← Chapters

အခန်း (၄၃၈)

Vol. 40 Ch. 438

အခန်း (၄၃၈)

Vol. 40 Ch. 438

📝အပိုင်း - ၄၃၈

ဘာသာပြန် - Na Gar🐉

ဒီအကြောင်းကို တွေးတောပြီးနောက် ချန်ဆန်းရှီက နောက်ဆုံးမှာ ခေါင်းညိတ်လိုက်သည် "ကောင်းပြီလေ ငါသဘောတူတယ်"

"ဒါ့အပြင် သွေးကတိသစ္စာကို ကျွန်မတစ်ယောက်တည်းနဲ့ပဲ ချုပ်ဆိုမှာပါ၊ ကျွန်မရဲ့တပည့်နဲ့ မဆိုင်ပါဘူး"

နင်ရှန်က အလေးပေးပြောသည် "ကျွန်မ ဒါကိုလုပ်တာက ကျွန်မရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်တာပါ၊ ကျောက်ကျောက်နဲ့ ဘာမှမပတ်သက်စေရဘူး"

ချန်ဆန်းရှီသည် ရှုခင်းကားတစ်ချပ်လို ရိုးရှင်းသည့် ထိုမိန်းကလေးကို ကြည့်လိုက်ပြီး သူမအတွင်း၌ အလွန်ပင်အားနည်းသည့် ဝိညာဉ်စွမ်းအင် ရှိနေသည်ကို သတိပြုမိလိုက်သည် "ပြဿနာမရှိပါဘူး"

"ဟေး... ရှင် ဘာကို ဆိုလိုတာလဲ"

ကျောက်ကျောက်က သူမ၏ခါးကို လက်ထောက်ကာ ဒေါသတကြီး ပြောလိုက်သည် "ရှင် ကျွန်မကို အထင်သေးနေတာလား စောင့်ကြည့်နေလိုက်"

"အခုတော့ အားလုံးအဆင်ပြေသွားပြီဆိုတော့—"

မိန်းကလေးနင်ရှန်သည် သူမ၏ မြူဆွယ်တတ်သော အမူအရာသို့ ပြန်ပြောင်းသွားပြီး မွှေးရနံ့နှင့်အတူ နွဲ့နှောင်းစွာ ချဉ်းကပ်လာသည် "ဒါဆိုရင် ဗိုလ်ချုပ်က ကျွန်မကို မြန်မြန်လေး လာဝယ်ထုတ်ပေးတော့မှာလား"

"ဒါက ဘာကို ဆိုလိုတာလဲ"

ချန်ဆန်းရှီသည် သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်လိုက်သည်။ သူမသည် ကမ္ဘာကို ကြေညာပြီး မသေမျိုးရှာဖွေရေးမျှော်စင်ကို သူမအား ဆက်ပြီး ဒုက္ခမပေးရန် ပြောကြားလိုခြင်း ဖြစ်သည်။ သူ၏ဆရာ၏ မျက်နှာမှာ အမှန်တကယ်ပင် သြဇာလွှမ်းမိုးမှု ရှိပုံရသည်။

သူက လက်ကို ဆန့်ထုတ်လိုက်သည် "ငွေပေးလေ"

"အဲဒါဆိုလည်း ကောင်းပါပြီလေ"

နင်ရှန်က မျက်စောင်းထိုးလိုက်သည် "ရှင်က ကျွန်မရဲ့ အသက်ကိုတောင် ယူထားပြီးတော့ ငွေအနည်းငယ်ပေးဖို့တောင် တွန့်တိုနေတာလား"

"မိန်းကလေးရယ် မင်းက အရမ်းဈေးကြီးတယ်လေ၊ ငါက ဆင်းရဲသားပါ"

