အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
အခန်း-(၂၈၃)
ဝေယင်းက ပုံစံကို ပြီးအောင်ဖြည့်လိုက်ပြီးနောက်မှာ စစ်သားကို ပြန်ပေးလိုက်သည်။ ထို့နောက် သူ့ကျောပိုးအိတ်ထဲမှ အမြုတေ ၂၃ ခုကို ထုတ်ယူပြီး "ငါတို့အသင်းမှာ အဖွဲ့ဝင် ၂၃ ယောက်ရှိတယ်။ ဒီမှာ မှတ်ပုံတင်ကြေးနဲ့ အပိုတံဆိပ်တွေအတွက် ပေးချေမှုပါ" ဟု ပြောလိုက်သည်။
စစ်သားက ငွေပေးချေမှုကို လက်ခံပြီး ဖောင်ကို စစ်ဆေးလိုက်တယ်။ ခဏအကြာမှာ သူက "ကပ္ပတိန်ဝေ၊ တံဆိပ်တွေက မနက်ဖြန် သဘက်ခါမှာ အဆင်သင့်ဖြစ်ပါလိမ့်မယ်။ မှတ်ပုံတင်ကတ်တွေအတွက်ကတော့ ဒီမှာစောင့်ပါ။ တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက်အတွင်း အဆင်သင့်ဖြစ်ပါလိမ့်မယ်" လို့ ပြောပါတယ်။
"ရဲဘော်၊ ဒီမှတ်ပုံတင်ကတ်တွေက ဘာအတွက်လဲ" ဟု ဝေယင်းက မေးလိုက်သည်။
အခြေစိုက်စခန်းရဲ့စနစ်ကို လူတိုင်းမသိကြဘူးဆိုတာကို သိလိုက်ရတဲ့အခါ စစ်သားက ပြုံးပြီး “ကပ္ပတိန်ဝေ၊ မင်းရဲ့အသင်းကို မှတ်ပုံတင်တဲ့အခါ မင်းရဲ့အဖွဲ့က အခြေစိုက်စခန်းကအဖွဲ့ဝင်ဖြစ်ကြောင်း သက်သေပြတဲ့ မှတ်ပုံတင်ကတ်တွေ ရလိမ့်မယ်” လို့ ရှင်းပြလိုက်တယ်။
"ဒီကတ်တွေမှာ မင်းရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေပါဝင်ပြီး ကမ္ဘာပျက်မတိုင်မီက ATM ကတ်ဟောင်းတွေလိုပဲ လုပ်ဆောင်ပေးပါလိမ့်မယ်။ မစ်ရှင်တွေပြီးမြောက်တဲ့အခါ မင်းရဲ့အမှတ်ဆုလာဘ်တွေကို မင်းရဲ့ ID ကတ်မှာသိမ်းဆည်းထားပြီး အခြေစိုက်စခန်းအတွင်း ဝယ်ယူမှုတွေအတွက် အသုံးပြုနိုင်ပါတယ်"
ပြီးတော့ သူက စာအုပ်ထူထူတစ်အုပ်ကို ထုတ်ယူပြီး “ဒါက အမှတ်တွေနှင့် လဲလှယ်နိုင်တဲ့ ပစ္စည်းစာရင်းပါ” လို့ ပြောတယ်။
စပ်စုချင်စိတ်နဲ့ ဝေယင်းက စာအုပ်ကို လှန်ကြည့်လိုက်တယ်။ အစားအစာ၊ ရေနှင့် ဆေးဝါးတွေလို မရှိမဖြစ်ပစ္စည်းတွေအပြင် နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေ၊ သန့်ရှင်းရေးပစ္စည်းတွေ၊ လက်နက်တွေနှင့် မုန့်တွေတောင် ပါသေးတယ်။
အမှတ်များကို အမြုတေများနှင့်လည်း လဲလှယ်နိုင်ပြီး အခြေစိုက်စခန်းပြင်ပသို့ ခရီးသွားသည့်အခါ ပိုမိုအဆင်ပြေတယ်။ အခြေစိုက်စခန်းရဲ့ အမှတ်စနစ်သည် စခန်းအတွင်းပိုင်းတွင်သာ အကျုံးဝင်ပြီး အခြားနေရာများတွင်တော့ အမြုတေများကသာ စံငွေကြေးအဖြစ် ရှိနေဆဲဖြစ်သည်။
သူ စာရွက်ကိုဆက်လှန်နေပြီး အိမ်ရာနှင့်ပတ်သက်တဲ့စာမျက်နှာမှာ ရပ်လိုက်တယ်။ ခဏဖတ်ပြီးတဲ့နောက်မှ "ရဲဘော်၊ ငါတို့လည်း အိမ်ဝယ်လို့ရမလား" လို့ မေးလိုက်တယ်။
စစ်သားက ခေါင်းညိတ်ပြီး “ လက်ရှိမှာတော့ ကျွန်တော်တို့က အခြေစိုက်စခန်းကို တိုးချဲ့နေပါတယ်။ လောလောဆယ်မှာတော့ ငှားဖို့ ဒါမှမဟုတ် ဝယ်ယူဖို့ ရရှိနိုင်တဲ့ တိုက်ခန်းတွေ၊ အိမ်တွေနှင့် ဗီလာတွေ ရှိပါတယ်။ အနာဂတ်မှာတော့ တိုက်ခန်းတွေ မတတ်နိုင်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ပေးဖို့ စီစဉ်ထားပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။
ဒါကိုကြားတော့ လင်းယုန်အဖွဲ့သားတွေ အံ့အားသင့်သွားကြတယ်။ ရွှီချွန်းက အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဆိုတာ သူတို့ အမြဲသိခဲ့ပေမယ့် ဒီလောက်အထိ အမြော်အမြင်ရှိလိမ့်မယ်လို့တော့ မမျှော်လင့်ထားမိဘူး။
ဤအမှတ်ပေးစနစ်ဖြင့်ဆိုရင် အခြေစိုက်စခန်းက ကမ္ဘာပျက်ကပ်မတိုင်မီခေတ်နှင့်ဆင်တူသော လူ့အဖွဲ့အစည်းတစ်ခုကို တဖြည်းဖြည်းပြန်လည်တည်ဆောက်နိုင်သွားလိမ့်မယ်။ အဆင့်သတ်မှတ်ထားသော မစ်ရှင်တွေနှင့်ဆို သာမန်လူတောင် အမှတ်တွေရရှိနိုင်သည်။ ၎င်းက ရာဇဝတ်မှုများကို လျှော့ချပေးပြီး ဘဝရဲ့အရည်အသွေးကို မြှင့်တင်ပေးလိမ့်မည်။
