← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း ၁၁၇:အဲ့ဒါဆို ငါက စူးမိသားစုရဲ့ ဧကရာဇ် ကျမ်းစာ ကို အောက်ကမ္ဘာဆီ ယူလာခဲ့တာပေါ့...

ထုယိုယိုသည် သူမ၏ လှပသော မျက်ခုံးများကို တွန့်ကွေးလိုက်ပြီး သူမ၏စီနီယာအစ်မ အနီးတစ်ဝိုက်တွင် ပျံ့နှံ့နေသော နွေးထွေးသည့် အရှိန်အဝါကို ဖော်ပြရန် သင့်လျော်သော စကားလုံးများကို ရှာဖွေရန် အပြင်းအထန် ကြိုးစားနေခဲ့သည်။

ဤအချိန်၌ လျှိုရူယန်၏ပါးပြင်များမှာ သွေးထွက်တော့မည့်အလား ချက်ချင်းနီရဲသွားသည်။ သူမက တည်ငြိမ်အောင် အတင်းအကြပ် ကြိုးစားကာ စီနီယာအစ်မတစ်ဦး၏ ခက်ထန်သော အမူအရာကို ယူဆောင်လိုက်ပြီး အပြစ်တင်လိုက်၏။

"ဒီမှာ ပြဿနာ လာမရှာနဲ့... နင် ကျင့်ကြံလို့ ပြီးပြီလား... မြန်မြန်သွားပြီး ကျင့်ကြံစမ်းပါ..."

"အွန်း...."

ထုယိုယိုက ပြန်ဖြေလိုက်ကာ ဤတစ်ကြိမ်တွင် သူတို့ကို အမိဖမ်းရန် မအောင်မြင်ခဲ့သဖြင့် အလွန်နောင်တရနေပုံပေါ်ပြီး သူမ၏ မျက်ခုံးများကို တွန့်ကွေး၍ တွန့်ဆုတ်စွာ ထွက်ခွာသွားခဲ့သည်။

သူမ ထွက်သွားပြီးနောက် လျှိုရူယန်ကလည်း သက်ပြင်းချလိုက်သည်။ တခဏမျှ စဉ်းစားပြီးနောက် သူမက သူမကိုယ်သူမ လှောင်ပြောင်လိုက်သည်။

"ဒီဧကရီမှာလည်း ဘာလုပ်ရမှန်း မသိတဲ့ အချိန်တွေ ရှိတာပဲ..."

"ကောင်းပြီလေ...ရယ်စရာပြက်လုံးတွေက ပြီးသွားပြီ... ဆက်ပြီးကျင့်ကြံရမယ့် အချိန် ရောက်ပြီ... ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး..."

လျှိုရူယန်၏အခန်းမှ ထွက်လာပြီးနောက် ထုယိုယိုသည် စူးချန်ကဲ၏တံခါးရှေ့သို့ သွားကာ သူမ၏လက်များကို နောက်ပစ်၍ အကြိမ်အနည်းငယ် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ထို့နောက် သူမ၏ကိုယ်ပိုင်အခန်းသို့ ပြန်သွားခဲ့လေ၏။

အခန်းထဲတွင်....

စူးချန်ကဲသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီးနောက် မျက်လုံးများကို စုံမှိတ်ကာ ကောင်းကင်ဖြတ်တောက် ဓားဆွဲထုတ်ခြင်း နည်းစနစ်နှင့် သူ၏စူးမိသားစုမှ မဟာဧကရာဇ် ကျင့်ကြံခြင်း နည်းစနစ်တို့ကို ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းဖြင့် ဆက်လက်၍ လေ့လာဆင်ခြင်ရန် ကြိုးစားလိုက်သည်။ ထို့နောက် သူ၏စိတ်ထဲရှိ အချက်အလက်ဇယားကို တစ်ချက်ကြည့်လေသည်။

【အမည် .... စူးချန်ကဲ】

【အသက်...နှစ်ဆယ့်သုံးနှစ်】

【နယ်ပယ်...နတ်ဘုရားမီးတောက်နယ်ပယ် အလယ်အလတ်အဆင့်】

【ကျင့်ကြံနည်းစနစ် ...ထိုက်ချင် နက်နဲသိမ်မွေ့ကျင့်စဉ် (မြေကမ္ဘာအဆင့်...အထွတ်အထိပ်)၊ ဟန်ယွီ မသေနိုင်သော ကျမ်းစာ (ဧကရာဇ်အဆင့်...အခြေခံ မရှိသေးပါ)】

【နတ်ဘုရားစွမ်းရည်များ ...ထိုက်ချင် ဓားနည်းစနစ် (မြေကမ္ဘာအဆင့်...အထွတ်အထိပ်)၊ ကောင်းကင်ဖြတ်တောက် ဓားဆွဲထုတ်ခြင်း နည်းစနစ် (သူတော်စင်အဆင့်...ပြီးပြည့်စုံခြင်း)၊ ထိုက်ချင်ဓားကိုးလက် အပြစ်များသော သတ်ဖြတ်ခြင်း၊ နက်ရှိုင်းသော သတ်ဖြတ်ခြင်း... (ကောင်းကင်အဆင့်...သာမန် အောင်မြင်မှု)၊ ခြေတစ်လှမ်းအကွာမှာပဲ ရှိနေပေမဲ့ ကောင်းကင်ရဲ့ အဆုံးသတ်အလား ဝေးကွာခြင်း (သူတော်စင်အဆင့်...မဟာ အောင်မြင်မှု)】

【မဟာတာအို သုံးထောင် ...တာအို သုံးထောင် .. လက်ဖက်ရည်တာအို (ပြီးပြည့်စုံခြင်း)၊ တာအို သုံးထောင် ...အဆောင်လက်ဖွဲ့တာအို (အထွတ်အထိပ်)၊ တာအို သုံးထောင် ..ဓားတာအို (အခြေခံ)၊ တာအို သုံးထောင်... အချိန် (သာမန် အောင်မြင်မှု)】

