← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁) မင်းတို့ ရဲမရဲ ကြည့်ရသေးတာပေါ့...

ဤသည်ကို မြင်ချိန်တွင် အစေခံမိန်းကလေး နှစ်ဦးသည် ချက်ချင်း ခြေလှမ်းတန့်သွားကြလေသည်။

နန်ကုန်းယွီသည် ချင်းလင်၏ အရှေ့တွင် ရပ်နေသဖြင့် သူတို့ မည်သို့ ရှေ့တိုးရဲမည်နည်း။ အကယ်၍ သူတို့သာ နန်ကုန်းယွီကို မတော်တဆ ထိခိုက်မိသွားပါက သူတို့တွင် အစားထိုးစရာ ခေါင်းလုံလောက်စွာ ရှိမည်မဟုတ်ပေ။

သူတို့နှစ်ဦးသည် တွေဝေသွားပုံရပြီး ချွန်းမေ့ ဘာပြောမည်ကို သိချင်သဖြင့် သူမဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ချွန်းမေ့က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ရှောင်လွီ... သွားပြီး မင်းသားငယ်ကို ဆွဲဖယ်လိုက်... သူ မထိခိုက်စေနဲ့နော်..."

"ဟုတ်ကဲ့ပါ ချွန်းမေ့..."

အစေခံမိန်းကလေး တစ်ဦးက ပြန်ဖြေလိုက်ပြီး ချွန်းမေ့နောက်မှ ထွက်လာကာ နန်ကုန်းယွီဆီသို့ တည့်တည့်လျှောက်သွားလေသည်။

ဤသည်ကို မြင်ချိန်တွင် ချင်းလင်၏ မျက်နှာသည် စိုးရိမ်ပူပန်သွားလေသည်။

"ဘာမှ မစဉ်းစားမဆင်ခြင်ဘဲ မလုပ်ကြပါနဲ့... ငါ မင်းတို့နဲ့ လိုက်ခဲ့ပါ့မယ်... မင်းသားငယ်ကို မထိခိုက်စေနဲ့..."

သို့သော် သူမ ဤသို့ပြောလိုက်သည်နှင့် လက်သေးသေးလေးတစ်ဖက်က သူမ၏ စကတ်ကို လာကိုင်သည်ကို ခံစားလိုက်ရပေသည်။

သူမ ငုံ့ကြည့်လိုက်ရာ ၎င်းမှာ နန်ကုန်းယွီ ဖြစ်နေလေသည်။

သူက ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်ပြီးနောက် လျှောက်လာနေသော ရှောင်လွီနှင့် ချွန်းမေ့တို့ အုပ်စုကို လှည့်ကြည့်လိုက်သည်။

"သတ္တိခဲလေးတွေ... အဆင့်နိမ့် အစေခံမ တစ်သိုက်ကများ... ငါ့ကို လက်တစ်ဖျားလေးနဲ့တောင် လာထိရဲရင် ထိကြည့်လိုက်လေ..."

ဤစကားကို ကြားချိန်တွင် ရှောင်လွီသည် ချက်ချင်း ခြေလှမ်းတန့်သွားလေသည်။

နန်ကုန်းယွီ၏ အဆင့်အတန်း မည်မျှပင် နိမ့်ကျနေပါစေ သူသည် ကျန်းပေ့မင်းသား ဖြစ်နေသေးပေသည်။ အကယ်၍ သူက ဤသို့ပြောလာပါက မည်သူက သူ့ကို ထိရဲမည်နည်း။

မင်းတို့ ရူးနေကြတာလား...

ချွန်းမေ့က မျက်မှောင်ကြုတ်လိုက်သည်။

"မင်းသားငယ်... ချင်းလင်က အဆင့်နိမ့် အစေခံမပါ..."

သို့သော် သူမ စကားမဆုံးမီမှာပင် နန်ကုန်းယွီက သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"အဆင့်နိမ့် အစေခံမ... မင်းက ဘယ်သူ့ကို အဆင့်နိမ့် အစေခံမလို့ ခေါ်နေတာလဲ..."

"ဒီ... ဒီငယ်ကျွန်က..."

ချွန်းမေ့သည် ရုတ်တရက် အဆူခံလိုက်ရသဖြင့် စိုးရိမ်ထိတ်လန့်သွားသော်လည်း သူမသည် နန်ကုန်းယွီကို မပြောရဲချေ။ သူမ၏ အသက်စွမ်းအင်များပင် တုန်လှုပ်သွားရပေသည်။

သူမ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အတင်းပြုံးကာ ပြောလိုက်လေ၏။

"မင်းသားငယ်... ဒီငယ်ကျွန်က မယ်တော်ကြီးရဲ့ အစေခံပါ... မင်းသားငယ်က..."

သို့သော် သူမ စကားမဆုံးမီမှာပင် နန်ကုန်းယွီက အေးစက်စွာ ပြောလိုက်သည်။

"ငါသိတယ်... ဒါပေမဲ့ အဲ့ဒါက ဘာဖြစ်လို့လဲ... မင်းက မယ်တော်ကြီးရဲ့ အနားမှာ အလုပ်အကျွေးပြုနေလို့ ငါက မင်းကို လေးစားတာ... ဒါပေမဲ့ အဲ့ဒါက ငါ့မှာ ဒေါသ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူး..."

