← Chapters

လူသားတို့၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့သည် ထပ်တူမကျနိုင်ပါ

Vol. 29 Ch. 283

လူသားတို့၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့သည် ထပ်တူမကျနိုင်ပါ

Vol. 29 Ch. 283

ဘုန်း

ဝမ်တောက်ကျောင်းတော် ကောင်းကင်စိတ်ဝိညာဉ်ဌာနအတွင်း၌

ဌာနမှူး၏ သီးသန့်ခြံဝင်းအတွင်းမှ ပြင်းထန်လှသော အရှိန်အဝါတစ်ခုသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပွင့်ထွက်လာပြီး ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ထိုးတက်သွားတော့၏။

၎င်းသည် ဝမ်တောက်ကျောင်းတော် တစ်ခုလုံးရှိ ကျင့်ကြံသူအားလုံး၏ အာရုံကို ချက်ချင်းပင် ဖမ်းစားလိုက်လေသည်။

“ဒါ ဘာကြီးလဲဟ”

မြောင်တောင်ပေါ်တွင် သူတော်စင်ရွှေတောင်ပံ ပျော်ရွှင်ရသည်မှာ သုံးစက္ကန့်ပင် မပြည့်သေးမီ ထိုကြီးမားသော လှုပ်ခတ်မှုကြောင့် လန့်ဖျပ်သွားရ၏။

“ဓားဘုရင်ရှောက်ယောင် အဆင့်တက်သွားပြီ”

“ဆရာ အဆင့်တက်သွားပြီ”

ချူဖုန်းနှင့် ပင်းယန်တို့ တပြိုင်တည်း ပြောလိုက်ကြသည်။

သူတော်စင်ရွှေတောင်ပံ ထိုအရှိန်အဝါကို ခံစားကြည့်ပြီးနောက် ပြောလိုက်၏။

“တကယ် အဲ့ဒီ လေလွင့်ကောင်လေးပဲ။ နောက်ဆုံးတော့ ငါလည်း ပြန်ပြီး လက်ရည်စမ်းဖို့ လူတစ်ယောက် တွေ့ပြီပေါ့”

ချူဖုန်း သူ့ကို မျက်လုံး လှန်လိုက်သည်။ “ခင်ဗျား လူလိုသူလိုလေး မနေနိုင်ဘူးလား”

သူတော်စင်ရွှေတောင်ပံ ပြန်ဖြေသည်။

“ကျွန်တော်က အစတည်းက လူမှမဟုတ်တာ။ ဒါပေမဲ့ ခင်ဗျားပြောတာလည်း မမှားပါဘူး။ သူ့ကို နှစ်ရက်လောက်တော့ ပျော်ခွင့်ပေးလိုက်ပါဦးမယ်။ ပြီးမှ သွားပြီး လက်ရည်စမ်းတာပေါ့။ ဒါမှ သူလည်း မျက်နှာမပျက်မှာ”

ချူဖုန်း သူ့ပုခုံးကို ပုတ်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ “ရွှေတောင်ပံ... ခင်ဗျား ကြီးပြင်းလာပြီပဲ။ စဉ်းစားဆင်ခြင်တတ်လာပြီ”

သူတော်စင်ရွှေတောင်ပံ “…”

သူ ပြန်ပြောချင်သော်လည်း တစ်ဖက်လူကို မနိုင်သည့်အတွက်ကြောင့်သာ တိတ်ဆိတ်နေလိုက်ရ၏။

နောက်တစ်နေ့တွင် ဓားဘုရင်ရှောင်ယောင်သည် သူတော်စင်တစ်ပိုင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ထူးခြားကောင်းကင်ဖြစ်စဉ်ကြီးတစ်ခုသည် ဝမ်တောက်ကျောင်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။

တပည့်များဖြစ်စေ ဆရာများဖြစ်စေ အားလုံးမှာ ထိုဖြစ်စဉ်အောက်၌ စတင်ကျင့်ကြံကြတော့သည်။

ထိုဖြစ်စဉ်ကြီး ပြီးဆုံးသွားသည်နှင့် ဝမ်တောက်ကျောင်းတော်၏ နေရာအနှံ့အပြားမှ နောက်ထပ် ပြင်းထန်သော အရှိန်အဝါအချို့ ထပ်မံပွင့်ထွက်လာပြန်သည်။

