← Chapters

အပျက်အစီးရှေးဟောင်းမြို့မှ လျှို့ဝှက်နယ်မြေပွင့်လာခြင်း

Vol. 29 Ch. 285

အပျက်အစီးရှေးဟောင်းမြို့မှ လျှို့ဝှက်နယ်မြေပွင့်လာခြင်း

Vol. 29 Ch. 285

“မင်းတို့ လူအိုကြီး ဘယ်လေတိုက်လို့ အတူတူရောက်လာတာလဲ”

ခြံဝန်းထဲတွင် ကျောင်းအုပ်သည် သူ့လက်ရင်းတပည့် ကိုးယောက်ကို ကြည့်လိုက်သည်။ သူ့အမူအရာမှာတော့ တည်ငြိမ်နေ၏။ ကိုးယောက်က တစ်ပြိုင်နက် ပြောလိုက်သည်။ “ဆရာ ကျွန်တော်တို့ နတ်ဘုရားကျောင်းတော်ကို သွားပြီး ကျင့်ကြံချင်တယ်။ကျွန်တော်တို့ ဆရာ့ဆီက ခွင့်ပြုချက်လာတောင်းတာပါ”

ထိုသည်ကို ကြားသော် ကျောင်းအုပ် ကြောင်အသွား၏။ ထိုတပည့်များသည် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ခါစသာ ရှိသေးသည်။ သူတို့သည် ဝမ်တောက်ကျောင်းတော်အတွက် အောင်မြင်မှုများပင် မဆောင်ကြဉ်းရသေးချေ။ ထိုသည်ကို အဘယ့်ကြောင့် နတ်ဘုရားကျောင်းတော်သို့ အလောတကြီး သွားချင်နေရသနည်း။

‘သူတို့တွေ ရှောင်ဖုန်းကြောင့် လက်လျှော့သွားတာလား’

သို့သော် ရှောင်ဖုန်းသည် ဘာမှကို မလုပ်ထားပေ။

ဌာနမှူးကိုးယောက်သည် စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့ တံခါးပိတ်ကျင့်ကြံပြီးနောက် ချူဖုန်းနှင့် တန်းတူဖြစ်တော့မည်ဟု ထင်မှတ်ထားခဲ့ကြ၏။ သို့သော် သူတို့ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်ပြီးနောက် စီနီယာအစ်ကိုရွှေတောင်ပံထံမှ ရိုက်နှက်ခံရတော့သည်။ အဆိုးဆုံးမှာ ထိုသူသည် သူတို့ကို သတိပေးသလို ပြောသွားသေးသည်။ “မင်းတို့ အဆင့်နဲ့ဆို တာအိုဟောကြားနေမဲ့အစား ကြိုးကြိုးစားစား သွားကျင့်ကြံသင့်တယ်”

သူတော်စင်ရှောင်ယောင်မှ လွဲ၍ ကျန်ရှစ်ယောက်သည် တာအိုပင် မဟောကြားခဲ့ရချေ။ ဝမ်တောက်ကျောင်းတော်သို့ ဝင်ခါစ စီနီယာအစ်ကို ရွှေတောင်ပံ ပေးခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် မှတ်ဉာဏ်များ၏ ခြောက်လှန့်မှုကို ခံရပြီးနောက် သူတို့ ကျောင်းအုပ်ကြီးထံ သွားပြီး နတ်ဘုရားကျောင်းတော်သို့ သွားကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့၏။

ကျောင်းအုပ် မေးမြန်းလိုက်သည်။ “ မင်းတို့တွေ နတ်ဘုရားကျောင်းတော်ကို သွားပြီး ကျင့်ကြံချင်တာ သေချာလား။ မင်းတို့တွေ နောက်ထပ် ဌာနမှူးကို မရွေးရသေးဘူးလေ”