【ကောင်းကင်တာအို ငါးဆယ် ...သတ်ဖြတ်ခြင်း မဟာတာအို (၁%)၊ အချိန် မဟာတာအို (၀.၃%)】

【အထူး စွမ်းရည်များ .. ကောင်းကင်လှိုဏ်ဂူ မူလဘူတ ဘိုးဘေးနဂါး စိတ်ဝိညာဉ်ရုပ်ခန္ဓာကိုယ် ကောင်းချီး၊ ထိုရုပ်ခန္ဓာကိုယ်၏ သွေးထဲတွင် ဘိုးဘေးနဂါး၏ ခမ်းနားမှု အရိပ်အယောင်တစ်ခု ပါဝင်သည်... ဖရိုဖရဲ နတ်ဘုရားမီးတောက် ထိုမီးတောက်တွင် ဖရိုဖရဲ စွမ်းအား ပါဝင်သည် သင်၏ ကိုယ်ပိုင်လမ်းစဉ်ကို ပုံသွင်းသော မဟာတာအိုများ ခန္ဓာကိုယ်ကို လောင်ကျွမ်းခြင်း..ဤစကြဝဠာရှိ မှော်စာလုံး အားလုံးကို ဖိနှိပ်နိုင်သည်၊ နတ်ဘုရားမီးတောက်နယ်ပယ် နတ်ဘုရားစွမ်းအားများအားလုံးကို ဖိနှိပ်သော မဟာတာအိုနတ်ဘုရားစက်ဝန်း】

【အထူး ရုပ်ခန္ဓာကိုယ်...အမြင့်ဆုံးအဆင့် အထွတ်အထိပ် အရိုး၊ ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရားမျက်လုံးသူငယ်အိမ်များ】

【မှော် ရတနာများ .. လမင်းချိုးဖျက်ဓား (မြေကမ္ဘာအဆင့်မြင့်)၊ စိတ်ဝိညာဉ်လမင်း နတ်ဘုရား စေတီ (သူတော်စင်အဆင့်နိမ့်)】

【တခြား...ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း】

【ကျန်ရှိနေသော ကျင့်ကြံခြင်း အတွေ့အကြုံ... လေးလ】

ဤလေးလစာ ကျင့်ကြံခြင်းအတွေ့အကြုံကိုလည်း လျှိုရူယန်ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအထဲမှ တစ်လစာမှာ သူ အခန်းထဲမှ ထွက်လာပြီးနောက် မကြာမီ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး သူ၏စကားများက အကျိုးသက်ရောက်မှုတချို့ ရှိခဲ့ကြောင်း ညွှန်ပြနေသည်။

ဤလေးလစာ ကျင့်ကြံခြင်း အတွေ့အကြုံနှင့် သူ၏နယ်ပယ်က လိုအပ်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ယခုအချိန်၌ မဟာဧကရာဇ် ကျင့်ကြံနည်းစနစ်ကို သူ တရားဝင် စတင်၍ ကျင့်ကြံနိုင်လေပြီ။

ဤသို့တွေးတောရင်း စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုသည် စူးချန်ကဲ၏ မျက်လုံးများတွင် ထိန်းချုပ်၍မရအောင် ထွက်ပေါ်လာခဲ့သည်။ ဤကျင့်ကြံနည်းစနစ်သည် ဧကရာဇ်အဆင့် ဖြစ်နေသောကြောင့် မဟုတ်ဘဲ အသက် နှစ်ဆယ့်သုံးနှစ်တွင် ဤနည်းစနစ်ကို ကျင့်ကြံနိုင်ခြင်းက သူ့ကို သူ၏စိတ်ဝိညာဉ် နက်ရှိုင်းရာတွင် အမြဲတစေ ဖိနှိပ်ထားခဲ့သော အစ်ကိုဖြစ်သူကို အတိုင်းအတာတစ်ခုအထိ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆိုလိုသောကြောင့်ပင်။

"ဒီစွဲလမ်းမှုက တော်တော်လေး နက်ရှိုင်းတာပဲ..."

စူးချန်ကဲက သူ မေ့ပျောက်ရန် ကြိုးစားနေသော နာမည်ကို ပြန်လည်သတိရရင်း ရေရွတ်လိုက်သည်။

စူးယွီ... ရှေးဟောင်းသူတော်စင် ရုပ်ခန္ဓာကိုယ်ပိုင်ရှင်၊ စူးမိသားစု၏ ဤမျိုးဆက်တွင် အစွမ်းအထက်ဆုံးသူ

သူသည် အသက်နှစ်ဆယ့်လေးနှစ်တွင် နတ်ဘုရားမီးတောက်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီး ယခင်မျိုးဆက်၏ မဟာ အောင်မြင်မှု သူတော်စင် ရုပ်ခန္ဓာကိုယ်မှ အမွေအနှစ်ကို မထင်မှတ်ဘဲရရှိကာ သူ၏ သူတော်စင် ရုပ်ခန္ဓာကိုယ်ကို သာမန် အောင်မြင်မှု နယ်ပယ်သို့ တွန်းပို့နိုင်ခဲ့သူဖြစ်ပေ၏။

"ဘာလို့ ဒါက ကံကြမ္မာသားတော် တစ်ယောက်လိုမျိုး ခံစားနေရတာလဲ... မဖြစ်နိုင်ပါဘူး..."

စူးချန်ကဲ၏မျက်နှာပေါ်တွင် ပို၍ထူးဆန်းသော အမူအရာတစ်ရပ် ထင်ဟပ်လာသည်။

သို့ရာတွင် ဒုတိယအကြိမ် တွေးကြည့်ချိန်၌ ယခုအချိန်တွင် များစွာတွေးတောနေရခြင်းက သူ့အတွက် အဓိပ္ပာယ် မရှိချေ။ ဦးစားပေးရမည့်အရာမှာ ဟန်ယွီ မသေနိုင်သော ကျမ်းစာကို ကျင့်ကြံရန်ပင်။

နောက်တစ်စက္ကန့်တွင်...