အမြုတေများနှင့် အမှတ်များရဲ့ လဲလှယ်မှုတန်ဖိုးကို ရှင်းပြပြီးနောက် စစ်သားက စာအုပ်ငယ်တစ်အုပ်ကို ပေးကာ “ရဲဘော်၊ ဒီထဲမှာ အခြေစိုက်စခန်းရဲ့ စည်းမျဉ်းတွေနဲ့ ပြစ်ဒဏ်တွေ ပါဝင်တယ်။ ချိုးဖောက်မှုတွေနဲ့ ပြစ်ဒဏ်တွေကို ရှောင်ရှားဖို့ သေချာ ဖတ်ပါ” ဟု ပြောလာသည်။
ဝေယင်းက စာအုပ်ငယ်ကို လက်ခံလိုက်ပြီး “ကျေးဇူးတင်ပါတယ် ရဲဘော်” ဟု ပြောသည်။
လင်းယုန်အဖွဲ့က ၎င်းတို့ရဲ့ မှတ်ပုံတင်ကတ်များကို စောင့်ဆိုင်းနေစဉ်တွင် ခေါင်းဆောင်များကတော့ လင်အန်းမြို့နယ်စပ်အနီးရှိ ဟိုတယ်ငယ်လေးတစ်ခုတွင် ညစာစားနေကြသည်။
သူတို့က အစာခြောက်တွေကို စားနေတုန်း ပြတင်းပေါက်ကနေ အပြင်ဘက်ကိုငေးကြည့်နေမိတယ်။ ဒီလောက်ဝေးတဲ့နေရာကနေတောင် ဇွန်ဘီတွေရဲ့ ဟိန်းဟောက်သံတွေနှင့် တိုက်ခိုက်သံတွေကို ကြားနေရတယ်။ တစ်ခါတစ်ရံမှာဆို မြေပြင်ကတုန်ခါသွားပြီး အဝေးကနေ တောက်ပတဲ့ အလင်းရောင်တွေလည်း လင်းလက်လာတယ်။
ကမ္ဘာပျက်ကပ်စတင်ကတည်းက သူတို့အများစုဟာ စခန်းထဲမှာပဲနေခဲ့ကြပြီး စားပွဲနောက်ကွယ်ကနေ အမိန့်ပေးနေခဲ့ကြတာပါ။ ဇွန်ဘီတွေကို တိုက်ခိုက်ဖို့ သူတို့ကမထွက်ခဲ့ကြဘူး။ သူတို့စခန်းက ထွက်လာတဲ့အခါမှာတောင် စစ်သားတွေက အစောင့်အကြပ်အနေနဲ့ လိုက်ပါလာတာကြောင့် အပြင်က အခြေအနေတွေ ဘယ်လောက်ဆိုးရွားနေလဲဆိုတာကို သူတို့တကယ်နားမလည်ခဲ့ကြပါဘူး။
ယခုအခါတွင်တော့ သူတို့နှင့်အတူ လိုက်ပါလာသော စစ်သားများက နည်းပါးလာပြီး ကမ္ဘာကြီးက မည်မျှအန္တရာယ်များလာကြောင်းကိုလည်း နောက်ဆုံးတော့ သူတို့ သဘောပေါက်လာကြသည်။ စဉ်းစားကြည့်ရင် စခန်းကို စီမံခန့်ခွဲသည့် သူတို့ရဲ့ယခင်နည်းလမ်းက မည်မျှတောင်ချို့ယွင်းခဲ့တယ်ဆိုတာကို စတင်မြင်တွေ့လာကြတယ်။
ခေါင်းဆောင်များက အတွေးနက်ကာ စဉ်းစားနေကြစဉ်တွင် အနီးနားရှိ စစ်သားများကတော့ အဝေးရှိ ဇွန်ဘီအုပ်စုကို စိုက်ကြည့်နေကြသည်။
တက်ကြွသောစစ်သားများအနေနှင့် သူတို့ဟာ တိုက်ပွဲတွင်ပါဝင်နိုင်ရန် တောင့်တခဲ့ကြသည်။ သို့သော် ခေါင်းဆောင်များကို လိုက်ပါပို့ဆောင်ရန် အမိန့်ပေးခံရသောကြောင့် ၎င်းတို့သည် အမိန့်များကို လိုက်နာ၍ ရပ်ကြည့်နေရုံသာတတ်နိုင်ပြီးပြီး အသုံးမဝင်ဟု ခံစားရကာ စိတ်ထဲတွင်မငြိမ်မသက်ဖြစ်နေကြသည်။
ပြတင်းပေါက်ဘေးတွင် ရပ်နေသော စစ်သားအချို့ကတော့ စစ်တပ်တွင် ဆက်လက်ရှိနေမယ်ဆိုတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းစဉ်းစားနေကြတယ်။ အခြားသူများကတော့ အငြိမ်းစားယူပြီး ကြေးစားစစ်သားများ ဖြစ်လာဖို့ ဆုံးဖြတ်ပြီးပြီဖြစ်သည်။
ပုန်းအောင်းနည်းကိုသာသိပြီး သူများကို ဘာမှမကူညီနိုင်တဲ့ လူတွေကို ဆက်လက်ကာကွယ်မည့်အစား၊ သူတို့ကလိုအပ်နေသူများကိုသာ တတ်နိုင်သမျှ ထွက်သွားကာကူညီလိုကြသည်။
ဤကဲ့သို့လေးလံပြီး တင်းမာနေသောလေထုအောက်တွင် ညက ပိုနက်လာပြီး အနီရောင်လက ကောင်းကင်တွင် မြင့်တက်လာသည်။
ဟိုတယ်မှ ကီလိုမီတာအနည်းငယ်အကွာက ကျင်းရွှီယန်းသည် အနီရောင်လကို မော့ကြည့်လိုက်ပြီး "အားလုံး သတိထားကြ။ ဖုတ်ကောင်တွေက အခုဆို ပိုအားကောင်းလာလိမ့်မယ်" ဟု သူ့အဖွဲ့ကိုလည်းသတိပေးလိုက်သည်။
"နားလည်ပါပြီ"ဟု နတ်ဆိုးအဖွဲ့ဝင်များကလည်း တညီတညွတ်တည်း ပြန်ဖြေကြတယ်။
