းလုံ၏ သတို့သမီးလောင်း ဖြစ်ပေသည်။

သို့သော် ရွှီကျွမ်က သူမ၏ မတ်ဖြစ်သူကို သဘောကျနေပါက ရွှီမိသားစုအတွက်သာမက ကောင်းမိသားစုအတွက်ပါ အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။

ကျိုးယွမ် ခန်းမထဲသို့ ဝင်ရောက်သွားချိန်တွင် တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။ လေထုက အနည်းငယ် ပုံမှန်မဟုတ်ချေ။

မဟာအကြီးအကဲ ကောင်းကျန်းကျွန်းနှင့် ဒုတိယအကြီးအကဲ ကောင်းကဲတို့၏ မျက်နှာများမှာ အတော်လေး ကြည့်မကောင်းဘဲ သူတို့၏ မျက်မှောင်များမှာ ဒေါသဖြင့် တွန့်ချိုးနေလေ၏။

ကျိုးယွမ် ဝင်လာသည်ကို မြင်သောအခါ ရွှီလျိုဟောက်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ မျက်လုံးများတွင် လေးစားအားကျသည့် အရိပ်အယောင်တစ်ခု ပေါ်လွင်နေလေသည်။

ဘာတွေဖြစ်ပျက်နေမှန်း မသိသော ကျိုးယွမ်သည် ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့ကို လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်ပြီး စကားဆိုလိုက်လေ၏။

"မဟာအကြီးအကဲနဲ့ ဒုတိယအကြီးအကဲတို့ကို ဂါရဝပြုပါတယ်..."

ကောင်းကျန်းကျွန်း ခေါင်းညိတ်လိုက်ပြီး ကျိုးယွမ်ကို ပြောဆိုလိုက်လေသည်။

"ကောင်းဖေး... သူက ရွှီမိသားစုရဲ့ မဟာအကြီးအကဲပဲ..."

ကျိုးယွမ် အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ရွှီလျိုဟောက်ကို နှုတ်ဆက်လိုက်လေ၏။

"စီနီယာရွှီကို ဂါရဝပြုပါတယ်..."

ရွှီလျိုဟောက်သည် ကျိုးယွမ်ကို သေချာစွာ အကဲခတ်ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြောဆိုလေသည်။

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး..."

ရွှီလျိုဟောက်၏ စကားများတွင် လျှို့ဝှက်သော အဓိပ္ပာယ်တစ်ခု ပါဝင်နေကြောင်း ကျိုးယွမ် ခံစားလိုက်ရသော်လည်း သူ ခေါင်းညိတ်လိုက်ပြီးနောက် ဝင်ထိုင်လိုက်လေ၏။

ရွှီကျွမ်ကိုမူ သူ တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။

သူမမှာ အနည်းငယ် ဆွဲဆောင်မှုရှိသော်လည်း ရင်သားသေးငယ်ပြီး ဦးနှောက်မရှိသူဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ သိသာနေပေသည်။

ကောင်းကျန်းကျွန်း ချောင်းဟန့်လိုက်ပြီးနောက် မေးမြန်းလိုက်လေ၏။

"ကောင်းဖေး... အကြီးအကဲရွှီက မင်းရဲ့ အိမ်ထောင်ရေးကိစ္စကို ဆွေးနွေးဖို့ ယနေ့ ရောက်လာတာ... သူ့သမီးကို မင်းနဲ့ လက်ထပ်ပေးမယ်လို့ ကမ်းလှမ်းနေတယ်... မင်း ဘယ်လိုထင်လဲ..."

ဤစကားကို ကြားချိန်၌ ကျိုးယွမ်၏ စိတ်ထဲတွင် ကျိန်ဆဲသံ ထောင်ပေါင်းများစွာ ပဲ့တင်ထပ်သွားလေ၏။

ရွှီမိသားစု တစ်ခုလုံး ရူးသွပ်နေသည်မှာ သေချာပေသည်။

ရွှီမိသားစုနှင့် စေ့စပ်ထားသူမှာ ကောင်းလုံ ဖြစ်ကြောင်း ကျိုးယွမ် သိရှိထားပြီး ဖြစ်သည်။ ဤနေရာတွင် ဘာတွေ ဖြစ်ပျက်နေသနည်း။

မဟာအကြီးအကဲက သူ့ကို ဘယ်လိုထင်လဲဟုပင် မေးနေသေးသည်။

‘ငါက လှဲကြည့်မယ်... ထိုင်ကြည့်မယ်... မတ်တပ်ရပ်ကြည့်မယ်... အပေါ်မော့ကြည့်မယ်... အောက်ငုံ့ကြည့်မယ်... သောက်ကျိုးနည်း ငါ့မှာဘယ်လိုတွေးစရာလိုလို့လဲ’

ကျိုးယွမ်သည် စုန်းဟူနယ်မြေကို တတ်နိုင်သမျှ ရှုပ်ထွေးသွားစေချင်သော်လည်း ဤကိစ္စတွင် အလွန်အကျွံ မပတ်သက်ချင်ခဲ့ချေ။

"မဟာအကြီးအကဲ... ကျွန်တော်က အိမ်ထောင်ကျပြီးသားပါ... ဒါ့အပြင် ကောင်းမိသားစုနဲ့ ရွှီမိသားစုကြားက စေ့စပ်ထားတာက ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုလေ… ဒီလိုနောက်ပြောင်တာမျိုး မလုပ်ပါနဲ့..."