သူတော်စင်ရှောင်ယောင် ရှေ့တစ်လှမ်းတိုးလာသည်။ “ဆရာ ကျွန်တော်ကတော့ ရွေးပြီးပါပြီ။ အကြီးအကဲပင်းက ကျွန်တော် သွားရင် ကောင်းကင်စိတ်ဝိညာဉ်ဌာနကို ဦးစီးရပါမယ်”

ကျောင်းအုပ် ခေါင်းအသာ ညိတ်သည်။ “ငါ ဒီကိစ္စကို နတ်ဘုရားကျောင်းတော်နဲ့ တိုင်ပင်လိုက်ဦးမယ်။ ကျန်တဲ့သူတွေရော ရွေးပြီးပြီလား”

ကျန်ရှစ်ယောက်က ခေါင်းကို ပြိုင်တူ ခါလိုက်ကြသည်။ “ကျွန်တော်တို့ဌာနတွေမှာတော့ သင့်တော်တဲ့ ဆက်ခံသူတွေ မရွေးရသေးဘူး။ ဒီကိစ္စတွေကို နတ်ဘုရားကျောင်းတော်က လူငယ်မျိုးဆက်တွေနဲ့ပဲ လွှဲထားခဲ့ပါမယ်”

ကျောင်းအုပ်ကြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “ကောင်းပြီ။ မင်းတို့ နတ်ဘုရားကျောင်းတော်ကို သွားဖို့ ဆုံးဖြတ်ထားပြီဆိုမှတော့ ငါ စည်းမျဉ်းအတိုင်း လုပ်ပေးမယ်။ သုံးလအတွင်းမှာ မင်းတို့ နတ်ဘုရားကျောင်းတော်ကို သွားရမယ်။ ကျန်နေသေးတဲ့ အချိန်တွေကို သုံးပြီး အရေးကြီးတဲ့ ကိစ္စတွေကို ဖြေရှင်းထား”

“ဟုတ်ကဲ့”

လူတိုင်းက တစ်ပြိုင်နက် ပြန်ဖြေလိုက်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

မြောင်တောင်ပေါ်တွင်

သူတော်စင်ရွှေတောင်ပံသည် ချူဖုန်းဘေးတွင် ပေါ်လာသည်။

“အစ်ကိုဖုန်း ကျွန်တော် ကိုးယောက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ရင် နိုင်မယ်ထင်လား”

ချူဖုန်း ထိုသည်ကို ချက်ချင်းနားလည်သွားပြီး ရယ်မောကာ ပြောသည်။ “ ဘယ်နိုင်မှာလဲကွ။ သူတို့က အခုမှ သူတော်စင်တစ်ပိုင်းအဆင့် ရောက်တာဆိုပေမဲ့ ကိုးယောက်လုံး ပေါင်းတိုက်ရင် သူတို့ မင်းနတ်ဘုရားစွမ်းအားကို ဖျက်ဆီးနိုင်လိမ့်မယ်။ ပြီးတော့ ကျောင်းအုပ်ကလည်း ခွင့်ပြုမှာ မဟုတ်ဘူး”

“ဟူး....”

သူတော်စင်‌ရွှေတောင်ပံ သက်ပြင်းချလိုက်သည်။ “စိတ်မကောင်းစရာပဲ။ သူတို့ထွက်သွားရင် ကျွန်တော့်အတွက် သင့်တော်တဲ့ ပြိုင်ဘက် ရှိတော့မှာ မဟုတ်ဘူး”

ချူဖုန်း တိတ်ဆိတ်နေလိုက်ပြီး ငါးပြန်မျှားနေလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာ သုံးလကုန်ဆုံးသွားတော့သည်။

ထိုနေ့ မနက်တွင်...

