ယဲ့ပေရွှမ် မျှော်လင့်ချက်ထက် ကျော်သွားခြင်း
Vol. 29 Ch. 290
န်း (၂၉၀) ဒီကောင်လေးက စည်းကမ်းအတိုင်း မကစားဘူး
အပျက်အစီးရှေးဟောင်းမြို့ ၊ နန်းတော်အတွင်းမှ ခုနစ်ထပ်မြင့်သည့် ဓားမျှော်စင် အပြင်ဘက်တွင်
ရှောင်ချန်း မျှော်စင်ထိပ်ရှိ ဓားကို မော့ကြည့်လိုက်သည်။ သူ မျှော်စင်ဆီသို့ လျှောက်သွားစဉ် သူ့ စိတ်ထဲတွင် အတွေးများ ကင်းစင်နေသည်။
ဂျောက်...
သူ အဝင်ဝသို့ ရောက်သွားသည့် အခိုက်တွင် ဓားမျှော်စင်၏ တံခါးက အလိုအလျောက် ပွင့်သွားသည်။
အထဲသို့ မဝင်ရသေးမီမှာပင် ရှောင်ချန်း အတွင်းမှ ထွက်ပေါ်လာသော မရေမတွက်နိုင်သည့် ဓားဆန္ဒများကို အာရုံခံမိလိုက်၏။
ဤဓားဆန္ဒများက သူ့ကို အစကတည်းက ဤနေရာသို့ ခေါ်ယူသကဲ့သို့ ခံစားရသည်။
ရှောင်ချန်း ဓားဆန္ဒများ၏ ခေါ်ဆောင်မှုကို ခံစားရင်း တည်ငြိမ်သော ခြေလှမ်းများဖြင့် ဓားမျှော်စင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဘုန်း...
သူ ဝင်သွားသည့် အခိုက်တွင် သူ့ အနောက်မှ တံခါး ပိတ်သွား၏။
သူ့ ရှေ့တွင် ရှိနေသည်မှာ ဓားများဖြင့် ဖုံးလွှမ်းနေသော ကြမ်းပြင်တစ်ခု ဖြစ်သည်။ တစ်လက်စီတိုင်းက စိတ်ဝိညာဉ်လက်နက် အဆင့်တွင် ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ဖြာထွက်နေ၏။
လက်ထဲတွင် နတ်ဘုရားလက်နက် တစ်ခု ရှိရင်တောင်မှ ရှောင်ချန်း ၎င်းတို့ကို နောက်တစ်ကြိမ် ကြည့်မိလိုက်သည်။ ထိုအချိန်မှာပင် တစ်ခုခု မှားယွင်းနေကြောင်း သူ သတိပြုမိသွားသည်။
ဓားတစ်လက်စီတိုင်းက အလွန် ထက်မြက်ပြီး တောက်ပလွန်းနေသည်။ အပျက်အစီးရှေးဟောင်းမြို့တော်သည် ပျက်စီးယိုယွင်းသွားခဲ့သည်မှာ ကြာပြီ ဖြစ်ရာ ယခုအချိန်ဆိုလျှင် ဓားများသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသင့်၏။
‘ဘာတွေ ဖြစ်နေတာလဲ’
ရှောင်ချန်း သူ့ မျက်လုံးများကို မှိတ်ကာ သူ့ ဓား နှလုံးသား ကို အသုံးပြုပြီး အာရုံခံလိုက်သည်။ သူ မြင်လိုက်ရသည်မှာ ပျက်စီးယိုယွင်းနေမှုကြီး ပင်ဖြစ်သည်။
တစ်ချိန်က တောက်ပနေခဲ့သော ဓားများသည် ယခုအခါ သံတိုသံစများ ဖြစ်နေကြသည်။
‘ဒါက ဓားတွေအတွက် ဖုံးကွယ်ထားတဲ့ ရတနာသိုက် တစ်ခု မဟုတ်ဘူး။ ဒါက သင်္ချိုင်း တစ်ခုပဲ’
သူ အစောပိုင်းက အကောင်းပကတိ ရှိနေသော ဓားများကို မြင်တွေ့ခဲ့ရခြင်းမှာ ၎င်းတို့ အတွင်းရှိ ကျန်ရစ်သော ဝိညာဉ်များမှ သူတို့ပုံစံများကို လှည့်ဖျားကာ ပြန်လည် ပြင်ဆင်ထားသောကြောင့် ဖြစ်သည်။
သူ့ မျက်လုံးများကို မဖွင့်ဘဲ ရှောင်ချန်း ဓားရေကန် ထဲသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။
သူ အထဲသို့ ဝင်ရောက်သွားသည့်အခိုက်တွင် ရေကန် အတွင်းမှ အလင်းတန်းများ လင်းလက်သွား၏။
ချွင်... ချွင်... ချွင်...
