← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅) အကွက်ဆင် ဖမ်းတာလား..မဟုတ်ပါဘူးကွာ... ဒါကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ လို့ ခေါ်တာကွ

ကျွိချွယ် မြို့တော် ၊ ဗဟို ရင်ပြင် တွင်။

လေထု အခြေအနေ ကြီးမှာ အေးခဲလုမတတ် တင်းကျပ်နေတော့၏။ ချီယန် ဂိုဏ်း ၏ တောင်ခွဲ ခေါင်းဆောင် 'ကျောက်ဝူကျီ'သည် အနီရောင် မီးတောက်များ ဝန်းရံလျက် လေထဲတွင် မတ်တတ်ရပ်နေသည်။... သူ၏ ရွှေအမြုတေအဆင့် အထွတ်အထိပ် ဝိညာဉ် ဖိအားကြီး ကို အောက်ဘက်ရှိ ဈေးဆိုင်တန်း လေးများ ပေါ်သို့ ဧရာမ တောင်ကြီး တစ်တောင်ပမာ ပြင်းထန်စွာ ဖိချထား၏။

“သေရမယ့် အချိန် ကို မသိတဲ့ ပုရွက်ဆိတ် တစ်သိုက်”

ကျောက်ဝူကျီ ၏ မျက်လုံးများထဲတွင် လူသတ်ချင်သော အရိပ်အယောင် များ ပွက်ပွက်ဆူနေတော့၏။

အလယ်ပိုင်းလွင်ပြင် ၏ အဆင့် (၂) အင်အားစု ကြီး တစ်ခု မှ အစွမ်းထက်သော ခေါင်းဆောင် တစ်ဦး အနေဖြင့် သူသည် ဤမျှလောက် အရှက်ကွဲရသည့် အခြေအနေ မျိုးကို တစ်ခါမှ မကြုံဖူးခဲ့ချေ။ သူ၏ လက်အောက်ငယ်သား များ အသတ်ခံရုံ သာမက... ထို “ခိုးရာပါ ပစ္စည်း” များကို သူ၏ မျက်စိရှေ့တွင် တိုက်ရိုက် လာရောက် ရောင်းချနေကြသေးသည် တဲ့လား။

“ဒီ ကျွိချွယ် မြို့တော် မှာ ဘယ်သူက စည်းမျဉ်း တွေ ချမှတ်ထားတာလဲ ဆိုတာ ဒီနေ့ ငါ ပြပေးရမယ်ကွ”

ကျောက်ဝူကျီ က လက်ကို မြှောက်လိုက်ရာ မီးလုံးကြီး တစ်လုံး သူ၏ လက်ဝါး ပေါ်တွင် စုစည်းလာပြီး ဘေးပတ်လည်ရှိ လေထုကြီး ကို မျက်စိတစ်မှိတ်အတွင်း ပုံပျက်သွားစေတော့၏။

သို့ရာတွင် ဤ သေမင်းတမန် တိုက်ခိုက်မှု ကြီးကို ရင်ဆိုင်နေရသော်ငြား မြေပြင်ပေါ်ရှိ ကစားသမား များမှာ ထွက်မပြေးကြချေ။ ထိုအစား... သူတို့သည် အချင်းချင်း တီးတိုး တွတ်ထိုးနေကြသည်။

ကစားသမား '[မင်း ငါ့ကို ရိုက်တယ်]' (ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အပြည့်အဝ မြှင့်တင်ထားသော ဒိုင်းလွှား ကျင့်ကြံသူ တစ်ဦး) သည် ရင်ဘတ် ကို ကော့ကာ အရှေ့ဆုံး တွင် မတ်တတ်ရပ်လိုက်ပြီး... သူ၏ အနောက်ဘက်ရှိ လူများကို စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“ညီအစ်ကိုတို့... မျက်နှာပြင် ဖမ်းယူ မှတ်တမ်းတင် တာ ဖွင့်ထားကြရဲ့လား”

“သူ အရင် စ ရိုက်တာ ကို သေချာ မြင်ရအောင် မှတ်တမ်းတင်ထားကြစမ်း... ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ ပဲကွ... ငါတို့တွေ နာမည်နီ - (လူသတ်သမား အဖြစ် သတ်မှတ်ခံရခြင်း) ..ပေါ်မှာ မဟုတ်ဘူးဟေ့”

ကျောက်ဝူကျီ က မျက်မှောင်ကြုတ်လိုက်သည်။

“သေရတော့မယ့် အချိန် ကျမှ... အလကား စကား တွေ များနေသေးတယ်”

“ဝုန်း... ”

မီးလုံးကြီး က ဟိန်းဟောက်သံကြီး နှင့်အတူ ပြုတ်ကျလာပြီး '[မင်း ငါ့ကို ရိုက်တယ်]' ဆီသို့ တည့်တည့်ကြီး ပြေးဝင်လာတော့၏။

“လာစမ်းပါ... ”

'[မင်း ငါ့ကို ရိုက်တယ်]' က နောက်ဆုတ်မည့် အစား အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ၏ ကာကွယ်ရေး စွမ်းရည် များ အားလုံးကို အသက်သွင်းလိုက်သည်။

“ရွှေရောင် ခေါင်းလောင်း ဒိုင်းလွှား၊ သံမဏိ အင်္ကျီ ၊ လိပ်ခွံ နတ်ဘုရား ကျင့်စဉ် ”

“ဒိုင်း... ”

ဧရာမ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာတော့၏။ မီးခိုးလုံးကြီးများ လွင့်စင်သွားသောအခါ... '[မင်း ငါ့ကို ရိုက်တယ်]' ၏ တစ်ကိုယ်လုံး မည်းတူးနေပြီး သူ၏ သွေးတန်း မှာလည်း အလွန် နည်းပါးသော ပမာဏ သာ ကျန်ရှိတော့သည် ကို တွေ့လိုက်ရသည်။ (သွေးတန်း ကို လော့ခ် ချထားသည့် လိမ်လည်မှု တစ်ခု နှင့်ပင် တူနေတော့၏။) သို့သော် သူ က မတ်မတ် ရပ်နေဆဲ ဖြစ်ပြီး ကျောက်ဝူကျီ ကို လက်ညှိုးထိုးကာ စူးရှပြီး ပိုလွန်းလှသော အော်ဟစ်သံကြီး တစ်ခုကို ထုတ်လွှတ်လိုက်၏။

“လူသတ်တယ်ဟေ့... ချီယန် ဂိုဏ်း ရဲ့ တောင်ခွဲ ခေါင်းဆောင် ကြီး က လမ်းလယ်ခေါင် မှာ လူသတ်နေတယ်ဗျို့... ဥပဒေ တွေ ဆိုတာ မရှိတော့ဘူးလား”

“ညီအစ်ကိုတို့... ဘော့စ် ကြီး ရဲ့ နာမည် က အနီရောင် ပြောင်းသွားပြီဟေ့... တရားမျှတမှု (လက်နက်ပစ္စည်း) အတွက် ချီတက်ကြစမ်း... ”

ဤ အော်ဟစ်သံကြီး မှာ တိုက်ပွဲဝင် ရန် ခရာမှုတ်သံ ကြီး ပင် ဖြစ်လေတော့၏။

“ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာဟေ့... ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာကွ”

“အကုန်လုံး ဝိုင်းချကြစမ်း”

အသား တုံးနေသော၊ ပိုက်ဆံ ရေတွက်နေသော၊ သို့မဟုတ် ပန်းကန် ဆေးနေသော ကစားသမား ရာပေါင်းများစွာ မှာ မျက်စိတစ်မှိတ်အတွင်း အရောင်အသွေး စုံလင်လှသော “လက်နက်” အစုံအလင် ကို ဆွဲထုတ်လာကြတော့သည်။

ကျောက်ဝူကျီ က ဒုတိယ မှော်မန္တန် ကို စုစည်းရန် ပြင်လိုက်သည့် အချိန်လေးမှာပင် သူ၏ မျက်လုံးရှေ့တွင် အဖြူရောင် အလင်းတန်း လေး တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရ၏။

'[မျက်စိကန်းစေသော အမှုန့်]' (ထုံးမှုန့်) ။

သူခိုး ကစားသမား တစ်ယောက် က သူ၏ ဘေးနားသို့ ကိုယ်ပျောက် ဝင်ရောက်လာပြီး အထူး ပြုလုပ်ထားသော ထုံးမှုန့်များကို တစ်ဆုပ်စာ ပစ်ပေါက်လိုက်ခြင်း ပင် ဖြစ်သည်။

“ယုတ်မာလိုက်တာ”

ကျောက်ဝူကျီ က သူ၏ မျက်လုံးများကို အလိုအလျောက် မှိတ်လိုက်၏။ သူ၏ နတ်ဘုရား အာရုံများကို ဖြန့်ကြက်လိုက်သည့် အချိန်လေးမှာပင် သူ၏ ခြေထောက် များ တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။

ခန္ဓာကိုယ် ကျင့်ကြံသူ ကစားသမား ငါးယောက် က ရူးသွပ်စွာ ပြေးဝင်လာကြပြီး သူ၏ ခြေထောက် များနှင့် ခါး ကို တင်းကျပ်စွာ ဖက်ထားလိုက်ကြသည်။

“သန်မာတဲ့ ယောကျာ်း တွေ က ယောကျာ်း ကို ဖက်ထား) လိုက်ပြီကွ”

( တရုတ် အင်တာနက် စကားစု တစ်ခုပါ)

“ဒါက ရွှေအမြုတေအဆင့် အထွတ်အထိပ် သခင်ကြီး ရဲ့ ခြေထောက် တွေဟေ့... တင်းတင်းကျပ်ကျပ် ဖက်ထားကြ... လုံးဝ မလွှတ်ပေးနဲ့နော်”

ကျောက်ဝူကျီ က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ကာကွယ်ရေး ဝိညာဉ် အလင်းတန်း ကြီး ပေါက်ကွဲ ထွက်လာကာ ထိုလူများကို သွေးအန်ပြီး လွင့်စင်သွားစေတော့၏။ သို့သော် သူ အသက်ရှူရန် အချိန်ပင် မရလိုက်မီ... နောက်ထပ် တိုက်ခိုက်မှု များ ဆက်တိုက် ရောက်ရှိလာပြန်သည်။

၎င်းတို့မှာ အဆင့်မြင့် ဓားပျံ မှော်ရတနာ ကြီးများ မဟုတ်ကြချေ။ ထိုအစား... အုတ်ခဲ များ၊ ခေါက်ကုလားထိုင် များ၊ အမည်းရောင် သံဒယ်အိုး ကြီးများ၊ နှင့်... ယခုထိ မရောင်းရသေးသော ပူပူနွေးနွေး မီး အဆိပ် မိစ္ဆာကောင် အကင် တုတ်ချောင်းကြီးများ ပင် ဖြစ်၏။

“ငါ့ရဲ့ ဇီရာ စေ့ အရသာ.. မှော်ရတနာ ကြီး ရဲ့ အရသာ ကို ခံစားကြည့်စမ်း”