ချန်ဆန်းရှီ မှတ်သားထားသည်မှာ မမှားပေ။ နီရောင်လက်မျှောင်စင်၏ ထိပ်တန်းအမျိုးသမီးကို ဝယ်ထုတ်ရန် ဈေးနှုန်းမှာ ငွေစင် တစ်သန်းကျော် ရှိသည်။ ဤအလှမယ်များမှာ အနှစ်သာရအားဖြင့် ပြည့်တန်ဆာအိမ်၏ ရွှေဆိုင်းဘုတ်များ ဖြစ်သဖြင့် လွယ်လွယ်နှင့် လက်လွှတ်မည် မဟုတ်ပေ။ အကယ်၍ သူ၏ ရာထူးအာဏာကို သုံးပြီး အတင်းအကျပ် ယူမည်ဆိုလျှင်လည်း မသင့်တော်ပေ။ ထို့ပြင် သူ့တွင် ငွေရှိသော်လည်း ထိုငွေကို သူ့လက်အောက်ငယ်သားများ၏ ခွန်အားတိုးတက်စေမည့် ဆေးဝါးများဝယ်ယူရာတွင် သုံးခြင်းက နောင်တစ်ချိန် စစ်မြေပြင်တွင် ပို၍ အသုံးဝင်လိမ့်မည်ဟု သူ ယူဆထားသည်။

"ကျောက်ကျောက် ငွေစက္ကူတွေ သွားယူလိုက်"

"အင် ဆရာ... မျှော်စင်က အမေကြီးက ငွေနှစ်သန်း ကုန်မယ်လို့ ပြောထားတာလေ။ ကျွန်မတို့ နှစ်ပေါင်းများစွာ ရတနာတွေ ရောင်းပြီး စုထားတာတွေ၊ ဟိုလူစုတ်တွေဆီက ရထားတာတွေ အကုန်ပေါင်းမှ အဲဒီလောက်ပဲ ရှိတာ။ နောင်ကျရင် ကျွန်မတို့ မွဲပြာကျသွားမှာ မဟုတ်ဘူးလား"

"မင်းက ငတုံးပဲ"

နင်ရှန့်က သူမတပည့်၏ နဖူးကို တောက်လိုက်သည် "နောင်ကျရင် ငါတို့က နယ်စားနောက်ကို လိုက်မှာလေ။ ငါတို့မှာ စားစရာ သောက်စရာ ရှားပါးလိမ့်မယ်လို့ မင်းထင်နေတာလား"

"အော်"

ထိုအခါမှ ကျောက်ကျောက်သည် သော့ခတ်ထားသော သေတ္တာထဲမှ ငွေစက္ကူအထပ်လိုက်ကို ထုတ်ယူလာသည်။

"ရော့ ယူလိုက်တော့"

ချန်ဆန်းရှီသည် ငွေကို ယူလိုက်ပြီး မသေမျိုးရှာဖွေရေးမျှော်စင်မှ အမေကြီးကို ခေါ်လိုက်သည်။

"ဟေး ဒီမှာ"

အမေကြီးက အလွန်အမင်း ဖားယားသောလေသံဖြင့် ပြောသည် "ဗိုလ်ချုပ်ချန်က ကျွန်မတို့ မိန်းကလေးကို သဘောကျတာဟာ နီရောင်

လက်မျှော်စင်အတွက် ဂုဏ်ယူစရာပါပဲ။ ကဲ နင်ရှန်ရဲ့ ကျွန်စာချုပ်ကို ဒီမှာ ယူလာခဲ့ပါ။ သူမဟာ အခုကစပြီး ဗိုလ်ချုပ်ချန်ရဲ့ မိန်းမ ဖြစ်သွားပါပြီ။ ပြီးတော့ ဗိုလ်ချုပ်ကို အိမ်တော်အထိ ရိုရိုသေသေ ပို့ဆောင်ပေးဖို့ ရထားလုံးကိုလည်း ပြင်ထားလိုက်ပါ"

