← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း။ ၅၇

မှီခိုရာဂိုဏ်း၏ ပင်မအဆောင်တော်။

ဂုန်း….

သစ်သားကုလားထိုင်တစ်လုံးမှာ အသံနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပြီးနောက် ဟွားလျောင်သည် ထိုဘေးတွင် ဒူးထောက်လျက်ရှိနေကာ သူ၏မျက်နှာမှာ ဆီးနှင်းကဲ့သို့ ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။

"မင်း ငါ့ကိစ္စကို ဒီလိုပဲ ကိုင်တွယ်ခဲ့တာလား နက်နဲသောနယ်ပယ် ပညာရှင်ရဲ့ မျက်နှာသာပေးမှုကို မရခဲ့တဲ့အပြင် အကြီးအကဲတစ်ယောက်ကပါ လမ်းမပေါ်ကို အလွှင့်ခံလိုက်ရတယ်တဲ့။ ငါ့ရဲ့ ဒီမျက်နှာဟောင်းကြီးကို ဘယ်မှာသွားထားရမလဲဆိုတာ မင်းသိလား"

ဟွားလျောင်မှာ တစ်ကိုယ်လုံး တုန်ရင်နေပြီး သူ၏ဦးခေါင်းမှာ ကြမ်းပြင်နှင့် ထိလုနီးပါး ငုံ့ထားလျက်ရှိသည်။

"ဂိုဏ်းချုပ်... ဒေါသကို ထိန်းပါဦး။ အကြီးအကဲရုံရဲ့ ဆေးပညာက ဒီလောက်အထိ ညံ့ဖျင်းနေမယ်လို့ ကျွန်တော် တကယ်မသိခဲ့ပါဘူး။ ပြီးတော့ မသေမျိုးဂိုဏ်းရဲ့ အစောင့်အရှောက်က ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့လည်း မထင်ထားခဲ့မိဘူး။ သူနဲ့ တိုက်ခိုက်ရင်း ကျွန်တော်တောင် အသက်လုပြီး ထွက်ပြေးခဲ့ရတာပါ"

"ဒါဆို မင်းပြောချင်တာက မင်းမနိုင်တော့လို့ ထွက်ပြေးခဲ့တယ်ပေါ့"

ဝတ်ရုံခြုံထားသော အောက်ရှိ မျက်နှာထားမှာ အလွန်ပင် တည်ကြည်လေးနက်လွန်းသဖြင့် အဆောင်တော်အတွင်းရှိ လေထုမှာပင် အေးခဲသွားတော့မယောင် ရှိသည်။

အေးမြမှုက လူတစ်ယောက်ကို စူးရှသော ခံစားချက်ပေးစွမ်းနိုင်သည်။ သို့သော် ရှေ့မှောက်ရှိ ပုဂ္ဂိုလ်ထံမှ ထွက်ပေါ်လာသော အအေးဓာတ်ကမူ ဟွားလျောင်ကို ရေခဲတိုက်အတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားရစေသည်။

ဟွားလျောင်က အလျင်အမြန် ရှင်းပြလိုက်သည်။

"ကျွန်တော်က အသက်ကို လွယ်လွယ်နဲ့ ကြောက်တတ်တဲ့သူမျိုး မဟုတ်ပါဘူး။ ဝမ်ပင်းက ဆေးပညာကို ဒီလောက်အထိ ကောင်းကောင်း တတ်မြောက်ထားမယ်လို့ မမျှော်လင့်ထားမိလို့ပါ။ အကြီးအကဲရုံရဲ့ ဟန်ဆောင်မှုတွေ ပေါ်သွားတဲ့အခါ ရန်မိသားစုမှာ ဆက်နေဖို့ ကျွန်တော် ရှက်လွန်းလို့ပါ"

ဟွန်း…

အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု အဆောင်တော်အတွင်း ပဲ့တင်ထပ်သွားသည်။

ရုတ်တရက် တိတ်ဆိတ်သွားမှုက ဟွားလျောင်ကို ခေါင်းမဖော်ဝံ့အောင် ဖြစ်စေသည်။ အတော်ကြာပြီးနောက်တွင်မှ သူ၏နားထဲသို့ စကားသံတစ်ခု ရောက်ရှိလာသည်။

"အဲဒီ နက်နဲသောနယ်ပယ် ပညာရှင်နဲ့ မသေမျိုးဂိုဏ်းက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ကျင့်ကြံသူကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်ပါ။ တစ်ခုခု လှုပ်ရှားမှုရှိတာနဲ့ ငါ့ကို ချက်ချင်း သတင်းပို့ရမယ်။ ရန်ဟွား သေဆုံးတာက မသေမျိုးဂိုဏ်းနဲ့ သေချာပေါက် ဆက်စပ်နေတယ်"

ထိုအခါမှသာ ဟွားလျောင်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချနိုင်တော့သည်။

သူ၏ ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး "အခုချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်" ဟု ပြန်ပြောလိုက်သည်။

...

ကြွေကျနေသော သစ်ရွက်ပုံကြီးပေါ်တွင် လဲလျောင်းရင်း မိုးကုပ်စက်ဝိုင်းမှ နေမင်းကြီး ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို ကြည့်နေရသည့် ဝမ်ပင်း၏ရင်ထဲတွင် ယခင်က မခံစားဖူးသော အေးချမ်းမှုကို ခံစားနေရသည်။

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၁...