ချူဖုန်း သူ့စိတ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည့်အတွက် လန့်နိုးသွားရတော့၏။

“တပည့်ချူချိုက်ယီသည် စစ်မှန်ကံကြမ္မာအဆင့်သို့ ရောက်သွားပြီး ဖိနှိပ်ချုပ်နှောင်နတ်ဘုရားခန္ဓာကိုယ်ကို နိုးထခဲ့ပါတယ်။ လမင်းအနှစ်သာရသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားပါပြီ။ ပိုင်ရှင်အား ဖိနှိပ်ချုပ်နှောင်နတ်ဘုရားခန္ဓာကိုယ် ပြီးပြည့်စုံခြင်းအဆင့်နှင့် တာအိုအနှစ်သာရ ရှစ်ခုကို ဆုလာဘ်အဖြစ် ပေးအပ်ပါတယ်”

“ဟမ်”

ချူဖုန်း မနက်ခင်းတွင် မမျှော်လင့်ဘဲ သတင်းကောင်း ကြားလိုက်ရသည်။ ထိုကောင်မလေး ချိုက်ယီသည် အဆင့်တက်သွားသည်။ အချိန်ကို တွက်ကြည့်လျှင် သူတို့ ကျောင်းတော်မှ ထွက်သွားသည်မှာ တစ်နှစ်ပင် ပြည့်တော့ပေမည်။ သူတို့ ဘယ်နေရာ ရောက်နေမလဲဟု သိချင်သွားသည်။

‘သူတို့ အပျက်အစီးရှေးဟောင်းမြို့ လျှို့ဝှက်နယ်မြေထဲ ရောက်သွားကြပြီလား’

တပည့်များ၏ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ချူဖုန်း ယုံကြည်ချက် ရှိပေသည်။ ဤနှစ်များတစ်လျှောက် သူတို့အားလုံး သိသာစွာ တိုးတက်လာကြပါသည်။

ရှောင်ချန်းသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်း အဋ္ဌမအဆင့်

ချောင်ရို့ချန်သည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်း ပဉ္စမအဆင့်

ချင်းချင်းသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်း တတိယအဆင့်

ဝမ်ပေါင်လဲ့သည် ကောင်းကင်ဇာစ်မြစ် နဝမအဆင့်

ယဲ့ပေရွှမ်သည် စစ်မှန်ကံကြမ္မာအဆင့် နဝမအဆင့်

ရွှီချိုက်ချန်သည် စစ်မှန်ကံကြမ္မာ အဋ္ဌမအဆင့်

ဟန်ပင်းသည် စစ်မှန်ကံကြမ္မာ ဆဋ္ဌမအဆင့်

ဖုန်းမူသည် တာအိုတည်ဆောက်ခြင်း ဆဋ္ဌမအဆင့်တို့ဖြစ်သည်။

တစ်ချိန်တည်းမှာ အဝါရောင်သဲကန္တာရတွင်းမှ အိုအေတစ်ခု၌ အလောင်းများသည် မြေပြင်ပေါ်၌ ထပ်နေသည်။

လေထုထဲတွင် ပြင်းထန်သည့် သွေးညှီနံများ ထွက်ပေါ်နေပြီး ဤနေရာ၌ တိုက်ပွဲ ပြင်းထန်ကြောင်း သိသာလှသည်။ ဤနေရာ၌ လူတစ်ဒါဇင်ကျော် ရပ်နေကြသေးသည်။

ပြင်းထန်သည့် သွေးသံရဲရဲတိုက်ပွဲများသည် အဝါရောင်သဲကန္တရ၏ထောင့်တိုင်းတွင် တွေ့နေရသည့် ပုံမှန် မြင်ကွင်းများ ဖြစ်သည်။ ရလဒ်အနေဖြင့် ဤနေရာသည် နတ်ဆိုးကျင့်ကြံသူများ၏ သုခဘုံတစ်ခု ဖြစ်လာခဲ့သည်။ ရက်စက်ကြမ်းကြုတ်သည့် လူများသာ အဝါရောင်သဲကန္တာရ၌ အသက်ရှင်ကျန်ရစ်နိုင်၏။

