← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း ၁၁၁:ရှီး... ဒါက ဘယ်လို ကျင့်ကြံခြင်း နည်းစနစ် မျိုးလဲ...

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ဘိုးဘေးဖီးနစ် မသေမျိုးကျင့်စဉ်က တကယ်ပဲ ဒါကို လိုအပ်သလား"

လျှိုရူယန်သည် မိုးကြိုးပစ်ခတ် ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး ရှားပါးသော ထိတ်လန့်မှု အရိပ်အယောင်တစ်ခုက သူမ၏ဖီးနစ် မျက်လုံးများတွင် ထွက်ပေါ်လာခဲ့သည်။ ဧကရီ တစ်ပါး ဖြစ်သော်လည်း သူမသည် အနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်နေကာ နောင်တများနှင့် ပြည့်နှက်နေပြီး ဤနည်းလမ်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းစွာ မဖော်ပြခဲ့သော ကျဆုံးသွားသည့် မဟာဧကရာဇ် ကို တိတ်တဆိတ် ကျိန်ဆဲနေခဲ့သည်။

နှစ်ကိုယ်တူ ကျင့်ကြံနည်းစနစ်....

ထိုနည်းစနစ်ကို အတင်းအကျပ် အသုံးပြုခြင်း၏ရလဒ်မှာ ရှင်းလင်းလှသည်။

သူမ ကျင့်ကြံခြင်းကို စွန့်လွှတ်ရမည် သို့မဟုတ်ပါက သူမသည်...

"တော်ပြီ"

လျှိုရူယန်က အံ့ကြိတ်ကာ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး သူမ၏ ကျင့်ကြံခြင်းကို အတင်းအကြပ် ရပ်တန့်ရန် ရည်ရွယ်လိုက်သည်။ သို့ရာတွင် သူမသည် ဘိုးဘေးဖီးနစ် မသေမျိုးကျင့်စဉ်၏ စွမ်းအားကို လျှော့တွက်ထားဆဲပင်။

ဤအချိန်၌ ဟွမ်ယန်ဆေးလုံး၏ တွန်းအားပေးမှုအောက်တွင် သူမ၏နတ်ဘုရားဖီးနစ် သွေးကြောက နိုးထလာခဲ့ပြီး ကျင့်ကြံနည်းစနစ်က ရှေးဟောင်းသားရဲကြီးတစ်ကောင် ရူးသွပ်သွားသည့်အလား ထိုကျင့်စဉ်၏ အမြင့်ဆုံးအထိ အလိုအလျောက် စတင်လှည့်ပတ်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖီးနစ် စွမ်းအားက သူမ၏သွေးကြောများအားလုံးကို ဖြတ်သန်းစီးဆင်းသွားပြီး သူမ၏ထိန်းချုပ်နိုင်မှုမှ လုံးဝကင်းလွတ်သွားခဲ့သည်။

"ဒါက အခြေအနေ ဆိုးသွားပြီ"

"ပြဿနာပဲ..."

"ကောင်းကင်ကြီးကရော ဒီဧကရီရဲ့ လမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးစားနေတာလား..."

လျှိုရူယန်၏မျက်နှာ သုန်မှုန်သွားပြီး အခြေအနေ မကောင်းကြောင်း သူမ၏စိတ်နှလုံးသားထဲတွင် တိတ်တဆိတ် အော်ဟစ်လိုက်၏။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ စိတ်ဝိညာဉ် စွမ်းအားများ ချက်ချင်းပူလောင်လာသည်ကိုသာ သူမ ခံစားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ် အတွင်း၌ ရှေးဟောင်း ဘိုးဘေးဖီးနစ်တစ်ကောင် ဖြည်းညှင်းစွာ စုစည်းလာပုံရပြီး အရပ်မျက်နှာအဘက်ဘက်သို့ ရူးသွပ်စွာ လှိုင်းထနေသော ထူးဆန်းသည့် အရှိန်အဝါတစ်ခု ဖြာထွက်နေခဲ့သည်။

သူမကို အကြောက်ရွံဆုံး ဖြစ်စေသောအရာမှာ သူမ၏ဝမ်းဗိုက်အောက်ပိုင်းမှ အမျိုးအမည်မသိရသော အပူရှိန်တစ်ခု မြင့်တက်လာပြီး သူမ၏ခန္ဓာကိုယ်တလျှောက် လျှင်မြန်စွာ ပျံ့နှံ့သွားကာ သူမ၏ဆင်ခြင်တုံတရားကို လောင်ကျွမ်းသွားစေခြင်းပင်။

"..."

လျှိုရူယန်၏ဦးရေပြား ချက်ချင်းထုံကျင်သွားပြီး မရေမတွက်နိုင်သော ညှို့ဓာတ်ပြင်းသည့် ပုံရိပ်ယောင်များက သူမ၏စိတ်ထဲတွင် ချက်ချင်းလှိုင်းထလာခဲ့သည်။

သူမ၏ နှင်းအလား ဖြူဖွေးသော အသားအရေမှာ ဆွဲဆောင်မှုရှိသော မက်မွန်သီးရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မွှေးကြိုင်သော ချွေးသီးများက သူမ၏ချောမွေ့သော နဖူးမှ ကျဆင်းလာကာ သူမ၏အသက်ရှူသံ မြန်ဆန်ပြီး ပူလောင်လာပေ၏။

ဘိုးဘေးဖီးနစ် မသေမျိုးကျင့်စဉ်ထဲသို့ ဝင်ရောက်ပြီးနောက် ထိုကျင့်စဉ်က သူမ၏စိတ်ကို နှောင့်ယှက်လိမ့်မည်ဟု သူမ မည်သည့်အချိန်မျှ မျှော်လင့်မထားခဲ့ချေ။ ဤကျင့်ကြံနည်းစနစ်မှာ အလွန်မြင့်မားသော အဆင့်ရှိပြီး သူမ၏ ခိုင်မာသော တာအိုနှလုံးသားဖြင့်ပင် သူမသည် ခုခံရန် ခက်ခဲစွာ ရုန်းကန်နေရသည်။

တစ်ချိန်တည်းမှာပင်....

နဝမတောင်ထိပ်တွင် စူးချန်ကဲသည် ကျန်းရွှမ်ကျိနှင့် စကားပြောပြီးနောက် တောင်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

"ဒီလို ရိုးရှင်းတဲ့ အစီအစဉ်တစ်ခုကိုတောင် အချိန်ကြာတဲ့အထိ ကြိုးရှည်ရှည်နဲ့လှန်ထားဖို့ လိုအပ်နေတုန်းပဲ... တစ်ဖက်လူတွေ မဟာမိတ် အပြည့်အဝ ဖွဲ့စည်းတာကို စောင့်ပြီးတော့မှ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ပြီး သူတို့အားလုံးကို အပြတ်ရှင်းရမယ် မဟုတ်လား... ပိုဆိုးတာက တခြားအင်အားစုတွေကြားမှာ သူလျှိုတွေ အများကြီး စီစဉ်ထားတာကြောင့် ဂိုဏ်းက ထိပ်တန်းအစွမ်းထက်ကျင့်ကြံသူတွေရဲ့ ခွန်အားကို မြှင့်တင်ဖို့ တခြားအရာတွေကို အာရုံစိုက်နေရတာပဲ..."