စူးချန်ကဲက မျက်လုံးများကို စုံမှိတ်ပြီး အာရုံစိုက်လိုက်ရာ သူ၏စိတ်သည် သူ၏ အသိစိတ်ပင်လယ်ထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားခဲ့သည်။

သူ၏စိတ်ဝိညာဉ် အလယ်ဗဟိုတွင် ရှေးဟောင်းနှင့် မသေနိုင်သော အရှိန်အဝါ ဖြာထွက်နေသည့် ရွှေရောင် ဧကရာဇ်စာရွက်တစ်ရွက်က တိတ်ဆိတ်စွာ လွင့်မျောနေလေ၏။

ထိုစာရွက်ပေါ်ရှိ မှော်စာလုံးတိုင်းသည် စကြဝဠာ အစပြုချိန်က တာအိုဥပဒေသများမှ စုစည်းထားသည့်အလားပင်။ ထိုသင်္ကေတများကို စိုက်ကြည့်ရုံဖြင့် တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်သည်။ ဤသင်္ကေတများမှာ စကားလုံးများသက်သက် မဟုတ်ချေ။ ထိုအရာတစ်ခုချင်းစီက အမြင့်မြတ်ဆုံးနှင့် ပြိုင်ဘက်ကင်းသော စည်းမျဉ်းတစ်ခုကို ကိုယ်စားပြုသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား စွမ်းအားက အောက်သို့စီးဆင်းလာပြီး ထိုအရာ၏ ကြီးကျယ်ခမ်းနားမှုက စူးချန်ကဲ၏စိတ်ဝိညာဉ်ကို ပြင်းထန်စွာ တုန်ရီသွားစေကာ သူ့ကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေခဲ့သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"ဒီကျိန်စာသင့်နေတဲ့ အရာက တကယ်တော့ ဟန်ယွီ ကျမ်းစာရဲ့ မူရင်းစာသားပဲလား..."

"အဲ့ဒါဆို ငါက စူးမိသားစုရဲ့ ဧကရာဇ် ကျမ်းစာ ကို အောက်ဘုံဆီ ယူလာခဲ့တာပေါ့..."

စူးချန်ကဲ ကြောင်အမ်းသွားခဲ့သည်။ အကယ်၍ ထိုအရာသာ ဟန်ယွီကျမ်းစာ၏ ကူးယူထားသော စာအုပ်တစ်ခုသာ ဖြစ်ခဲ့လျှင် အထင်ကြီးစရာ ကောင်းသော်လည်း သူ့ကို ဤမျှထိ အခြေအနေ ဆိုးသွားစေမည် မဟုတ်ချေ။

ယခုအချိန်တွင် သူသည် နတ်ဘုရားမီးတောက်နယ်ပယ်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေလေပြီ။ သူ၏စိတ်ဝိညာဉ်သည် တခြားနယ်ပယ်များနှင့် ယှဉ်လျှင် များစွာပို၍အားနည်းသော်လည်း မဟာတာအိုများ ခန္ဓာကိုယ်ကို လောင်ကျွမ်းခြင်းက သူ၏စိတ်ဝိညာဉ်စွမ်းအားကို အကြီးအကျယ် မြှင့်တင်ပေးခဲ့သည်။ အကယ်၍ တခြားနတ်ဘုရားမီးတောက် ကျင့်ကြံသူတစ်ဦးသာ ဆိုလျှင် ဤသင်္ကေတများကို ကြည့်ရုံဖြင့် သူတို့သည် နေရာတွင်ပင် ဒူးထောက်သွားနိုင်သည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"ငါ ဘာလို့ မမှတ်မိရတာလဲ..."

ထိုအချိန်မှာပင် ဝေဝါးသော မှတ်ဉာဏ်တစ်ခုနှင့် အလွန်ရင်းနှီးသော စကားပြောဆိုမှုတစ်ခုသည် စူးချန်ကဲ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ထိုအရာမှာ သူ အလွန်ငယ်ရွယ်စဉ်က ဖြစ်ပုံရပေ၏။

"သား... ဒါက ဘာလဲဆိုတာ ကြည့်ပါဦး..."

"အစ်ကို စူးချုံး... ချန်ကဲက အရမ်းငယ်သေးတာကို... သူက ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ..."

"ဟားဟားဟား... အဲ့ဒါတော့ ဟုတ်ပါတယ်... မင်းရဲ့ အဖေက ဒါက ဟန်ယွီ ကျမ်းစာလို့ မင်းကို ပြောပြနေတာ... မင်းရဲ့အဖေက အခု ဟန်ယွီ ကျမ်းစာကို မင်းရဲ့စိတ်ဝိညာဉ် နက်ရှိုင်းတဲ့နေရာမှာ ထည့်ပေးတော့မယ်... ပထမအချက်က မင်းရဲ့ စိတ်ဝိညာဉ်ကို ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တယ်... ပြီးတော့ ဒုတိယအချက်က မင်းရဲ့စိတ်ဝိညာဉ်ကို ဟန်ယွီချီ နဲ့ အဆက်မပြတ် ရင်းနှီးလာအောင် လုပ်ပေးနိုင်တယ်... ဒါပေမဲ့ အခု မင်းက အရမ်းငယ်လွန်းတော့ မင်းရဲ့အဖေက မင်းအတွက် အဲ့ဒါကို အရင်ဆုံး ချိတ်ပိတ်ပေးထားမယ်... မင်း နတ်ဘုရားမီးတောက်နယ်ပယ် ကို ရောက်တဲ့အခါ အဲ့ဒါက အလိုလို ပွင့်သွားလိမ့်မယ်..."

"မှတ်ထားပါ... ဒီဟန်ယွီကျမ်းစာရဲ့ အစစ်အမှန် အစွမ်းထက်တဲ့ အချက်က သူ့ရဲ့ ပြီးပြည့်စုံမှုပဲ... ဒါက မဟာဧကရာဇ်နယ်ပယ်ကို တိုက်ရိုက် ဦးတည်တဲ့ လက်ရှိခေတ်မှာ ရှိနေတဲ့ တစ်ခုတည်းသော ကျင့်ကြံခြင်းနည်းစနစ်ပဲ... အနာဂတ်မှာ မင်း ကျင့်ကြံတဲ့အချိန်ကျရင် ဟန်ယွီ ကျမ်းစာက မင်းဆီမှာ ရှိနေတယ်ဆိုတာကို ဘယ်တော့မှ မထုတ်ဖော်ပါနဲ့... မင်းအဖေရဲ့ နာမည်ကို ပြောလိုက်ရုံနဲ့ ရပြီလို့ မထင်နဲ့... သူတို့မှာ နဂါးတွေရဲ့သတ္တိမျိုး ဆယ်ဆရှိရင်တောင်မှ မင်းကို မထိရဲဘူး ဆိုပေမဲ့ လူသားတွေရဲ့ လောဘကို ဘယ်တော့မှ အထင်မသေးနဲ့... အဲ့ဒီတုန်းက မင်းရဲ့အဖေလည်း ခေါင်းမာခဲ့တာပဲ... တကယ်လို့ မင်းက မင်းရဲ့အဖေလို လူမျိုးနဲ့ ကြုံတွေ့ရရင် မင်း အဝေးမှာနေတာ ပိုကောင်းမယ်..."

