← Chapters

အခန်း (၄၃၀)

Vol. 40 Ch. 430

အခန်း (၄၃၀)

Vol. 40 Ch. 430

📝အပိုင်း - ၄၃၀

ဘာသာပြန် - Na Gar🐉

အခန်းထဲတွင် အပေါ်ထပ်တက်ရန် လာရောက်ငွေပေးထားသည့် သခင်လေးတစ်ဦး ရှိနှင့်နေပြီး ဖြစ်သည်။ သူသည် လျန်ကျိုးခရိုင်ဝန်၏ သားဖြစ်ပုံရသည်။

"ဒါကို ဘာလို့ ငါ့ကို မပြောတာလဲ"

ချန်ဆန်းရှီ က ကျောက်ကျောက်ကို မေးလိုက်ရာ သူမက သူ့ကို ရည်ရွယ်ချက်ရှိရှိ မျက်နှာပြောင်ပြလိုက်သည်။

"ဗိုလ်ချုပ်ချန်"

ခရိုင်ဝန်သခင်လေးမှာ အံ့အားသင့်သွားသည်။

"မင်း ထွက်သွားလို့ရပြီ"

ချန်ဆန်းရှီက ဒီနေ့ သူ ဒီနေရာမှာပဲ တည်းခိုတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

"ဒါ... ဒါက မသင့်တော်ဘူးလေ"

ခရိုင်ဝန်သခင်လေးက မကျေမနပ်ဖြင့် "ကျွန်တော်က ဒီကို လက်ဖက်ရည်သောက်ပြီး ကဗျာရေးဖို့ လာတာပါ၊ မိန်းကလေး နင်ရှန်နဲ့ စကားပြောခွင့်ရဖို့ ငွေဒင်္ဂါး ထောင်နဲ့ချီ အကုန်ခံထားရတာ။ ဗိုလ်ချုပ်ချန်... အခုလို ကျွန်တော့်ကို မောင်းထုတ်တာက နည်းနည်းတော့ အနိုင်ကျင့်လွန်းရာ မရောက်ဘူးလား"

"ငွေဒင်္ဂါးတွေက မင်းဟာပဲ၊ မြန်မြန် ထွက်သွားစမ်း"

ချန်ဆန်းရှီသည် ငွေစက္ကူတစ်ရွက်ကို ထုတ်ပေးလိုက်ရင်း ထပ်ပြောလိုက်သည်။

"ကျွန်တော်..."

ခရိုင်ဝန်သခင်လေးသည် သူ့ကို ပြန်မပြောရဲပေ။ ချန်ဆန်းရှီ၏ နာမည်ကျော်ကြားမှုကို လောကမှာ ဘယ်သူမသိဘဲ နေပါမည်နည်း။ သူသည် ဘုရင်ခံ၏ နောက်ဆုံးတပည့် တစ်ဦးဖြစ်ရုံသာမက ယခုအခါ နယ်စားဝူယီဘွဲ့ကိုပါ ရရှိထားသူ ဖြစ်သည်။ သူ့ကို ထားလိုက်ပါဦး၊ သူ့ဖခင် ခရိုင်ဝန်ကိုယ်တိုင်ပင် ချန်ဆန်းရှီကို ရန်စရန် မဝံ့ရဲပေ။ အဆုံးတွင် သူသည် မကျေမနပ်ဖြင့် ထွက်ခွာသွားရတော့သည်။

"တကယ်ကို အနိုင်ကျင့်တတ်တာပဲ"

ချန်ဆန်းရှီ ခေါင်းခါလိုက်မိသည်။ ဤကောင်လေးမှာ သူ့ကို တကယ်တမ်း ကယ်တင်လိုက်ခြင်းဖြစ်မှန်း မသိပေ။ မဟုတ်လျှင် သူသာ ဆက်နေခဲ့ပါက လျှို့ဝှက်ပညာ၏ သားကောင်ဖြစ်သွားပြီး အိမ်ပြန်ရောက်လျှင် ရက်

အနည်းငယ်ကြာအောင် အူအူတူတူ အတတ ဖြစ်နေပေလိမ့်မည်။

"ဗိုလ်ချုပ်ရယ်~"

နင်ရှန်သည် သူမ၏ မွှေးပျံ့လှသော ပုခုံးသားလေးကို ရန်စသလို ဖော်လိုက်

ရင်း "ဗိုလ်ချုပ်က ကျွန်မအတွက်နဲ့ မနာလိုဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲရှင်~"

"ငါသာ တကယ် မနာလိုဖြစ်ရင် မင်း ဒုက္ခရောက်လိမ့်မယ်"