သူမရဲ့ ချစ်သူဘေးမှာ ရပ်နေတဲ့ ကျိူးလီဇီကတော့ အဖွဲ့ဝင်တွေကို တိတ်တဆိတ် စောင့်ကြည့်နေပြီး သူတို့ကြားမှ မောပန်းနွမ်းနယ်နေတဲ့ လက္ခဏာတွေကို သတိထားမိလိုက်တယ်။ လက်တွေကို ဝှေ့ယမ်းပြီး သူမရဲ့ ရေဓားတွေက စွမ်းအင်တွေကို သူမရဲ့ခန္ဓာကိုယ်ထဲကို ပြန်စုပ်ယူလိုက်သည်။
ကျင်းရွှီယန်းဘက်သို့ လှည့်ပြီး “အစ်ကိုယန်း ကျွန်မ အဖွဲ့ဝင်တွေကို အမြုတေ အစားအစာနှင့် ရေတွေ သွားပေးလိုက်မယ်” ဟု ပြောလိုက်သည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး “ကောင်းပြီ” လို့ ပြန်ဖြေလိုက်တယ်။
"ဘွမ်း"
သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ နောက်ထပ် အနက်ရောင်မီးလုံးတစ်လုံးက အောက်က ဇွန်ဘီတွေဆီကို ပျံသန်းသွားပြီး ပေါက်ကွဲသွားသည်။
ကျိူးလီဇီက ကုရှကျယ်တို့အဖွဲ့ဆီ သွားပြီး "စီနီယာကု မင်းတို့အဖွဲ့က ခဏနားသင့်တယ်။ ဒီလိုပဲ ဆက်တိုက်ခိုက်နေရင် ကလေးတွေ သိပ်ကြာကြာ ခံနိုင်မှာမဟုတ်တော့ဘူး" လို့ ပြောလိုက်တယ်။
သူမက အလိုအလျောက်အပူပေးသည့် အစားအစာအချို့၊ သူမရဲ့ နေရာက ကန်ရေဂါလံများစွာနှင့် အမြုတေတွေကို အိတ်တစ်လုံးနှင့် ထုတ်ယူလိုက်သည်။ အိတ်ကို ကုရှကျယ်ဆီ ပေးပြီး “စီနီယာ၊ မင်းတို့အဖွဲ့စားပြီးရင်တော့ သူတို့ကိုအိပ်ပါစေတော့ ” ဟု ပြောလိုက်သည်။
ကုရှကျယ်က ငြင်းဆန်ရန် ပါးစပ်ဟလိုက်သော်လည်း ရုန်မိုအာက အိတ်ကို ဦးစွာလက်ခံပြီး "ကျေးဇူးတင်ပါတယ် ညီမ" ဟု ပြောလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြပြီး တခြားသူတွေကို ဆက်စစ်ဆေးနေလိုက်တယ်။ ကုရှကျယ်တို့အဖွဲ့နှင့်ယှဉ်ရင် ကျန်တဲ့အဖွဲ့ဝင်တွေက လေ့ကျင့်ထားတဲ့ စစ်သားတွေပါ။
လီချီရွှမ်နှင့် ဖုန်းယွမ်တို့က လေ့ကျင့်ထားတဲ့ စစ်သားများ မဟုတ်သော်လည်း သူတို့ရဲ့ စွမ်းရည်နှင့် ခံနိုင်ရည်မှာ များစွာ ပိုကောင်းသောကြောင့် သူတို့ဟာ မောပန်းနွမ်းနယ်ခြင်း မရှိပေ။
သူမ ဖုန်းယွမ်ကို စစ်ဆေးကြည့်လိုက်တော့ သူက အိပ်ချင်နေပုံရပေမယ့် အရမ်းပင်ပန်းနေတဲ့ပုံ မပေါ်ဘူး။ တိုက်ပွဲထဲ ပြန်မဝင်ခင် ခဏလောက် အိပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။
လီချီရွှမ်အတွက်ကတော့ မောပန်းနွမ်းနယ်နေတဲ့ပုံ မပေါ်ပါဘူး။ တကယ်တော့ သူက အရင်ကထက်တောင် ပိုပြီး တက်ကြွနေပုံရတယ်။ သူမ လျှောက်လာတာကို မြင်တော့ သူက ပြုံးပြီး မေးလိုက်တယ်။ "ညီမလေး၊ မင်းက ငါ့ကို စိတ်ပူပြီး လာကြည့်တာလား"
ကျိူးလီဇီဟာ သူမရဲ့ အရင်ဘဝတုန်းကတည်းက ဒုတိယခေါင်းဆောင်ရဲ့ စနောက်တာကို ကျင့်သားရနေခဲ့တယ်။ ဒါကြောင့် အခုချိန်မှာတော့ ဒီစကားထပ်ကြားပြီးတဲ့နောက်မှာတောင် သူမဟာ ရဟန်းတစ်ပါးလိုပဲ တည်ငြိမ်နေခဲ့တယ်။
အခန်း-(၂၈၄)
ကျိူးလီဇီက နေရာလွတ်ကနေ အစားအစာ၊ ကန်ရေနှင့် အမြုတေတွေကို ထုတ်ယူပြီး လီချီရွှမ်ကိုပေးလိုက်ကာ “အစ်ကို မပင်ပန်းရင်တောင် ခဏနားသင့်တယ်။ ဒီတိုက်ပွဲက ရက်အနည်းငယ်ကြာသွားနိုင်တယ်လေ ဒါကြောင့် အလွန်အကျွံအလုပ်လုပ်ပြီး မေ့မြောမသွားစေနဲ့” လို့ ပြောလိုက်တယ်။
စကားဆုံးတော့ သူမကပြုံးပြီး ကျင်းရွှီယန်းရဲ့ဘေးသို့ ပြန်သွားလိုက်သည်။
သူမရဲ့ကျောကိုကြည့်နေပြီး လီချီရွှမ်က ရယ်လိုက်ကာ အသံ တိုးတိုးနှင့်ပြောလိုက်တယ် "ဒီကောင်မလေးကို ငါ့က အားနည်းတယ်ဆိုပြီး ထင်စေတာက ဘာလဲဆိုတာကို ငါသိချင်တယ်"
သူဒီလိုပြောပြီးတဲ့နောက်မှာပဲ သူ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့ ခေါင်းငုံ့လိုက်တယ်။ အဝတ်အစားဝတ်ထားရင် ပိန်ပိန်ပါးပါးပုံပေါက်ပေမယ့် တကယ်တမ်းကျတော့ သူ့မှာက ကြွက်သားတွေ ထင်ရှားပြီး အဝတ်အစားတွေအောက်မှာ တောင့်တင်းတဲ့ ခန္ဓာကိုယ်ရှိတယ်။ သူ့ရဲ့ အချိုးကျတဲ့ ခန္ဓာကိုယ်အချိုးအစားနှင့်ဆိုရင် အားနည်းတဲ့ပုံ မပေါက်သင့်ဘူး။