သူ၏ကလေးဘဝက ရုတ်တရက် မှတ်ဉာဏ်များသည် စူးချန်ကဲကို တိတ်ဆိတ်သွားစေခဲ့ပြီး သူ၏မျက်မှောင် အနည်းငယ် တွန့်ကွေးသွားသည်။

သူ၏ မိဘများက သူ့အပေါ် အလွန်အေးစက်ပုံရကြောင်းကို သူ ဝေဝါးစွာ မှတ်မိလေသည်။

မူလပိုင်ရှင်၏ စိတ်နှလုံးသားထဲတွင် ဤအရာများ အားလုံးမှာ သူ၏ပါရမီက စူးယွီထက် နိမ့်ကျခြင်းကြောင့်ဟု သူ့ကိုယ်သူ အမြဲတစေ အပြစ်တင်ခဲ့သည်။ အထူးသဖြင့် ထိုရှုံးနိမ့်မှုပြီးနောက် သူ အမှားကြီးတစ်ခု လုပ်မိပြီး အောက်ဘုံသို့ နှင်ထုတ်ခံခဲ့ရစဉ်ကပင်။ သို့ရာတွင် ယခုအချိန်၌ စူးချန်ကဲအပေါ် သူ့မိဘများ၏ ချစ်ခင်မှုက စူးယွီထက် များစွာသာလွန်နေပုံရလေ၏။

ဤကိစ္စတွင် လျှို့ဝှက်အကြောင်းရင်းတစ်ခုခု ရှိနေနိုင်သလော...

"ထားလိုက်ပါတော့... ဒီမိသားစုကိစ္စတွေက အခုအချိန်အတွက် မဟုတ်သေးဘူး..."

ချက်ချင်းပင် စူးချန်ကဲ၏စိတ် လှုပ်ရှားသွားပြီး စုဆောင်းထားသော လေးလစာ ကျင့်ကြံခြင်း အတွေ့အကြုံသည် တုန်ခါကာ ဉာဏ်အလင်းရရှိခြင်း၏ အသန့်စင်ဆုံးမီးစအဖြစ် လောင်ကျွမ်းသွားခဲ့သည်။

"လေးလစာ ကျင့်ကြံခြင်းအပြင် ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း နဲ့ဆိုရင် စတင်ဖို့ လုံလောက်လောက်ပါပြီ..."

တစ်ချိန်တည်းမှာပင် သူ၏ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း ပါရမီ အပြည့်အဝ အသက်ဝင်လာခဲ့သည်။ ထိုဧကရာဇ်ကျမ်းစာပေါ်ရှိ ရှေးဟောင်းမှော်စာလုံးများသည် အသက်ဝင်လာသည့်အလား သူ၏ စိတ်ထဲတွင် စီးဆင်းပြီး ပြိုကွဲကာ ပြန်လည် ပေါင်းစပ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင်...

ရှေးဟောင်း ရွှေရောင် သင်္ကေတများသည် ဟန်ယွီကျမ်းစာမှ ထွက်ပြေးလာပြီး လေထဲတွင် စီတန်းကာ တစ်ခုစီက စူးချန်ကဲ၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်။

ဝီ...

ဤရွှေရောင် သင်္ကေတများသည် သူ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ စူးချန်ကဲသည် ရှင်းပြ၍မရနိုင်သော ရှေးဟောင်းကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်သွားလေ၏။

ဤနေရာတွင် ကြယ်တာရာမြစ်များသည် ကျယ်​ပြန့်လှပြီး နေနှင့်လတို့ အတူယှဉ်တွဲ တည်ရှိကာ ဖန်ဆင်းခြင်းက အဆုံးမရှိ ဖြစ်နေသည်။

နတ်ဘုရားများနှင့် မကောင်းဆိုးဝါးများအလား ရှေးဟောင်းပုံရိပ်များကို ကြယ်တာရာမြစ်များတွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့နိုင်ပြီး ဖရိုဖရဲချီဖြင့် ဖုံးကွယ်ထားသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ကျန်းပေါင်း မရေမတွက်နိုင်အောင် မြင့်မားပြီး ဖျက်ဆီးခြင်းနှင့်ကြောက်မက်ဖွယ်အရှိန်အဝါများ ဖြာထွက်နေခဲ့သည်။

အမြင့်မြတ်ဆုံး အသံတစ်ခုသည်လည်း ဤအချိန်အခိုက်အတန့်တွင် ပဲ့တင်ထပ်လာခဲ့သည်။

"ဟန်ယွီ က ထာဝရ တည်တံ့တယ်... နတ်ဘုရား အမွှေးအတောင်က မသေနိုင်ဘူး..."

အခန်း ၁၁၈: မင်းကို ရိုက်ဖို့ အကြောင်းပြချက် လိုလို့လား...

ဤကြီးကျယ်ခမ်းနားပြီး ရှေးဟောင်းဆန်သောအသံ မြည်ဟီးလာသည်နှင့်အမျှ အလွန်ခမ်းနားထည်ဝါသော ရွှေရောင်ပုံရိပ်ယောင်တစ်ခုသည် ကောင်းကင်နှင့်မြေကြီး၏ အဆုံးမှ ထွက်ပေါ်လာပြီး နတ်ဘုရားများနှင့် မကောင်းဆိုးဝါးများကို ဖိနှိပ်ထားသည်။

"ဒါက..."

"ဧကရာဇ် ဟန်ယွီ လား..."