ငွေနှစ်သန်း ပေးချေပြီးနောက်တွင် ချန်ဆန်းရှီသည် အလှလေးကို နောက်ဆုံးတွင် ပိုင်ဆိုင်နိုင်ခဲ့သည်။

"ကျွန်မတို့ရဲ့ အကောင်းဆုံး နင်ရှန်ထွက်သွားတော့ လုပ်ငန်းတွေ ဘယ်လောက်တောင် ထိခိုက်မလဲ မသိဘူး၊ နှစ်သန်းထက်တော့ သေချာပေါက် ပိုမှာပဲ"

သူတို့ ရထားလုံးပေါ် တက်သွားပြီးနောက်မှ အမေကြီးက စတင် ရွဲ့စောင်းပြောဆိုတော့သည် "ဒီဗိုလ်ချုပ်ချန်ကလည်း တကယ်ပါပဲ၊ ဘယ်လိုမိန်းမမျိုးကိုမဆို ရှာလို့ရနေတာကို။ ယောက်ျားပေါင်း ထောင်နဲ့ချီ ဆက်ဆံဖူးတဲ့သူကိုမှ အိမ်ခေါ်သွားချင်ရတယ်လို့"

"မြန်မြန်... ဒီသတင်းကို အနှံ့အပြား ပျံ့အောင် လုပ်ကြစမ်း။ဗိုလ်ချုပ်

ချန်က နီရောင်လက်မျှော်စင်မှာ အုတ်အော်သောင်းနင်း ဖြစ်အောင်လုပ်ပြီး မိန်းကလေးနင်ရှန်ကို ဝယ်ထုတ်သွားတယ်လို့ ပြော၊ ပိုပြီး ချဲ့ကားနိုင်လေ ကောင်းလေပဲ"

ဇာတ်လမ်းဆင် ပြောဆိုခြင်းက ပြည့်တန်ဆာအိမ်အတွက် ဖောက်သည်ဆွဲဆောင်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။

...

ဘုရင်ခံအိမ်တော်။ တောင်နောက်ဘက်ရှိ ကန်အနီးမှ အဆောင်ငယ်အတွင်း။

"ဒီပစ္စည်းတွေကို မသေမျိုးရှာဖွေရေးမျှော်စင်ရဲ့ ဌာနချုပ်မှာပဲ ရနိုင်ပါတယ်"

ဗိုလ်ချုပ်ဖန်ချင်းယွမ်ရှေ့တွင် မိန်းကလေးနင်ရှန်က သွေးကတိသစ္စာကို ရေးသားကာ ဂါထာကို ရွတ်ဆိုလိုက်သည် "ဗိုလ်ချုပ်ဖန်... ရှင် ကတိတည်ရမယ်နော်"

"စိတ်ချပါ မိန်းကလေး"

ဖန်ချင်းယွမ်က သေချာစွာ စစ်ဆေးပြီး ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် ကတိသစ္စာကို ယူလိုက်သည် "ငါ့ညီလေး ဘေးကင်းကင်း ပြန်မလာမချင်း ဒီစာချုပ်ကို ငါ လုံလုံခြုံခြုံ သိမ်းထားပေးပါ့မယ်။ အကယ်၍ အဲဒီအတွင်းမှာ တစ်ခုခု မှားယွင်းသွားခဲ့ရင်..."

"မင်းလည်း သေရမှာဖြစ်သလို မင်းရဲ့တပည့်လည်း လွတ်မှာမဟုတ်ဘူး။ ပြီးတော့ မင်းအဖေရဲ့ အရိုးတွေ ဘယ်မှာရှိလဲဆိုတာကိုလည်း ငါ သိတယ်"

"မိန်းကလေး... ငါပြောတာကို နားလည်တယ် မဟုတ်လား"

"သွေးကတိသစ္စာကို ချုပ်ဆိုပြီးပြီပဲ၊ ဒါက လုံလောက်တဲ့ ရိုးသားမှု့မဟုတ်သေးဘူးလား"

