အခန်း (၄၃၅)
Vol. 40 Ch. 435
📝အပိုင်း - ၄၃၅
ဘာသာပြန် - Na Gar🐉
"ကျွန်တော် မှတ်ထားပါ့မယ်"
ချန်ဆန်းရှီက ဆက်ပြောသည် "ကျွန်တော် ထွက်သွားပြီးရင် ကျွန်တော် တံခါးပိတ်ကျင့်ကြံနေတယ်လို့ပဲ အပြင်ကို ကြေညာပေးပါ။ ဒီသတင်းကို ယုံကြည်အောင် အစ်ကို ကူညီပေးပါဦး၊ ပြီးတော့ အိမ်က ယွမ်ရှီးနဲ့ အိမ်ဖော်မလေး နှစ်ယောက်ကိုလည်း ကောင်းကောင်း စောင့်ရှောက်ပေးပါ"
သူသည် ကျင့်ကြံခြင်းလောကသို့ သွားရန် ပြောလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဧကရာဇ်အိုကြီးသာ သိသွားပါက ၎င်းသည် အသက်အန္တရာယ်နှင့်ဆိုင်သော ကိစ္စ ဖြစ်လာပေလိမ့်မည်။
"ငါ အားလုံးကို အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်"
ဖန်ချင်းယွမ်က "မင်းဇနီးရဲ့ညီမ ချင်နိုင်ငံရဲ့ ဧကရီမှာ ဝိညာဉ်စွမ်းအင် ရှိနိုင်တယ်။ မင်း သူမဆီကနေ နည်းနည်းလောက် တောင်းတာဖြစ်ဖြစ် ငှားတာဖြစ်ဖြစ် လုပ်လို့ရတယ်။ လမ်းစဉ်ထဲကို ဝင်ရောက်ပြီးမှ သွားတာက ပိုပြီး ဘေးကင်းလိမ့်မယ်"
"ကောင်းပါပြီ"
အမှန်စင်စစ် ချန်ဆန်းရှီ၏ မိသားစုတွင် ထိုအရာ ရှိသော်လည်း သူ အသုံးချရန် အခွင့်အရေး မရသေးပေ။ သူသည် ခရီးဝေး ထပ်မံထွက်ခွာရတော့မည်ဖြစ်သဖြင့် သမီးဖြစ်သူနှင့် အချိန်ကုန်ဆုံးရန် အိမ်ရှေ့ဝင်းသို့ သွားလိုက်သည်။
"ဖေဖေ တံခါးပိတ်ပြီး သိုင်းပညာ လေ့ကျင့်တော့မယ်"
ချန်ယွမ်ရှီးသည် သကြားရည်စိမ် သစ်သီးလေးကို ကိုင်ထားရင်းမှ ကြောင်သွားသည် "ဖေဖေ ဘယ်တော့ ကျင့်ပြီးမှာလဲဟင်"
"ခြောက်လလောက် ကြာလိမ့်မယ်"
ချန်ဆန်းရှီက သမီးဖြစ်သူ၏ ခေါင်းကို ပုတ်ပေးလိုက်သည် "ဒီအတောအတွင်း မင်း ဆရာဘိုးဘိုးအိမ်မှာပဲ များများသွားကစားပါ။ ဒီက အစ်ကိုတွေ အစ်မတွေက သဘောကောင်းတယ်၊ ဘိုးဘိုးတွေကလည်း မင်းနဲ့ ကစားရတာ ဝါသနာပါကြတယ် မဟုတ်လား"
"အဲ... ဒီသကြားရည်စိမ် သစ်သီးကို ဘယ်သူ ဝယ်ပေးတာလဲ"
"ဆရာကြီး ဝယ်ပေးတာပါ"
ချန်ယွမ်ရှီးက ကမ်းပေးလိုက်သည် "ဖေဖေ စားဦးမလား"
အဲဒီလူ နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီလား..
