အခန်း (၂၇၇-၂၇၉)
Vol. 19 Ch. 277-279
အခန်း-(၂၇၇)
အစည်းအဝေးခန်းမှ မထွက်ခွာမီတွင် ကျင်းရွှီယန်းက “ဗိုလ်ချုပ်၊ ကျွန်တော့်တို့အဖွဲ့က ကြိုတင်ငွေပေးချေမှုကိုပဲ လက်ခံတယ်။ အမြုတေတွေကို ပြင်ဆင်ထားပါ။ ကျွန်တော်တို့က မိနစ်သုံးဆယ်အတွင်း စခန်းကနေ ထွက်ခွာမယ်” ဟု ထပ်းပြောခဲ့သည်။
သူလှည့်ထွက်သွားတော့ ကျန်းယွမ်နှင့် ချင်လူဇီတို့ကလည်း အနောက်မှ ကပ်လိုက်သွားကြသည်။
သူတို့ထွက်သွားပြီးနောက်တော့မှ ဗိုလ်မှူးကြီးတစ်ဦးက ဝေယင်းဘက်သို့ လှည့်ပြီး "ဗိုလ်ကြီးဝေ၊ မင်းတို့အဖွဲ့ကလည်း ငါတို့နဲ့အတူ မြို့တော်ကိုလိုက်ခဲ့ ငါတို့ကို ကာကွယ်ဖို့က မင်းတို့မှာ တာဝန်ရှိတယ်" ဟု ပြောလိုက်တယ်။
ဝေယင်းက မတ်တပ်ရပ်ပြီး "ဗိုလ်ချုပ်၊ ကျွန်တော့်အဖွဲ့က အသက်ရှင်ကျန်ရစ်သူတွေကို လိုက်ပါပို့ဆောင်ပေးဖို့နဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ တာဝန်ရှိနေပါတယ်။ ကျွန်တော်တို့က ခင်ဗျားတို့နောက်ကို မလိုက်နိုင်ဘူး" လို့ ပြန်ဖြေလိုက်တယ်။
စကားပြောပြီးတာနှင့် ဝေယင်းက သူတို့ကို စစ်ရေးပုံစံအတိုင်းအလေးပြုပြီး သူ့အဖွဲ့နှင့်အတူ အခန်းထဲမှ ထွက်သွားခဲ့သည်။
နတ်ဆိုးအဖွဲ့က ဖုတ်ကောင်အုပ်ကို ရှင်းလင်းတော့မယ်ဆိုတဲ့ သတင်းကပျံ့နှံ့သွားတဲ့အခါတွင် စခန်းထဲကလူတိုင်းက အံ့အားသင့်သွားကြသည်။ လူအများကတော့ သူတို့ဟာ မိမိကိုယ်ကိုသတ်သေဖို့အတွက် မစ်ရှင်တစ်ခု လုပ်နေတယ်လို့ ညည်းညူကြပါတယ်။
တီးတိုးစကားတွေက စခန်းတစ်ခုလုံးမှာ ပျံ့နှံ့နေတဲ့အချိန်တွင် ကျင်းရွှီယန်းကတော့ သူ့အဖွဲ့ကိုကြည့်ပြီး “အစီအစဉ်ပြောင်းသွားပြီ။ ဖုတ်ကောင်အုပ်ကို ရှင်းလင်းဖို့ပဲမဟုတ်ဘဲ နယ်စပ်ကို ဖြတ်ကျော်တဲ့အခါ ခေါင်းဆောင်တွေရဲ့ ဘေးကင်းရေးကိုပါ ငါတို့ ဂရုစိုက်ရမယ်” လို့ ပြောလိုက်တယ်။
"အစ်မကျောင်း ၊ အစ်ကိုပိုင် မင်းတို့နှစ်ယောက်ကတော့ မိုဂျွန်ဂျီ နှင့်အတူ ရွှီချွန်းရဲ့ အခြေစိုက်စခန်းကို သွားရမယ်။ အငယ်ဆုံးကလေးကိုပါ ခေါ်သွား။ ရှောင်ချီ သူတို့အတွက်တစ်ပတ်စာ လုံလောက်တဲ့ ရိက္ခာနှင့်ရေကို ပြင်ထားလိုက်"
လိုအပ်တာတွေအမိန့်ပေးပြီးနောက်မှ သူက ကျန်တဲ့အဖွဲ့သားတွေကို ကြည့်ပြီး “ငါတို့က ဇွန်ဘီတွေကို နှစ်ရက် သုံးရက်လောက် ရှင်းရလိမ့်မယ်။ ပြီးရင်တော့ ရွှီချွန်းရဲ့ အခြေစိုက်စခန်းတဝိုက်ကိုလည်း ဆက်ရှင်းပြီး နယ်မြေကို တိုးချဲ့သွားမယ်” လို့ ထပ်ပြောလိုက်တယ်။
"နားလည်ပါပြီ" ဟု အဖွဲ့ဝင်များကလည်း တစ်ညီတစ်ညွတ်တည်း ပြန်ဖြေကြသည်။
ကျင်းရွှီယန်းက သူ့နာရီကိုကြည့်လိုက်ပြီး “ပစ္စည်းတွေထုပ်ပိုးပြီးရင် ထွက်ရမယ့်အချိန်ရောက်ပြီ” လို့ပြောတယ်။
ကြီးမားသော ဖုတ်ကောင်အုပ်ကြီးနဲ့ ရင်ဆိုင်ရမည်ကို သိသောကြောင့် ကျိူးလီဇီက အဖွဲ့အတွက် ကန်ရေနှင့် အကြည်ရောင်အမြုတေများကို ပြင်ဆင်ပေးခဲ့သည်။ သူမက ကုရှကျယ်နှင့် သူ့အဖွဲ့ကို လှမ်းကြည့်လိုက်ပြီးတော့ ခဏတာ တွန့်ဆုတ်နေခဲ့သည်။
သူမချဉ်းကပ်လာတာကိုမြင်တော့ ကုရှကျယ်က ပြုံးပြီး "ဂျူနီယာညီမလေး၊ တစ်ခုခုလိုအပ်လား" လို့ မေးလိုက်တယ်။
ကျိူးလီဇီက လက်ကိုဝှေ့ယမ်းလိုက်ပြီး သူမရဲ့နေရာလွတ်မှ ဘီစကွတ်များ၊ ပရိုတင်းချောင်းများနှင့် ကန်ရေပုလင်းများကို ထုတ်ယူလိုက်သည်။
သူမက သူတို့ကို ကြည့်ပြီး "စီနီယာအစ်ကို ဒါတွေက မင်းတို့အဖွဲ့အတွက်ပါ။ အခြေအနေက အန္တရာယ်များလိမ့်မယ်၊ ကလေးတွေဆီမှာ အမြုတေတွေနဲ့ ရေတွေ ရှိနေရင် ပိုကောင်းမယ်" လို့ ပြောလိုက်တယ်။
သူမက စကားဆုံးသွားပြီးတာနဲ့ လှည့်ပြီး သူမချစ်သူရဲ့ကားဆီ ဦးတည်သွားလိုက်သည်။
