← Chapters

အခန်း (၈၀၉-၈၁၀)

Vol. 81 Ch. 809-810

အခန်း (၈၀၉-၈၁၀)

Vol. 81 Ch. 809-810

အခန်း (၈၀၉) နောက်ဆုံးည

“လိမ္မာတယ်” လုံချန်းက ချီးကျူးလိုက်ရင်း သူ၏လက်ထဲရှိ ဝိညာဉ်ဓားကို တစ်ချက်ကြည့်ကာ သိုလှောင်လက်စွပ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်၏။

​သူသည် ခြေလှမ်းကျဲဖြင့် ပြန်လျှောက်လာကာ မီးပုံဘေးတွင် ဝင်ထိုင်လိုက်သည်။ ရှုလျန်လေးမှာ သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်ကို သူ သတိပြုမိ၏။

​“မင်းမှာ ဘာပြောစရာရှိလို့လဲ” သူက ကောင်လေးကို မေးလိုက်သည်။

​“ခင်ဗျား လူတွေကို သတ်လိုက်တာပဲ” ရှုလျန်က ပြန်ဖြေ၏။

​“သြော်... အဲဒါကို ပြောတာလား။ ဒါကတော့ မင်းအတွက် ပထမဆုံး သင်ခန်းစာပေါ့ ညီလေးရာ။ တကယ်လို့ တစ်စုံတစ်ယောက်က မင်းရဲ့ မိသားစုနဲ့ မင်းရဲ့ မိတ်ဆွေတွေကို မလေးမစား လုပ်လာပြီဆိုရင် သူတို့ကို ရိုက်နှက်ဆုံးမတာဟာ ဘာမှမမှားပါဘူး။ နောက်ပြီး သူတို့က မင်းရဲ့ မိသားစုကိုများ လက်ဖျားနဲ့ ထိဖို့ ကြိုးစားလာမယ်ဆိုရင်တော့ သူတို့ကို သတ်ပစ်လိုက်တာဟာလည်း ဒီလောကကြီးမှာ အမှားမဟုတ်ဘူး။ မင်းသာ မသန်မာဘူးဆိုရင် လူတွေက မင်းကို အစိမ်းလိုက် ဝါးစားမယ့် လောကကြီးလေ” လုံချန်းက သူ၏ လုပ်ရပ်ကို ကျိုးကြောင်းပြလျက် ရှုလျန်အား ရှင်းပြလိုက်၏။

​“ဒါဆို... ဒါဟာ မမှားဘူးပေါ့ ဟုတ်လား”

​“မှားတယ် မှန်တယ်ဆိုတာထက် ကျိုးကြောင်းဆီလျော်ဖို့ပဲ လိုတာပါ။ အပြစ်မဲ့တဲ့ လူတွေကို သတ်တာကတော့ မကောင်းဘူးပေါ့၊ ဒါပေမဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမယ်ဆိုရင်တော့ တစ်မျိုးပေါ့” လုံချန်းက သူ နားလည်ထားသည့် ဤလောက၏ အမှားအမှန် စံနှုန်းကို ချပြလိုက်၏။

​“ကဲ... အခုတော့ မင်း သွားအိပ်သင့်ပြီ။ တဲတွေလည်း ထိုးထားပြီးပြီပဲ။ ကောင်းကောင်းအိပ်စမ်းပါ။ မနက်ဖြန်ကျရင် ငါတို့ ခရီးဆက်ရဦးမှာဆိုတော့ ပင်ပန်းလိမ့်မယ်” ထိုသို့ ဆိုကာ သူက ဘယ်ဘက်ခြမ်းရှိ တဲလေးကို ညွှန်ပြလိုက်၏။

​“ဟုတ်ကဲ့” ရှုလျန်သည် ကျင့်စဉ်စာအုပ်ကို လက်ကမချဘဲ မတ်တပ်ရပ်ကာ တဲအတွင်းသို့ ဝင်သွားတော့၏။