"မင်းက ငါ့ရှေ့မှာ ဒူးမထောက်တဲ့အပြင် ဦးလည်းမညွှတ်ဘူး... ပြီးတော့ ငါ့လူကိုတောင် လာထိရဲသေးတယ်... ဘယ်သူက မင်းကို ဒီလောက် သတ္တိတွေ ပေးထားတာလဲ... မယ်တော်ကြီးလား... ငါ ကိုယ်တိုင် သွားမေးပေးရမလား..."

နန်ကုန်းယွီ ပြောနေစဉ် သူ၏ ကလေးဆန်သော အသံသည် ပို၍ပို၍ အေးစက်လာပြီး အာဏာစက်အရိပ်အယောင်များ ပါဝင်လာလေသည်။

သူ၏စကားကို ကြားချိန်တွင် ချွန်းမေ့နှင့် အခြားသူများသည် ချက်ချင်း အံ့အားသင့်သွားကြလေသည်။ မယ်တော်ကြီးက သူတို့ကို ဤသို့သော သတ္တိမျိုး ဘယ်သောအခါမှ ပေးမည်မဟုတ်။

အကယ်၍ ဤစကားများသာ မယ်တော်ကြီး၏ နားထဲသို့ ရောက်သွားပါက သူတို့ မည်သို့သေသွားမှန်းပင် သိလိုက်ရမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဤစကားများကို ကျန်းပေ့မင်းသားက ပြောခဲ့ခြင်း ဖြစ်လေသည်။

ဤအရာကို သဘောပေါက်သွားချိန်တွင် ချွန်းမေ့နှင့် အခြားသူများ၏ ဒူးများ ခွေယိုင်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြလေ၏။

"ဒီငယ်ကျွန်တွေမှာ အပြစ်ရှိပါတယ်... မင်းသားငယ် အသက်ကို ချမ်းသာပေးတော်မူပါ..."

သို့သော် နန်ကုန်းယွီက သူတို့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ရုံသာ ကြည့်လိုက်သည်။

"အပြစ်ရှိမှန်း သိတယ်ပေါ့... ငါထင်တာတော့ မင်းတို့ မသိလောက်ပါဘူး..."

"ချင်းလင်က ငါ့လူပဲ... မင်းက ငါ့ရှေ့မှာ သူ့ကို ဗြောင်ကျကျ စော်ကားခဲ့တဲ့အပြင် ပါးရိုက်ဖို့တောင် ကြိုးစားသေးတယ်... မင်းက ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား..."

"ဒီငယ်ကျွန် မရဲပါဘူး..."

ချွန်းမေ့နှင့် အခြားသူများသည် အလျင်အမြန် ငြင်းဆိုလိုက်ကြပြီး သူတို့ ဝန်မခံရဲကြ။

ချွန်းမေ့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု တစ်ရပ် ဖြတ်ပြေးသွားလေ၏။ ဤမင်းသားငယ်သည် အဘယ်ကြောင့် ချက်ချင်း ရင့်ကျက်လာရသနည်း။

သို့သော် သူမ ဆက်လက်တွေးတောရန် အချိန်မရှိ။

"မင်းသားငယ်... ချွန်းမေ့က ဒါကို ငြင်းဆိုပါတယ်... ချင်းလင်က သာမန်လူသား ခန္ဓာကိုယ်နဲ့ မင်းသားငယ်ကို စော်ကားခဲ့တာကြောင့် အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ်..."

နန်ကုန်းယွီက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူမကို အေးစက်စွာ ကြည့်လိုက်လေ၏။ သူ၏အသံသည် ကလေးဆန်သော်လည်း အာဏာပါနေပေသည်။

"အိုး... အဲ့ဒါက ငါသူ့ကို အမိန့်ပေးခဲ့တာလေ... မင်းပြောတာက ငါ မှားနေတယ်ဆိုတဲ့ သဘောလား..."

"ဒီငယ်ကျွန် မရဲပါဘူး..."

ချွန်းမေ့သည် ချက်ချင်း ခေါင်းငုံ့လိုက်ပြီး သူမ၏ နဖူးမှာ မြေပြင်နှင့် တင်းတင်းကျပ်ကျပ် ကပ်နေကာ ချွေးစေးများပင် စတင်ကျဆင်းလာသည်။

နန်းတော်ထဲတွင် သူမ၏ ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်းတစ်လျှောက် ဤမျှလောက် မတရားခံရပြီး ကြောက်ရွံ့မှုကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။

သို့သော် ဤကိစ္စတွင် သူမ အရှုံးပေးရတော့မည် ဖြစ်ပေသည်။

နန်ကုန်းယွီသည် မယ်တော်ကြီး၏ ချစ်ခင်နှစ်သက်မှုကို ခံရသူဖြစ်ပြီး သူမ ပြဿနာရှာရန် မတတ်နိုင်သူ ဖြစ်လေသည်။

