အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
အခန်း-(၂၇၁)
သူမချစ်သူရဲ့ စကားတွေကိုကြားတော့ ကျိူးလီဇီက စားပွဲခုံကိုကြည့်လိုက်တာ ဟင်းပွဲအတော်များများကို တွေ့လိုက်ရသည်။ မီးဖိုပေါ်မှာ ဆူနေတဲ့ ကြက်သားစွပ်ပြုတ်အပြင် ခရမ်းချဉ်သီးစွပ်ပြုတ်တစ်ပန်းကန်၊ သစ်သီးသုပ်တစ်ပန်းကန်နဲ့ ကြက်ဥပြုတ်တစ်ပန်းကန်လည်း ရှိတယ်။
ဒါကိုမြင်တော့ သူမက သူ့ကိုအနောက်ကနေဖက်လိုက်ပြီး "ရှင်ချက်တဲ့ အရာအားလုံးကို ကျွန်မကြိုက်တယ်" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းရဲ့ စိတ်ခံစားချက်တွေက ချက်ချင်းပဲမြင့်တက်လာတယ်။ မီးဖိုကို ပိတ်ပြီးတဲ့နောက်မှ သူမကို ဖက်ဖို့လှည့်လာပြီး "အာဇီ အရင်စားရအောင်" လို့ ပြောလိုက်တယ်။
"အိုကေ"
သူတို့နှစ်ယောက်က ထမင်းစားခန်းဆီကို ပန်းကန်တွေယူလာပြီး အတူတူစားကြတယ်။ ကျိူးလီဇီက ဈေးဝယ်စင်တာကို သွားလည်ပြီးတဲ့နောက်တွင် အိမ်သုံးပစ္စည်းတွေနှင့် ပရိဘောဂတွေ အများကြီးကို စုဆောင်းခဲ့တယ်။ အခုချိန်မှာတော့ သူမရဲ့အိမ်က ဗလာမဟုတ်တော့ဘဲ လှပစွာဖြင့် အလှဆင်ထားသည်။
စားသောက်ပြီးတဲ့နောက်မှာတော့ သူမက သူ့လက်ကိုဆွဲပြီး တိရစ္ဆာန်တွေ မွေးမြူထားတဲ့နေရာကို တယ်လီပို့တ်လုပ်လိုက်တယ်။ မြက်ခင်းပြင်ပေါ်မှာပြေးလွှားနေတဲ့ တိရစ္ဆာန်တွေကို လက်ညှိုးထိုးပြပြီး "အစ်ကိုယန်း ကျွန်မက ဒီဒေသမှာက ဗီဇပြောင်းလဲထားတဲ့ တိရစ္ဆာန်တွေကို မွေးမြူထားတာ" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက တိရစ္ဆာန်တွေကိုကြည့်ပြီး "အာဇီ မင်းသူတို့ကို ခြံထဲမထည့်ထားဘူးလား။ သူတို့က အရိုင်းဝင်သွားပြီး မင်းရဲ့သီးနှံတွေကို ဖျက်ဆီးလိုက်မှာ မစိုးရိမ်ဘူးလား" လို့ မေးလိုက်တယ်။
"အစ်ကိုယန်း ဒီဧရိယာတစ်ဝိုက်မှာ အတားအဆီးတစ်ခု ချထားတယ်။ သူတို့ ဒီကနေထွက်သွားနိုင်မှာ မဟုတ်ဘူး" လို့ ကျိူးလီဇီက ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက သက်ပြင်းချပြီး "အာဇီ မင်းက အရမ်းအံ့သြစရာကောင်းတာပဲ။ မင်းရဲ့ အာကာသနဲ့ ရေအမျိုးအစားစွမ်းရည်နဲ့ဆိုရင် ကိုယ့်ကိုတောင် မလိုအပ်တော့ဘူး။ မင်းတစ်ယောက်တည်းလည်း ကောင်းကောင်းနေထိုင်နိုင်တယ်" လို့ ပြောလိုက်တယ်။
သူ အဲဒီလိုပြောတာ ကြားလိုက်တော့ ကျိူးလီဇီ အံ့အားသင့်သွားတယ်။ သူမ မော့ကြည့်လိုက်တော့ ဝမ်းနည်းနေတဲ့ အမူအရာကို သူ့မျက်နှာမှာတွေ့လိုက်ရတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်မိသွားပြီး သူ့ရဲ့လက်မောင်းကိုဆုပ်ကိုင်ကာ "အစ်ကိုယန်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ကျွန်မက မင်းကို လိုအပ်တယ်" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက သူမကို ငုံ့ကြည့်လာပြီး "မင်း ကိုယ့်ကို တကယ်လိုအပ်တာလား" လို့ မေးလာတာ။
"ဟုတ်တယ်" ကျိူးလီဇီက တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
သူမရဲ့တုံ့ပြန်မှုကိုမြင်တော့ ကျင်းရွှီယန်းရဲ့နှလုံးသားက တဒိတ်ဒိတ်ခုန်နေပေမယ့် သူ့ရဲ့မျက်နှာအမူအရာကတော့ ဝမ်းနည်းနေပြီး သနားစရာကောင်းနေဆဲပါပဲ။ သူက သက်ပြင်းရှည်ကြီးချပြီး "အခုဆိုလည်း မင်းရဲ့ဒုတိယခေါင်းဆောင်နဲ့ပြန်တွေ့ပြီဆိုတော့ မကြာခင်မှာပဲ မင်းက ကိုယ့်ထက် သူ့ကိုပဲ ပိုဂရုစိုက်လာလိမ့်မယ်" လို့ ပြောလိုက်တယ်။
ဒီတစ်ခါမှာတော့ ကျိူးလီဇီက ဒေါသထွက်သွားပြီး မျက်မှောင်ကြီးကြုတ်ကာ "အစ်ကိုယန်း ကျွန်မနဲ့ ဒုတိယခေါင်းဆောင်ကြားမှာက အရင်ဘဝကတည်းက ဘာမှမဖြစ်ခဲ့ဘူး။ ဒီဘဝမှာလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။