​ရှုလျန် ထွက်သွားပြီးနောက် လုံချန်းသည် ရွှယ်၏ ပါးပြင်လေးနှစ်ဖက်ကို အသာအယာ ဆုပ်ကိုင်လိုက်ရင်း ဆို၏။ “ငါတို့လည်း အနားယူကြရအောင်”

​သူသည် သွေးမျိုးဆက်နန်းတော်မှ ရရှိထားသော ရှားဟု အမည်ပေးထားသည့် ရုပ်သေးမလေးကို ခေါ်ထုတ်လိုက်၏။

​“ရှား... ဒီည ငါတို့ကို စောင့်ရှောက်ဖို့က မင်းတာဝန်ပဲ။ တဲအနားကို ချဉ်းကပ်လာတဲ့ ဘယ်အရာကိုမဆို သတ်ပစ်လိုက်စမ်း။ လူဖြစ်ဖြစ် သားရဲဖြစ်ဖြစ် ဂရုမစိုက်နဲ့။ ငါတို့ရဲ့ ဘေးကင်းမှုကို ဘယ်သူမှ မနှောင့်ယှက်စေနဲ့” သူက အမိန့်ပေးလိုက်ပြီးနောက် ရွှယ်၏ လက်ကို ဆွဲကာ တဲအတွင်းသို့ ဝင်ခဲ့လေသည်။

​လုံချန်းနှင့် ရွှယ်တို့သည် တဲအတွင်း၌ အချင်းချင်း မျက်မှောင်ကြုတ် စိုက်ကြည့်နေကြ၏။

​“မနက်ဖြန်ဆိုရင်တော့ မေရဲ့ အလှည့် ရောက်ပြီဆိုတော့ ဒါဟာ ငါနဲ့ မင်းရဲ့ နောက်ဆုံးညပဲပေါ့။ အချိန်တွေ ကုန်လွန်တာ မြန်လိုက်တာ၊ ငါတောင် သတိမထားမိလိုက်ဘူး” လုံချန်းက ဆို၏။ ရွှယ်၏ အချိန်မှာ ကုန်ဆုံးတော့မည်ဖြစ်ပြီး မနက်ဖြန်တွင် မေနှင့် လဲလှယ်ရတော့မည်ကို သတိရကာ သူ စိတ်မကောင်း ဖြစ်နေမိသည်။ လွန်ခဲ့သော ခုနစ်ရက်တာအတွင်း ရွှယ်မှာ သူ့ကို အပြည့်အဝ ပြုစုယုယခဲ့သည် မဟုတ်လော။

​“ရပါတယ်။ ဒီခုနစ်ရက်တာဟာ ငါ့အတွက်တော့ အကောင်းဆုံး အချိန်တွေပါပဲ။ ဒီအချိန်အတွင်းမှာ နင့်ရဲ့ မျက်လုံးထဲမှာ ငါတစ်ယောက်တည်း ရှိနေခဲ့တာဟာ ငါ မျှော်လင့်ထားတာထက်တောင် ပိုပါတယ်။ ဒီလို အချိန်လေးတွေ ရခဲ့တာကိုပဲ ကျေနပ်လှပါပြီ” ထိုသို့ ဆိုကာ ရွှယ်က လုံချန်း၏ ပခုံးပေါ်သို့ ခေါင်းလေး မှီချလိုက်၏။

​“ငါလည်း ဒီလိုအချိန်တွေ ရခဲ့တာကို ဝမ်းသာပါတယ်။ ငါ့ရဲ့ အချိန်တွေအားလုံးကို နင့်ကိုပဲ ပေးချင်မိတယ်” လုံချန်းက ရွှယ်၏ ပါးပြင်လေးကို ပွတ်သပ်ရင်း ရေရွတ်လိုက်၏။