သစ်သီးမှာ ဘာမှမဖြစ်ကြောင်း စစ်ဆေးပြီးနောက် ချန်ဆန်းရှီသည် သမီးဖြစ်သူ၏ စေတနာကို မငြင်းတော့ဘဲ ယူ၍ မြည်းစမ်းကြည့်လိုက်သည်။ ဤကဲ့သို့အရာကို မစားဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ တော်တော်လေး အရသာရှိလှသည်။ သူသည် သတိမထားမိဘဲ ငါးလုံးခန့် ဆက်တိုက် စားမိသွားသည်။
ချန်ယွန်းရှီက မျက်လုံးဝိုင်းလေးများဖြင့် သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ ချန်ဆန်းရှီသည် လက်ထဲရှိ အချောင်းအလွတ်ကြီးကို ကြည့်ကာ အိုးတိုးအမ်းတန်းဖြင့် ချောင်းဟန့်လိုက်သည်"အချိုတွေ အများကြီးစားရင် သွားပိုးစားလိမ့်မယ်၊ ဒါကြောင့် ဖေဖေက သမီးအတွက် စားပေးလိုက်တာ"
"မိန်းကလေး ယွမ်ရှီး"
ခရိုင်ဝန်အိမ်တော်မှ အိမ်ဖော်မလေး တစ်ဦး လာရှာသည် "ဆရာကြီးက သမီးကို စာမေးချင်လို့တဲ့၊ မြန်မြန်လာခဲ့ပါဦး"
"ဖေဖေ သမီး သွားပြီနော်၊ မဟုတ်ရင် အဆူခံရလိမ့်မယ်"
ချန်ယွမ်ရှီးသည် သူမ၏ နှုတ်ခမ်းလေးပေါ်က သကြားမှုန်လေးများကို လျက်လိုက်ပြီး အိမ်ဖော်မလေးနောက်သို့ အပြေးလိုက်သွားတော့သည်။ ဝင်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ချန်ဆန်းရှီသည် ကျောက်သားခုံတန်းပေါ်တွင် ထိုင်ကာ သစ်သားချောင်းလေးကို ကစားရင်း သူသွားမည့် ခရီးလမ်းကြောင်းနှင့် ဘာတွေ ထပ်ပြင်ဆင်နိုင်မလဲဆိုတာကို တွေးတောနေမိသည်။
ဝိညာဉ်စွမ်းအင် ရှိလာပြီဖြစ်ရာ ဓားချိီမန္တန်ကို သေချာပေါက် သုံးနိုင်တော့မည်၊ ထို့နောက် ဒြပ်ငါးပါးစီရင်ချက်ချက်ကို အခြေခံအဆင့်ရောက်
အောင်လေ့ကျင့်မည်၊ ပြီးလျှင် ဝိညဥ်ပုတီးစေ့...
အရှေ့ဘက်နယ်မြေမှ ပြန်လာကတည်းက ဝိညဥ်ပုတီးစေ့အတွင်းရှိ ထူးဆန်းသော စွမ်းအင်များမှာ အဆက်မပြတ် တိုးပွားနေပြီး တော်တော်လေးလည်း မြန်ဆန်လှသည်။ မကြာမီမှာပင် ၎င်းသည်
ကျိုရှောင်ကောင်းကင်စစ်သည်ဖွဲ့စည်းပုံအဆင့်သို့ ပြန်ရောက်လာပေလိမ့်မည်။
ဒါနဲ့ ပတ်သက်ပြီး ပြောရရင်... ကောင်းကင်ဘုံကျမ်းထဲက ဖွဲ့စည်းပုံတွေဟာ မူလက မသေမျိုးတွေ သုံးခဲ့တာပဲ။ အကယ်၍ အဲဒီနှစ်ခုလုံးကို ပေါင်းစပ်လိုက်ရင် အကျိုးသက်ရောက်မှုက ပိုပြီး ကောင်းလာမလား..