"ရှင်က ကျွန်မရဲ့ချစ်သူပဲ။ ရှင်နဲ့အတူနေဖို့ကို ကျွန်မရွေးချယ်ခဲ့တဲ့အတွက် ကျွန်မရဲ့နှလုံးသားနဲ့ သစ္စာတရားကလည်း ရှင့်ဆီမှာပဲ။ ဒီလိုပဲဆက်ပြောနေမယ်ဆိုရင် ကျွန်မ ၊ ရှင့်ကို ဂရုမစိုက်တော့ဘူး" လို့ သူမက နှာခေါင်းရှုံ့ပြီး ထပ်ပြောလိုက်တယ်။
ကျင်းရွှီယန်းက ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာကိုသိပြီး သူမကို ထပ်ပြီးတွန်းအားမပေးတော့ပါဘူး။ သူကြားချင်တာကိုလည်း ကြားပြီးပြီမဟုတ်လား။ ဒါကြောင့် သူမကို ပွေ့ဖက်လိုက်ပြီး "ကောင်းပြီ ကိုယ် ဒီစကားတွေ ထပ်မပြောတော့ဘူး။ အာဇီ ကိုယ့်ကို စိတ်မဆိုးပါနဲ့။ တောင်းပန်ပါတယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက သူ့ရင်ခွင်ထဲမှာပဲ ငြိမ်ငြိမ်သက်သက်ရှိနေသေးပြီး "ရှင်က စိတ်အနှောင့်အယှက်ဖြစ်စေတယ်" လို့ တိုးတိုးလေးပြောလိုက်တယ်။
ကျင်းရွှီယန်းကရယ်ပြီး "အင်း၊ ကိုယ်က စိတ်အနှောင့်အယှက်ဖြစ်တယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီရဲ့နေရာလွတ်ကို လှည့်လည်ကြည့်ရှုပြီးနောက်မှ ကျင်းရွှီယန်းဟာ သူ့ချစ်သူရဲ့နေရာလွတ်က ဘယ်လောက် တောင်ကျယ်ဝန်းပြီး ထူးခြားတယ်ဆိုတာကို နောက်ဆုံးတော့ နားလည်သွားခဲ့ပါတယ်။ မြက်ခင်းပြင်ပေါ်မှာ ပေါက်ရောက်နေတဲ့ ဆေးဖက်ဝင်အပင်တွေဟာ မြေဆီလွှာမည်းထဲမှာ မစိုက်ပျိုးထားပေမယ့် ကြီးထွားဖွံ့ဖြိုးနေပါတယ်။
ရေအရင်းအမြစ်နှင့် ပတ်သက်ရင်တော့ အိမ်နားက ရေကန် တစ်ခုတည်းသာရှိပေမယ့် မကုန်ခမ်းသွားနိုင်ဘူးလို့ ထင်ရတယ်။ ဒါ့အပြင် သူ့ချစ်သူရဲ့ရေက တစ်ခါတလေမှာ ဘာကြောင့် အရသာကွဲပြားသွားရတယ်ဆိုတာကိုလည်း နောက်ဆုံးတော့ သူသဘောပေါက်သွားတယ်။
ကျင်းရွှီယန်း သူ့ရဲ့နာရီပေါ်က အချိန်ကိုကြည့်လိုက်ပြီး "အာဇီ မိုးလင်းတော့မယ်။ အခုတေယ့ ထွက်သွားသင့်ပြီ ၈နာရီကျရင် ဝေယင်းတို့အဖွဲ့နှင့် အစည်းအဝေးရှိသေးတယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြီး "အစ်ကိုယန်း နောက်တစ်ခါ ရေချိုးချင်ရင် ကျွန်မကို ပြော ၊ ကျွန်မက ခေါ်လာပေးမယ်" လို့ ပြောလိုက်တယ်။
"ကောင်းပြီ"
သူတို့နှစ်ယောက် ထိုနေရာမှ ထွက်ခွာပြီးနောက်တွင် အိပ်ခန်းထဲမှာ ပြန်ပေါ်လာကြတယိ။ ဤအရာကိုမြင်သောအခါတွင် ကျင်းရွှီယန်း သဘောပေါက်လိုက်သည်မှာ သူတို့ပြန်ပေါ်လာသည့်နေရာက သူတို့ဝင်ရောက်ခဲ့သည့်နေရာနှင့် အတူတူပင်ဖြစ်ကြောင်းကိုပင်။
ဒီလိုသာဆိုရင် သူမရဲ့နေရာလွတ်စွမ်းရည်ဟာ ကပ်ဘေးကာလမှာ အသက်ကယ်နိုင်တဲ့ သဘာဝကိုဆန့်ကျင်တဲ့ စွမ်းအားတစ်ခုလိုပါပဲ။ ဒီအတွေးက သူ့အတွင်းစိတ်ရဲ့ နက်ရှိုင်းတဲ့နေရာအထိကို စိတ်ချရမှု ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့သည်။
သူတို့က ခဏလောက် အိပ်ယာဝင်ခဲ့ကြပြီး မနက် ၆:၃၀ မှာ နိုးလာကာ အဖွဲ့ဝင်တွေနဲ့အတူ မနက်စာစားခဲ့တယ်။
ဒုတိယထပ်ကနေ သူတို့နှစ်ယောက် ဆင်းလာတာနှင့် ချန်ချန်းဖုန်းက လျှောက်လာပြီး "ခယ်မ၊ ဘယ်လိုနေသေးလဲ" လို့ မေးလာတယ်။
ကျိူးလီဇီက ပြန်မဖြေနိုင်ခင်မှာပဲ ကျင်းရွှီယန်းက "စိတ်မပူပါနဲ့။ အာဇီက အခု အဆင်ပြေပါတယ်။ မင်းရော ဘယ်လိုလဲ"
"ကပ္ပတိန်၊ ကျွန်တော့် အခြေအနေကကောင်းပါတယ်" ဟု ချန်ချန်းဖုန်းက ပြန်ဖြေသည်။
ထို့နောက် သူက ကျိူးလီဇီဘက်ကို လှည့်ပြီး "ခယ်မ၊ ငါ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်တယ်။
