← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃)အချိန်အာကာသဓားနှင့် အမှောင်ထုဓား

ကျိုးယွမ်အား အကန့်အသတ်အထိ တွန်းပို့ထားနိုင်ပြီဖြစ်ကြောင်း လန်ချင်းရွှယ် သိလိုက်ချိန်တွင် သူမ၏ မျက်လုံးများ လင်းလက်သွားပေ၏။

"ကမ္ဘာမြေ မူလဖန်ဆင်းခြင်း သစ်သီးအတွက် နင် ဘာနဲ့ လဲလှယ်ချင်လဲ..."

ကျိုးယွမ်သည် မည်သည့်အချိန်တွင်မဆို လှုပ်ရှားရန် အသင့်ပြင်ထားသည်။ အဆိုးဆုံးအခြေအနေမှာ အားလုံး အတူတူ သေကြရုံသာ ရှိပေသည်။ သို့သော် လန်ချင်းရွှယ်၏ စကားကို ကြားလိုက်ရချိန်တွင် သူ အနည်းငယ် အံ့အားသင့်သွား၏။

သို့သော် ကျိုးယွမ်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် ပြောဆိုလိုက်သည်။

"ကျွန်တော့်မှာ ထူးခြားတဲ့ ဓာတ်သဘာဝတွေပါတဲ့ ပစ္စည်းတချို့ လိုအပ်တယ်... ဒီအရာတွေက ခင်ဗျားအတွက် အသုံးမဝင်ပေမဲ့ ကျွန်တော့်အတွက်တော့ အများကြီး အသုံးဝင်လိမ့်မယ်..."

ဤစကားကို ကြားချိန်တွင် လန်ချင်းရွှယ်က အံ့အားသင့်သွား၏။ တတိယအကြီးအကဲ ချောင်းယန်သည် ကျိုးယွမ်အတွက် မိုးကြိုးဓာတ်ပါသော အခြေခံတည်ဆောက်ခြင်းကျင့်စဉ်ကို ရှာဖွေပေးနေကြောင်း သူမ၏ဆရာထံမှ သိရှိထားပြီးဖြစ်ပေသည်။

လန်ချင်းရွှယ်သည် ကျိုးယွမ်က ဤအခြေအနေကို သေချာပေါက် တောင်းဆိုလိမ့်မည်ဟု မူလက ထင်မှတ်ထားပြီး စိတ်ပိုင်းဆိုင်ရာလည်း ပြင်ဆင်ထားခဲ့သည်။ သို့သော် ယခုအချိန်တွင် ကျိုးယွမ်၏ တောင်းဆိုချက်ကို ကြားလိုက်ရခြင်းက လုံးဝ ထင်မှတ်မထားသော အရာဖြစ်နေသဖြင့် သူမ ခဏတာမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရ၏။

လန်ချင်းရွှယ် ခဏတာ စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။

"အဲ့ဒီလို အရာမျိုး ငါ့ဆီမှာ ပါမလာဘူး... ဒါပေမဲ့ နင့်ကို ရတနာခန်းမဆီ ငါ ခေါ်သွားပေးနိုင်တယ်... နင့်ဘာသာ နင် အဲ့ဒီမှာ ရွေးချယ်တာက ပိုမကောင်းဘူးလား..."

ဤစကားကို ကြားချိန်တွင် ကျိုးယွမ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်လေ၏။

ကျိုးယွမ် သဘောတူသည်ကို မြင်ချိန်တွင် လန်ချင်းရွှယ်က ဆက်မနေတော့ဘဲ တံခါးကို ဖွင့်ကာ ကျိုးယွမ်နှင့်အတူ ထွက်ခွာခဲ့သည်။

သူတို့နှစ်ယောက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချောင်းယန်၊ ပိုင်ယွင်ရှို့နှင့် အခြားသူများက သူတို့၏ မျက်နှာအမူအရာမှတစ်ဆင့် တစ်စုံတစ်ရာကို ရှာဖွေရန် ချက်ချင်း သတိပြုမိသွားကြ၏။ ကံမကောင်းစွာဖြင့် လန်ချင်းရွှယ်မှာ မျက်နှာဖုံး တပ်ထားသဖြင့် မည်သည့်အရာကိုမျှ မမြင်နိုင်ချေ။ ကျိုးယွမ်ကလည်း မည်သည့်အမူအရာမျှ မပြဘဲ တည်ငြိမ်နေသဖြင့် သူ၏အကြောင်းကိုလည်း ဘာမျှ မသိရှိနိုင်ခဲ့ကြပေ။

"တတိယအကြီးအကဲ... ကျိုးယွမ်ကို ရတနာခန်းမဆီ ကျွန်မ ခေါ်သွားလိုက်ဦးမယ်..."