သူမ စိတ်အခြေအနေ မကောင်းဖြစ်နေပြီး နန်ကုန်းယွီသည် ငယ်ရွယ်လွန်းကာ နားလည်နိုင်စွမ်းမရှိသေးဟု ထင်ခဲ့သဖြင့် ဤအဆင့်နိမ့် အစေခံမ ချင်းလင်အပေါ် ဒေါသထွက်ပေါက်ရှာရန် ရည်ရွယ်ခဲ့သော်လည်း ဤသို့ဖြစ်လာမည်ဟု ဘယ်သောအခါမှမမျှော်လင့်ထားခဲ့မိ‌ ပေ။

အဓိကအချက်မှာ အသက်ခြောက်လ သာရှိသေးသော နန်ကုန်းယွီသည် ဤမျှလောက် ဉာဏ်ရည်ထက်မြက်ပြီး ယုတ္တိရှိရှိ စကားပြောဆိုနိုင်မည်ဟု သူမ မမျှော်လင့်ထားခြင်း ဖြစ်ပေသည်။

သို့သော် သူမ ခေါင်းငုံ့ကာ အရှုံးပေးလိုက်ခြင်းသည် နန်ကုန်းယွီ၏ ဒေါသ ပြေကျသွားပြီဟု ဆိုလိုခြင်း မဟုတ်။

"မရဲဘူးဟုတ်လား... ငါထင်တာတော့ မင်းက တော်တော် သတ္တိကောင်းတာပဲ... ချင်းလင်ကို ငါ့ရဲ့ဆရာမအဖြစ် ဦးရီးတော်ကိုယ်တိုင် တာဝန်ပေးထားတာလေ... ငါက သူ့ကို ဖက်ခိုင်းတာ ဘာမှားနေလို့လဲ..."

"မင်းက သူ့ကို ပါးရိုက်ချင်တယ်ပေါ့... ဦးရီးတော်က ငါ့ကို ပေးထားတဲ့လူကို ရိုက်တာ သင့်လျော်ရဲ့လားလို့ ဦးရီးတော်ကို ငါ သွားမေးရမလား..."

"မင်းသားငယ် အသက်ကို ချမ်းသာပေးတော်မူပါ... ဒီငယ်ကျွန် နောက်တစ်ခါ မလုပ်တော့ပါဘူး..."

ချွန်းမေ့သည် ထိတ်လန့်တကြား အာမေဍိတ်သံပြုကာ တောင်းပန်လိုက်လေသည်။

ဤကိစ္စက ဧကရာဇ်ကိုပါ အမှန်တကယ် တုန်လှုပ်သွားစေတာလား...

အကယ်၍ ယနေ့ ဤကိစ္စသာ မယ်တော်ကြီးထံ ရောက်သွားပါက သူမ၏ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့မှုကြောင့် မယ်တော်ကြီးက သူမအပေါ် ညှာတာကောင်း ညှာတာနိုင်ပေသည်။ သို့သော် ဧကရာဇ်ထံသာ အမှန်တကယ် ရောက်သွားပါက သူမ ပြီးဆုံးသွားပြီ ဖြစ်ပေသည်။

နန်ကုန်းယွီက သူမကို အေးစက်စွာ ကြည့်လိုက်သည်။

"မင်း မရဲဘူးလား... ဒါတောင် မင်းက ချင်းလင်ရဲ့ ပါးကို ရိုက်ရဲသေးတယ်... ငါ့ရဲ့ စာသင်ကြားမှုနဲ့ စာဖတ်သင်ယူမှုကို နှောင့်နှေးအောင် မင်းက လုပ်ချင်နေတာလား... မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ..."

"မင်းသားငယ် သနားတော်မူပါ... ဒီငယ်ကျွန်က ခဏတာ တွေဝေသွားပြီး စကားမှား အပြုအမူမှား လုပ်မိတာပါ... ကျေးဇူးပြုပြီး မင်းသားငယ် သနားတော်မူပါ..."

ချွန်းမေ့တွင် မည်သည့် ထင်ယောင်ထင်မှားမှုမျှ မကျန်တော့ချေ။ ဤမင်းသားငယ်သည် သာမန်လူ မဟုတ်ပေ။

ယနေ့ သူမ ပြီးဆုံးသွားပြီ ဖြစ်လေသည်။

"ဟမ့်..."

နန်ကုန်းယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မင်းက မယ်တော်ကြီးရဲ့ လူတွေထဲက တစ်ယောက်ဆိုတော့ မင်းကို ငါ ထိန်းချုပ်လို့မရဘူး... ဒီကိစ္စနဲ့ ပတ်သက်ပြီး မယ်တော်ကြီးနဲ့ ငါကိုယ်တိုင် သွားပြောလိုက်မယ်... အခု ထွက်သွားတော့..."

"မင်းသားငယ်... အရှင်... မင်းသမီး..."