ကျိူးလီဇီက ပြုံးပြီး "ရှင်က အစ်ကိုယန်းရဲ့ ညီအစ်ကိုပဲလေ။ အကို့ကို ကယ်တင်တာက ကျွန်မလုပ်သင့်တဲ့အရာပါ" လို့ ပြန်ဖြေလိုက်တယ်။
သူမက ထိုသို့ပြောလိုက်သည့်အချိန်တွင်ပဲ ကျင်းရွှီယန်းက သူမရဲ့လက်ကို ညင်သာစွာဆုပ်ကိုင်လာပြီး မနေ့က သူပြောခဲ့တဲ့ စကားများကို ပြန်အမှတ်ရစေသည်။
ချန်ချန်းဖုန်းကတော့ နှစ်ယောက်သားဟာ နူးညံ့သိမ်မွေ့စွာ အကြည်စိုက်နေတာတွေကို သတိထားမိလိုက်တယ်။ သူတို့နှစ်ယောက်က ပရောပရည်နေကြတာဆိုတော့ သူမက အဆင်ပြေနေတယ်ဆိုတာ သိသာပါတယ်။ ဒါနဲ့ပဲ သူကလည်း စုံတွဲကိုမနှောင့်ယှက်တော့ပဲ ရေတိုင်ကီထဲ ရေဖြည့်ဖို့ပဲ သွားလိုက်တယ်။
သူတို့အတွဲ ဧည့်ခန်းထဲသို့ ဝင်လာတာကိုမြင်တာနဲ့ ဆိုဖာပေါ်တွင် ထိုင်နေသော ချင်လူဇီက သူတို့ကို တွေးတောစွာဖြင့် ကြည့်လိုက်သည်။
သူ့ကပ္ပတိန်နဲ့ ခယ်မဟာ မနေ့တုန်းက အိပ်ခန်းထဲဝင်ပြီး မကြာခင်မှာပဲ ပျောက်သွားတာကို သူသတိထားမိလိုက်တယ်။ မိုးမလင်းခင်အထိ သူတို့ပြန်မပေါ်လာကြဘူး။
သူတို့ပျောက်ဆုံးသွားတာက ဈေးဧရိယာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူ့ကို ပြန်သတိရစေတယ်။ အကြောင်းရင်းက နေရာမဟုတ်တဲ့အတွက် တစ်ခုတည်းသော ယုတ္တိရှိတဲ့ ရှင်းလင်းချက်က လူတွေပဲ။ ပြီးတော့ နှစ်ယောက်ကြားမှာဆိုရင်လည်း သူ့ရဲ့ခယ်မတစ်ယောက်တည်းကသာ အာကာသစွမ်းရည်ကို ပိုင်ဆိုင်ထားတယ်။
ယုတ္တိမရှိပုံပေါ်သော်လည်း ဤဖြစ်စဉ်ကို နှစ်ကြိမ်မြင်တွေ့ခဲ့ရခြင်းက သူ့စိတ်ကို ပိုမိုအလင်းပွင့်စေခဲ့သည်။ တစ်ညတာ တွေးတောပြီးနောက်တွင် သူရရှိခဲ့သော ကောက်ချက်မှာ "သက်ရှိများက သူမရဲ့နေရာလွတ်သို့ ဝင်ရောက်နိုင်တယ်" ဟု ဖြစ်သည်။
ထိုဖြစ်နိုင်ခြေကို သူလက်ခံလိုက်သောအခါမှာတော့ သူမရဲ့နေရာလွတ်က သူမပြောတာထက် များစွာပိုကြီးတယ်ဟု သူကသံသယဝင်လာမိတယ်။ မဟုတ်ဘူးဆိုရင် ဒီလောက်များပြားတဲ့ပစ္စည်းတွေကို သူမက မည်ကဲ့သို့သိုလှောင်ထားနိုင်မည်နည်း။
သူတို့ ဈေးဝယ်စင်တာကို သွားတဲ့ခရီးစဉ်အတွင်းမှာလည်း သူမက အရာအားလုံးကို ယူသွားပြီး ဘာမှမကျန်ခဲ့ဘူးဆိုတာက ထင်ရှားပါတယ်။ ဒီအကြောင်းစဉ်းစားရင်း သူ့နှုတ်ခမ်းထောင့်မှာ အပြုံးလေးတစ်ခု ပေါ်လာတယ်။ ကံကောင်းတာကတော့ သူမက သူတို့ဘက်မှာ ရှိနေတာပဲ။ ရန်သူတစ်ယောက်သာဆိုရင်တော့ သူမက ခေါင်းကိုက်စရာကြီး ဖြစ်လာလိမ့်မယ်။
သူ့အတွေးထဲ သူ နစ်မြုပ်နေတုန်းမှာပဲ ကျိူးလီဇီက ဧည့်ခန်းထဲကို ဝင်လာပြီး မိုဂျွန်ဂျီရဲ လက်ကောက်ဝတ်ကို ကျောင်းလီရှင်းက ကိုင်ထားတာသတိထားမိလိုက်တယ်။ သူ့ခန္ဓာကိုယ်မှာ နူးညံ့တဲ့အလင်းရောင်တစ်ခုက ဖုံးလွှမ်းနေပြီး သူက ကုသခံနေရတယ်ဆိုတာကို ပြသနေတယ်။
အခန်း-(၂၇၂)
ကျိုးလီဇီက ဝိန့်မိုဘေးတွင်ထိုင်လိုက်ကာ "အစ်ကိုမို ၊ သူဘယ်သူလဲ။ သူဘာဖြစ်နေတာလဲ" ဟု မေးလိုက်သည်။
"ခယ်မရေ၊ သူက ငါတို့ရဲ့အဖွဲ့ဝင်အသစ် မိုဂျွန်ဂျီလေ။ သူ့မှာ က ထူးဆန်းတဲ့ရောဂါတစ်ခုရှိတယ်။ ဘယ်လိုရှင်းပြရမှန်း မသိပေမယ့် အစ်မကျောင်းရဲ့ ပြောစကားအရဆို သူ့ခန္ဓာကိုယ်က အတွင်းပိုင်းထဲမှာ ပျက်စီးနေတယ်" လို့ ဝိန့်မိုက ပြန်ဖြေတယ်။
ထိုသူရဲ့အမည်ကို ကြားလိုက်ရသည့်အချိန်တွင်တော့ ကျိူးလီဇီရဲ့ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။
သူမရဲ့တုံ့ပြန်မှုကိုမြင်တော့ ဝိန့်မိုက မေးလိုက်တယ် "ခယ်မလေး၊ မင်းကသူ့ကိုလည်း သိလို့လား။ ဖူယွင်ကတော့ သူ့ကို သုတေသနမှာ ပါရမီရှင်လို့ ပြောတယ်"
ကျိူးလီဇီက သူမရဲ့စိတ်လှုပ်ရှားမှုကို ငြိမ်သက်အောင် အသက်ကို ပြင်းပြင်းရှူပြီးမှ ပြန်ဖြေလိုက်တယ် “သူ့အကြောင်း ကျွန်မ အရင်ကကြားဖူးတယ်”