'[တရုတ်ပြည်၏ စားဖိုမှူးလေး]'သည် ပေါင်ရာချီ လေးလံသော အမည်းရောင် သံဒယ်အိုး ကြီးကို လွှဲယမ်းကာ... ကျောက်ဝူကျီ ထိန်းချုပ်ခံထားရသည့် အချိန်လေးကို အခွင့်ကောင်းယူ၍ သူ၏ နဖူး တည့်တည့် သို့ ပြင်းထန်စွာ ရိုက်ချပစ်လိုက်တော့၏။

“ဒေါင်... ”

ပြတ်သားပြီး ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။ ကာကွယ်ရေး ဝိညာဉ် အလင်းတန်း ကြီး ရှိနေသည် တိုင်အောင် ကျောက်ဝူကျီ ၏ ခေါင်းကြီး မှာ တဝီဝီ မြည်ကာ မူးဝေသွားတော့၏။

“ခွေးကောင် တွေ... မင်းတို့ကို အပိုင်းပိုင်း အစစ ကိုက်ဖြတ်ပစ်မယ်ကွ”

ကျောက်ဝူကျီ မှာ လုံးဝကို ရူးသွပ်သွားတော့၏။ အလျင်အမြန်ပင် သူ၏ သက်စောင့် ဓားပျံ ကို ဆင့်ခေါ်လိုက်ရာ အနီရောင် သက်တန့်ကြီးအသွင် ပြောင်းလဲသွားပြီး လူအုပ်ကြီး ထဲသို့ ရူးသွပ်စွာ ဖြတ်သန်း ဝင်ရောက်သွားတော့၏။

“ဖောင်း... ဖောင်း... ဖောင်း... ”

မျက်စိတစ်မှိတ်အတွင်း အဖြူရောင် အလင်းတန်း ဒါဇင်ပေါင်းများစွာ ထိုးတက်သွားပြီး ကစားသမား ဒါဇင်ပေါင်းများစွာ မှာ နေရာမှာတင် သေဆုံးသွားကြသည်။

သို့သော် ကျောက်ဝူကျီ ကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည့် အရာမှာ... ဤလူများ သေဆုံးသွားပြီးနောက်... မည်သည့် အလောင်း မျှ မကျန်ရစ်ခဲ့ဘဲ အဖြူရောင် အလင်းတန်း များ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခြင်း ပင် ဖြစ်၏။ ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်မှာ ကျန်ရှိနေသေးသော လူများ သည် သူတို့၏ အပေါင်းအဖော် များ ကြေကွဲဖွယ် သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရသောအခါ မဖြုံသွားဘဲ... ပို၍ပင် စိတ်လှုပ်ရှား လာကြသည်ပင်။

“လခွမ်း... ဒီ ဘော့စ် ရဲ့ ပျက်စီးဆုံးရှုံးမှု က တကယ်ကို မြင့်လွန်းတာပဲကွာ... မျိုးဗီဇ ပြောင်းလဲနေတဲ့ မိစ္ဆာကောင် ဖြစ်မှာ သေချာတယ်ဟေ့”

“မကြောက်ကြနဲ့... လူအင်အား များတဲ့ နည်းဗျူဟာ သုံးပြီး သူ့ကို ဖိသတ်ပစ်ကြစမ်း... ရှင်သန်ပြန်ထမြောက်ရာ နေရာ က နောက် လမ်းထောင့် လေး မှာတင် ရှိတာ... အလောင်း ဆီကို ပြန်ပြေးလာဖို့ က နှစ်မိနစ် လောက်ပဲ ကြာမှာကွ”

“ထိန်းချုပ်ထား ... ထိန်းချုပ်ထားတဲ့ ကွင်းဆက် ကြီးကို ဆက်ပြီး ထိန်းထားကြ... သူ့ကို လေထဲ ပျံတက်ခွင့် လုံးဝ မပေးနဲ့ဟေ့”

အလယ်ပိုင်းလွင်ပြင် ၏ ကျင့်ကြံသူ များသည် ကျက်သရေ ရှိမှု များကို တန်ဖိုးထားလေ့ ရှိကြပြီး တရားဝင် ယှဉ်ပြိုင် တိုက်ခိုက်ခြင်း များနှင့် အလှည့်ကျ တိုက်ခိုက်သည့် စနစ် များကိုသာ အသားကျနေခဲ့ကြသည်။ ဤကဲ့သို့သော “လမ်းဘေး လူမိုက် တွေ လို ရန်ဖြစ်တဲ့” ဂိုဏ်းဖွဲ့ တိုက်ခိုက်သည့် ပုံစံ မျိုးကို သူတို့ ဘယ်တုန်း ကများ မြင်ဖူးခဲ့ပါမည်နည်း။

မျက်လုံး ကို ထိုးတာ တွေ၊ ပေါင်ခြံ ကို ကန်တာ တွေ၊ ထုံးမှုန့် တွေ ပစ်ပေါက်တာ တွေ၊ လျှို့ဝှက် လက်နက် တွေ ပစ်တာ တွေ၊ မြေကြီးပေါ် လိမ့်ပြီး ခြေထောက် တွေကို ဖက်ထားတာ တွေ...

ကျောက်ဝူကျီ တွင် ရွှေအမြုတေအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်း စွမ်းအား ကြီး ရှိသည် မှန်သော်ငြား ပီကေ ပမာ ကပ်တွယ်နေသော ဤ ထူးဆန်းသည့် သတ္တဝါ တစ်သိုက် ၏ တင်းကျပ်စွာ ရစ်ပတ်ခြင်းကို ခံနေရသည်။ သူ ကြီးမားသော တိုက်ခိုက်မှု ကြီး တစ်ခုကို ပြုလုပ်ရန် ကြိုးစားလိုက်တိုင်း... လူတစ်ယောက် က အနားသို့ ပြေးလာပြီး “အသေခံ တိုက်ခိုက်မှု” ပြုလုပ်ကာ သူ၏ မှော်မန္တန် ရွတ်ဆိုသည့် လုပ်ငန်းစဉ်အား အနှောင့်အယှက် ပေးလေ့ ရှိ၏။

တဖြည်းဖြည်း နှင့် ကျောက်ဝူကျီ ၏ တာအို ဝတ်ရုံ ကြီးမှာ စုတ်ပြဲလာရသည်။ သူ၏ ဆံထုံး ကြီးမှာလည်း ပြေကျလာကာ..မျက်နှာပေါ်တွင်လည်း မည်းတူးနေသော သံဒယ်အိုး အရာ ကြီး အများအပြား ထွက်ပေါ်လာသဖြင့်... လုံးဝကို စုတ်ပြတ်သတ်နေသည့် အသွင်အပြင် သို့ ရောက်ရှိသွားတော့၏။

“မင်းတို့တွေက... ဘယ် ဂိုဏ်း က တပည့် တွေ လဲကွ... ဘာလို့ ဒီလောက်တောင်... မျက်နှာပြောင်တိုက် နိုင်ရတာလဲ”

ကျောက်ဝူကျီ ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေး တံတိုင်း ကြီး လုံးဝ ပြိုကျ ပျက်စီးသွားခဲ့လေပြီ။

... ... ...

ကျောက်ဝူကျီ မှာ လုံးဝ ပြိုလဲလုမတတ် ဖြစ်နေပြီး ကစားသမား အချို့ က ပင်လျှင် သူ၏ ဘောင်းဘီ ကို ဆွဲချွတ်ကာ လက်နက်ပစ္စည်း များ ရှိမရှိ စစ်ဆေးရန် ကြိုးစားနေကြသည့် အချိန်လေးမှာပင်၊

“ရပ်လိုက်ကြစမ်း”

ကောင်းကင်ယံ မှနေ၍ ခမ်းနားထည်ဝါပြီး မိုးခြိမ်းသံပမာ ကျယ်လောင်လှသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာတော့၏။

ကျွိချွယ် မြို့တော် ၏ တရားခံ ဖမ်းဆီးရေး တပ်ဖွဲ့ ('သံမဏိ ချပ်ဝတ် ဝတ် အစောင့် များ' နောက်ဆုံးတော့ ရောက်ရှိလာခဲ့လေပြီ။

သူတို့ကို ဦးဆောင်လာသူမှာ ငွေရောင် ချပ်ဝတ် ကို ဝတ်ဆင်ထားပြီး မူလဝိဉာဉ် အဆင့် အစောပိုင်း ကျင့်ကြံခြင်း စွမ်းအား ကို ပိုင်ဆိုင်ထားသော သက်လတ်ပိုင်း အရွယ် တပ်မှူး တစ်ဦး ပင် ဖြစ်၏။ သူ က အရှေ့ရှိ ကစဉ့်ကလျား ဖြစ်နေသော မြင်ကွင်းကြီးကို ကြည့်ကာ သူ၏ နှုတ်ခမ်းများ မှာ တဆတ်ဆတ် တုန်လှုပ်နေတော့သည်။

အလွန်တရာ ခမ်းနားထည်ဝါလှပါသည် ဆိုသော ချီယန် ဂိုဏ်း ၏ တောင်ခွဲ ခေါင်းဆောင် ကြီး တစ်ဦး မှာ... ယခုအခါ စုတ်ပြတ်သတ်နေပြီး အခြေခံတည်ဆောက်ခြင်းအဆင့် သို့မဟုတ် ချီစုဆောင်းခြင်း အဆင့် သာ ရှိသေးသော “သူတောင်းစား” တစ်သိုက် ၏ မြေကြီးပေါ်တွင် ပွတ်တိုက်ခြင်းကို ခံနေရကာ... သူတို့က သူ၏ အတွင်းခံ ဘောင်းဘီ ကို ပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်မပေးကြချေ။

ဒါ ဘယ်လို ယဉ်ကျေးမှု မရှိတဲ့ လုပ်ရပ် ကြီးလဲကွာ။

“မြို့တော် အတွင်းမှာ ကိုယ်ရေးကိုယ်တာ ရန်ဖြစ်ခွင့် မရှိဘူးကွ... အကုန်လုံး ကို ဖမ်းလိုက်စမ်း”

တပ်မှူး က လက်ကို ဝှေ့ယမ်းလိုက်ရာ သံမဏိ ချပ်ဝတ် ဝတ် အစောင့် ရာပေါင်းများစွာ မှာ မြင်ကွင်း ကြီး တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း ဝိုင်းရံလိုက်ကြတော့၏။

ကျောက်ဝူကျီ မှာ သူ၏ ကယ်တင်ရှင် ကြီးကို နောက်ဆုံးတွင် တွေ့လိုက်ရသဖြင့် ဝမ်းနည်း ကြေကွဲမှု များနှင့် ဒေါသ များ ရောနှောကာ အော်ဟစ်လိုက်သည်။

“တပ်မှူး ဝမ်.. ကျွန်တော့် အတွက် တရားမျှတမှု ကို ရှာဖွေပေးပါဦးဗျာ... ဒီ အရိုင်းအစိုင်း တွေ က လမ်းလယ်ခေါင် မှာ ရာဇဝတ်မှု တွေ ကျူးလွန်နေပြီး ကျွန်တော့်ကို အကြီးအကျယ် စော်ကားနေကြပါတယ်ဗျ”