ချွန်းမေ့သည် ဆက်လက်တောင်းပန်လိုသေးသဖြင့် မော့ကြည့်လိုက်သော်လည်း နန်ကုန်းယွီ၏ ဘေးတွင် အခြားလူတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရလေ၏။

ထိုသူမှာ ရှန်ကွမ်ယွဲ့ရှီး ဖြစ်ပေသည်။

သူမသည် မှောင်ရိပ်ထဲမှ စောင့်ကြည့်နေခဲ့ပြီး နန်ကုန်းယွီ၏ စွမ်းအားပြသမှုကို မျက်မြင်တွေ့ခဲ့ရသဖြင့် ပြုံးမိသွား‌ လေသည်။

သို့သော် ထိုနေရာတွင် နန်ကုန်းယွီနှင့် ချင်းလင်သာ ရှိနေသဖြင့် ချွန်းမေ့က စိတ်ပျက်လက်ပျက်ဖြင့် တစ်ခုခု လုပ်မည်ကို စိုးရိမ်ကာ အလျင်အမြန် ကိုယ်ထင်ပြလိုက်ခြင်း ဖြစ်လေသည်။

"ထွက်သွားစမ်း..."

ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီကို ချီလိုက်ပြီး ချွန်းမေ့ကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ဤသည်ကို မြင်ချိန်တွင် ချွန်းမေ့သည် တောင်းပန်ခြင်းက အသုံးမဝင်ကြောင်း သိလိုက်ရသဖြင့် သူမ၏ လူများနှင့်အတူ အလျင်အမြန် ထွက်ခွာသွားရုံသာ တတ်နိုင်တော့ချေသည်။

သူမ ထွက်သွားသည်ကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီကို လှည့်ကြည့်ကာ သူမ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာလေ၏။

"ငါ့ရဲ့ ယွီအာက ဘယ်အချိန်ကစပြီး ဒီလောက်တောင် အံ့ဩစရာ ကောင်းသွားရတာလဲ..."

နန်ကုန်းယွီက ခေါင်းကုတ်လိုက်ပြီး သူ၏ အပြစ်ကင်းစင်သော အပြုံးလေး ပြန်လည်ပေါ်လာသည်။

"မယ်တော် ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ..."

"မင်းက မယ်တော့်ကိုတောင် မပြောဘဲ အပြင်ထွက်လာတာဆိုတော့ မယ်တော်က လာကြည့်ရတာပေါ့..."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းခါလိုက်ပြီး အနည်းငယ် ပြုံးလိုက်လေ၏။ ထို့နောက် သူမ၏ အမူအရာသည် တည်ကြည်သွားသည်။

"ယွီအာ... ပညာရှိဆိုတာ အန္တရာယ်ရှိတဲ့ နံရံအောက်မှာ မရပ်ဘူးတဲ့... တကယ်လို့ မင်း အဲ့ဒီလို အခြေအနေမျိုးနဲ့ ထပ်ကြုံရရင် သူတို့ကို နောက်ဆုတ်ခိုင်းလိုက်... စကားတွေ အများကြီး ပြောနေစရာ မလိုဘူး... ဒါမှ သူတို့က စိတ်ပျက်လက်ပျက်နဲ့ အကြံအစည်တွေ မလုပ်မိမှာ... နားလည်လား..."

"သား နားလည်ပါပြီ မယ်တော်..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်သည်။ ရှဲဒိုးချမ်းက သူ့ကို ကာကွယ်ပေးနေသည်ဟု ယုံကြည်ထားသောကြောင့် သူလည်း အနည်းငယ် မဆင်မခြင် ဖြစ်သွားခဲ့ပေ၏။ သို့မဟုတ်ပါက ဤနောက်ကွယ်မှ အကြောင်းပြချက်ကို သူ သဘာဝကျကျ နားလည်နိုင်ပေသည်။

ထိုအချိန်တွင် ချင်းလင်သည်လည်း သတိပြန်ဝင်လာပြီး သူမ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေ၏။ သူမသည် အလျင်အမြန် ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။

"ဒီငယ်ကျွန်က မင်းသမီးကို ဂါရဝပြုပါတယ်... ဒီငယ်ကျွန်က မဆင်မခြင်နဲ့ မင်းသားငယ်ကို အပြင်ခေါ်ထုတ်လာပြီး မတော်တဆ ထိခိုက်မိမလို့ ဖြစ်သွားခဲ့ပါတယ်... ကျေးဇူးပြုပြီး မင်းသမီး ဒီငယ်ကျွန်ကို အပြစ်ပေးပါ..."

ရှန်ကွမ်ယွဲ့ရှီးက သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် နန်ကုန်းယွီကို ကြည့်ကာ ပြောလိုက်၏။

"ထပါ... ယွီအာက မင်းကို သူ့လူလို့ ပြောပြီးပြီပဲ... မင်းကို ဘယ်လို အပြစ်ပေးရမလဲဆိုတာ ငါနဲ့ မဆိုင်ဘူး... မင်းရဲ့သခင်ကို နောက်မှ မေးလိုက်ပါ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် မျက်တောင်ခတ်လိုက်ပြီး အနည်းငယ် ရှုပ်ထွေးသွားလေသည်။

ဤစကားကို ကြားချိန်တွင် ချင်းလင်၏ မျက်နှာသည် ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် ဦးညွှတ်ကာ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် မင်းသမီး... ကျေးဇူးတင်ပါတယ် မင်းသားငယ်..."