ဓားအရှိန်အဝါများ သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး တစ်ခုစီတိုင်းက ထင်ရှားသော ဓားဆန္ဒ တစ်ခုကို သယ်ဆောင်ထားကြသည်။
ရှောင်ချန်း စိတ်ထဲမှ နှာမှုတ်လိုက်ပြီး သူ့ ညာဘက်လက်ကို ဓားရိုးပေါ်တွင် ညင်သာစွာ ရွှေ့လိုက်သည်။ ဓားသွား၏ သုံးပုံတစ်ပုံခန့်က ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။
အလင်းတန်း တစ်ချက် လင်းလက်သွားပြီး ဓားရေကန် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ထို့နောက် ဘာမှ မဖြစ်ခဲ့သည့်အလား ဓား အလင်းတန်းက ပျောက်ကွယ်သွားသည်။
ရှောင်ချန်း ရှေ့သို့ ဆက်သွားလိုက်၏။ ဓား ရေကန် ကို ဖြတ်ကျော်ပြီးနောက် သူသည် ဒုတိယထပ်သို့ ဦးတည်နေသော လှေကား တစ်ခုသို့ ရောက်ရှိသွားသည်။
သူ မျက်လုံးများကို ဖွင့်ပြီး လှေကားပေါ်သို့ ဖြည်းညှင်းစွာ တက်သွား၏။ မကြာမီ ဓားမျှော်စင်၏ ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်။
သူ့ ရှေ့ရှိ မြင်ကွင်းက ပထမ အဆင့်နှင့် အတော်လေး တူညီနေသည်။ နောက်ထပ် ဓား ရေကန် တစ်ခုပင် ဖြစ်သည်။ သို့သော် ဤနေရာရှိ ဓားများနှင့် ၎င်းတို့ ထုတ်လွှတ်နေသော ဓားဆန္ဒများက ပို၍ အစွမ်းထက်ကြသည်။
အကယ်၍ ပထမထပ်ရှိ ဓားဆန္ဒများက အခြေခံ အဆင့် ဖြစ်ခဲ့မည် ဆိုလျှင် ဤနေရာတွင်တော့ အသေးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နောက်တစ်ကြိမ် ရှောင်ချန်း သူ့ ဓားကို ဆွဲထုတ်ကာ ဒုတိယ အဆင့်ကို ဖြတ်ကျော်သွားခဲ့သည်။ တတိယ နှင့် စတုတ္ထ ထပ်များကို ဖြတ်သန်းရန်လည်း ထိုနည်းလမ်းကိုပင် သူ အသုံးပြုခဲ့သည်။
မျှော်စင်၏ ပဉ္စမ အဆင့်သို့ သူ ရောက်ရှိသောအခါ ဓား လေးဆယ့်ကိုး လက်ကိုသာ သူ တွေ့လိုက်ရသည်။
အောက်ဘက် အဆင့် လေးဆင့်နှင့် မတူဘဲ ဤဓား လေးဆယ့်ကိုး လက်စလုံးသည် သူတော်စင် အဆင့်များ ဖြစ်ကြသည်။ အက်ကွဲနေသော်လည်း သံတိုသံစများမဟုတ်ပေ။ ထို့ပြင် တွယ်ကပ်နေသော ဓားဝိညာဉ်များက စိတ်လှုပ်ရှားနေကြသည်။
ထို့အပြင် ပဉ္စမ အဆင့်တွင် ဆဋ္ဌမထပ်သို့ ဦးတည်နေသော လှေကား မရှိသဖြင့် ရှောင်ချန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ချွင်...