ထိုအခိုက်အတန့် တွင် လက်ဖက်ရည်ဆိုင် ၌ ထိုင်ကာ ပြဇာတ် ကြီးကို အေးအေးဆေးဆေး ကြည့်ရှုနေခဲ့သော ကျန်းချန် သည် နောက်ဆုံးတွင် သူ၏ လက်ဖက်ရည် ပန်းကန် လေးကို ချလိုက်သည်။ သူ က သူ၏ အဝတ်အစား များကို သပ်ရပ်စွာ ပြင်ဆင်လိုက်ပြီး တစ်ချက် လင်းလက်သွားကာ ပဋိပက္ခ ၏ အလယ်ဗဟို တွင် ရုတ်တရက် ထွက်ပေါ်လာတော့၏။

“ဖြည်းဖြည်း လုပ်ပါဗျာ”

ကျန်းချန် သည် လက်နောက်ပစ်လျက် မတ်တတ်ရပ်နေပြီး နှင်းပွင့် ပမာ ဖြူဖွေး သန့်စင်နေသော သူ၏ ဝတ်ရုံ ကြီး နှင့် အလွန်တရာ မြင့်မြတ်လှသော ဂိုဏ်းချုပ် ကြီး တစ်ပါး ၏ ဟန်ပန် မှာ... ဘေးပတ်လည်ရှိ စုတ်ပြတ်သတ်နေသော ကစားသမား များ နှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတော့၏။

“တပ်မှူး ဝမ် လား မသိဘူးဗျ... ကျွန်တော် က ကွေ့ယွမ်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ကျန်းချန် ပါဗျာ”

“ခင်ဗျား က ကျွန်တော်တို့ ကိုယ်ရေးကိုယ်တာ ရန်ဖြစ်နေကြတယ် လို့ ပြောလိုက်တာလား... အဲဒါ မှားပါတယ်ဗျ”

တပ်မှူး ဝမ် က မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းချန် ၏ ကိုယ်ပေါ်မှနေ၍ မှုန်ဝါးဝါး ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါ ကြီး (စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် သို့ ရောက်ရန် ခြေတစ်လှမ်း သာ လိုတော့သည့် အဆင့် ကို ခံစားလိုက်ရသောအခါ သူ၏ လေသံ မှာ အနည်းငယ် ယဉ်ကျေးသွားတော့၏။

“ဂိုဏ်းချုပ် ကျန်း... မျက်လုံး ပေါင်း များစွာ က စောင့်ကြည့်နေတာကို... ခင်ဗျား ရဲ့ တပည့် တွေ က တောင်ခွဲ ခေါင်းဆောင် ကျောက် ကို ဝိုင်းရိုက်နေကြတာကိုလေ... ခင်ဗျား က တကယ်ပဲ ငြင်းဆိုချင်နေသေးတာလား”

“အဲဒီလို မဟုတ်ပါဘူးဗျာ”

ကျန်းချန် က အနည်းငယ် ပြုံးလိုက်ပြီး အနီးနားတွင် “အား... အား...” နှင့် ညည်းတွားနေသော '[မင်း ငါ့ကို ရိုက်တယ်]' ကို လက်ညှိုးထိုး ပြလိုက်သည်။ (သူသည် သွေး အပြည့် ဖြင့် ရှင်သန်ပြန်ထမြောက် လာခဲ့ပြီ ဖြစ်သော်ငြား ယခုထိ သေချင်ယောင် ဆောင်နေဆဲ ပင် ဖြစ်၏။)

“လူတိုင်း မြင်တဲ့ အတိုင်းပါပဲဗျာ... တောင်ခွဲ ခေါင်းဆောင် ကျောက် က အရင် စတင် တိုက်ခိုက်ခဲ့တာပါ... ကျွန်တော့် တပည့် တွေ က သူတို့ရဲ့ 'အသက်အန္တရာယ် ကို ခြိမ်းခြောက် ခံရချိန်' မှာ လိုအပ်တဲ့... 'ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း' မျိုး ကို သာ လုပ်ဆောင်ခဲ့ကြတာပါဗျ”

“မင်း... ”

ကျောက်ဝူကျီ မှာ ဒေါသကြောင့် သွေး ပင် အန်လုမတတ် ဖြစ်သွားတော့၏။

“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက် ငါ့ရဲ့ ဘောင်းဘီ ကို ဆွဲချွတ်ဖို့ လိုလို့လားကွ”

ကျန်းချန် ၏ မျက်နှာထား မှာ လုံးဝ ပြောင်းလဲသွားခြင်း မရှိချေ။

“အဲဒါက လူကြီးမင်း ဆီမှာ အစုလိုက်အပြုံလိုက် သေကြေ ပျက်စီးစေနိုင်တဲ့ လက်နက်တွေ များ ဖုံးကွယ်ထားသလား လို့ စစ်ဆေး ကြည့်တာပါဗျာ... ကျွိချွယ် မြို့တော် ကြီး ရဲ့ လုံခြုံရေး အတွက်လေ”

“ဒီ... ဒီကိစ္စ က...”

တပ်မှူး ဝမ် မှာ တစ်ခဏမျှ စကား ပင် မပြောနိုင်တော့ချေ။

ဒီလောက် ထိ အဆင့်မြင့်သော အဘိုးကြီး ခမျာ ဉာဏ်များသည့် စကားလုံး တွေကို တစ်ခါမှ မကြားဖူးခဲ့ပါချေ။

သူတို့ အချင်းချင်း အချေအတင် ဖြစ်နေကြသည့် အချိန်လေးမှာပင် ဗိုက်ရွှဲရွှဲ နှင့် သက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး က ရတနာ တစ်သောင်း စံအိမ် ကြီးထဲမှ ရုတ်တရက် ထွက်လာသည်။ သူ ကတော့ ရတနာ တစ်သောင်း စံအိမ် ကျွိချွယ် မြို့တော် ဆိုင်ခွဲ ၏ ဆိုင်ရှင် စုန့် ပင် ဖြစ်၏။

“အဟမ်း... အဟမ်း... တပ်မှူး ဝမ်... ဒီ အဘိုးကြီး ရဲ့ မျက်နှာ ကို နည်းနည်းလောက် ထောက်ထားပေးပါဦးဗျာ”

ဆိုင်ရှင် စုန့် က အပြုံးလေး ဖြင့် လျှောက်လာပြီး သူ၏ လက်ထဲတွင် စားလို့ မကုန်သေးသော မီး အဆိပ် မိစ္ဆာကောင် အကင် တုတ်ချောင်း တစ်ဝက် ကို ကိုင်ဆောင်ထားသည်။

“တောင်ခွဲ ခေါင်းဆောင် ကျောက် က အရင် စတင် တိုက်ခိုက်ခဲ့တာ အမှန် ပါပဲဗျ... သူ က ရတနာ တစ်သောင်း စံအိမ် ကြီး ရဲ့ အပေါက်ဝ မှာ စီးပွားရေး လာပျက်အောင် လုပ်နေတာပါ... ဒါ့အပြင်...”

ဆိုင်ရှင် စုန့် က ကျန်းချန် ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ပါးနပ် စဉ်းလဲသော စီးပွားရေးသမား ကြီး တစ်ဦး ၏ အလင်းရောင် များ တဖျတ်ဖျတ် လင်းလက်သွားသည်။

“ဂိုဏ်းချုပ် ကျန်း ယူလာတဲ့ ဒီ 'မီး အဆိပ် မိစ္ဆာကောင် အကင်' က တကယ်ကို အရသာ ရှိပြီး... အထူး စွမ်းရည် တွေလည်း ပါဝင်တယ်ဗျ... ရတနာ တစ်သောင်း စံအိမ် ကြီး က ကွေ့ယွမ်ဂိုဏ်း နဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက် ဖို့ ရည်ရွယ်ထားပြီး... ဒါကို ဒီ သုံးလပတ် ရဲ့ 'အထူး ထုတ်ကုန်' အဖြစ် ရောင်းချဖို့ စီစဉ်ထားပါတယ် ခင်ဗျာ”

ထို စကားများ ထွက်ပေါ်လာသည် နှင့် တစ်ပြိုင်နက် အခြေအနေ ကြီးမှာ ချက်ချင်း ပြောင်းပြန် လှန်သွားတော့၏။ ရတနာ တစ်သောင်း စံအိမ် ကြီး ဆိုသည်မှာ မည်ကဲ့သို့သော အဆင့်အတန်း မျိုး ရှိသနည်း။

၎င်းကား အလယ်ပိုင်းလွင်ပြင် တစ်ခုလုံး တွင် ပြန့်နှံ့ တည်ရှိနေပြီး မြင့်မြတ်သော နယ်မြေ တစ်ခု ကို ကျောထောက်နောက်ခံ ပြုထားသည့် ထိပ်တန်း အဆင့် စီးပွားရေး အဖွဲ့အစည်း ကြီး တစ်ခု ပင် ဖြစ်၏။ မြို့တော်ဝန် ၏ စံအိမ်တော် ကြီး ပင်လျှင် သူတို့ကို အထိုက်အလျောက် မျက်နှာ ထောက်ထား ရသည်။

တပ်မှူး ဝမ် ၏ မျက်နှာထား မှာ ချက်ချင်း ပြောင်းလဲသွားပြီး ကျောက်ဝူကျီ ကို အေးစက်စွာ ပြောလိုက်၏။

“တောင်ခွဲ ခေါင်းဆောင် ကျောက်... ရတနာ တစ်သောင်း စံအိမ် ကြီး က ကိုယ်တိုင် သက်သေ ထွက်ဆိုပေးနေပြီ ဆိုမှတော့... ခင်ဗျား က မှားယွင်းနေပြီ ဆိုတာ သေချာသွားပါပြီ... ဒါက ပထမဆုံး အကြိမ် ကျူးလွန်တာ ဖြစ်တဲ့ အတွက်... ခင်ဗျား ရဲ့ လူတွေကို ခေါ်ပြီး ထွက်သွားလိုက်ပါတော့... နောက်တစ်ခါ လူစည်ကားတဲ့ နေရာမှာ ရန်ဖြစ်ရဲတယ် ဆိုရင်တော့... ဒီ တပ်မှူး ကို ရက်စက်တယ် လို့ အပြစ် မတင်နဲ့နော်”

“မင်း... မင်းတို့တွေ... ”

ကျောက်ဝူကျီ မှာ အချင်းချင်း ပူးပေါင်း ကြံစည်နေကြသော ကျန်းချန် နှင့် ဆိုင်ရှင် စုန့် ကို ကြည့်ပြီး... ထို့နောက် သူ့ကို လှောင်ပြောင် သရော်နေကြဆဲ ဖြစ်သော ကစားသမား တစ်သိုက် ကို လှမ်းကြည့်ကာ... ဒေါသကြောင့် အမြင်အာရုံ များ ပင် မည်းမှောင်သွားတော့၏။

“ကောင်းပြီလေ... တကယ်ကို ကောင်းလှတဲ့ ကွေ့ယွမ်ဂိုဏ်း ပါလား... တကယ်ကို ကောင်းလှတဲ့ ရတနာ တစ်သောင်း စံအိမ် ကြီး ပါလား... ငါ... ချီယန် ဂိုဏ်း က ဒီ အကြွေး ကို သေချာ မှတ်ထားမယ်... နောက်မှ တွေ့ကြသေးတာပေါ့ကွာ”