သူမသည် လေးစားစွာ ဦးညွှတ်လိုက်ပြီးနောက် ဖြည်းညင်းစွာ ထကာ သူတို့နှစ်ဦး၏ နောက်တွင် လေးစားစွာ ရပ်နေလိုက်လေသည်။

ရှန်ကွမ်ယွဲ့ရှီး၏ စကားသည် နန်ကုန်းယွီနောက်သို့ သူမ လိုက်ပါရန် ယာယီ ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သဘာဝကျကျ သူမ နားလည်ပေသည်။

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဥယျာဉ်ထဲရှိ လှပသော ရှုခင်းများကို ကြည့်လိုက်သည်။ သူမသည် နန်ကုန်းယွီကို ခေါ်ကာ လမ်းလျှောက်ထွက်ရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် အခြားလူတစ်ယောက် သူမရှေ့သို့ ရောက်လာလေ၏။

အခန်း (၆၂) ကလေးတွေ ဘာလုပ်ကြမှာလဲ...

လူတစ်ယောက် ရုတ်တရက် သူမရှေ့သို့ ရောက်လာသဖြင့် ရှန်ကွမ်ယွဲ့ရှီးသည် လန့်သွားပြီး နန်ကုန်းယွီကို သူမ၏ ရင်ခွင်ထဲသို့ အလျင်အမြန် ဆွဲသွင်းလိုက်လေည်။

သို့သော် မည်သူဖြစ်ကြောင်း မှတ်မိသွားပြီးနောက် သူမ သက်ပြင်းတစ်ချက် ချလိုက်သည်။

"အဒေါ်ကြီး ချင်း... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ..."

အမှန်တကယ်ပင် ရောက်လာသူမှာ ချင်းကျူ ဖြစ်လေသည်။

ချင်းကျူသည် ကျီကျစ်ယွီ၏ အစောဆုံး နောက်လိုက်များထဲမှ တစ်ဦးဖြစ်ပြီး သူမ၏ အနီးကပ် အစေခံ ဖြစ်ပေ၏။ သူမသည် အလွန်ကောင်းမွန်သော ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပြီး ယခုအခါ ကပ်ဘေးပျက်သုဉ်းခြင်း နောက်ပိုင်းအဆင့် ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ဆယ်စုနှစ်များစွာ ကြာပြီးနောက် ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့်တွင်သာ ရှိနေသေးသော ချွန်းမေ့နှင့် နှိုင်းယှဉ်၍ မရနိုင်။

ချင်းကျူက ပြုံးကာ ဆိုလိုက်၏။

"ငါ ကိစ္စအားလုံးကို စောင့်ကြည့်နေခဲ့တာ... မင်းရောက်လာတာကို မြင်တော့ ငါ နှုတ်ဆက်ဖို့ လာခဲ့တာပါ..."

"ဪ... ကျေးဇူးအများကြီးတင်ပါတယ် အဒေါ်ကြီး ချွေ့..."

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ချင်းကျူသည် ရှိုးရှန်းနန်းဆောင်တွင် ဒုတိယအရေးအပါဆုံးလူ ဖြစ်သောကြောင့် နန်းဆောင်အတွင်း အခြေအနေကို မကြာခဏ စောင့်ကြည့်နေခြင်းမှာ သဘာဝကျကြောင်း နားလည်လိုက်ပေသည်။

ဒါဆို ငါကပဲ အများကြီး တွေးနေခဲ့တာလား...

ချင်းကျူက အနည်းငယ် ပြုံးလိုက်ပြီး နန်ကုန်းယွီကို ကြည့်လိုက်သည်။

"မင်းသားငယ်ရဲ့ ဒီနေ့ လုပ်ရပ်တွေက သူ့ဖခင်ရဲ့ အရင်တုန်းက ပုံစံကို အနည်းငယ် ပြန်သတိရစေတယ်... တော်တော်လေး အထင်ကြီးစရာပဲ..."

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဒေါ်ကြီးချင်း.."

နန်ကုန်းယွီက ခေါင်းကုတ်ကာ ပြုံးလိုက်သော်လည်း စိတ်ထဲတွင်မူ ထိုအရာကို သိပ်မတွေးခဲ့ချေ။

အကယ်၍ သူသာ သူ၏ ပုံမှန်အဆင့်အတိုင်း ပြုမူခွင့်ရခဲ့မည်ဆိုလျှင် အစောပိုင်းက ထိုသူများကို ရှဲဒိုးချမ်းက ရိုက်နှက်ပြီးလောက်ပြီ ဖြစ်ပေ၏။

တစ်ဝက်သေ၊ တစ်ဝက်ကျိုးတဲ့ အခြေအနေမျိုးပေါ့...

"ကောင်းပြီ... ငါ မင်းတို့နဲ့ စကားမပြောတော့ဘူး... ချွန်းမေ့နဲ့ အခြားသူတွေကို ငါ ဖမ်းထားလိုက်ပြီ... ဒီကိစ္စကို မယ်တော်ကြီးဆီ တင်ပြပြီး မယ်တော်ကြီးရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေမယ်..."

"ဒါ..."

ချင်းကျူ၏ စကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် အနည်းငယ် အံ့အားသင့်သွားပြီး အလျင်အမြန် ပြောလိုက်လေ၏။

"အဒေါ်ကြီးချင်း... ယွီအာက နောက်နေတာပါ... အဲ့ဒီလောက်တောင် ကြီးကျယ်တဲ့ ကိစ္စ မဖြစ်သင့်ဘူးမလား..."