​“မလုပ်ပါနဲ့။ တခြားသူတွေလည်း ငါ့လိုပဲ နင့်ရဲ့ အချိန်တွေကို ရထိုက်ကြတာပဲလေ။ ဒီခုနစ်ရက်လေးနဲ့တင် ငါ ကျေနပ်ပါပြီ။ လူတိုင်း အလှည့်ပြီးသွားရင် ငါ့ဆီကို ပြန်ရောက်လာဦးမှာပဲ မဟုတ်လား။ ဒါဟာ ပိုပြီး ကောင်းမွန်တဲ့ အချိန်တွေကို စောင့်စားရတာမျိုးပေါ့။ ဒီအမှတ်တရလေးတွေဟာ ငါ့ အလှည့်ပြန်မရောက်ခင် အပတ်ပေါင်းများစွာအထိ အဖော်ပြုပေးဖို့ လုံလောက်ပါတယ်” ရွှယ်က နူးညံ့စွာ ဆို၏။

​လုံချန်းသည် ရွှယ်၏ မေးစေ့လေးကို မ,ကာ သူမ၏ လှပသော မျက်ဝန်းအစုံကို စိုက်ကြည့်လိုက်၏။

​“ငါ နင့်ကို ချစ်တယ်” သူက တိုးညှင်းစွာ ဆိုရင်း သူမ၏ နူးညံ့လှသော နှုတ်ခမ်းအစုံကို စုပ်ယူ နမ်းရှိုက်လိုက်လေတော့သည်။

​ညဉ့်ဦးယံ၏ လေပြေမှာ တဲလေးကို အသာအယာ တိုးဝှေ့တိုက်ခတ်နေသော်လည်း တဲအတွင်း၌မူ ချစ်သူနှစ်ဦး၏ မေတ္တာမီးတောက်များမှာ တဟုန်းဟုန်း တောက်လောင်နေလေပြီ။ ရွှယ်သည် လုံချန်း၏ အလိုသို့ အလိုက်သင့်လေး လိုက်ပါရင်း သူမ၏ အချစ်များကို အစွမ်းကုန် ပုံအောပေးနေတော့၏။

​လုံချန်း၏ နူးညံ့လှသော အထိအတွေ့များအောက်တွင် ရွှယ်၏ ခန္ဓာကိုယ်လေးမှာ တုန်ယင်နေပြီး သူမ၏ ညည်းတွားသံလေးများမှာ တဲအတွင်း၌ ပဲ့တင်ထပ်နေလေသည်။ သူတို့နှစ်ဦး၏ သံယောဇဉ်မှာ ဤည၌ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ခွဲခွာရတော့မည့် ဝေဒနာကို အချစ်၏ အတိသုခများဖြင့် အစားထိုးနေကြတော့၏။

​ရုပ်သေးမလေး ရှားမှာမူ တဲအပြင်ဘက်၌ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မတ်တပ်ရပ်လျက် ကင်းစောင့်နေ၏။ တဲအတွင်းမှ ထွက်ပေါ်လာသော အသံဗလံများကို သူမ ကြားနေရသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပါချေ။

​ရှုလျန်လေးမှာမူ ခရီးပန်းလာသဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီ ဖြစ်သောကြောင့် မည်သည့်အရာကိုမျှ မသိရှိလိုက်ချေ။

အခန်း (၈၁၀) အထူး ခန္ဓာကိုယ်

အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းထက်မှ နေမင်းသည် စတင်ထွက်ပြူလာပြီး မြေပြင်ကြီးကို နွေးထွေးလာစေသည်။ လုံချန်းသည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး ရွှယ်သည် သူ၏ ရင်ခွင်ထက်၌ မှေးစက်နေ၏။ သူ၏လက်အစုံမှာ သူမ၏ ကျောပြင်ထက်တွင် ရစ်ပတ်ထားလျက် ရှိသည်။ သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်တွင် မည်သည့် အဝတ်အစားမျှ ကပ်ငြိခြင်း မရှိပါချေ။

​“ရွှယ်... မနက်လင်းပြီလေ”