ကျိုးယွမ် စကားပင် မပြောရသေးမီ လန်ချင်းရွှယ်က တိုက်ရိုက် ပြောဆိုလိုက်၏။

ဤစကားကို ကြားချိန်တွင် ချောင်းယန်က သဘောတူ ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်လုံးများတွင် အလွန်အမင်း အံ့အားသင့်မှုများ ရှိနေပေသည်။

ကျိုးယွမ်နှင့် လန်ချင်းရွှယ်တို့၏ ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း ပိုင်ယွင်ရှို့၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု မဖုံးကွယ်နိုင်ဘဲ ထွက်ပေါ်လာခဲ့၏။

ကျိုးယွမ်သည် နတ်ဆိုးကောင်းကင်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သော်လည်း သူသည် ဂိုဏ်းအကြောင်း အမှန်တကယ် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးချေ။ သူသည် လန်ချင်းရွှယ်၏နောက်မှ ဓားဖြင့် လိုက်ပါလာပြီး တောင်ထွတ်များစွာကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် ရင်ပြင်တစ်ခု၌ ရပ်တန့်လိုက်ကြသည်။

ကျိုးယွမ် ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်ဝိညာဉ်အာရုံတစ်ခုက သူ့အပေါ် လှည်းကျင်းကြည့်ရှုသွားသည်ကို ချက်ချင်း ခံစားလိုက်ရသဖြင့် သူ ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလိုက်မိ၏။

ဤလုပ်ရပ်၏ အကြောင်းရင်းကို သူ သဘာဝကျစွာ သိရှိထားပေသည်။ "လှပလွန်းခြင်းက ဘေးဒုက္ခ" ဟူသော ဆိုရိုးစကားမှာ သာမန်ပြောဆိုခြင်း မဟုတ်ပေ။

"ဒီလူက ဘယ်သူလဲ... သူက ဘယ်လိုလုပ် သူတော်စင်မလေးနဲ့ အတူရှိနေရတာလဲ..."

"ချီသန့်စင်ခြင်းအဆင့်လူသစ်ပဲ ဖြစ်ရမယ်... ဂိုဏ်းထဲကို ခုမှဝင်ထားတာနေမှာ... သူတော်စင်မလေးက သူ့ကို ဘာလို့ ရတနာခန်းမဆီ ခေါ်လာတာလဲ..."

"ဒီကိစ္စကို ကျင်းလျန်ချဲ့ကို ချက်ချင်း အကြောင်းကြားရမယ်... အစ်ကိုကြီးကျင်းသာ ဒီလူက သူတော်စင်မလေးနဲ့ နှစ်ယောက်တည်း ရှိနေတယ်ဆိုတာသိရင် သေချာပေါက် သူ့ကို အစအနမကျန်အောင် ချေမှုန်းပစ်လိမ့်မယ်..."

"အဲ့ဒီလောက်ထိ မလိုပါဘူး... ချီသန့်စင်ခြင်းအဆင့် လူသစ်တစ်ယောက်က အစ်ကိုကြီးကျင်းနဲ့ သူတော်စင်မလေးအတွက် ပြိုင်ဆိုင်ဖို့ ဘယ်လိုမှ အရည်အချင်းမရှိပါဘူး... အစ်ကိုကြီးကျင်းက ရွှေအမြုတေအဆင့် ပြီးပြည့်စုံခြင်းမှာ ရှိနေတာလေ..."

"အစ်ကိုကြီးကျင်းကို ပြောပြလိုက်တာက ဘာမှ မနစ်နာပါဘူး... ဒါက သူနဲ့ ပိုပြီး ရင်းနှီးအောင် လုပ်ရာလည်း ရောက်တာပေါ့..."

ရတနာခန်းမသို့လာခြင်းက မမျှော်လင့်ဘဲ သူ့အတွက် ဒုက္ခများ သယ်ဆောင်လာသည်ကို ကျိုးယွမ် မသိရှိခဲ့ပေ။ သို့သော် သူ သိခဲ့ရင်တောင် ဂရုစိုက်မည် မဟုတ်ပေ။ သူသည် အခြေတည်စိတ်ဝိညာဥ်အဆင့် တစ်ဦးကိုပင် သတ်ဖြတ်ခဲ့ဖူးသည်။ ရွှေအမြုတေအဆင့်မှာ သူနှင့်ယှဉ်လျှင် ဘာမျှမဟုတ်ချေ။ အကယ်၍ သူ့ကို ဒေါသထွက်အောင်လုပ်ပါက သူက အစဖျောက် ပစ်လိမ့်မည်။ သို့သော် ရက်အတော်ကြာ သတိလစ်နေခဲ့ရသည်ကို တွေးမိချိန်တွင် ကျိုးယွမ် ထိတ်လန့်မှု အနည်းငယ် ရှိနေဆဲပင်။

ရတနာခန်းမတွင် သုံးထပ်ရှိသည်။ လန်ချင်းရွှယ်သည် ကျိုးယွမ်ကို ဒုတိယထပ်သို့ ခေါ်ဆောင်သွား၏။ တတိယထပ်အတွက်မူ ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့သာ သွားရောက်နိုင်ပေသည်။

"ဟောက်ထျန်းဓား... ဝေါဟာရအဆင့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်..."

"ကောင်းကင်ခွဲပုဆိန်... ဝေါဟာရအဆင့် အဆင့်မြင့် ဝိညာဉ်လက်နက်..."

"ကွန်ထုံတံဆိပ်... ဝေါဟာရအဆင့် အဆင့်မြင့် ဝိညာဉ်လက်နက်..."

"လူသားဧကရာဇ်တံဆိပ်... ဝေါဟာရအဆင့် အဆင့်မြင့် ဝိညာဉ်လက်နက်..."