ဝိန့်မိုက မေးစေ့ကို ပွတ်သပ်ရင်း “ဒီကောင်က တကယ်ကို နာမည်ကြီးပုံပဲ” လို့ မှတ်ချက်ချလိုက်တယ်။
သူ့စကားတွေကိုကြားတော့ ကျိူးလီဇီ တွေးလိုက်မိတာက ' ဒီဖျားနာနေတဲ့ပုံပေါက်နေတဲ့လူက ကမ္ဘာပျက်မတိုင်ခင်က နာမည်ကြီးရုံတင်မကဘူး၊ နောက်ပိုင်းမှာလည်း ပိုပြီးကျော်ကြားလာတယ်ပဲ'
သူမ မသေဆုံးခင်တုန်းကတော့ သူ(မိုဂျွန်ဂျီ)ဟာ သာမန်လူတွေရဲ့ စွမ်းရည်တွေ နိုးထလာအောင် ကူညီပေးနိုင်တဲ့ ဆေးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကြားသိခဲ့ရတယ်။ အောင်မြင်မှုနှုန်းက ၀.၇% သာရှိပေမယ့် ဆေးသောက်ပြီး သေဆုံးသွားတဲ့ အစီရင်ခံစာတွေတော့ မရှိဘူး။
အဲဒါကပဲ မိုဂျွန်ဂျီရဲ့ အရည်အချင်းကို သက်သေပြခဲ့တယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိပေမယ့် သူ့ရဲ့ဆေးရည်မှာတော့ ဘေးထွက်ဆိုးကျိုးမရှိဘူး။ စွမ်းရည်က နိုးထလာတာပဲဖြစ်ဖြစ်၊ မနိုးထလာတာပဲဖြစ်ဖြစ် ကြိုးစားကြည့်တာက ဘာမှအန္တရာယ်မရှိဘူး။ ပြီးတော့ နိုးထလာစေတဲ့ လုပ်ငန်းစဉ်ကလည်း သဘာဝဖြစ်စဉ်နဲ့ အတူတူပါပဲ။
ဆေးရည်ထွက်ရှိလာချိန်မှာပဲ ကမ္ဘာပျက်ကပ်ရဲ့ မျှော်လင့်ချက် မီးပြတိုက်ဖြစ်တဲ့ မိုဂျွန်ဂျီအကြောင်းကို လူတိုင်းကသိလာကြပါတယ်။ သူ့ကို "လူသားမျိုးနွယ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်" လို့တောင် ခေါ်ဆိုကြတယ်။
ကံမကောင်းစွာနဲ့ပဲ သူဟာ ကာကွယ်ဆေး သို့မဟုတ် ဇွန်ဘီဗိုင်းရပ်စ်အတွက် ကုသနည်း မဖော်ထုတ်နိုင်သေးမီတွင်ပဲ သူမက သေဆုံးသွားခဲ့သောကြောင့် နောက်ပိုင်းတွင် သူ့အကြောင်းနှင့်ပတ်သက်ပြီး မည်သို့ဖြစ်ပျက်ခဲ့သည်ကို သူမ မသိရှိခဲ့ပေ။
အထူးသဖြင့် သူ့ရဲ့ ကျန်းမာရေး ချို့တဲ့မှုသတင်းတွေကိုသာ အဆက်မပြတ် ကြားနေရတော့ သူ့ကို အသက် ရှစ်ဆယ်ကျော်အရွယ် အသက်ကြီးကြီး လူတစ်ယောက်လို့ပဲ သူမအမြဲထင်ထားခဲ့တယ်။ ဒါပေမယ့် သူက အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ယောက် ဖြစ်နေတာကို အခုသိလိုက်ရတယ်။ အဲဒါက အံ့အားသင့်စရာ အကောင်းဆုံး တွေ့ရှိချက်ပါပဲ။
ငါးမိနစ်အကြာတွင် ကျောင်းလီရှင်းက မိုဂျွန်ဂျီရဲ့ လက်ကောက်ဝတ်ကိုလွှတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူမက နဖူးမှ ချွေးများကို သုတ်ရင်း "ဂျွန်ဂျီ မင်းရဲ့ အခြေအနေက အရမ်းထူးဆန်းတယ်။ နာတာကလွဲပြီး အခြားဘာကိုမှ မခံစားရဘူးလား" ဟု မေးလိုက်သည်။
မိုဂျွန်ဂျီက လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူပြီး ချောင်းဆိုးလိုက်ကာ "မခံစားရဘူး။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ပူလောင်နေတဲ့ဝေဒနာကိုပဲ ခံစားရတယ်" လို့ ပြန်ဖြေလိုက်တယ်။
ဒါကိုကြားတော့ ချန်ကျိရိက မျက်မှောင်ကြုတ်ပြီး "မဖြစ်နိုင်ဘူး။ မင်းရဲ့ မဒီတျန်တွေနဲ့ အတွင်းအင်္ဂါတွေသာ ပျက်စီးနေရင် ယုတ္တိကျကျပြောရရင် မင်းက ပြိုလဲသွားတာကြာပြီ။ မင်းက ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်မှာလဲ" လို့ ပြောလိုက်တယ်။
"ယောင်္ကျား မင်းရဲ့စကားတွေက တိုက်ရိုက်ဆန်လွန်းတယ်" ဟု ကျောင်းလီရှင်းက သူ့ကို သတိပေးလိုက်သည်။
သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်မိတာကို သဘောပေါက်ပြီး ချန်ကျိရိက မြန်မြန်ဆန်ဆန် ထပ်ပြောလိုက်တယ် "ဂျွန်ဂျီ ငါက ရိုင်းရိုင်းစိုင်းစိုင်း ပြောတာမဟုတ်ဘူး။ မင်းရဲ့ အခြေအနေကို ငါ အံ့သြနေတာပါ"