ကျိုးယွမ် ပြတ်သားစွာ ငြင်းပယ်လိုက်လေ၏။

အကယ်၍ သူသာ အမျိုးသမီးတစ်ဦးကို ရှာဖွေချင်ပါက နတ်ဆိုးကောင်းကင်ဂိုဏ်းမှ လန်ချင်းရွှယ်က မကောင်းဘူးလား။ သူမမှာ အလွန်တရာ လှပလွန်းလှပေသည်။

ရွှီကျွမ်မှာ သူမ၏ ဖိနပ်ကို သယ်ပေးရန်ပင် မထိုက်တန်ချေ။

ထို့ပြင် ပိုင်ယွင်ရှို့သည်သာ လောလောဆယ် သူ၏ စိတ်နှလုံးထဲသို့ ဝင်ရောက်လာသော တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည်။

ပိုင်ယွင်ရှို့နှင့် သူ၏ ဆက်ဆံရေးကို အပြည့်အဝ မဖြေရှင်းနိုင်သေးမီ ဤအသေးအဖွဲ ကိစ္စများကို ဖြေရှင်းရန် သူ စိတ်မဝင်စားချေ။

အမျိုးသမီးများသည် သူ၏ ဓားဆွဲထုတ်သည့် အမြန်နှုန်းကို နှေးကွေးသွားစေရုံသာ ရှိပေမည်။

မျှော်လင့်ချက် ကြီးစွာထားနေသော ရွှီကျွမ်မှာ ကျိုးယွမ်၏ စကားကို ကြားသည်နှင့်တစ်ပြိုင်နက် မျက်နှာ ချက်ချင်း ဖြူရော်သွားလေ၏။

ရွှီလျိုဟောက်၏ အမူအရာမှာလည်း အတော်လေး ကြည့်မကောင်းဖြစ်သွားလေသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"တတိယသခင်လေး... ငါတို့ ရွှီမိသားစုက အရင်တုန်းက ကောင်းမိသားစုနဲ့ မင်္ဂလာကိစ္စကို သဘောတူခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ ဘယ်သူနဲ့ဆိုတာကို ငါတို့ သတ်မှတ်မထားခဲ့ဘူးလေ... အခု ငါ့သမီးက မင်းကို သဘောကျနေပြီဆိုတော့ ဒီကိစ္စကို အတည်ပြုဖို့ ငါတို့ ဆုံးဖြတ်လိုက်တာပဲ…"

"ဒါ့အပြင် တတိယသခင်လေးရဲ့ မင်္ဂလာကိစ္စလို အရေးကြီးတဲ့ အရာတစ်ခုကို ကောင်းမိသားစုက ဘာလို့ မသိရတာလဲ... အဲ့ဒါက သိပ်ကောင်းတဲ့ ဆင်ခြေ မဟုတ်ဘူးနော်..."

ရွှီလျိုဟောက်၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။ ရွှီမိသားစုက မင်္ဂလာကိစ္စကို သဘောတူထားသော်လည်း မင်္ဂလာဖက်ကိုမူ သူ၏ သမီးကသာ ရွေးချယ်ရမည် ဖြစ်သည်။

ကောင်းကျန်းကျွန်းသည် ကျိုးယွမ်၏ စကားကို ကြားသောအခါ သက်ပြင်းချလိုက်နိုင်လေ၏။

ရွှီမိသားစုက တကယ်ကို လွန်လွန်းနေပြီ ဖြစ်သည်။

ကောင်းမိသားစုကို ဟင်းသီးဟင်းရွက်ဈေးဟုများ ထင်နေသလား။

သူတို့က ရှင်းလင်းစွာ သတ်မှတ်ထားသော မင်္ဂလာဖက်ကို ပြောင်းလဲနိုင်သည်ဆိုခြင်းမှာ တကယ်ကို ဒေါသထွက်စရာပင်။

သို့သော် ရွှီလျိုဟောက်က ကျိုးယွမ်ကို မေးမြန်းချိန်တွင် ကောင်းကျန်းကျွန်းသည် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ကျိုးယွမ်ကိုသာ တည်ငြိမ်စွာ ကြည့်နေလေ၏။

ကျိုးယွမ် အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောဆိုလိုက်လေသည်။

"စီနီယာရွှီ... ခင်ဗျား သိတဲ့အတိုင်းပဲ... ကျွန်တော်က ကောင်းမိသားစုရဲ့ တတိယသခင်လေး သက်သက်ပါပဲ..."

"ကျွန်တော့်ကို ကောင်းမိသားစုမှာ အရေးမပါတဲ့သူအဖြစ် သတ်မှတ်ထားကြတယ်... ဒါကြောင့် မိသားစုက ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော် ရွေးချယ်မှုအပေါ် ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး..."

"ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်ကို ကျွန်တော် ရွေးချယ်ပြီးသွားပြီ... ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သက်ဆုံးတိုင် ပေါင်းသင်းဖို့ ကတိပြုထားပြီးပြီ... သူမက ကျွန်တော့်ရဲ့ ကလေးကိုတောင် ကိုယ်ဝန်ဆောင်ထားပြီမို့ အဲ့ဒါကို ပြောင်းလဲဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး..."

ကျိုးယွမ်၏ ရှင်းပြချက်မှာ ယုတ္တိတန်လှပေသည်။

ကောင်းဖေးသည် ကောင်းမိသားစုတွင် တကယ်တမ်း အရေးပါသူ မဟုတ်ချေ။

အကယ်၍ အယောင်ဆောင် ကျိုးယွမ်သာ လုံလောက်စွာ အစွမ်းမထက်ခဲ့ပါက တတိယသခင်လေး ကောင်းဖေးမှာ ကောင်းမိသားစုအတွင်း လူသိနည်းသူအဖြစ် ကျန်ရှိနေမည်ဖြစ်ပြီး သူ၏ အစ်ကိုကြီး ကောင်းယန်၏ ဖိနှိပ်မှုကို လုံးဝ ခံနေရဦးမည် ဖြစ်သည်။

"ကျွန်မ မယုံဘူး... ကျွန်မ မယုံဘူး... အစ်ကို ကောင်းဖေး... အစ်ကို ကျွန်မကို လိမ်နေတာ မဟုတ်လား..."

ကျိုးယွမ် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရွှီကျွမ်၏ မျက်နှာမှာ ဖြူရော်သွားပြီး မျက်ရည်များ စီးကျလာလေ၏။

သူမသည် ကျိုးယွမ်ကို မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ကြည့်ကာ ခေါင်းခါပြပြီး သူမ မယုံကြည်ကြောင်း ပြသနေလေသည်။

ကျိုးယွမ် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"မင်းကို လိမ်ဖို့ ငါ့မှာ အကြောင်းပြချက် မရှိပါဘူး... ဘာပဲဖြစ်ဖြစ် မင်းက ငါ့အတွက် ဘာမှမှ မဟုတ်တာ..."

ကျိုးယွမ် စကားပြောပြီးသည်နှင့် ရွှီကျွမ်၏ မျက်နှာမှာ လုံးဝ ဖြူရော်သွားပြီး သူမ ငိုကြွေးကာ အပြင်သို့ ပြေးထွက်သွားလေတော့သည်။

ရွှီလျိုဟောက်၏ မျက်နှာမှာလည်း မှုန်ကုပ်သွားလေ၏။ သူ ကျိုးယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားလေသည်။

ဤအခိုက်အတန့်တွင် ရွှီလျိုဟောက်သည် ကောင်းမိသားစု တစ်ခုလုံးအပေါ် အမုန်းတရားများ ကိန်းအောင်းသွားလေပြီ။

ကောင်းကျန်းကျွန်း ပါးစပ်ဟကာ သူ့ကိုနေရန် ဖျောင်းဖျရန် စကားတစ်ခွန်းပြောချင်ခဲ့သော်လည်း သက်ပြင်းချလိုက်ပြီး ဘာမှ မပြောတော့ချေ။

ကျိုးယွမ် သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသော်လည်း ထို့နောက် ပြေလျော့သွားလေ၏။

မကြာမီ ဤဇာတ်လမ်းသည် စတင်ပျံ့နှံ့သွားပြီး နေ့တစ်ဝက်အတွင်းမှာပင် ဤနေရာရှိ အဖွဲ့အစည်း အားလုံးထံသို့ ရောက်ရှိသွားလေ၏။

ရွှီမိသားစုသည် ချက်ချင်းဆိုသလို ရယ်စရာတစ်ခု ဖြစ်သွားလေတော့သည်။

"ရွှီမိသားစုက တကယ်ကို ရယ်စရာကောင်းတာပဲ... တခြားသူတွေက လက်ဆောင်တွေ ပိုက်ဆံတွေ ပေးကြပေမဲ့ ရွှီမိသားစုက သူတို့ရဲ့ သမီးကို တိုက်ရိုက် ပေးတယ်... ပိုဆိုးတာက သူတို့ ငြင်းပယ်ခံရတာပဲ... ရွှီမိသားစုကတော့ မျက်နှာ လုံးဝ ပျက်သွားပြီ..."

"ရွှီကျွမ်က အနည်းငယ် ဆွဲဆောင်မှု ရှိတယ်ဆိုပေမဲ့ သူမက ကောင်းမိသားစုရဲ့ တတိယသခင်လေးနဲ့ လိုက်ဖက်ဖို့ လုံးဝ မလုံလောက်ပါဘူး..."

"ရွှီမိသားစုက ကောင်းဖေးကို စိတ်ဝင်စားတယ်လို့ ပြောတာထက် ရွှီမိသားစုက ကောင်းဖေးရဲ့ အဆင့် ၆ မိစ္ဆာသားရဲကို စိတ်ဝင်စားတယ်လို့ ပြောတာက ပိုမှန်လိမ့်မယ်..."