​လုံချန်းက သူမ၏ နားအပါးသို့ ကပ်၍ တိုးညှင်းစွာ ပြောလိုက်သည်။ သို့ရာတွင် တစ်စုံတစ်ရာ ပြန်လည် တုံ့ပြန်မှု မရရှိသောအခါ သူသည် ပြုံးလိုက်မိ၏။ “အိပ်ပျော်နေတာကိုး” သူက ရေရွတ်လိုက်သည်။ သူသည် သူမ၏ ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးရင်း မျက်လုံးများကို ပြန်လည် မှိတ်ထားလိုက်ပြီး သူမအား မနှောင့်ယှက်တော့ပါချေ။

​နာရီဝက်ခန့် ကြာပြီးနောက်တွင် ရွှယ် နိုးလာခဲ့သည်။ သူမသည် လုံချန်း အိပ်ပျော်နေသေးသည်ဟု ထင်မှတ်ကာ ကုတင်ပေါ်မှ အသာအယာ ဆင်း၍ အဝတ်အစားများကို ဝတ်ဆင်လိုက်၏။ အဝတ်အစား ဝတ်ဆင်ပြီး၍ နောက်သို့ လှည့်ကြည့်လိုက်သောအခါ လုံချန်းသည် နူးညံ့သော အကြည့်တို့ဖြင့် သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

​“နင် ဘယ်တုန်းက နိုးနေတာလဲ” ရွှယ်က မေးမြန်းလိုက်၏။

​“နင့်ထက် အရင်နိုးနေတာပါ” လုံချန်းက ပြုံး၍ ဖြေကြားလိုက်ပြီးနောက် မတ်တပ်ရပ်ကာ အဝတ်အစားများကို ဝတ်ဆင်လိုက်လေသည်။

​ရွှယ်သည် လုံချန်း၏ အနားသို့ တိုးကပ်လာပြီး သူ၏ နှုတ်ခမ်းကို တစ်ချက် နမ်းရှိုက်လိုက်ပြီးမှ နောက်သို့ ဆုတ်လိုက်၏။

​“ငါ ပြန်သွားဖို့ အဆင်သင့် ဖြစ်ပါပြီ။ မကြာခင် ပြန်တွေ့ကြမယ်နော် ငါ့ရဲ့ မင်းသားလေး” သူမက ပြုံးလျက် ဆိုသည်။

​“ပြန်တွေ့ကြတာပေါ့ ငါ့ရဲ့ မင်းသမီးလေး” လုံချန်းက နူးညံ့စွာ ပြောဆိုလျက် သူမ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်၏။ သူသည် သူမ၏ နှုတ်ခမ်းကို အသာအယာ နမ်းလိုက်ပြီးနောက် သူမကို ကမ္ဘာတု အတွင်းသို့ ပြန်လည် ပို့ဆောင်ပေးလိုက်လေသည်။

​ထို့နောက် သူသည် မိမိ၏ စိတ်အာရုံကို ထိုကမ္ဘာအတွင်းသို့ ပို့လွှတ်ကာ မေကို အပြင်သို့ ခေါ်ထုတ်လိုက်၏။

​“ကြိုဆိုပါတယ် မေရယ်။ ရှေ့မှာရှိတဲ့ ခုနစ်ရက်တာ ကာလဟာ ငါတို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ အချိန်တွေ ဖြစ်မှာပါ” လုံချန်းက ဆိုကာ ရှေ့သို့ လှမ်း၍ သူမကို ပွေ့ဖက်လိုက်လေသည်။

​“ဟုတ်ပါတယ်” မေက လုံချန်း၏ ရင်ခွင်ထဲ၌ မျက်နှာဝှက်လျက် ပြန်လည် ဖြေကြား၏။ “နင့်ကို ငါ တကယ်ပဲ အရမ်းလွမ်းနေတာ”