မိုဂျွန်ဂျီက ကြင်နာစွာပြုံးပြီး "ရပါတယ် အစ်ကိုချန်။ ကျွန်တော်က ကျင့်သားရနေပါပြီ" လို့ ပြန်ဖြေလိုက်တယ်။
သူတို့နှင့် မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ကျိူလီဇီက သူမရဲ့နေရာလွတ်ကနေ ကန်ရေတစ်ဗူးကို ထုတ်ယူပြီး "အစ်ကိုမို၊ ရေနည်းနည်းသောက်မလား" လို့ မေးလိုက်တယ်။
မိုဂျွန်ဂျီက စားပွဲပေါ်ရှိ ရေဖန်ခွက်ကို တစ်ချက်ကြည့်လိုက်ပြီးမှ သူမလက်ထဲက ရေဗူးကို ပြန်ကြည့်လိုက်မိတယ်။ 'သူ့မှာ ရေရှိနေပြီးသားကို ဘာလို့ သူမက သူ့ကို ရေထပ်ပေးတာလဲ"လို့ သူ တွေးလိုက်မိသည်။
သူမရဲ့ ရည်ရွယ်ချက်ကို သေချာမသိပေမယ့်လည်း သူက ရေဗူးကို ယဉ်ကျေးစွာ လက်ခံပြီး “ကျေးဇူးတင်ပါတယ်၊ ခယ်မ” လို့ပြောလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြပြီး သူ့မရဲ့အကြည့်ကို သူ့ဆီမှာအာရုံစူးစိုက်ထားလိုက်သည်။
သူမရဲ့ တည်ငြိမ်တဲ့အကြည့်အောက်မှာပဲ မိုဂျွန်ဂျီက ရေပုဗအဖုံးကို ဖွင့်ပြီး တစ်ငုံသောက်လိုက်တယ်။ ရေက သူ့လည်ချောင်းထဲ စီးကျသွားတာနှင့် သူ့မျက်လုံးတွေလည်း တောက်ပသွားတယ်။
ကျောင်းလီရှင်းက သူရဲ့အတွင်းပိုင်းဒဏ်ရာများကို ကုသပေးပြီးနောက်တွင်ပင် နာကျင်မှုက ကျန်ရှိနေခဲ့သေးသည်။ နာကျင်မှုကို ခံစားနေရသည်မှာ လပေါင်းများစွာကြာပြီဖြစ်ပြီး ၎င်းကို ကျင့်သားရနေပြီဖြစ်သည်။
ကုသမှုက သူ့ရဲ့ချောင်းဆိုးခြင်းကို သက်သာစေခဲ့ပေမယ့် သူခံစားနေရတဲ့ ပူလောင်တဲ့ဝေဒနာကိုတော့ ဘယ်တော့မှ လျော့ပါးစေနိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အခုတော့ ဒီရေကို တစ်ချက်သောက်လိုက်ရုံနဲ့ သူ့လည်ချောင်းထဲက နာကျင်မှုတွေက သိသိသာသာကို သက်သာသွားပါတယ်။
ဒါကိုခံစားမိတော့ သူက အံ့အားသင့်သွားပြီး ကျန်တာတွေကို မြန်မြန်ပဲသောက်လိုက်တယ်။ ဗူးထဲက ရေတွေကို ကုန်အောင်သောက်လိုက်တဲ့အခါမှာ ကျိူးလီဇီက ဘာမှမပြောဘဲ သူ့ကို နောက်တစ်ဗူး ထပ်ပေးလာတယ်။
ဒီတစ်ခါမှာတော့ သူ တွန့်ဆုတ်မနေဘဲ အားလုံးကိုထပ်သောက်လိုက်တယ်။ အံ့သြစရာကောင်းတာတစ်ခုကတော့ ရေက သူ့ကို ဗိုက်ကြီးဖောင်းကားနေသလို မခံစားရစေတာပဲ။ အဲဒီအစား သူ ကြာမြင့်စွာကပင် မေ့လျော့နေခဲ့တဲ့ ရှားပါးတဲ့ သက်တောင့်သက်သာရှိမှုမျိူးကို ပြန်လည်ရရှိလာစေသည်။
မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် တည်ရှိနေတံ နက်မှောင်နေတဲ့မြူခိုးများကို စစ်ဆေးကြည့်လိုက်တာ ၎င်းတို့အားလုံးဟာ နောက်ဆုံးတော့ သူ့ဦးနှောက်တစ်နေရာတည်းတွင်သာ စုဝေးနေတာကို တွေ့ရှိလိုက်ရသည်။
သူခံစားခဲ့ရတဲ့ အတွင်းပိုင်းဒဏ်ရာတွေဟာ ဒီမြူခိုးကြောင့်ပဲ ဖြစ်ရတာပါ။ ဒါပေမယ့်လည်း အဲဒီမြူခိုးတွေက သူ့ရဲ့အမြုတေထဲကို စုပ်ယူခံလိုက်ရတာကြောင့် သူ့ခန္ဓာကိုယ်ဟာ သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ရဲ့ နှိပ်စက်မှုကို ထပ်ပြီးခံရမှာ မဟုတ်တော့ပါဘူး။
မျက်လုံးတွေကို ပြန်ဖွင့်ပြီးနောက်တွင် ကျိူးလီဇီကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ့ရဲ့စွမ်းရည်အကြောင်းကို အမှန်တိုင်း မပြောပြချင်သေးတာကြောင့် "ခယ်မ၊ ကျွန်တော့်ကို ဘယ်လိုရေမျိုး တိုက်လိုက်တာလဲ။ သောက်ပြီးရင် ပူလောင်တဲ့ဝေဒနာ ပျောက်သွားတယ်" လို့ ရိုးရိုးလေးပဲ ပြောလိုက်တယ်။
ကျိူးလီဇီရဲ့ မျက်လုံးတွေက ခဏတာမျှသာ တလက်လက်ဖြစ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ သူမက ပြုံးပြီး ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်တယ် “ဒီရေက ကျွန်မဖန်တီးထားတာတာ။ ရှင်ကြိုက်ရင် ထပ်ပေးလို့ရတယ်”