ကျောက်ဝူကျီ က ကြိမ်းဝါး သည့် စကားများ ပြောဆိုခဲ့ပြီး သူ၏ စုတ်ပြတ်သတ်နေသော တာအို ဝတ်ရုံ ကြီးကို ဆုပ်ကိုင်ကာ အရှက်ရမှု များ ပြည့်နှက်နေသော မျက်နှာထား ဖြင့် နေရာမှ အလုအယက် ထွက်ပြေးသွားတော့၏။

“ဟေး... ငါတို့ နိုင်ပြီဟေ့”

“ချီးပဲ... ရွှေအမြုတေအဆင့် အထွတ်အထိပ် ဆိုပြီး... ငါတို့က သူ့ရဲ့ အတွင်းခံ ဘောင်းဘီ ကိုတောင် ပေါက်ကွဲသွားအောင် လုပ်ပစ်လိုက်တာကွ”

ကစားသမား များ၏ အောင်ပွဲခံ အော်ဟစ်သံကြီးများ ပေါက်ကွဲ ထွက်လာတော့၏။

ကျန်းချန် က လှည့်ကာ ဆိုင်ရှင် စုန့် နှင့် အကြည့်ချင်း ဆုံလိုက်သည်။

“ဆိုင်ရှင် စုန့်... အမြင် ကျယ်လှချည်လားဗျာ”

“ဂိုဏ်းချုပ် ကျန်း... နည်းဗျူဟာ တွေ ကောင်းလှချည်လားဗျာ”

သူတို့ နှစ်ဦး က အချင်းချင်း ပြုံးပြလိုက်ကြရာ... ဤ “မြေခွေးအိုကြီး” နှစ်ကောင် အကြားတွင် တိတ်ဆိတ်သော နားလည်မှု တစ်ခု မျက်စိတစ်မှိတ်အတွင်း ဖြစ်တည်သွားခဲ့လေပြီ။

ရတနာ တစ်သောင်း စံအိမ် ကြီး ၏ ထောက်ခံ ပံ့ပိုးမှု ဖြင့်... ကွေ့ယွမ်ဂိုဏ်း ၏ စီးပွားရေး မြေပုံကြီးမှာ အလယ်ပိုင်းလွင်ပြင် တွင် လုံးဝ လုံခြုံ သေချာသွားခဲ့ပြီ ဆိုတာကို ကျန်းချန် ကောင်းစွာ သိရှိထားသည်။

‘ချီယန် ဂိုဏ်း ကတော့ ဘယ်လို လုပ်မလဲ ဟုတ်လား။ သူတို့က ကစားသမား တွေ ရဲ့ နောက်ထပ် လျှို့ဝှက် နယ်မြေ တစ်ခု အတွက် “အတွေ့အကြုံမှတ် ပေးမယ့် ကလေးလေးတွေ” သက်သက်သာ ဖြစ်သွားတော့မှာပေါ့ကွာ’

အခန်း (၂၀၆) စီးပွားရေး ပါရမီရှင်..မဲဖောက်သေတ္တာ နဲ့ အသင်းဝင်စနစ် ရဲ့ အဖျက်စွမ်းအားကြီးမားတဲ့ ရိုက်ခတ်မှု

ကျွိချွယ် မြို့တော်၊ ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ အထူးဧည့်ခန်းဆောင်။

အပြင်ဘက်မှ ဆူညံသံများကို လုံးဝ ပိတ်ဆို့ထားပြီး အခန်းထဲတွင် အမွှေးတိုင်ရနံ့များ သင်းပျံ့နေသည်။ ဝတုတ်တုတ် ဆိုင်ရှင်စုန့် က ရှေးဟောင်း ဝိညာဉ်လက်ဖက်ရည် တစ်ခွက်ကို ကျန်းချန်အား ကိုယ်တိုင်ကိုယ်ကျ ငှဲ့ပေးနေသည်။ ပုံမှန်အားဖြင့် ပါးနပ်စဉ်းလဲသော အမူအရာရှိတတ်သည့် သူ၏ မျက်နှာပေါ်တွင် ယခုအခါ ဖားယားသော အပြုံးကြီးတစ်ခုက နေရာယူထား၏။

“ဂိုဏ်းချုပ်ကျန်း... ကျွန်တော် ရဲရဲဝံ့ဝံ့လေး ပြောရမယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ 'မီးအဆိပ် မိစ္ဆာကောင်' အသားကင်က တကယ့်ကို ရှားပါးတဲ့ ဟင်းလျာတစ်ခွက်ပါပဲ... အရသာရှိရုံတင်မကဘူး၊ မီးခံနိုင်ရည်ကိုပါ တက်စေတယ်ဆိုတာက အလယ်ပိုင်းလွင်ပြင် မှာ လုံးဝကို ပြိုင်ဘက်ကင်းပဲဗျ”

ဆိုင်ရှင်စုန့် က လက်နှစ်ဖက်ကို ပွတ်သပ်ကာ စမ်းသပ်သည့် လေသံဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့ ဂိုဏ်းအနေနဲ့ တစ်နေ့ကို ဘယ်လောက်များ ထောက်ပံ့ပေးနိုင်မလဲ မသိဘူးဗျ... ရတနာ တစ်သောင်း ဆိုင်ခွဲ အနေနဲ့ အကင် တစ်ခုကို ဝိညာဉ်ကျောက်တုံး (၂၀) နှုန်းနဲ့ ဈေးကောင်းပေးပြီး အကုန်လုံးကို သီးသန့် ဝယ်ယူချင်ပါတယ်ဗျာ”

ထိုစကားကို ကြားလိုက်ရသောအခါ ဆုချင်းကော ၏ မျက်လုံးများ လင်းလက်သွားတော့၏။

'တစ်တုတ်ကို ဝိညာဉ်ကျောက်တုံး (၂၀) ဟုတ်လား... ဒါက လုံးဝ ဓားပြတိုက်နေတာပဲ... မူလ ပါဝင်ပစ္စည်းတွေက သတ္တုတွင်း ထဲကနေ ကစားသမားတွေ အလကား ရလာတာလေ'

သို့ရာတွင် ကျန်းချန်ကမူ ခေါင်းကို ညင်သာစွာ ခါရမ်းလိုက်ပြီး လက်ဖက်ရည်ပန်းကန်ကို ချလိုက်သည်။

“ဆိုင်ရှင်စုန့်... ခင်ဗျားရဲ့ အမြင်က အရမ်း ကျဉ်းမြောင်းလွန်းနေတယ်ဗျာ”

“ဗျာ”

ဆိုင်ရှင်စုန့် မှာ အံ့အားသင့်သွားသည်။

“ဈေးနည်းနေလို့လားဗျ... ဒါဆိုရင် သုံးဆယ်ရော ဘယ်လိုလဲ”

ကျန်းချန်က လက်ညှိုးတစ်ချောင်းကို ထောင်ပြကာ ညင်သာစွာ ခါရမ်းလိုက်သည်။

“ဒါက ဈေးနှုန်း ပြဿနာ မဟုတ်ဘူး... စီးပွားရေး ပုံစံ ပြဿနာဗျ... အသားကို ဒီအတိုင်း ရောင်းနေတာက သာမန် သားသတ်သမားတွေ လုပ်တဲ့အလုပ်လေ... ကျွန်တော်တို့က ကျင့်ကြံသူတွေ... ကျွန်တော်တို့ ရောင်းမယ်ဆိုရင်... 'ကံကြမ္မာ အခွင့်အရေး' ကို ရောင်းရမှာပေါ့”

“ကံကြမ္မာ အခွင့်အရေး ဟုတ်လား”

ဆိုင်ရှင်စုန့် မှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားတော့၏။

ကျန်းချန်၏ နှုတ်ခမ်းများက မိစ္ဆာဆန်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး သူ၏ သိုလှောင်လက်စွပ် ထဲမှ အလွန် လက်ရာမြောက်စွာ ပြုလုပ်ထားသော အမည်းရောင် သစ်သားသေတ္တာငယ်လေး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုသေတ္တာငယ်လေးထဲသို့ နတ်ဘုရား အာရုံ ဖြင့် ထိုးဖောက် ဝင်ရောက်၍ မရနိုင်ချေ။

“ဆိုင်ရှင်စုန့်... ကျွန်တော်တို့က အသားကင်တွေကို သေတ္တာတွေထဲ ထည့်လိုက်မယ်ဆိုပါစို့... တချို့သေတ္တာတွေထဲမှာ အဆင့်အတားအဆီး ကြီးကို ချက်ချင်း ကျော်ဖြတ်နိုင်အောင် ကူညီပေးမယ့် အဖိုးမဖြတ်နိုင်တဲ့ 'မျိုးရိုးဗီဇ ပြောင်းလဲနေတဲ့ မီးအဆိပ် မိစ္ဆာကောင် ရဲ့ အဆီအနှစ် (ရွှေရောင် အသားကင်)' တွေ ပါမယ်... တချို့သေတ္တာတွေထဲမှာ သာမန် အသားကင်တွေ ပါမယ်... ပြီးတော့ တချို့သေတ္တာတွေထဲမှာကျတော့... ကျောက်တုံးတစ်တုံး ဒါမှမဟုတ် 'မင်းရဲ့ စိတ်နှလုံးက မခိုင်မာသေးဘူး၊ ထပ်ကြိုးစားပါဦး' လို့ ရေးထားတဲ့ စာရွက်လေး တစ်ရွက်ပဲ ပါမယ်ဆိုပါစို့”

“ပြီးတော့ ဒီသေတ္တာတွေကို တစ်လုံးကို ဝိညာဉ်ကျောက်တုံး (၅၀) နှုန်းနဲ့ ဈေးသတ်မှတ်လိုက်မယ်... အဲဒီလိုဆိုရင် ကျင့်ကြံသူတွေက ဘယ်လို ရွေးချယ်ကြမယ် ထင်လဲ”

စီးပွားရေး လောကတွင် ပါးနပ်စဉ်းလဲသော မြေခွေးအိုကြီး တစ်ကောင်ဖြစ်သည့် ဆိုင်ရှင်စုန့် သည် တစ်စက္ကန့်မျှသာ တုံ့ဆိုင်းသွားပြီးနောက် သူ၏ အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာတော့၏။

“ဒါ... ဒါက...”