ချင်းကျူက ခေါင်းခါလိုက်သည်။

"မင်းသမီး... မင်းသားငယ်က နောက်နေပေမဲ့ သူပြောတာတွေက လုံးဝ အဓိပ္ပာယ်ရှိတယ်လေ... ချွန်းမေ့နဲ့ အခြားသူတွေက ဒီအပြစ်ကနေ လွတ်ကင်းနိုင်မှာ မဟုတ်ဘူး..."

"ဒါ့အပြင် ချွန်းမေ့က ပြီးခဲ့တဲ့နှစ်တွေအတွင်း မယ်တော်ကြီးရဲ့ နောက်ခံကို အားကိုးပြီး အမှားတွေ အများကြီး လုပ်ခဲ့တယ်လေ... သူ့ကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီ..."

ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဘာမျှ ဆက်မပြောတော့။

ချင်းကျူသည် သူတို့သုံးဦးကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်သွားလေ၏။

ရှန်ကွမ်ယွဲ့ရှီး၏ အမူအရာ မမှန်သည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် သတိထား၍ မေးလိုက်သည်။

။

"မယ်တော်... ယွီအာ တစ်ခုခု မှားလုပ်မိလို့လား..."

"မဟုတ်ပါဘူး..."

ရှန်ကွမ်ယွဲ့ရှီးက အလျင်အမြန် ခေါင်းခါကာ ရယ်မောလိုက်၏။

"ယွီအာ လုပ်တာ မှန်ပါတယ်... ချင်းလင်က သားရဲ့လူဆိုတော့ သားက သူ့ကို ချီပြီး အပြင်ထွက်ခိုင်းတာလေ... တစ်ခုခုဖြစ်လာတဲ့အခါ သူ့ကို ကာကွယ်ပေးတာ မမှားပါဘူး..."

"ဒါဆို မယ်တော်က ဘာလို့ သိပ်မပျော်တဲ့ပုံ ပေါက်နေတာလဲ..."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းခါလိုက်ပြီး နန်ကုန်းယွီ၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး... မယ်တော်က တစ်ခုခုကို တွေးနေလို့ပါ... ယွီအာ အဲ့ဒီအကြောင်း စိတ်မပူနဲ့နော်..."

နန်ကုန်းယွီက နားလည်သကဲ့သို့ ခေါင်းညိတ်လိုက်သော်လည်း ဆက်လက်မမေးတော့ချေ။

...

အချိန်တွေ ကုန်လွန်လာပြီး မျက်တောင်တစ်ခတ်အတွင်း ခုနစ်ရက် ကုန်လွန်သွားလေ၏။

ထိုနေ့မှစ၍ ရှိုးရှန်းနန်းဆောင်တွင် ချွန်းမေ့နှင့် အခြားသူများကို နန်ကုန်းယွီ ထပ်မံမတွေ့ရတော့‌ ပေ။

သူတို့သည် မြေကြီးပေါ်မှ အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားကြလေသည်။

အသက်ရှင်လျက်ဖြစ်စေ၊ သေဆုံးလျက်ဖြစ်စေ ရှာမတွေ့နိုင်တော့ချေ။ ရှိုးရှန်းနန်းဆောင်မှ အခြားသူများသည်လည်း သူတို့ကို မသိတော့သည့်အလား ဖြစ်နေပြီး အရာအားလုံး ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပေသည်။

သို့သော် သူတို့ သေဆုံးသွားပြီဖြစ်ကြောင်း နန်ကုန်းယွီ သိလေသည်။

ရှဲဒိုးချမ်းက ဤသတင်းကို တင်ပြလာချိန်တွင် သူ အနည်းငယ် အံ့အားသင့်သွားပြီး ဤကမ္ဘာကြီး၏ ရက်စက်ကြမ်းကြုတ်မှုကို သူ၏အမြင်တွင် ပိုမိုနက်ရှိုင်းသွားစေခဲ့ပေသည်။

ခုနစ်ရက်အတွင်း လူအများ၏ နှလုံးသားကို ထိမိစေပြီး ရေတွက်မရနိုင်သော လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည့် အဓိကဖြစ်ရပ် နှစ်ခုသာ ရှိလေသည်။

ပထမတစ်ခုမှာ မြောက်ပိုင်းစစ်ချီစစ်တပ်သည် ပေ့ချွမ်းအင်ပါယာကို တံမြက်လှည်းသကဲ့သို့ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။

ဤသည်မှာ လွန်ခဲ့သည့် စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပေးပြီး ချင်းယိုအင်ပါယာ တစ်ခုလုံးအတွက် ဝမ်းမြောက်စရာ အခါသမယတစ်ခုလည်း ဖြစ်ပေ၏။

ဒုတိယအချက်မှာ အရှေ့မီးတောက်၊ ငွေလမင်းနှင့် အနောက်မြူခိုး အင်ပါယာသုံးခုတို့သည် ချင်းယိုအင်ပါယာသို့ သွားရောက်လည်ပတ်ရန် ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခဲ့ကြပြီး မနေ့က ချင်းယိုဧကရာဇ်မြို့တော်သို့ ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။