ချန်ဆန်းရှီသည် သူမ၏ စကားပြောပုံကို အသားကျနေပြီ ဖြစ်သည်။

"တကယ်လား"

နင်ရှန်က မျှော်လင့်တကြီးဖြင့်"ကျွန်မလည်း ဝရဇိန်ခန္ဒါရဲ့ ဒုက္ခပေးတာကို မြည်းစမ်းကြည့်ချင်ပါတယ်ရှင်~"

"ငါက တကယ့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို ပြောတာ"

ချန်ဆန်းရှီက သတိပေးသည့်အနေဖြင့် သူ့လက်ကို အားထည့်လိုက်သည်။

"ဟွန့်~"

နင်ရှန်က မျက်စောင်းထိုးလိုက်ပြီး "ဒါနဲ့... ဇီဝေတောင်မှာတုန်းက မသေမျိုးရှာဖွေရေးမျှော်စင်က လူတွေ ဗိုလ်ချုပ်ကို လာရှာကြတယ်မလား"

"ဟုတ်တယ်"

ချန်ဆန်းရှီ တိတ်ဆိတ်စွာ တွေးလိုက်မိသည်။ လာရှာရုံတင် မဟုတ်ပေ။မင်းသားဆယ့်နှစ်က သူ့ကို လှည့်စားချင်ခဲ့ပြီး မိန်းမဆိုးကြီးက သူ့ကို သတ်ချင်ခဲ့ခြင်းဖြစ်သည်။

"ဗိုလ်ချုပ် သတိထားနော်"နင်ရှန်က သတိပေးသည်။

"မျှော်စင်ထဲက တခြားလူတွေက ကျွန်မလို ဗိုလ်ချုပ်ချန်အပေါ် စေတနာမှန်တာ မဟုတ်ဘူး၊ သူတို့က တော်တော် ယုတ်မာကြတာ။ ကျွန်မလည်း ဗိုလ်ချုပ်ကို စောစောစီးစီး သတိမပေးမိတာ ကျွန်မအမှားပါ"

"အော်"

ချန်ဆန်းရှီက မေးလိုက်သည် "မင်းပြောပုံအရဆိုရင် မျှော်စင်ထဲက လူတွေက စိတ်ဝမ်းကွဲနေကြတာလား"

"ညီအစ်ကိုအရင်းတွေတောင် စိတ်ဝမ်းကွဲနိုင်တာပဲ၊ ဂိုဏ်းတစ်ခုဆိုရင်တော့ ပြောမနေနဲ့တော့"

နင်ရှန်က အမှန်တရားကို ပြောပြသည် "မျှော်စင်ရဲ့ အဓိကရည်ရွယ်ချက်က မသေမျိုးနယ်ပယ်ကို တက်လှမ်းဖို့ပဲ။ မသေမျိုးနဲ့ ဆုံတွေ့ဖို့ဆိုတာ ရှားပါးလွန်းတော့ ငါတို့က မပြိုင်ဆိုင်ဘဲ တန်းစီပြီး ဝေစုခွဲယူနေရမှာလားအခု ဇီဝေတောင်မှာ ရှေးဘိုးဘေးတွေရဲ့ အမွေအနှစ်တွေကို သူတို့တွေ့ခဲ့တယ်၊ အဲဒီထဲမှာ မသေမျိုးနယ်ပယ် ကျောက်စိမ်းပြားလည်း ပါတယ်လေ။ ကျန်းလိုင်

ဇီဆိုတဲ့လူက အဲဒါကို ကြားဖြတ်လုယူသွားလို့ အတော်လေး အထိနာသွားသေးတယ်။ ကျွန်မကို မေးရင်တော့ သူတို့ အဲဒီလို ဖြစ်တာ ထိုက်တန်ပါတယ်ရှင်။ မဟုတ်ရင်လည်း အဲဒီရတနာတွေက မျှော်စင်သခင်လက်ထဲပဲ ရောက်သွားမှာ၊ ကျွန်မတို့က ဝေစုရမှာ မဟုတ်ဘူးလေ"

"မိန်းကလေး နင်ရှန်"

ချန်ဆန်းရှီ အပိုစကားတွေ ဆက်မပြောတော့ဘဲ"ပြီးခဲ့တဲ့အပတ်က ငါရှာခိုင်းထားတဲ့ ပစ္စည်းကော ရပြီလား"

"ရပါပြီ"

နင်ရှန်က အသိအမှတ်ပြုခံချင်သည့် လေသံဖြင့်"ဒီတစ်ခါ ပမာဏကလည်း များသလို အရည်အသွေးကလည်း ပိုကောင်းတယ်။ ကျွန်မ ဗိုလ်ချုပ်