တစ်ချိန်က သူ အိမ်မက်ပင်မမက်ရဲခဲ့သော အထွတ်အထိပ်သို့ ယခုတော့ အလွန်မြန်ဆန်စွာ ရောက်ရှိခဲ့ပြီဖြစ်သည်။

ထိုစဉ်မှာပင် သူ၏နားထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာသည်။

“တာဝန်အသစ် ထုတ်ပြန်လိုက်ပါပြီ”

"လာပြီဟေ့... အကျိုးကျေးဇူးတွေ"

ဝမ်ပင်းမှာ ဝမ်းသာသွားပြီး ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွားကာ သစ်ရွက်ပုံကြီးထဲမှ ရုတ်တရက် ထထိုင်လိုက်သည်။

[ကျောက်ရိုင်းတင်မကဘူး။ ကျောက်ကောင်းပါ ဖြစ်ရမယ်။ ထူးကဲတဲ့ ဂိုဏ်းကြီးတစ်ခုဆိုတာ ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ အသုံးမကျတဲ့သူတစ်ယောက်ကိုပါ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ဖြစ်အောင် ပြောင်းလဲပေးနိုင်ရမှာပဲ]

[တာဝန်က အသက် ၁၈ နှစ်ထက်မပိုတဲ့၊ သွေးကြောတွေ ပျက်စီးနေလို့ အသုံးမကျဘူးလို့ သတ်မှတ်ခံထားရတဲ့ တပည့်တစ်ယောက်ကို ရှာဖွေစုဆောင်းပါ။ ဒီတပည့်အတွက် ဂိုဏ်းဝင်ကြေးကို လျှော့ပေးလို့ရပြီး ဘယ်လောက်ကောက်မလဲဆိုတာကိုတော့ ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ]

[ရလာမဲ့ ဆုလာဘ်ကတော့ ဘယ်အဆောက်အအုံကိုမဆို အထူးစွမ်းရည်တွေ ထည့်သွင်းပြီး အခမဲ့ တစ်ကြိမ် ပြန်လည်မွမ်းမံခွင့်နဲ့ ဉာဏ်အလင်းပွင့်ခြင်းအခွင့်အရေး တစ်ကြိမ်]

"ဒီဆုလာဘ်တွေကတော့ တကယ့်ကို အားလန်းပဲ"

အခမဲ့ ပြန်လည်မွမ်းမံခွင့်ဆိုသည်မှာ အဖိုးမဖြတ်နိုင်သလို ဉာဏ်အလင်းပွင့်ခြင်း အခွင့်အရေးမှာလည်း ပို၍ပင် တန်ဖိုးရှိလှသည်။ လွန်ခဲ့သောတစ်ခေါက်က ဉာဏ်အလင်းပွင့်မှုကြောင့် သူသည် နဂါးအမျက်တော်သိုင်းကွက်ကို တိုက်ရိုက် တတ်မြောက်သွားခဲ့သည်။

"တကယ်လို့ နောက်ထပ်တစ်ကြိမ်သာ ဉာဏ်အလင်း ထပ်ပွင့်မယ်ဆိုရင်... ငါ တိုက်ရိုက်ပဲ အသေးစားအောင်မြင်မှုကို ရောက်သွားနိုင်မလား။ ဒါကတော့ စိတ်ကူးယဉ်တာပဲ ဖြစ်မှာပါ။ သွေးကြောအတတ် သိုင်းပညာတစ်ခုကို အသေးစားအောင်မြင်မှုအထိ ရောက်ဖို့က အဲဒီလောက် မလွယ်ဘူးလေ။

ဆုလာဘ်တွေနဲ့ နှိုင်းယှဉ်ရင် တပည့်စုဆောင်းရမယ့် သတ်မှတ်ချက်ကို ပိုစိတ်ဝင်စားနေမိတယ်။ သွေးကြောတွေ ပျက်စီးနေတဲ့သူ ဖြစ်ရမယ်တဲ့... ဒီတောင်းဆိုချက်က တကယ့်ကို ခက်ခဲလွန်းပါတယ်။

အခုခေတ်မှာ ဘယ်သူမဆို ကျင့်ကြံနိုင်ကြတာပဲဟာ။ အဆင့်မြင့်မြင့် မရောက်ရင်တောင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁ ဒါမှမဟုတ် ၂ အထိတော့ ရောက်ကြတာပဲလေ။ လုံးဝ ကျင့်ကြံလို့မရတဲ့သူကို ရှာဖို့ ခက်သလို သွေးကြောတွေ ပျက်စီးနေတဲ့သူဆိုရင် ပိုတောင် ရှားသေးတယ်။

ဒီတော့ မွေးရာပါမဟုတ်ဘဲ နောက်ပိုင်းမှ သွေးကြောတွေ အဖျက်ဆီးခံလိုက်ရတဲ့သူမျိုးကိုပဲ ရှာတွေ့နိုင်မှာ။ ဆန်းဝူမြို့လို ကျယ်တဲ့နေရာမျိုးမှာတော့ သွေးကြောပျက်စီးနေတဲ့သူတစ်ယောက် ရှာရတာ သိပ်တော့ မခက်ခဲလောက်ပါဘူး... မဟုတ်ဘူးလား"

ဤမေးခွန်းမှာ သူကိုယ်တိုင် ပြန်လည် ဖြေကြားရမည့် မေးခွန်းပင်။

အဖြေကတော့ အလွန်ပင် ခက်ခဲလိမ့်မည်ပင်။

ခဏမျှ စဉ်းစားပြီးနောက် ဝမ်ပင်းက မေးလိုက်သည် "စနစ်... ဂိုဏ်းပင်မအဆောင်ရဲ့ ဆွဲဆောင်မှုစွမ်းရည်က အသုံးဝင်ရဲ့လား"

