← Chapters

အခန်း (၄၃၄)

Vol. 40 Ch. 434

အခန်း (၄၃၄)

Vol. 40 Ch. 434

📝အပိုင်း - ၄၃၄

ဘာသာပြန် - Na Gar🐉

ဝရဇိန်ခန္ဒါသည် ခေါင်းလောင်းကြီးတစ်လုံးကဲ့သို့ ပဲ့တင်ထပ်သွားသည်။

ချန်ဆန်းရှီ၏ လှံရှည်သည် ဝုန်းခနဲ မြည်သံနှင့်အတူ ထိုးထွက်သွားပြီး ဂန်းချိီ၏ အရှိန်ကြောင့် ကျောက်ဆောင်အတုတစ်ခုမှာ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားတော့သည်။

စနစ်မျက်နှာပြင်ပေါ်ထွက်လာသည်။

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ (နက်နဲပုံရိပ်အဆင့် - အခြေခံ)]

[တိုးတက်မှု့ - ၀/၅၀၀]

[စွမ်းဆောင်ရည် - ရွှမ်ဝူအသက်ရှူပညာ]

[ရွှမ်ဝူအသက်ရှူပညာ - အသက်ရှူမှုကို ပြောင်းလဲပေးသည်၊ ဂန်းချိီကို မွေးဖွားပေးသည်၊ ခိုင်ခံ့မြဲမြံစေပြီး အဆက်မပြတ် ပြန်လည်အားဖြည့်ပေးသည်]

နောက်ထပ် ရွှမ်ဝူ တစ်ခုလား..

ချန်ဆန်းရှီ ကိုယ်တိုင် လက်တွေ့ကျင့်ကြည့်လိုက်သည်။ သူ၏ ဂန်းချိီမှာ လောကတွင် အစွမ်းအထက်ဆုံးနှင့် အလေးလံဆုံး အရာများထဲမှ တစ်ခုဖြစ်ပြီး အသက်ရှူပညာ၏ အသိဉာဏ်ပွင့်လင်းမှုကြောင့် သူ၏ ပြန်လည်အားဖြည့်နိုင်စွမ်းမှာ အလွန်မြန်ဆန်လှသည်—ရန်သူအများကို ရင်ဆိုင်ရန်မှာ ပြဿနာမဟုတ်တော့ပေ။

သူ နောက်ဆုံးတော့ နက်နဲပုံရိပ်အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည်။ သို့သော် အမှန်တကယ် အချိန်တွက်ကြည့်လျှင် သူ သိုင်းပညာစတင်လေ့ကျင့်ခဲ့သည်မှာ နှစ်နှစ်ကျော်ရုံသာ ရှိသေးသည်။ လျန်ကျိုးသို့ ရောက်လာခဲ့သည်မှာလည်း တစ်နှစ်ကျော်ရုံသာ ရှိသေးသည်။

ဤမျှတိုတောင်းသော အချိန်အတွင်း နက်နဲပုံရိပ်အဆင့်သို့ တက်လှမ်းနိုင်ပြီး တပ်စခန်းတစ်ခု၏ အဓိကဗိုလ်ချုပ်ဖြစ်လာခြင်းမှာ ဤမျိုးဆက်တွင် သူတစ်ဦးတည်းသာ ရှိသည်—မဟုတ်သေး၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအထိ ပြန်ကြည့်လျှင်ပင် ယှဉ်နိုင်သူ တစ်ဦးမျှ မရှိပေ။ ဆွန်ပုချိီ၏ အစ်ကို

ဆွန်ပုဟွေပင်လျှင် ဤအရှိန်ကို မမီနိုင်ပေ။

"ဒီလှံကို ပြောင်းဖို့ လိုနေပြီ"

တိုက်ပွဲများစွာ ဆင်နွှဲပြီးနောက် လှံတံပေါ်တွင် ပေါ်လာသော အက်ကြောင်းလေးများကို ချန်ဆန်းရှီ ကြည့်လိုက်သည်။ တပ်စခန်းတစ်ခု၏ ဗိုလ်ချုပ်ဖြစ်သဖြင့် သူသည် လက်နက်အရင်းအမြစ်များကို အလွယ်တကူ ရယူနိုင်သည်။ သို့သော် သူသည် ထိုအရာများကို စုဆောင်းရန် အစီအစဉ်မရှိပေ၊ ယင်းအစား လက်နက်တစ်ခုကို သူ၏ ကိုယ်ပိုင်လက်ဖြင့် သွန်းလုပ်လိုသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်သစ်သားမြား ကို သွန်းလုပ်ရမည်ဖြစ်သဖြင့် သူ၏ ပန်းပဲပညာကိုပါ ကြီးမားသောအောင်မြင်မှု့အဆင့်သို့ မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

"ယွမ်ရှီး... လာ၊ ဖေဖေ မင်းကို ဘုရင်ခံအိမ်တော်ဆီ ပညာသင်ဖို့ ခေါ်သွားပေးမယ်"

"ဟုတ်ကဲ့ပါ"

...