"ခယ်မ ၊ ဒါဆိုလည်း ငါ မင်းကို မယဉ်ကျေးနေတော့ဘူး " လို့ မိုဂျွန်ဂျီက ပြုံးပြီး ပြောလိုက်သည်။
သူမရဲ့ ရေအမျိုးအစားစွမ်းရည်က နာကျင်မှုကို ကုသပေးနိုင်တာကြောင့် ဘယ်လောက်တောင်အစွမ်းထက်လိုက်သလဲဆိုပြီး တခြားသူတွေက အံ့ဩနေကြပေမယ့် ကျိူးလီဇီတစ်ယောက်တည်းကသာ အမှန်တရားကို သိပါတယ်။ သူမ သူ့ကိုပေးခဲ့တဲ့ရေဟာ သူမရဲ့နေရာလွတ်ထဲက ရေကန်ကနေ လာတာပါ။
သူမရဲ့ အရင်ဘဝတုန်းကတော့ မိုဂျွန်ဂျီဟာ သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ဖြစ်တဲ့ အဆိပ်မြူကြောင့် မကြာခဏ နေမကောင်းဖြစ်ခဲ့တယ်လို့ ကြားဖူးတယ်။
အဲဒါက ကမ္ဘာပျက်ကပ်တွင် အစွမ်းထက်ဆုံးစွမ်းရည်များထဲမှ တစ်ခုဖြစ်သော်လည်း ကြီးမားသောတန်ဖိုးတစ်ခုနှင့်အတူ ပါလာခဲ့သည်။ ၎င်းသည် တိုက်ပွဲအတွင်းမှ ရန်သူများကို ဖျက်ဆီးနိုင်ရုံသာမကဘဲ မိုဂျွန်ဂျီရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းမှ တဆင့် အပြင်ဘက်သို့ပါ ဖြည်းဖြည်းချင်း ပျက်စီးသွားစေခဲ့သည်။
အစပိုင်းမှာတော့ သူမရဲ့နေရာလွတ်ထဲကန်ရေဟာ သူ့ကိုကူညီနိုင်ပါ့မလားဆိုတာကို သူမသေချာမသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ရောဂါအခြေအနေက သူ့ရဲ့စွမ်းရည်ကနေ ဆင်းသက်လာလို့ပါ။ သူ့စွမ်းရည်ကိုသာ လုံးဝဖယ်ရှားမပစ်ဘူးဆိုရင် နာကျင်မှုက သူအသက်ရှင်နေသရွေ့ ဆက်ရှိနေမှာပါ။
အခုတော့ သူမရဲ့ကန်ရေက တကယ်ကို အထောက်အကူပြုနိုင်ပုံရတယ်။ သူ့ရဲ့ဒုက္ခတွေကို လျော့ပါးစေရုံပဲ ဖြစ်ပါစေအုံး အဲဒါက တန်ပါတယ်။ လူသားတွေရဲ့ ရှင်သန်မှုအတွက် မိုဂျွန်ဂျီလည်း အချိန်အတော်ကြာ ဆက်လက်ရှင်သန်နေရမယ်။
ကုသရေးအစီအစဉ်ပြီးတဲ့နောက်မှာတော့ မနက်စာက အဆင်သင့်ဖြစ်ပါပြီ။ ဒီနေ့က ဇွန်ဘီအုပ်ကို ရှင်းလင်းရမှာမို့ အစားစာတွေကို ပုံမှန်ထက် ပိုချက်ထားတယ်။
အခန်း-(၂၇၃)
ထမင်းပေါင်းအပြင် ငါးကင်၊ ကြက်ဥစွပ်ပြုတ်၊ ဝက်သားတွေနှင့်ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်ချဉ် ၊ မာပိုတို့ဖူးတွေလည်း ရှိပါတယ်။ ဟင်းလျာအမျိုးအစားက အကန့်အသတ်ရှိပေမယ့် ပမာဏကတော့ များပါတယ်။
"အားလုံးပဲ စားချိန်ရောက်ပြီ" ဟု ထမင်းစားခန်းထဲမှ ယူဖူယွင်က အော်ပြောလာသည်။
ဒီစကားကိုကြားတော့ အားလုံးကလည်း စားပွဲမှာစုဝေးလိုက်ကြတယ်။ ခင်းကျင်းထားတဲ့ အစားအစာတွေကိုမြင်တော့ ချင်လူဇီက မျက်ခုံးပင့်ပြီး "ဘယ်သူချက်ပြုတ်တာလဲ" လို့မေးလိုက်တယ်။
"အစ်ကို လူဇီ၊ ဖူယွင်ပါ။ သူက တကယ်ကို ကျွမ်းကျင်တယ်၊ မင်းလောက်တောင်တော်တယ်" ဟု ရှောင်ချီက လေးစားစွာ ပြန်ဖြေသည်။
သူကတော့ ရေနွေးတည်ရင်တောင် အိုးကိုပေါက်ထွက်အောင်လုပ်နိုင်တဲ့သူဆိုတော့၊ ချက်ပြုတ်တတ်တဲ့သူတိုင်းဟာ သူ့မျက်လုံးထဲမှာတော့ နတ်ဘုရားတွေပါပဲ။
သူ့စကားတွေကို ခေါင်းညိတ်ကာ အသိအမှတ်ပြုပြီး ချင်လူဇီက ပြောလိုက်တယ် “စားဖိုမှူးတစ်ယောက်ရှိတာ ကောင်းပါတယ်။ ဒီလိုဆို ငါနဲ့ကပ္ပတိန်တို့ အနားယူနိုင်ပါပြီ”
သူ့စကားအဆုံးမှာပဲ ယူဖူယွင်က နို့ဘူးတစ်ဘူးကို ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့တယ်။
သူ့စကားတွေကိုကြားတော့ သူက “အစ်ကိုလူဇီ၊ အခုကစပြီး ချက်ပြုတ်တာကို ကျွန်တော့်ဆီမှာ ထားခဲ့လို့ရတယ်။ ကျွန်တော်ငယ်ငယ်တုန်းက အဖွားဆီက သင်ခဲ့တာ။ ပါဝင်ပစ္စည်းတွေသာရှိရင် ခင်ဗျားကြိုက်တဲ့ ဘာဟင်းမဆို ကျွန်တော် ချက်နိုင်တယ်” လို့ ပြောလိုက်တယ်။
"ကောင်းပြီ" ချင်လူဇီကလည်း ချက်ချင်းပဲသဘောတူလိုက်သည်။