မျက်လုံးများ နီရဲကာ သေတ္တာများကို ရူးသွပ်စွာ ဖွင့်ဖောက်နေကြမည့် မရေမတွက်နိုင်သော လောင်းကစားသမားများ၏ ပုံရိပ်များက သူ၏ စိတ်ကူးထဲတွင် လျှပ်တစ်ပြက် ပေါ်လာသည်။

ကျင့်ကြံသူတွေ အယုံကြည်ရဆုံးက ဘာလဲ။

ကံတရားပဲ။ ကံကြမ္မာပဲ။

အသားကင်ကို ဈေးနှုန်းတပ်ပြီး ရောင်းလျှင် ဈေးကြီးသည်ဟု သူတို့ ထင်ကြလိမ့်မည်။ သို့သော် 'ကံကြမ္မာကို လောင်းကြေးထပ်ခြင်း' ဖြစ်သွားပါက ဝိညာဉ်ကျောက်တုံး တစ်ထောင်တောင်မှ 'ငါ့ကံနဲ့ဆို နောက်တစ်ခါကျရင် စက်ဘီးကနေ မော်တော်ဆိုင်ကယ် ဖြစ်သွားနိုင်တယ်ကွ' ဟု ထင်ကြမည့်သူများ ရှိလာလိမ့်မည်။

“အမိုက်စားပဲ... လုံးဝကို အမိုက်စားပဲကွာ”

ဆိုင်ရှင်စုန့် က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူ၏ အဆီများ တုန်ခါသွားသည်အထိ ကျန်းချန်ကို လက်မထောင်ပြလိုက်၏။

“ဂိုဏ်းချုပ်ကျန်း... ဒါက စီးပွားရေး လုပ်နေတာ မဟုတ်တော့ဘူး... ဒါက ရှင်းရှင်းကြီးကို ကျင့်ကြံသူတွေရဲ့ တာအို စိတ်နှလုံး ကို စမ်းသပ်နေတာပဲဗျာ”

ကျန်းချန်က ခပ်ပြုံးပြုံးဖြင့် ဆက်ပြောလိုက်ပါသည်။

“ဒါကို 'မဲဖောက်သေတ္တာ' လို့ ခေါ်တယ်ဗျ... ဒါ့အပြင် ကျွန်တော်တို့က 'ရတနာ တစ်သောင်း ဆိုင်ခွဲ ရဲ့ အထွတ်အထိပ် ကတ်' တွေကိုပါ ထုတ်ဝေလိုက်မယ်... ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ဖြည့်ရင် ငွေရောင် အသင်းဝင် ဖြစ်မယ်၊ မဲဖောက်သေတ္တာ ဝယ်ရင် (၁၀) ရာခိုင်နှုန်း လျှော့ဈေးရမယ်... ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) ဖြည့်ရင် ရွှေရောင် အသင်းဝင် ဖြစ်မယ်၊ 'အာမခံချက်' စနစ်ပါမယ်... သေတ္တာ (၁၀၀) ဖွင့်ရင် လျှို့ဝှက် ပစ္စည်း တစ်ခု သေချာပေါက် ရမယ်... ဝိညာဉ်ကျောက်တုံး (၁,၀၀၀,၀၀၀) ဖြည့်ရင်...”

ကျန်းချန် ရှင်းပြနေသည်ကို နားထောင်ရင်း ဆိုင်ရှင်စုန့် ၏ အကြည့်များက အံ့အားသင့်မှုမှသည် အားကျမြတ်နိုးမှုသို့၊ ထိုမှတစ်ဆင့် 'ဓနနတ်မင်းကြီး' အပေါ် ရူးသွပ်စွာ စွဲလမ်းမှု အဖြစ်သို့ ပြောင်းလဲသွားတော့၏။ ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ ရတနာတိုက်ကြီးထဲသို့ ခြေထောက်များ ပေါက်ကာ အပြေးအလွှား ဝင်ရောက်လာကြမည့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာကို သူ မြင်ယောင်လာမိသည်။

“လုပ်မယ်ဗျာ... ကျွန်တော်တို့ လုပ်ကြမယ်”

ဆိုင်ရှင်စုန့် က သူ့ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်သည်။

“ဂိုဏ်းချုပ်ကျန်း... အမြတ်ကို တစ်ဝက်စီ ခွဲမယ်... အဲ... မဟုတ်ဘူး... ခင်ဗျားက (၆၀) ရာခိုင်နှုန်း ယူ၊ ကျွန်တော်က (၄၀) ရာခိုင်နှုန်း ယူမယ်... ဒီလုပ်ငန်းကို ရတနာ တစ်သောင်း ဆိုင်ခွဲ ကလွဲပြီး တခြား ဘယ်သူ့ကိုမှ မပေးရင် ရပြီဗျာ”

... ... ...

နာရီဝက် အကြာတွင် ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ အပေါက်ဝ၌ ဈေးဆိုင်အသစ် တစ်ခု ထွက်ပေါ်လာသည်။

မီးခိုးများ အူထွက်နေသော အသားကင်စင်ကြီး အစား ထိုနေရာတွင် အလွန်တရာ ဆွဲဆောင်မှု ရှိသော ကြော်ငြာများ ပြသထားသည့် ဧရာမ အလင်းတန်း နံရံကြီး တစ်ခုကို တွေ့ရလေ၏။

“ကောင်းကင်ဘုံကို အန်တုပြီး မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲချင်သလား။

နေ့ချင်းညချင်း ချမ်းသာချင်သလား။

ချီယန် သတ္တုတွင်း ကနေ ရရှိလာတဲ့ မီးအဆိပ် မိစ္ဆာကောင် မဲဖောက်သေတ္တာ။

ပထမဆုံး အကြိမ် စတင်ရောင်းချခြင်း။

လျှို့ဝှက် ပစ္စည်း - 'ရွှေရောင် နဂါးအသား'။

ဒါကို စားလိုက်ရင် စစ်မှန်တဲ့ နဂါးချီစွမ်းအင် တစ်စွန်းတစ်စကို ရရှိနိုင်မယ်။

(အမှန်တကယ်တော့ အော့လင်း ကိုက်ထားပြီး တံတွေး နည်းနည်း ပေနေသော အရိုးတုံး ဖြစ်၏။)

ဝိညာဉ်ကျောက်တုံး (၅၀) တည်းနဲ့နော်။

အခုလေးတင် ချီစုဆောင်းခြင်း အဆင့် က အမှီအခိုကင်း ကျင့်ကြံသူ တစ်ယောက် လျှို့ဝှက် မော်ဒယ် တစ်ခုကို ဖွင့်မိသွားလို့ အဲဒီနေရာမှာတင် အခြေခံတည်ဆောက်ခြင်းအဆင့် ကို တက်သွားပြီဟေ့”

“ဝေးဟေးဟေး...”

ရင်ပြင်တစ်ခုလုံး အောင်ပွဲခံ အော်ဟစ်သံများဖြင့် ဆူညံသွားတော့၏။

“ဝိညာဉ်ကျောက်တုံး (၅၀) တည်းနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကို တက်နိုင်မယ့် အခွင့်အရေး ဟုတ်လား... ငါ ဝယ်မယ်ကွ”

“ငါ့ကို (၁၀) လုံး ပေး... ငါ့ကံက အဲဒီလောက် ဆိုးနေမယ်လို့ ငါ မယုံဘူး”

“မတိုးကြနဲ့လေ... ငါက တန်ဖိုးထားရတဲ့ ရွှေရောင် အသင်းဝင် ကွ... ငါ့ကို အရင် ပေးစမ်း”

မြင်ကွင်းတစ်ခုလုံးမှာ ချက်ချင်းဆိုသလို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတော့၏။ လူအုပ်ထဲတွင် ကစားသမားများက ရောနှောဝင်ရောက်နေပြီး 'လေထုဖန်တီးရေး အဖွဲ့' (အရပ်စကားဖြင့် မြှောက်ပင့်ပေးသူများ) အဖြစ် ဆောင်ရွက်နေကြသည်။

ကစားသမား ကံကြမ္မာ ပူးကပ်နေသူ က လူအများရှေ့တွင် သေတ္တာ တစ်လုံးကို ဖွင့်ပြလိုက်ရာ ရွှေရောင် အလင်းတန်း တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ (ဈေးပေါသော အထူးပြုလုပ်ချက်များ ဖြစ်၏။)

“သောက်ကျိုးနည်း... ငါ ရွှေရောင် ပစ္စည်း ရပြီဟေ့... ငါ ရွှေရောင် ပစ္စည်း ရပြီ... လျှို့ဝှက် ပစ္စည်း ကြီးကွ”

ဘေးပတ်ဝန်းကျင်ရှိ ဒေသခံ ကျင့်ကြံသူများ၏ မျက်လုံးများမှာ မနာလိုမှုကြောင့် ချက်ချင်း နီရဲသွားကြပြီး သူတို့၏ ဝိညာဉ်ကျောက်တုံး များကို ရူးသွပ်စွာ ဆွဲထုတ်လာကြတော့၏။

“သူဌေး... ငါ့ကို နောက်ထပ် သေတ္တာ (၅၀) ပေးစမ်း”

ထိုအချိန်တွင် အခြားတစ်ဖက်၌ ကစားသမား ကံအဆိုးဆုံး ဘုရင်ကြီး သည် သေတ္တာ (၁၀) လုံး ဆက်တိုက် ဖွင့်လိုက်ရာ ကျောက်တုံးများမှလွဲ၍ ဘာမှ မရခဲ့ချေ။ သူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေသည်။

“ဒီဂိမ်းက... အဲ... မဟုတ်ဘူး... ဒီမဲဖောက်သေတ္တာ တွေက စွဲလမ်းစေတယ်ကွာ... နောက်တစ်လုံးပဲ... နောက်ဆုံး တစ်လုံးပဲ... ငါ ဘယ်တော့မှ လက်မလျှော့ဘူးကွ”

ပုံမှန်အားဖြင့် မာနထောင်လွှားလှသော ကျင့်ကြံသူများမှာ ယခုအခါ သစ်သားသေတ္တာငယ်လေး တစ်လုံးအပေါ်တွင် ဤမျှလောက် ရူးသွပ်စွဲလမ်းနေကြသည်ကို ကြည့်ရင်း လုံခြုံရေး တာဝန်ယူထားသော ကစားသမားများမှာ ဆက်သွယ်ရေး ချန်နယ် ထဲတွင် သက်ပြင်းချကာ မှတ်ချက်ပေးနေကြတော့၏။

“ဒါက အရမ်း ရက်စက်လွန်းပါတယ်ကွာ... ဒါက ငါတို့ရဲ့ ဂါချာ စနစ်ကို ကော်ပီကူးချထားတာပဲ မဟုတ်လား”

“အန်ပီစီ တွေတောင်မှ 'ဆယ်ခါဆွဲရင် သေချာပေါက်ရမယ်' ဆိုတဲ့ ကျိန်စာထဲကနေ မလွတ်မြောက်နိုင်ဘူးလို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး”

“ဂိုဏ်းချုပ်ကြီးက တော်တော် ရက်စက်တာပဲ... ဒါပေမဲ့ အန်ပီစီ တွေဆီက ပိုက်ဆံတွေ အလကားရနေတာကို ကြည့်ရတာကတော့ လုံးဝကို ကျေနပ်စရာကြီးကွာ”

... ... ...