ဆွေးနွေးသံများမှာ အဆုံးမရှိဖြစ်နေပြီး မကြာမီ ရွှီလျိုဟောက် ရှိနေသော ရွှီမိသားစုထံသို့ ရောက်ရှိသွားရာ ရွှီလျိုဟောက်၏ မျက်နှာကို ပြာနှမ်းသွားစေလေ၏။

ကျိုးယွမ်သည် ဤအရာအားလုံးကို လျစ်လျူရှုကာ သူ၏ နေအိမ်သို့ ပြန်သွားပြီး ဤကိစ္စသည် လျင်မြန်စွာ ပြီးဆုံးသွားမည်ဟု ယူဆလိုက်လေသည်။

နောက်တစ်နေ့ ညနေပိုင်းတွင် ရွှီကျွမ် စေလွှတ်လိုက်သူထံမှ ကျောက်စိမ်းပြား တစ်ပြားကို သူ လက်ခံရရှိခဲ့ပြီး သူမနှင့် ထွက်တွေ့ရန် တောင်းဆိုထားလေ၏။

ကျိုးယွမ်သည် ဒုတိယအကြိမ် မစဉ်းစားတော့ဘဲ ကျောက်စိမ်းပြားကို ချေမွလိုက်ပြီး ထိုကိစ္စကို လုံးဝ လျစ်လျူရှုထားလိုက်လေသည်။

သို့သော် ထိုညတွင်ပင် ရွှီမိသားစုမှ လူအုပ်ကြီးတစ်စုသည် ဝမ်းနည်းပူဆွေးမှုများနှင့် ဒေါသများ ပြည့်နှက်လျက် သူတို့၏ တံခါးဝသို့ ရောက်ရှိလာကြလေ၏။

ရွှီကျွမ် သေဆုံးသွားလေပြီ။ နှလုံးကို မြားဖြင့် ထိုးဖောက်ခံရကာ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ သူမ၏ အခြေတည်စိတ်ဝိညာဉ်မှာလည်း အပိုင်းပိုင်း အစစ ပျက်စီးသွားခဲ့လေပြီ။

ရွှီမိသားစုသည် ရွှီကျွမ်၏ အလောင်းကို သယ်ဆောင်ကာ ရောက်ရှိလာပြီး ရွှီကျွမ်သည် ကောင်းဖေး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု စွပ်စွဲကြလေ၏။

သူတို့တွင် မျက်မြင်သက်သေ တစ်ဦးလည်း ရှိပြီး ထိုမျက်မြင်သက်သေမှာ ရွှီမောင်း ဖြစ်လေသည်။

ဤအခိုက်အတန့်တွင် ရွှီမောင်းမှာ အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေပြီး သွေးများဖြင့် ဖုံးလွှမ်းကာ သူ၏ ဘယ်ဘက်ပခုံးကို ဓားဖြင့် ထိုးဖောက်ခံထားရလေ၏။

ဤအဖြစ်အပျက်က ကောင်းမိသားစုအတွင်း ပုံမှန်မဟုတ်ဘဲ ဆူညံသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။ အင်အားစု အများအပြားသည် ပွဲကြည့်ရန် အနီးအနားတွင် စုရုံးလာကြလေ၏။

ဤလူများအထဲတွင် ကြယ်ကိုးလုံးဂိုဏ်းနှင့် ယင်ယန်နန်းတော်မှ လူများလည်း ပါဝင်ပြီး သူတို့အားလုံး၏ မျက်နှာများပေါ်တွင် အေးစက်သော အပြုံးများ ရှိနေကြလေသည်။

ကောင်းမိသားစုသည် ဆက်ဆံရေးကောင်းမွန်သော ရွှီမိသားစုကို စော်ကားခြင်းဖြင့် သေဘေးကို ရူးမိုက်စွာ ဖိတ်ခေါ်နေပြီး သေရာပါ ရန်ငြိုးတစ်ခုကိုပင် ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ "တစ်စုံတစ်ယောက်ကို ဖျက်ဆီးချင်လျှင် သူတို့ကို အရင်ဆုံး ရူးသွပ်သွားအောင် လုပ်ရမည်" ဆိုသည့် စကား၏ အဓိပ္ပာယ်ပင် ဖြစ်သည်။

မူလက အဆင့် ၆ ကျင့်ကြံခြင်း အင်အားစု အနည်းငယ်သာ ရှိသော်လည်း ယခုအခါ ကောင်းမိသားစုသည် ထိုအင်အားစုထဲမှ ၃ ခုကို စော်ကားထားရာ အားလုံးနီးပါးကို စော်ကားလိုက်ခြင်းပင် ဖြစ်လေ၏။

အခန်း (၂၄၀) ရန်သူများ ဝန်းရံခြင်း

ကောင်းကျန်းကျွန်းသည် သူ၏ ရှေ့ရှိ မြင်ကွင်းကို မျက်နှာပျက်ပျက်ဖြင့် ကြည့်လိုက်ပြီးနောက် ဘေးရှိလူကို ပြောဆိုလိုက်လေ၏။

"သွား... ကောင်းဖေးကို ဒီနေရာသို့ ခေါ်ခဲ့စမ်း..."