စာရင်းထဲမှ အမည်များကို မြင်ချိန်တွင် ကျိုးယွမ် ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလိုက်မိ၏။

ကျေးဇူးပြုပြီး နာမည်တွေကို လျှောက်မပေးကြပါနဲ့လား…။

ဒီလို ပျက်စီးနေတဲ့ ဝိညာဉ်လက်နက်တွေက ကောင်းကင်ခွဲပုဆိန်နဲ့ လူသားဧကရာဇ်ဓားလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဝံ့ကြတယ်ပေါ့... ဒါက တကယ်ကို လှည့်စားလွန်းရာ ကျပါတယ်...။

ကျိုးယွမ်၏ မျက်နှာတွင် စက်ဆုပ်ရွံရှာမှုများ ထင်ဟပ်နေ၏။ ဤအရာများသည် ထိုအမည်နာမများအတွက် စော်ကားမှုတစ်ခုပင်။

ရတနာခန်းမ၏ ဒုတိယထပ်တွင် မှော်လက်နက် ထောင်ပေါင်းများစွာ ရှိပေသည်။ လန်ချင်းရွှယ်သည် ကျိုးယွမ်၏နောက်မှ လိုက်ပါလာပြီး သူ့စိတ်ကြိုက် ရွေးချယ်ခွင့် ပြုထား၏။ ဤအချိန်တွင် ရတနာခန်းမ၌ အဘိုးအိုတစ်ဦးက ဤမြင်ကွင်းကို ပြုံးရွှင်စွာ ကြည့်နေသည်။ လန်ချင်းရွှယ် သူ၏ သူတော်စင်မလေး အခွင့်အရေးကို ချီသန့်စင်ခြင်းအဆင့် တစ်ဦးအတွက် ပထမဆုံးအကြိမ် အသုံးပြုသည်ကို မြင်ရသဖြင့် အဘိုးအိုမှာ ကျိုးယွမ်အပေါ် အလွန် စူးစမ်းချင်စိတ် ဖြစ်ပေါ်နေပေ၏။

[ဒင်... စနစ်က ပျက်စီးနေတဲ့ အချိန်အာကာသ ရတနာတစ်ခုဖြစ်တဲ့ 'အချိန်အာကာသ သံသရာစက်ဝန်း' ကို ထောက်လှမ်းတွေ့ရှိရတယ်... ၎င်းရဲ့ အချိန်အာကာသ စွမ်းအားကို လုယူချင်ပါသလား...]

ထိုအချိန်တွင် စနစ်၏အသံက ကျိုးယွမ်၏ စိတ်ထဲတွင် မြည်ဟည်းလာသဖြင့် ကျိုးယွမ် အလွန် ဝမ်းသာသွားသည်။ ယခုအချိန်တွင် ကျိုးယွမ်သည် ထူးဆန်းသော မှော်အက္ခရာများစွာ ရေးထွင်းထားသည့် ပျက်စီးနေသော စက်ဝန်းတစ်ခုကို ကိုင်ထားပေ၏။

"လုယူမယ်..."

ကျိုးယွမ်သည် ဤကဲ့သို့သော အခွင့်အရေးကို လုံးဝ လက်လွတ်မခံနိုင်သဖြင့် အလျင်အမြန် ပြောဆိုလိုက်သည်။ ကျိုးယွမ် သူ၏စိတ်ထဲတွင် အမိန့်ပေးလိုက်သည့် အခိုက်အတန့်တွင် သူ ကိုင်ထားသော စက်ဝန်းမှ အထူးစွမ်းအားတစ်ခု သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရ၏။

ကျိုးယွမ်၏ ဒန်တျန်အတွင်း၌ မည်သည့်ဓာတ်သဘာဝမျှ မရှိသော ဓားရှည်တစ်လက်မှာ တုန်ခါသွားသည်။ ဓားရှည်၏ မျက်နှာပြင်ပေါ်တွင် အာကာသ အလွှာများစွာ တစ်ခုပေါ်တစ်ခု ထပ်သွားပြီး တစ်ချိန်တည်းမှာပင် အချိန်မြစ်ကြီး၏ ပုံရိပ်ယောင် ထွက်ပေါ်လာ၏။ ကျိုးယွမ်သည် သူ၏ စိတ်နှလုံးထဲမှ ပီတိများကို အတင်းအဓမ္မ ဖိနှိပ်ထားလိုက်ရသည်။ ဤတစ်ကြိမ်တွင် သူ အမှန်တကယ် အမြတ်ကြီး ထွက်ခဲ့လေပြီ။

သို့သော် ကျိုးယွမ်သည် ဤမျှနှင့် ရပ်တန့်မည် မဟုတ်ပေ။ အတွင်း၌ ရတနာများစွာ ရှိနေဆဲဖြစ်ရာ သူ လိုအပ်သည်များကို ထပ်မံ ရှာဖွေနိုင်ပေသေးသည်။ လန်ချင်းရွှယ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် ကျိုးယွမ်နှင့်အတူ ရတနာခန်းမထဲတွင် နာရီဝက်မက ရှိနေခဲ့ပြီဖြစ်သော်လည်း ဤလူက ဘာကြောင့် အခုထိ ရွေးချယ်မှု မလုပ်ရသေးသနည်း။

[ဒင်... စနစ်က ပျက်စီးနေတဲ့ အမှောင်ဓာတ်သဘာဝ ရတနာတစ်ခုဖြစ်တဲ့ 'အမှောင်ထုထီး' ကို ထောက်လှမ်းတွေ့ရှိရတယ်... အတွင်းက အမှောင်စွမ်းအားကို လုယူချင်ပါသလား...]