​“ငါလည်း လွမ်းတာပေါ့ မေရယ်။ လာ... ငါတို့နဲ့အတူ လိုက်ပါမယ့် တခြားလူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်” လုံချန်းက ဆိုကာ ရှုလျန်အကြောင်းကို စတင်ပြောပြလိုက်လေသည်။

​“လမ်းမှာတွေ့တဲ့ အဘွားအိုတစ်ယောက်က သူ့ရဲ့ မြေးလေးကို စောင့်ရှောက်ဖို့ ငါ့ကို အပ်နှံသွားတာလေ။ သူဟာ ငါ့ရဲ့ တရားဝင်မဟုတ်တဲ့ တပည့်တစ်ယောက်လိုပဲ ငါ့ဆီမှာ ကျင့်ကြံခြင်းကို သင်ယူလိမ့်မယ်။ သူဟာ သဘောကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ၊ နင်လည်း သူ့ကို သဘောကျမှာပါ” သူက ရှုလျန်ကို ပြောပြခဲ့သည့် ဇာတ်လမ်းအတိုင်းပင် ပြန်လည် ပြောပြလိုက်ခြင်း ဖြစ်၏။

​သူသည် မေကို ရှုလျန်အပေါ် မုသာဝါဒများ သုံးစွဲနေရသဖြင့် စိတ်ဖိစီးနေမည်ကို မလိုလားချေ။ ဤကလေးသည် သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်သော အစွမ်းထက်သူဖြစ်ကြောင်းနှင့် တစ်ချိန်လုံး လိမ်ညာနေရမည်ဖြစ်ကြောင်း မေကို ပြောပြလိုက်ပါက သူမသည် စိတ်အေးချမ်းစွာ နေနိုင်မည် မဟုတ်ကြောင်း သူ သိရှိလေသည်။ သူသည် မေကို ရှေ့လာမည့် ခုနစ်ရက်တာအတွင်း၌ စိတ်အပန်းပြေစေချင်သည်။ ထိုအကြောင်းကို သူသည် ရွှယ်နှင့်လည်း တိုင်ပင်ထားပြီး ဖြစ်ကာ မေ၏ အလှည့်ပြီးဆုံးမှသာ အမှန်တရားကို ရှင်းပြရန် သဘောတူထားကြလေသည်။

​“အို... ကောင်းတာပေါ့။ သူက နင့်ကို အစ်ကိုကြီးလို့ ခေါ်တယ်ဆိုရင် ငါက သူ့ရဲ့ မရီးပေါ့နော်။ ပျော်စရာကြီး ဖြစ်မှာပဲ” မေက ကလေးငယ် တစ်ဦးကဲ့သို့ ပြုံးလျက် ဆို၏။

​လုံချန်း သိရှိထားသည်မှာ ရွှယ်သည် ပို၍ တည်ငြိမ်ရင့်ကျက်ပြီး မေမှာမူ ပို၍ ကလေးဆန်သည်ဟူ၍ ဖြစ်၏။ ဤညီအစ်မ နှစ်ဦး၏ မတူညီသော ဟန်ပန်ကို သူ အလွန် သဘောကျလေသည်။ ရွှယ်သည် အစ်မကြီးဖြစ်၍ သူမ၏ ညီမငယ်ကို စောင့်ရှောက်ရန် ပို၍ တည်ငြိမ်လာရသော်လည်း မေမှာမူ သူမအစ်မ၏ အကာအကွယ်အောက်တွင် စိတ်အေးလက်အေး နေထိုင်ခွင့်ရခဲ့ခြင်း ဖြစ်လေသည်။

​သူသည် မေနှင့်အတူ တဲအပြင်ဘက်သို့ ထွက်လာသောအခါ ရှုလျန်သည် ရုပ်သေးမ ရှား၏ ရှေ့တွင် မတ်တပ်ရပ်နေသည်ကို တွေ့ရှိရ၏။