စခန်းဂိတ်ဝသို့ ရောက်သောအခါတွင်တော့ လူအုပ်ကြီးတစ်အုပ်က စောင့်ကြိုနေတာကို တွေ့လိုက်ရတယ်။
ကျင်းရွှီယန်းကကားကိုရပ်ပြီး ကျိူးလီဇီနှင့်အတူ ကားပေါ်ကနေ ဆင်းလာခဲ့တယ်။ ဗိုလ်ချုပ်အရှေ့မှာ ရပ်ကာ “ဗိုလ်ချုပ်၊ အမြုတေတွေ ယူလာလား” လို့ မေးလိုက်တယ်။
ဗိုလ်ချုပ်က သူ့လက်အောက်ငယ်သားတစ်ဦးကို လှမ်းကြည့်လိုက်တယ်။ အမိန့်ကိုလက်ခံရရှိပြီးနောက်မှာ စစ်သားက အရှေ့သို့တိုးလာပြီး အိတ်တစ်လုံးကို ပေးလာသည်။ ကျိူးလီဇီက အိတ်ကိုဖွင့်ကာ အမြန်စစ်ဆေးပြီး ခေါင်းညိတ်လိုက်တယ်။
သူမက အမြုတေတစ်ခုချင်းစီကို မရေတွက်ခဲ့သော်လည်း အမြုတေများကို ငွေကြေးအဖြစ်နှစ်ပေါင်းများစွာ အသုံးပြုခဲ့သူအနေဖြင့် အထဲတွင် ၁၀၀,၀၀၀ ခန့်ရှိကြောင်းကို သူမသိနိုင်တယ်။ ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင်ပင် တစ်ရာထက်မပိုပါ။
ငွေပေးချေမှုကို အတည်ပြုပြီးနောက်မှာတော့ ကျင်းရွှီယန်းက “ဗိုလ်ချုပ် ခင်ဗျားနဲ့ ခင်ဗျားရဲ့လူတွေက ကျွန်တော့်တို့အဖွဲ့ နောက်ကို လိုက်နိုင်ပါတယ်” ဟု ပြောလိုက်တယ်။
ပြန်ဖြေတာကို မစောင့်ဘဲ နှစ်ယောက်သားက ကားသို့ ပြန်သွားပြီး မောင်းထွက်သွားကြသည်။ ဒါကိုမြင်တော့ ဗိုလ်ချုပ်ကြီးကလည်း သူ့ကားဆီသို့ လျှောက်သွားပြီး အ နောက်ကလိုက်သွားခဲ့သည်။
ဝေယင်းကတော့ ဝင်ပေါက်ကနေ သူတို့ထွက်သွားတာကို ကြည့်ရင်း "ရှောင်ဟန်၊ အသုံးဝင်တဲ့ ဘာကိုမဆိုယူသွားဖို့ လူတိုင်းကိုအကြောင်းကြားလိုက်" လို့ ပြောလိုက်သည်။
ဤအမိန့်ကြောင့် အံ့အားသင့်သွားသော ရှောင်ဟန်က “ဗိုလ်ကြီး ၊ ကျွန်တော်တို့ ပြန်မလာတော့ဘူးလား” ဟု မေးလိုက်သည်။
"မလာတော့ဘူး။ ဒီအကျပ်အတည်းကိစ္စပြီးသွားရင် ငါကအငြိမ်းစားယူပြီး ကြေးစားစစ်သားပဲဖြစ်လာတော့မယ်" လို့ ဝေယင်းက တည်ငြိမ်စွာပြန်ဖြေလိုက်တယ်။
"ဗိုလ်ကြီး... ခင်ဗျားက အငြိမ်းစားယူတော့မှာလား" ဟု သူ့အဖွဲ့ဝင်များက အံ့အားသင့်စွာ မေးလာကြသည်။
ဝေယင်းက သူတို့ကိုကြည့်ပြီး "ဆက်နေဖို့ အကြောင်းပြချက်ရှိသေးတယ်လို့ မင်းတ်ို့ထင်လား။ ခေါင်းဆောင်တွေကတောင် ပြည်သူတွေကို စွန့်လွှတ်နိုင်ရင် အစိုးရကတော့ အရင်အတိုင်း ဆက်ရှိနေမှာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ပေးမယ်ဆိုတာက ဘာအာမခံချက်ရှိလို့လဲ" လို့ မေးလိုက်တယ်။
သူ့စကားကြောင့် အဖွဲ့သားအားလုံးက တိတ်ဆိတ်သွားကြကာ ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်တုန်းက အဖြစ်အပျက်များကို တစ်ယောက်ချင်းစီ ပြန်ပြောင်းသတိရသွားကြသည်။
"ကျွန်တော်က ဗိုလ်ကြီးရဲ့နောက်ကို ဆက်လိုက်ပါ့မယ် ဗိုလ်ကြီး" ဟု ရှောင်ဟန်ကပြောသည်။
ဝေယင်းက ဒါကိုကြားတော့ အံ့အားသင့်သွားပြီး "ရှောင်ဟန်၊ မင်းမှာက ဇနီးနဲ့ ကလေးတွေရှိပြီး သူတို့ကမြို့တော်မှာရှိနေတုန်းပဲ။ သူတို့ကို စဉ်းစားသင့်တယ်" ဟု ပြောလိုက်တယ်။
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ခဏတာ တိတ်ဆိတ်နေပြီးနောက်မှ ရှောင်ဟန်က ပြန်ဖြေတယ် “ကျွန်တော့်ဇနီးနဲ့ ကလေးတွေက ဆုံးသွားပါပြီ။ ဒီမနက်ပဲ သူတို့ ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်”
"ဘာဖြစ်သွားတာလဲ။ မင်းနဲ့ နောက်ဆုံးဆက်သွယ်တုန်းက သူတို့က အဆင်ပြေနေတုန်းပဲ မဟုတ်ဘူးလား" ဝေယင်းက အံ့အားသင့်စွာ မေးလိုက်သည်။
"အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်မသိပေမယ့် သူငယ်ချင်းတစ်ယောက်ကတော့ သူတို့ကငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးသွားတယ်လို့ ပြောပြတယ်"