ကျိုးယွမ်က သူ သဘောကျသည့်အရာကို ထပ်မံ တွေ့ရှိသွားသဖြင့် ရယ်မောလုနီးပါး ဖြစ်သွား၏။ အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ကျိုးယွမ်က စနစ်ကို လုယူရန် အမိန့်ပေးလိုက်သည်။

ခဏအတွင်းမှာပင် ကျိုးယွမ်၏ ဒန်တျန်အတွင်း၌ အလင်းရောင်အားလုံးကို ဝါးမျိုနိုင်စွမ်းရှိသော ကြောက်မက်ဖွယ် အမှောင်စွမ်းအားများကို ထုတ်လွှတ်နေသည့် အနက်ရောင် ဓားငယ်တစ်လက် ထွက်ပေါ်လာလေ၏။ လန်ချင်းရွှယ်၏ မျက်လုံးများထဲတွင် စိတ်မရှည်မှုများကို ကျိုးယွမ် သတိပြုမိလိုက်သဖြင့် သူ ဆက်မနေတော့ဘဲ လုံးဝ နီးပါး ပွင့်လင်းမြင်သာမှုရှိသော ဓားရှည်တစ်လက်ကို ကောက်ကိုင်လိုက်သည်။

ဤဓား၏ အမည်မှာ 'လရောင်' ဖြစ်ပြီး သာမန်ဓားရှည်ထက် လေးပုံတစ်ပုံခန့် ပိုတိုကာ ဝေါဟာရအဆင့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခု ဖြစ်ပေသည်။ ကျိုးယွမ်က ဤဓားကို ရွေးချယ်ရခြင်းမှာ ၎င်းသည် လူများကို သူတို့ မသိလိုက်မီမှာပင် တိတ်တဆိတ် သတ်ဖြတ်ရန် အကောင်းဆုံး ဖြစ်သောကြောင့်တည်း။

ကျိုးယွမ် နောက်ဆုံးတွင် သူ၏ ရွေးချယ်မှုကို ပြုလုပ်ပြီးသည်ကို မြင်ချိန်တွင် လန်ချင်းရွှယ် သက်ပြင်းချလိုက်ပြီး ကျိုးယွမ်အား အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးလိုက်၏။

ဝေါဟာရအဆင့် အဆင့်မြင့် လက်နက်များစွာ ရှိနေပါလျက်နှင့် သူသည် အလယ်အလတ်ဆင့်ရှိပြီး ပွင့်လင်းမြင်သာသော ဓားကိုသာ ရွေးချယ်ခဲ့ခြင်းက ကျိုးယွမ်တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် ကိန်းအောင်းနေကြောင်း ပြသနေပေသည်။ သို့သော် လန်ချင်းရွှယ်မှာ ထိုကဲ့သို့သော အရာများကို ဂရုမစိုက်ပေ။ သူမသည် သူမ၏ ပါရမီကို တိုးမြှင့်ရန် ကမ္ဘာမြေ မူလဖန်ဆင်းခြင်း သစ်သီးတစ်လုံး လိုအပ်နေခြင်းသာ ဖြစ်သည်။

သူတို့နှစ်ယောက် ရတနာခန်းမမှ ထွက်လာပြီးနောက် ကျိုးယွမ်သည် လန်ချင်းရွှယ်ထံသို့ ကမ္ဘာမြေ မူလဖန်ဆင်းခြင်း သစ်သီးတစ်လုံးကို ပစ်ပေးလိုက်ပြီး တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ဓားဖြင့် ပျံသန်းထွက်ခွာသွားတော့သည်။ လန်ချင်းရွှယ်သည် ထွက်ခွာသွားသော ကျိုးယွမ်ကို ရှုပ်ထွေးသော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် သူမလည်း ထွက်ခွာသွားခဲ့၏။

ကျိုးယွမ် ဝါးကိုးပင်တောင်ထိပ်သို့ ရောက်ခါနီးအချိန်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကျိုးယွမ်၏ လမ်းကို ပိတ်တားလိုက်သဖြင့် ကျိုးယွမ် မျက်မှောင်ကြုတ်သွား၏။ ကျိုးယွမ်၏ စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ဤလူသည် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ရသည်။

"ကျိုးယွမ်... ငါ့နာမည်က ချန်ဖန်ပဲ... စီနီယာအစ်ကိုကြီးတစ်ယောက်အနေနဲ့ ငါ မင်းကို တစ်ခုပြောပြမယ်... နောင်ဆို သူတော်စင်မလေးနဲ့ ဝေးဝေးမှာ နေပါ... သူတော်စင်မလေးဆိုတာ မင်းလို ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မျက်စိကျရမယ့်သူ မဟုတ်ဘူး... ဒါကို သတိထားပါ... နောက်တစ်ခါ ထပ်မိရင်တော့ ငါတို့က ရက်စက်သွားမယ်လို့ အပြစ်မတင်နဲ့တော့..."

ချန်ဖန် စကားပြောအပြီးတွင် ကျိုးယွမ်ကို လှောင်ပြောင်သော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။ ကျိုးယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှ နှာမှုတ်လိုက်မိ၏။

"ငါ့ကို လာပြီး မနှောင့်ယှက်တာ အကောင်းဆုံးပဲ... မဟုတ်ရင် မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... အစအနမကျန်အောင် ငါ ရှင်းပစ်လိုက်မယ်..."

