← Chapters

အခန်း (၆၄၅-၆၄၆)

Vol. 33 Ch. 645-646

အခန်း (၆၄၅-၆၄၆)

Vol. 33 Ch. 645-646

အပိုင်း (၆၄၅) ကလေးတစ်ယောက် လိုချင်တယ်

လင်းယွမ်၏ စကားများက အမျိုးသမီးများအားလုံးကို စိုးရိမ်ပူပန်မှုများ ခံစားသွားရစေ၏။

ယခုအချိန်တွင် ထိုက်ယန်တောင် တစ်ခုလုံး၌ လင်းယွမ် တစ်ယောက်တည်းသာလျှင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ တိုက်ခိုက်ရေးစွမ်းရည်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အခြားမည်သူကမျှ ဤအဆင့်သို့ မရောက်ရှိသေးပေ။

ယခုကဲ့သို့ ကြီးမားကျယ်ပြန့်သော ထိုက်ယန်တောင်၏ အင်အားစုတစ်ခုအတွက် ဤအခြေအနေက အလွန်ပင် အားနည်းလွန်းနေသည်။

"ကျွန်မ နောက်ထပ် တစ်ပတ်လောက်ဆိုရင် အဓိက အရည်အသွေး ၁၀၀ မှတ်ကို သေချာပေါက် ရောက်နိုင်တယ်... ဒါပေမဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှ စဉ်းစားလို့မရသေးဘူး" ဟု တင်းယန်က ပြောလိုက်သည်။

"နင့်ရဲ့ အဓိက အရည်အသွေး ပြည့်ဝသွားတာနဲ့ မျိုးရိုးဗီဇအဆင့်ကို သဘာဝအတိုင်း ခံစားသိရှိလာလိမ့်မယ်... နောက်ပိုင်း မျိုးရိုးဗီဇကို ဘယ်လို ပြန်လည်ဖွဲ့စည်းရမလဲဆိုတာကို ငါ အတွေ့အကြုံတချို့ သင်ပေးမယ်" ဟု လင်းယွမ်က ပြန်ပြောလိုက်သည်။

"ဒါ့အပြင် သုတေသနဌာနကနေ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အထောက်အကူပြုမယ့် ပစ္စည်းတစ်ခုခုများ ထုတ်လုပ်နိုင်မလားဆိုတာ ငါ နည်းလမ်းရှာကြည့်နေတယ်"

"သုတေသနဌာနက ဒီလိုပစ္စည်းမျိုး ထုတ်လုပ်နိုင်လို့လား" ဆုန့်ဝမ်က အံ့သြတကြီး မေးလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "စမ်းကြည့်ရမှာပေါ့... ဒီတစ်ခေါက် ငါ မုန်ယာကုမ္ပဏီဆီကနေ ပစ္စည်းတွေ အများကြီး သိမ်းဆည်းရမိခဲ့တယ်... အဲ့ဒီထဲမှာ သင်္ကေတနည်းပညာသုံး ပစ္စည်းတွေ အများကြီး ပါတယ်ဆိုတော့ မျှော်လင့်မထားတာတွေလည်း ဖြစ်လာနိုင်တာပဲ"

တကယ်တော့ သုတေသနဌာနမှ လူများက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကိရိယာများကို တီထွင်ဖန်တီးနိုင်မည်ဟု သူ လုံးဝ မျှော်လင့်မထားပေ။

ထိုက်ယန်တောင်၏ ပညာရှင် အင်အားစုထဲတွင် ဤအဆင့်ရှိ သိပ္ပံပညာရှင်များ လုံးဝ မရှိသေးပေ။

လင်းယွမ်၏ နည်းလမ်းမှာ စနစ်ထဲမှ အမှတ်ပေါင်းများစွာကို အသုံးပြု၍ ကံစမ်းမဲများ တိုက်ရိုက်နှိုက်ရန်ပင် ဖြစ်သည်။

ပို၍ ထိရောက်မှုရှိသော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကိရိယာကို ရရှိရန်အတွက် အမှတ်ပေါင်း များစွာ လိုအပ်လိမ့်မည်ဟု လင်းယွမ်က စိတ်ထဲတွင် ခန့်မှန်းတွက်ချက်ကြည့်လိုက်သည်။