အတွက် အများကြီး ကြိုးစားပေးထားတာနော်၊ ဗိုလ်ချုပ်ကကျွန်မရဲ့ ကျေးဇူးကို မှတ်ထားရမယ်"

ကျောက်ကျောက်သည် လူဦးခေါင်းခွံခန့်ရှိသော အနက်ရောင် သံတုံးကြီးတစ်တုံးကို သယ်လာပြီး စားပွဲပေါ်သို့ "ဒိုင်း" ခနဲ မြည်အောင် တင်လိုက်သည်။

"ကျေးဇူးပါ မိန်းကလေး၊ ငါ မင်းကို အကြွေးတင်သွားပြီ"

ချန်ဆန်းရှီက လက်သီးဆုပ် ဂါရဝပြုပြီး ပြန်ရန် ပြင်လိုက်သည်။

"နေပါဦး ဗိုလ်ချုပ်ရယ်"

နင်ရှန်က ရုတ်တရက် သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်"ဗိုလ်ချုပ် ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မကို ဒီနေရာကနေ ဝယ်ထုတ်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ"

"မင်း တကယ်ပြောတာလား"

ချန်ဆန်းရှီက"ငါက ကိုယ့်ကိုယ်ကျိုးအတွက် အများပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်ရမှာ ဝါသနာမပါဘူး" ဟု ပြောလိုက်သည်။

"အများပိုင်ပစ္စည်းကို အလွဲသုံးစားလုပ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲဟင်"

နင်ရှန့်က အသနားခံသည်"အကယ်၍ ဗိုလ်ချုပ်က ဈေးကြီးတယ်လို့ ထင်ရင် ကျွန်မ ဒီနှစ်တွေအတွင်း စုထားတဲ့ ငွေတွေရှိပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ငွေနဲ့ပဲ ကျွန်မကို ဝယ်ထုတ်ပေးလို့ မရဘူးလားဟင်"

"..."

ချန်ဆန်းရှီ သူမမှာ ထူးခြားတဲ့ အကြံတစ်ခုခု ရှိနေမှန်း ရိပ်မိလိုက်သည်။ အကယ်၍ သူမ တကယ်ပြောနေတာဆိုလျှင်... သူမက သူ့ကို သုံးပြီး မသေမျိုးရှာဖွေရေးမျှော်စင် ကနေ ထွက်ပြေးချင်နေတာလား ဒါဆိုရင်တော့ သူ ဒါကို ဂရုမစိုက်ဘဲ နေလို့မရတော့ပေ။

သူသည် အခုလေးတင်ရထားသော နက်နဲသံတုံးကို ပြန်ချလိုက်ရင်း "တောင်းပန်ပါတယ်၊ ဒီကိစ္စကို ငါ မကူညီနိုင်ဘူး။ မင်းရဲ့ ပစ္စည်းကိုလည်း ပြန်ပေးခဲ့မယ်" ဟု ဆိုသည်။

"ဗိုလ်ချုပ်က ကျွန်မကို အလိုမရှိဘူးဆိုရင်လည်း နေပါစေတော့ရှင်~"

နင်ရှန်က ဝမ်းနည်းနေဟန်ဖြင့်"ဒီပစ္စည်းကိုတော့ ယူသွားပါ ဗိုလ်ချုပ်ရယ်၊ နက်နဲသံတုံးတစ်တုံးက လူတစ်ယောက်ကို လွတ်မြောက်အောင် ကယ်တင်ပေးရတဲ့ ကျေးဇူးနဲ့ ဘယ်နှိုင်းယှဉ်လို့ ရပါ့မလဲ။ ကျွန်မ နားလည်ပါတယ်ရှင်"

"တကယ်လား"

"အင်း"

"ကောင်းပြီ... နောက်ပိုင်း မင်း ဆေးဘက်ဝင် အပင်တွေ ထပ်လိုချင်ရင် ငါ့ဆီ လာခဲ့လို့ရပါတယ်"

ချန်ဆန်းရှီသည် နက်နဲသံတုံးကို ပြန်ယူကာ ထရပ်ပြီး ထွက်ခွာသွားတော့သည်။ နင်ရှန်သည် ကျောက်စိမ်းကဲ့သို့ လှပသော လက်ကလေးဖြင့် ပါးကိုထောက်ကာ သူထွက်သွားသည်ကို ငြိမ်သက်စွာ ကြည့်နေရင်း သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။

"ဆရာ... ကျွန်မ ပြောသားပဲ၊ ဒီလူက ကျွန်မတို့ကို ကူညီမှာ မဟုတ်ဘူးလို့"