​“မင်းက ဘယ်သူလဲ။ ဘယ်က ရောက်လာတာလဲ” ရှုလျန်က ရှားကို မေးမြန်းနေ၏။ ရှားကမူ လူငယ်လေးကို တစ်ချက်ကြည့်ရုံမှအပ စကားတစ်ခွန်းမျှ ပြန်လည် မပြောဆိုပါချေ။

​“သူက ရှားလို့ ခေါ်တယ်။ ငါ့ရဲ့ သူငယ်ချင်းပါ။ ဘယ်သူမှ ငါတို့ကို တိုက်ခိုက်လို့ မရအောင် ကင်းစောင့်ပေးဖို့ ငါခေါ်ထားတာလေ။ ပြီးတော့ ဒါကတော့ မေလို့ ခေါ်တယ်။ ငါ့ရဲ့ ဇနီးပေါ့”

​“ဟင်... မနေ့က အစ်ကိုကြီးရဲ့ မိန်းမက တခြားတစ်ယောက်လေ။ သူက ဘယ်ရောက်သွားတာလဲ။ ဒီလူနှစ်ယောက်ကကော ဘယ်က ပေါ်လာတာလဲ” ရှုလျန်က မျက်မှောင်ကြုတ်လျက် လုံချန်းကို မေးမြန်းလိုက်၏။

​“သူက အိမ်ပြန်သွားပြီလေ။ ဒါဟာ မင်း အစွမ်းထက်လာတဲ့အခါ ရရှိလာမယ့် စွမ်းအားတစ်ခုပဲ။ ငါ ရှင်းပြမယ်”

​လုံချန်းသည် ကောင်လေး၏ အနားသို့ လျှောက်သွားပြီး သူ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်လေသည်။

​“မင်း ကျင့်ကြံခြင်းကို စတင်တဲ့အခါ ကမ္ဘာလောကကြီးနဲ့ တစ်သားတည်း ဖြစ်လာလိမ့်မယ်။ မင်းရဲ့ ခန္ဓာကိုယ်တင်မကဘဲ ဝိညာဉ်ပါ အစွမ်းထက်လာမှာ ဖြစ်တယ်။ အဆင့်တစ်ခုကို ရောက်သွားတဲ့အခါ မင်းရဲ့ ခန္ဓာကိုယ်အတွင်းမှာတင် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်လာလိမ့်မယ်။ အဲဒီကမ္ဘာဟာ ငါ့ရဲ့ မိသားစုတွေ နေထိုင်တဲ့ နေရာပေါ့။ ငါက သူတို့ကို တစ်လှည့်စီ ခေါ်ထုတ်ပြီး ငါနဲ့အတူ ဒီလောကကြီးကို မြင်တွေ့စေတာလေ။ နောင်ကျရင် မင်း လူသစ်တွေကို ထပ်တွေ့ရဦးမှာပါ” လုံချန်းက ရှင်းပြလိုက်၏။

​“ဒါတွေကို စိတ်မပူနဲ့။ ကြိုးစားရုံသာ ကြိုးစားပါ။ တစ်နေ့မှာ မင်းလည်း လုပ်နိုင်မှာပါ” သူက ဆက်လက် ပြောကြားပြီးနောက် ရှားကို အနားသို့ ခေါ်ယူ၍ ပြန်လည် ပို့ဆောင်လိုက်လေသည်။

​“ကဲ... ငါတို့ ခရီးဆက်ကြရအောင်” သူက ဆို၏။

​လုံချန်းသည် မုဆိုးကြယ်ကို ပြန်လည် ပို့ဆောင်ထားပြီးဖြစ်ကာ ယခုအခါတွင် လူသုံးယောက် ဖြစ်နေသဖြင့် ခရီးသွားရန် လိုအပ်သည့်အခါတိုင်း နေဝါးမျိုလင်းယုန်ကိုသာ ခေါ်ယူလေသည်။ စားသောက်ချိန် ရောက်မှသာ အဖော်ပြုရန် မုဆိုးကြယ်ကို ခေါ်ထုတ်လေ့ ရှိ၏။