သူတို့အားလုံးသည် မိတ်ဆွေဖွဲ့ရန် လာရောက်ကြသော်လည်း သူတို့အဖွဲ့၏ အမှန်တကယ် ရည်ရွယ်ချက်ကို မည်သူမျှ မသိကြချေ။ သူတို့သည် အမှန်တရားကို ရှာဖွေရန် ကြိုးစားနေခြင်း မဟုတ်ဘဲ နောက်ကွယ်မှ ရည်ရွယ်ချက်များ ရှိနေခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။

ဤသည်မှာ ချင်းယိုအင်ပါယာ လူမျိုးများ၏ နှလုံးသားကို ထိရှစေပြီး ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှု ရရှိခဲ့သော အဓိကဖြစ်ရပ်တစ်ခု ဖြစ်လေသည်။

ထို့အပြင် နန်ကုန်းယွီသည်လည်း အစေခံမလေး တစ်ဦး ရရှိခဲ့သည်။

ချင်းလင် ဖြစ်ပေသည်။

မယ်တော်ကြီး ကျီကျစ်ယွီထံမှ နန်ကုန်းယွီ၏ စကားများကို ကြားသိပြီးနောက် နန်ကုန်းအောက်ထျန်းသည် ချင်းလင်အား နန်ကုန်းယွီထံ ချက်ချင်း အစေခံအဖြစ် ပေးအပ်လိုက်လေသည်။

ချင်းလင်သည် ဧကရာဇ်၏ စီစဉ်မှုများကို နာခံပြီး သူမ၏ အဆင့်အတန်းအသစ်ကို လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

သေချာသည်မှာ ဤသည်က သူမ သဘောကျကျ ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် သူမသည် အစေခံတစ်ဦး မဟုတ်ဘဲ နန်ကုန်းယွီ၏ ကလေးထိန်း ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ နန်ကုန်းယွီသည် အလွန်ငယ်ရွယ်သေးပြီး နန်ကုန်းယွီ၏ နေ့စဉ်ဘဝကို ဂရုစိုက်ရန်၊ နန်ကုန်းယွီကို စာဖတ်ရန်နှင့် စာရေးရန် သင်ကြားပေးရန် စသည်တို့အတွက် သူမကို လိုအပ်ပေ၏။

အကယ်၍ သူမသည် ကလေးထိန်း မဟုတ်လျှင် ဘာဖြစ်မည်နည်း။

စောစောပိုင်း မနက်ခင်းတွင် ဖြစ်ပေသည်။

နန်ကုန်းယွီသည် ဖြည်းညင်းစွာ ထလာပြီး ချင်းလင်၏ အကူအညီဖြင့် အဝတ်အစားလဲကာ မျက်နှာသစ်လိုက်လေ၏။

သူ၏မယ်တော် ရှန်ကွမ်ယွဲ့ရှီးမှာမူ သူ၏ခန္ဓာကိုယ်ကို သန်စွမ်းစေရန် ဆေးဖက်ဝင်အစားအစာ ပြင်ဆင်ရန် သွားနှင့်ပြီ ဖြစ်သည်။

မိခင်တစ်ယောက်အနေဖြင့် နန်ကုန်းယွီအတွက် တစ်ခုခု လုပ်ပေးချင်သောကြောင့် သူမသည် ဤအလုပ်ကို ချင်းလင်ထံ မလွှဲအပ်ခဲ့။

သေချာသည်မှာ ချင်းလင်သည် ကျင့်ကြံခြင်းနှင့် ဆေးဖက်ဝင်အစားအစာများအကြောင်း ဘာမျှမသိသောကြောင့် ၎င်းတို့ကို သူမထံ အပ်နှံရန် မသင့်လျော်သောကြောင့်လည်း ဖြစ်ပေ၏။

"ယွီအာ... မင်းရဲ့ ဦးရီးတော်က ဒီည မဟာငြိမ်းချမ်းရေးခန်းမဆောင်မှာ နိုင်ငံသုံးနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေအတွက် စားသောက်ပွဲ ကျင်းပမယ်ဆိုပြီး အခုလေးတင် လူလွှတ်ပြီး အကြောင်းကြားလာတယ်... ပြီးတော့ သားကို အဲ့ဒီကို ခေါ်လာခဲ့ဖို့ ငါ့ကို ပြောတယ်..."

နန်ကုန်းယွီ ထိုင်လိုက်သည်နှင့် ရှန်ကွမ်ယွဲ့ရှီးသည် ဆေးဖက်ဝင်အစားအစာကို ယူလာလေ၏။

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် အနည်းငယ် အံ့အားသင့်သွားသည်။

"သားလို ကလေးလေးက အဲ့ဒီမှာ ဘာသွားလုပ်ရမှာလဲ..."