ထိုစကားလုံးများက သူတို့ရဲ့နှလုံးသားကို မိုးကြိုးပစ်သကဲ့သို့ ထိမှန်သွားပြီး ထိုနေရာ၌ တိတ်ဆိတ်သွားသည်။
သူတို့က သူစိမ်းတွေကို ကာကွယ်ဖို့ အသက်စွန့်ခဲ့ကြရပြီး မြို့တော်က သူတို့ချစ်ရသူတွေကတော့ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးသွားခဲ့ကြတယ်။ သူတို့အဖွဲ့တစ်ခုလုံးရဲ့နှလုံးသားတွေ အေးစက်လာကြတယ်။
အစိုးရက တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေရဲ့ မိသားစုတွေကိုတောင် အဲဒီလို ဆက်ဆံနိုင်မယ်ဆိုရင် သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လေးစားပြီး သူတို့သေဆုံးပြီးနောက်မှာလည်း မိသားစုကို ကောင်းမွန်စွာ ဆက်ဆံမယ်လို့ ယုံကြည်ဖို့က ဘာအကြောင်းပြချက်ရှိသေးလို့လဲ။
စိတ်ဓာတ်ကျနေကြတာကို သတိပြုမိပြီး ဝေယင်းက "အားလုံးလည်း မင်းတို့မိသားစုရဲ့အခြေအနေကို ရှာဖွေကြည့်။ ဒီအကျပ်အတည်းပြီးရင် ငါတို့က မြို့တော်ကို သွားပြီး သူတို့ကို ပြန်ခေါ်လာမယ်" ဟု ပြောလိုက်သည်။
စစ်သားတွေက တည့်တည့်မတ်မတ်ရပ်ပြီး “နားလည်ပါပြီ” လို့ တစ်ပြိုင်နက်တည်း ပြန်ဖြေကြတယ်။
ဝေယင်းရဲ့ အမိန့်ပေးသံနှင့်အတူ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုက အရှိန်အဟုန်ဖြင့် စတင်ခဲ့သည်။
ငါးနာရီအကြာတွင်တော့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူအုပ်စုသည် လင်းယုန်အဖွဲ့အပါအဝင် ကျန်ရှိနေသောစစ်သားများနှင့်အတူ စခန်းမှ ထွက်ခွာသွားကြသည်။
တစ်ချိန်တည်းမှာပဲ ကျင်းရွှီယန်းနှင့် သူ့အဖွဲ့ကလည်း နယ်စပ်ကို ဖြတ်ကျော်လာခဲ့ကြပါတယ်။ ၁၅ ကီလိုမီတာလောက်အကွာကို ရောက်တဲ့အခါ သူ့ရဲ့ ဝေါ်ကီတော်ကီကို ကောက်ကိုင်ပြီး “အရှေ့မှာ ဟိုတယ်ငယ်လေးတစ်ခုရှိတယ်။ အားလုံးပဲ၊ အဲဒီမှာ ရပ်ကြမယ်” လို့ ပြောလိုက်တယ်။
အမိန့်ထုတ်ပြန်ပြီးနောက်မှာတော့ သူက ဟိုတယ်ရဲ့ကားပါကင်ထဲသို့ မောင်းဝင်သွားပြီး ကားပေါ်မှ ဆင်းလိုက်တယ်။ မကြာမီတွင်ပဲ သူ့အဖွဲ့ကလူတွေတစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပြီး ခေါင်းဆောင်များနှင့် ၎င်းတို့ရဲ့လူများလည်း အနောက်မှ လိုက်ပါလာကြသည်။
ဟိုတယ်အပြင်ဘက်တွင် ရပ်နေသော ချင်လူဇီက “ကပ္ပတိန် ၊ အထဲမှာက ပြန့်ကျဲနေတဲ့ ဖုတ်ကောင်အနည်းငယ်ပဲ ရှိတယ်” ဟု ပြောလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး “ငါတို့ရဲ့အဖွဲ့ဝင်တချို့ကိုပဲခေါ်ပြီး အဆောက်အဦးကို ရှင်းလင်းလိုက်” လို့ ပြောလိုက်တယ်။
ချင်လူဇီရဲ့ ဦးဆောင်မှုအောက်တွင် အဖွဲ့ဝင်တစ်ချို့က အဆောက်အဦးထဲသို့ ဝင်ရောက်သွားခဲ့သည်။
အခန်း-(၂၇၈)
တစ်ချိန်တည်းမှာပဲ ခေါင်းဆောင်များကလည်း ၎င်းတို့ရဲ့ယာဉ်များမှဆင်းကာ လျှောက်လာကြသည်။ ကျင်းရွှီယန်းနှင့် မဝေးလှသောနေရာတွင် ရပ်နေသော ဗိုလ်မှူးကြီးတစ်ဦးက “ကပ္ပတိန်ကျင်း၊ ဒီမှာ အနားယူဖို့ စီစဉ်ထားတာလား” ဟု မေးလာသည်။
သူ့ကို လျစ်လျူရှုပြီး ကျင်းရွှီယန်းက ဗိုလ်ချုပ်ဘက် လှည့်ကာ "ဗိုလ်ချုပ်ကြီး၊ ခင်ဗျားနဲ့ ခင်ဗျားရဲ့လူတွေ ဒီမှာ ခဏစောင့်နိုင်တယ်။ ပြီးသွားရင်တော့ ခင်ဗျားတို့ကို ပြန်လာခေါ်ပါ့မယ်" လို့ ပြောလိုက်တယ်။
ဗိုလ်ချုပ်က စွန့်ပစ်ထားသော အဆောက်အဦးကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။ ဆယ်မိနစ်အကြာတွင်မှ ချင်လူဇီက အဖွဲ့သားများနှင့်အတူ ပြန်ထွက်လာခဲ့သည်။