ဤတစ်ကြိမ်တွင်တော့ ရှောင်ချန်း ဓားရှည်ကို အပြည့်အဝ ဆွဲထုတ်လိုက်သည်။ သူ့မျက်နှာထက်တွင်အပြုံးတစ်ခု ပေါ်လာပြီး ဓားများဆီသို့ ချိန်ရွယ်ကာ ပြောလိုက်သည်။ “အားလုံး တစ်ပြိုင်နက်တည်း လာခဲ့ကြ။ ငါ အလျင်လိုနေတယ်”
၎င်းကို ကြားသောအခါ ဓားဝိညာဉ်များသည် စော်ကားခံလိုက်ရသည့်အလား ဒေါသတကြီး ဓားမြည်သံများ ထွက်လာသည်။
ထို့နောက် ဓားအလင်းတန်း လေးဆယ့်ကိုးခုက ရှောင်ချန်း ထံသို့ ပြေးဝင်လာကြသည်။
“ဓားတစ်သောင်းတို့အပြန်”
ဓား တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ရှောင်ချန်း မျက်စိတစ်မှိတ်အတွင်း ဓား အလင်းတန်း လေးဆယ်ကိုးခုကို ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် သူ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဆဋ္ဌမထပ်သို့ သွားရန် ပြင်ဆင်လိုက်စဉ် မျှော်စင် အတွင်းမှ အချိန်ကာလကို ကျော်လွန်နေသော ရှေးဟောင်း အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ ဓား လေးဆယ့်ကိုး လက်ကို အသက်တစ်ရှိုက်စွာစာ အတွင်း ဖိနှိပ်နိုင်တယ်။ အရည်အချင်း ပြည့်မီတယ်။ ကျင့်ကြံဖို့ ဓားမျှော်စင် ရဲ့ ဆဋ္ဌမ အဆင့်ကို ဝင်ရောက်နိုင်ပြီ “
စကားသံ ဆုံးသွားသည်နှင့် ပဉ္စမ အဆင့်က တုန်ခါသွားပြီး ဆဋ္ဌမ အဆင့်သို့ ဦးတည်နေသော ကျောက်လှေကား ရှောင်ချန်း ရှေ့တွင် ပေါ်လာသည်။
ရှောင်ချန်း လှေကားပေါ်သို့ တက်လှမ်းလိုက်သည်။ ပဉ္စမ အဆင့်ကဲ့သို့ပင် ဆဋ္ဌမ အဆင့်တွင်လည်း သတ္တမ အဆင့်သို့ သွားရန် မြင်သာသော လမ်းကြောင်း မရှိပေ။ ဓားရေကန် ထဲတွင် ဓား ဆယ့်နှစ် လက်သာ
ရှိနေသည်။
ဓားတစ်လက်စီတိုင်းက ဓားအိမ်ထဲတွင် ရှိနေပြီး ၎င်း အောက်တွင် ဓား၏ နာမည်ကို ထွင်းထုထားသည်။
ရှောင်ချန်း သူ့ အကြည့်ကို မြေပြင်သို့ ချက်ချင်း နှိမ့်ချလိုက်သည်။ သူ ဓားတစ်လက်ကို ဖြတ်ကြည့်လိုက်သည့် အခိုက်တွင် နောက်ပြောင်လိုသော အဘိုးအို တစ်ဦး၏ အသံက သူ့ဘေးတွင် ထွက်လာသည်။
“လူငယ်လေး... ဒီအဘိုးကြီးရဲ့ ဓားတာအိုကို ရယူချင်လား
“အနှစ်သာရကို မြင်ချင်လား”