ခမ်းနားထည်ဝါသော ပုံရိပ်ကို မြင်လိုက်ရသည်နှင့် ထိုပုံရိပ် မည်သူမည်ဝါဖြစ်ကြောင်းကို စူးချန်ကဲ ချက်ချင်းသိလိုက်သည်။ ထိုလူသည် စူးမိသားစု၏ တည်ထောင်သူဖြစ်ပြီး ရှေးခေတ် မှ ရှေးအကျဆုံး မဟာဧကရာဇ်များထဲမှ တစ်ပါးဖြစ်ကာ ဟန်ယွီကျမ်းစာကို ဖန်တီးခဲ့သူပင်။

ဤမြင်ကွင်းမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသော ဖျတ်ခနဲအလင်းတန်း တစ်ခုသာ ဖြစ်လေ၏။

"ဘိုးဘေးဟန်ယွီက နတ်ဘုရားတွေနဲ့ မကောင်းဆိုးဝါးတွေကို သတ်ဖြတ်နေတဲ့ မြင်ကွင်းက ကျမ်းစာထဲမှာ ဘာလို့ ထွက်ပေါ်လာရတာလဲ..."

"နတ်ဘုရားနတ်ဆိုးနယ်မြေက ရှေးဟောင်း ခေတ်ကတည်းက ရှိနေခဲ့တာများလား..."

စူးချန်ကဲသည် တွေးတောမှု အရိပ်အယောင်တစ်ခုကို ပြသလိုက်ပြီး ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကို အဆက်မပြတ် အသက်သွင်းလိုက်သည်။ တဖြည်းဖြည်းနှင့် သဘာဝလွန်ဖြစ်စဉ်များက သူ၏နံဘေးပတ်လည်တွင် စတင်၍ ထွက်ပေါ်လာခဲ့သည်။

သူ၏ခန္ဓာကိုယ်အတွင်း၌ ရွှေရောင်ပုံရိပ်ငယ် တစ်ခု ဖြည်းညှင်းစွာ စုစည်းလာပြီး စူးချန်ကဲ၏ ဒန်တျန်ထဲတွင် ပလ္လင်ခွေထိုင်နေခဲ့သည်။ ထိုပုံရိပ်၏မျက်နှာပြင်တွင် ရှေးဟောင်းသင်္ကေတများဖြင့် ဖုံးလွှမ်းနေပြီး ဟန်ယွီကျမ်းစာထဲရှိ အရာများနှင့် တထပ်တည်းတူညီသည်။

"ပြီးပြည့်စုံတော့မယ်..."

ထိုပုံရိပ် စုစည်းလာသည်ကို သတိပြုမိချိန်၌ စူးချန်ကဲက တွေးတောလိုက်၏။

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရပြီးနောက် မမြင်နိုင်သော အတားအဆီးတစ်ခုကို သူ ချိုးဖျက်သွားပုံရသည်။

【ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း.... ဟန်ယွီ မသေနိုင်သော ကျမ်းစာ (အခြေခံ ကျွမ်းကျင်မှု)】

【ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း.... ဟန်ယွီ မသေနိုင်သော ကျမ်းစာ (သာမန် အောင်မြင်မှု)】

ဝုန်း...

စူးချန်ကဲက သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ ထိုမျက်လုံးများအတွင်း၌ ရွှေရောင် အလင်းတန်းများ တောက်ပနေခဲ့သည်။ မှော်စာလုံးများက နတ်ဘုရားတောက်ပမှုအဖြစ် ပြောင်းလဲသွားပြီး လူးလွန့်နေကာ လင်းလက်ပြီး လှည့်ပတ်နေသည့် ကြယ်တာရာမြစ်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားသည်။

သူက လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ နူးညံ့ပုံရသော ရွှေရောင်နတ်ဘုရား အမွှေးအတောင်လေးတစ်ခုက သူ၏လက်ချောင်းထိပ်တွင် တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။ ဤနတ်ဘုရား အမွှေးအတောင် ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် သည်းမခံနိုင်သော အလေးချိန်ကြောင့် ညည်းတွားသံတစ်သံကို ထုတ်လွှတ်လိုက်၏။ ထိုအရာအတွင်း၌ ပါဝင်နေသော ထာဝရတာအို ဥပဒေသ ကြောင့် မည်သည့်အချိန်တွင်မဆို လေဟာနယ်သည်လည်း ခြေမွှဖျက်ဆီးခံရနိုင်သည့်အလားပင်။

ထိုအမွှေးအတောင်သည် ဖျက်ဆီးခြင်း အရှိန်အဝါကို ထုတ်လွှတ်မထားသည့်အပြင် အမြင့်မြတ်ဆုံး ထက်ရှမှုကိုလည်း မပြသခဲ့ချေ။ သို့ရာတွင် ထိုအရာသည် ဥပဒေသများအားလုံးကို မခံစားရခြင်းနှင့် ထာဝရ တည်ရှိခြင်းဆိုသည့် တာအိုသဘောတရားတစ်ခုကို သယ်ဆောင်ထားသည်။

"ငါက သာမန်အောင်မြင်မှုအဆင့်ကို တိုက်ရိုက်ရောက်သွားတာလား... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းက တကယ့်ကို ကြောက်စရာကောင်းတာပဲ..."

"နတ်ဘုရားစွမ်းအားတွေကို စုပ်ယူတဲ့ အမြန်နှုန်းက ဒီအဆင့်ကို ရောက်နေပြီ...ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်က ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ..."

"ဒီအမြန်နှုန်းနဲ့ဆိုရင် ဆုလာဘ်တွေ မရှိရင်တောင် နတ်ဘုရားမီးတောက်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ အချိန်သိပ်ကြာမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်..."

ကောင်းကင်နှင့်မြေကြီး၏ နတ်ဘုရားစွမ်းအားကို သူ စုပ်ယူသည့် အမြန်နှုန်းမှာ အဆတစ်ရာ တိုးလာကြောင်း စူးချန်ကဲ သတိပြုလိုက်မိပြီး အလွန်အမင်း စိတ်ကျေနပ်နေသော အမူအရာကို ပြသလိုက်၏။ အကယ်၍ သူသာ စိတ်ဝိညာဉ်နယ်မြေတွင် ရှိနေပါက မည်မျှထိ မြန်ဆန်နေမည်ကို သူ မတွေးဝံ့ချေ။ အဓိကမိသားစုများမှ တပည့်များက နောက်ခံမရှိသူများကို အထင်သေးခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။

ကံကောင်းခြင်းပြဿနာကို ဖယ်ထုတ်လိုက်ပါက ထိုလူများက သူ့ကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

နှစ်ရာနှင့်ချီ၍ အချိန်ပေးထားလျှင်ပင် သူတို့ လိုက်မီမည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင်...