စူးချန်ကဲက ကျန်းရွှမ်ကျိ၏စကားများကို ပြန်လည်သတိရရင်း တီးတိုးရေရွတ်လိုက်သည်။

သို့ရာတွင် ထိုအကြောင်းကို ပြောရလျှင် ဤသည်မှာ အဓိပ္ပာယ်ရှိပေ၏။ စိတ်ကူးယဉ်ကမ္ဘာတစ်ခုသည် သေမျိုးများကြားရှိ ရုန်းကန်မှုတစ်ခု မဟုတ်ချေ။ အစွမ်းထက်သောစွမ်းအားရှေ့တွင် မည်သည့် ပူးပေါင်းကြံစည်မှု သို့မဟုတ် လှည့်စားမှုမဆို အားနည်းလှသည်။

တစ်စုံတစ်ယောက်သည် သူ၏ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ခြင်းက အမှန်တကယ်ကို အဓိကရည်မှန်းချက်ပင်။

ကျန်းရွှမ်ကျိက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် အနိုင်မယူရခြင်း၏ အကြောင်းအရင်းကိုလည်း ရှင်းပြခဲ့သည်။ ဤသည်က ခိုင်လုံသော အကြောင်းပြချက် မရှိသည့်အပြင် အရေးအကြီးဆုံးအရာမှာ သူတို့ထိုက်ချင်ဂိုဏ်း မှ အဆင့်မြင့်အဖွဲ့ဝင်များအားလုံးတွင် ရည်မှန်းချက်ကြီးသော သူရဲကောင်းများ၏ အမူအကျင့် ရှိခြင်းကြောင့်ပင်။ အတိုချုပ်ပြောရလျှင် စကားတစ်ခွန်းတည်းသာ ဖြစ်ပေ၏။

"ငါတို့က သူတို့ရဲ့ ထက်ရှတဲ့အစွန်းကို ရှောင်နေရမှာလား..."

အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတွင် မည်သည့် အင်အားစုများက ရန်သူများဖြစ်ပြီး မည်သည့် အင်အားစုများက မဟာမိတ်များ ဖြစ်သည်ကို သူတို့ ခွဲခြားသိမြင်နိုင်ရန်အတွက် ဤသည်မှာ အခွင့်အရေးပင်။

နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူ ဆယ့်ငါးယောက်...

ထိုအရာမှာ ကောင်းမွန်သော အခြေခံအုတ်မြစ် တစ်ခု ဖြစ်ပေ၏။ အကယ်၍ သူတို့က တခြား အင်အားစုများကို သိမ်းပိုက်လိုက်ပါက ထိုက်ချင်ဂိုဏ်းကို တခြားအဆင့်တစ်ခုသို့ မြှင့်တင်ပေးနိုင်ပြီး ယွမ်ယန်နယ်မြေအတွက် ယှဉ်ပြိုင်ရန် အမှန်တကယ်ကို အရည်အချင်း ပြည့်မီစေပေမည်။ သို့ရာတွင် စူးချန်ကဲက ပို၍နက်ရှိုင်းစွာ တွေးတောလိုက်၏။ အကယ်၍ ထိုက်ချင်ဂိုဏ်းက နောက်ဆုံးတွင် ယွမ်ယန်နယ်မြေ၏ဗီလိန်ခေါင်းဆောင် ဖြစ်လာမည်ဆိုပါက ကံကြမ္မာသားတော်နှင့် သက်ဆိုင်သော အရာတစ်ခု သေချာပေါက် ရှိရပေမည်။ တစ်နည်းအားဖြင့် သူသည် ယဲ့ရွှမ်၏ ထိုက်ချင်ဂိုဏ်းအပေါ် ရန်လိုမှုကို မီးမွှေးပေးမည့် မီးစတစ်ခု ဖြစ်လာနိုင်သည်။

အမှန်တကယ်ကိုပင်....

အကယ်၍ ဇာတ်ကွက်က ပုံမှန်အတိုင်း ဖွံ့ဖြိုးလာမည်ဆိုလျှင် မည်သည့်အကြောင်းပြချက်မျိုး ရှိနေပါစေ ထိုက်ချင်ဂိုဏ်း၏ သူ့အပေါ် အလွန်အမင်း အကာအကွယ်ပေးတတ်သော သဘာဝနှင့်ဆိုလျှင် သူတို့သည် ယဲ့ရွှမ်နှင့် သွေးကြွေးရန်ငြိုးတစ်ခု သေချာပေါက် ဖွဲ့မိပေလိမ့်မည်။ အနာဂတ်တွင် ယဲ့ရွှမ်က တရားမျှတမှုကို ထိန်းသိမ်းပြီး ထိုက်ချင်ဂိုဏ်းကို ဖျက်ဆီးကာ ယွမ်ယန်နယ်မြေ၏အရှင်သခင် ဖြစ်လာနိုင်သလော...

"တကယ်လို့ ဒါက တကယ်ကြီး ဇာတ်ကွက်ဆိုရင် နည်းနည်းတော့ ဒရမ်မာဆန်လွန်းတယ်..."

ဤအတွေးကြောင့် စူးချန်ကဲက အထင်သေးမှု အရိပ်အယောင်တစ်ခုကို ပြသလိုက်သည်။ သူ ယခုချိန်၌ အနည်းငယ်မျှ အလောတကြီး မဖြစ်တော့ချေ။ မည်သို့ပင်ဆိုစေကာမူ သူ၏လက်ရှိ စွမ်းအားဖြင့် သူသည် ပြိုင်ဘက်ကို လွယ်လင့်တကူချေမှုန်းနိုင်သည်။

သူ၏စွမ်းအား မြင့်တက်လာသည်နှင့်အမျှ နှစ်လအောက်သာ လိုတော့သည့် စိန်ခေါ်မှုကို သူ တဖြည်းဖြည်း မေ့လျော့လာပေ၏။ ရိုးရိုးသားသား ပြောရလျှင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က သူ့ကို အကျပ်အတည်း ခံစားချက်တစ်ခုပေးရန် အမှန်တကယ် ခက်ခဲပေမည်။

သူက ကံကြမ္မာသားတော် ဆိုတော့ရော ဘာဖြစ်လဲ....

ငါ့ဘက်မှာ ကံကြမ္မာသမီးတော်သုံးယောက် ရှိတယ်လေ....

အတွေးများထဲတွင် နစ်မြုပ်နေရင်း စူးချန်ကဲသည် ဝူယာခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့လေပြီ။ သူက ရှေ့တံခါးကို ဝေ့ကြည့်ပြီး ရေရွတ်လိုက်သည်။

"သူတို့ အားလုံး ပြန်ရောက်နေပြီလား..."