ချန်ဆန်းရှီနှင့် မိန်းကလေးငယ်သည် မြင်းတစ်စီးပေါ်တွင် အတူတူထိုင်နေကြသည်။

"ဖေဖေ"

ချန်ယွမ်ရှီးက မော့ကြည့်လိုက်ပြီး ဖခင်ဖြစ်သူ၏ မေးစေ့ကို စိုက်ကြည့်ကာ "သမီး မကြာသေးခင်က အဲဒီလူကြီးကို ထပ်တွေ့တယ်" ဟု ပြောသည်။

ချန်ဆန်းရှီက "သူ့နာမည် မင်းမေးကြည့်သေးလား အဲဒီလူကြီးက တကယ်တော့ ဘယ်သူလဲ" ဟု မေးလိုက်သည်။ ချန်ယွမ်ရှီးက ခေါင်းခါပြသည်။

"..."

ချန်ဆန်းရှီ စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး သမီးဖြစ်သူကို မြင်းပေါ်မှ အသာအယာ ချပေးကာ သူမ ဘုရင်ခံအိမ်တော်ထဲသို့ ဝင်သွားသည်ကို ကြည့်နေသည်။ ထို့နောက်မှ မြင်းကို အရှိန်တင်ကာ တပ်စခန်းဆီသို့ ဦးတည်လိုက်သည်။

ပန်းပဲဖိုတွင် သူသည် သိုလှောင်ရုံမှ နက်နဲသံတုံးကြီးတစ်တုံးကို ယူကာ အလုပ်ရှုပ်နေတော့သည်။

"ချွတ် ချွတ် ချွတ်—"

တူထုသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ရက်အနည်းငယ်အတွင်း သူသည် မြားခေါင်းပေါင်း တစ်ရာကျော်ကို ပြုလုပ်ခဲ့ပြီး ဝိညာဉ်သစ်သား မြားတံများကိုလည်း တဖြည်းဖြည်းချင်း ပြုလုပ်နေသည်။

"ချွတ်"

[စွမ်းရည် - ပန်းပဲပညာ (လူသားအဆင့် - ကြီးမားသောအောင်မြင်မှု့)]

[တိုးတက်မှု့ - ၀]

[စွမ်းဆောင်ရည် - လက်နက်သန့်စင်ခြင်း ဆရာသခင်]

[လက်နက်သန့်စင်ခြင်း ဆရာသခင်- လက်ဖြင့် သွန်းလုပ်သော လူသားအဆင့် လက်နက်တိုင်းမှာ ထိပ်တန်းအရည်အသွေးရှိ နက်နဲလက်နက်

ဖြစ်သည်]

ထိပ်တန်းအရည်အသွေးရှိ နက်နဲလက်နက်များသည် ဂန်းချိီကို ပိုမိုကောင်းမွန်စွာ စီးဆင်းနိုင်သည်။ ပန်းပဲဆရာ အများစုပင်လျှင် ထိပ်တန်းအရည်အသွေးရှိ နက်နဲလက်နက်များကို မြင့်မားသောနှုန်းဖြင့် ထွက်ပေါ်လာအောင် အာမမခံနိုင်ကြသဖြင့် ၎င်းတို့မှာ အလွန်တန်ဖိုးကြီးလှသည်။

ဤအရာများကို ချန်ဆန်းရှီသည် အတိတ်က သိပ်ဂရုမစိုက်ခဲ့ပေ။ လျန်ကျိုးသို့ ရောက်ကတည်းက သူ့မှာ အရင်းအမြစ်များ မရှားပါးခဲ့—ရတနာဆေးဝါးများ၊ လက်နက်များ၊ သူကိုယ်တိုင် ထူးဆန်းသားရဲများကို အမဲလိုက်ရန် လိုအပ်သည်မှလွဲ၍ သူလိုချင်သမျှ အရာအားလုံး ရှိနေခဲ့သဖြင့် ဤအရာများမှာ တန်ဖိုးမရှိသလို ထင်ခဲ့ရသည်။

ပန်းပဲပညာမှာ ကြီးမားသောအောင်မြင်မှု့အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူသည် လက်နက်အသစ်တစ်ခုကို စတင်သွန်းလုပ်တော့သည်။

သူသည် လှံမှတ်တမ်းကို ရှာဖွေလိုက်ပြီး သူအလိုရှိသော လီချွမ်လှံ ကို လျင်မြန်စွာ ရွေးချယ်လိုက်သည်။