နင်ဖူယောင်က ပုံမှန်အတိုင်း လိမ္မာစွာဖြင့် သူမ၏အခန်းသို့ ပြန်သွားခဲ့သည်။ သူမသည် စိတ်လန်းဆန်းပေါ့ပါးစွာ ထိုင်ပြီးနောက် လက်ဖက်ရည်တစ်ခွက် သောက်ကာ သူမက ဝမ်းသာအားရ ပြောလိုက်သည်။

"အားချီ... ဒီနေ့ ငါ အဋ္ဌမမြောက်ဓားကို တစ်ရက်တည်းနဲ့ နားလည်သဘောပေါက်သွားတယ်... အဲ့ဒီ တောင်ထိပ်သခင်တွေအားလုံး ကြောင်အမ်းသွားကြတာပဲ... ဟီးဟီး..."

တောင်ထိပ်သခင်များ၏ မြှောက်ပင့်မှုကြောင့် သူမ ပျော်ရွှင်နေခြင်း မဟုတ်ဘဲ အကယ်၍ သူမ၏စီနီယာအစ်ကိုသာ သိပါက သူမကို ချီးကျူးလိမ့်မည်ဟု သူမ တွေးထင်သောကြောင့်ပင်။

အကယ်၍ သူမ၏ကျင့်ကြံမှုအရှိန်နှုန်းသာ ပိုမြန်နိုင်ပါက သူမ၏စီနီယာအစ်ကိုကို အမီလိုက်ရန် အခွင့်အရေး အမှန်တကယ်ကို ရရှိနိုင်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် သူမက သူ့ကို ကူညီရန် အခွင့်အရေး ရရှိပေမည်။

မည်သည့်အချိန်က စတင်ခဲ့မှန်း သူမ မသိသော်လည်း နင်ဖူယောင်၏ စူးချန်ကဲအပေါ် ကြောက်ရွံ့မှုသည် လျော့ကျမသွားသော်လည်း သူနှင့်ပတ်သက်သည့် သူမ၏မကျေနပ်မှုများက သူ့ကို ကျေးဇူးဆပ်လိုသော ဆန္ဒတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အင်း... ထိုက်ချင်ဓားကိုးလက်ထဲက တစ်လက်ကို သခင်က ကျွမ်းကျင်သွားတာနဲ့ နောက်ဆက်တွဲ တိုးတက်မှုက ပိုပိုပြီး မြန်လာလိမ့်မယ်... သခင်မရဲ့ပါရမီနဲ့ဆိုရင် အဲ့ဒါက ပြောစရာ မလိုပါဘူး"

အားချီက ပြန်ဖြေလိုက်သည်။ သို့ရာတွင် နောက်တစ်စက္ကန့်တွင် စိတ်ရှုပ်ထွေးမှုအရိပ်အယောင်တစ်ခုက သူမ၏မျက်လုံးများတွင် လင်းလက်သွားပြီး သူမက တီးတိုးရေရွတ်လိုက်၏။

"နတ်ဘုရားမီးတောက်...."

"ဘာ နတ်ဘုရားမီးတောက်လဲ အားချီ..."

နင်ဖူယောင်က နားမလည်နိုင်စွာ မေးမြန်းသည်။

အားချီက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"ခုဏက ငါ့ရဲ့အာရုံခံစားမှုသာ မှန်ခဲ့ရင် နင့်ရဲ့ စီနီယာအစ်ကို... သူက နတ်ဘုရားမီးတောက်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားပြီ..."

"ဟင်..."

နင်ဖူယောင် ကြောင်အမ်းသွားပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"စီနီယာအစ်ကိုက လွန်ခဲ့တဲ့ နှစ်ရက်ကမှ မြင့်မြတ်အရှင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်ခဲ့တာ မဟုတ်ဘူးလား..."

"စီနီယာအစ်ကိုရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက အရမ်းကို လွန်ကဲလွန်းတယ်"

အားချီသည် တခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

"ဟုတ်တယ်... ဒီအဆင့်ချိုးဖျက်ဝင်ရောက်မှု အမြန်နှုန်းက ပိတ်ဆို့မှုတွေ မရှိသလိုမျိုးပဲ... အင်မော်တယ် ရှေးဟောင်းခေတ် တုန်းကတောင်မှ ဒါက အလွန် ရှားပါးတယ်..."

ထို့ပြင် ထိုမွန်းစတားဆန်သော ပါရမီရှင်တိုင်းမှာ သူတို့၏အချိန်တွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုများ ဖြစ်ကြပြီး သူတို့၏နောက်တွင် ပြိုင်ဘက်ကင်းသော အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးများ ရှိကြသည်။

သူတို့ထံ၌ အရင်းအမြစ်များ မလိုအပ်ချေ။

ထို့ကြောင့် စူးချန်ကဲ၏အမြန်နှုန်းမှာ သူတို့နှင့် နှိုင်းယှဉ်လို့ရနေသည်က သူမကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။

"ဒါပေမဲ့ ထူးဆန်းတာက သူ့ရဲ့နတ်ဘုရားမီးတောက်နယ်ပယ် အရှိန်အဝါက နင့်ရဲ့ ဒုတိယ စီနီယာအစ်မ အခန်းထဲကနေ ထွက်လာတာပဲ... ပြီးတော့ နင့်ရဲ့ ဒုတိယ စီနီယာအစ်မကလည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်သွားပြီ..."

အားချီက နောက်တစ်ကြိမ် ပြောဆိုလိုက်ကာ တွေးတောနေသော အမူအရာတစ်ရပ်က သူမ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

နင်ဖူယောင်သည် အနည်းငယ် ထိတ်လန့်သွားကာ ပြောလိုက်၏။

"ဒုတိယ စီနီယာအစ်မ..."

"စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်သွားတာလား..."

"အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"ထုယိုယိုက အမှန်တရားကို ပြောနေခဲ့တာများလား..."

"အကြီးဆုံး စီနီယာအစ်ကိုနဲ့ ဒုတိယ စီနီယာအစ်မက တိတ်တိတ်လေး နှစ်ကိုယ်တူ ကျင့်ကြံတာကို ကျင့်ကြံခဲ့တာလား"

ဤအရာကို တွေးမိသောအခါ နင်ဖူယောင်၏ မျက်နှာ ချက်ချင်း နီရဲသွားပြီး သူမ၏ခေါင်းကို အကြိမ်ကြိမ် ခါယမ်းကာ ပြောလိုက်သည်။

"မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး..."

"အကြီးဆုံး စီနီယာအစ်ကိုက အဲ့ဒီလို လူစားမျိုး မဟုတ်ဘူး"

"ဒုတိယ စီနီယာအစ်မကလည်း အဲ့ဒီလို လူစားမျိုး မဟုတ်ပါဘူး"

"တစ်ခုခုတော့ မှားနေပြီ... ဒါက လုံးဝမဖြစ်နိုင်ဘူး..."

သူမ ထိုသို့ ပြောခဲ့သော်လည်း ဤပြဿနာကြောင့် သူမသည် နောက်ရက်အနည်းငယ် ကြာသည်အထိ အိပ်မပျော်ခဲ့ချေ။ တစ်နေ့တွင် သူမသည် ထုယိုယိုနှင့်အတူ စူးချန်ကဲကို တိတ်တဆိတ် စတင်စုံစမ်းစစ်ဆေးရန် သတ္တိမွေးခဲ့လေ၏။

အဆုံးမဲ့ လေဟာနယ်ထဲတွင် မဟာတာအိုတစ်သောင်းက ညည်းတွားနေခဲ့ကြသည်။

"စူးချုံး... မင်း ရူးနေလား... အဲ့ဒါက မင်းရဲ့ သားမှန်း ငါ မသိဘူးလို့ ပြောပြီးသားလေ... ငါ့ကို ဆက်ပြီးလိုက်ဖမ်းနေဖို့ မင်းမှာ ဘာအကြောင်းပြချက် ရှိလို့လဲ..."

ထိုဟိန်းဟောက်သံတွင် အံ့အားသင့်မှု၊ ဒေါသနှင့် မကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေကာ ပျက်စီးနေသော ကြယ်တာရာ အကြွင်းအကျန်များကြားတွင် ပဲ့တင်ထပ်နေခဲ့သည်။

ဤအချိန်၌ ယခင်က မီးစိတ်ဝိညာဉ်မျိုးနွယ်စု တွင် သူ ပြသခဲ့သော ဂုဏ်ယူဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသည့် အမူအကျင့်များ သူ့ထံ၌ မရှိတော့ချေ။ သူ၏ခန္ဓာကိုယ်တွင် နတ်ဘုရားသွေးများဖြင့် စွန်းထင်းနေပြီး သူ၏ အမူအရာသည် ရက်စက်ကြမ်းကြုတ်နေပေ၏။ အဖြူရောင်မရှိသော သူ၏အပြာရောင် မျက်လုံးသူငယ်အိမ်များတွင် ကြောက်မက်ဖွယ်ကောင်းသော ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။

အကယ်၍ အောက်ဘုံကလူသည် စူးမိသားစုဝင် တစ်ယောက်သက်သက် မဟုတ်ဘဲ စူးချုံး၏ သားအရင်းအချာဖြစ်ကြောင်း သူသာ သိခဲ့လျှင်...

သူ သေရမည်ဆိုလျှင်ပင် ထိုလူငယ်ကို ကြံစည်ရန် သူ ကိုယ်တိုင်ကိုယ်ကျ ဘယ်တော့မှ လှုပ်ရှားခဲ့မည် မဟုတ်ချေ။ အကယ်၍ တစ်ယောက်ယောက်က စူးချုံးကို ဆန့်ကျင်ရမည်ဆိုလျှင် ထိုသူမှာ သူ မဖြစ်သင့်ချေ။ ဤကိစ္စကို သူ မည်သို့ ခံနိုင်ရည် ရှိမည်နည်း။

သူ၏နောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့သည်။

သူသည် ရိုးရှင်းသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏နားထင်မှဆံစများ အနည်းငယ် ဖြူနေကာ သူ၏မျက်နှာမှာ လောကကြီးအနှံ့ခရီးသွားနေသော ကျောင်းတော်သားပညာရှင်တစ်ဦးအလား ချောမောပြီး သန့်စင်နေသည်။

သို့ရာတွင် သူ၏နံဘေးပတ်လည်တွင် မည်သည့် အရှိန်အဝါမျှ မရှိဘဲ သေမျိုးတစ်ဦးအလားပင်။

ဟင်းလင်းပြင် နတ်ဘုရားသခင်၏ စိတ်ပျက်နေသော မေးခွန်းထုတ်မှုကို ကြားသောအခါ စူးချုံးက သမ်းဝေပြီး ပြောလိုက်သည်။

"မင်းကို ရိုက်ဖို့ အကြောင်းပြချက် လိုလို့လား..."