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်သည်။

"အခြား အသက်ခြောက်လအရွယ် ကလေးတွေနဲ့ ယှဉ်ရင် ငါ့ရဲ့ ယွီအာက အများကြီး ပိုပြီး ထက်မြက်ပြီး ဉာဏ်ကောင်းတယ်လေ... ပြီးတော့ သူ့စိတ်က အရမ်းကြည်လင်တယ်လေ... သားရဲ့ ဦးရီးတော်က သားရဲ့ အသိပညာ ဗဟုသုတတွေကို ကျယ်ပြန့်စေချင်လို့ ဖြစ်မှာပေါ့..."

နန်ကုန်းယွီက မျက်တောင် အနည်းငယ်ခတ်လိုက်ပြီး အနည်းငယ် ရယ်ချင်စိတ်ပေါက်ကာ စိတ်ပျက်သွားလေ၏။

သူက သိုသိုသိပ်သိပ် နေချင်တာကို။

ချွန်းမေ့ ကိစ္စကြောင့် သူတို့က ငါ့ကို ဉာဏ်ကောင်းလွန်းတယ်လို့ ထင်နေကြတာလား...

အဆင်ပြေပါတယ်... အနည်းဆုံးတော့ ဒါက ကျင့်ကြံခြင်း မဟုတ်ဘူးလေ... ဝိညာဉ်အမြစ်ရဲ့ ထူးခြားချက်က အရမ်းထင်ရှားနေတော့ ကြောက်စရာကောင်းပေမဲ့ လက်ခံနိုင်ပါသေးတယ်...

"အဆင်ပြေပါတယ်... အရမ်းကြီး ဖိအားမပေးပါနဲ့... ဒါက စားသောက်ပွဲ သက်သက်ပါပဲ..."

ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီ၏ ခေါင်းလေးကို ပုတ်ကာ ပြုံးလိုက်၏။

"ကောင်းပြီ... ခန္ဓာကိုယ်ကို သန်စွမ်းစေတဲ့ ဆေးဖက်ဝင်အစားအစာကို အရင်စားလိုက်ကြရအောင်..."

"ဟုတ်ကဲ့..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာလေးပေါ်တွင် အပြုံးများ ပြည့်နှက်နေကာ မိခင်၏ ကျွေးမွေးမှုကို လွယ်ကူစွာ လက်ခံလိုက်လေသည်။

သူတို့၏ ဆေးဖက်ဝင်အစားအစာကို စားပြီးမကြာမီတွင် နန်ကုန်းယွီသည် ချင်းလင်နှင့်အတူ စာဖတ်ရန် ဆက်လက်သင်ယူလေ၏။

သေချာသည်မှာ သင်ကြားပေးနေသူမှာ ချင်းလင်ဖြစ်ပြီး သူက စောင့်ကြည့်နေခြင်း ဖြစ်သော်လည်း သူ ဘာကို စောင့်ကြည့်နေသည်ကို သူသာ သိပေသည်။

မသိလိုက်မသိဘာနှင့် အချိန်တွေ ကုန်လွန်သွားပြီး နေ့လယ်စောင်းနေပြီ ဖြစ်လေသည်။

နန်ကုန်းယွီသည် ချင်းလင်၏ ဟောပြောပို့ချမှုကို အာရုံစိုက်နေစဉ် နန်ကုန်းရိုရွှယ်သည် တိုက်ရိုက်ဝင်လာပြီး သူမ၏နောက်တွင် နန်ကုန်းရိုရွှေနှင့် နန်ကုန်းကျင်းချီတို့ လိုက်ပါလာကြ၏။

"အစ်မတော်တို့ ဘာကိစ္စရှိလို့ ဒီကို လာကြတာလဲ..."

သူတို့သုံးဦး ရောက်လာသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် အောက်သို့ ခုန်ဆင်းလိုက်ပြီး နန်ကုန်းရိုရွှယ်၏ ခြေထောက်ကို ပြေးဖက်လိုက်လေသည်။

"မင်းသားငယ်... ဖြည်းဖြည်း..."

ချင်းလင်က စိုးရိမ်တကြီး အော်ခေါ်လိုက်ပြီး မတ်တပ်ရပ်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။

"ဒီငယ်ကျွန်က မင်းသမီး နှစ်ပါးကို ဂါရဝပြုပါတယ်... ဒီငယ်ကျွန်က အိမ်ရှေ့မင်းသားကို ဂါရဝပြုပါတယ်..."

"ဂါရဝပြုတာတွေ မလိုပါဘူး..."

နန်ကုန်းရိုရွှယ်သည် လက်ယမ်းပြလိုက်ပြီး နန်ကုန်းယွီကို ချီကာ ပြောလိုက်လေသည်။

"ရှောင်ယွီ... ဒီရက်ပိုင်း အစ်မကို လွမ်းနေသေးလား..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက မျက်တောင် အနည်းငယ်ခတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"သား လွမ်းနေတာပေါ့..."

နန်ကုန်းရိုရွှယ်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"အဆင်ပြေပါတယ်... ငါကြားချင်တဲ့ အဖြေကို ကြားရပြီ... ငါလည်း မင်းကို လွမ်းနေတာ... ဒီရက်ပိုင်း အလုပ်မများရင် မင်းကို လာတွေ့တာ ကြာပေါ့..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"အိုး... ဒီရက်ပိုင်း အစ်မတော်တို့မှာ ကိစ္စတစ်ခုခု ရှိနေလို့လား..."

All Chapters