ရှင်သန်သူများ၏ အလယ်၌ ချူချိုက်ယီ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူမ မတ်တပ်ရပ်ပြီး လူအုပ်ကြီးကို ဦးညွှတ်လိုက်၏။ “စီနီယာအစ်ကိုနဲ့ အစ်မတို့ ကျွန်မကို ကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ်”

ချောင်ရို့ချန် သူ့လက်ချောင်းမှ သိုလှောင်လက်စွပ်ကို လှည့်ပတ်ရင်း ပြုံးလိုက်သည်။ “ ယဉ်ကျေးနေဖို့ မလိုပါဘူး ဂျူနီယာညီမလေး ချိုက်ယီ။ ဒါနဲ့ ညီမလေး မင်း ဘယ်နတ်ဘုရားခန္ဓာကိုယ်ကို နိုးထလာတာလဲ”

ရှောင်းချန်းတို့ ချူချိုက်ယီကို အာရုံစိုက်လာကြသည်။ သူတို့ သူမအကြောင်းကို ကောင်းစွာ မသိသော်လည်း သူမ ကျင့်ကြံခြင်းနည်းစနစ်ကတော့ ထူးခြားမှန်းသိသည်။

မည်သို့ပင်ဆိုစေကာမူ တာအိုတည်ဆောက်ခြင်းအဆင့်၌ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်အောင် ကျင့်ကြံရမည်မှာ မလွယ်ပေ။

ချူချိုက်ယီ ကျက်သရေရှိစွာ ဦးညွှတ်လိုက်သည်။

“စီနီယာအစ်ကိုချောင် ကျွန်မက ဖိနှိပ်ချုပ်နှောင်နတ်ဘုရားခန္ဓာကိုယ်ကို နိုးထလာတာပါ”

သူမ နိုးထနေဏည် စိတ်ဝိညာဉ်ပင်လယ်ထဲ၌ ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို မြင်ခဲ့ရသည်။ ထိုနေရာ၌ သူမနှင့် တစ်ထပ်တည်းတူသည့် အမျိုးသမီးတစ်ဦးသည် အဆုံးမဲ့ ချိတ်စည်းများကြားတွင် ချုပ်နှောင်မိနေသည်ကို တွေ့ခဲ့ရသည်။ ထိုအမျိုးသမီးသည် သူမနှင့် တူညီသော်လည်း ထုတ်လွှတ်နေသည့် အရှိန်အဝါက လုံးဝကွဲပြားပေသည်။

ချူချိုက်ယီ ထိုအမျိုးသမီးကို မသိပေ။ သူမ မစူးစမ်းရသေးခင်မှာပင် နိုးထလာခဲ့သည်။

“တကယ် နတ်ဘုရားခန္ဓာပဲ။ ဂျူနီယာညီမလေးက ဆရာ့မျိုးရိုးနာမည်နဲ့အညီ နေထိုင်တာပဲ။ ထူးချွန်လှပါပေတယ်”

ချောင်ရို့ချန် ချီးကျူးလိုက်သည်။ ချူချိုက်ယီ ခပ်ဖွဖွသာ ပြုံးပြလိုက်၏။ “စီနီယာအစ်ကိုက ချီးကျူးလွန်းနေပါပြီ။ စီနီယာအစ်ကိုတို့ အစ်မတို့နဲ့ ယှဉ်ရင် ကျွန်မက အတော်လေး လိုပါသေးတယ်”

အပြန်အလှန် ချီးကျူးပြီးနောက် ရှောင်ချန်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဂျူနီယာညီလေးယဲ့ ငါတို့တွေ ဘယ်ဆက်သွားကြမလဲ”

ယဲ့ပေရွှမ် ပြန်ဖြေသည်။ “ကျွန်တော်တို့ ဒီမှာ စောင့်ရမယ်။ ကိုးကြိမ်မြောက်သဲမုန်တိုင်း တိုက်ရင် အပျက်အစီးရှေးဟောင်းမြို့ လျှို့ဝှက်နယ်မြေက ပွင့်လာလိမ့်မယ်။ အခုချိန်ကို ကြည့်လိုက်ရင် ကိုးကြိမ်မြောက်သဲမုန်တိုင်းက နောက်ဆယ်ရက်အတွင်း တိုက်လိမ့်မယ်”