"ဒီအရှိန်အဝါ... ဖူယောင်က 'အပြစ်များသော သတ်ဖြတ်ခြင်း'ကို နားလည်သဘောပေါက်ပြီးတော့ နဝမမြောက်ဓားကို စတင်လိုက်ပြီပဲ... စနစ် ဆုလာဘ် မရှိသေးဘူးဆိုတော့ ထိုက်ချင် ဓားကိုးလက်လုံးကို မျှဝေပေးဖို့ လိုတာလား..." စူးချန်ကဲက နှုတ်ခမ်းမဲ့လိုက်ပြီး သူ၏ အကြည့်က ထုယိုယို၏တံခါးဆီသို့ ပြောင်းသွားကာ ထိုနေရာတွင် စက္ကန့်အနည်းငယ်ကြာသည်အထိ ရပ်တန့်နေခဲ့သည်။

သူ၏လက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ဖြင့် နတ်ဘုရားစိတ်အာရုံ မပါဝင်ဘဲ သူ၏အာရုံခံစားမှု သက်သက်နှင့်ပင် အခန်းထဲရှိ အသံတိုင်းကို ရှင်းလင်းစွာ ကြားနိုင်သည်။

"ဒီကောင်မလေးက ညဉ့်နက်တဲ့အထိ မအိပ်ဘဲ မကျင့်ကြံဘဲနဲ့ နှစ်ကိုယ်တူ ကျင့်ကြံခြင်း အကြောင်း စဉ်းစားနေတုန်းပဲလား..."

စူးချန်ကဲက ခပ်အုပ်အုပ်ရယ်မောလိုက်ပြီး နောက်ဆုံးတွင် သူ၏အကြည့်က ဘယ်ဘက်အစွန်ဆုံးရှိ လျှိုရူယန်၏ အခန်းပေါ်သို့ ကျရောက်သွားခဲ့သည်။ ရိုးရိုးသားသား ပြောရလျှင် သူ၏အကြီးမားဆုံး စိုးရိမ်မှုမှာ လျှိုရူယန်ပင်။

တခြားအကြောင်းအရင်းကြောင့် မဟုတ်ဘဲ သူမသည် ခံစားလွယ်သောကြောင့် သူ့ကို ဆုလာဘ်များစွာ ပေးနိုင်ခြင်းကြောင့်ပင်။

ထို့ပြင် သူမသည် ရင့်ကျက်ပြီး အရွယ်မရောက်သေးသော မိန်းကလေးဆန်သည့် သဘောထားတချို့ ရှိသေးသည့် နင်ဖူယောင် ထုယိုယိုတို့နှင့် မတူညီချေ။

"ဟင်..."

"ဒီအရှိန်အဝါ အပြောင်းအလဲက ဘာလို့ ဒီလောက်တောင် ကြီးမားနေတာလဲ..."

"သူ့ရဲ့ကျင့်ကြံခြင်းမှာ တစ်ခုခု မှားယွင်းသွားလို့လား..."

စူးချန်ကဲက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခု မှားယွင်းနေကာ ချီသွေဖည်ခြင်း၏ လက္ခဏာများဖြစ်ကြောင်း ချက်ချင်းသတိပြုမိသွားသည်။ အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် အမျိုးသားနှင့်အမျိုးသမီးကြားရှိ ကွာခြားချက်ကို သူ လျစ်လျူရှုလိုက်၏။ ဤအရှိန်အဝါအရ အကယ်၍ ဆက်လက်၍ ဖြစ်ပွားနေပါက ပြဿနာကြီးတစ်ခု နီးကပ်နေလေပြီ။

ဤအချိန်၌ သူ၏ဂျူနီယာညီမလေးထံ၌ အန္တရာယ် ရှိနေသည်။ ယခုချိန်၌ သူ မနွေးထွေးပေးလျှင် ဘယ်အချိန်၌ နွေးထွေးပေးရမည်နည်း။

သူ၏ပုံရိပ် လှုပ်ရှားသွားခဲ့သည်။

ကျွိခနဲအသံနှင့်အတူ တံခါးကို သူ ညင်သာစွာ တွန်းဖွင့်လိုက်၏။

နောက်တစ်စက္ကန့်တွင်....

စူးချန်ကဲက အခန်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကြွယ်ဝပြီး သိမ်မွေ့သော မွှေးရနံ့နှင့် အံ့အားသင့်ဖွယ် အပူရှိန်ကို သယ်ဆောင်လာသည့် ပြီးပြည့်စုံသော ခန္ဓာကိုယ်တစ်ခုက အသိုက်သို့ ပြန်လာသော ငှက်ပျိုလေးတစ်ကောင်အလား သူ၏ရင်ခွင်ထဲသို့ ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။

"..."

စူးချန်ကဲမှာ ကြောင်အမ်းသွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။

"သောက်ကျိုးနည်း...."

သူက မသိစိတ်အရ လှမ်းဖမ်းလိုက်ရာ သူ ထိတွေ့လိုက်ရသောအရာမှာ နူးညံ့ချောမွေ့ပြီး အေးစက်သော အသားအရေ ပင်။ သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ ရင်ခွင်ထဲတွင် ရှိနေသူမှာ လျှိုရူယန်မှလွဲ၍ တခြားမည်သူ ဖြစ်နိုင်မည်နည်း။

သို့ရာတွင် ဤအချိန်၌ သူမသည် သူမ၏ပုံမှန် အေးစက်သော အထီးကျန်ဆန်မှုကို မပိုင်ဆိုင်တော့ချေ။ သူမ၏ အနက်ရောင်ဝတ်စုံမှာ ပူလောင်သော ဖီးနစ်ချီကြောင့် စုတ်ပြဲသွားသည်မှာ ကြာမြင့်နေလေပြီ။ လရောင်က ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာပြီး ကောင်းကင်ဘုံမှ လက်ရာတစ်ခုဖြစ်သော သူမ၏ကျောက်စိမ်းအလား နူးညံ့ချောမွတ်သော ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေခဲ့သည်။

သူမ၏မည်းနက်သော ဆံပင်များက ရေတံခွန်တစ်ခုအလား ဖြာကျနေပြီး သူမ၏ ချောမွေ့သော ကျောပြင်ပေါ်တွင် လူးလွန့်နေကာ သူမ၏ ရင်သပ်ရှုမောဖွယ် အကောက်အကွေ့များကို ပို၍ပေါ်လွင်စေသည်။ သူမ၏ဂုဏ်ယူဖွယ်ကောင်းသော ရင်သားများက သူမ၏မြန်ဆန်သော အသက်ရှူသံများနှင့်အတူ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပေ၏။ သူမ၏ပါးပြင်များအနည်းငယ် နီရဲနေကာ သူမ၏ခြေတံများမှာ ဖြောင့်တန်းပြီး သွယ်လျသည်။ ထိုအရာများက အမျိုးသားတစ်ယောက်ကို သွေးဆူသွားစေနိုင်သည့် နယ်ပယ်တစ်ခုကို ဖန်တီးရန် ရောယှက်နေခဲ့သည်။

နောက်တစ်ခဏတွင်...