ဘာကြောင့် သူက အားနည်းသူဆိုပြီး သူမကိုထင်စေတာလဲဆိုတာကို သူနားလည်အောင် ကြိုးစားနေတုန်းမှာတော့ ကျိူးလီဇီကတော့ ဇွန်ဘီတွေကို ပြန်သတ်နေပြီ။
သူမရဲ့ ရေဓားတွေကို အသုံးပြုပြီး အောက်ကဇွန်ဘီတွေကို ခေါင်းဖြတ်နေတုန်း လီချီရွှမ်ကို လှမ်းကြည့်လိုက်တယ်။ သူ့ရဲ့ ဇဝေဇဝါဖြစ်နေတဲ့ အမူအရာကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူမရဲ့မျက်လုံးတွေက ပျော်ရွှင်မှုတွေနှင့် တောက်ပလို့သွားတယ်။
သူမရဲ့ အရင်ဘဝတုန်းကဆို ဒုခေါင်းဆောင်ရဲ့ စနောက်မှုကို အများကြီးခံခဲ့ရတယ်။ နောက်ပိုင်းမှာမှ စနောက်တာကို ဘယ်လိုတန်ပြန်တိုက်ခိုက်ရမလဲဆိုတာကို သူမ သင်ယူခဲ့တယ်။ အခုဆို ဒုခေါင်းဆောင်နှင့် ယှဉ်လိုက်ရင် သူမကအသက်ပိုကြီးရင့်နေပြီလေ။
မနက်သုံးနာရီလောက်မှာ ဆန့်ကျင်ဘက်အရပ်ကနေ အရိပ်တစ်ခု ရုတ်တရက်ပေါ်လာပြီး ဖုတ်ကောင်အုပ်နှင့် ရောနှောသွားတယ်။
နာရီပေါင်းများစွာ တိုက်ခိုက်နေသော်လည်း ဇွန်ဘီအရေအတွက်က များပြားနေဆဲဖြစ်သည်။
သတ္တုနံရံထိပ်တွင်ရပ်နေရင်း ဇွန်ဘီအုပ်စုရဲ့ အခြေအနေကို စစ်ဆေးရန် စစ်ဘက်မှန်ပြောင်းကို အသုံးပြုနေစဉ်တွင် ဇွန်ဘီများကြား၌ လျင်မြန်သောအမြန်နှုန်းဖြင့် ရွေ့လျားနေသော တစ်စုံတစ်ရာကို ကျင်းရွှီယန်းမြင်လိုက်ရသည်။
ဒါကိုမြင်တော့ သူက "တစ်ခုခုတော့ ဖြစ်တော့မယ်" လို့ ပြောလိုက်တယ်။
သူ့နှင့်မဝေးလှသောနေရာက ချင်လူဇီသည် လေထဲသို့ခုန်ဆင်းကာ ဇွန်ဘီများဆီသို့ ပျံသွားလိုက်တယ်။ မိနစ်အနည်းငယ်အကြာတွင် အနီရောင်အစက်များကြားမှ မြန်ဆန်သောအမြန်နှုန်းဖြင့် ရွေ့လျားနေသော ခရမ်းရောင်အစက်တစ်စက်ကို သူမြင်လိုက်ရတယ်။
ဒါကိုမြင်တော့ သူက နံရံဆီ အမြန်ပြန်သွားပြီး "ကပ္ပတိန် ဒါက မသိနိုင်တဲ့ကိစ္စပါ" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျိူးလီဇီက "အစ်ကိုချင် မင်းရဲ့မြေပုံမှာ မပေါ်ဘူးလား" လို့ မေးလိုက်တယ်။
"အရောင်က ခရမ်းရောင်။ ဒီအရောင်နှင့် တစ်ခုခုကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ" ဟု ချင်လူဇီက ပြန်ဖြေသည်။
"ဘုန်းးးး"
သူဒီလိုပြောပြီး သိပ်မကြာခင်မှာပဲ နံရံကို တစ်စုံတစ်ခုက ဝင်တိုက်မိသွားပြီး မြေပြင်ကတုန်ခါသွားတာကြောင့် အနားယူနေတဲ့ အဖွဲ့ဝင်တွေ လန့်သွားကြတယ်။ ဘာတွေဖြစ်နေလဲဆိုတာကို သူတို့ မစဉ်းစားနိုင်ခင်မှာပဲ အောက်ကနေ အရိပ်တစ်ခု ခုန်တက်လာပြီး ကျင်းရွှီယန်းရှေ့မှာ ပေါ်လာသည်။
"သတိထား" ကျိူးလီဇီက လက်မြှောက်ပြီး အော်ပြောလိုက်တယ်။
ငွေရောင်မျက်ဆန်တစ်ခုပါသည့် အနက်ရောင်မျက်လုံးတစ်စုံနှင့် တွေ့ဆုံလိုက်သည့်အခါတွင်တော့ ရေခဲဒိုင်းကာတစ်ခုရဲ့နောက်တွင် ရပ်နေတဲ့ ကျင်းရွှီယန်းရဲ့ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။
လူတိုင်းက သူတို့ရဲ့ ကပ္ပတိန်နှင့်တူတဲ့ ဖြူဖျော့ဖျော့ လူငယ် လေးကို အံ့အားသင့်စွာ စိုက်ကြည့်နေကြတယ်။
သူမရဲ့ချစ်သူက အာရုံပျံ့လွင့်နေတာကို သတိထားမိတဲ့ ကျိူးလီဇီက ရေဓားတွေကို ထိုလူငယ်ဆီ ပစ်ပေါက်ရင်း အပြေးအလွှား လျှောက်သွားခဲ့တယ်။
"ကလန် ကလန်"
ရေဓားများက မထိလာနိုင်မီတွင်ပဲ လူငယ်လေးက သူ့လက်ဖြင့် တားဆီးလိုက်နိုင်တယ်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါမှာတော့ ရေဓားများက အခြားတစ်ဖက်သို့ လွင့်ထွက်သွားသည်။