"ညီလေး"
နွေးထွေးသော အသံတစ်ခု သူ၏ နားထဲတွင် ထွက်ပေါ်လာသည်။ ချန်ဆန်းရှီ မော့ကြည့်လိုက်ရာ လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ ထိုလူသည် အနည်းငယ် ဟောင်းနွမ်းပြီး ဖြူဖျော့နေသော သပ်ရပ်သည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ခါးတွင် ဟောင်းနွမ်းသော ခါးပတ်တစ်ခု ပတ်ထားပြီး စာအုပ်အဟောင်းတစ်အုပ် ချိတ်ဆွဲထားကာ ချည်ဖိနပ်ကို ဝတ်ဆင်ထားသည်။ သူ၏ ဝတ်စားဆင်ယင်မှုမှာ ရိုးရှင်းလှသော်လည်း ဖော်ပြမတတ်သော အရှိန်အဝါတစ်ခု ဖြာထွက်နေသည်။
သူ၏ ရုပ်ရည်မှာ အသက် နှစ်ဆယ်ကျော်ရုံသာ ရှိပုံရသော်လည်း သူ၏ မျက်လုံးများမှာ လောကကြီး၏ အပြောင်းအလဲများစွာကို မြင်တွေ့ခဲ့ဖူးပုံရသည်။ သူက အသာအယာ နှုတ်ဆက်လိုက်သည်။
"ညီလေး... မင်း မသေမျိုးတွေကို လိုက်ရှာဖို့ ပြင်နေတာလား"
ယဉ်ကျေးမှုအရ ချန်ဆန်းရှီသည် ထရပ်ကာ ဂါရဝပြုလိုက်သည် "စီနီယာရဲ့ နာမည်ကို သိခွင့်ရှိမလား"
"ငါ့မျိုးရိုးကမေ နာမည်က ရှောင်ပါ"
မေရှောင်က အေးဆေးစွာ စကားစမြည် ပြောသည် "ညီလေးချန် ငါ့နာမည်ကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်"
မေရှောင်။
ချန်ဆန်းရှီသည် ထိုနာမည်ကို သေချာပေါက် မှတ်မိသည်။ သူ၏ စတုတ္ထစီနီယာအစ်ကို ပြောပြခဲ့ဖူးသည်။ ဤသူသည် သူ၏ ဆရာကို တစ်ချိန်က လမ်းပြခဲ့ဖူးသော မသေမျိုးပင် ဖြစ်သည် သူသည် ဘုရင်ခံအိမ်တော်သို့ ရုတ်တရက် ရောက်ရှိလာပြီး သူ့ရှေ့တွင် အလွန်ရိုးရှင်းသော ပုံစံဖြင့် ပေါ်လာခြင်း ဖြစ်သည်။
"စီနီယာက မသေမျိုးတစ်ဦးလား"
ချန်ဆန်းရှီ ဦးညွှတ်လိုက်သည် "စီနီယာနဲ့ တွေ့ရတာ ဝမ်းသာပါတယ်"
အကယ်၍ ဤသူသည် သူ၏ ဆရာကို လမ်းပြခဲ့သူ အမှန်ဖြစ်ပါက လေးစားမှုပြရန် သင့်တော်လှသည်။
"ငါ့ကို မသေမျိုးလို့ ခေါ်တာထက် 'ဆရာ' လို့ ခေါ်တာကို ပိုသဘောကျတယ်"
မေရှောင်က သူ့ကို ဟန်ဆောင်မှုများ မလုပ်ရန် အချက်ပြလိုက်သည် "ငါ့မှာ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက် မရှိပါဘူး၊ လျှောက်သွားပြီး စာသင်ပေးရတာကိုပဲ သဘောကျတာပါ"
တကယ်ပဲ... ယွမ်ရှီးအကြိမ်ကြိမ် ပြောခဲ့တဲ့လူဟာ ဤစီနီယာမေပင် ဖြစ်သည်။
"သမီးလေးကို စာသင်ပေးတဲ့အတွက် စီနီယာမေကို ကျေးဇူးတင်ပါတယ်"
ချန်ဆန်းရှီက ကျေးဇူးတင်စကား ပြောလိုက်သော်လည်း တစ်ဖက်တွင်
လည်း သတိထားနေမိသည် "စီနီယာမေ ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲဗျာ"
"ညီလေး... စိတ်မလှုပ်ရှားပါနဲ့"
မေရှောင်က သူ့ကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်"စကားစမြည် ပြောဖို့ လာခဲ့တာပါ။ ဝိညဥ်ပုတီးစေ့က အသုံးဝင်ရဲ့လား"
"ဝိညဥ်ပုတီးစေ့"
ချန်ဆန်းရှီ မှတ်မိသွားသည်။ လျန်ကျိနျန်က ဝိညဥ်ပုတီးစေ့နှင့် ကောင်းကင်ဘုံကျမ်းမှာ မသေမျိုးတစ်ဦး၏ လက်ဆောင်ဖြစ်ကြောင်း လူသိရှင်ကြား ပြောခဲ့ဖူးသည်။ အဲဒါ ဒီက စီနီယာမေကို ပြောတာလား သူက ပေးထားတာကို ပြန်တောင်းဖို့ လာတာလား..