"ကပ္ပတိန်၊ အဆောက်အဦးက ရှင်းပြီးပါပြီ" ဟု သူက အစီရင်ခံတယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး “ဗိုလ်ချုပ်ကြီး၊ ခင်ဗျားတို့အဖွဲ့က အထဲမှာပဲနေသင့်ပြီး မလိုအပ်ရင် အပြင်မထွက်ပါနဲ့” လို့ ပြောလိုက်တယ်။
"ငါ နားလည်ပါတယ်" လို့ ဗိုလ်ချုပ်က တည်ငြိမ်စွာ ပြန်ဖြေသည်။
ထို့နောက် ကျင်းရွှီယန်းက သူ့အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကားဆီပြန်သွားတော့ အခြားသူများကလည်း အနောက်ကနေ လိုက်ထွက်လာကြသည်။ ခရီးသည်ထိုင်ခုံတွင်ထိုင်နေသော ကျိူးလီဇီက မျက်လုံးများကို မှိတ်ကာ အနောက်သို့မှီလိုက်တယ်။
သူမက ခေါင်းဆောင်များကို ဂရုမစိုက်ပါဘူး။ ထိုအချိန်တွင်တော့ သူမသည် သူမရဲ့ဝိညာဉ်ရေးနေရာလွတ်ထဲတွင်ရှိနေပြီး သူမရဲ့အသိစိတ်ကို အသုံးပြု၍ ကန်ရေဖြင့် ဆေးဖက်ဝင်အပင်များကို ရေလောင်းနေခဲ့သည်။
နာရီဝက်အကြာတွင် ချင်လူဇီရဲ့အသံက ဝေါ်ကီတော်ကီမှတစ်ဆင့် ထွက်ပေါ်လာပြီး “ကပ္ပတိန်၊ ဖုတ်ကောင်တွေက အရှေ့မှာ ရှိနေပြီ” ဟုသတင်းပို့လာသည်။
"ဒီကနေ ခြေလျင်ဆက်သွားမယ်" ဟု ကျင်းရွှီယန်းက ပြန်ပြောလိုက်တယ်။
ကားတွေကို လမ်းဘေးမှာ ရပ်လိုက်ကြတယ်။ အားလုံးကဆင်းပြီးသွားတဲ့အခါကြမှ ကျိူးလီဇီက သူတို့ရဲ့ သံချပ်ကာယာဉ်တွေနှင့် ကုရှကျယ်တို့ရဲ့ကားတွေကို သူမရဲ့နေရာလွတ်မှာ သိမ်းထားလိုက်တယ်။
မထွက်ခွာခင်မှာ ကျင်းရွှီယန်းက “ကုရှကျယ် မင်းနဲ့ မင်းရဲ့ရည်းစားက ကလေးတွေနဲ့အတူ အဖွဲ့ရဲ့အလယ်မှာ နေရမယ်။ ငါ့အမိန့်မရှိရင် မင်းတို့ထဲက ဘယ်သူကမှ အဖွဲ့ကနေ ထွက်သွားခွင့်မရှိဘူး” လို့ ပြောလိုက်တယ်။
သူတို့ရဲ့စမ်းသပ်မှုက စတင်ပြီဆိုတာကို သဘောပေါက်တဲ့အခါ ကုရှကျယ်နှင့် သူ့အဖွဲ့က တစ်ပြိုင်နက်တည်းပြန်ဖြေခဲ့ကြတယ် "နားလည်ပါပြီ"
သူတို့ကို အလယ်ဗဟိုတွင် နေရာပေးပြီး ချင်လူဇီနှင့် ဝိန့်ညီအစ်ကိုတို့က ရှေ့တန်းတွင် အဖွဲ့ကို ဦးဆောင်ကာ ကျိူးလီဇီနှင့် ကျင်းရွှီယန်းတို့ကတော့ ရုတ်တရက်ကြီးဖြစ်ပေါ်လာမယ့် ခြိမ်းခြောက်မှုများကို ကာကွယ်ရန်အတွက် နောက်တန်းတွင် နေရာယူခဲ့ကြသည်။ ကျန်အဖွဲ့ဝင်များကတော့ ဘေးဘက်တွင် နေရာယူထားကြသည်။
မိနစ်နှစ်ဆယ်ကြာပြီးအချိန်တွင်တော့ သူတို့ရှိရာနေရာနှင့် သိပ်မဝေးလှသောနေရာတွင် ဇွန်ဘီများရဲ့ ဟိန်းဟောက်သံကို ကြားလိုက်ရတယ်။ ကျင်းရွှီယန်းက ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေရင်းနှင့် အသံကိုလည်းသေချာနားထောင်ကာ “ဇွန်ဘီအုပ်ကြီးက နယ်စပ်ကို တကယ်ပဲရွေ့လာနေပြီ။ ဝိန့်မို၊ ဝိန့်ခ်ိုင် လမ်းကို ပိတ်ဆို့လိုက်” ဟု ပြောလိုက်သည်။
"နားလည်ပါပြီ"
အမိန့်ကိုလက်ခံရရှိပြီးနောက်မှာတော့ နှစ်ယောက်သားက လက်ဖဝါးနှစ်ဖက်ကို မြေပြင်ပေါ်သို့ ဖိချလိုက်ကြသည်။ နောက်တစ်ခဏတွင်တော့ သတ္တုနံရံတစ်ခုက မြင့်တက်လာသည်။ နံရံက မြင့်မားလာသလို တစ်ဖက်တစ်ချက်စီသို့လည်း ပြန့်သွားတယ်။
ကုရှကျယ်နှင့် သူ့အဖွဲ့ကတော့ အံ့အားတကြီးနှင့် မယုံနိုင်စွာဖြင့် မျက်လုံးပြူးပြူးကျယ်ကျယ်တွေနဲ့ ကြည့်နေကြသည်။
ဝိန့်ညီအစ်ကိုတွေရဲ့စွမ်းရည်ကို သူတို့က အံ့ဩနေကြချိန်တွင် ဝိန့်မိုနှင့် ဝိန်ခိုင်တို့ကတော့ စွမ်းရည်များကို ပေါင်းစည်း၍ အမြင့်ဆုံး အကျိုးသက်ရောက်မှု ရရှိနိုင်မည့် နည်းလမ်းကို ရှာတွေ့ပြီးသားဖြစ်သည်။
မြေဆီလွှာထဲမှာက သတ္တုရှိနေပြီး ဝိန့်ခိုင်က သတ္တုတွေထပ်ထည့်လိုက်တဲ့အခါမှာ ဝိန့်မိုက ရှိပြီးသားသတ္တုနှင့် ထပ်ထည့်ထားတဲ့သတ္တုကိုပေါင်းပြီး သတ္တုနံရံကိုဖန်တီးနိုင်တယ်။
သုံးမီတာအမြင့်၊ နှစ်မီတာထူပြီး မီတာ ၂၀၀ ကျော် ရှည်လျားသော နံရံတစ်ခုကို တည်ဆောက်ပြီးတဲ့နောက်တောင်မှ သူတို့ကမောပန်းနွမ်းနယ်သည့် လက္ခဏာမပြကြပေ။