“အသုံးဝင်တာပေါ့။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သူ့ရဲ့ အကျိုးသက်ရောက်မှု အတိုင်းအတာက ကျဉ်းမြောင်းလွန်းသေးတယ်။ အသက် ၁၈ နှစ်အောက် သွေးကြောပျက်စီးနေတဲ့သူကို အမြန်ဆုံးရှာတွေ့ဖို့ဆိုရင် သခင်ကိုယ်တိုင် သွားရှာသင့်ပါတယ်။ ဒါနဲ့ စကားမစပ်... တာဝန်သက်တမ်းက ငါးရက်ပဲ ရှိပါတယ်။ ငါးရက်အတွင်း မပြီးမြောက်ဘူးဆိုရင် အဆောက်အအုံတစ်ခုရဲ့ အထူးစွမ်းရည်ကို ပြန်လည်ရုပ်သိမ်းမှာ ဖြစ်ပါတယ်"

"အချိန်ကန့်သတ်ချက် ရှိတာလား ခုနက ထုတ်ပြန်တဲ့ တာဝန်ထဲမှာ ဒါမျိုး မပါပါဘူး"

“အခုပဲ ထပ်ဖြည့်လိုက်ပါ့မယ်”

[ကျောက်ရိုင်းတင်မကဘူး။ ကျောက်ကောင်းပါ ဖြစ်ရမယ်။ ထူးကဲတဲ့ ဂိုဏ်းကြီးတစ်ခုဆိုတာ ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ အသုံးမကျတဲ့သူတစ်ယောက်ကိုပါ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ဖြစ်အောင် ပြောင်းလဲပေးနိုင်ရမှာပဲ]

[တာဝန်က အသက် ၁၈ နှစ်ထက်မပိုတဲ့၊ သွေးကြောတွေ ပျက်စီးနေလို့ အသုံးမကျဘူးလို့ သတ်မှတ်ခံထားရတဲ့ တပည့်တစ်ယောက်ကို ရှာဖွေစုဆောင်းပါ။ ဒီတပည့်အတွက် ဂိုဏ်းဝင်ကြေးကို လျှော့ပေးလို့ရပြီး ဘယ်လောက်ကောက်မလဲဆိုတာကိုတော့ ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ။ သက်တမ်းက ငါးရက်]

[ရလာမဲ့ ဆုလာဘ်ကတော့ ဘယ်အဆောက်အအုံကိုမဆို အထူးစွမ်းရည်တွေ ထည့်သွင်းပြီး အခမဲ့ တစ်ကြိမ် ပြန်လည်မွမ်းမံခွင့်နဲ့ ဉာဏ်အလင်းပွင့်ခြင်းအခွင့်အရေး တစ်ကြိမ်။ ပျက်ကွက်ပါက အပြစ်ဒဏ်အနေနဲ့ အဆောက်အအုံတစ်ခုရဲ့ အထူးစွမ်းရည်ကို ပြန်လည်

ရုပ်သိမ်းခြင်း]

သူ့ရှေ့တွင် တစ်ဖန်ပြန်ပေါ်လာသော တာဝန်မျက်နှာပြင်ကို ကြည့်ရင်း ဝမ်ပင်းသည် ခါးသီးသော ဆေးမြစ်များကို ဝါးစားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“သခင်... အမြန်ဆုံး လမ်းထွက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်"

ထိုသို့ပြောပြီးနောက် စနစ်မှာ ပျောက်ကွယ်သွားပြီး ချူးယောင်တောင်ထိပ်တွင် ဝမ်ပင်းတစ်ယောက်တည်း လေတိုက်ခံရင်း ကျန်ရစ်ခဲ့တော့သည်။ ဆုလာဘ်က ကြီးမားသလောက် အပြစ်ဒဏ်ကလည်း တကယ့်ကို ပြင်းထန်သည်။

သူ ယွန်းလန်တောင်သို့ ပြန်ရောက်သည့်အချိန်တွင် မိုးမှာ လုံးဝလင်းနေပြီ ဖြစ်သည်။ သူ၏ အဝတ်အစားများမှာ ညက ကိုယ်ပွါးနှင့် တိုက်ခိုက်စဉ်က စုတ်ပြတ်သတ်နေပြီဖြစ်ရာ ဝမ်

ပင်းသည် တောအုပ်လမ်းအတိုင်း အပေါ်ပိုင်းဗလာကျင်းလျက် လမ်းလျှောက်လာခဲ့ရသည်။

တင်ယွီဆောင်သို့ ပြန်ရောက်၍ အဝတ်အစားသစ်လဲပြီး မှန်ထဲကြည့်လိုက်သောအခါ သူ၏မျက်နှာတွင် ညိုမည်းဒဏ်ရာများစွာကို တွေ့လိုက်ရသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် အတော်လေးကို ချောမောနေဆဲပင်။ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးအစုံအောက်မှ သူ၏ သူရဲကောင်းဆန်သော အငွေ့အသက်မှာ ဆွဲဆောင်မှု ရှိနေဆဲပင်။

အိပ်ဆောင်ဝင်းသို့ ရောက်သောအခါ ယွီမို၏ အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ ယွီမိုသည် ဝရန်တာတွင် နံနက်ခင်း ကျင့်ကြံခြင်းများ ပြုလုပ်နေသည်ကို တွေ့လိုက်ရသည်။

အိပ်ဆောင်ဝင်းမှ သူ့ကို ပေးအပ်လိုက်သည့် အကျိုးကျေးဇူးများကို ယွီမို သတိပြုမိသွားပြီဖြစ်ကြောင်း သူသိသော်လည်း ထိုကိစ္စကို သူ ဂရုမစိုက်ပေ။ ဝမ်ပင်းသည် ဤကဲ့သို့သော အခြေအနေမျိုးကို ကြိုတင်တွေးဆထားပြီးသား ဖြစ်သည်။ ယွီမိုကို မသေမျိုးဂိုဏ်းထဲသို့ ဆွဲဆောင်ရန်မှာ အချိန်တစ်ခုသာ လိုအပ်သည်။