တစ်ရက်တည်း အတွင်းမှာပင် ရတနာ တစ်သောင်း ဆိုင်ခွဲ ၏ အရောင်းအဝယ် ပမာဏမှာ အဆပေါင်း ရာချီ၍ မြင့်တက်သွားသည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာသည် ကျန်းချန်၏ အိတ်ကပ်ထဲသို့ ရေစီးကြောင်းကြီးပမာ စီးဝင်လာတော့၏။

လက်ဖက်ရည်ဆိုင်၏ အပေါ်ထပ်တွင် ကျန်းချန်သည် သူ၏ သိုလှောင်လက်စွပ် ထဲတွင် တောင်လိုပုံနေသော ဝိညာဉ်ကျောက်တုံး များကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ရန်ပုံငွေတွေလည်း အဆင်သင့် ဖြစ်နေပြီ”

သူက ကျွိချွယ် မြို့တော် အပြင်ဘက်ရှိ ချီယန် ဂိုဏ်း ၏ သတ္တုတွင်းဆီသို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

“အခု ပိုက်ဆံလည်း ရပြီဆိုတော့ ငါတို့ရဲ့ လက်နက်ပစ္စည်းတွေကို အဆင့်မြှင့်ရမယ့် အချိန်ရောက်ပြီ... အမိန့်ပေးလိုက်”

ကျန်းချန်က ဘေးနားရှိ ဆုချင်းကော ကို ပြောလိုက်သည်။

“ဒီဝိညာဉ်ကျောက်တုံး တွေကို သုံးပြီး ရတနာ တစ်သောင်း ဆိုင်ခွဲ မှာ ဈေးဝယ်ထွက်ကြမယ်... ပေါက်ကွဲရေး အဆောင်တွေ၊ မန္တန်တွေ၊ တစ်ခါသုံး မှော်ရတနာ တွေ အကုန်လုံးကို ပြောင်သလင်းခါအောင် ဝယ်ပစ်လိုက်”

“ဒီည... ချီယန် ဂိုဏ်း ကို 'အပြန်အလှန် လက်ဆောင်' တစ်ခု သွားပေးကြမယ်... 'ငါ့ဆီက ယူသွားတာတွေ ပြန်ပေး'... 'ငါ့ဆီက ရသွားတာတွေကို အတိုးနဲ့ ပြန်ဆပ်' ဆိုတဲ့ သဘောမျိုးပေါ့”

ဂိုဏ်းချုပ်ကြီး၏ 'နျူကလီးယားဗုံးကဲ့သို့ ကြင်နာတတ်သော' အပြုံးကြီးကို ကြည့်ရင်း ဆုချင်းကော မှာ ချီယန် ဂိုဏ်း အတွက် သုံးစက္ကန့်ခန့် တိတ်တဆိတ် ဝမ်းနည်း ပူဆွေးပေးလိုက်မိသည်။

'ရန်စစရာ လူရှားလို့မှဟာ... ဒီလို အရူးတစ်သိုက်ကို ဦးဆောင်နေတဲ့ စီးပွားရေး ပါရမီရှင် ကြီးကိုမှ သွားပြီး ရန်စရတယ်လို့ဟယ်'

... ... ...

တစ်ချိန်တည်းမှာပင် ချီယန် ဂိုဏ်း ၏ ကျွိချွယ် မြို့တော် ဌာနခွဲတွင်။

ကျောက်ဝူကျီ သည် ဒဏ်ရာများကို ပတ်တီးစည်းပြီးခါစဖြစ်ကာ လက်အောက်ငယ်သား၏ သတင်းပို့ချက်ကို နားထောင်နေရင်း ဒေါသထွက်လွန်းသဖြင့် အသစ်လဲထားသော စားပွဲကိုပင် ထပ်မံ ရိုက်ချိုးပစ်လိုက်၏။

“မင်း ဘာပြောလိုက်တယ်... သူတို့က ရတနာ တစ်သောင်း ဆိုင်ခွဲ ရဲ့ အပြင်ဘက်မှာ မဲဖောက်သေတ္တာ တွေ ရောင်းနေတယ် ဟုတ်လား... တစ်နေ့ကို ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီပြီး ရနေတယ် ဟုတ်လား... ပြီးတော့ မူလ ပါဝင်ပစ္စည်းတွေက ငါတို့ သတ္တုတွင်း ထဲက မီးအဆိပ် မိစ္ဆာကောင် တဲ့လား”

“ဖူး...”

ကျောက်ဝူကျီ ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာတော့၏။ ဤတစ်ကြိမ်တွင်မူ သူ၏ အတွင်းကလီစာများ တကယ်ပင် ဒဏ်ရာရသွားခဲ့ချေပြီ။

ဒါက လုံးဝကို ဖျက်ဆီးပစ်လိုက်ခြင်းပင်။ သူတို့သည် သူ၏ အရင်းအမြစ်များကို အသုံးပြု၍ အမြတ်ထုတ်နေကြပြီး သူတို့ သတ္တုတွင်း နှစ်ပေါင်းရာချီ တူးဖော်၍ ရနိုင်သည့် ပမာဏထက်ပင် ပိုမို ရရှိနေကြသည် မဟုတ်ပါလား။

“ဒါ အရမ်းလွန်သွားပြီ... ငါ ဒီကိစ္စကို လက်စားမချေရရင် သေတောင် မျက်စိမမှိတ်ဘူးလို့ သစ္စာဆိုတယ်ကွာ”

ကျောက်ဝူကျီ ၏ မျက်လုံးများမှာ သွေးများဖြင့် နီရဲနေပြီး မျက်နှာတစ်ခုလုံး ပုံပျက်နေသည်။

“ပင်မဂိုဏ်းချုပ် ဆီကို ဆက်သွယ်လိုက်... အကြီးအကဲ တွေဆီကနေ အကူအညီ တောင်းလိုက်... ကြီးမားလှတဲ့ ဓနဥစ္စာတွေ ပိုင်ဆိုင်ထားတဲ့ သိုးဆူကြီး တစ်အုပ် ကျွိချွယ် မြို့တော် မှာ ပေါ်လာပြီလို့ ပြောလိုက်... ကွေ့ယွမ်ဂိုဏ်း ကို ဖျက်ဆီးပစ်နိုင်တာနဲ့ အဲဒီ သန်းနဲ့ချီတဲ့ ဝိညာဉ်ကျောက်တုံး တွေ အကုန်လုံးက ငါတို့ရဲ့ ဟာတွေ ဖြစ်သွားပြီကွ”

မုန်တိုင်းတစ်ခု ကျရောက်လာတော့မည် ဖြစ်၏။ ကျွိချွယ် မြို့တော် ၏ ညကောင်းကင်ယံအောက်တွင် လောဘတရားများနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများက ရူးသွပ်စွာ ကြီးထွားလာနေလေပြီ။

ထိုအချိန်တွင် စတုတ္ထမြောက် ကပ်ဘေးကြီး ကား ရတနာ တစ်သောင်း ဆိုင်ခွဲ တွင် ဈေးဝယ်ထွက်နေကြပြီး အသစ်ဝယ်ယူထားသော 'ကောင်းကင်ဘုံ ဗုံး' များကို သူတို့၏ ဘောင်းဘီများထဲသို့ ထိုးသိပ်ထည့်ရင်း မိစ္ဆာဆန်ဆန် ရယ်မောနေကြသည်။

“ဒီည မိစ္ဆာကောင် တွေကို ဘယ်နား သွားသတ်ကြမလဲ”

“ချီယန် ဂိုဏ်း ဌာနခွဲ က တော်တော်လေး အမြတ်အစွန်း ထွက်တယ်လို့ ငါ ကြားတယ်ကွ…”

အခန်း (၂၀၇) ချီယန် ဂိုဏ်းကို ညဘက် ဝင်ရောက် စီးနင်းခြင်း..အနုပညာ ဆိုတာ ပေါက်ကွဲမှုပဲ

လူသတ်ဖို့ ကောင်းသော လေပြင်းတွေ တဟူးဟူး.. တိုက်ခတ်နေသည့် ညမှောင်မှောင် တစ်ည။

ကျွိချွယ် မြို့တော် ရှိ ချီယန် ဂိုဏ်း ဌာနခွဲ ၏ ပင်မဌာနချုပ်။ ၎င်းသည် မြင့်မားသော တံတိုင်းများနှင့် အပြည့်အဝ ကာကွယ်ထားသော မန္တန်ကွင်းပြင် များရှိသည့် ကျယ်ဝန်းလှသော စံအိမ်ကြီးတစ်ခု ဖြစ်၏။ နေ့ခင်းဘက်က ရင်ပြင်တွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသော်ငြား ချီယန် ဂိုဏ်း က ဒေသခံ အင်အားကြီး အဖွဲ့အစည်း ဖြစ်သည့်အားလျော်စွာ သူတို့၏ ကာကွယ်ရေးများက အလွန်တရာ တင်းကျပ်လှသည်။

ဌာနခွဲ ခေါင်းဆောင် ကျောက်ဝူကျီ သည် ခန်းမဆောင်ကြီး၏ အလယ်တွင် ထိုင်နေပြီး သူ၏ မျက်နှာမှာ ပြာနှမ်းနေ၏။

“ပင်မဂိုဏ်းချုပ် ဆီကို ဆက်သွယ်လို့ မရသေးဘူးလား”

“ခေါင်းဆောင်ကြီးကို သတင်းပို့ပါတယ်... သတင်းပို့ ဓားပျံ ကို စေလွှတ်လိုက်ပါပြီ... ဒါပေမဲ့ စစ်ကူတွေက မနက်ဖြန် နေ့လယ်လောက်မှ အစောဆုံး ရောက်လာနိုင်ပါမယ်ဗျ”

ထိုအခါ၊ ကျောက်ဝူကျီ က မေးရိုးများ တင်းမာ‌နေအောင် အံကြိတ်လိုက်မိသည်။

“ကောင်းပြီလေ... မနက်ဖြန် နေ့လယ်ကျရင်... ဟို အသားတု လိမ်ရောင်းတဲ့ ကောင်တွေကို သေချင်စရာ ကောင်းလောက်အောင် လုပ်ပစ်မယ်ကွာ”

သူ၏ ရင်ဘတ်ထဲတွင် စူးအောင့်သော နာကျင်မှုကို ခံစားနေရဆဲ ဖြစ်၏။ နေ့ခင်းက သံမည်းဒယ်အိုးကြီးဖြင့် အရိုက်ခံရသော ဒဏ်ရာမှာ သူ၏ ခန္ဓာကိုယ်ကိုသာမက နှလုံးသားကိုပါ ကျိုးပဲ့သွားစေခဲ့သည် မဟုတ်ပါလား။

“အားလုံး နားထောင်ကြ... ဟို အရိုင်းအစိုင်းတွေ အသေခံ တိုက်ခိုက်လာမှာကို စိုးရိမ်ရတဲ့အတွက် ဒီည အထူး သတိထားပြီး စောင့်ကြပ်ကြစမ်း”

“ဟုတ်ကဲ့ပါဗျ”

သို့ရာတွင် ကျောက်ဝူကျီ အိပ်မက်တောင် မမက်ဖူးခဲ့သည်မှာ သူမြင်တွေ့ခဲ့ရသော 'အရိုင်းအစိုင်း' များသည် ယခုအချိန်တွင် သူ၏ အိမ်တံတိုင်းအောက်၌ ဝပ်ကျင်းနေကြပြီး ထူးခြားလှသော 'တိုက်ပွဲမဝင်မီ လှုံ့ဆော်မှု' ကို ပြုလုပ်နေကြခြင်းပင် ဖြစ်တော့၏။