အခန်း (၇၄) လူသစ်စမ်းသပ်ပွဲ နီးကပ်လာခြင်း

ကျိုးယွမ် ဝါးကိုးပင်တောင်ထိပ်ရှိ သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ သူ မျှော်လင့်ထားသည့်အတိုင်း ပိုင်ယွင်ရှို့ကို ထိုနေရာတွင် တွေ့လိုက်ရ၏။ ကျိုးယွမ် ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ အမှန်တကယ်ပင် စိတ်ရှုပ်စရာ ကောင်းလှပေ၏။

ပိုင်ယွင်ရှို့သည် ကျိုးယွမ် တစ်ယောက်တည်း ပြန်လာသည်ကို မြင်လိုက်ချိန်တွင် သူမ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး သူ့ကို နှုတ်ဆက်ရန် အလျင်အမြန် လာခဲ့သည်။

"အစ်ကိုကျိုးယွမ်... ပြန်ရောက်လာပြီလား..."

ကျိုးယွမ်က အနည်းငယ် ပြုံးလိုက်ပြီးနောက် အောက်သို့ ဆင်းသက်လိုက်၏။ ပိုင်ယွင်ရှို့ ဘာကို စိတ်ပူနေသည်ကို ကျိုးယွမ် သဘာဝကျစွာ သိရှိထားပေသည်။ သူမက ဘာဖြစ်လို့လဲဟု မေးလိုက်ချိန်တွင် ကျိုးယွမ် မဖုံးကွယ်ခဲ့ဘဲ ပိုင်ယွင်ရှို့၏ လက်ကို ကိုင်ကာ နှင်းနယ်မြေကိစ္စကို အကျဉ်းချုပ် ရှင်းပြလိုက်၏။

ဤစကားကို ကြားချိန်တွင် ပိုင်ယွင်ရှို့က သက်ပြင်းချလိုက်သည်။ သို့သော် တစ်စုံတစ်ရာကြောင့် သူမ စိုးရိမ်ပူပန်မှု အနည်းငယ် ခံစားနေရဆဲပင်။ အချိန်အတော်ကြာ ချစ်ခင်မြတ်နိုးစွာ နေထိုင်ပြီးနောက် ပိုင်ယွင်ရှို့ မျက်နှာနီမြန်းသွားပြီး ဆက်မနေရဲတော့ချေ။ မဟုတ်ပါက သူမကိုယ်တိုင်ပင်လျှင် တောင့်ခံနိုင်မည် မဟုတ်ပေ။

နောက်ရက်များမှာ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီး ကျိုးယွမ်သည် ဝါးကိုးပင်တောင်ထိပ်တွင် တစ်လကျော်ကြာ နေထိုင်ကာ မှော်အဆောင်ပညာများ ရေးဆွဲနည်းကို အာရုံစိုက် သင်ယူနေခဲ့သည်။ ကျိုးယွမ်သည် ရတနာခန်းမထဲသို့ ထပ်မံ သွားရောက်ချင်နေဆဲပင်။ ရတနာခန်းမထဲတွင် သူ လိုအပ်သည့်အရာတစ်ခုခု ရှိနေဆဲဟု သူ အမြဲ ခံစားနေရသောကြောင့်တည်း။ သို့သော် ဤကဲ့သို့သော လုပ်ရပ်မျိုးကို ခဏခဏ မလုပ်နိုင်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။ စနစ်ဖြင့် လုယူလိုက်သော အရာများသည် သာမန်သံတိုသံစများအဖြစ် ပြောင်းလဲသွားပြီး မည်သည့်အတွက်မျှ အသုံးမဝင်တော့ချေ။ အကယ်၍ ဤသို့ အကြိမ်များစွာ လုပ်မိပါက လူများက ထူးဆန်းသည်ကို သတိပြုမိသွားကြမည်ဖြစ်ပြီး သူတို့ သံသယဝင်လာပါက ကျိုးယွမ်အတွက် နစ်နာမှု ရှိပေလိမ့်မည်။

“ချီသန့်စင်ခြင်းအဆင့် တပည့်များအားလုံး နားထောင်ကြ... လျှို့ဝှက်နယ်မြေ စမ်းသပ်ပွဲကို ဝင်ရောက်ဖို့ နောက်သုံးရက်နေရင် ဂိုဏ်းရင်ပြင်မှာ လာရောက် စုဝေးကြ…”

ကျိုးယွမ် အခြေအနေကို မည်သို့ ဖြတ်ကျော်ရမလဲဟု တွေးတောနေချိန်မှာပင် နတ်ဆိုးကောင်းကင်ဂိုဏ်း တစ်ခုလုံးတွင် အသံတစ်ခု ပဲ့တင်ထပ်သွား၏။

"ကျိုးယွမ်... မင်းရဲ့ဆရာ့ဆီ လာခဲ့စမ်း..."

ချောင်းယန်၏ အသံသည် ကျိုးယွမ်၏ နားထဲသို့ ရောက်ရှိလာသဖြင့် ကျိုးယွမ် ချက်ချင်း ပျံသန်းသွားခဲ့သည်။ ကျိုးယွမ် ရောက်သွားချိန်တွင် ဝါးကိုးပင်တောင်ထိပ်မှ လူပေါင်း ဒါဇင်နှင့်ချီ၍ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ ပိုင်ယွင်ရှို့နှင့် လင်ချင်းတို့ အပါအဝင် အားလုံးမှာ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ကျိုးယွမ်သည် ပိုင်ယွင်ရှို့၏ ဘေးတွင် အလျင်အမြန် ဆင်းသက်လိုက်ပြီး မဝေးလှသော နေရာရှိ ဂိုဏ်းတူအစ်မ လီလင်းကို ခေါင်းညိတ်ပြလိုက်၏။

ချောင်းယန်သည် အရှေ့ဆုံးတွင် ရပ်ကာ အောက်ရှိ လူပေါင်း ဒါဇင်နှင့်ချီသော အဖွဲ့ကို အနည်းငယ် ပြုံးရွှင်စွာ ငုံ့ကြည့်လိုက်သည်။

"အခုလေးတင် ဂိုဏ်းအကြီးအကဲ ပြောလိုက်တဲ့ စကားတွေကို အားလုံး ကြားပြီးကြမှာပါ... ဒါက ချီသန့်စင်ခြင်းအဆင့် တပည့်တွေအတွက် အထူးစီစဉ်ထားတဲ့ စမ်းသပ်ပွဲပဲ..."