ဆယ်မိနစ်အကြာတွင်တော့ ဝိန့်ညီအစ်ကိုတွေဟာ သူတို့ရဲ့အိတ်ကပ်ထဲမှ ရွှေရောင်အမြုတေများကို ထုတ်ယူပြီး နံရံကို ဆက်လက်တည်ဆောက်နေစဉ်တွင်ပဲ စွမ်းအင်ကို စုပ်ယူကြသည်။
ဖုတ်ကောင်အုပ်စုဟာ ၂၀၀,၀၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းထားတာကြောင့် နံရံကို မီတာ ၅၀၀ အထိ တိုးချဲ့ပြီး ပိတ်ဆို့ထားလိုက်တယ်။
မိနစ်နှစ်ဆယ်အကြာ နောက်ဆုံးတွင်မှ သူတို့က ထရပ်ပြီး “ကပ္ပတိန် ပြီးပါပြီ” ဟု အစီရင်ခံကြသည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး သူ့ချစ်သူရဲ့ခါးကို လက်တစ်ဖက်နဲ့ပွေ့လိုက်ကာ နံရံထိပ်ကို ခုန်တက်လိုက်သွားလိုက်သည်။ ဒါကိုမြင်တော့ ကျန်တဲ့အဖွဲ့ဝင်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် ခုန်တက်သွားကြတယ်။
နံရံအောက်မှာရပ်နေတဲ့ ကလေးတွေကိုတော့ တစ်ယောက်ပြီးတစ်ယောက်ချီကာ ကုရှကျယ်နှင့် ရုန်မိုအာတို့ကတော့တင်ပေးလိုက်ကြတယ်။ နံရံပေါ်ရောက်သွားတဲ့အခါမှာမှ အဝေးဆီက အနက်ရောင်အစက်လေးတွေကို မြင်လိုက်ရသည်။
ဇွန်ဘီအရေအတွက် များပြားလာတာကို မြင်လိုက်ရတော့ ကလေးတွေရဲ့မျက်နှာတွေက ဖြူဖျော့သွားပြီး ကြောက်ရွံ့တုန်လှုပ်သွားကြတယ်။
သူတို့ရဲ့ကြောက်ရွံ့မှုကို သတိပြုမိတဲ့ ကျိူးလီဇီက "စိတ်မပူပါနဲ့။ သူတို့ကို မသတ်နိုင်ရင်တောင် ဒီမှာနေနေသရွေ့ မစားခံရဘူး" လို့ ပြောလိုက်တယ်။
ဖုလိန်ကျန်းကတော့ သူမရဲ့ စကားကို ကြားပြီးတဲ့နောက်မှ ခေါင်းမာစွာနဲ့ ပြန်ပြောတယ်"ကျွန်တော်က သူတို့ကို သတ်ပစ်မယ်"
သူ့မျက်လုံးထဲက စိတ်ပိုင်းဖြတ်မှုတွေကိုမြင်တော့ ကျိူးလီဇီက “တိုက်ပွဲက ရှည်လိမ့်မယ်။ မောပန်းနေရင် အနားယူလိုက် ကြာရှည်တဲ့တိုက်ပွဲတွေမှာ စွမ်းအင်ကိုသာ အလွန်အကျွံသုံးမိရင် အသုံးမဝင်တဲ့သူ ဖြစ်သွားလိမ့်မယ်” လို့ ပြောလိုက်တယ်။
သူမ စကားဆုံးချိန်မှာပဲ ချင်လူဇီက “သူတို့ရောက်ပြီ” ဟု အော်ပြောလာသည်။
ထို့နောက်မှာတော့ သူက နံရံပေါ်မှခုန်ချကာ ဇွန်ဘီများဆီသို့ ပျံသန်းသွားတယ်။ ဒါကိုမြင်သောအခါ ကုရှကျယ်နှင့် သူ့အဖွဲ့သားတွေ အံ့အားသင့်သွားကြပြန်သည်။
"အစ်ကိုရှကျယ် သူက ပျံနေတယ်" ရှူဒန်ယူက အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
ရှောင်ချီက သူ့မေးစေ့ကို ဂုဏ်ယူစွာမြှောက်ပြီး "ပျံသန်းတာက အစ်ကိုလူဇီရဲ့ အရည်အချင်းတစ်ခုပဲ။ ငါတို့က ဘာတွေထပ်လုပ်နိုင်လဲဆိုတာကိုသ မင်းမြင်ရင် အံ့သြမသွားပါနဲ့" လို့ ပြောလိုက်တယ်။
သူ့စကားဆုံးမှာပဲ ချင်လူဇီက ဇွန်ဘီအုပ်အထက်မှာ ဝဲပျံနေတာကို သူတို့အားလုံးကမြင်လိုက်ရတယ်။
" ဘုန်း ဘုန်းး ဘုန်းး ဘုန်းး "
နောက်တစ်ခဏအတွင်းမှာပဲ ပေါက်ကွဲမှုတွေက ဆက်တိုက်ဖြစ်ပွားပြီး ဇွန်ဘီအုပ်စုကို ချက်ချင်းပဲစတင်သတ်ဖြတ်လိုက်သည်။
"ရားးး"
ဆူညံသံကြောင့် ဇွန်ဘီအုပ်ကြီးက လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ဖြည်းဖြည်းချင်း မလှုပ်ရှားကြတော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ဇွန်ဘီအုပ်ကြီးပ အရှေ့သို့ အပြေးလွှားလာနေကြတယ်။ ဒါကိုမြင်တော့ ချင်လူဇီက နံရံဆီသို့ ပြန်လာသည်။
" ဘုန်း ဘုန်း ဘုန်းး "
နံရံပေါ်ကို သူဆင်းလာတဲ့အခါမှာပဲ သူ့လက်ချောင်းတွေကို လှုပ်ရှားလိုက်တော့ သူ့အနောက်မှာ ပေါက်ကွဲမှုတွေ ထပ်ပြီး ထွက်ပေါ်လာတယ်။ နံရံပေါ်မှာ ရပ်လိုက်ပြီး “ဒီဇွန်ဘီတွေက နှေးလွန်းတယ်၊ ဒါကြောင့် ငါကသူတို့ကို ဆွဲဆောင်ရတယ်” လို့ ပြောလိုက်တယ်။