ကျင့်ကြံခြင်း ပြီးဆုံးသွားသော တပည့်များနှင့် ဆရာများသည် ထိုအရှိန်အဝါသစ်များကို ခံစားမိလိုက်ချိန်တွင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်ကြတော့၏။

“ငါတို့ ဝမ်တောက်ကျောင်းတော်မှာ နောက်ထပ် ဌာနမှူးတစ်ယောက် သူတော်စင်တစ်ပိုင်းအဆင့်ကို တက်တော့မယ်”

“ဒီအရှိန်အဟုန်နဲ့ဆိုရင် ဝမ်တောက်ကျောင်းတော်ရဲ့ ကျန်တဲ့ ဌာနမှူး ရှစ်ယောက်လုံး သူတော်စင်တစ်ပိုင်းတွေ ဖြစ်လာကြတော့မှာပဲ။ သူတို့ အဆင့်တက်တဲ့ အရှိန်အဝါကို ဆင်ခြင်ပြီး ငါတို့လည်း နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်မှာ”

ဌာနမှူးအဆင့် လူရှစ်ဦး တစ်ပြိုင်တည်း သူတော်စင်တစ်ပိုင်းအဖြစ် အဆင့်တက်ခြင်းမျိုးမှာ မြင့်မြတ်နယ်မြေ တစ်ခုမှာပင် တွေ့ရခဲလှပြီး ရာစုနှစ်ပေါင်းများစွာ သို့မဟုတ် ထောင်စုနှစ်တစ်ခုမှ တစ်ကြိမ်သာ ကြုံရတတ်သည့် မြင်ကွင်းမျိုးပင်။

ချူဖုန်း ကောင်းကင်သို့ တက်နေသော အရှိန်အဝါများကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။

“ဒါ မြင့်မြတ်နယ်မြေမှာ ကျင့်ကြံရတဲ့ အကျိုးကျေးဇူးပဲ ဖြစ်ရမယ်။ နာမည်ကျော် ဆရာကောင်းတွေ ရှိရုံတင်မကဘူး။ တစ်ခါတလေ အဆင့်တက်ဖို့ ကူညီပေးတဲ့ ကောင်းကင်ဖြစ်စဉ်တွေတောင် ကျဆင်းလာတတ်သေးတယ်”

ဘေးနားတွင် ကျင့်ကြံခြင်း ပြီးဆုံးသွားသော ပင်းယန်က သူမ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

“ဒါတွေအားလုံးက ချူဖုန်း ရဲ့ ကျေးဇူးတွေကြောင့်ပါ။ ရှင့်နာမည်က တစ်ကမ္ဘာလုံးကို တုန်ဟီးသွားအောင် မလုပ်ခဲ့ရင် ဆရာနဲ့ တခြားသူတွေလည်း ဒီလို ဆုံးဖြတ်ချက်မျိုး ချဖြစ်မှာ မဟုတ်ဘူး”

ကျောင်းအုပ်ကြီး၏ သီးသန့်ခြံဝင်းအတွင်း၌

ကျောင်းအုပ်ကြီးသည် သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း တက်ကြွစွာ ရယ်မောလိုက်သည်။ “ဒီဘဝမှာတော့ ဝမ်တောက်ကျောင်းတော်ရဲ့ အရှိန်အဝါ တောက်ပတော့မှာပဲ။ ငါ သိချင်တာတစ်ခုပဲ။ ဒီခေတ်မှာ ဘယ်သူကများ ဧကရာဇ်ပလ္လင်ကို တက်လှမ်းပြီး နယ်ပယ်ရှစ်ခုလုံးကို တုန်လှုပ်စေမလားဆိုတာပဲ”

ကောင်းကင်စိတ်ဝိညာဉ်ဌာနအတွင်း၌

သူတော်စင်ရှောင်ယောင်သည် ပြင်းထန်သော အရှိန်အဝါ ရှစ်ခုကို ကြည့်ကာ ခပ်ပါးပါး ပြုံးလိုက်၏။

“ဒီအဘိုးကြီးတွေ... နောင်ကျရင် ငါ့ရှေ့မှာ ဘယ်လိုများ ကြွားကြမလဲ ကြည့်ကြသေးတာပေါ့”