ထိုသည်ကို ကြားသော် မည်သူမှ ထပ်မမေးတော့ချေ။ သူတို့ မြေပြင်ပေါ်မှ အလောင်းများကို ရှင်းလင်းလိုက်ပြီး တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံတော့၏။

ခုနစ်ရက်ကြာပြီးနောက်...

ကောင်းကင်ယံ၌ လေပြင်းတစ်သုတ် တိုက်ခတ်လာပြီး သဲလွှာတစ်ထပ် ဖြစ်ပေါ်လာသည်။ လေက ပို၍ ပြင်းထန်လာသည်။ လူတိုင်း လုပ်လက်စများကို ရပ်လိုက်ပြီး နတ်ဘုရားအာရုံကို သုံးကာ ပတ်ဝန်းကျင်ကို ကြည့်ရှူလိုက်၏။

နာရီဝက်ကြာပြီးနောက် ကောင်းကင်ယံ၌ အဝါရောင်သဲများဖြင့် ပြည့်နှက်သွားတော့သည်။ လူတိုင်း အဆောင်ကို ထုတ်ယူကာ မုန်တိုင်းဒဏ်မှ ကာကွယ်လိုက်ကြသည်။

“အရှေ့တောင်ဘက်ကနေ သဲမုန်တိုင်း လာနေပြီ”

ရှောင်ချန်း ပထမဆုံပြောလိုက်သည်။

သူပြောပြီးသည်နှင့် ချောင်ရို့ချန် ပြောလိုက်သည်။ “အနောက်မြောက်ဘက်မှာလည်း တစ်ခုရှိတယ်”

“အနောက်တောင်ဘက်ကနေလည်း တစ်ခုလာနေတယ်”

“အရှေ့မြောက်ဘက်နေလည်း တစ်ခုလာနေပြီ”

အချိန်တိုအတွင်းမှာ လူတိုင်းသည် သူတို့ နတ်ဘုရားအာရုံကို သုံးပြီး သဲမုန်တိုင်းရှစ်ခုကို အာရုံခံမိလိုက်ကြသည်။

အဝါရောင်သဲကန္တာရ၌ သဲမုန်တိုင်းများ တိုက်ခတ်လာသည်။ ကျင့်ကြံသူများသည် အဆောင်များကို အသက်သွင်း၍ လေဒဏ်ကို ခုခံလိုက်ကြသည်။

အိုအေစစ်၌

လူတိုင်း နီးကပ်လာသော သဲမုန်တိုင်းရှစ်ခုကို ကြည့်လိုက်သည်။ ထိုမုန်တိုင်းများကို အိုအေစစ်ငယ်လေးကို ဝါးမျိုတော့မည့်ဟန်ပင်။

ဟန်ပင်း စူးစမ်းစွာ မေးလိုက်သည်။ “စီနီယာအစ်ကိုယဲ့ ကိုးခုမြောက်သဲမုန်တိုင်းက ဘယ်မှာလဲ”

ယဲ့ပေရွှမ်ပြုံးလိုက်သည်။ “ကိုးခုမြောက်က ငါတို့ခြေထောက်အောက်မှာ။ စီနီယာရီရှန်း ထွက်လာပါဦး။ အခု ကျွန်တော်တို့ သွားရတော့မယ်”

မြို့စားရီရှန်းပေါ်လာပြီး သူတို့ကို ပြုံးပြလိုက်သည်။ ယဲ့‌ပေရွှမ်းသည် သိုလှောင်လက်စွပ်ထဲမှ သော့တစ်ချောင်းကို ထုတ်ပြီး ဝိညာဉ်စွမ်းအားများ ထည့်လိုက်၏။ ထို့အခါ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ တက်သွားသည်။

ဘုန်း...