ရှောင်ချီက ရယ်ပြီး “အစ်ကို လူဇီ၊ မင်းက အတော်ဆုံးပဲ” လို့ ပြောလိုက်တယ်။
"ရားးး"
ဇွန်ဘီများက သတ္တုနံရံရဲ့ဧရိယာမှ ငါးမီတာအကွာအတွင်းတွင် ရောက်ရှိနေပြီဖြစ်သောကြောင့် အဖွဲ့က သူတို့ရဲ့ လေသေနတ်များကို ထုတ်ယူကာ ပစ်ခတ်ကြသည်။
"ပေါက် ပေါက် ပေါက်"
" ခရစ် ခရက် ခရစ် "
ဒါကိုမြင်တော့မှ ကုရှကျယ်လည်း ကြောင်အအဖြစ်နေရာကနေ လန့်နိုးလာကာ "အားလုံးပဲ အနီးအနားကဖုတ်ကောင်တွေကို သတ်ဖို့အာရုံစိုက်ကြ" လို့ ပြောလိုက်တယ်။
"ဟုတ်ကဲ့ အစ်ကို" ကလေးများက တညီတညွတ်တည်း ပြန်ဖြေကြသည်။
တိုက်ပွဲစတင်နေတဲ့အချိန်မှာ လီချီရွှမ်ကတော့ ချင်လူဇီကို တွေးတောစွာကြည့်နေခဲ့သည်။ လေအမျိုးအစားစွမ်းရည်အသုံးပြုသူတစ်ဦးက ဤမျှအစွမ်းထက်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ဘူး။ ထိုသူက လက်ချောင်းကိုတစ်ချက်လှုပ်ရှားရုံဖြင့် ဇွန်ဘီများစွာကို သတ်နိုင်ခဲ့တယ်။
လီချီရွှမ်က ငြိမ်ငြိမ်လေးရပ်နေတာကို သတိထားမိတော့ ချန်ကျိရိက သူ့ကို တွန်းပြီးပြောလိုက်တယ် "ညီလေးလီ၊ မင်းက အဲဒီမှာ ကြောင်အအနဲ့ ဘာလုပ်နေတာလဲ။ ဇွန်ဘီသတ်တာကို မစရင် နောက်ကြ အဝတ်လျှော်ရတဲ့သူက မင်းပဲ”
အခန်း-(၂၇၉)
ချန်ကျိရိရဲ့စကားတွေကိုကြားတော့ လီချီရွှမ်က သူ့ရဲ့ လေသေနတ်တွေကိုဆွဲထုတ်ပြီး ပစ်ခတ်ရင်း မေးလိုက်တယ် "ဟမ်.. ဘာကိုဆိုလိုတာလဲ"
"ဒီမနက်က ငါတို့ရဲ့ အလောင်းအစားကို မေ့သွားပြီလား ၊ ဇွန်ဘီကို သတ်နိုင်တာ အနည်းဆုံးသူက လူတိုင်းရဲ့ အဝတ်အစားတွေကို သုံးရက်လျှော်ရမယ်" လို့ ချန်ကျိရိက သူ့ကို သတိပေးလိုက်သည်။
"အဲဒါက တကယ်ကြီးလား" လီချီရွှမ်က မျက်ခုံးပင့်ကာ မေးလိုက်တယ်။
"ဟုတ်တယ်" ဟု ချန်ကျိရိကလည်း ရိုးရ်ိုးသားသားပဲ ပြန်ဖြေလိုက်သည်။
အဖွဲ့ဝင်တွေက ဇွန်ဘီတွေကို လေသေနတ်တွေနှင့် သတ်နိုင်ပေမယ့် ဖုတ်ကောင်အရေအတွက်က အရမ်းများလွန်းတာကြောင့် တစ်နာရီအကြာမှာပဲ ဇွန်ဘီတွေက နံရံအပေါ်ကိုတက်လာကြပါတယ်။
နံရံရဲ့အောက်က ဇွန်ဘီတွေရဲ့ အလောင်းက ပိုပိုပြီး ပုံလာကာ ဇွန်ဘီတွေကလည်း ထိုအလောင်းတွေအပေါ်နင်းပြီး လက်တွေကို အပေါ်ဆန့်ကာ ဟိန်းဟောက်ကြတယ်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက လက်ကိုမြှောက်ပြီး ဧရာမအနက်ရောင်မီးလုံးကြီးကို ဇွန်ဘီအုပ်ထဲ ပစ်ချလိုက်တယ်။
" ဘုန်းးး"
မီးလုံးက ပေါက်ကွဲပြီး ဇွန်ဘီအုပ်စုကြီးတစ်စုကို အပိုင်းပိုင်းအစစကွဲထွက်သွားစေသည်။ သူ့ရဲ့စွမ်းအင်ကို အသုံးပြုပြီး အနက်ရောင်မီးလျှံကိုထိန်းချုပ်ကာ ပတ်ဝန်းကျင်က ဇွန်ဘီတွေဆီကို ပျံ့နှံ့သွားစေလိုက်တယ်။
ထိတွေ့မိတဲ့ဇွန်ဘီတိုင်းကို လောင်ကျွမ်းစေလိုက်တဲ့ အနက်ရောင်မီးတောက်ကဘယ်လိုတောင် အသက်ဝင်သလဲဆိုတာကို သတ္တုနံရံထိပ်မှာရပ်နေတဲ့ လူတိုင်းကမြင်ကြတယ်။
မိနစ်အနည်းငယ်အတွင်းမှာပဲ နံရံအောက်က ဇွန်ဘီ အလောင်းတွေအားလုံးနှင့် နံရံရဲ့မီတာနှစ်ဆယ်အတွင်းက ဇွန်ဘီတွေအားလုံးက ပြာကျသွားပြီး တောက်ပနေတဲ့ အမြုတေတွေသာ ကျန်ခဲ့သည်။
ဇွန်ဘီများကို မီးရှို့ပြီးတဲ့နောက်မှာတော့ ကျင်းရွှီယန်းက သူ့ချစ်သူရဲ့လက်ကိုဆုပ်ကိုင်ပြီး သူရဲ့အနက်ရောင်မီးလျှံ လောင်ကျွမ်းရာမှ စုပ်ယူထားသောစွမ်းအင်ကို သူမထံ လွှဲပြောင်းပေးလိုက်သည်။
ကျိူးလီဇီက သူမရဲ့စွမ်းရည်ကို အသုံးမပြုတဲ့အတွက် သူမရဲ့စွမ်းအင်တွေက အပြည့်အဝရှိနေဆဲပါ။ သူမရဲ့ချစ်သူဆီကနေ စွမ်းအင်တွေဖြည့်သွင်းပေးခံရတဲ့အချိန်မှာတော့ သူမရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက ဖောင်းပွလာပြီး ပြည့်လျှံလုနီးပါးဖြစ်သွားတာကို ခံစားလိုက်ရတယ်။