"စီနီယာယွီ... စီးကရက်ကို စားပွဲပေါ်မှာ တင်ပေးထားခဲ့မယ်။ နေ့လယ်ကျရင် မီးညှိပြီး သောက်လိုက်ပါ။ အကယ်၍ မေ့သွားလို့ အဆိပ်တက်ပြီး သေသွားရင်တော့ ကျွန်တော်နဲ့ မဆိုင်ဘူးနော်"

စီးကရက်ကို ချထားပြီးနောက် ဝမ်ပင်းသည် လှည့်ထွက်ရန် ပြင်လိုက်သည်။

ဤသည်ကို မြင်သောအခါ ယွီမိုက ခါးသီးစွာ ပြုံးလိုက်မိသည်။ သူသည် သူ့ကို လုံးဝ ဂရုမစိုက်သည့် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၁ ကျင့်ကြံသူတစ်ဦးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်းပင်။

လွန်ခဲ့သော တစ်ပတ်ခန့်က ပန်းလမင်းမြို့တွင် သူ ထမင်းစားမည်ဆိုလျှင် လူတစ်ရာကျော်က သူ့အတွက် ငွေရှင်းပေးရန် တန်းစီ၍ စောင့်ဆိုင်းခဲ့ကြပြီး ထိုအထဲတွင် အဆင့် ၁၃ ကျင့်ကြံသူ သုံးဦးပင် ပါဝင်သည်။ သို့သော် ယခုမူ အဆင့် ၁၁ ကျင့်ကြံသူတစ်ဦး၏ လျစ်လျူရှုခြင်းကို သူ ခံနေရသည်။

ယွီမိုသည် မတ်တပ်ရပ်လိုက်ပြီး အလျင်အမြန် လှမ်းခေါ်လိုက်သည်။

"ညီငယ်... ခဏလောက် စောင့်ပါဦး"

"ဘာကိစ္စ ရှိလို့လဲ"

"မင်း ငါ့ကိုတွေ့တာ နည်းနည်းလေးတောင် အရိုအသေ မရှိဘူးလား။ ငါက နက်နဲသောနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပါ။ အခုလောလောဆယ် ငါ့ရဲ့ စွမ်းအားက အဆင့် ၁၃ မှာပဲ ရှိသေးတယ်ဆိုပေမဲ့ အချိန်တန်ရင် ငါ့ရဲ့ အထွတ်အထိပ်ကို ပြန်ရောက်မှာပါ"

"အဲဒါ ဘာဖြစ်လဲ"

ဝမ်ပင်းက တံခါးလက်ကိုင်ကို ကိုင်ထားပြီးသား ဖြစ်သည်။ ယွီမိုမှာ ခါးသီးစွာ ရယ်မောမိရုံမှတစ်ပါး အခြားမရှိချေ။ သူ၏ ဂုဏ်ဒြပ်ကို ဂရုမစိုက်သူတစ်ဦးနှင့် ရင်ဆိုင်ရခြင်းမှာ တကယ့်ကို ခက်ခဲလှသည်။

"ညီငယ်... အဲဒီလောက်လည်း အလောတကြီး မထွက်သွားပါနဲ့ဦး။ ငါ မင်းကို မေးစရာ ရှိသေးလို့ပါ"

"မြန်မြန်ပြောပါ။ ကျွန်တော့်မှာ တခြားကိစ္စတွေ ရှိသေးတယ်"

"ငါ..."

ယွီမိုသည် ဝမ်ပင်းကို ဒေါသထွက်မမိစေရန် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရသည်။ ဝမ်ပင်း၏ သဘောထားကိုသာ သူ တကယ် အလေးထားမည်ဆိုပါက တစ်နေ့ကို ရှစ်ကြိမ်လောက် ဒေါသထွက်နေရပေလိမ့်မည်။

"ဒီနေရာက သဘာဝအတိုင်း ဖြစ်နေတာလား"

"နေရာအနှံ့အပြားမှာ ရှိနေတဲ့ သွေးကြောလှုပ်ရှားမှုတွေကို ပြောတာလား"

"ဟုတ်တယ် အဲဒါပဲ"

"သဘာဝအတိုင်း မဟုတ်ဘူး..."

"ဒါဆို ဘာလဲ"

သူ ထပ်မံ စုံစမ်းရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်း၏ နောက်ဆက်တွဲ စကားလုံးများ ထွက်ပေါ်လာသည်။

"သဘာဝအတိုင်း မဟုတ်ဘူးဆိုတာက သဘာဝအတိုင်း ဖြစ်နေတာပဲ။ နောက်ပြီး အဲဒါက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ စီနီယာယွီ... ဒဏ်ရာကိုပဲ ဂရုစိုက်ပြီး ကုသပါ။ အများကြီး သိနေတာက သိပ်ပြီး ကောင်းတဲ့ကိစ္စ မဟုတ်ဘူး"

ထိုသို့ပြောပြီး ဝမ်ပင်းသည် တံခါးပိတ်ကာ ထွက်ခွာသွားတော့သည်။

အိပ်ဆောင်ဝင်းပြင်ပသို့ ရောက်သောအခါ ဝမ်ပင်းက ကိုယ့်ကိုကိုယ် လက်မထောင်ပြလိုက်

မိသည်။

"မျက်နှာသာလည်း မပေးဘူး။ အလျှော့လည်း မပေးဘူး။ ဒါက ယောက်ျားပီသတဲ့ အနှစ်သာရပဲ"

ကဲ... သွားကြစို့ တောင်အောက်ဆင်းပြီး အသုံးမကျတဲ့ တပည့်ကို သွားရှာရအောင်။

အခန်း။ ၅၈

မိုးကုပ်စက်ဝိုင်းတွင် အလင်းရောင် စတင်ပျိုးစပြုလာသည်နှင့်အမျှ မီးဖိုချောင်အတွင်းမှ ဒယ်အိုးပူပူတွင် ဆီသံတစီစီ ထွက်ပေါ်လာပြီး မွှေးကြိုင်သော ရနံ့များမှာ လေပြည်နှင့်အတူ ပြတင်းပေါက်မှတစ်ဆင့် လွင့်ပျက်လာတော့သည်။