ထို့နောက် သူ ယဲ့လင်းရှောင်ဘက်သို့ လှည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“လင်းရှောင်... ငါ့ရဲ့ အမှတ်အသားကို ယူပြီး အကြီးအကဲတွေကို သွားအကြောင်းကြားလိုက်။ ငါ ခုနစ်ရက်တိုင်တိုင် တာအိုဟောကြားမယ်။ ကောင်းကင်စိတ်ဝိညာဉ်ခန်းမရဲ့ အကြီးအကဲတွေ၊ ကြီးကြပ်သူတွေနဲ့ တိုက်ရိုက်တပည့်တွေ အားလုံး ဒီသူတော်စင်တစ်ပိုင်းရဲ့ ဟောပြောပွဲကို တက်ရောက်ခွင့် ရမယ်”

“ဟုတ်ကဲ့ပါ ဆရာ”

ယဲ့လင်းရှောင်သည် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် အမှတ်အသားကို လက်ခံယူကာ အကြီးအကဲများကို အကြောင်းကြားရန် အပြေးထွက်သွားတော့၏။ ယခုအခါ ကောင်းကင်စိတ်ဝိညာဉ်ဌာနတွင် သူတော်စင်တစ်ပိုင်းတစ်ဦး ရှိနေပြီဖြစ်ရာ သူသည် ဝမ်တောက်ကျောင်းတော်၏ နောက်ထပ် သူတော်စင်လောင်းလျာ ဖြစ်လာရန်မှာ အချိန်တစ်ခုသာ လိုတော့ပေသည်။

ခုနစ်ရက် ကြာပြီးနောက် သူတော်စင်ရှောင်ယောင်သည် ကောင်းကင်စိတ်ဝိညာဉ်ဌာန၌ တာအိုပို့ချနေချိန်တွင် အခြားသော ဌာနမှူးများမှာ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေကြ၏။

သူတော်စင်ရွှမ်ဟော့သည် ချူဖုန်းကို ရှာရန် မြောင်တောင်သို့ ရောက်လာသည်။

“ဒီဂျူနီယာက စီနီယာကို ဂါရဝပြုပါတယ်။ ပြီးတော့ သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ် ခင်ဗျာ”

ချူဖုန်းက တက်ကြွသော အပြုံးဖြင့် သူတော်စင်ရွှမ်ဟော့ကို နှုတ်ဆက်လိုက်သည်။

“အင်း...”

သူတော်စင်ရွှမ်ဟော့ ဂရုမစိုက်သလို လက်ယမ်းပြလိုက်သည်။

“မင်းရဲ့ ယဉ်ကျေးပျူငှာမှုတွေကို ခေတ္တဘေးဖယ်ထားလိုက်စမ်းပါ ကောင်လေးရာ။ မင်းဆီမှာ သူတော်စင်ဝိုင်တွေ အများကြီး ရှိတယ်လို့ ငါကြားတယ်။ မြန်မြန်လုပ်... ငါ့ကို နည်းနည်းလောက် မြည်းစမ်းခွင့်ပေးစမ်း”

ချူဖုန်း ပြုံးလိုက်၏။

“ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ စီနီယာနဲ့ လက်ရည်စမ်းချင်နေတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ စီနီယာ အားရဲ့လားလို့ သိချင်လို့ပါ”

“အဲ့ဒီ သူငယ်ချင်းဆိုတာ မင်းကိုယ်တိုင်တော့ မဟုတ်ပါဘူးနော်”

သူတော်စင်ရွှမ်ဟော့ သူ့ကို သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။

“ငါက တာအို အနှစ်သာရနှစ်ခုပဲ နားလည်ထားတာ။ မင်းကို မယှဉ်နိုင်ပါဘူး ကောင်လေးရာ။ ဒီအဘိုးကြီးကိုတော့ အနိုင်မကျင့်ပါနဲ့”

ချူဖုန်း တည်ကြည်သော မျက်နှာထားဖြင့် ပြောသည်။ “စီနီယာ... ကျွန်တော်က အဲ့ဒီလို လူမျိုးလို့ ထင်လို့လား”

“အမှန်အတိုင်း ပြောရရင် စီနီယာနဲ့ တိုက်ခိုက်ချင်နေတဲ့သူက စီနီယာ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်လို့တောင် ပြောလို့ရပါတယ်”

“အမ်”