ဤလှံသည် ဆယ်ပေကျော် ရှည်လျားပြီး ၎င်း၏ အထူးခြားဆုံး အချက်မှာ လှံတံအပါအဝင် တစ်ခုလုံးကို နက်နဲသံမဏိဖြင့် ပြုလုပ်ထားပြီး သစ်သားပစ္စည်း တစ်ခုမျှ အသုံးမပြုထားခြင်းဖြစ်သည်။ သွန်းလုပ်ခြင်းလုပ်ငန်းစဉ်မှာ တစ်ဆက်တည်းလုပ်ဆောင်ရန် လိုအပ်ပြီး ကျရှုံးခဲ့လျှင် အကောင်းစား နက်နဲသံမဏိတုံးကြီးတစ်ခုလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

ချန်ဆန်းရှီ အသက်ပြင်းပြင်းရှူကာ အရာအားလုံးကို အသင့်ပြင်ပြီးနောက် အလုပ်စတော့သည်။ အဆင့်မြင့် သိုင်းပညာရှင်များသည် လက်နက်သွန်းလုပ်ရာတွင် အတွင်းအား သို့မဟုတ် ဂန်းချိီ၏ အကူအညီကြောင့် အချိန်အကြာကြီး မပေးရဘဲ ခုနစ်ရက်အတွင်းမှာပင် အသစ်စက်စက် ထိပ်တန်းအရည်အသွေးရှိ နက်နဲလက်နက်တစ်ခုမှာ ပြီးစီးလုနီးပါး ဖြစ်လာခဲ့သည်။

"ရှူး ရှူး—"

ဆေးစိမ်ပြီးနောက် သူသည် အချောကိုင်မှုအချို့ လုပ်ဆောင်လိုက်သည်။ လီချွမ်လှံ၊ ကြီးမားသော အောင်မြင်မှု့။

ဤလှံသည် အကြမ်းဖျင်းအားဖြင့် ဆယ်ပေကျော် ရှည်လျားပြီး ကျောက်စိမ်းနက်ကဲ့သို့ အရောင်ရှိသော သံတစ်တုံးတည်းမှ သွန်းလုပ်ထားခြင်းဖြစ်သည်။ အနီးရှိ မီးဖိုမှ အလင်းရောင်များမှာ လှံတံပေါ်တွင် လှုပ်ရှားနေသည်။ လှံသွားမှာ အလွန်ပင် ထက်မြက်လှသည်။

လှံသည် ၎င်း၏ အမည်နှင့်အညီ အေးမြသော စမ်းရေတွင်းတစ်ခု ခဲသွားသည့်အလား ရှိနေပြီး ငွေရောင်အအေးဓာတ်များ ဖြာထွက်နေသည်။ လှံကိုယ်ထည်ပေါ်တွင် သူသည် ပုံစံများ ထွင်းထုထားသည်—နတ်သားရဲများမှာ တွန့်လိမ်ရစ်ပတ်ကာ ပျံသန်းတော့မည့်အလား ရှိနေသည်။ အနီရောင် ပိုးချည်များမှာ လှံကိုင်သည့်နေရာတွင် အလှဆင်ထားပြီး လေထဲတွင် လွင့်နေကာ ခန့်ညားမှုကို တိုးစေသည်။

ချန်ဆန်းရှီ ၎င်းကို အကြိမ်အနည်းငယ် ဝှေ့ယမ်းကြည့်ပြီး လက်ထဲတွင် အနေတော်ဖြစ်သဖြင့် အလွန်ကျေနပ်သွားသည်။ ၎င်းသည် လူသားလောကရှိ လက်နက်များထဲတွင် အထူးခြားဆုံး လက်နက်တစ်ခု ဖြစ်ပေလိမ့်မည်။ သူက ဂန်းချိီ အနည်းငယ် ထည့်သွင်းလိုက်သောအခါ လှံရှည်ကြီးမှာ သက်ရှိတစ်ခုကဲ့သို့ အဆက်မပြတ် တုန်ခါနေသည်။

နှမြောစရာပင် ၎င်းသည် အဆုံးတွင် လူသားလောက၏ လက်နက်တစ်ခုသာ ဖြစ်နေသေးသည်။

ယခုအခါ ကောင်းကင်တွင် စည်းကမ်းမရှိ ပျံသန်းနေသော ထိုမသေမျိုးများကို တွေးလိုက်ရုံဖြင့် သူ အိပ်မပျော်နိုင်အောင် ဖြစ်ရသည် ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ သူ လုံလောက်အောင် နားမလည်သေးခြင်း၊ လုံလောက်အောင် မသန်မာသေးခြင်းနှင့် လုံခြုံမှုမရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဖော်ပြမတတ်သည့် ခံစားချက်ကြောင့် ဖြစ်သည်။

သတ္တဝါအားလုံး ပြာဖြစ်သွားရတော့မှာလား ဤမသေမျိုးများသည် သူတို့၏ မျက်နှာများကိုပင် မပြသေးဘဲ လျန်ကျိုးကို ဘေးဒုက္ခထဲ နှစ်

မြှုပ်တော့မည်လား ဘယ်လို ယုတ်မာတဲ့ မသေမျိုးတွေလဲ

ဒီမသေမျိုးဆိုတာ... မင်းတို့ ကျင့်ကြံနိုင်ရင် ငါကော ဘာလို့ မကျင့်ကြံနိုင်ရမှာလဲ..