တောင်စောင့်ခွေး ဟားဟားမှာမူ မီးဖိုချောင်ထဲတွင် ဟိုဟိုဒီဒီ လျှောက်သွားရင်း မနားမနေ စောင့်ဆိုင်းနေသည်။

သွားရည်တမြားမြားကျနေသော ဟားဟားအပြင် ရန်လီလီသည်လည်း မီးဖိုချောင်အနီးတွင် ရပ်ကာ ဒယ်အိုးထဲမှ အသားများကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေသည်။

ယခင်က သူသည် တစ်နေ့လျှင် ထမင်းတစ်နပ်စားရရုံနှင့် လုံလောက်ပြီဟု ထင်ခဲ့ဖူးသည်။ သို့သော် ဟွမ်ယီ၏ လက်ရာကို မြည်းစမ်းကြည့်ပြီးချိန်မှစ၍ တစ်နေ့ သုံးနပ်ပင် သူ့အတွက် မလုံလောက်တော့ချေ။ ဟွမ်ယီ၏ ဒယ်အိုးထဲမှ ဝက်သားနီချက်ကို ကြည့်ရုံနှင့်တင် သူ၏သွားရည်များမှာ အဆက်မပြတ် ကျလာတော့သည်။

"ဟွမ်ယီ... နင့်ကို ငါ တကယ်အထင်ကြီးတယ်။ ရုပ်လည်းချောသလို ဟင်းချက်တာလည်း တကယ်တော်တာပဲ"

"ဟဲဟဲ... ဒါက အပြောပလောက်ပါဘူး။ ငါ့အဖေဆီက ပညာတွေရဲ့ ဆယ်ပုံမှာ ခုနစ်ပုံ ရှစ်ပုံလောက်ပဲ တတ်သေးတာ။ အကုန်လုံးသာ တတ်မယ်ဆိုရင်တော့ နင် ဗိုက်ဆာလို့ သေသွားမှာ သေချာတယ်"

"နင် တော်တာ ငါသိပြီးသားပါ။ ငါ့ကို တစ်တုံးလောက် မြည်းကြည့်ခွင့်ပေးမလား။ ကြည့်စမ်း... ငါ့ဗိုက်လည်း ဆာလွန်းလို့ ပြားကပ်နေပြီ"

"ရပါတယ်။ ဒါပေမဲ့ ငါ့ကို ကတိတစ်ခုတော့ ပေးရမယ်။ နင် သဘောတူမယ်ဆိုရင် နင့်ကို ဒီထက်တောင် ပိုပေးဦးမှာ ဘယ်လိုလဲ"

"မျက်နှာချိုသွေးနေတာပဲ... ကဲ ပြောစမ်းပါဦး ဘာကတိလဲ"

"ဒီနေ့ ဂိုဏ်းချုပ်ဆီကနေ စီးကရက် မဝယ်ရဘူး"

"ဒါဆိုရင်တော့ ဝက်သားနီချက်ကို ထားလိုက်တော့ ငါ မစားတော့ဘူး"

နောက်နေတာလား။

တစ်နေ့ကို စီးကရက်တစ်လိပ် သောက်ရခြင်းက သူ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း ပြောင်းလဲလာစေသည်ဟု သူ ခံစားနေရသည်။ ထို့ပြင် ဆွဲအားစက်ကွင်းထဲတွင် သုံးနာရီကြာ မနားတမ်း ကျင့်ကြံနေစဉ် ပါးစပ်တွင် စီးကရက် ခဲထားရခြင်းက သူ့ကို စိတ်ကြွဆေး သောက်ထားသည့်အလား ခွန်အားတွေ တိုးလာစေပြီး မောပန်းခြင်းကို လုံးဝ မခံစားရစေချေ။

ကိုးဆယ်သော ဆွဲအားစက်ကွင်းအောက်တွင် သူ၏ကျင့်ကြံမှု တိုးတက်နှုန်းမှာ အလွန်ပင် လျင်မြန်လှသည်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်သို့ ရောက်ရှိပြီးကာစမှာပင် သူ၏ကျင့်စဉ်မှာလည်း သိသိသာသာ တိုးတက်လာခဲ့ကာ အသေးစားအောင်မြင်မှုသို့ ရောက်ရှိရန်မှာ လာမည့်ရက်အနည်းငယ်အတွင်း ဖြစ်လာပေလိမ့်မည်။

ကျင့်စဉ်သာ ထပ်မံတိုးတက်သွားမည်ဆိုပါက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခုနစ်သို့ ရောက်ရှိရန်မှာ လက်တစ်ကမ်းအလိုသာ ဖြစ်သည်။

အသက် ၁၅ နှစ်အရွယ်နှင့် အဆင့်ခုနစ်သို့ ရောက်ရှိခြင်းမှာ တကယ့်ကို ဂုဏ်ယူစရာပင်။ ဆန်းဝူမြို့တွင် သူ့ထက် ထူးချွန်သောသူ ရှိနိုင်မည် မဟုတ်ချေ။

"ဟွန့်... သဘောမတူဘူးပေါ့လေ။ ရတယ်လေ ဒီနေ့ နင် ဘယ်လိုဝယ်မလဲဆိုတာ ငါ စောင့်

ကြည့်လိုက်ဦးမယ်။ မနေ့က ကျောက်ချင်း မဝယ်လိုက်ရဘူး။ ဒါကြောင့် ဒီနေ့ သူ အရင်ဆုံး လုဝယ်မှာ သေချာတယ်။ အကြီးအကဲယွင်ကလည်း ဝယ်ချင်နေတယ်။ ငါလည်း ဝယ်မှာပဲ။ ဂိုဏ်းချုပ်ရဲ့ တစ်နေ့ သုံးလိပ်ကန့်သတ်ချက်က ကုန်သွားမှာပဲ"