စူးချန်ကဲ မတုံ့ပြန်နိုင်မီမှာပင် သူ၏ရင်ခွင်ထဲရှိ ရင်သပ်ရှုမောဖွယ်ကောင်းသော အမျိုးသမီးက သူမ၏နူးညံချောမွေ့သော လက်များဖြင့် ရုတ်တရက် သူ၏လည်ပင်းကို တင်းကြပ်စွာ ဖက်တွယ်လိုက်သည်။ သူမ၏ ပူလောင်နေသော ခန္ဓာကိုယ်က သူ၏ရင်ခွင်ထဲသို့ အရည်ပျော်ဝင်ချင်သည့်အလား သူ့အပေါ် ကွက်လပ်မရှိ ဖိကပ်ထားလေ၏။ သူမ၏ခန္ဓာကိုယ်တွင်းရှိ ပူလောင်သော အပူရှိန်ကို သက်သာစေနိုင်မည့် ထိုအေးမြမှု အစအနလေးကို သူမက စိတ်အားထက်သန်စွာ ရှာဖွေနေခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် သူမက စကားတစ်ခွန်းမျှ မပြောဘဲ ခေါင်းငုံ့ကာ စူးချန်ကဲ၏ပခုံးကို ကိုက်လိုက်သည်။

"အွန်း..."

နာကျင်သော ညည်းတွားသံတစ်သံက လျှိုရူယန် ၏လည်ချောင်းမှ ထွက်ပေါ်လာခဲ့သည်။

အရမ်းမာတာပဲ....

စူးချန်ကဲ၏ရုပ်ခန္ဓာကိုယ်သည် နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားသည်မှာ ကြာမြင့်ပြီဖြစ်ရာ သူမသည် မည်သို့ လွယ်ကူစွာ ကိုက်နိုင်မည်နည်း....

ထိုအစား တွန်းကန်အားမှ နာကျင်မှုက သူမ၏ ခေါင်းပေါ်သို့ ရေခဲရေ လောင်းချလိုက်သည့်အလား ဖြစ်နေပြီး သူမ၏ ရှုပ်ထွေးနေသော စိတ်ကို ချက်ချင်းဆိုသလိုပင် အနည်းငယ် ကြည်လင်သွားစေခဲ့သည်။

သူမ၏ အစောပိုင်း အမူအရာ ပျက်ယွင်းမှုကို သဘောပေါက်သွားသောအချိန်တွင် လျှိုရူယန် ၏မျက်နှာ ချက်ချင်းဖြူရော်သွားခဲ့သည်။ သူမ၏ပုံရိပ်က လန့်ဖျပ်သွားသော စိတ်ဝိညာဉ် စာကလေး တစ်ကောင်အလား နောက်သို့ လျင်မြန်စွာ လွင့်မျောသွားပြီး သူမနှင့် စူးချန်ကဲကြားတွင် ကျန်းအနည်းငယ်ခန့် အကွာအဝေးတစ်ခုကို ဖန်တီးလိုက်၏။

"မလုပ်နဲ့..."

"ဒီကို မလာနဲ့..."

ဤအချိန်၌ သူမ၏လေသံတွင် ထိန်းချုပ်၍မရသော တုန်ရီမှု အရိပ်အယောင်တစ်ခု ပါဝင်နေသော်လည်း ချိုးဖျက်၍မရနိုင်သော ဧကရီ၏ ခမ်းနားမှုတချို့ ဖြာထွက်နေဆဲပင်။ သူမ၏ဖီးနစ်မျက်လုံးများတွင် စိတ်ခံစားမှုများ လှိုင်းထနေသည်။ ရှက်ရွံ့မှု၊ ထိတ်လန့်မှု၊ အတင်းအကြပ် ထိန်းချုပ်ထားမှုနှင့် လျှံထွက်လုနီးပါး ဖြစ်နေသော ဝေဝါးသည့် ညှို့ဓာတ်တို့က သူမထံတွင် ရှုပ်ထွေးစွာ ရောယှက်နေခဲ့သည်။

"ရှီး... ဒါက ဘယ်လို ကျင့်ကြံနည်းစနစ်မျိုးလဲ..."

စူးချန်ကဲက အသက်ရှူမမှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဖြစ်ပျက်သွားခဲ့ခြင်းပင်။

"ဟွမ်ယန်ဆေးလုံးရဲ့ အရှိန်အဝါ..."

"ဒီအရာမှာ ဒီလောက်ထိ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုး ရှိတာလား..."

စူးချန်ကဲက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အကြည့်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လေဟာနယ်ထဲတွင် ကျန်ရှိနေသော ဆေးအရှိန်အဝါတစ်ခုကို ချက်ချင်းသတိပြုမိလိုက်ပြီး အရာအားလုံးကို ဆက်စပ်မိသွားခဲ့သည်။

သို့ရာတွင် သူ နားမလည်သည့်အရာမှာ ဟွမ်ယန်ဆေးလုံးသည် ကာမဆန္ဒကို နှိုးဆွပေးသည့်အရာနှင့် မည်သို့သက်ဆိုင်နေသနည်း ဆိုသည့်အချက်ပင်။

သို့ရာတွင် ယခုက ထိုအရာများအကြောင်း စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် လျှိုရူယန်သည် ထပ်မံ ထိန်းချုပ်မှု လွတ်ကင်းတော့မည်ကို သူ မြင်လိုက်ရပြီး သူမ၏မျက်လုံးများက တဖြည်းဖြည်း ရီဝေလာသောကြောင့်ပင်။

အခန်း ၁၁၂: စီနီယာအစ်ကို... ဒုတိယ စီနီယာအစ်မ... အစ်ကိုတို့ ဘာတွေ လုပ်နေတာလဲ...

နောက်တခဏတွင်....

စူးချန်ကဲက လှုပ်ရှားလိုက်ပြီး လျှိုရူယန်၏ရှေ့တွင် ပေါ်လာကာ သူမ၏နဖူးကို သူ၏ လက်ချောင်းဖြင့် ခပ်ဖွဖွ ပုတ်လိုက်သည်။ အစွမ်းထက်သော ကြည်လင်မှုစွမ်းအားတစ်ခုက သူမထံသို့ စီးဝင်သွားခဲ့လေ၏။ ထိုက်ချင်ဂိုဏ်းမှ တပည့်တိုင်း စိတ်ကြည်လင်စေခြင်းမန္တန်ကို သိထားကြသည်။ ထိုမန္တန်မှာ အဆင့်မြင့် နည်းစနစ်တစ်ခု မဟုတ်သော်လည်း ချီသွေဖည်ခြင်းကဲ့သို့ အရာများကို ဆန့်ကျင်ရာတွင် အံ့အားသင့်စရာကောင်းသော အကျိုးသက်ရောက်မှုများ ရှိသည်။ သို့ရာတွင် ထိုအချက်မှာ တစ်ဦးတစ်ယောက်၏ ကျင့်ကြံဆင့်နယ်ပယ်နှင့် များစွာသက်ဆိုင်သည်။

အကယ်၍ တခြားတစ်ယောက်ဆိုပါက စိတ်ကြည်လင်စေခြင်းမန္တန်ကို အသုံးပြုရန် ကြိုးစားသည့် အခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်ထဲရှိ ဘိုးဘေးဖီးနစ်ချီကြောင့် သူတို့နှစ်ယောက်လုံး ပေါက်ကွဲသွားလောက်လေပြီ။

"စီနီယာအစ်ကို... ရှင်... ရှင်က ဘာလို့ ကျွန်မကို ဘာလို့ လှောင်ပြောင်တဲ့ အကြည့်နဲ့ ကြည့်နေတာလဲ... ရှင်... ရှင် ပြုံးလို့ မရဘူး... ဒီလိုမျိုး မလုပ်ပါနဲ့..."