​လုံချန်းသည် လင်းယုန်ပေါ်သို့ တက်လိုက်ပြီးနောက် ရှုလျန်နှင့် မေတို့ကိုလည်း တက်ရန် ကူညီပေးလိုက်လေသည်။ သူတို့ သုံးဦး ထိုင်လိုက်ကြသောအခါ လင်းယုန်သည် စတင် ပျံသန်းလေတော့၏။

​“နေကောင်းလား မောင်လေး။ အစ်မ နာမည်က မေပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ မောင်လေးက သူ့ဆီမှာ ပညာသင်ယူဖို့ လာတာဆိုတော့ တကယ့်ကို တော်တဲ့ ဆရာတစ်ယောက်ကို တွေ့တာပါပဲ။ နောက်ကျရင် မောင်လေးဟာလည်း သူ့လိုပဲ အစွမ်းထက်တဲ့ လူတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်” မေက ရှုလျန်အား စကားစလိုက်လေသည်။

​“ကျွန်တော်လည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့ အဘွား ဂုဏ်ယူရတဲ့သူ ဖြစ်ချင်တယ်" ရှုလျန်က ရိုးသားစွာ ပြုံးလျက် ပြန်လည် ဖြေကြား၏။

​လုံချန်းသည် ကောင်လေးကို ကြည့်ရင်း သူ စွမ်းအားများ အသုံးပြုခဲ့သည့် မြင်ကွင်းကို ပြန်လည် သတိရနေမိသည်။ ဤကလေးသည် ထိုအဘွားအို၏ မြေး မဖြစ်နိုင်ကြောင်း သူ သေချာပေါက် သိရှိလေသည်။ သူသည် အဆင့်မြင့်သော လောကတစ်ခုမှ လာသူ ဖြစ်နိုင်ပေသည်။

​ဤကလေးသည် တျန်းရှန်၏ သား ဖြစ်နိုင်သည်ဟုပင် သူ သံသယ ဖြစ်နေမိ၏။

​‘ရွှင်း... နင် ဘယ်လိုထင်လဲ။ ဒီကလေးဟာ အဆင့်မြင့်လောကက ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ’ သူက ရွှင်းအား မေးမြန်းလိုက်၏။

​“သူဟာ အနည်းဆုံးတော့ လူသားတစ်ယောက် မဟုတ်ဘူးလို့ ငါ ခံစားရတယ်။ ကျင့်ကြံခြင်း မရှိဘဲနဲ့ ဒီလောက် စွမ်းအားကြီးတာဟာ အထူး ခန္ဓာကိုယ် တစ်ခုခု မရှိရင် သာမန်လူတစ်ယောက်အတွက် မဖြစ်နိုင်ဘူး။ တကယ်လို့ သူ့မှာ အထူး ခန္ဓာကိုယ် ရှိနေရင်တော့ သူဟာ ဒီလောကက ဖြစ်နိုင်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ သူဟာ အဆင့်မြင့်လောကက လာတာ သေချာတယ်” ရွှင်းက လုံချန်းအား ပြန်လည် ဖြေကြားလေသည်။

​‘သူ့မှာ အထူး ခန္ဓာကိုယ် ရှိ မရှိဆိုတာ ငါ ဘယ်လို သိနိုင်မလဲ’ လုံချန်းက မေးလိုက်၏။

​“ဒါကို သိဖို့ မလွယ်ဘူး။ အထူး ခန္ဓာကိုယ် ရှိ မရှိဆိုတာ ရှာဖွေဖို့ နည်းလမ်းတွေ ရှိပေမဲ့ အဲဒါတွေဟာ နင့်ရဲ့ အသက်ကိုတောင် အန္တရာယ်ဖြစ်စေနိုင်လောက်အောင် စိုးရိမ်ရတယ်” ရွှင်းက ခေါင်းခါလျက် ဖြေကြား၏။