ကျောက်ကျောက်သည် ပုံမှန်ရှိနေကျ တက်ကြွမှုများ ပျောက်ဆုံးနေပြီး စိုးရိမ်တကြီးဖြင့် "ကျွန်မတို့ နောက် ဘာဆက်လုပ်ကြမလဲ မျှော်စင်သခင်နဲ့ သူ့လူတွေ မကြာခင် လာရှာကြတော့မယ်၊ ကျွန်မတို့ အရင် ထွက်သွားသင့်တယ် ထင်တယ်"

"ဘယ်ကို သွားရမှာလဲ တပည့်လေးရဲ့"

နံ့သာမွှေးရနံ့များ ကြားတွင် နင်ရှန်က ကူကယ်ရာမဲ့စွာ ပြောသည် "ဒီလောကမှာ ငါတို့ကို ကာကွယ်ပေးနိုင်တာဆိုလို့ ဧကရာဇ် နဲ့ ဆွန်ဒူရှန်ပဲ ရှိတော့တယ်။ ဧကရာဇ်ဆီ သွားရင်တော့ အသေဆိုးနဲ့ သေရမှာထက် မထူးဘူး၊ ဒါကြောင့် ဆရာကြီး ဆွန်ဒူရှန်တစ်ယောက်ပဲ ကျန်တော့တယ်"

"ဆရာ..."

ကျောက်ကျောက်က"ဒါမှမဟုတ် အဲဒီပစ္စည်းကို ပြန်ပေးလိုက်ရင်ကော ဒါဆိုရင် မျှော်စင်သခင်က..."

"ပါးစပ်ပိတ်စမ်း"

နင်ရှန်က ဒေါသတကြီးဖြင့် "ဒီပစ္စည်းက ငါ့ဘိုးဘေးတွေ ငါ့အတွက် ချန်ထားခဲ့တာ။ ငါ့အဖေ သေရတာလည်း သူတို့ကြောင့်ပဲ။ အခု ငါက ငါ့ပိုင်ဆိုင်မှုကို ငါပြန်ယူတာပဲ၊ ငါ သေရင်သေပါစေ ဒီပစ္စည်းကိုတော့ လုံးဝ ပြန်မပေးဘူး"

ကျောက်ကျောက်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိတ်ဆိတ်သွားတော့သည်။

"ကျောက်ကျောက်"

နင်ရှန်၏ လေသံမှာ ပြန်လည် နူးညံ့သွားပြီး သူမ၏ တပည့်လေး ပါးကို အသာအယာ ပွတ်သပ်လိုက်သည် "မင်း သွားတော့။ ဒီပစ္စည်းက ငါ့လက်ထဲမှာ ရှိနေသရွေ့ ဘယ်သူမှ မင်းကို ဒုက္ခပေးမှာ မဟုတ်ဘူး"

"ကျွန်မ မသွားဘူး"

ကျောက်ကျောက်က ပြတ်ပြတ်သားသား ပြောသည် "ဆရာ ရှိတဲ့နေရာမှာပဲ ကျွန်မ ရှိနေမှာပါ"

"ဒါဆိုရင် ငါတို့ ထပ်ကြိုးစားကြည့်ရမှာပေါ့"

နင်ရှန်သည် ချန်အိမ်တော်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည် "ဒါပေမဲ့ ဆရာကြီး ဆွန်ဒူရှန်က အခု ဘယ်မှာလဲဆိုတာ ငါ မသိဘူး။ သူလည်း မျှော်စင်သခင် လိုက်ရှာနေတဲ့ အရာကိုပဲ လိုက်ရှာနေတာ ဖြစ်နိုင်တယ်။ တကယ်လို့ အဆင်မပြေရင် သူ့ရဲ့ တပည့်ကြီး ဖန်ချင်းယွမ်ကို ဆက်သွယ်ကြည့်ဖို့ ကြိုးစားရမှာပဲ"

...

ချန်အိမ်တော်။

ချန်ဆန်းရှီသည် ညမှောင်ရိပ်ကို အခွင့်ကောင်းယူကာ နက်နဲသံတုံးကြီးကို ပွေ့လျက် အိမ်ခေါင်မိုးများပေါ်မှ ကျွမ်းကျင်စွာ ခုန်ကူးလာခဲ့သည်။ သူ အိမ်တော်သို့ နီးကပ်လာချိန်တွင် အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် အိမ်ခေါင်မိုးပေါ်၌ ထိုင်ကာ လရောင်အောက်တွင် သူ့ကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

All Chapters