လျှိုရူယန်က သူမ၏နီမြန်းသောနှုတ်ခမ်းများကိုကိုက်ပြီး စကားပြောလိုက်ကာ သူမ၏ဖီးနစ် မျက်လုံးများက စူးချန်ကဲကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်လုံးများ၏ နက်ရှိုင်းရာတွင် ခေါင်းမာမှု အရိပ်အယောင်တစ်ခု ရှိနေပြီး တစ်စုံတစ်ခုကို ဖိနှိပ်ထားသည့်အလား ပင်။ ယခုအချိန်၌ စူးချန်ကဲကို ရင်ဆိုင်ရချိန်တွင် သူမ၏နှလုံးသား နက်ရှိုင်းသောနေရာရှိ စိတ်ခံစားမှုများကို ထပ်မံ၍ ထိန်းချုပ်မထားနိုင်တော့ချေ။

အမှန်အားဖြင့် သူမသည် နဝမတောင်ထိပ်သို့ ဝင်ရောက်ပြီး စူးချန်ကဲကို ပထမဆုံး မြင်တွေ့ခဲ့စဥ်ကတည်းက သူ့ကို စတင်၍ သဘောကျခဲ့ခြင်းပင်။

အထူးသဖြင့် စူးချန်ကဲ၏ အေးစက်သော မောက်မာမှုနှင့် ထက်ရှသော လျှာက သူမကို မုန်းတီးစေခဲ့သော်လည်း သူသည် ကြီးမားသော ဆွဲဆောင်မှုရှိသည့် အမျိုးသား တစ်ဦးဖြစ်ကြောင်း သူမ ခံစားခဲ့ရသည်။ ထိုအရာမှာ ရူးသွပ်စွာ ချစ်မြတ်နိုးသည့် ပုံစံဖြစ်ကာ သူမ၏ယုံကြည်ကိုးကွယ်ရာတစ်ခု ဖြစ်လာလုနီးပါးပင်။

ထိုခံစားချက်က ဤအချိန်အခိုက်အတန့်တွင် သူမ၏စိတ်နှလုံးသားထဲ၌ အကန့်အသတ်မရှိ ကြီးထွားလာခဲ့သည်။

"ငါက ဘာကို ရယ်ရမှာလဲ..."

စူးချန်ကဲက သူ၏နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီးနောက် လေးနက်သော အမူအရာကို ပြသကာ အပြစ်တင်လိုက်သည်။

"မင်းရဲ့စိတ်ကို အာရုံစိုက်... မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တည်ငြိမ်အောင်လုပ်စမ်း... မင်းရဲ့ ကျင့်ကြံနည်းစနစ်ကို လှည့်ပတ်ပြီးတော့ မင်းရဲ့ အတွေးတွေကို ရိုင်းစိုင်းခွင့် မပေးနဲ့... ရူယန် ... မင်းက စိတ်ပိုင်းဆိုင်ရာ ရမ္မက် ကို ခံစားနေရပြီ... မင်း နားလည်လား..."

"ခဏလောက် ထပ်ပြီးတောင့်ခံထား... မကြာခင် ပြီးသွားလောက်တယ်...ဒါက သာမန်အောင်မြင်မှု အဆင့်မှာပဲ ရှိနေတာ ကံကောင်းတယ်... ဒီကျင့်ကြံနည်းစနစ်က တော်တော်လေး အစွမ်းထက်တယ်... တကယ်လို့ ငါ့ရဲ့ခန္ဓာကိုယ်ထဲက မူလဘူတဘိုးဘေးနဂါးချီ ကသာ ဒီအရာကို တိုက်တိုင်ဆိုင်ဆိုင်နဲ့ မဖိနှိပ်နိုင်ခဲ့ရင် ဒီလောက်ထိ ရိုးရှင်းမှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်တယ်..."

အရေးအကြီးဆုံးအရာမှာ စူးချန်ကဲသည် ဤကျင့်ကြံနည်းစနစ်ကို ရိုးရိုးရှင်းရှင်း ဖိနှိပ်နေခြင်း မဟုတ်ဘဲ ထိုကျင့်စဉ်ကို ဆက်လက်လှည့်ပတ်ရန် အတင်းအကျပ် ခိုင်းစေနေခြင်းပင်။ ဤနည်းလမ်းဖြင့် လျှိုရူယန်၏စွမ်းအားသည် အနည်းငယ်မျှ ထိခိုက်မည် မဟုတ်ဘဲ ထိုအစားထိုး ကြီးမားသော အကျိုးကျေးဇူးများ ရရှိပေမည်။

"သောက်ကျိုးနည်း... ငါက အရမ်း နွေးထွေးနေတာပဲ... ဒီလို အချိန်မျိုးမှာတောင် ငါ့ရဲ့ ဂျူနီယာညီမလေးအကြောင်းကို စဉ်းစားနေသေးတယ်...."

စူးချန်ကဲက တွေးတောလိုက်ရာ သူ၏ မျက်လုံးများတွင် မှော်စာလုံးများ လင်းလက်နေခဲ့သည်။

"စီနီယာအစ်ကို... အဓိပ္ပာယ်မရှိတာတွေ... ဒီဧကရီက ရမ္မက်ကြောင့် စိတ်မလွတ်သေးပါဘူး"

လျှိုရူယန်က ချက်ချင်း ငြင်းဆိုလိုက်ပြီး သူမ၏ မျက်ခုံးများမှ ဧကရီတစ်ပါး၏ အရှိန်အဝါ ဖြာထွက်နေခဲ့လေ၏။ သို့ရာတွင် စုတ်ပြဲနေသော အနက်ရောင်ဝတ်စုံအောက်တွင် အနည်းငယ် တုန်ရီနေသော သူမ၏ခြေတံရှည်များက သူမကို ရှင်းလင်းစွာ သစ္စာဖောက်နေပြီး ပုံရိပ်ယောင်များက သူမ၏မျက်စိရှေ့တွင် အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

"မဟုတ်ဘူး..."

"စီနီယာအစ်ကို... ရှင် ဒီကို လာလို့ မရဘူး...."