သူတော်စင်ရွှမ်ဟော့ တစ်ခဏ ကြောင်အသွားသည်။

“အဲ့ဒီ အဘိုးကြီးတွေထဲက တစ်ယောက်ယောက်က ငါနဲ့ လက်ရည်စမ်းချင်ပေမဲ့ တိုက်ရိုက်မမေးရဲလို့ မင်းကို ခိုင်းလိုက်တာလား”

ချူဖုန်း ပြုံးစိစိဖြင့် ပြောလိုက်သည်။

“အဲ့ဒီ သူငယ်ချင်းနဲ့ တွေ့လိုက်ရင် သိရမှာပါ”

“ဘယ်မှာလဲ သူက”

သူတော်စင်ရွှမ်ဟော့ စိတ်ဝင်စားသွားပြီး ပတ်ဝန်းကျင်ကို စပ်စုကာ ကြည့်ရှုတော့၏။

“ရွှမ်ဟော့... ငါတို့ ပြန်ဆုံကြပြန်ပြီပေါ့”

လူမရောက်လာမီ အသံက အရင်ရောက်လာသည်။

သူတော်စင်ရွှမ်ဟော့ လှမ်းကြည့်လိုက်ရာ သူ့ရှေ့တွင် သူရဲကောင်းဆန်သည့် လူငယ်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရ၏။ ထိုလူငယ်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် အလွန်ပင် ရင်းနှီးနေသလို ခံစားရ၏။

ထိုအဘိုးကြီးက သူ့ကို သေချာစစ်ဆေးနေသည်ကို မြင်သောအခါ သူတော်စင်ရွှေတောင်ပံ ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။

“ရွှမ်ဟော့... ရာစုနှစ် အနည်းငယ်ပဲ ရှိသေးတယ်။ မင်း အစ်ကိုကြီးရွှေတောင်ပံကို မမှတ်မိတော့ဘူးလား”

“အစ်ကိုကြီး... ခင်ဗျား သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်သွားပြီလား”

သူတော်စင်ရွှမ်ဟော့ သူ့ရှေ့မှ လူငယ်ကို အံ့ဩတကြီး ငေးကြည့်နေမိ၏။

ထိုစဉ် မြှုပ်နှံထားသော အမှတ်တရများ ပြန်လည် စီးဝင်လာပြီး သူ့ခန္ဓာကိုယ်ပင် နေရထိုင်ရ ခက်ခဲလာသလို ခံစားလိုက်ရသည်။

“ဟုတ်တယ်။”

သူတော်စင်ရွှေတောင်ပံ ဖြည်းဖြည်းချင်း ရှင်းပြသည်။

“အစ်ကိုကြီးဖုန်းရဲ့ လမ်းညွှန်မှုကြောင့် ငါ သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်သွားပြီ။ ငါတို့ လက်ရည်မစမ်းဖြစ်တာ ရာစုနှစ်နဲ့ချီနေပြီ။ အခု နှစ်ယောက်လုံး သူတော်စင်တွေ ဖြစ်နေပြီဆိုတော့ လက်ရည်ချင်း ဖလှယ်ကြည့်ကြရင် ဘယ်လိုလဲ”

“ကောင်းပြီလေ”

သူတော်စင်ရွှမ်ဟော့ မဆိုင်းမတွ သဘောတူလိုက်သည်။ သူ့အမြင်အရ နှစ်ယောက်လုံးက အခုမှ အဆင့်တက်ထားခြင်းဖြစ်ရာ မည်သူက ပိုသန်မာသနည်းဆိုသည်ကို စောင့်ကြည့်ရဦးမည်ပင်။

“သွားကြစို့”

သူတော်စင်ရွှေတောင်ပံ ကောင်းကင်သို့ ပျံတက်သွားပြီး သူတော်စင်ရွှမ်ဟော့လည်း နောက်မှ ကပ်လိုက်သွားသည်။

နှစ်နာရီခွဲ ကြာပြီးနောက် ရွှမ်ဟော့သည် မျက်စိနှစ်ဖက်လုံး ညိုမည်းလျက် မြေပြင်သို့ ဆင်းသက်လာပြီး ချူဖုန်းကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဖုန်းလေး... ငါက မင်းကို သူငယ်ချင်းလို ဆက်ဆံတာကို၊ မင်းက ငါ့ကို ဒီလိုမျိုး ထောင်ချောက်ဆင်ရလား”

ချူဖုန်းမှာ ဆွံ့အသွားရ၏။

“စီနီယာ... စီနီယာက သဘောမတူဘဲ နေလို့ရသားပဲ”