ဤအခိုက်အတန့်တွင် ကောင်းကျန်းကျွန်းသည် ပူးပေါင်းကြံစည်မှုတစ်ခုကို အာရုံခံမိလိုက်လေ၏။ တစ်စုံတစ်ယောက်က ကောင်းမိသားစုကို ပစ်မှတ်ထားရန် ကြိုးစားနေခြင်း ဖြစ်သည်။

"ကောင်းကျန်းကျွန်း... ကောင်းဖေးက အကြင်နာကင်းမဲ့ပြီး ရူးသွပ်နေတာပဲ... သူက ငါ့သမီးကို တကယ် သတ်ပစ်ခဲ့တယ်..."

"ငါတို့ ရွှီမိသားစုက မင်းတို့ ကောင်းမိသားစုနဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့တာ တကယ်ကို ကံဆိုးစေတာပဲ..."

ရွှီလျိုဟောက်သည် ကောင်းကျန်းကျွန်းကို ဒေါသတကြီး တောက်လောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေ၏။

အကယ်၍ သူသာ အသိတရား အနည်းငယ် မကျန်ရှိတော့ပါက ရွှီမိသားစုကို ကောင်းမိသားစုအား တိုက်ခိုက်ရန် အမိန့်ပေးပြီးလောက်ပြီ ဖြစ်သည်။

ကောင်းကျန်းကျွန်းသည် တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"တာအိုမိတ်ဆွေရွှီ... ငါ သိရသလောက်တော့ တတိယသခင်လေးက သူ့အခန်းထဲကနေ ဘယ်တော့မှ ထွက်မသွားဘူး..."

"တစ်စုံတစ်ယောက်က တတိယသခင်လေးကို တမင်သက်သက် အကွက်ဆင်ပြီး ငါတို့ မိသားစု နှစ်ခုကြားမှာ ရန်ပွဲဖြစ်အောင် လှုံ့ဆော်နေတာ ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ ငါ ထင်တယ်..."

ကောင်းကျန်းကျွန်း၏ စကားကို ကြားသောအခါ ရွှီလျိုဟောက်က အေးစက်စွာ ပြန်ပြောလိုက်လေ၏။

"ကောင်းကျန်းကျွန်း... ငြင်းဆိုဖို့ မကြိုးစားနဲ့... ငါ့ဆီမှာ မှတ်တမ်းတင်ကျောက်တုံး ရှိတယ်..."

ရွှီလျိုဟောက် စကားပြောပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ မှတ်တမ်းတင်ကျောက်တုံး တစ်တုံး ပေါ်လာပြီးနောက် လူတိုင်းကို ပုံရိပ်များစွာ ပြသလိုက်လေ၏။

ရုပ်သံမှတ်တမ်းတွင် ရွှီကျွမ်သည် သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်နေပြီး အဝေးသို့ စိုးရိမ်တကြီး အမူအရာဖြင့် ရံဖန်ရံခါ လှမ်းကြည့်နေသည်ကို တွေ့ရသည်။

မြင်ကွင်းက ပြောင်းသွားပြီး ရွှီကျွမ်သည် ဝမ်းသာအားရ အမူအရာဖြင့် ရှေ့သို့ ပြေးသွားလေ၏။ ထို့နောက် မြင်ကွင်းထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

အမှောင်ထဲတွင် ဖြစ်သောကြောင့် ပုံရိပ်မှာ အလွန် မရှင်းလင်းလှသော်လည်း အသစ်ပေါ်လာသော ပုံရိပ်မှာ ကောင်းမိသားစုမှ ကောင်းဖေးနှင့် တူလေ၏။

ရွှီကျွမ်က ဝမ်းသာအားရ ရှေ့သို့ တက်သွားချိန်တွင် ထိုပုံရိပ်က ရုတ်တရက် ရွှီကျွမ်၏ ရင်ဘတ်ကို ဓားဖြင့် ထိုးသွင်းလိုက်ပြီးနောက် ရွှီကျွမ်၏ နဖူးကို လက်ညှိုးဖြင့် ထောက်လိုက်လေ၏။

ရွှီကျွမ် မှင်တက်သွားပြီးနောက် လဲကျသွားလေသည်။

ထိုချိန်တွင် မြင်ကွင်းက ပြောင်းသွားပြီး ရွှီမောင်း ပေါ်လာကာ ထိုပုံရိပ်နှင့် တိုက်ခိုက်လေ၏။

ရွှီမောင်းမှာ ထိုအမျိုးသား၏ ပြိုင်ဘက် မဟုတ်ချေ။ သူသည် ထိုအမျိုးသား၏ ဓားဖြင့် ဘယ်ဘက်ပခုံးကို အထိုးခံရပြီး တစ်ချိန်တည်းမှာပင် အဝေးသို့ ကန်ထုတ်ခံလိုက်ရလေသည်။

ဤသည်မှာ မှတ်တမ်းတင်ကျောက်တုံးမှ ဖမ်းယူထားသော မြင်ကွင်း တစ်ခုလုံး ဖြစ်သော်လည်း ကောင်းဖေး၏ မျက်နှာကိုမူ တစ်ခါမျှ မပြသခဲ့ဘဲ သူ၏ ဘေးတိုက်ရုပ်သွင်ကိုသာ မြင်တွေ့ရလေ၏။

"ကောင်းကျန်းကျွန်း... မင်း ဒါကို သေချာ မြင်ပြီးပြီလား... အခု မင်း ဘာပြောစရာ ရှိသေးလဲ..."