သူ၏ အသံ လုံးဝမပျောက်ကွယ်မီမှာပင် သူက သူ၏လက်ကို အနည်းငယ် မြှောက်ကာ လက်ချောင်းများကို ဓားတစ်လက်အလား ပူးလိုက်ပြီး ရှေ့သို့ ပေါ့ပေါ့ပါးပါး ခုတ်ပိုင်းလိုက်၏။

အကန့်အသတ်မဲ့ အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအရာက မရေမတွက်နိုင်သော ပျက်စီးသွားသည့် ကြယ်တာရာ နယ်မြေများကို ဖြတ်သန်းသွားပြီး ကျယ်​ပြန့်မှုက ဟင်းလင်းပြင် ၏အတိုင်းအတာကို ကျော်လွန်သွားသည်။

အကယ်၍ တစ်စုံတစ်ယောက်က အမြင့်မြတ်ဆုံး နတ်ဘုရားစိတ်အာရုံဖြင့် အနီးကပ် လေ့လာနိုင်ပါက ထိုအရာမှာ သာမန်နတ်ဘုရားစွမ်းရည် တောက်ပမှု မဟုတ်ဘဲ လွန်ကဲစွာ သန့်စင်ထားသော ဓားစိတ်ဆန္ဒတစ်ခု ဖြစ်ကြောင်း တွေ့ရှိရသဖြင့် သူတို့ ထိတ်လန့်သွားပေလိမ့်မည်။

ထိုအရာမှာ ကောင်းကင်ဖြတ်တောက် ဓားဆွဲထုတ်ခြင်း နည်းစနစ်ပင်။

သို့ရာတွင် သူသည် ထိုနည်းစနစ်ကို အထွတ်အထိပ်အဆင့်သို့ ကျင့်ကြံထားပြီးဖြစ်ကာ ရှုပ်ထွေးမှုကို ရိုးရှင်းစေပြီး မရေမတွက်နိုင်သော ကပ်ဘေးများ၏ နောက်ဆုံးအခြေအနေ အရှိန်အဝါကို ပေါင်းစပ်ကာ ဖွဲ့စည်းထားလေ၏။

ဓားစိတ်ဆန္ဒကိုယ်တိုင်က ဖျက်ဆီးခြင်း၏ လှိုင်းထန်နေသော မြစ်တစ်စင်းဖြစ်ပြီး သတ်ဖြတ်ခြင်း မဟာတာအို၏ မူလအစ သရုပ်သဏ္ဍာန်ပင်။

ထိုဓားစိတ်ဆန္ဒသည် ရုပ်ခန္ဓာကိုယ်ကို ရည်ရွယ်ခြင်း မဟုတ်ဘဲ တည်ရှိမှု၏ အခြေခံအုတ်မြစ်ကို ရည်ရွယ်ကာ အတိတ်နှင့် အနာဂတ်၏ ဖြစ်နိုင်ခြေအားလုံးကို ဖြတ်တောက်လိုက်ခြင်းပင်။

ဟင်းလင်းပြင် နတ်ဘုရားသခင်၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားပြီး တောက်ပသော နတ်ဘုရားစက်ဝန်းများက သူ၏နံဘေးပတ်လည်တွင် ပေါက်ကွဲထွက်လာခဲ့သည်။ မရေမတွက်နိုင်သော အသက်ကယ် လျှို့ဝှက်နည်းစနစ်များနှင့် သေဆုံးခြင်း ကိုယ်စားရုပ်သေးရုပ်များက မျက်တောင်တစ်ခတ်အတွင်း တပြိုင်နက်တည်း အသက်ဝင်လာပေ၏။ ထိုအရာများ စုပေါင်း၍ ထိုးဖောက်၍မရနိုင်အောင် ပြုလုပ်နိုင်စွမ်းရှိသော ကာကွယ်မှုတစ်ခုကို ဖွဲ့စည်းလိုက်သည်။ သို့ရာတွင်ထို အကန့်အသတ်မဲ့ ကပ်ဘေးအလင်းရောင်၏ရှေ့တွင် အရာအားလုံးက နေရောင်အောက်ရှိ နှင်းများအလား တိတ်ဆိတ်စွာ အရည်ပျော်သွားခဲ့သည်။

"ဝှစ်...."

ကမ္ဘာကြီးကို တုန်ခါစေသော ပေါက်ကွဲမှု မရှိဘဲ တိုးညှင်းသော အသံတစ်သံသာ ရှိလေသည်။

ဟင်းလင်းပြင် နတ်ဘုရားသခင်၏ နတ်ဘုရား ရုပ်ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ချောမွေ့စွာ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။ ထိုအက်ရှရာတွင် အသွေးအသားမရှိဘဲ ညည်းတွားပြီး ပျက်စီးနေသည့် မဟာတာအို မှော်စာလုံးများ နှင့် ကျိုးပဲ့နေသော မူလအစ နတ်ဘုရားသံကြိုးများသာ ရှိနေသည်။ ဤဓားချက် တစ်ချက်တည်းက သူ၏နတ်ဘုရား ရုပ်ခန္ဓာကိုယ်ကိုသာမက နှစ်ပေါင်းသိန်းနှင့်ချီ၍ သူ အပြင်းအထန် ကျင့်ကြံလာခဲ့သော သူ၏နတ်ဘုရားတာအိုမှ အခြေခံအုတ်မြစ်ကိုလည်း ဖြတ်တောက်လိုက်ခြင်းပင်။

နတ်ဘုရားဘုရင်တစ်ပါး ဖြစ်လာရန် သူ၏ လမ်းကြောင်း ပြတ်တောက်သွားခဲ့လေပြီ။

"အား..."

"စူးချုံး..."

ဟင်းလင်းပြင် နတ်ဘုရားသခင်က ကောင်းကင်ယံဆီသို့ ဦးတည်ပြီး ဟိန်းဟောက်လိုက်ကာ သူ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒက ရုပ်လုံးပေါ်လာသည်။ ထို့နောက် အလောင်းတောင်များနှင့် သွေးပင်လယ်များ၏ မြင်ကွင်းများက စကြဝဠာတလျှောက် ပျံ့နှံ့သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် စူးချုံးသည် သူ၏ရှေ့တည့်တည့်တွင် မတ်တတ်ရပ်နေပြီး စိုက်ကြည့်နေခဲ့လေ၏။

ဟင်းလင်းပြင်နတ်ဘုရားသခင် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ သူ၏ မျက်နှာ အမူအရာ အနည်းငယ် ရှုံမဲ့သွားပြီးနောက် လေဟာနယ်ထဲတွင် ဒူးထောက်လိုက်သည်။

"ကျွန်တော်က အမှားကို သိပါပြီ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ မဟာ ဧကရာဇ်..."

"မဟာ စစ်ပွဲကြီး မစရသေးပါဘူး... မြင့်မြတ်နတ်ဘုရားအရှင်နဲ့ သဘောတူညီချက်ကို လိုက်နာဖို့ မဟာဧကရာဇ်ကို ကျွန်တော် တောင်းပန်ပါတယ်..."

All Chapters