"အဲဒီပစ္စည်းက ငါ့ဟာ မှန်ပါတယ်၊ ဒါပေမဲ့ ငါ လျန်ကျိနျန်ကို ပေးခဲ့တာ မဟုတ်ဘူး"
မေရှောင်က သူ၏ အတွေးများကို မြင်နေရသကဲ့သို့ ပြောသည် "မင်း ပြန်ပေးဖို့ မလိုပါဘူး၊ ပစ္စည်းဆိုတာ ရေစက်ရှိသူနဲ့ပဲ ဆိုင်တာပါ။ အဲဒီအပေါ်မှာ ဘယ်လောက်အထိ အစွမ်းထုတ်နိုင်မလဲဆိုတာကတော့ တစ်ဦးချင်းစီအပေါ်မှာပဲ မူတည်တယ်"
"ကျေးဇူးတင်ပါတယ် စီနီယာ"
ချန်ဆန်းရှီ ပို၍ ဇဝေဇဝါ ဖြစ်သွားသည်။ ဤ "မသေမျိုး" ၏ တကယ့်ရည်ရွယ်ချက်ကို သူ မသိပေ။
"ညီလေး... မသေမျိုးတွေကို လိုက်ရှာဖို့ လောကအဆုံးသတ်ကို သွားမယ့် ခရီးမှာ မင်း အလွန်သတိထားရမယ်"
မေရှောင် ခေတ္တရပ်လိုက်ပြီးမှ ပြောသည် "ငါ ဝိညဥ်ပုတီးစေ့ကို ခဏလောက် ငှားသုံးလို့ ရမလား"
"ရပါတယ်"
ချန်ဆန်းရှီ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သူ့ကို ပေးလိုက်ရမည်သာ။ ဤသူသည် ဘုရင်ခံအိမ်တော်အတွင်းနှင့် သူ့အနားသို့ အသံမထွက်ဘဲ ပေါ်လာနိုင်ခြင်းကပင် အဖြေဖြစ်နေပြီ။ ထို့ပြင်... သူ၏ အရှိန်ဝါကြည့်ရှု့ခြင်းပညာဖြင့်လည်း ဤသူကို ထိုးဖောက်မမြင်နိုင်ပေ။
မေရှောင်သည် ဝိညဥ်ပုတီးစေ့ကို ယူမသွားဘဲ သူ၏ လက်ဖဝါးဖြင့် အသာအယာ ထိတွေ့လိုက်ရာ ဝိညဥ်စွမ်းအင်များ ၎င်းအတွင်းသို့ စီးဝင်သွားပြီးမှ ပြန်လည်ငြိမ်သက်သွားသည်။ သူက အသာအယာ ပြုံးလိုက်သည် "ဒီပစ္စည်းက သိုင်းပညာတွေ အားလုံးကို တန်ပြန်နိုင်စွမ်း ရှိသွားပြီ၊ ဒါကို ငါတို့တွေ့ဆုံတဲ့ အမှတ်တရ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ။ ဘယ်အချိန်မှာ ဘယ်လိုသုံးရမလဲဆိုတာကိုတော့ ညီလေး ဖြည်းဖြည်းချင်း လေ့လာကြည့်ပေါ့"
သိုင်းပညာတွေ အားလုံးကို တန်ပြန်နိုင်စွမ်း ရှိတယ်....
ချန်ဆန်းရှီသည် သူနားလည်သည့်အတိုင်း ဟုတ်မဟုတ် မသိသော်လည်း အကယ်၍သာ ဟုတ်ခဲ့လျှင်... ဒါက နည်းနည်းတော့ မလွန်လွန်းဘူးလားပြီးတော့ ဒါကို ဘာလို့ သူ့ကို ဒီအတိုင်း ပေးရတာလဲသူတို့က အမျိုးလည်း မတော်သလို အသိတွေလည်း မဟုတ်ကြပေ။ သူ့ဆရာကြောင့်လား..
"ကဲ... ငါ မသွားခင် ညီလေးကို မေးခွန်းတစ်ခု မေးပါရစေ"
မေရှောင်က သူ၏ လက်ကို ပြန်ရုပ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်
သည် "ညီလေး... 'မသေမျိုး' ဆိုတဲ့ စကားလုံးကို မင်း ဘယ်လို အဓိပ္ပာယ်
ဖွင့်ဆိုသလဲ"