မနက်စာစားပြီးနောက်မှာပဲ နတ်ဆိုးအဖွဲ့ဝင်များက ဧည့်ခန်းတွင် စုဝေးလိုက်ကြသည်။ အဖွဲ့ဝင်များကို ကြည့်ကာ ကျင်းရွှီယန်းက “ နယ်စပ်က အခြေအနေတွေကို မနေ့တုန်းကငါတို့စောင့်ကြည့်ခဲ့ပြီး ဇွန်ဘီအုပ်စုငယ်နှစ်ခုကိုလည်း ဖယ်ရှားခဲ့တယ်” ဟု ပြောလိုက်တယ်။
"နောက်ဆုံး ဇွန်ဘီအုပ်က နယ်စပ်ကနေ ၁၅ ကီလိုမီတာအကွာမှာ ရှိပြီး အဲဒီနေရာမှ ဇွန်ဘီအရေအတွက်က ၂၀၀,၀၀၀ ကျော်လောက် ရှိနိုင်တယ်"
"လူအိုချင်နဲ့ လူအိုကျန်း၊ မင်းတို့နှစ်ယောက်က ငါနဲ့အတူ အစည်းအဝေးကို လိုက်ခဲ့။ ကျန်တဲ့သူတွေကတော့ လက်နက်တွေ ပြင်ဆင်သွားပြီးရင် ကောင်းကောင်း အနားယူထားကြ ၊ နေ့လည်ကြရင် စခန်းကနေ ထွက်ခွာကြမယ်"
ဒါကိုကြားတော့ အားလုံးက ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ တစ်ညီတစ်ညွတ်တည်း ပြန်ဖြေကြတယ်။
ကျင်းရွှီယန်းက အဖွဲ့ဝင်အသစ်ကို လှမ်းကြည့်ပြီး “မိုဂျွန်ဂျီ မင်းကတော့ အစ်မကျောင်း ၊ အစ်ကိုပိုင်တို့နဲ့အတူ စခန်းမှာ နေရမယ်” လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ မိုဂျွန်ဂျီက ဘာမှမပြောဘဲခေါင်းညိတ်လိုက်တယ်။ ကျိူးလီဇီပေးတဲ့ရေကို သောက်ပြီးတဲ့နောက်မှာတော့ နာကျင်မှုကပြန်မလာတော့သလို ချောင်းလည်းမဆိုးတော့ဘူး။ ဒါပေမယ့် သူတို့ရဲ့သံသယတွေကို ရှောင်ရှားဖို့အတွက် သူ့ပါးစပ်ကို လက်ကိုင်ပုဝါနဲ့အုပ်ပြီး ချောင်းဆိုးနေလိုက်တယ်။
ဒါကို သတိထားမိတြဲ ကျိူးလီဇီက သူမရဲ့ နေရာလွတ်ထဲက ကန်ရေဗူးအတော်များများကို ထုတ်ယူပြီး သူ့ဆီ ပေးလိုက်ကာ “အစ်ကို ချောင်းဆိုးနေရင် ရေပိုသောက်ရမယ်” လို့ပြောလိုက်တယ်။
မိုဂျွန်ဂျီက အပြုံးနှင့် ရေကိုလက်ခံလိုက်ပြီး "ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။
"ကပ္ပတိန် ကျွန်တော် သတင်းပို့စရာတစ်ခုရှိတယ်" ဟု ကျန်းယွမ်က ပြောလာသည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး စကားပြောရန် လက်ဟန်ပြလိုက်တယ်။
"ကုရှကျယ်က မနေ့တုန်းက ကျွန်တော်တို့ကို လာရှာတယ်။ သူက ကျွန်တော်တို့အဖွဲ့နဲ့ ပူးပေါင်းချင်နေတယ်။ သူနဲ့ သူ့ရည်းစားအပြင် သူတို့မှာ ကလေးကိုးယောက်လည်း ရှိတယ်"
ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာ ကျင်းရွှီယန်းက မျက်ခုံးပင့်လိုက်တယ်။
အရင်ဘဝတုန်းကဆိုရင် ကလေးအများစုဟာ ကိုယ်ခန္ဓာအားနည်းမှုနှင့် ငယ်ရွယ်မှုကြောင့် ကမ္ဘာပျက်ကပ်အစမှာပဲ သေဆုံးသွားခဲ့ကြပါတယ်။ သက်ကြီးရွယ်အိုတွေအပြင် ကလေးတွေဟာလည်း ကမ္ဘာပျက်ကပ်မှာတော့ အထိခိုက်လွယ်ဆုံးအုပ်စုဖြစ်ခဲ့သည်။
လူတွေမှာက ထောက်ပံ့ရေးနှင့် စွမ်းအင်တွေဟာ အကန့်အသတ်နဲ့သာရှိပြီး ကလေးတွေရဲ့ တန်ဖိုးကလည်း အလွန်နည်းပါးပါတယ်။ ဒါကြောင့်ပဲ ကလေးအများစုက လက်လွှတ်စပယ် စွန့်ပစ်ခံခဲ့ရတယ်။ ကမ္ဘာပျက်ကပ် တတိယနှစ်ရောက်မှသာ လူတွေဟာ ကလေးတွေရဲ့ တန်ဖိုးကို သဘောပေါက်လာကြပါတယ်။
မွေးဖွားနှုန်းကျဆင်းမှုကြောင့် ကလေးများဟာ လူသားမျိုးနွယ်အတွက် အဖိုးတန်ပိုင်ဆိုင်မှုများ ဖြစ်လာခဲ့သည်။ ထို့အပြင် ကလေးများရဲ့ စွမ်းရည်နိုးထလာနိုင်ခြေကလည်း လူကြီးများထက် ၃၀% ပိုများသည်။
သူတို့ရဲ့ ငယ်ရွယ်ပြီး ရိုးရှင်းတဲ့ စရိုက်လက္ခဏာတွေကြောင့် စစ်သားတွေအဖြစ် လေ့ကျင့်ပေးဖို့က ပိုလွယ်ကူပြီး သူတို့ရဲ့ ခေါင်းဆောင်တွေအပေါ်မှာ သစ္စာရှိကြပါတယ်။ ကံမကောင်းစွာနဲ့ပဲ လူတွေက အဲဒါကို သဘောပေါက်သွားတဲ့အချိန်မှာတော့ ကလေးတွေရဲ့အရေအတွက်ဟာ စုစုပေါင်းလူဦးရေရဲ့ ၅% အောက်ကို ကျဆင်းသွားခဲ့ပါပြီ။