ကျိူးလီဇီက သူချစ်သူရဲ့ခါးကိုဖက်လိုက်ပြီး မြေပြင်ကိုကန်ကာ လူငယ်ထံမှ မီတာအနည်းငယ်အကွာသို့ ခုန်ထွက်သွားသည်။ သူတို့ခြေချလို့ပြီးတဲ့နောက်တွင်မှ လူငယ်လေးကို လေ့လာရန် အချိန်ရခဲ့တယ်။
လူငယ်လေးရဲ့ လက်ချောင်းတွေပေါ်က ရှည်လျားချွန်ထက်ပြီး မည်းနက်နေတဲ့ လက်သည်းတွေကို မြင်လိုက်ရတဲ့အချိန်မှာ သူမအံ့အားသင့်သွားတယ်။ သူမရဲ့ အကြည့်ကိုအပေါ်ပို့လိုက်တော့ ငွေရောင်မျက်ဆန်ရှိတဲ့ လူငယ်လေးရဲ့ မျက်လုံးနက်နက်တွေနှင့် ဆုံမိသွားသည်။
သူမက အသက်ကိုပြင်းပြင်းရှူပြီး "သူက လူသားမဟုတ်ဘူး" လို့ ပြောလိုက်တယ်။
"ဒါက ဗီဇပြောင်းလဲထားတဲ့၊ လူတစ်ဝက်နှင့် ဇွန်ဘဣတစ်ဝက်ပဲ" လို့ ကျင်းရွှီယန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူကဘယ်လိုသိလဲဆိုတာကို ကျိူးလီဇီကမေးချင်နေခဲ့တယ်။ ဒါပေမယ့် သူမ စကားတစ်လုံးမှ မပြောနိုင်ခင်မှာပဲ မျိုးဗီဇပြောင်းလဲထားတဲ့သူက သူမတို့ဆီကို အပြေးအလွှားလာပြီး သူ့ရဲ့ ချွန်ထက်တဲ့ လက်သည်းတွေနှင့် ကျင်းရွှီယန်းရဲ့ လည်ချောင်းကို ချိန်ရွယ်လိုက်သည်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက သူ့ဓားရှည်ကို ဓားအိမ်ထဲကနေ ထုတ်ရင်း သူ့ချစ်သူကို တွန်းဖယ်လိုက်တယ်။
"ကလန့်"
သူတို့ကြားက တိုက်မိမှုကြောင့် မီးပွားများ ဖြစ်ပေါ်လာပြီး စွမ်းအင်လှိုင်းတစ်ခု ပတ်ဝန်းကျင်သို့ ပေါက်ကွဲထွက်လာကာ လေများကို မြင့်တက်စေပြီး ဖုန်မှုန့်များနှင့် အပျက်အစီးများကို လွင့်စင်သွားစေခဲ့သည်။
“ကပ္ပတိန်” နတ်ဆိုးအဖွဲ့ဝင်များဟာ ဗီဇပြောင်းလဲသူရဲ့ စွမ်းအားကို မြင်တွေ့လိုက်ရသောအခါမှာတော့ အံ့အားသင့်သွားကြသည်။
"အနားမကပ်နဲ့" လို့ ကျင်းရွှီယန်းက လက်မြှောက်ရင်း ပြောလိုက်သည်။
"ဘွမ်းးး"
အနက်ရောင်မီးလုံးကြီးက ရင်ဘတ်ကို ထိမှန်သွားတာကြောင့် ဗီဇပြောင်းလဲသွားသူက လွင့်ထွက်သွားတယ်။ သူ မြေပြင်ပေါ် ပြုတ်ကျတဲ့အခါမှာတော့ သူ့အောက်မှာ ဇွန်ဘီတွေကို ဖိမိသွားတယ်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက သူ့ရဲ့ ဓားရှည်ကို ဝှေ့ယမ်းလိုက်တဲ့အခါ လခြမ်းပုံသဏ္ဍာန်ရှိတဲ့ အနက်ရောင်မီးဓားအတော်များများက မျိုးဗီဇပြောင်းလဲသူဆီကို ပျံသန်းသွားကြတယ်။
"ဘုန်းး ဘုန်းး ဘုန်းး"
ဒါကိုမြင်တဲ့အခါမှာတော့ ဒီတိုက်ခိုက်မှုက ဗီဇပြောင်းလဲသွားသူကို မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ထိခိုက်သွားလိမ့်မယ်လို့ လူတိုင်းကထင်ခဲ့ကြတယ်။ မျှော်လင့်ထားသလိုမဟုတ်ဘဲ ဗီဇပြောင်းသူက ခုန်တက်ပြီး လေထဲမှာ ပျံဝဲနေခဲ့တယ်။ အဝတ်အစားတွေ စုတ်ပြဲသွားတာကလွဲလို့ သူက ဘာမှ မထိခိုက်ခဲ့ဘူး။
ဒီ ဗီဇပြောင်းလဲသူက အရမ်းသန်မာတာကို သတိပြုမိတော့ ကျိူးလီဇီက "အားလုံးက ဖုတ်ကောင်တွေကို ရှင်းလင်းဖို့ပဲ အာရုံစိုက်လိုက်ကြပါ။ ကျွန်မက အစ်ကိုယန်းကို ကူညီလိုက်မယ်" လို့ ပြောလိုက်တယ်။
သူမက အလှပန်းအိုးတစ်လုံး မဟုတ်ဘူးဆိုတာ သိတဲ့အဖွဲ့ဝင်တွေက တစ်ပြိုင်နက်တည်း "နားလည်ပါပြီ" လို့ ပြန်ဖြေခဲ့ကြပါတယ်။
ကျင်းရွှီယန်းက ဗီဇပြောင်းသူနှင့် တိုက်ခိုက်နေတဲ့အချိန်မှာ တိုက်ပွဲကွပ်ကဲမှုကိုတော့ ကျန်းယွမ်က တာဝန်ယူလိုက်တယ်။
ကျိူးလီဇီက လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါ ရေပြားနှစ်ခု သူမရှေ့မှာ ပေါ်လာတယ်။ ခုန်ကျော်ပြီး ရေပြားတွေကို ခြေနင်းအဖြစ် အသုံးပြုကာ ဗီဇပြောင်းသူဆီကို လေထဲက နေ သူမဆက်ပြေးသွားသည်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက အော်ပြောလိုက်တယ် “အာဇီ သတိထား”