"ဒီစမ်းသပ်ပွဲက မင်းတို့အားလုံးအတွက် အရေးကြီးတယ်... စမ်းသပ်ပွဲမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ပါတဲ့သူတွေက ဂိုဏ်းကနေ မြေကမ္ဘာအဆင့်ရှိ အဆင့်နိမ့် ကျင့်စဉ်တစ်ခုကို ရွေးချယ်နိုင်လိမ့်မယ်..."

"နံပါတ် ၁၁ ကနေ ၂၀ အထိ ရတဲ့သူတွေကတော့ ရတနာခန်းမကနေ ဝိညာဉ်လက်နက်တစ်ခုကို ရွေးချယ်နိုင်တယ်..."

ချောင်းယန်က ဆက်လက် မိတ်ဆက်ပေးနေသော်လည်း ကျိုးယွမ်မှာမူ လုံးဝ အာရုံမစိုက်နိုင်တော့ဘဲ အလွန် ဝမ်းသာသွား၏။

ရတနာခန်းမထဲကို ဘယ်လို ပြန်ဝင်ရမလဲလို့ တွေးနေတုန်းမှာပဲ အဖြေက သူ့ဆီကို ရောက်လာတာပဲ။

နံပါတ် ၁၅ လောက်ကိုပဲ ပစ်မှတ်ထားရအောင်... အဲ့ဒါဆိုရင် အရမ်းလည်း သိသာမှာ မဟုတ်ဘူး...။

ဆုံးဖြတ်ချက်ချပြီးနောက် ကျိုးယွမ်သည် ချောင်းယန်ကို ကြည့်ကာ ချောင်းယန် ရှင်းပြနေသော စည်းမျဉ်းများကို နားထောင်လိုက်သည်။

"ချီသန့်စင်ခြင်းအဆင့် စမ်းသပ်ပွဲက မခက်ခဲပါဘူး... ဂိုဏ်းက လျှို့ဝှက်နယ်မြေထဲမှာ တပည့်တွေ အချင်းချင်း တိုက်ခိုက်တာကို ခွင့်မပြုတဲ့အတွက် ဒီစမ်းသပ်ပွဲမှာ အသက်အန္တရာယ် ရှိမှာကို စိုးရိမ်စရာ မလိုပါဘူး..."

"ဒါပေမဲ့ အပြင်ကို ရောက်လာတဲ့အခါ အဆင့်အတွက် ယှဉ်ပြိုင်ချင်ရင်တော့ ဒါက မင်းတို့ရဲ့ ကိုယ်ပိုင် စွမ်းရည်အပေါ်မှာပဲ မူတည်လိမ့်မယ်..."

"ဂိုဏ်းက စင်မြင့် အခုသုံးဆယ် ချထားပေးလိမ့်မယ်... တစ်ခုစီက အဆင့်တစ်ခုစီနဲ့ သက်ဆိုင်တယ်... အဲ့ဒီစင်မြင့်ပေါ်မှာ နေရာယူချင်ရင်တော့ အဲ့ဒါကို ကာကွယ်ရမယ်... ပြီးတော့ တခြားသူတွေရဲ့ စိန်ခေါ်မှုကို တောင့်ခံနိုင်ရမယ်..."

"ငါတို့ ဝါးကိုးပင်တောင်ထိပ်က တိုက်ခိုက်ရေးစွမ်းရည်ကို အဓိကမထားတဲ့အတွက် ဒီတစ်ကြိမ်မှာ ဘယ်သူ့အပေါ်မှာမှ မျှော်လင့်ချက် အများကြီး မထားပါဘူး... သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ စမ်းသပ်ကွင်းထဲကနေ ထွက်လာနိုင်ရင်ပဲ ရပါပြီ..."

ချောင်းယန်သည် လျှို့ဝှက်နယ်မြေ စမ်းသပ်ပွဲအကြောင်းကို အပြုံးတစ်ခုဖြင့် ရှင်းပြပြီးသွား၏။ ကျိုးယွမ် ခေတ္တမျှ အာရုံလွင့်သွားသော်လည်း ဤစမ်းသပ်ပွဲမှာ လူသစ်များအတွက် အတွေ့အကြုံတစ်ခုမျှသာ ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ထိုသို့ဖြစ်နေသည့်တိုင် လူအများအပြားမှာ အလွန်အမင်း တုန်လှုပ်နေကြဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ စွမ်းဆောင်ရည်မှာ အလွန်ညံ့ဖျင်းနေပါက ဂိုဏ်းက သူတို့ကို ထောက်ပံ့မှု လျှော့ချနိုင်သောကြောင့်တည်း။