"ဒါဆိုရင်တော့ ဘယ်သူပိုမြန်သလဲ ကြည့်ကြတာပေါ့"

"ငါ ကျောက်ချင်းနဲ့ ညှိထားပြီးသား။ သူဝယ်တဲ့အချိန်ကျရင် ငါက နင့်ကို ဆွဲထားမယ်။ ငါဝယ်တဲ့အချိန်ကျရင် သူက နင့်ကို ဆွဲထားလိမ့်မယ်။ ဟဲဟဲ... နင် ဘယ်လိုဝယ်မလဲ ကြည့်ကြတာပေါ့"

"ဟား... နင်တို့တွေ လွန်လွန်းတယ်"

"လွန်တော့ ဘာဖြစ်လဲ ဘာပဲဖြစ်ဖြစ် နင်က ကျောက်ချင်းကို မနိုင်ပါဘူး"

"နင်တို့က အကွက်ဆင်တာပေါ့။ ငါက လမ်းခုလတ်ကနေ ကြားဖြတ်ဝယ်မယ်"

ရန်လီလီသည် မီးဖိုချောင်ထဲတွင် ဆက်မနေချင်တော့ချေ။ မီးဖိုချောင်အပြင်ဘက်တွင် ထိုင်နေသော ကျောက်ချင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏စိတ်ထဲတွင် အစီအစဉ်တစ်ခု ဆွဲလိုက်သည်။ ဂိုဏ်းချုပ်ကို လမ်းခုလတ်တွင် ကြားဖြတ်စောင့်ဆိုင်းရန်မှာ ပို၍ ဖြစ်နိုင်ချေရှိသည်။ သူ စတင်လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းကို တွေ့လိုက်ရသည်။

"မင်္ဂလာနံနက်ခင်းပါ ဂိုဏ်းချုပ်"

ရန်လီလီသည် ဝေးကွာသော နေရာမှ လှမ်းအော်လိုက်ပြီး သိုးငယ်ကို တွေ့လိုက်သည့် ဝံပုလွေတစ်ကောင်ကဲ့သို့ ဆာလောင်မွတ်သိပ်သော အကြည့်များဖြင့် အလျင်အမြန် ပြေးသွားတော့သည်။

သူ ရှေ့သို့ လှမ်းတက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်ချင်းမှာ သူ၏နောက်တွင် ရုတ်တရက် ပေါ်လာသည်။

"ခဏ စကားပြောရအောင်"

ကျောက်ချင်းက သူ၏ပုခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီဖြစ်သည်။

ရန်လီလီက "တကယ်ကြီး လုပ်တော့မှာလား" ဟု မေးလိုက်သည်။

"ဒါပေါ့ တကယ်ပေါ့"

ကျောက်ချင်းက နောက်ပြောင်ချင်သော အမူအရာဖြင့် ပြုံးပြလိုက်သည်။

"ဒါဆိုရင်တော့ ငါလည်း အလျှော့ပေးမှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ရန်လီလီသည် လှည့်၍ ကျောက်ချင်းကို လက်သီးဖြင့် တိုက်ရိုက်ထိုးလိုက်ရာ သူမက အလိုအလျောက်ပင် လက်ဖြင့် ကာကွယ်လိုက်သည်။ သို့သော် ရန်လီလီ၏ လက်သီးမှာ အဆုံးအထိ ရောက်မလာဘဲ လမ်းခုလတ်တွင် ရပ်သွားပြီး သူသည် ထွက်ပြေးတော့သည်။

"ငါ နင်နဲ့ မတိုက်ဘူး ဘာပဲဖြစ်ဖြစ် မနိုင်တာပဲ"

ရန်လီလီသည် ကျေနပ်စွာ ရယ်မောလိုက်သည်။

ကျောက်ချင်းသည် ရန်လီလီ၏ လှည့်စားမှုကို ခံလိုက်ရသည်ဟု သိလိုက်ရသော်လည်း စိတ်မဆိုးဘဲ ဘေးရှိ တံမြက်စည်းကို ကောက်ကိုင်ကာ ရန်လီလီ၏ ဂုတ်ပိုးဆီသို့ တိကျစွာ လွှဲပေါက်လိုက်တော့သည်။

ဖုန်း…..

ရန်လီလီသည် ဝမ်ပင်း၏အနားသို့ ရောက်ခါနီးမှပင် အနောက်မှ အပစ်ခံလိုက်ရသည့် ဒဏ်ကြောင့် ယိမ်းထိုးသွားကာ လဲကျလုနီးပါးပင်။

"ပြေးဖို့ ကြံနေတာလား"

ကျောက်ချင်းသည် ပျော်ရွှင်စွာ တဟားဟား ရယ်မောရင်း အနားသို့ ပြေးလာကာ လေထဲသို့ ခုန်တက်လိုက်ပြီး ရန်လီလီကို ခြေထောက်ဖြင့် လှမ်းကန်လိုက်တော့သည်။

အပြန်အလှန် လုံးထွေးသတ်ပုဒ်မှု အနည်းငယ်အကြာတွင် ဘာမှပင် ငြင်းခုံနေစရာမလိုဘဲ ရန်လီလီမှာ လှုပ်မရအောင် အဖမ်းခံလိုက်ရကာ လက်ခြေများ အချုပ်ခံလိုက်ရသဖြင့် လုံးဝ မလှုပ်နိုင်တော့ချေ။