နင်ရှန်က နာကျည်းမှု အနည်းငယ်ဖြင့် ပြောသည် "ဝိညာဉ်အမြစ် ရှိပါလျက်နဲ့ အခုတော့ ကျွန်တစ်ယောက်အဖြစ် အတင်းအကျပ် အခိုင်းခံနေရပြီ"

သူမသည် ဘေးနားရှိ ဝတ်ရုံဖြူဝတ်ထားသော ထိုလူကို ကြည့်လိုက်သည် "သခင်... အိမ်ကို ခေါ်သွားဖို့ အချိန်မတန်သေးဘူးလား"

နောက်ထပ် လူနှစ်ယောက် တိုးလာသည်။ အစီအစဉ်သစ်များကို သေချာပေါက် ပြန်လုပ်ရပေမည်။

နယ်စားအိမ်တော်သို့ ပြန်ရောက်သောအခါ နောင်ကျရင် ဘယ်မှာ နေထိုင်ရမလဲဆိုတာကို စတင် စီစဉ်ကြသည်။ အရှေ့ဘက်ဝင်းတွင် အိမ်ဖော်မလေး နှစ်ဦး နေထိုင်ပြီး အလယ်တွင် ဂူရှင်းလန်နှင့် ချန်ယွမ်ရှီးတို့ ရှိသဖြင့် နောက်ဖေးဝင်းတွင်သာ နေရာအလုံအလောက် ကျန်တော့သည်။

"အို... သခင်ကြီး..."

စီချင်သည် သခင်ကြီးဖြစ်သူက အမျိုးသမီးနှစ်ဦး ခေါ်လာသည်ကို ကြည့်နေသည်။ မိုဟွာက သူမကို တစ်ချက်ကြည့်လိုက်ပြီး အမြန်ပင် ဆွဲခေါ်ကာ အရိုအသေပေးလိုက်သည် "မိန်းကလေးကို နှုတ်ဆက်ပါတယ်"

သူတို့ စိတ်ထဲတွင်တော့ ရေရွတ်နေကြသည်။ အိမ်ရှင်မကြီး ပျောက်သွားပြီး နှစ်ရက်အကြာမှာတင်သခင်ကြီးဖြစ်သူက ဘယ်လိုဖြစ်ပြီး အချစ်သစ်

တစ်ခု ရလာရတာလဲ..

"ခန့်ညားတဲ့ နယ်စားတစ်ယောက် ဖြစ်ပါလျက်နဲ့ သူ့အိမ်တော်က သိပ်မကြီးလှဘူးပဲ"

နင်ရှန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် သဘာဝကျကျ လှဲချလိုက်သည် "ဗိုလ်ချုပ်ရဲ့ ဇနီး မရှိဘူးလား ကောင်းလိုက်တာ။ ကျွန်မ သူမရဲ့ ကုတင်ပေါ် သွားအိပ်ရမလား..."

"တော်လောက်ပြီ"

ချန်ဆန်းရှီ၏ စိတ်ထဲတွင် ထျန့်ယာပင်လယ် နှင့် လော့ထျန်တောင်တန်းရှိ ထူးဆန်းသော ဖြစ်ရပ်များကသာ ပြည့်နှက်နေသဖြင့် နောက်ပြောင်ကျီစယ်မှုများကို စိတ်မဝင်စားပေ။ ယခုအခါ သူ့ဘက်တွင် ကူညီမည့်သူ နှစ်ဦး ထပ်တိုးလာပြီ ဖြစ်သည်။ နင်ရှန်တွင် အသိပညာ ဗဟုသုတ အတော်အတန် ရှိပုံရသဖြင့် သူမကို အသုံးချနိုင်လိမ့်မည်ဟု ထင်ရသည်။