ဆိုရိုးစကားရှိသလို လူတွေရှိတဲ့နေရာမှာ လောင်းကစားဆိုတာ ရှိစမြဲပင်။

လူသစ်စမ်းသပ်ပွဲကို ကြေညာလိုက်သည်နှင့် နတ်ဆိုးကောင်းကင်ဂိုဏ်းအတွင်း၌ ဤပွဲအတွက် လောင်းကစားဝိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူတိုင်း အကြိုက်ဆုံးသူမှာ မဟာအကြီးအကဲ ရှန်ထောင်း၏ တပည့် ယဲ့ယန်သယ် ဖြစ်ပေသည်။ ဤလူသည် နတ်ဆိုးကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်ချိန်၌ ချီသန့်စင်ခြင်း အဆင့် ၇ အထိ ကျင့်ကြံမှု ရှိနေခဲ့ပြီးဖြစ်သည်။ ယခုအခါ မဟာအကြီးအကဲ ရှန်ထောင်း၏ အကူအညီဖြင့် သူသည် ချီသန့်စင်ခြင်း အဆင့် ၉ သို့ အမှန်တကယ် ရောက်ရှိသွားသဖြင့် လူအများအပြားကို အံ့အားသင့်သွားစေပြီး သူ၏ ပါရမီကို လျှို့ဝှက်စွာ အထင်ကြီးစေခဲ့၏။

ဒုတိယအနေဖြင့် ချန်ကျွယ်တောင်ထိပ်မှ ကွမ်ဝမ်ပိုင်နှင့် အကြင်နာကင်းမဲ့တောင်ထွတ်မှ ကျွမ်းတုန်းသယ်တို့ ရှိကြသည်။ ဤနှစ်ဦးစလုံးသည်လည်း တက်သစ်စလူငယ်များ ဖြစ်ကြပြီး ချီသန့်စင်ခြင်း အဆင့် ၈ ကျင့်ကြံမှုများ ရှိကြပေသည်။ ဤလူသုံးဦးမှာ နတ်ဆိုးကောင်းကင်ဂိုဏ်း၏ အထက်လူကြီးများ၏ အာရုံစိုက်မှုကို ရရှိထားကြပြီး သူတို့မျိုးဆက်၏ ထိပ်တန်းပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်သည်။ ကျိုးယွမ်အတွက်မူ မည်သူကမျှ သူ့ကို အလေးမထားခဲ့ကြချေ။

ဤလောင်းကစားပွဲသည် နတ်ဆိုးကောင်းကင်ဂိုဏ်းအတွင်း လျင်မြန်စွာ ရေပန်းစားလာခဲ့ပြီး မရေမတွက်နိုင်သော အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ပါဝင်လာကြသည်။ ကျိုးယွမ်မှာမူ ဤအရာကို လုံးဝ မသိရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ချောင်းယန်က သူတို့ကို မှော်အက္ခရာအသစ်တစ်ခုဖြစ်သော 'မီးအဆောင်' ကို သင်ကြားပေးနေသောကြောင့်တည်း။ ကျိုးယွမ်သည် ဤအရာကို အလွန် စိတ်ဝင်စားခဲ့ပြီး ရက်အတော်ကြာ ရေးဆွဲခဲ့ရာ ဒါဇင်နှင့်ချီ၍ ကျရှုံးခဲ့ပြီး သူ၏ နေအိမ်ကိုပင် လောင်ကျွမ်းလုနီးပါး ဖြစ်ခဲ့ရ၏။ သို့သော် သူ၏ ကြိုးစားမှုက အကျိုးကျေးဇူး ရှိခဲ့ပြီး နောက်ထပ် မီးအဆောင် သုံးခုကို သူ ရရှိခဲ့သည်။

ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် မီးအဆောင်သည် နှစ်မီတာခန့်ရှိသော ဧရိယာကို တိုက်ရိုက် လွှမ်းခြုံနိုင်ပြီး ထိုဧရိယာကို မီးပင်လယ်အဖြစ် ပြောင်းလဲပစ်နိုင်သည်။ ကျိုးယွမ်၏ မျက်လုံးများ တောက်ပသွား၏။ အကယ်၍ သူ၏လက်ထဲတွင် ဤအဆောင် ရာနှင့်ချီ၍ရှိနေပြီး တစ်ပြိုင်နက် ပစ်ထုတ်လိုက်ပါက ရွှေအမြုတေအဆင့် စစ်မှန်သောသူပင်လျှင် ဒုက္ခရောက်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။ ကျိုးယွမ်၏ စိတ်ဝင်စားမှုမှာ ပိုမို ပြင်းထန်လာပြီး မှော်အဆောင်ပညာမှာ သူ သေချာစွာ လေ့လာရမည့် ကျွမ်းကျင်မှုတစ်ခု ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။

ရက်စက်သော ဓားပြတစ်ယောက်အနေဖြင့် ဓားပြတိုက်သည့်အခါ ယဉ်ကျေးသိမ်မွေ့ရန် ကြိုးစားသင့်ပြီး ဖြစ်နိုင်ပါက အကြမ်းဖက်မှုကို ရှောင်ကြဉ်သင့်ပေသည်။ နေရာတိုင်းတွင် မှော်အက္ခရာများ ပစ်ထုတ်ကာ လေနှင့် တိမ်တိုက်များ တက်လိုက်ကျလိုက် ဖြစ်နေသည်ကို ကြည့်နေခြင်းမှာ ရက်စက်သော ဓားပြတစ်ယောက် ပိုင်ဆိုင်သင့်သည့် ဘဝမျိုးပင် ဖြစ်ပေသည်။

သုံးရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားပြီး ကျိုးယွမ်နှင့် အခြားသူများသည် ချောင်းယန်၏ ဦးဆောင်မှုဖြင့် ဂိုဏ်းရင်ပြင်ကြီးသို့ ရောက်ရှိလာကြသည်။ ဤစမ်းသပ်ပွဲတွင် ပါဝင်သူ အတော်လေး များပြားလှပြီး စုစုပေါင်း တစ်ထောင်နီးပါး ရှိပေသည်။ ဤလူသစ်အုပ်စု ဒုတိယအကြိမ်မြောက် အတူတကွ စုရုံးမိခြင်းလည်း ဖြစ်၏။ ဤတစ်ကြိမ်တွင် ဝါးကိုးပင်တောင်ထိပ်သည် စမ်းသပ်ပွဲ အဆင့်သတ်မှတ်ချက်အတွက် မည်သည့် လိုအပ်ချက်မျှ မရှိသဖြင့် လူတိုင်းမှာ အလွန် တည်ငြိမ်နေကြသည်။

ထိုအချိန်တွင် အမျိုးသားတစ်ဦးသည် ဓားပေါ်တွင် ပျံသန်းရောက်ရှိလာ၏။ သူသည် အလွန် ချောမောလှပပြီး သူ၏ ချီသန့်စင်ခြင်း အဆင့် ၉ ကျင့်ကြံမှုမှာလည်း ထင်ရှားစွာ မြင်တွေ့နေရပေသည်။

"အစ်ကိုကြီးယဲ့ယန် ရောက်လာပြီ..."

လူအုပ်ကြားမှ အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာပြီး ချီသန့်စင်ခြင်းအဆင့် အမျိုးသမီးများစွာမှာလည်း သူတို့၏ မျက်လုံးများထဲတွင် ကြယ်လေးများဖြင့် ကြည့်နေကြ၏။ ယဲ့ယန်သယ်သည်လည်း လူတိုင်း၏ ချီးကျူးမှုများကို သဘောကျနေပြီးနောက် သူ၏ အကြည့်များက တစ်ခန်းလုံးကို လှည်းကျင်းသွားရာ သူ၏ မျက်လုံးများတွင် ဂုဏ်ယူမှု အရိပ်အယောင်တစ်ခု ပေါ်လွင်နေပေသည်။ သို့သော် အကြီးအကဲများစွာ ရှိနေသဖြင့် သူသည် မရိုမသေ မလုပ်ရဲဘဲ အဖွဲ့၏ အရှေ့ဆုံးတွင် တင်ပျဉ်ခွေ ထိုင်လိုက်လေ၏။

"အောက်တန်းစား လူဖျင်းက အာဏာရလာတာပဲ..."

ထိုအချိန်တွင် ကျိုးယွမ်၏ ဘေးမှ အေးစက်သော နှာမှုတ်သံတစ်ခု ထွက်ပေါ်လာ၏။ ကျိုးယွမ် အံ့အားသင့်သွားပြီး လင်ချင်းကို လှည့်ကြည့်လိုက်သည်။ လင်ချင်းသည် ကျိုးယွမ်၏ အကြည့်ကို မြင်လိုက်ချိန်တွင် သူမ၏ မျက်လုံးများထဲ၌ ထိတ်လန့်မှု အရိပ်အယောင်တစ်ခု လင်းလက်သွား၏။ ကျိုးယွမ် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ လင်ချင်းနှင့် ယဲ့ယန်သယ်ကြားတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ရမည်ဟု သူ ကြိုတင် ခံစားချက် ရရှိလိုက်ပေသည်။

သို့သော် ကျိုးယွမ်သည် ၎င်းကို ဆက်လက် စူးစမ်းရန် ရည်ရွယ်ချက် မရှိချေ။ ယခု သူ စဉ်းစားနေသည်မှာ အခြားသော ထူးခြားသည့် ဓာတ်သဘာဝ သုံးခုကို မည်သို့ ရှာဖွေရမည်နည်းဟူသော အချက်ပင်။ ကျိုးယွမ်အတွက် အခြေခံတည်ဆောက်ခြင်းအဆင့်မှာ ယခုအချိန်တွင် အရေးကြီးဆုံး ဦးစားပေးဖြစ်ပေသည်။ မဟုတ်ပါက သူ၏ စစ်မှန်သော စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည်မဟုတ်ပေ။ သို့သော် ကျိုးယွမ်သည် ဂိုဏ်းအတွင်း၌ အခြေခံတည်ဆောက်ခြင်းကို မပြုလုပ်ချင်ပေ။ အဘိုးချင်၏ ပြောပြချက်အရ ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်းသည် ကောင်းကင်ဖြစ်စဉ်များကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ရာ ဂိုဏ်းအတွင်း၌ အခြေခံတည်ဆောက်ခြင်းကို ပြုလုပ်ခြင်းမှာ ကျိုးယွမ်အတွက် လုံးဝ ကောင်းမွန်သောအရာ မဟုတ်ချေ။

ကျိုးယွမ်သည် နောက်ထပ် ထူးခြားသည့် ဓာတ်သဘာဝ နှစ်ခုကို ရှာတွေ့သည်နှင့်တစ်ပြိုင်နက် တာဝန်ခန်းမမှ တာဝန်တစ်ခုကို လက်ခံကာ ဂိုဏ်းနှင့်ဝေးရာသို့ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။

All Chapters