... ... …

တံတိုင်းအပြင်ဘက် အရိပ်ထဲတွင်၊

ကစားသမား သုံးထောင်သည် အမည်းရောင် ညဝတ်စုံများကို ပြောင်းလဲ ဝတ်ဆင်ထားပြီး ဖြစ်၏။ (သို့သော် လူအများစု၏ ခေါင်းပေါ်တွင် ရွှေရောင် ခေါင်းစဉ်များ ရှိနေဆဲဖြစ်ရာ အမှောင်ထဲတွင် မီးသီးလေးများပမာ လင်းလက်နေလေသည်။)

ဝမ်သဲ့ဖာ သည် ရတနာ တစ်သောင်း ဆိုင်ခွဲ မှ ထုတ်လုပ်ထားပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ် ၏ အစွမ်းသတ္တိများနှင့် ညီမျှသော တစ်ခါသုံး ပေါက်ကွဲရေး မှော်ရတနာ များဖြစ်သည့် 'မိုးကြိုးလုံး' အထုပ်ကြီးတစ်ခုကို ယူဆောင်လာခဲ့သည်။

ထိုမိုးကြိုးလုံးများပေါ်တွင် အနီရောင် မန္တန်စာလုံးများကို ထွင်းထုထား၏။ သူက ထိုအထုပ်ကြီးကို ခါးတွင် ပတ်ထားပြီး အလွန်တရာ ရဲရင့်ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

“ညီအစ်ကိုတို့... ဂိုဏ်းချုပ်ကြီးက ပြောတယ်... ဒီည စစ်ဆင်ရေးရဲ့ လျှို့ဝှက်ကုဒ်နာမည်က 'လူဌေးတွေက လက်နက်အင်အားနဲ့ အနိုင်ကျင့်မယ်' တဲ့ကွ”

“ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တွေက ဟိုအဘိုးကြီးကို မမီပေမဲ့... ငါတို့ဆီမှာ ပိုက်ဆံတွေ ရှိတယ်ကွ... ဒီနေ့လယ်က မဲဖောက်သေတ္တာ ရောင်းလို့ ရလာတဲ့ ပိုက်ဆံတွေ အကုန်လုံးကို ဂိုဏ်းချုပ်ကြီးက ဗုံးတွေချည်းပဲ လဲပေးလိုက်တာ... တစ်ယောက်ကို ဗုံး (၁၀) လုံးစီ ရမယ်... အကုန်လုံးကို ပစ်ပေါက်လိုက်... မကုန်မချင်း ဘယ်သူမှ ဂိမ်းထဲက မထွက်ရဘူးနော်”

ဓားတစ်လက် က သူ၏ ဓားပျံ ကို ပြုပြင်မွမ်းမံနေပြီး ဓားသွားပေါ်တွင် 'မီးမိုးကြိုး ပုလဲလုံး' သုံးလုံးကို တပ်ဆင်ကာ စိတ်အားထက်သန်စွာဖြင့် ဆို၏။

“အရင်တုန်းက ဓားသိုင်း ကျင့်ကြံသူ လုပ်တုန်းက 'ဓားတစ်လက်တည်းနဲ့ မန္တန်အားလုံးကို ဖျက်ဆီးမယ်' ဆိုတဲ့ အတွေးမျိုး ရှိခဲ့တာ... ဒါပေမဲ့ ဒီနေ့တော့ အစစ်အမှန် ဓားဆိုတာ 'အရှေ့လေတိုက် အမြန်ချောပို့... တာဝန် ပြီးမြောက်ပြီ' ဆိုတာကို ငါ နားလည်သွားပြီကွ”

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း ကတော့ ပို၍ပင် အံ့မခန်း ဖြစ်နေပါသည်။

ခန္ဓာကိုယ် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အားလျော်စွာ ဦးလေးကျန်းက အင်္ကျီကို ချွတ်လိုက်ပြီး တစ်ကိုယ်လုံးတွင် 'အသေခံ ဖောက်ခွဲရေး အဆောင်' ဒါဇင်ပေါင်းများစွာ ကပ်ထားကာ လူသား ဖက်ထုပ်ကြီး တစ်ခုပမာ ရစ်ပတ်ထားသည်။

“စကားများမနေနဲ့တော့... ငါ့ရဲ့ ဓားကြီးက တိုက်ချင်လွန်းလို့ ယားကျိကျိ ဖြစ်နေပြီကွာ... ဘယ်သူ အရင် စတိုက်မှာလဲ”

“ကျွန်တော် သွားမယ်ဗျ”

ချောပို့သမား ရှောင်ဝမ် ဟု အမည်ရသော ကစားသမား တစ်ယောက်က ရှေ့သို့ ထွက်လာပြီး အူယားဖားယား ရယ်လိုက်သည်။

“ငါ့ဆီမှာ ကိုယ်ဖျောက် စကေး ရှိတယ်... သူတို့ဆီကို နှုတ်ဆက် လက်ဆောင် သွားပေးလိုက်ဦးမယ်”

... ... ...

စံအိမ်ကြီး၏ အဝင်ဝတွင်၊

ချီယန် ဂိုဏ်း မှ တပည့် နှစ်ယောက်က သမ်းဝေနေကြ၏။

“စီနီယာအစ်ကို... ဟို တောသားတွေ လာရဲမယ် ထင်လား... ငါတို့ရဲ့ တောင်စောင့် မဟာမန္တန်ကွင်းပြင် ကြီးမှာ ရွှေအမြုတေအဆင့် ရဲ့ စွမ်းအားတွေတောင်...”

စကားပင် မဆုံးလိုက်ရချေ။ အမှောင်ထဲမှ အမည်းရောင် ပုံရိပ် တစ်ခုက ရုတ်တရက် ပြေးထွက်လာပြီး အဝင်တံခါးမကြီးဆီသို့ အလွန် ကပျက်ကချော် နိုင်သော ပုံစံဖြင့် ပြေးဝင်လာသည်။

“ဘယ်သူလဲ” ဟု အစောင့်က အော်ဟစ်လိုက်သည်။

အမည်းရောင် ပုံရိပ်က ရပ်တန့်သွားပြီး အလွန် ယဉ်ကျေးစွာဖြင့် ဦးညွှတ်လိုက်၏။

“မင်္ဂလာပါ ခင်ဗျာ... မေထွမ် အစားအသောက် ပို့ဆောင်ရေးပါ... လူကြီးမင်းတို့ရဲ့ 'မိသားစု စားပွဲကြီး' ရောက်ပါပြီ... ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါဦး”

အစောင့်မှာ ဆွံ့အသွားသည်။

“ဘာ အစားအသောက် ပို့ဆောင်ရေးလဲ... ဘာ မိသားစု စားပွဲကြီးလဲ”

နောက်တစ်စက္ကန့်တွင် အမည်းရောင် ပုံရိပ်က မီးရှို့ကြိုးတစ်ခုကို ရုတ်တရက် ဆွဲဖြုတ်လိုက်ပြီး တောက်ပသော (ထို့ပြင် ပုံပျက်နေသော) အပြုံးတစ်ခုကို ပြသလိုက်၏။

“အနုပညာ ဆိုတာ... ပေါက်ကွဲမှုပဲကွ”

“ဝုန်း... ”

နားကွဲမတတ် ဟိန်းဟောက်သံကြီး တစ်ခုက ကျွိချွယ် မြို့တော် ၏ တိတ်ဆိတ်မှုကို ရိုက်ချိုးပစ်လိုက်သည်။ ဧရာမ မီးတောက်ကြီးတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး စံအိမ်ကြီး၏ ခိုင်ခံ့သော တံခါးမကြီးနှင့် ကာကွယ်ရေး မန္တန်ကွင်းပြင် ၏ ထောင့်တစ်နေရာကို လုံးဝ ဖျက်ဆီးပစ်လိုက်၏။ အစောင့်နှစ်ယောက်မှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

မီးတောက်များကြားတွင် 'ချောပို့သမား' မှာ ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သော်ငြား သူ၏ စိတ်ဝိညာဉ် (အဖြူရောင် အလင်းတန်း) က လေထဲတွင် လွင့်မျောနေပြီး ဂိုဏ်း၏ ဆက်သွယ်ရေး ချန်နယ် ထဲတွင် စာရိုက်နေဆဲ ဖြစ်၏။

“ညီအစ်ကိုတို့... တံခါး ပွင့်သွားပြီဟေ့... ချီတက်ကြ”

“သတ်ကြဟေ့... ”

ပေါက်ကွဲသံကြီးနှင့်အတူ အမှောင်ထဲမှ မရေမတွက်နိုင်သော တိုက်ပွဲဝင် အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။ ကင်းပုန်းဝပ်နေခဲ့သော ကစားသမား သုံးထောင်သည် ရေကာတာ ကျိုးပေါက်သွားသည့်အလား အရှိန်အဟုန်ဖြင့် အပြေးအလွှား ဝင်ရောက်လာကြသည်။

သူတို့တွင် ဗျူဟာလည်း မရှိ၊ နေရာချထားမှုလည်း မရှိ။ လက်ထဲတွင် မီးတောက်နေသော စနက်ကြိုးများသာ ရှိနေကြ၏။

... ... ...

ထိုအချိန်တွင် ဧည့်ခန်းဆောင် အတွင်းရှိ ကျောက်ဝူကျီ သည် ဆူညံသံကြီးကြောင့် လန့်နိုးသွားပြီး ကုလားထိုင်ပေါ်မှ ခုန်ထလိုက်မိသည်။

“ဘာဖြစ်တာလဲ... ရန်သူ လာတိုက်တာလား”

သူ ဧည့်ခန်းဆောင် အပြင်ဘက်သို့ ပြေးထွက်သွားရာ သူမြင်တွေ့လိုက်ရသော မြင်ကွင်းက သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေပြီး သူ၏ ကမ္ဘာ့အမြင်ကိုပင် ရိုက်ချိုးပစ်လိုက်၏။

အမည်းရောင် ဝတ်စုံများ ဝတ်ဆင်ထားသော 'အရူး' ရာပေါင်းများစွာက အော်ဟစ်ရင်း သူ၏ တပည့်များဆီသို့ ပြေးဝင်လာကြသည်။ ချီယန် ဂိုဏ်း မှ တပည့်များ၏ ဓားပျံ များနှင့် မှော်မန္တန် များကို ရင်ဆိုင်ရချိန်တွင်... ဤလူများက ရှောင်တိမ်းရန်ပင် မကြိုးစားကြချေ။

ချီယန် ဂိုဏ်း မှ တပည့်တစ်ယောက်က ကစားသမား၏ ရင်ဘတ်ကို ဓားဖြင့် ထိုးဖောက်လိုက်ပြီး အောင်ပွဲခံသည့်အလား ပြုံးကာ ပြောလိုက်၏။

“သေစမ်း”

သို့ရာတွင် ထိုကစားသမားက ဓားသွားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပါးစပ်မှ သွေးများ ပန်းထွက်လာသော်ငြား မိစ္ဆာဆန်ဆန် ပြုံးလျက် ဆိုသည်။

“မိပြီကွ... ဟီးဟီး... မြို့ထဲကို အတူတူ ပြန်ကြတာပေါ့ကွာ”

“ဝုန်း...”