"ရှင် ကျွန်မကို နမ်းလို့ မရဘူး... စူးချန်ကဲ... ရှင် အဲ့ဒီလို လုပ်ခွင့်မရှိဘူး... ဒီဧကရီက အဲ့ဒါကို ခွင့်မပြုဘူး...."

သို့ရာတွင် နောက်တစ်စက္ကန့်တွင် လျှိုရူယန်၏ လေသံ ပြောင်းသွားသည်။

"ကောင်းပြီလေ... အဲ့ဒါဆိုလည်း ကျွန်မကို နမ်းလိုက်... မြန်မြန် နမ်းလိုက်... ဒီဧကရီက ရှင့်ကို ဒီတစ်ခါပဲ အခွင့်အရေး ပေးမယ်..."

"စူးချန်ကဲ... ရှင်က ယောက်ျား ဟုတ်သေးရဲ့လား... ကျွန်မကို နမ်းလေ..."

"..."

စူးချန်ကဲ ဆွံ့အသွားခဲ့သည်။

သူက ငါ့ကို အသရေဖျက်နေတာပဲ...

ပြီးတော့ ဒီကျင့်ကြံနည်းစနစ်က တကယ်ပဲ ပြန်လည်ဝင်စားတဲ့ ဧကရီတစ်ပါးကို ဒီလောက်အထိ သက်ရောက်မှု ရှိနိုင်လောက်အောင် အစွမ်းထက်နေတာလား... အဲ့ဒါက အနည်းဆုံး ဧကရာဇ် အဆင့် ဖြစ်ပုံရတယ်...ဘိုးဘေး ဖီးနစ်... စိတ်ဝိညာဉ်နယ်မြေမှာ ဒီလို မျိုးနွယ်စုမျိုး ရှိတယ်လို့ ငါ မကြားဖူးပါဘူး... အဲ့ဒါက ကောလာဟလတွေ ထွက်နေတဲ့ အင်မော်တယ် နယ်မြေကများ ဖြစ်နိုင်မလား....

တစ်ချိန်တည်းမှာပင် သူက ထိုအရာကို တခြား တစ်ခုခုနှင့်လည်း ဆက်စပ်မိသွားခဲ့သည်။ အကယ်၍ လျှိုရူယန်ကို စောစောစီးစီး ကယ်တင်ရန် သူသာ ဝင်မပါခဲ့လျှင် နောက်ဆုံး ရလဒ်မှာ ယဲ့ရွှမ်က သူမကို ကယ်တင်သွားပေမည်။ ထို့နောက် သူမ၏ဒဏ်ရာများကြောင့် လျှိုရူယန်သည် ဟွမ်ယန်ဆေးလုံးကို သောက်သုံးပေလိမ့်မည်။ ရလဒ်သည် ထိုကောင်လေးကို အကျိုးအမြတ် ပေးလိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်လော။

သို့ရာတွင် စူးချန်ကဲကို ပို၍ခေါင်းကိုက်သွားစေသောအရာမှာ လျှိုရူယန်၏မျက်လုံးများထဲတွင် သူမ၏ တခြားပုံစံတစ်ခုကို မြင်တွေ့လိုက်ရပုံရပြီး သူမဘာသာ စတင်၍ စကားပြောဆိုလာခြင်းပင်။

"ဟွန့်... စူးချန်ကဲ...နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ... ဒီဧကရီက နင်နဲ့မထိုက်တန်ဘူးလို့ ပြောတာလား..."

"ငါ့ရဲ့ အရင်ဘဝတုန်းက စိတ်ဝိညာဉ်နယ်မြေကို ငါ ဖြတ်သန်းခဲ့တယ်... ပါရမီရှင် ဘယ်နှစ်ယောက်က ငါ့ရဲ့ခြေရင်းမှာ ဒူးထောက်ခဲ့လဲ ဆိုတာကို နင် သိလား....ဒါတောင် ငါက တစ်ချက်တောင် မကြည့်ခဲ့ဘူး... နင်နဲ့ မထိုက်တန်ဘူး... ဟုတ်လား..."

"ရယ်စရာပဲ... ဒီဧကရီက နင်နဲ့ ထိုက်တန်တာထက်တောင် ပိုသေးတယ်..."

သူမ၏အသံ အဆုံးသတ်သွားသည့် အချိန်အခိုက်အတန့်တွင် လျှိုရူယန်၏ ဖီးနစ်မျက်လုံးများ ရုတ်တရက် စူးရှသွားပြီး သူမ၏မျက်ခုံးများ တင်းကြပ်စွာ တွန့်ကွေးသွားပေ၏။ သူမက ရုတ်တရက် လက်လှမ်းပြီး စူးချန်ကဲ၏အင်္ကျီဂုတ်ကို ဆွဲကိုင်ကာ သူ့ကို သူမဆီသို့ ပြင်းထန်စွာ ဆွဲယူလိုက်သည်။

ခုခံ၍မရနိုင်ဘဲ....မတုံ့ဆိုင်းဘဲ...

ဤကိုယ်ဟန်အနေအထားက သူမသည် စူးချန်ကဲကို အတင်းအကြပ်နမ်းရန် ရည်ရွယ်ထားကြောင်း ဆိုလိုသည်။

"ကြမ်းကြမ်းတမ်းတမ်း ကစားဖို့ စီစဉ်နေတာလား..."

စူးချန်ကဲ၏မျက်ခွံများ တုန်ရီသွားခဲ့သည်။ သူသည် အမျိုးသမီးတစ်ဦးကို မြင်ချိန်၌ လမ်းမလျှောက်နိုင်သော လူစားမျိုး မဟုတ်ခဲ့သော်လည်း မိန်းမလျှာတစ်ဦး၏ စိတ်နေသဘောထားမျိုးလည်း မရှိခဲ့ချေ။ နောက်ခံ၊ ရုပ်ရည်၊ ခွန်အားနှင့် လှည့်စားမှုတစ်ခု လည်းရှိနေသဖြင့် မည်သည့်လူကောင်းက မိန်းမလျှာဖြစ်ရန် ရွေးချယ်မည်နည်း။

သို့ရာတွင် သူ့ထံတွင် စည်းမျဥ်းများ ရှိနေဆဲပင်။ ထိုလုပ်ရပ်များမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ဖြစ်ပါက ထိုကဲ့သို့ ကိစ္စများနှင့် ပတ်သက်၍ သူ့ထံတွင် ပြဿနာ မရှိချေ။ အကယ်၍ လျှိုရူယန် သာ သတိရှိပြီး ဆန္ဒရှိပါက ထိုကိစ္စမှာ တစ်မျိုးတစ်မည် ဖြစ်သွားနိုင်သော်လည်း ယခုအချန်တွင်မူ အားနည်းနေသော အခြေအနေတွင် ရှိနေသူ တစ်ဦးကို အခွင့်ကောင်းယူခြင်းမျိုး ဖြစ်နေသည်။

သို့ရာတွင် ယခုချိန်၌ သူလည်း လှုပ်ရှား၍ မရနိုင်ချေ။ ဤသည်မှာ အရေးကြီးသော အခိုက်အတန့် ဖြစ်ပြီး အကယ်၍ သူ လှုပ်ရှားလိုက်ပါက ယခင် ကြိုးစားအားထုတ်မှုများ အားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။ စူးချန်ကဲကလည်း အကြောင်းအရင်းကို အမှန်တကယ် သိချင်နေခဲ့သည်။ ဖြစ်နိုင်သည်က ဤသည်မှာ ဇာတ်ကွက်မှ သတ်မှတ်ထားသော ပုံစံသာ ဖြစ်ပေမည်။

နောက်ဆုံးတွင်...