စွမ်းအင်လျှံကျမှုကြောင့်ဖြစ်လာတဲ့ဝေဒနာကို သူမ မခံစားနိုင်မီတွင်ပဲ သူမရဲ့အာကာသနေရာလွတ်က ရုတ်တရက်ကြီး တုန်ခါသွားပြီး ကျင်းရွှီယန်းထံမှလာသော စွမ်းအင်အားလုံးကိုလည်း သူမရဲ့နေရာလွတ်က စုပ်ယူလိုက်သည်။
အံ့အားသင့်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အလင်းတစ်ချက်က သူမရဲ့မျက်လုံးထဲမှာ လင်းလက်သွားသည်။ စိတ်အာရုံဖြင့် အာကာသကို စစ်ဆေးလိုက်ချိန်မှာတော့ အေးစက်သည့် စွမ်းအင်များက ရေကန်၊ အမည်းရောင်မြေဆီလွှာ၊ မြက်ခင်းနှင့် မိုးကောင်းကင်အထိ စိမ့်ဝင်ပျံ့နှံ့နေတာကို တွေ့လိုက်ရတယ်။
စွမ်းအင်ကို စုပ်ယူလိုက်ပြီးတဲ့နောက်တော့ သူမရဲ့နေရာလွတ်ရဲ့နယ်နိမိတ်ကို ဖုံးအုပ်ထားသော မြူခိုးများဟာ အနောက်သို့ တွန်းပို့ခံလိုက်ရပြီး ပိုဝေးသွားလေသည်။
ခေါင်းမော့ကာကြည့်လိုက်တော့ ကောင်းကင်ကိုဖုံးလွှမ်းနေတဲ့ မြူတွေလည်း ပျောက်ကွယ်သွားသလို အရင်က မှိန်ဖျော့နေတဲ့ အလင်းရောင်ကလည်း ပိုမိုတောက်ပလာတာကို သတိထားမိလိုက်တယ်။ တိမ်ထူထူကောင်းကင်က တဖြည်းဖြည်း ကြည်လင်လာသလိုပါပဲ။ အခုဆို လေပြည်လေညှင်းကိုတောင် သူမက ခံစားနိုင်ပါပြီ။
အချိန်အတော်ကြာ ကုန်ဆုံးသွားပြီလို့ သူမက ခံစားရပေမယ့် တကယ်တမ်းကျတော့ နှစ်မိနစ်ပဲ ရှိသေးတယ်။
သူ့ချစ်သူမိန်းကလေးက အဲဒီမှာပဲ ကြောင်အအနဲ့ ရုတ်တရက်ကြီးရပ်နေတာကို သတိထားမိတော့ ကျင်းရွှီယန်းကစိုးရိမ်တကြီး မေးလိုက်တယ် "အာဇီ၊ ဘာဖြစ်တာလဲ"
သူ့အသံကိုကြားတော့မှ သူမက အတွေးတွေကိုရပ်လိုက်ပြီး "အစ်ကိုယန်း ကျွန်မကို စွမ်းအင်တွေ ပိုလွှဲပေးနိုင်မလား" လို့ မေးလိုက်တယ်။
ဒါကိုကြားလိုက်တော့ "အာ့ဇီ မင်းကစွမ်းအင်ကို မသုံးဘူးလေ ကိုယ်ကမင်းဆီကို စွမ်းအင်တွေဆက်ပို့နေရင် လျှံကျပြီး ပေါက်ကွဲသွားလိမ့်မယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို သတိထားမိတော့ သူ့ရဲ့ကော်လာကနေ ဆွဲလိုက်ပြီး သူမက ခြေဖျားထောက်ကာ သူဆီကိုတိုးကပ်သွားကာ သူ့နားရွက်နားကိုကပ်ပြီး တိုးတိုးလေးပြောလိုက်တယ် "အစ်ကိုယန်း ရှင်လွှဲပြောင်းပေးတဲ့ စွမ်းအင်ကို ကျွန်မရဲ့နေရာလွတ်က စုပ်ယူနိုင်တယ်။ ရှင်ရဲ့စွမ်းအင်ကိုစုပ်ယူပြီးတော့ ကျွန်မရဲ့နေရာလွတ်က ပိုကြီးလာသလိုပဲ"
ဒါကိုကြားတော့ သူကမျက်ခုံးပင့်ပြီး စနောက်သလိုမေးလိုက်တယ် "အာဇီ အဲဒါက မင်း ကိုယ့်ရဲ့ယန်စွမ်းအင်ကို စုပ်ယူတာနဲ့ တူတယ်မဟုတ်လား"
သူ့စကားတွေကို ကြားလိုက်တဲ့အခါမှာတော့ ကလေးတွေအတွက် မသင့်တော်တဲ့ပုံရိပ်တွေက ကျိူးလီဇီရဲ့စိတ်ထဲမှာ ဖျတ်ခနဲ ပေါ်လာတယ်။ သူမရဲ့ပါးတွေက ရဲတက်လာပြီး သူ့ကို စိုက်ကြည့်ကာ "ကျွန်မတို့က တိုက်ပွဲတစ်ခုရဲ့ အလယ်မှာ ရှိနေတယ်လေ ။ ရှင်က ဘာအဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ" လို့ ပြောလိုက်တယ်။
သူ့ရဲ့ချစ်စရာချစ်သူလေးက ပါးလေးတွေရဲနေတာကိုကြည့်ရင်း ကျင်းရွှီယန်းက ရယ်လိုက်ပြီး "ကောင်းပြီ၊ တိုက်ပွဲပြီးရင် ကိုယ်ဆက်ပြောမယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက သူ့ကို မျက်လုံးလိမ့်ပြလိုက်တယ်၊ သူ့ကို ဂရုစိုက်ဖို့ သူမ ပျင်းလွန်းတယ်။
သူ့ချစ်သူက တောင်းဆိုမှုတစ်ခု ပြုလုပ်လာပြီဖြစ်သောကြောင့် ကျင်းရွှီယန်းက မတွန့်ဆုတ်နေတော့ပါဘူး။ သူက အဖွဲ့ဘက်ကိုလှည့်ပြီး “လူတိုင်းက မင်းတို့ရဲ့စွမ်းရည်ကို လေ့ကျင့်ဖို့ အချိန်ရောက်ပြီ” ဟု ပြောလိုက်သည်။