ကစားသမား၏ ခါးတွင် ချိတ်ဆွဲထားသော မိုးကြိုးလုံး ငါးလုံးက တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားတော့၏။ နှစ်ယောက်စလုံး ချက်ချင်း အတူတူ သေဆုံးသွားကြသည်။

“ဒါ... ဒါက ဘယ်လို တိုက်ခိုက်ပုံမျိုးလဲကွာ”

ကျောက်ဝူကျီ မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရ၏။

‘အသေခံ တိုက်ခိုက်မှုလား။ မိစ္ဆာလမ်းစဉ် က အသေခံ တပ်သားတွေတောင်မှ ဒီလောက် ကြောက်ရွံ့မှု ကင်းမဲ့တဲ့ လူတွေကို အများကြီး လေ့ကျင့်ပေးနိုင်မှာ မဟုတ်ဘူး။

ပြီးတော့ လူသုံးထောင်တောင် ရှိတယ်လား။ အသေခံ တပ်သား သုံးထောင် ဟုတ်လား’

“သူတို့ကို တားကြ... အခု ချက်ချင်း တားကြစမ်း”

ကျောက်ဝူကျီ ဟိန်းဟောက်လိုက် တော့သည်။

သို့သော် ပို၍ မျှော်လင့်ချက်မဲ့ဖွယ် ကောင်းသော အရာများက ရောက်ရှိလာဦးမည် ဖြစ်၏။

ရုတ်တရက် ကောင်းကင်ယံမှ စူးရှသော လေခွင်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကျောက်ဝူကျီ ခေါင်းမော့ကြည့်လိုက်ရာ ညကောင်းကင်ယံတွင် လှည့်ပတ်နေသော ဓားပျံ ရာပေါင်းများစွာကို တွေ့လိုက်ရသည်။ ဓားပျံ တစ်လက်ချင်းစီ၏ အောက်ခြေတွင် တောက်ပနေသော အနီရောင် ပုလဲလုံးများ အတန်းလိုက် တွဲလောင်းကျနေလေ၏။

ကစားသမား ဓားတစ်လက် က အဆောက်အအုံ ခေါင်မိုးပေါ်တွင် မတ်တတ်ရပ်လျက် သံစုံတီးဝိုင်း မှူး တစ်ယောက်ပမာ သူ၏ လက်ချောင်းများကို ဝှေ့ယမ်းပြနေသည်။

“လေတပ် အမှတ် (၁) အဖွဲ့... တည့်တည့်က ဧည့်ခန်းဆောင်ကြီးကို ပစ်မှတ်ထား... ကော်ဇောခင်း ဗုံးကြဲမယ်... ပစ်”

“ဝှစ်... ”

မရေမတွက်နိုင်သော ဓားပျံ များက ဗုံးကြဲလေယာဉ်များပမာ ထိုးဆင်းလာကြပြီး မြေပြင်နှင့် နီးကပ်သွားသည့် အခိုက်အတန့်တွင် မရေမတွက်နိုင်သော 'မီးမိုးကြိုး ပုလဲလုံး' များကို ကြဲချလိုက်ကြတော့၏။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ”

နားကွဲမတတ် ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာပြီး ချီယန် ဂိုဏ်း ၏ ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးမှာ ချက်ချင်းဆိုသလို မီးပင်လယ်ကြီးနှင့် အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားလေတော့၏။

“မဖြစ်ရဘူး... ငါ့ရဲ့ နှစ်ပေါင်းရာချီ အမွေအနှစ်ကြီး”

ကျောက်ဝူကျီ က နှလုံးကွဲမတတ် အော်ဟစ်လိုက်သည်။

ထိုအခိုက်အတန့်၌ အသေခံ ဖောက်ခွဲရေး အဆောင်များ ကပ်ထားသော ခန္ဓာကိုယ် ကျင့်ကြံသူ လူသန်ကြီး အချို့က တစ်ကိုယ်တည်း ဖြစ်နေသော ကျောက်ဝူကျီ ကို တွေ့သွားကြသည်။

“ဝှက်သယ်ဖာ့ခ်... ဟိုမှာ ဘော့စ်ကြီး... ကျောက်ဝူကျီ ကို အရှင်ဖမ်းကြ”

“ညီအစ်ကိုတို့... သူ့အပေါ်ကို ထပ်ပုံလိုက်ကြ... သူ့ကို ပေးမပြေးစေနဲ့”

“ထွက်သွား... ဒီကနေ ထွက်သွားကြစမ်း”

ရွှေအမြုတေအဆင့် အထွတ်အထိပ် ရှိ ကျောက်ဝူကျီ က သူ၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ကစားသမား တစ်ယောက်၏ ဦးခေါင်းခွံကို ရိုက်ခွဲပစ်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ပိုမိုများပြားသော လူများက ရှေ့သို့ ပြေးဝင်လာကြ၏။

အချို့က သူ၏ ခြေထောက်များကို ဖမ်းဆွဲကြသည်။ အချို့က သူ၏ လည်ပင်းကို ညှစ်ကြသည်။ အချို့ကမူ သူ၏ ကျောပေါ်သို့ ခုန်တက်ကာ လည်ပင်းကို သိုင်းဖက်ထားကြသည်။

“အထွတ်အထိပ် လူသန်ကြီး လည်ပင်းညှစ်ခြင်း ကွ”

နောက်ဆုံးတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း က ဟိန်းဟောက်လိုက်ပြီး ခေါင်မိုးပေါ်မှ ခုန်ချကာ ပိတ်မိနေသော ကျောက်ဝူကျီ ၏ အပေါ်သို့ ဥက္ကာပျံ တစ်ခုပမာ ပြုတ်ကျလာတော့၏။ သူ၏ ကိုယ်ပေါ်ရှိ အဆောင် ဒါဇင်ပေါင်းများစွာက မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။

ကောင်းကင်မှ ကျဆင်းလာသော 'တောက်ပနေသည့် လူစွမ်းကောင်းကြီး' ကို ကြည့်ရင်း ကျောက်ဝူကျီ ၏ မျက်လုံးများထဲတွင် နောက်ဆုံးတော့ စစ်မှန်သော ကြောက်ရွံ့မှုများ ထွက်ပေါ်လာတော့၏။

ထိုအခိုက်အတန့်၌ နေ့ခင်းက အဖြူရောင် ဝတ်စုံဖြင့် ဂိုဏ်းချုပ် ပြောခဲ့သော စကားတစ်ခွန်းကို သူ သတိရလိုက်မိသည်။

'ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်း' တဲ့လား။

ဒါက မင်းတို့ ကွေ့ယွမ်ဂိုဏ်း ရဲ့ တရားဝင် ခုခံကာကွယ်ခြင်း လို့ ခေါ်တာလား။

“လူအုပ်ကြီးအတွက် ချီတက်ကြ... ”

“ဝုန်း... ”

စံအိမ်ကြီး၏ ဗဟိုချက်တွင် မှိုပွင့်ပုံစံ မီးခိုးလုံး အသေးစားလေး တစ်ခု ထိုးတက်သွားသည်။

ကျွိချွယ် မြို့တော် တစ်ခုလုံးရှိ မြေကြီးများ သုံးကြိမ်တိုင်တိုင် တုန်ခါသွားလေတော့၏။

... ... ...

အဝေးတစ်နေရာရှိ လက်ဖက်ရည်ဆိုင်၏ ခေါင်မိုးပေါ်တွင် ကျန်းချန်သည် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေလေ၏။ ညလေညင်းက သူ၏ ဝတ်ရုံကို လွင့်ခါနေစေသည်။ အဝေးမှ တောက်ပလှသော မီးတောက်များကို ငေးကြည့်ရင်း၊ ဆက်တိုက် ထွက်ပေါ်နေသော ပေါက်ကွဲသံများကို နားထောင်ရင်း သူက ဝိညာဉ်အရက်ကို တစ်ငုံ သောက်လိုက်သည်။

“ဂိုဏ်းချုပ်”

ဆုချင်းကော က သူ၏ အနောက်တွင် ရပ်နေပြီး သူမ၏ လှပသော မျက်နှာလေးမှာ ပြာနှမ်းနေကာ မျက်လုံးများထဲတွင်လည်း အံ့အားသင့်မှုများ ပြည့်နှက်နေ၏။

“ဒါက... အရမ်း ရက်စက်လွန်းပါတယ်... ရတနာ တစ်သောင်း ဆိုင်ခွဲ ရဲ့ ကုန်ပစ္စည်းတွေ အကုန်လုံး ဗုံးခွဲခံလိုက်ရပြီ... အဲဒါတွေ အကုန်လုံးက ပိုက်ဆံတွေချည်းပဲနော်”

ကျန်းချန်က ခပ်ပြုံးပြုံးဖြင့် ဆိုသည်။

“ချင်းကော... မင်း နားလည်ဖို့ လိုတယ်... တစ်ခါတလေကျရင် ပိုပြီး ကြာရှည်ခံမယ့် ငြိမ်းချမ်းရေး (နဲ့ ပိုက်ဆံရှာဖို့) အတွက် ငါတို့က နည်းနည်းပါးပါး... လက်နက်အင်အား သာလွန်မှု ဆိုတာကို ပြသဖို့ လိုတယ်ကွ... ဒီတိုက်ပွဲ ပြီးသွားရင် ကျွိချွယ် မြို့တော် မှာ ငါတို့ ကွေ့ယွမ်ဂိုဏ်း ကို ဘယ်သူက အထင်သေးရဲတော့မှာလဲ”

သူက အရက်ခွက်ကို ချလိုက်ပြီး သူ၏ မျက်လုံးများက နက်ရှိုင်းသွားသည်။

“အမိန့်ပေးလိုက်... မီးရှူးမီးပန်းတွေ ဖောက်လို့ ပြီးသွားရင် တိုက်ပွဲတလင်း ကို ရှင်းလင်းဖို့ မမေ့နဲ့လို့... ချီယန် ဂိုဏ်း က နှစ်ပေါင်းရာချီ စုဆောင်းထားတဲ့ ဓနဥစ္စာတွေက မြေအောက်ခန်းထဲမှာ ရှိလောက်တယ်... ရတနာ တစ်သောင်း ဆိုင်ခွဲ အတွက် မျက်နှာနာနေစရာ မလိုဘူး... ကြမ်းခင်း ကျောက်ပြားတွေကိုပါ ခွာခဲ့ကြလို့”

“ဟုတ်ကဲ့ပါဗျ”

ထိုညတွင် ကျွိချွယ် မြို့တော် ၌ အိပ်မပျော်နိုင်သော ညတစ်ည ဖြစ်လာခဲ့ချေပြီ။

မရေမတွက်နိုင်သော ကျင့်ကြံသူများ လန့်နိုးလာကြပြီး မြို့အနောက်ဘက်ရှိ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်ကြီးများကို ကြည့်ကာ တုန်ရီနေကြတော့၏။

ပေါက်ကွဲသံများနှင့်အတူ အရူးများ၏ မိစ္ဆာဆန်သော ရယ်မောသံများ ပါဝင်သည့် ဒဏ္ဍာရီသစ် တစ်ပုဒ်သည် အလယ်ပိုင်းလွင်ပြင် မြေပြင်ပေါ်တွင် ပေါက်ကွဲသံကြီးများနှင့်အတူ တရားဝင် စတင်ခဲ့လေပြီ။

All Chapters