​ခေတ္တမျှ စဉ်းစားပြီးနောက် လုံချန်းသည် သက်ပြင်းချလိုက်မိသည်။ ထိုသို့ စွန့်စားရခြင်းမှာ မတန်ဟု သူ ခံစားလိုက်ရသောကြောင့် ဖြစ်၏။

​“ဟေ့... လျန်အာ။ ငါ မင်းကို တစ်ခု မေးချင်လို့။ မင်းရဲ့ ငယ်ဘဝ အမှတ်တရတွေထဲမှာ အစောဆုံး မှတ်မိတာ ဘာလဲ။ မင်း မိဘတွေကိုကော မှတ်မိလား” လုံချန်းက ကောင်လေးအား မေးလိုက်၏။

​“ကျွန်တော့်ရဲ့ အစောဆုံး အမှတ်တရလား။ ကျွန်တော် မှတ်မိတာကတော့ သဲကန္တာရထဲမှာ ရပ်နေတာပါပဲ။ အဲဒီမှာ ထူးဆန်းတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ သူက ပျောက်ကွယ်သွားပြီး ကျွန်တော့်ကို တစ်ယောက်တည်း ထားခဲ့တာ။ သူဟာ ကျွန်တော့်ရဲ့ အဖေ ဖြစ်နိုင်မလား။ အဘွားက ကျွန်တော့်ကို အဲဒီ သဲကန္တာရထဲမှာ တွေ့ခဲ့ပြီး အိမ်ကို ခေါ်သွားတာလေ။ အဘွား ပြောတာကတော့ အဲဒီလူဟာ ကျွန်တော့်ကို စွန့်ပစ်သွားတဲ့ အဖေ ဖြစ်နိုင်တယ်တဲ့” ရှုလျန်က ဝေဝေဝါးဝါး ဖြစ်နေသော သူ၏ အမှတ်တရကို ပြန်လည် ပြောပြလေသည်။

​“အဲဒါက ဘယ်လောက်ကြာပြီလဲ” လုံချန်းက မေးမြန်းလိုက်၏။

​“တစ်နှစ်နီးပါးလောက် ရှိပြီ ထင်ပါတယ်” ကောင်လေးက ဖြေကြား၏။

​“ဒါဆို မင်း အသက် ၈ နှစ် ၉ နှစ်အထိ ဘာမှ မမှတ်မိဘူးပေါ့။ အခု မင်းက ၁၀ နှစ်ဝန်းကျင် ရှိနေပြီဆိုတော့ မင်းဘဝရဲ့ ၉၀ ရာခိုင်နှုန်းက ပျောက်ဆုံးနေတာပဲ” လုံချန်းက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။

​“အသက် ၉ နှစ် ဟုတ်လား။ အဘွားပြောတာကတော့ ကျွန်တော်က အသက် ၆ နှစ်ပဲ ရှိသေးတာတဲ့။ ကျွန်တော့်မှာ အထူး ခန္ဓာကိုယ် ရှိလို့ အလျင်အမြန် ကြီးထွားလာတာလို့ အဘွားက ပြောတယ်” ရှုလျန်က ခေါင်းခါလျက် ဆို၏။

​“အထူး ခန္ဓာကိုယ် ဟုတ်လား။ ဒါဆို ဒါဟာ သေချာသွားပြီပေါ့။ မင်းဟာ အဆင့်မြင့်လောကက မဟုတ်ဘူး ထင်တယ်။ အထူး ခန္ဓာကိုယ် ရှိတာဟာ တကယ်ကို ကောင်းပါတယ်။ ကျင့်ကြံခြင်း မရှိရင်တောင် အစွမ်းကြီးတာကိုး” လုံချန်းက နားလည်သွားဟန်ဖြင့် ပြောလိုက်၏။

​“ဟိုမှာ... မြို့ကို မြင်နေရပြီ” သူက အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းထက်တွင် မြို့ပြကြီးတစ်မြို့ကို လှမ်းမြင်လိုက်ရသောအခါ ရုတ်တရက် ပြောလိုက်လေသည်။

All Chapters