“ဟမ့်”

သူတော်စင်ရွှမ်ဟော့ နှာခေါင်းရှုံ့လိုက်သည်။

“မြန်မြန်... အဲ့ဒီ သူတော်စင်ဝိုင်ကိုသာ ပေးတော့၊ မဟုတ်ရင် ငါ အလကား အရိုက်ခံရတာ ဖြစ်သွားမယ်”

ချူဖုန်း “…”

နောက်နှစ်ရက်အတွင်း သူတော်စင် ရွှေတောင်ပံသည် ဝမ်တောက်ကျောင်းတော်၏ ကျန်ရှိနေသော ဌာနမှူး ခုနစ်ယောက်လုံးကို လိုက်လံ ရိုက်နှက်ပေးခဲ့လေသည်။ လူတိုင်း၏ မျက်နှာကို ကွက်တိချိန်ရိုက်ခဲ့ခြင်းပေ။

ရလဒ်အနေဖြင့် မူလက တပည့်များကို တာအိုဟောကြားရန် စီစဉ်ထားသော ဌာနမှူးများအားလုံးသည် ကျင့်ကြံခြင်းသို့ ဝင်ရောက်ရန်သာ ရွေးချယ်လိုက်ကြတော့၏။

ထိုအတောအတွင်း ဓားဘုရင်ရှောင်ယောင်မှာ စိတ်ဓာတ်တက်ကြွစွာ ကျောင်းသားများကို သင်ကြားပြသနေလေသည်။

ချူဖုန်းသည် ရေတံခွန်ရှေ့တွင် ကလေးမလေးနှစ်ယောက်နှင့်အတူ ထိုင်ကာ သူတော်စင်ရွှေတောင်ပံက ဌာနမှူး ရှစ်ယောက်နှင့် တိုက်ခိုက်ခဲ့ပုံများကို သက်ဝင်လှုပ်ရှားစွာ ပြောပြနေသည်ကို နားထောင်နေသည်။

ပြောပြပြီးနောက် သူတော်စင်ရွှေတောင်ပံ ရေရွတ်လိုက်သည်။

“အဲ့ဒီ ရှောင်ယောင်ကတော့ ကံကောင်းသွားတယ်။ သူ့ကို နောက်ဆုံးမှ ကိုင်ဖို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ သူက တပည့်တွေကို တက်တက်ကြွကြွ သင်ပေးနေတာ မြင်တော့ သူ့ကို နောက်ထပ် နှစ်ရက်လောက်တော့ ကြွားခွင့်ပေးလိုက်ဦးမယ်လို့ တွေးမိလို့။ သူ ဘယ်လောက်အထိ ကြွားနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့”

အခြားသော ဌာနမှူးများ၏ လက်ရှိ သနားစဖွယ် အခြေအနေကို စဉ်းစားရင်း ချူဖုန်း တီးတိုး ပြောလိုက်သည်။

“တကယ်ပါပဲ... လူတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဆိုတာ ထပ်တူမကျနိုင်ဘူး”

ညနေခင်းတွင်၊ ကောင်းကင်စိတ်ဝိညာဉ်ဌာန၏ ဌာနမှူးသီးသန့်ခြံဝင်းအတွင်း၌

သူတော်စင်ရှောင်ယောင်သည် တာအိုပို့ချနေသည်မှာ သုံးရက်ရှိပြီဖြစ်သည်။ သူ နောက်ဆုံးအသုတ် တပည့်များ၏ မေးခွန်းများကို ဖြေကြားပြီးချိန်တွင် ဟောပြောပွဲမှာ ပြီးဆုံးလုနီးပါး ဖြစ်နေ၏။

သို့သော် သူသည် တစ်ခုခု လိုအပ်နေသလို ခံစားနေရ၏။ သူ့အကြည့်က ထောင့်စွန်းတစ်ခုသို့ ရောက်သွားပြီး ပင်းယန်အပေါ် ကျရောက်သွားချိန်တွင်မှ သူ သတိရသွားသည်။

လွန်ခဲ့သော သုံးရက်ပတ်လုံး သူ့အချစ်ဆုံး တပည့်မလေးသည် မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ခြင်းပင်။

ထို့ကြောင့် သူ ပင်းယန်ကို တိုက်ရိုက် ကြည့်လိုက်လေသည်။

All Chapters