နူးညံ့ပြီး နီမြန်းသောနှုတ်ခမ်းများက သူ၏ နှုတ်ခမ်းများကို ညင်သာစွာ ဖုံးအုပ်သွားခဲ့သည်။

အချိန်သည် ဤအခိုက်အတန့်တွင် ရပ်တန့်သွားပုံရပြီး သူမ၏ ရှုပ်ထွေးသော အသက်ရှူသံ၊ ရုတ်တရက် ခုန်ပေါက်လာသော သူမ၏ နှလုံးသားနှင့် မူးရစ်ရီဝေစေသော နွေးထွေးမှုတို့သာ ကျန်ရစ်ခဲ့သည်။

"အွန်း... အွန်း... အာ... အာ..."

သို့ရာတွင် ဤအချိန်၌ လျှိုရူယန်၏ အနည်းငယ် ထူးဆန်းသော မောဟိုက်သံက မသင့်တော်သော အချိန်တွင် ထွက်ပေါ်လာခဲ့သည်။

"...."

စူးချန်ကဲ အနည်းငယ် ကြောင်အမ်းသွားခဲ့လေသည်။

'အဲ့ဒီလောက်တော့ ပြင်းထန်မှာ မဟုတ်ပါဘူးလေ... ငါ စတောင် မစရသေးဘူးလေ... ပြီးတော့ မင်း နမ်းချင်ရင် နမ်းလေ... ငါ့ရဲ့ နဂါးချီ ကို မစုပ်ယူနဲ့လေ...'

နောက်တစ်စက္ကန့်တွင် စနစ်၏အသံက သူ၏ စိတ်ထဲတွင် မြည်ဟီးလာခဲ့သည်။

【ဒင်... နွေးထွေးမှု တာဝန် ထွက်ပေါ်လာပါပြီ.... ကံကြမ္မာသမီးတော် လျှိုရူယန်က အင်မော်တယ် ရှေးဟောင်း ဘိုးဘေးဖီးနစ်မျိုးနွယ်စု ရဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်း မြင့်မြတ်နည်းစနစ်ဖြစ်တဲ့ ဘိုးဘေးဖီးနစ် မသေမျိုးကျင့်စဉ်ကို သာမန် အောင်မြင်မှုအဆင့်ရောက်အောင် ကျင့်ကြံပြီးတော့.....အဆင့်ချိုးဖျက်ဝင်ရောက်မှုကို အတင်းအကြပ် ဖိနှိပ်ထားတာကြောင့် သွေးချီတွေ ပြောင်းပြန်ဖြစ်သွားပြီး ချီသွေဖည်ခြင်း လက္ခဏာတွေကို ပြသနေပြီး မျှော်လင့်ချက်မဲ့နေပါတယ်... ကျေးဇူးပြုပြီး လက်ခံသူက သူ့ကို ကယ်တင်ပြီး သင့်ရဲ့ နွေးထွေးတဲ့ သဘာဝကို ပြသပါ...】

【ဆုလာဘ်....ဘိုးဘေးနဂါး မဖျက်ဆီးနိုင်သောကျင့်စဉ် (နှစ်ကိုယ်တူ ကျင့်ကြံခြင်း မြင့်မြတ်နည်းစနစ်... ဘိုးဘေးဖီးနစ် မသေမျိုးကျင့်စဉ် ကို ဖြည့်စွက်နိုင်ပြီး ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်တယ်)】

"...."

"နှစ်ကိုယ်တူ ကျင့်ကြံခြင်း မြင့်မြတ်နည်းစနစ်လား..."

"စနစ်... ဒီဆုလာဘ်က ငါ့ကို တော်တော်လေး အနေရခက်စေတယ်နော်... ငါက နွေးထွေးတဲ့ စီနီယာအစ်ကိုလေ...."

စူးချန်ကဲက သူ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်သည်။

ဒါက နွေးထွေးဖို့ ရည်ရွယ်တာလား ဒါမှမဟုတ် အိပ်ရာနွေးပေးဖို့ ရည်ရွယ်တာလား...

သို့ရာတွင် စူးချန်ကဲ မမျှော်လင့်ထားသောအရာမှာ ထုယိုယို၏အသံက အပြင်ဘက်မှ ထွက်ပေါ်လာခြင်းပင်။

"ဒုတိယ စီနီယာအစ်မ... အစ်မ အထဲမှာ ရှိလား..."

"တစ်ယောက်ယောက် ငိုနေတဲ့ အသံ ငါ ကြားလိုက်တယ်..."

"ဘယ်သူက အစ်မကို အနိုင်ကျင့်တာလဲ..."

ဤအချိန်၌ စူးချန်ကဲ၏အမူအရာ သုန်မှုန်သွားခဲ့သည်။

ဘာလို့ ဒီကောင်မလေးက ဒီလို အချိန်မျိုးမှာ ပျော်စရာကိစ္စထဲ ဝင်လာရတာလဲ...

သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ရှုပ်ထွေးနေသော ဘိုးဘေးဖီးနစ်ချီက နောက်ဆုံးတွင် ငြိမ်သက်သွားပြီး လျှိုရူယန် ၏ မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။

"..."

လျှိုရူယန်က သူမ၏လှပသော မျက်လုံးများကို ပြူးကျယ်လိုက်ပြီး သူမ၏ရှေ့ရှိ နက်ရှိုင်းသော မျက်လုံးတစ်စုံနှင့် သူမ၏ နှုတ်ခမ်းများပေါ်ရှိ နွေးထွေးမှုကို ကြည့်လိုက်၏။ သူမက ချက်ချင်း တုန်ရီသွားပြီး သူမ၏ဆုပ်ကိုင်မှုကို ရုတ်တရက် လွှတ်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။ သူမက ကြီးမားသော ရန်သူကို ရင်ဆိုင်နေရသည့်အလား စူးချန်ကဲကို ကြည့်လိုက်ရာ သူမ၏မျက်လုံးများတွင် ဒေါသ အရိပ်အယောင်တစ်ခု ရှိနေပြီး သူမ၏ မျက်နှာမှာ သွေးထွက်တော့မည့်အလား နီရဲနေခဲ့သည်။ ဤအသွင်အပြင်မှာ ရှက်ရွံ့သော်လည်း သူရဲကောင်းဆန်ပြီး လွန်ကဲစွာ ဆန့်ကျင်ဘက် ဖြစ်နေသည်။

ဘယ်လို...