ရွှီလျိုဟောက် သွားကြိတ်ကာ တုန်ရီနေလေ၏။ ကောင်းဖေးက သူ၏ သမီးကို သတ်ရန် ဤမျှလောက် ရက်စက်လိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ချေ။

ကောင်းကျန်းကျွန်း မျက်မှောင်ကြုတ်သွားလေ၏။

ကျောပြင်ကိုသာ ကြည့်မည်ဆိုပါက ထိုသူမှာ ကောင်းဖေးနှင့် တကယ်တမ်း တူလှပေသည်။

သို့သော် ကောင်းဖေး အပြင်သို့ ဘယ်တော့မှ မထွက်ခဲ့ကြောင်း ကောင်းကျန်းကျွန်း ကောင်းစွာ သိရှိထားပေသည်။

ထိုအချိန်တွင် ကျိုးယွမ်နှင့် ကောင်းမိသားစုမှ တပည့်တစ်ဦးတို့ တဖြည်းဖြည်း ပေါ်လာကြလေ၏။

"ကောင်းဖေး... မင်းရဲ့ အသက်ကို ငါ့ဆီ ပေးတာ ပိုကောင်းမယ်..."

ကျိုးယွမ်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ရွှီလျိုဟောက် ဒေါသတကြီး ဖြစ်သွားပြီး ကျိုးယွမ်အပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာသဖြင့် လူအများအပြား၏ မျက်နှာအရောင်ကို ပြောင်းလဲသွားစေလေ၏။

ကောင်းကျန်းကျွန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ကိုယ်ပိုင် လက်ဝါးရိုက်ချက်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်ရာ ရွှီလျိုဟောက်၏ လက်ဝါးရိုက်ချက်နှင့် တိုက်ရိုက် ရိုက်ခတ်သွားလေ၏။

ကျယ်လောင်သော "ဝုန်း" ခနဲ အသံနှင့်အတူ ကောင်းကျန်းကျွန်းနှင့် ရွှီလျိုဟောက် နှစ်ဦးစလုံး နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားကြလေသည်။

အမျိုးသား နှစ်ဦး၏ လက်ဝါးရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော အကာအကွယ် အရှိန်အဝါများသည် ပတ်ဝန်းကျင်သို့ လိမ့်တက်သွားပြီး လူအများအပြားသည် မခံနိုင်ဘဲ တိုက်ရိုက် လွင့်စင်သွားကြလေ၏။

ကျိုးယွမ်သည် ဤအရာအားလုံးကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေလေ၏။ ရွှီကျွမ် သေဆုံးသွားပြီဖြစ်ကြောင်း လမ်းခရီးတွင် သူ သိရှိခဲ့ပြီး ဖြစ်သည်။

ရွှီကျွမ် သေဆုံးတော့မည်ဖြစ်ကြောင်းနှင့် ရွှီကျွမ်ကို သတ်မည့်သူမှာ ရွှီမောင်း ဖြစ်ကြောင်း လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ကျိုးယွမ် သိရှိထားခဲ့ပေသည်။

တစ်ဖက်လူက ထို မှတ်တမ်းတင်ကျောက်တုံးကို ဘယ်လိုရသွားသလဲဆိုတာကိုတော့ ငါ တကယ် မသိဘူး…

"ကောင်းကျန်းကျွန်း... ငါတို့ နှစ်ဖက်စလုံး စစ်ပွဲ ဖြစ်ချင်နေတာလား..."

ရွှီလျိုဟောက်၏ မျက်လုံးများတွင် လူသတ်လိုသော အရောင်များ ဖြတ်ပြေးသွားပြီး ကောင်းကျန်းကျွန်းနှင့် ကျိုးယွမ်တို့ကို စူးစိုက်ကြည့်နေလေ၏။

ကောင်းကျန်းကျွန်း အဖြေမပေးမီမှာပင် ကျိုးယွမ်သည် ရှေ့သို့ တစ်လှမ်း တက်လာပြီး သူ့အနားသို့ သွားလိုက်လေ၏။

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ကျိုးယွမ်သည် ခေါင်းသုံးလုံးဝိညာဉ်မြွေကို ဆင့်ခေါ်လိုက်လေသည်။

"ရွှီ မျိုးရိုးနာမည်နဲ့ လူကြီး... တကယ်လို့ ငါ ကောင်းဖေးက လူတစ်ယောက်ကို သတ်ချင်တယ်ဆိုရင် ဒီလို ဒုက္ခခံနေစရာ မလိုပါဘူး... မင်းကို ငါ တိုက်ရိုက် သတ်ပစ်လိုက်မယ်... မင်းတို့ ရွှီမိသားစု တစ်ခုလုံးကိုတောင် ငါ မျိုးဖြုတ်ပစ်လိုက်မယ်..."