ရန်သူတစ်ယောက်က သူ့ဆီလာနေတာကို သတိထားမိတော့ ဗီဇပြောင်းသူက ရုတ်တရက် ဘေးကိုလှည့်ပြီး ကျိူးလီဇီရဲ့ လည်ပင်းကို ချိန်ပြီး လှည့်ပတ်ကာ ကန်လိုက်တယ်။
ကျိုးလီဇီရဲ့ခေါင်းထဲမှာ အချက်ပေးသံတွေ မြည်လာပြီး သူမရဲ့ခန္ဓာကိုယ်က ဗီဇအတိုင်း လှုပ်ရှားသွားတယ်။ နောက်ကို ဆုတ်လိုက်ကာ တိုက်ခိုက်မှုကို ရှောင်လွှဲဖို့ မနည်းကြိုးစားလိုက်ရတယ်။ ဗီဇပြောင်းသူရဲ့ စစ်ဖိနပ်တွေက သူမရဲ့မျက်နှာကို ကျော်သွားတဲ့အခါ ပြင်းထန်တဲ့ခံစားချက်ကို ခံစားလိုက်ရပြီး ကန်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ လေဖိအားကြောင့် သူမရဲ့မျက်နှာမှာ ပြတ်ရှသွားတာကို သဘောပေါက်လိုက်သည်။
သူမသာ တိုက်ရိုက်အကန်ခံလိုက်ရရင် လည်ပင်းကျိုးသွားမယ်ဆိုတာကို သိလိုက်တယ်။
သူမသာ သာမန်တက္ကသိုလ်ကျောင်းသူတစ်ယောက်ဆိုရင် ကြောက်လွန်းလို့ မေ့မြောသွားနိုင်တယ်။ ဒါပေမယ့် သူမရဲ့ အရင်ဘဝကတော့ ကြေးစားစစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး ဒီဗီဇပြောင်းလဲသူထက် အများကြီးပိုအားကောင်းတဲ့ ရန်သူတွေနှင့်လည်းရင်ဆိုင်ခဲ့ရတယ်။
သူမရဲ့ကျောကို ဖြောင့်လိုက်မယ့်အစား၊ သူမက အနောက်ကိုပဲလှန်ချပြီး ဗီဇပြောင်းသူ လှည့်လိုက်တဲ့အခါမှာ သူ့ရဲ့မေးစေ့ကို ကန်လိုက်တယ်။
သူမရဲ့ ကန်ချက်က ဗီဇပြောင်းသူကို ထိခိုက်အောင် မလုပ်နိုင်ဘူးဆိုတာကို သိတဲ့အတွက် ရေပြားကို ဗီဇပြောင်းသူရဲ့ ခေါင်းဆီတွန်းပို့ဖို့ သူမရဲ့ ခြေထောက်တွေကို အသုံးပြုခဲ့သည်။
အခန်း-(၂၈၅)
ကျိူးလီဇီက ရေပြားတစ်ခုပေါ်တွင် ခြေချလိုက်သောအခါတွင် ဗီဇပြောင်းလဲသူရဲ့မေးစေ့ကတော့ သူမရဲ့တိုက်ခိုက်မှုကြောင့် ပြတ်ရှသွားပြီး ဒဏ်ရာမှ အနီရောင်ရင့်ရင့် သွေးများ စီးကျလာတာကို တွေ့လိုက်ရတယ်။ လက်ကို ဝှေ့ယမ်းလိုက်သောအခါ ရေပြားက သူမဆီသို့ ပြန်လာပြီး သူမက ဗီဇပြောင်းလဲသူရဲ့ လည်ပင်းကို ချိန်ရွယ်လိုက်သည်။
တိုက်ခိုက်မှုကို သတိပြုမိသော ဗီဇပြောင်းလဲသူက ဘေးသို့လှည့်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ကျိူးလီဇီက ရေပြားကို ခြေထောက်ဖြင့် ပြန်ဖမ်းယူပြီး လေထဲတွင် တည်ငြိမ်စွာရပ် နေနိုင်အောင် အသုံးပြုလိုက်တယ်။
အရာအားလုံးသည် ခဏတာအတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့ပြီး နတ်ဆိုးအဖွဲ့ဝင်များကတော့ ဘာတွေဖြစ်နေလဲဆိုတာကို အဝေးမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သူမရဲ့ချစ်သူနှင့်၇၀% တူတဲ့ မျက်နှာကို ကြည့်ရင်း ကျိူးလီဇီ မျက်မှောင်ကြုတ်လိုက်မိတယ်။ ဘာလဲဆိုတာကို သူမ နားမလည်နိုင်ခင်မှာပဲ ပုံရိပ်ကပျောက်ကွယ်သွားခဲ့သည်။
ခဏနေတော့ သူမရဲ့ခေါင်းကကွဲထွက်သွားတော့မလို ခံစားလိုက်ရတယ်။ ဒီနာကျင်မှုက သူမတစ်ခါမှ မခံစားဖူးတဲ့ ဝေဒနာမျိုးပဲ။
အဲဒီအချိန်မှာ ဗီဇပြောင်းလဲသွားတဲ့သူက သူ့လက်ကိုမြှောက်လိုက်တာ သူ့လက်ဖဝါးရှေ့မှာ လေလုံးကြီးတစ်လုံး ပေါ်လာတယ်။ သူက အေးစက်စက်ကြည့်ပြီး ဒူးကိုကွေးကာ သူမကို သတ်ဖို့ပြင်သည်။
သူ့ရဲ့ချစ်သူက နာကျင်နေပုံရပြီး ခြေထောက်အောက်က ရေပြားတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို မြင်တော့ ကျင်းရွှီယန်းရဲ့နှလုံးသားက တင်းကြပ်သွားတယ်။ သူမသာ ဇွန်ဘီအုပ်ထဲ ကျသွားခဲ့ရင် အရင်ဘဝကလို သူမက တစ်စစီဖြစ်သွားလိမ့်မယ်။
သူ့စိတ်က တုံ့ပြန်နိုင်ခြင်းမပြုမီတွင်ပဲ သူ့ခန္ဓာကိုယ်က ဗီဇအရ ရွေ့လျားသွားပြီးဖြစ်သည်။ သူ့ချစ်သူရဲ့ခြေထောက်အောက်က ရေပြားပျောက်ကွယ်သွားတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ နံရံကနေခုန်ဆင်းပြီး သူ့ရဲ့ ဓားရှည်ကို လွှဲယမ်းလိုက်တယ်။