ဒါကိုကြားလိုက်ရတဲ့အချိန်မှာပဲ နတ်ဆိုးအဖွဲ့ဝင်တွေက သူတို့ရဲ့ လေသေနတ်တွေကို သေနတ်အိတ်ထဲပြန်ထည့်ပြီး လက်တွေကို မြှောက်လိုက်ကြတယ်။
သူတို့နှင့် မဝေးလှသောနေရာတွင်ရပ်နေသော ကုရှကျယ်နှင့် သူ့အဖွဲ့ကတော့ သူတို့ကို မျှော်လင့်တကြီးနဲ့ စောင့်ကြည့်နေကြသည်။
နတ်ဆိုးအဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းက အလွန်အားကောင်းတယ်လို့ ကောလာဟလတွေထွက်ပေါ်နေပေမယ့် အခုထိတော့ သူတို့ရဲ့ စစ်မှန်တဲ့စွမ်းအားကို လူအတော်များများက မမြင်ဖူးကြသေးပါဘူး။ အခုတော့ ကောလာဟလတွေက တကယ်ပဲလား၊ ချဲ့ကားပြောဆိုမှုတစ်ခုလားဆိုတာကို သူတို့ နောက်ဆုံးတော့ သိခွင့်ရတော့မယ်။
လူတိုင်းက တိုက်ခိုက်မှုတွေ မစတင်ခင်မှာပဲ ကျိူးလီဇီက လက်ကိုမြှောက်ပြီး ဧရာမရေဘောလုံးကြီးတစ်လုံးကို ဖန်တီးလိုက်သည်။
ဒါကိုမြင်တော့ လီချီရွှမ်က မျက်ခုံးပင့်လိုက်တယ်။ ကမ္ဘာပျက်ပြီးနောက်ပိုင်းတွင် ရေအမျိုးအစားစွမ်းရည်အသုံးပြုသူ အတော်များများနှင့် သူတွေ့ဆုံခဲ့ပြီးပြီဖြစ်ပြီး သူတို့ထဲက ဘယ်သူကမှ တိုက်ခိုက်နိုင်စွမ်း မရှိဘူး။ သူတို့ရဲ့စွမ်းရည်ကို သောက်ရေထောက်ပံ့ပေးဖို့ပဲ အသုံးပြုနိုင်တယ်။
'သူမက အဲဒီရေဘောလုံးကိုသုံးပြီး ဇွနိဘဣတွေကို ရိုက်ဖို့ ရည်ရွယ်ထားတာတော့ မဟုတ်ဘူး မဟုတ်လား' လို့ သူ(လီချီရွှမ်) စိတ်ထဲမှာ တွေးနေမိတယ်။
သူ့နဲ့မဝေးတဲ့နေရာက ဖုလိန်ကျန်းကလည်း ရှုဒန်ယူရဲ့လက်ကိုဆွဲပြီး တိုးတိုးလေးမေးလိုက်တယ်"ဒီအစ်မကြီးက ရေလုံးကြီးနဲ့ ဇွန်ဘီတွေကို ဒဏ်ရာရအောင် လုပ်နိုင်မယ်လို့ ထင်နေတာလား"
"ငါက ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ။ ငါက ရေအမျိုးအစား မဟုတ်ဘဲ အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူပါ" ဟု ရှုဒန်ယူက ပုခုံးတွန့်ရင်း ပြန်ဖြေသည်။
သူ့စကားအဆုံးမှာပဲ ကျိူးလီဇီက ဧရာမရေဘော်လုံးကို ဇွန်ဘီတွေဆီသို့ ပစ်ပေါက်လိုက်သည်။ ရေဘော်လုံးကြီးက မြန်ဆန်သောအမြန်နှုန်းဖြင့် ပျံသန်းသွားပြီး သူမက လက်ကိုဝှေ့ယမ်းလိုက်သောအခါမှာတော့ ရေဘောလုံးက လေထဲတွင် ပေါက်ကွဲသွားသည်။
ပေါက်ကွဲအားကြောင့် ၎င်းရဲ့အောက်ရှိ ဇွန်ဘီအုပ်စုတစ်စုက သေဆုံးသွားခဲ့သည်။ အားလုံးက သူမရဲ့တိုက်ခိုက်မှု ပြီးဆုံးသွားပြီဟု ထင်မြင်ယူဆလိုက်ကြသောအခါတွင်ပဲ မရေမတွက်နိုင်သော လေထဲတွင်ပျံဝဲနေတဲ့ ရေလုံးငယ်လေးများဟာ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ရေခဲအပ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူမရဲ့လက်များကို ထပ်မံဝှေ့ယမ်းလိုက်သောအခါမှာပဲ ရေခဲအပ်များက ပတ်ဝန်းကျင်ရှိ ဇွန်ဘီများဆီသို့ ပျံသန်းသွားပြီး ၎င်းတို့၏ ဦးခေါင်းခွံများနှင့် ခန္ဓာကိုယ်များကို ထိုးဖောက်သွားကြသည်။
" ခရစ်ပ် ခရက် ခရစ်ပ် "
"ရားးးး"
သုံးမိနစ်တောင်မပြည့်သေးတဲ့အချိန်မှာ သူမက ဇွန်ဘီရာပေါင်းများစွာကို သတ်ပစ်လိုက်တာကြောင့် လီချီရွှမ်၊ ကုရှကျယ် နှင့် သူ့အဖွဲ့သားတွေက အံ့အားသင့်သွားကြပါတယ်။
သူမရဲ့ ကျွမ်းကျင်မှုအသစ်များအားစမ်းသပ်မှုက သူမရဲ့အဖွဲ့ကို အံ့အားသင့်စေခဲ့ကြောင်းကို မသိဘဲ၊ ကျိူးလီဇီကတော့ ဇွန်ဘီများကို သတ်နေစဉ်တွင် သူမရဲ့ ရေခဲအပ်များကို ဆက်လက်ထိန်းချုပ်ခဲ့သည်။
ဇွန်ဘီတွေရဲ့အလောင်းက ထပ်ပြီးစုပုံလာတာကိုမြင်တော့ ကျင်းရွှီယန်းက သူ့ရဲ့ အနက်ရောင်မီးတောက်ကိုသုံးပြီး သူတို့ကို လောင်ကျွမ်းစေလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်ထဲကို စုပ်ယူလိုက်တဲ့ စွမ်းအင်မိားအား သူ့ချစ်သူဆီ ပြန်လွှဲပြောင်းပေးသည်။