ဟွမ်ယီသည် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခြောက်တွင်သာ ရှိသော်လည်း အရေထူပြီး မွေးရာပါ ခွန်အားကြီးမားသူ ဖြစ်သဖြင့် သူမ၏ အင်အားမှာ အဆင့်ရှစ်နှင့်ပင် ယှဉ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ရန်လီလီမှာမူ တစ်ခါတည်းနှင့်တင် အပြတ်အသတ် ရှုံးနိမ့်သွားရရှာသည်။

"နင်တို့ ဒါမျိုး မလုပ်သင့်ဘူးလေ ကျောက်ချင်း... နင် စီးကရက် ဝယ်မယ်ဆိုရင်လည်း ငါပဲ ပိုက်ဆံရှင်းပေးပါ့မယ်"

"ဟွမ်ယီက အကုန်ရှင်းပေးပြီးသွားပြီ"

"မဖြစ်နိုင်တာ... ဂိုဏ်းချုပ်ခင်ဗျာ ကျွန်တော့်အတွက် စီးကရက်တစ်လိပ်လောက် ချန်ထားပေးပါဦး။ ကျွန်တော် ရွှေဒင်္ဂါး ၅၀၀ ပေးပါ့မယ်"

သို့သော် အသက်ရှူအကြိမ် ၃၀ ပင် မပြည့်မီမှာတင် ဝမ်ပင်း၏ အေးစက်သော အသံက ထွက်ပေါ်လာသည်။

"ဒီနေ့အတွက် ကုန်သွားပြီ"

ရန်လီလီ၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။ ကျောက်ချင်းနှင့် အခြားသူများ လက်ထဲတွင် စီးကရက်တစ်လိပ်စီ ကိုင်ထားသည်ကို ကြည့်ရင်း သူ မညည်းတွားဘဲ မနေနိုင်တော့ပေ။

"ငါ ဘာတွေများ မှားခဲ့လို့လဲ ကျောက်ချင်း... ငါ့ရဲ့ တိမ်ထိလက်ဝါးသိုင်းကွက်ကို အဆင့်မြင့်အောင်မြင်မှု ရအောင် ကျင့်ပြီးတဲ့နေ့ကျရင်တော့ နင့်ကို သေချာပေါက် ကလဲ့စားချေမှာ"

"နင်က အခုမှ တိမ်ထိလက်ဝါးကို အသေးစားအောင်မြင်မှု ရရုံပဲ ရှိသေးတာကို အဆင့်

မြင့်အောင်မြင်မှု ဆိုပြီး အိပ်မက်ယောင်နေတာလား။ တကယ့်ကို အိပ်မက်ကြီးတဲ့သူပဲ"

ကျောက်ချင်းက တခိခိ ရယ်မောလိုက်သည်။ ရန်လီလီအနေဖြင့် တိမ်ထိလက်ဝါးကို အဆင့်မြင့်အောင်မြင်မှု ရသွားလျှင်ပင် သူမ၏ စွမ်းအားကို မှီလိမ့်မည်မဟုတ်ဘူးဟု သူမ တွေးနေသည်။

ထိုအချိန်တွင် သူမသည်လည်း ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ခုနစ်သို့ ရောက်နေလောက်ပြီဖြစ်ရာ ရန်လီလီကို ဆက်လက် ဖိနှိပ်ထားနိုင်ဦးမည်သာ ဖြစ်သည်။

ဝမ်ပင်းသည် ခဏမျှ စဉ်းစားပြီးနောက် ရန်လီလီကို ကြည့်ကာ တစ်ကိုယ်တည်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့် "ရန်လီလီ... ဒီနေ့ကစပြီး မင်း ကျောက်ချင်းနဲ့ သရေကျအောင် တိုက်နိုင်တဲ့နေ့ကျမှ ငါ့ဆီမှာ သက်စောင့်စီးကရက်လာဝယ်ပါ"

"ဗျာ"

ရန်လီလီသာမက နောက်ပြောင်နေသည့် ကျောက်ချင်းပင်လျှင် ဆွံ့အသွားရသည်။

ရန်လီလီက အလျင်အမြန် ပြန်ပြောလိုက်သည်။

"ဂိုဏ်းချုပ်... ကျောက်ချင်းက သာမန်လူ မဟုတ်ဘူးလေ။ အဆင့်တူချင်းဆိုရင် ဘယ်လိုမှ တိုက်လို့မနိုင်တဲ့သူပါ။ သူ အဆင့်ငါးမှာတုန်းကတောင် အဆင့်ခုနစ်ရှိတဲ့ မိစ္ဆာသားရဲတွေကို တိုက်ခိုက်နိုင်တာ။ ကျွန်တော်က သူ့ကို ဘယ်လိုလုပ် သရေကျအောင် တိုက်နိုင်မှာလဲ"

"ဒါဆို မင်းက သူ့ကို မယှဉ်နိုင်ဘူးလို့ ပြောချင်တာလား"

ဤမေးခွန်းရှေ့တွင် ရန်လီလီမှာ စကားမထွက်နိုင်တော့ချေ။

"ဘယ်သူက ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးအောက် ရောက်နေတယ်လို့ အပြောခံချင်မှာလဲ။ တကယ်လို့ စိတ်ထဲမှာ အဲဒီလိုပဲ ထင်နေရင်တောင် ဒါက ထုတ်ပြောဖို့ မသင့်တော်တဲ့ စကားပဲ"

ဝမ်ပင်း၏ အေးစက်သော လေသံကြောင့် မည်သူမျှ ဆက်၍ မပြုံးရဲကြတော့ချေ။ အထူးသဖြင့် ကျောက်ချင်းမှာ စိတ်မကောင်း ဖြစ်သွားရသည်။ သူမ၏ ရည်ရွယ်ချက်မှာ ရန်လီလီကို ယနေ့အတွက် စီးကရက် မဝယ်စေလိုရုံသာဖြစ်ပြီး နောင်လည်း မဝယ်ရတော့မည်အထိ မရည်ရွယ်ခဲ့ပေ။