ထိုစဉ် သူတို့အောက်မှ ပြင်းထန်သည့် တုန်ခါမှုကြီးကို ခံစားလိုက်ရ၏။ လူတိုင်းသည် မြေကြီး တုန်ခါလာပြီး ကောင်းကင်ကြီး လည်လာသည်ကို ခံစားလိုက်ရ၏။ မြေပြင်အောက်၌ ပြင်းထန်သည့် သဲမုန်တိုင်းကြီးတစ်ခု ပေါ်လာသည်။ ထိုအခိုက် သဲမုန်တိုင်းရှစ်ခုသည် လည်ပတ်စုဝေးလာပြီး အိုအေစစ်ထံ တိုးဝင်တော့သည်။ တစ်ခဏအတွင်းမှာပင် လူတိုင်းသည် သဲမုန်တိုင်းကိုးခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်ကို တွေ့လိုက်ရ၏။ သူတို့ ဝိညာဉ်စွမ်းအားများဖြင့် ကာကွယ်လျက် သဲမုန်တိုင်းထံမှ စုပ်ယူခံလိုက်သည်။

အဝါရောင်သဲကန္တာရတွင်...

လေပြင်းများ ပျောက်ကွယ်သွားသော်လည်း ကောင်းကင်ယံတွင် ဖုန်မှုန့်များ ကျန်ရစ်နေသေးသည်။ ဘေးအန္တရာယ်မှ လွတ်မြောက်လာသော မရေမတွက်နိုင်သည့် ရှင်ကျန်သူများသည် ဝမ်းသာအားရဖြစ်သွားပြီး ကောင်းကင်းသို့ အလိုလို ကြည့်လိုက်ကြ၏။

စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူများသည် ကောင်းကင်ယံသို့ ထိုးတက်နေသော ဧရာမသဲမုန်တိုင်းကြီးကို မြင်လိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ။ ငါ အဝါရောင်သဲကန္တာရမှ ပုန်းနေတာ နှစ်တစ်ရာရှိပြီ။ တစ်ခါမှ ဒီလောက်ကြီးတဲ့ သဲမုန်တိုင်းမျိုး မမြင်ဖူးဘူး”

“ကြည့်။ သဲမုန်တိုင်းအလယ်မှာ အရောင်တောက်နေတယ်ဟ”

“အဲဒါ ကောင်းကင်လက္ခဏာပဲ။ ထူးခြားဖြစ်စဉ် တစ်ခု ဖြစ်ရမယ်။ ကြည့်ရတာ အဝါ‌ရောင်သဲကန္တာရထဲမှာ ရတနာတစ်ခု ပေါ်တော့မယ်ထင်တယ်”

“…”

အံဩထိတ်လန့်သံများ ထွက်ပေါ်လာ‌တော့သည်။

သဲကန္တာရထဲမှ ကျင့်ကြံသူများသည် သဲမုန်တိုင်းကြီးဆီသို့ ပြေးဝင်တော့သည်။ နာရီဝက်အတွင်းမှာပင် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူများသည် သဲမုန်တိုင်းနားတွင် စုံရုံလာကြ၏။ ထိုလူများအထဲတွင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများလည်း ပါဝင်သည်။

သို့သော် မည်သူမှ မုန်တိုင်းထဲသို့ ပြေးမဝင်ပေ။

အထဲမှ ထွက်ပေါ်နေသည့် ရွှေရောင်အလင်းတန်က လူများကို ကြောက်ရွံ့သွားစေသည်။ အချိန်အချို့ကြာပြီးနောက် ထူးခြားဖြစ်စဉ်လည်း ပျောက်ကွယ်သွားသည်။ ထို့နောက် လူတိုင်းရှေ့တွင် စိတ်ဝိညာဉ်မြေတစ်ခု ပေါ်လာတော့၏။

All Chapters