ဒီကိစ္စကို ပြန်သတိရသွားတော့ ကျင်းရွှီယန်းကမေးလိုက်တယ် “သူ့ရဲ့လိုအပ်ချက်ကို ဖော်ပြခဲ့လား”
ကျန်းယွမ်က ခေါင်းညိတ်ပြီး " သူက သူ့ရည်းစားရဲ့ မိသားစုကို ရှာနေတယ်လို့ ပြောတယ်။ ဒါကြောင့် သူနှင့် သူ့ရည်းစားက အများအားဖြင့်တော့ ထွက်သွားကြလိမ့်မယ်" လို့ ပြောတယ်။
ဒါကိုကြားတော့ ရှန်းကျင်းဇီကပြောလိုက်တယ် "အဲဒါက သူ့အတွက် ကလေးတွေကို ထိန်းပေးဖို့ တောင်းဆိုတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ သူက အိပ်မက်မက်တတ်တယ် "
သူ့စကားတွေက ကြမ်းတမ်းပေမယ့် အမှန်တရားနဲ့ မဝေးလှတာကြောင့် အားလုံးက ခေါင်းညိတ်ပြီး သဘောတူလိုက်ကြတယ်။
ကျင်းရွှီယန်းက ဆုံးဖြတ်ချက်မချခင်မှာပဲ တံခါးခေါက်သံ ကြားလိုက်ရတယ်။ ရှောင်ချီက တံခါးဖွင့်ဖို့အတွက် သွားလိုက်ပြီး ပြန်လာတော့ ကုရှကျယ်တို့အဖွဲ့က လိုက်ပါလာကြတယ်။
သူတို့အဖွဲ့ ဧည့်ခန်းထဲမှာ ရပ်နေတုန်းမှာပဲ ချင်လူဇီက ရုတ်တရက်ထရပ်ပြီး ဖုန်းယွင်ဆီ လျှောက်သွားလိုက်တယ်။ လူတိုင်းရဲ့ ဇဝေဇဝါဖြစ်နေတဲ့ အကြည့်တွေအောက်မှာပဲ သူက လက်လှမ်းပြီး တစ်ခုခုကို ဆွဲယူလိုက်တယ်။
နောက်တစ်ခဏမှာတော့ ကောင်လေးတစ်ယောက်က “ကျွန်တော့်ကို လွှတ်ပါ” လို့ အော်နေတာကို ကြားလိုက်ရတယ်။
ချင်လူဇီက စကားတစ်ခွန်းမှ မပြောဘဲ မမြင်ရသောလူကို လွှတ်ပစ်လိုက်သည်။ စားပွဲပေါ်သို့ တစ်စုံတစ်ခု ပြုတ်ကျသံကြားပြီးနောက်မှာတော့ ကောင်လေးတစ်ယောက်က ရုတ်တရက် ပေါ်လာတယ်။
ကောင်လေးဆီကနေ ခြေလှမ်းအနည်းငယ်အကွာမှာ ရပ်နေပြီး သူက ကုရှကျယ်ကို ကြည့်ကာ "ရဲဘော်ကု နတ်ဆိုးအဖွဲ့ထဲဝင်ချင်တယ်လို့ မင်းကပြောတယ်။ဒါက မင်းရဲ့စိတ်ရင်းမှန်ကို ပြသတာလား။ ဒီကောင်လေးကို ကြွက်လို ခိုးကြောင်ခိုးဝှက် လျှောက်သွားခွင့်ပေးနေတာလား" လို့ မေးလိုက်တယ်။
ဇန်းချန်ချောင်က မြေပြင်ပေါ်တွင် နာကျင်စွာ ညည်းတွားနေတာကိုမြင်သောအခါတွင်တော့ ကလေးများက သူ့ကိုကူညီရန် အလျင်အမြန်ပြေးသွားကြသည်။ ကုရှကျယ် နှင့် ရုန်မိုအာတို့ကတော့ ဒီအခြေအနေကို အံ့အားသင့်နေကြတယ်။
ကလေးတွေ သူတို့အဖွဲ့ထဲ ဝင်လာပြီးကတည်းက ဇန်းချန်ချောင် ပျောက်သွားတဲ့အခါတွင် ဘယ်သူကမှ သတိမထားမိခဲ့ကြဘူး။ ဒါက ပထမဆုံးအကြိမ်အဖြစ် တစ်ယောက်ယောက်က သူ့ရဲ့တည်နေရာကို ထောက်လှမ်းပြီး ဖမ်းမိတာပါ။
သူ့စိတ်ကိုပြန်ထိန်းဖို့ အချိန်အတော်ကြာယူပြီးနောက်မှ "ရဲဘော်ချင်၊ မင်းရဲ့စကားတွေက အရမ်းကိုလေးနက်လွန်းတယ်။ ချန်ချောင်က သူ့ရဲ့စွမ်းရည်ကို လေ့ကျင့်နေတာ၊ ငါတို့မှာ မကောင်းတဲ့ရည်ရွယ်ချက် လုံးဝမရှိဘူး" လို့ ပြောလိုက်တယ်။
ချင်လူဇီက သူ့ရဲ့လက်တွေကို အိတ်ကပ်ထဲထည့်ပြီးနောက်မှာ တည်ငြိမ်စွာပြောလိုက်သည် “လူကြီးနှစ်ယောက်မှာ နှစ်ယောက်စလုံးက စွမ်းရည်အသုံးပြုသူတွေ။ ကလေးကိုးယောက်မှာတော့ ခြောက်ယောက်က စွမ်းရည်အသုံးပြုသူတွေဖြစ်ပြီး သုံးယောက်က သာမန်လူတွေပါ”
ဒီလိုပြောပြီးတဲ့နောက်မှာပဲ သူက ဇန်းချန်ချောင် နှင့် ဖုလိန်ကျန်းကို လက်ညှိုးထိုးပြီး “နှစ်ယောက်စလုံးမှာ ဗီဇပြောင်းလဲနိုင်တဲ့ စွမ်းရည်တွေရှိတယ်” လို့ ထပ်ပြောလိုက်တယ်။
ဒီတစ်ခါမှာတော့ ကုရှကျယ်ရဲ့အပြုံးက သူ့မျက်နှာကနေ ပျောက်ကွယ်သွားပြီး မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ သူက ချင်လူဇီကို ကြည့်ပြီး "မင်း ဘယ်လိုသိတာလဲ" လို့ မေးလိုက်တယ်။
ချင်လူဇီက သူ့မေးခွန်းကိုမဖြေဘဲ ဆိုဖာဆီလျှောက်သွားပြီး ထိုင်ချလိုက်သည်။ သူက မျက်လုံးမှိတ်ကာ သူ့ကို လျစ်လျူရှုလိုက်တယ်။