တခြား တစ်ယောက်ယောက်သာ ဆိုလျှင် ဤရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်ဖြန့်သွားလိမ့်မည် ဖြစ်သော်လည်းညရှောင်ချန်း အတွက် လျှို့ဝှက်နယ်မြေများတွင် လေ့ကျင့်ရခြင်းမှာ စိမ်းသက်သက် မဟုတ်တော့ပေ။
သူပြုံးကာ ပြောလိုက်သည်။ “ စီနီယာ... ခင်ဗျားရဲ့ ဓား တာအိုအနှစ်သာရက ဘာလဲ ဆိုတာကို မေးခွင့်ပြုပါ “
“ငါ့ကို ဆွဲထုတ်လိုက်ရင် မင်း သိသွားလိမ့်မယ် “ ဓားဝိညာဉ်က နောက်တစ်ကြိမ် ပြန်ဖြေသည်။
“စီနီယာက ပြောဖို့ ဆန္ဒမရှိမှတော့၊ ကံကြမ္မာက ကျွန်တော်တို့ကို ဆုံစည်းခွင့် မပေးဘူးလို့ ထင်ပါတယ်”
ရှောင်ချန်း အခြား ဓားများဆီသို့ သူ့ အကြည့်ကို လှည့်လိုက်သည်။
“ ဟားဟားဟား.”
ရွှင်လန်းသော ရယ်မောသံတစ်သံ ဓား မျှော်စင် တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ချွန်းယန်... မင်းရဲ့ ချဉ်းကပ်ပုံက ခေတ်နောက်ကျနေပြီလို့ ငါ အစောကြီးကတည်းက ပြောခဲ့သားပဲ
“ဟမ့်”
ချွန်းယန်ဓားဝိညာဉ် အေးစက်စွာ နှာမှုတ်လိုက်သည်။ “ဒီကောင်လေးက စည်းကမ်းတွေကို မလိုက်နာဘူး ဆိုတာကို ဘယ်လိုလုပ် သိမှာလဲ။ မိတ်ဆွေဟောင်းတွေ အားလုံး ထွက်လာခဲ့ကြ။ နောက်ဆုံးတော့ ငါတို့က ရေစက်ပါတဲ့ သူတစ်ယောက်နဲ့ ဆုံတွေ့ရပြီ။ သူ့ကို အလွတ်ပေးလိုက်လို့ မဖြစ်ဘူး”
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဓား ဆယ့်နှစ် လက်စလုံး တစ်ပြိုင်နက်တည်း ဓားအိမ်ထဲမှ ထွက်ပေါ်လာကြသည်။
မျက်စိတစ်မှိတ်အတွင်း ဓားအလင်းတန်းများ မျှော်စင် ထဲတွင် ပြည့်လျှံသွားပြီး အလွန် ပြင်းထန်လွန်းသဖြင့် ရှောင်ချန်းပင် မျက်စိကို မှေးကျဉ်းထားလိုက်ရသည်။
လက်ဖက်ရည် တစ်ခွက်စာ အချိန် ကြာပြီးနောက်
ရှောင်ချန်း သူ့ ရှေ့တွင် ဓား ဆယ့်နှစ် လက်ကို မြင်လိုက်ရသည်။ ချွန်းယန်၊ ဖော့ထျန်း၊ ပါကျန့်၊ ကျီယင်၊ ဖုဟိုင်၊ တာ့သီ၊ ထိုက်ယိ၊ ချင်းမုတို့ပင်။
“ဂျူနီယာရှောင်ချန်း စီနီယာတို့ အားလုံးကို ဂါရဝပြုပါတယ်”
ရှောင်ချန်း သူ့ ရှေ့ရှိ ဓားဝိညာဉ် ဆယ့်နှစ် ခုထံသို့ လက်သီးဆုပ်ပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။