သို့သော် အခြေအနေများက ဤသို့ ဖြစ်သွားခဲ့သည်။

ကျောက်ချင်းက အလျင်အမြန် ရှင်းပြသည်။

"ဂိုဏ်းချုပ်... ဒါက သူ့အပြစ်တော့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ သွေးချင်းဆက်နွှယ်မှုတွေ မတူလို့ပါ"

"အဲဒါက အားနည်းနေဖို့အတွက် ဆင်ခြေမဟုတ်ဘူး။ ရန်လီလီ... ငါ အရင်က ပြောခဲ့တဲ့ စကားတွေကို မင်း မမှတ်မိတော့ဘူးလား"

ရန်လီလီက ခေါင်းညိတ်ပြသည်။

"မှတ်မိပါတယ်"

"မှတ်မိရင် တော်သေးတာပေါ့။ သွေးချင်းဆက်နွှယ်မှု မတူလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းက ဆက်ပြီး အားနည်းနေဖို့ ရွေးချယ်မယ်ဆိုရင်တော့ ဒီနေ့ပဲ အထုပ်ပြင်ပြီး မသေမျိုးဂိုဏ်းက ထွက်သွားလိုက်တော့။ ကိုယ့်ကိုကိုယ် နိမ့်ကျတယ်လို့ သတ်မှတ်နေတဲ့သူကို မသေမျိုးဂိုဏ်းက လက်မခံဘူး"

အမှန်စင်စစ် ဝမ်ပင်းသည် စီးကရက် ဝယ်သူနည်းသွားမည်ကို စိုးရိမ်ခြင်းမဟုတ်သော်လည်း ရန်လီလီ၏ အဆင့်မှာ တက်လာသော်လည်း လက်တွေ့အင်အားမှာ များစွာ နောက်ကျနေသည်ကို သူ မမျှော်လင့်ထားမိချေ။ အသွင်ပြောင်းမိစ္ဆာများမှာ တကယ်ပင် အစွမ်းထက်သည်မှာ အမှန်ပင်။

သို့သော် သက်စောင့်စီးကရက်မှာ ရေတိုတွင် အများကြီး မပြောင်းလဲနိုင်သော်လည်း ရန်လီလီ ရရှိထားသည့် အခွင့်အရေးမှာ သူ၏ ပါရမီအဆင့်ကို မပြောင်းလဲစေနိုင်လျှင်ပင် သူ့ကို များစွာ ပြောင်းလဲပေးနိုင်ခဲ့သည်။ ထင်ရှားသည်မှာ သူရရှိထားသော ကံကြမ္မာမှာ အလွန်ပင် ကြီးမားလှသည်။

အဆင့်တူချင်း ကျောက်ချင်းကို ရှုံးနိမ့်နေခြင်းမှာ အကြောင်းပြချက် မရှိလှချေ။

ရန်လီလီက ထိုအခြေအနေကို လက်ခံထားပုံရသည်။ ကျောက်ချင်းမှာ မွေးရာပါ သူ့ထက် သာလွန်ပြီး ပြိုင်ဘက်ကင်းသည်ဟု သူ ယုံကြည်နေခြင်းပင်။

ဝမ်ပင်းသည် ဆရာတစ်ဦး မဟုတ်သော်လည်း ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဤကိစ္စကို ကိုင်တွယ်ရမည် ဖြစ်သည်။

“မင်းသာ ဒီအတိုင်း အားနည်းနေတာကိုပဲ ကျေနပ်နေမယ်ဆိုရင်တော့ သိပ်မကြာခင်မှာ သာမန်လူတန်းစားတစ်ယောက်ပဲ ဖြစ်သွားလိမ့်မယ်”

ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် သူ၏ ရင်ခွင်ထဲမှ စာလုံးအချို့ ရေးထားသော စက္ကူဖြူ အချို့ကို ထုတ်လိုက်သည်။ ရန်လီလီကို ကမ်းပေးရင်း ပြောလိုက်သည်။

"ဒီစာရွက်တွေကို ဆွဲအားစက်ကွင်းနဲ့ အိပ်ဆောင်ဝင်းတွေမှာ သွားကပ်လိုက်"

ရန်လီလီသည် ဝမ်ပင်း၏ လက်ထဲမှ စာရွက်များကို တိတ်တဆိတ် ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်ရာ ဤစာလုံးများကို တွေ့လိုက်ရသည်

ဆွဲအားစက်ကွင်း တစ်နာရီ ရွှေဒင်္ဂါး ၁၀ ပြား၊ တစ်နေ့လျှင် ၃ နာရီသာ ကန့်သတ်ထားသည်။

အိပ်ဆောင်ဝင်း တစ်နေ့လျှင် ရွှေဒင်္ဂါး ၅၀ ပြား။

သက်စောင့်စီးကရက် ပထမတစ်လိပ် ရွှေဒင်္ဂါး ၅၀၊ ဒုတိယတစ်လိပ် ရွှေဒင်္ဂါး ၁၀၀၊ တတိယတစ်လိပ် ရွှေဒင်္ဂါး ၅၀၀။

ထို့ပြင် အသစ်ထပ်တိုးထားသည်များကိုလည်း တွေ့လိုက်ရသည်။

သားရဲစမ်းသပ်ကွင်း တစ်နေ့လျှင် ရွှေဒင်္ဂါး ၅၀။ တိုက်ပွဲနယ်ပယ် တစ်ကြိမ်လျှင် ရွှေဒင်္ဂါး ၁၀၀ (တစ်ကြိမ်လျှင် ၂ နာရီ)။

All Chapters