" ဒီရက်ပိုင်းအတွင်း ငါ့နေရာကနေ ငါ ဘယ်မှ မထွက်ခဲ့ဘူး... ပြီးတော့ ရွှီကျွမ်ရဲ့ သေဆုံးမှုက ငါနဲ့ ဘာမှ မဆိုင်ဘူး..."

"ဒါပေမဲ့ ရွှီကျွမ်ရဲ့ သေဆုံးမှုကို ငါ့အပေါ် ပုံချချင်နေတယ်ဆိုရင်လည်း လာခဲ့လေ... လူအနည်းငယ် ထပ်သတ်ရမှာကို ငါ ဂရုမစိုက်ပါဘူး..."

ကျိုးယွမ်သည် လေထဲသို့ ခုန်တက်သွားပြီး ခေါင်းသုံးလုံးဝိညာဉ်မြွေ၏ အလယ်ရှိ ဧရာမ ခေါင်းကြီးပေါ်တွင် ရပ်လိုက်ကာ သူ၏ မျက်လုံးများမှာ ပုံမှန်မဟုတ်ဘဲ အေးစက်နေလေ၏။

ကျိုးယွမ် စကားပြောပြီးနောက် တစ်နေရာလုံး ချက်ချင်း တိတ်ဆိတ်သွားလေ၏။

ခေါင်းသုံးလုံးဝိညာဉ်မြွေထံမှ ထွက်ပေါ်လာသော ဖိအားကို ခံစားလိုက်ရပြီးနောက် လူအများအပြားသည် သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများကို မဖော်ပြဘဲ မနေနိုင်အောင် ဖြစ်သွားကြပြီး တစ်ချိန်တည်းမှာပင် အဆုံးမရှိသော လောဘရမ္မက်များလည်း ပေါ်လာလေ၏။

"ကောင်းဖေး ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ငါထင်တယ်... သူက ယင်ယန်နန်းတော်ရဲ့ အကြီးအကဲကို တွန့်ဆုတ်မှုမရှိဘဲ သတ်နိုင်တယ်ဆိုရင် ဒီလိုကိစ္စမျိုး လုပ်ဖို့ သူအတွက် မလိုအပ်ဘူးလေ..."

"အဲ့ဒါက သေချာပေါက်တော့ မဟုတ်ဘူး... ကောင်းဖေးက အထီးကျန်ဆန်တဲ့ လူတစ်ယောက်လေ... ကောင်းမိသားစုရဲ့ အကြီးအကဲ သုံးယောက်က သူ့လက်ချက်နဲ့ သေခဲ့ရတာ... သူ့လူတွေကိုတောင် သူ သတ်သေးတာပဲ... တခြားသူတွေဆိုရင် ပြောစရာတောင် မလိုတော့ဘူး…”

"ကောင်းမိသားစုမှာ ဘာတွေ ဖြစ်နေတာလဲ... သူတို့က ကြယ်ကိုးလုံးဂိုဏ်း၊ ယင်ယန်နန်းတော်နဲ့ ရွှီမိသားစု အားလုံးကို တစ်ပြိုင်နက်တည်း စော်ကားလိုက်တာပဲ... သူတို့က သေချင်နေတာလား..."

"ဘယ်သူသိမှာလဲ... ဒါပေမဲ့ သူတို့ကို နောက်ခံပေးထားတဲ့ အဆင့် ၆ မိစ္ဆာသားရဲက ကာကွယ်ပေးထားတော့ သူတို့ဆီမှာ ဒီလိုယုံကြည်ချက် ရှိတာပေါ့"

ကြည့်ရှုနေသူများသည် အချင်းချင်း တီးတိုး ပြောဆိုနေကြပြီး လူအများအပြားသည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိကြလေ၏။

"ရိုင်းစိုင်းလိုက်တာ... အဆင့် ၆ မိစ္ဆာသားရဲကို ပိုင်ဆိုင်ထားရုံနဲ့ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ တကယ်ပဲ ထင်နေတာလား..."

ထိုချိန်တွင် ကြည်လင်ပြီး အေးစက်သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာပြီးနောက် မျက်နှာဖုံးတပ်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာကာ အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။

ဤသူမှာ အခြားမဟုတ်ဘဲ ပန်းတစ်ရာနန်းတော်မှ ပန်းတစ်ရာနတ်သမီးပင် ဖြစ်ပြီး ကောင်းကင်ဖြစ်စဉ်အဆင့် ရှိ အစွမ်းထက်သူတစ်ဦး ဖြစ်လေသည်။

အကယ်၍ အတိတ်ကဆိုလျှင် ကျိုးယွမ်သည် ဤမျှလောက် အစွမ်းထက်သော ပြိုင်ဘက်နှင့် ကြုံတွေ့ရပါက သူ၌ ထွက်ပြေးရန်ဟူသော အတွေးတစ်ချက်တည်းသာ ရှိပေလိမ့်မည်။

သို့သော် ကျိုးယွမ်သည် မည်သည့် ကြောက်ရွံ့မှုမျှ မပြဘဲ ပန်းတစ်ရာနတ်သမီးကို တည်ငြိမ်စွာ ကြည့်နေလေ၏။