"ဘုန်းးး"
အနက်ရောင်မီးဓားကို ဗီဇပြောင်းလဲသူဆီသို့ ပျံသန်းသွားစေကာ သူရဲ့တိုက်ခိုက်မှုကို ရပ်တန့်စေခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူက လက်ကိုလှမ်းကာ သူ့ချစ်သူမိန်းကလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ဇွန်ဘီအုပ်ထဲ သူတို့ ပြုတ်ကျသွားတဲ့အချိန်မှာတော့ ကျင်းရွှီယန်းက သူရဲ့ဓားရှည်ကို ဝှေ့ယမ်းရင်း ခန္ဓာကိုယ်ကိုပါ လှည့်လိုက်သည်။
"ဘွမ်းး"
နောက်တစ်ခဏမှာပဲ အောက်ဘက်က ဇွန်ဘီတွေကို အနက်ရောင်မီးလျှံစက်ဝိုင်းတစ်ခုက သတ်ပစ်လိုက်ပြီး မီးကွင်းက ဆက်လက်ကျယ်ပြန့်လာခဲ့တယ်။
"ရားးးး"
မီးကွင်းကို အတားအဆီးအဖြစ် အသုံးပြုထားတာကြောင့် ဖုတ်ကောင်တွေဟာ သူတို့နှစ်ယောက်ဆီ မရောက်လာခင်မှာပဲ ပြာကျသွားခဲ့တယ်။ ကျင်းရွှီယန်းက သူ့ချစ်သူကို ကြည့်ဖို့ ခေါင်းငုံ့လိုက်တယ်။
ဒါပေမယ့် သူအဲဒီလိုမလုပ်ခင်မှာပဲ သူ့ကျောရိုးတစ်လျှောက်မှာ ချမ်းစိမ့်စိမ့်ခံစားချက်တွေ ခံစားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ မီးကွင်းကိုဖြတ်ကာ ပြေးဝင်လာတဲ့ ဗီဇပြောင်းလဲထားတဲ့ သတ္တဝါကို တွေ့လိုက်ရသည်။ သူ့ချစ်သူကို ဖက်ထားရင်း ဘေးဘက်ကိုခုန်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ဘွမ်းးး
မြေပြင်ပေါ်တွင် ကြီးမားသော အပေါက်တစ်ခု ပေါ်လာခဲ့ပြီး ဖုန်မှုန့်နှင့် အပျက်စီးရဲ့အကြွင်းအကျန်များက လေထဲတွင် နှံ့နေသည်။ ဖုန်အလွှာကြီးက သူ့မြင်ကွင်းကို ဖုံးကွယ်ထားသဖြင့် ကျင်းရွှီယန်းက လေထဲရှိ စွမ်းအင်လှုပ်ရှားမှုများရဲ့ အပြောင်းအလဲကိုသာ မှီခိုလို့သာ ဗီဇပြောင်းသူရဲ့ လှုပ်ရှားမှုကို ခန့်မှန်းနိုင်တယ်"
သူ့ရဲ့ညာဘက်ကနေ တစ်ခုခုလာနေတာကို ခံစားလိုက်ရတာနှင့် သူ့ခန္ဓာကိုယ်ကိုလှည့်ပြီး ကန်လိုက်တယ်။
" ဒုန်းး"
သူ့ရဲ့ကန်ချက်ကို ဗီဇပြောင်းလဲသူက လက်မောင်းဖြင့် ပိတ်ဆို့ထားသည်။ သူ့ရင်ခွင်ထဲမှာ တခြားတစ်ယောက်ရှိနေတာကြောင့် သူ့ရဲ့ ဓားရှည်ကို အသုံးမပြုနိုင်သလို သူ့ရဲ့ လှုပ်ရှားမှုကလည်း အကန့်အသတ်နဲ့သာရှိတယ်။
မှုန်ဝါးနေတဲ့စိတ်က ခဏတာ ကြည်လင်သွားတဲ့အခါမှာတော့ ဗီဇပြောင်းလဲသူရဲ့ မျက်ဆန်တွေက တောက်ပသွားတယ်။ သူ့ရှေ့ကလူကိုမြင်တော့ ဗီဇပြောင်းလဲသူက ခဏလောက် မှင်သက်သွားသည်။
သူမရဲ့ချစ်သူဆီမှာဖက်တွယ်မှုကိုခံထားရတဲ့ ကျိူးလီဇီက အခွင့်အရေးလို့မြင်တာနှင့် လက်ကိုမြှောက်လိုက်တယ်။ ဒီဗီဇပြောင်းလဲသူကို သူမရဲ့နေရာလွတ်ထဲကို ဆွဲခေါ်နိုင်လိမ့်မယ်လို့ သူမခံစားလိုက်ရတယ်။
"စုဆောင်းပါ"
ဗီဇပြောင်းလဲသူက ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာကို မြင်လိုက်ရတာနှင့် ကျိူးလီဇီက "ဝင်ပါ" ဟု ဆက်ပြောလိုက်သည်။
ကျင်းရွှီယန်းနှင့် သူမတို့ နှစ်ယောက်စလုံးက မြက်ခင်းပြင်တွင် ပေါ်လာပြီး သူတို့နှင့် မီတာနှစ်ဆယ်အကွာတွင်တော့ မှင်သက်စွာရပ်နေသော ဗီဇပြောင်းလဲသူကို မြင်လိုက်ရသည်။
ခေါင်းကိုက်ဝေဒနာက ပိုဆိုးလာတာကို ခံစားလိုက်ရသောအခါမှာတော့ ကျိူးလီဇီက ညည်းညူလိုက်ပြီး နာကျင်မှုကြောင့် ခေါင်းကို ကိုင်ထားလိုက်သည်။ ဒါကိုမြင်တော့ ကျင်းရွှီယန်းက ထိတ်လန့်တကြား မေးလိုက်တယ် "အာဇီ ၊ မင်း ဘာဖြစ်နေတာလဲ"
သူ့ရဲ့အသံကြောင့် ဗီဇပြောင်းလဲသူဟာ နောက်ဆုံးတော့ သတိဝင်လာပြီး သူတို့ကို စိုက်ကြည့်လာသည်။ သူ ရှေ့သို့တစ်လှမ်းမလှမ်းနိုင်မီတွင်ပဲ မြက်ခင်းပြင်မှ နွယ်ပင်များစွာ ထွက်လာပြီး ဗီဇပြောင်းလဲသူရဲ့ ခြေလက်များနှင့် ခန္ဓာကိုယ်ကို မံမီတစ်ကောင်ကဲ့သို့ ချည်နှောင်ထားလိုက်ကြသည်။