ထို့အပြင်... သူ ဘာတွေ ထပ်ပြင်ဆင်နိုင်မလဲဆိုတာကိုလည်း သူ စဉ်းစားနေသည်။

ကောင်းကင်ဘုံကျမ်း။ ကောင်းကင်ဘုံကျမ်းထဲတွင် စစ်တပ်သုံး စစ်ဗျူဟာများသာမက အချို့သော အသေးစား ဖွဲ့စည်းပုံများလည်း ပါရှိသည်။ ထိုဖွဲ့စည်းပုံများမှာ မူလက ကျင့်ကြံသူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် သာမန်စစ်သည်များတွင် ကျင့်ကြံခြင်းအဆင့် မရှိသဖြင့် ဝိညာဉ်စွမ်းအင်အစား ဝိညဥ်ပုတီးစေ့မှ ခရမ်းရောင်ချီများကို အစားထိုး အသုံးပြုရမည် ဖြစ်သည်။ အကယ်၍ သူတို့သည် ဤခရီးတွင် မသေမျိုးဖွဲ့စည်းပုံ တစ်ခု သို့မဟုတ် နှစ်ခုကို ကျွမ်းကျင်သွားမည်ဆိုပါက ဖိအားများစွာ လျော့ကျသွားမည်မှာ သေချာသည်။

"မင်းတို့နှစ်ယောက် ဒီကိုလာ"

ချန်ဆန်းရှီက လက်ယပ်ခေါ်လိုက်သည် "နောက်ကျရင် ငါ မင်းတို့ကို ဖွဲ့စည်းပုံတစ်ခု သင်ပေးမယ်။ ငါက ဖွဲ့စည်းပုံရဲ့ အချက်အချာ ဖြစ်မယ်၊ မင်းတို့နှစ်ယောက်က ကူညီရမယ်။ နားလည်လား"

"မသေမျိုးဖွဲ့စည်းပုံ"

နင်ရှန်မှာ အံ့အားသင့်သွားပုံရသည် "ရှင် ဒါကိုလည်း သိနေတာလားဒါဆိုရင် စစ်မြေပြင်မှာ ကောင်းကင်မိုးကြိုးတွေကို ခေါ်ယူခဲ့တယ်၊ မြူထူကြီးတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ သတင်းတွေက အမှန်ပဲပေါ့"

အကယ်၍ ယခင်က သူမ သွေးကတိသစ္စာ ချုပ်ဆိုခဲ့ခြင်းမှာ အသက်ရှင်သန်ရန်နှင့် လက်စားချေရန် အခွင့်အရေးကို စောင့်ဆိုင်းရန်အတွက်သာ ဖြစ်ခဲ့လျှင် ယခုအခါတွင်မူ သူမသည် မှန်ကန်သော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့မိပြီဟု ရုတ်တရက် ခံစားလိုက်ရသည်...။ ဤလူနောက်ကို လိုက်ခြင်းသည် မသေမျိုးရှာဖွေရေးမျှော်စင်မှာ နေရခြင်းထက် ပို၍ အဓိပ္ပာယ်ရှိပေလိမ့်မည်။

ချန်ဆန်းရှီ၏ အမိန့်အရ သူတို့ သုံးဦးသည် သတ်မှတ်ထားသော နေရာများတွင် ထိုင်လိုက်ကြပြီး တစ်ဦးချင်းစီ၏ ဝိညာဉ်စွမ်းအားများကို ထုတ်

လွှတ်ကာ ဖွဲ့စည်းပုံတစ်ခု ဖြစ်လာအောင် ဖြည်းဖြည်းချင်း ချိတ်ဆက်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင်။ စနစ်မျက်နှာပြင်ပေါ်လာသည်။

[နတ်ဘုရားစွမ်းရည် - မသေမျိုးထိန်းချုပ်ခြင်း]

[တိုးတက်မှု့ - ၀]

[စွမ်းဆောင်ရည် - မရှိသေးပါ]

All Chapters