ဖော့ထျန်း ဓားဝိညာဉ်က စကားပြောလာသည်။ “လူငယ်လေး... ငါတို့လို အဘိုးကြီးတွေနဲ့ ယဉ်ကျေးနေဖို့ မလိုပါဘူး။ မင်းက ဘယ် ဓား တာအိုကို နားလည် သဘောပေါက်ချင်တာလဲ ဆိုတာ ငါတို့ကို ပြောပါ”
ရှောင်ချန်း က ပြန်ဖြေသည်။ “ကလေးတွေပဲ ရွေးချယ်ကြတာပါ။ လူကြီးတွေက အားလုံးကို ယူတယ်”
မျှော်စင်အတွင်း၌ တိတ်ဆိတ်သွားကြ၏။
ချွန်းယန် အရင်ဆုံး သတိပြန်ဝင်လာသည်။ “ဟာဟားဟား၊ မင်းက တော်တော်လေး သတ္တိရှိတာပဲ။ ငါ မြင်ရသလောက်တော့ မင်းရဲ့ ဓားဆန္ဒက ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်နေပြီ။ မင်းက တကယ်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ။ တကယ်လို့ မင်း ငါတို့ လမ်းညွှန်မှုနဲ့ လမ်းစဉ်တစ်ခုတည်းကိုပဲ အာရုံစိုက်မယ် ဆိုရင် ဒီ မျှော်စင်ထဲမှာတင် ဓားတာအိုအနှစ်သာရကို သေချာပေါက် နားလည်မှာ”
ရှောင်ချန်း ပြုံးလိုက်သည်။ “ စီနီယာ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက တခြားသူတွေနဲ့ မတူပါဘူး။ ဒါကြောင့်ပဲ ခင်ဗျားတို့ အားလုံးရဲ့ ဓား တာအိုအနှစ်သာရ တွေကို ကျွန်တော် နားလည် သဘောပေါက်ချင်တာပါ”
“အိုး”
ဓားဝိညာဉ် ဆယ့်နှစ် ခုစလုံး စိတ်ဝင်စားသွားသည်။ ဖော့ထျန်း က မေးလိုက်သည်။ “မင်းရဲ့ လမ်းကြောင်းက ဘာလဲ ဆိုတာ ငါတို့ကို ပြောပြနိုင်မလား။ မင်းကို သံသယဝင်လို့ မဟုတ်ပါဘူး။ ငါတို့ အမြင်ကျယ်သွားအောင် စူးစမ်းချင်ရုံ သက်သက်ပါ”
ပထမဆုံး ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ရေတွက်မရနိုင်သော အလင်းတန်းများက မျှော်စင် ၏ ကြမ်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
၎င်းကို မြင်တွေ့ရသောအခါ ဓားဝိညာဉ် ဆယ့်နှစ် ခုစလုံး အနည်းငယ် တုန်လှုပ်သွားကြသည်။
သူတို့ အံ့အားသင့်ကြောင်း မဖော်ပြနိုင်မီမှာပင် ရှောင်ချန်း ၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
“ကျွန်တော့်လမ်းစဉ်က ပြိုင်ဘက်ကင်း ဓား လမ်းစဉ်ပါ။ ပြိုင်ဘက်ကင်း ဓား တစ်လက်ကို ဖန်တီးဖို့ နည်းစနစ်ပေါင်း တစ်ရာဆီကနေ အနှစ်သာရတွေကို ရယူတာပါ”
သူ့ စကားသံ ဆုံးသွားသည်နှင့် ဓားမျှော်စင်သည် အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားတော့သည်။