ငါက ဘယ်လိုလုပ်...

ငါ့ရဲ့ ပထမဆုံး အနမ်း...

သောက်ကျိုးနည်း..

ဒါပေမဲ့ အဲ့ဒါက သူ့ရဲ့အမှားတော့ မဟုတ်လောက်ဘူး... ဒီဧကရီကပဲ အတင်းအကြပ် လုပ်ခဲ့တာ...

နေအုံး...

ငါ့ရဲ့ နယ်ပယ်....

လျှိုရူယန်၏ ဖီးနစ်မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူမသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် အလယ်အလတ်အဆင့်မှ ပဉ္စမအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားကြောင်း တွေ့ရှိလိုက်ရသဖြင့် ကြောင်အမ်းသွားလေ၏။

ဒီကျင့်ကြံနည်းစနစ်က တကယ့်ကို ကြောက်စရာကောင်းတာပဲ....

ကျင့်ကြံခြင်းအမြန်နှုန်းက တစ်ခါမှ မကြားဖူးလောက်အောင်ပဲ...

အားနည်းချက်တွေ ရှိပေမဲ့ အကျိုးကျေးဇူးတွေကလည်း ထပ်တူကြီးမားတာပဲ...

သူက ငါ့ကို ကယ်ဖို့ ဒီလို လုပ်ခဲ့တာပဲ...

ငါက တကယ်ပဲ သူ့ရဲ့ကယ်တင်တာကို ထပ်ပြီး ခံလိုက်ရပြန်ပြီ...

အချိန်တခဏကြာသည်အထိ စူးချန်ကဲကို ကြည့်နေသော လျှိုရူယန်၏မျက်လုံးများထဲရှိ အကြည့်မှာ အလွန်ရှုပ်ထွေးသွားခဲ့သည်။

"ဟူး..."

စူးချန်ကဲကလည်း ဤအချိန်၌ သက်ပြင်းချလိုက်သည်။ လျှိုရူယန်၏ အသွင်အပြင်ကို ကြည့်ရင်း အချိန်တခဏကြာသည်အထိ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့လေ၏။

သူတို့နှစ်ယောက်သား အချင်းချင်း စိုက်ကြည့်နေကြပြီး အခြေအနေမှာ အလွန်အမင်း နေရခက်နေခဲ့သည်။

"ဒီ..."

စူးချန်ကဲ စကားပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် လျှိုရူယန်က သူ့ကို ချက်ချင်းကြားဖြတ်ပြောလိုက်သည်။

"စီနီယာအစ်ကို... ထပ်ပြောစရာ မလိုတော့ပါဘူး... ကျွန်မ အရာအားလုံးကို နားလည်ပါတယ်... ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို..."

"အာ..."

စူးချန်ကဲက တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြကာ ထပ်ဖြည့်ပြောလိုက်သည်။

"အဲ့ဒါဆိုလည်း ကောင်းပြီလေ... ဒီကျင့်ကြံနည်းစနစ်မှာ ပြဿနာတချို့ ရှိတယ်... နောက်ကျရင် အဲ့ဒါကို ကျင့်ကြံတဲ့အချိန်မှာ မင်း ပိုပြီးသတိထားရမယ်..."

【ဒင်... နွေးထွေးမှုတာဝန်ကို ပြီးမြောက်အောင်မြင်တဲ့အတွက် လက်ခံသူ ကို ဂုဏ်ပြုပါတယ်... ဆုလာဘ်ကို အခုပဲ ရယူချင်ပါသလား...】

စူးချန်ကဲက စနစ်၏ ဆုလာဘ်အသိပေးချက်ကို လျစ်လျူရှုလိုက်သည်။ အကြောင်းအရင်းမှာ တံခါးသည် ကျွိခနဲမြည်သံနှင့်အတူ တွန်းဖွင့်ခြင်းခံလိုက်ရသောကြောင့်ပင်။

ထုယိုယိုက သိချင်စိတ်ဖြင့် ဝင်လာခဲ့သည်။ စူးချန်ကဲနှင့် အဝတ်အစားများ စုတ်ပြဲနေသော လျှိုရူယန်ကို သူမ မြင်လိုက်ရသောအခါ သူမ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားတော့သည်။

"စီနီယာအစ်ကို... ဒုတိယ စီနီယာအစ်မ... အစ်ကိုတို့ ဘာတွေလုပ်နေတာလဲ..."

...

နောက်တစ်နေ့....

နံနက်စောစော၌...

နဝမတောင်ထိပ်တွင် မနက်စာစားရန် အချိန်သို့ ရောက်လာသည်။

နင်ဖူယောင်သည် စားသောက်နေစဉ် သူတို့ သုံးဦးကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေခဲ့လေသည်။ ထုယိုယိုသည် ပုံမှန်ကဲ့သို့ စကားမများဘဲ စူးချန်ကဲကို မကျေမနပ်ဖြစ်နေသော မီးခိုးပြာရောင် မျက်လုံးများဖြင့် တစ်ခါတစ်ရံ ကြည့်နေခဲ့လေ၏။ စူးချန်ကဲက တည်ငြိမ်သော အမူအရာဖြင့် ဖြည်းညှင်းစွာ ဝါးစားနေပြီး လျှိုရူယန်ကမူ ခေါင်းငုံ့ကာ စကားတစ်ခွန်းမျှ မပြောဘဲ စားနေခဲ့သည်။

"ထူးဆန်းတယ်... ဒီနေ့ ဘာလို့ နည်းနည်း ထူးဆန်းနေတယ်လို့ ငါ ခံစားရတာလဲ..."

နင်ဖူယောင်က မျက်မှောင်ကြုတ်ပြီး တွေးတောလိုက်သည်။

ထိုအချိန်မှာပင်....

မြင့်မြတ်အရှင်ရွှမ်ကျိသည် ဝူယာခြံဝင်းထဲသို့ အလျင်စလို ဝင်လာခဲ့သည်။ သူက စူးချန်ကဲကိုရိုသေလေးစားစွာ ဦးညွှတ်လိုက်ပြီးနောက် အမျိုးသမီးသုံးဦးကို တစ်ချက်ကြည့်လိုက်ကာ အထူးသဖြင့် လျှိုရူယန်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်၏။

"လွတ်လွတ်လပ်လပ် ပြောပါ..."

စူးချန်ကဲက သူ၏ပန်းကန်လုံးနှင့်တူကို ချကာ ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ မြင့်မြတ်အရှင်ရွှမ်ကျိသည် တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောဆိုသည်။

"ဒီနေ့ ထျန်းရွှမ်နိုင်ငံတော်အခမ်းအနား စတင်နေပြီ... ပြီးတော့ စိတ်ဝိညာဉ်နယ်မြေကလို့ သံသယရှိရတဲ့ လူတွေ ထွက်ပေါ်လာတယ်..."

All Chapters