ကောင်းကျန်းကျွန်း၊ ကောင်းကဲနှင့် အခြားသူများသည် ပန်းတစ်ရာနတ်သမီး ပေါ်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများ ချက်ချင်း ဖြူရော်သွားပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။

ကောင်းကင်ဖြစ်စဉ်အဆင့်သည် ကောင်းကင်တံခါးအဆင့်ထက် အဆင့်တစ်ဆင့်သာ မြင့်မားသကဲ့သို့ ထင်ရသော်လည်း စွမ်းအားမှာ အဆပေါင်းများစွာ တိုးပွားလာပေသည်။

ကြည့်ရှုနေသူများသည် လုံးဝ တိတ်ဆိတ်နေကြပြီး စကားတစ်ခွန်းမျှ မပြောရဲကြချေ။

ရွှီလျိုဟောက်သည် ပန်းတစ်ရာနတ်သမီးကို ကြည့်လိုက်ပြီးနောက် အလျင်အမြန် လက်နှစ်ဖက်ယှက် အရိုအသေပေးကာ ပြောဆိုလိုက်လေ၏။

"နတ်သမီး... ကျွန်တော့်ရဲ့ ရွှီမိသားစုအတွက် တရားမျှတအောင် လုပ်ပေးပါ..."

ပန်းတစ်ရာနတ်သမီးသည် ရွှီလျိုဟောက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်လေ၏။

"မိသားစုခေါင်းဆောင်ရွှီ... စိတ်ချပါ... ငါ ဝင်ပါပြီဆိုမှတော့ မင်းတို့ ရွှီမိသားစုကို တရားမျှတအောင် လုပ်ပေးမယ်"

ရွှီလျိုဟောက်က အလျင်အမြန် ပြောဆိုလိုက်လေ၏။

"ကျေးဇူးတင်ပါတယ် နတ်သမီး..."

ကျိုးယွမ်သည် ဤမြင်ကွင်းကို အေးစက်စွာ ကြည့်နေပြီးနောက် ရယ်မောလိုက်လေ၏။

"ပန်းတစ်ရာနန်းတော်က စုန်းဟူနယ်မြေမှာ လတ်ဆတ်တဲ့ လေပြေလေး တစ်ခုလို့ ငါ မူလက ထင်ခဲ့တာ... ဒါပေမဲ့ စုန်းဟူနယ်မြေမှာ အယုတ်မာဆုံး နေရာတစ်ခု ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."

"မင်းက ငါ့အောက်က ခေါင်းသုံးလုံးဝိညာဉ်မြွေကို မျက်စိကျနေတာ ရှင်းနေတာပဲ... ဒါပေမဲ့ မင်းက ဆင်ခြေအမျိုးမျိုး ပေးနေသေးတယ်..."

"ဒါပေမဲ့ ဒီကိစ္စကို ငါ ရှင်းရှင်းလင်းလင်း ပြောထားမယ်... ခေါင်းသုံးလုံးဝိညာဉ်မြွေကို မင်း ယူသွားလို့ မရဘူး..."

ကျိုးယွမ် စကားပြောနေစဉ် ပတ်ဝန်းကျင် တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားလေ၏။

ထိုအခိုက်အတန့်တွင် လူတိုင်းသည် ကျိုးယွမ်ကို သေတော့မည့် လူတစ်ယောက်အဖြစ် ကြည့်နေကြလေပြီ။

အဆင့် ၆ မိစ္ဆာသားရဲက ကြောက်မက်ဖွယ် ကောင်းလှသော်လည်း အစွမ်းထက်သော ကောင်းကင်ဖြစ်စဉ်အဆင့်နှင့် ယှဉ်လျှင် ပြိုင်ဘက် မဟုတ်ချေ။

သူတို့သည် ကောင်းကင်ဖြစ်စဉ်အဆင့်၏ ပြိုင်ဘက် မဟုတ်ကြချေ။

အကယ်၍ ပန်းတစ်ရာနန်းတော်ကို စော်ကားလိုက်ပါက ယင်ယန်နန်းတော်၊ ကြယ်ကိုးလုံးဂိုဏ်းနှင့် ရွှီမိသားစုတို့သည် သေချာပေါက် အတူတကွ တိုက်ခိုက်ကြပေလိမ့်မည်။

ဤအခိုက်အတန့်တွင် လူအများအပြား၌ တူညီသော အတွေးတစ်ခု ရှိနေကြလေ၏။

‘ကောင်းမိသားစုတော့ ပြီးပြီ…’

ကောင်းကျန်းကျွန်းနှင့် ကောင်းကဲတို့ နှစ်ဦးစလုံး တစ်ချိန်တည်းမှာပင် ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားကြလေ၏။

ဤအရာသည် အဓိကအားဖြင့် ခေါင်းသုံးလုံးဝိညာဉ်မြွေကြောင့် ဖြစ်ကြောင်း သူတို့ သိထားသော်လည်း သူတို့ တိုက်ရိုက် မပြောနိုင်ခဲ့ချေ။

အကြောင်းမှာ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် နောက်ကြောင်းပြန်လှည့်ရန် မရှိတော့သောကြောင့် ဖြစ်သည်။

All Chapters