အသံတစ်ခုနှင့်အတူ ဗီဇပြောင်းလဲသူက မြေပြင်ပေါ် လဲကျသွားပြီး ချည်နှောင်မှုကနေ လွတ်မြောက်ဖို့ ရုန်းကန်နေရပါတယ်။ သူ ပိုရုန်းကန်လေ ချည်နှောင်မှုက ပိုတင်းကျပ်လေပါပဲ။ ခဏအကြာမှာတော့ ဗီဇပြောင်းလဲသူရဲ့ လှုပ်ရှားမှုရပ်တန့်သွားပြီး မြေပြင်ပေါ်မှာ တိတ်ဆိတ်စွာ လဲလျောင်းနေသည်။
ကျိူးလီဇီက ပတ်ပတ်လည်ကို ကြည့်လိုက်တော့ သူမရဲ့ခြေထောက်နားမှာ မျိုးရိုးဗီဇပြောင်းလဲထားတဲ့ အပင်ငယ်လေးတစ်ပင်ကို တွေ့လိုက်ရတယ်။ အဲဒီအပင်က သူ့ကို ချီးကျူးစကားဆိုပေးစေချင်နေသလို ယိမ်းနွဲ့နေတယ်။ သတိလစ်သွားခင်မှာပဲ သူမက တိုးတိုးလေးရေရွတ်လိုက်တယ်။
ကျင်းရွှီယန်းက သူ့ချစ်သူ ရုတ်တရက် မေ့လဲသွားတာကို မြင်တော့ အံ့အားသင့်သွားတယ်။ ဗီဇပြောင်းလဲထားတဲ့သူက ချည်နှောင်ခံထားရပြီး လှုပ်ရှားလို့မရတော့တာကို မြင်တော့ သူ့ကို လျစ်လျူရှုပြီး သူ့ချစ်သူကိုသာ အိမ်ထဲကို အမြန်ခေါ်လာခဲ့တယ်။
နေရာလွတ်ရဲ့အပြင်ဘက်က နတ်ဆိုးအဖွဲ့ ကတော့ အနက်ရောင်မီးလျှံများ ဖြည်းဖြည်းချင်းငြိမ်းသွားတာကို မြင်နေရပြီး ဖုန်မှုန့်များကလည်း နောက်ဆုံးတွင် ငြိမ်သက်သွားသည်။
သူတို့ဟာ သူတို့ရဲ့ ကပ္ပတိန်နှင့် ခယ်မဖြစ်သူ ပြန်လာဖို့ကို စိုးရိမ်တကြီး စောင့်မျှော်နေကြပါတယ်။ သူတို့က အဆက်မပြတ် စောင့်မျှော်နေခဲ့ကြပေမယ့် သူတို့ရဲ့ ကပ္ပတိန်နှင့်ခယ်မကိုတော့ ဘယ်မှာမှ မတွေ့ရပါဘူး။
ဒါကိုမြင်တော့ ချင်လူဇီက သူ့စိတ်မြေပုံကို စစ်ဆေးလိုက်ပြီး "ကပ္ပတိန်နှင့် ခယ်မကို ကိုယ်စားပြုတဲ့ အစက်တစ်ခုမှ မတွေ့ဘူး။ ဗီဇပြောင်းလဲသူကတောင် ပျောက်သွားတယ်" လို့ ပြောလိုက်သည်။
ဒါကိုကြားတော့ ရှောင်ချီကက မယုံကြည်နိုင်စွာ ပြောလိုက်တယ် "မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့ရဲ့ ကပ္ပတိန်နှင့် ခယ်မက အရမ်းအစွမ်းထက်တယ်၊ သူတို့ မသေဘူး"
အဖွဲ့ဝင်တွေကလည်း ဒါကိုကြားတယ်၊ သူတို့ရဲ့ အသင်းခေါင်းဆောင်နှင့် ခယ်မက ဗီဇပြောင်းလဲသူ လက်ချက်နှင့် သေသွားတယ်ဆိုတာကို သူတို့လည်း မယုံချင်ကြဘူး။ ဒါပေမယ့်လည်း သူတို့က ဘာအရိပ်အယောင်ကိုမှ မတွေ့ရဘူး။
သူတို့ စိတ်ဓာတ်ကျနေတာကို သတိထားမိတော့ ကျန်းယွမ်က "အားလုံးပဲ၊ စိတ်ဓာတ်မကျပါနဲ့၊ ဇွန်ဘီတွေကို ဆက်သတ်ကြ။ ဒီဇွန်ဘီအုပ်စုကို ရှင်းပြီးမှ ငါတို့ရဲ့ ခေါင်းဆောင်နဲ့ ခယ်မကို ရှာတွေ့နိုင်မှာ" လို့ ပြောလိုက်တယ်။
ဒီစကားကိုကြားလိုက်တာနဲ့ အဖွဲ့ဝင်တွေဟာ မြန်မြန်ဆန်ဆန်ပဲ တည်ငြိမ်သွားကြတယ်။ သူတို့က နှောင့်နှေးလေလေ သူတို့ရဲ့ အသင်းခေါင်းဆောင်နဲ့ ခယ်မအတွက် အသက်ရှင်ဖို့ အခွင့်အလမ်း နည်းလေလေပဲ။ ဒီအတွေးနှင့် တိုက်ခိုက်တဲ့ သူတို့ရဲ့တိုက်ခိုက်မှုတွေက ဇွန်ဘီတွေအပေါ် ပိုပိုပြီး ကြမ်းတမ်းကာ သေစေနိုင်လာတယ်။
သူတို့နှင့် မဝေးလှသောနေရာက ကုရှကျယ်နှင့် သူ့အဖွဲ့ဆီမှာလည်း ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။ ဤတိုက်ပွဲတွင် ဤမျှ ခွန်အားကြီးမားသော စုံတွဲသေဆုံးသွားခြင်းက နှမြောစရာဟု သူတို့ ခံစားလိုက်ကြရသည်။
"သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို အလဟဿဖြစ်အောင် မထားနိုင်ဘူး။ အားလုံးပဲ ဆက်လုပ်ကြပြီး ဇွန်ဘီတွေကို ဆက်သတ်ကြပါ" ဟု ကုရှကျယ်က ပြောလိုက်သည်။
"နားလည်ပါပြီ" ဟု ကလေးများက တစ်ညီတစ်ညွတ်တည်း ပြန်ဖြေကြတယ်။
လူတိုင်းက ညှိုးငယ်နေချိန်တွင် လီချီရွှမ်ကတော့ အတွေးနက်နေခဲ့သည်။