လှံရှည်ကြီးကို ကိုင်ဆောင်ကာ သူသည် ပန်းပဲဖိုမှ ထွက်ခွာပြီး တပ်စခန်းသို့ ပြန်လာခဲ့သည်။ နဂါးပြာစခန်း မှ လက်ထောက်ဗိုလ်ချုပ်တစ်ဦးက သူ့ကို လာရှာပြီး ဗိုလ်ချုပ်ဖန်က သူ့ကို တွေ့ချင်နေကြောင်း ပြောသည်။

"ရှောင်ရှင်း" ချန်ဆန်းရှီက ခေါ်လိုက်ရာ အခြားစစ်မြင်းများကို အနိုင်ကျင့်နေသော မြင်းသည် ချက်ချင်းပင် နာခံစွာ ပြန်ရောက်လာသည်။

"မင်း ဘာလို့ တခြားမြင်းတွေကို အနိုင်ကျင့်နေတာလဲ မင်းလည်း တိုက်ပွဲအတွက် လေ့ကျင့်နေတာလား"

"ဖြောင်း.."

မြင်း၏ တင်ပါးကို နှင်တံဖြင့် ရိုက်လိုက်ရာ ဘေးတစ်ဖက်တစ်ချက်ရှိ မြင်ကွင်းများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ခဏအတွင်းမှာပင် သူ ရည်မှန်းရာနေရာသို့ ရောက်ရှိသွားသည်။

ဘုရင်ခံအိမ်တော်၏ တောင်ကုန်းများနောက်ကွယ်ရှိ ကန်ကြီးတစ်ခုအနီးတွင် ဖန်ချင်းယွမ်သည် အဆောင်ငယ်၌ စောင့်နေသည်မှာ ကြာပြီဖြစ်သည်။

"ကိစ္စနှစ်ခုရှိတယ်၊ ပထမက မင်းဇနီးရဲ့ နောက်ခံအကြောင်းကို ငါ စုံစမ်းလို့ ရပြီ၊ မင်းအိမ်ကို မထင်မှတ်ဘဲ ရောက်လာတဲ့ ဧည့်သည်အကြောင်းလည်း ပါတယ်ပေါ့။ အင်း... မင်းရဲ့ အကြည့်အရဆိုရင်တော့ ငါ ထပ်ရှင်းပြနေဖို့ မလိုတော့ဘူး ထင်တယ်။"

"ဒုတိယအချက်ကို ပြောကြစို့။"

"ငါ့ဆရာက ငါ့ဆီ စာရေးလိုက်တယ်၊ အကယ်၍ မင်း ဆုံးဖြတ်ချက်ချပြီးပြီ

ဆိုရင် လောကအဆုံးသတ် ဆီကိုသာ သွားလိုက်ပါတဲ့။ မင်း မသွားခင် မင်းနဲ့အတူ လိုက်ပါဖို့ ယုံကြည်စိတ်ချရတဲ့ လူနှစ်ယောက်ကို ငါ ရှာပေးဖို့ ကြိုးစားပါ့မယ်"

"ကျေးဇူးပါ အစ်ကို" ဟု ချန်ဆန်းရှီက ပြောလိုက်ပြီး "ဒါ့အပြင်..."

သူသည် တောင်နက်ထဲတွင် သူကြုံတွေ့ခဲ့ရသည်များကို အကျဉ်းချုပ် ပြောပြလိုက်သည်။

"မသေမျိုးတွေလား"

ဖန်ချင်းယွန်း၏ အမူအရာမှာ တည်ကြည်သွားသည် "ဆရာ ပြောတာပဲ ငါကြားဖူးတယ်... ဒီလူတွေ တောင်ထဲမှာ ပြောင်ပြောင်တင်းတင်း ပေါ်လာတာကို ကြည့်ရင် သူတို့ရဲ့အောင်မြင်မှု့ရဖို့ နီးစပ်နေပြီဆိုတဲ့ သဘောပဲ။ မင်း သွားသင့်တယ်၊ လမ်းမှာ ဂရုစိုက်ပါ၊ မင်း ဆရာနဲ့တောင် တွေ့ရင် တွေ့နိုင်တယ်"

All Chapters