လက်ရှိတွင် သူ၏ အမှတ်များက ငါးသိန်းနီးပါးအထိ တက်လာခဲ့ပြီ ဖြစ်သော်လည်း ထိုပမာဏက သိသိသာသာကို လုံလောက်မှု မရှိသေးပေ။

မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကိရိယာသည် မျိုးရိုးဗီဇအဆင့်ထိ သက်ဆိုင်နေသဖြင့် တန်ဖိုးက အလွန်ပင် ကြီးမားလှသည်။

ထို့အပြင် စွမ်းဆောင်ရည် ပိုမိုမြင့်မားသော ကိရိယာဖြစ်လေလေ ပေးရမည့် အမှတ်တန်ဖိုးက ပို၍ မြင့်မားလေလေပင် ဖြစ်သည်။

လင်းယွမ်သည် အမှတ် တစ်သန်းတန်ဖိုးရှိသော မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ ကိရိယာတစ်ခုကို လဲလှယ်လိုနေခြင်း ဖြစ်သည်။

"အခု နေ့တိုင်း ဝင်နေတဲ့ အမှတ်ပမာဏနဲ့ဆိုရင်... အမှတ် တစ်သန်းက ခဏလေးနဲ့ ပြည့်သွားမှာပါ"

ယခုအခါ ရေပေါ်ကျွန်း သုံးကျွန်းနှင့် တောင်ထိပ်အသီးသီးရှိ သားသတ်ရုံများတွင် ကိရိယာများကို အသစ်လဲလှယ် တပ်ဆင်ပြီးသွားပြီ ဖြစ်သည်။

နေရာအားလုံးတွင် ထိခိုက်မှု လွှဲပြောင်းခြင်း အကြောင်းအကျိုး သင်္ကေတ ကိရိယာများကို အသုံးပြုထားသဖြင့် အမှတ်အားလုံးက သူ၏အကောင့်ထဲသို့ အလိုအလျောက် ဝင်ရောက်လာမည် ဖြစ်သည်။

နေ့စဉ် ရရှိလာသော အမှတ်များကို ပေါင်းလိုက်ပါက သုံးသောင်းကျော်နေပြီ ဖြစ်သည်။

ဤသည်မှာ ဆောင်းရာသီဖြစ်၍ ငါးဖမ်းရရှိမှု နည်းပါးနေချိန်၌ပင် ရှိသေးသည်။ အကယ်၍ ရေခဲနှင့် နှင်းများ အရည်ပျော်သွားပါက သူ၏ နေ့စဉ် အမှတ်ဝင်ငွေမှာ နောက်ထပ် နှစ်ဆခန့်ပင် တိုးလာနိုင်သေးသည်။

ထိုအချိန်သို့ ရောက်လာပါက တစ်ရက်လျှင် အမှတ် ခြောက်သောင်း ခုနစ်သောင်းခန့် အလွယ်တကူ ရရှိလာနိုင်ပေသည်။

အမှတ် တစ်သန်းဆိုသည်မှာလည်း တစ်လခန့် အချိန်ယူလိုက်ရုံဖြင့် ရရှိနိုင်မည် ဖြစ်သည်။

"ဒါဆိုရင်လည်း ကောင်းတာပေါ့... စွမ်းအင်စုဝေးအဆောက်အအုံလို အခြေအနေမျိုးသာ ရှိလာမယ်ဆိုရင် လေ့ကျင့်ရတာ တကယ်ကို ပိုမြန်လာမှာပဲ" ဟု တင်းယန်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် တုံယန်က "အစ်ကိုလင်းယွမ်... စစ်တပ်ဘက်က ကိစ္စတွေရော လုံးဝ ပြီးပြတ်သွားပြီလား" ဟု ဝင်မေးလိုက်သည်။

ဤအကြောင်းအရာကလည်း သူတို့အားလုံး စိတ်ဝင်စားနေသည့် ကိစ္စတစ်ခုပင် ဖြစ်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အင်း... ပြီးပြတ်သွားပြီလို့ ဆိုရမှာပေါ့... တချို့ကိစ္စတွေက လက်ရှိမှာ ငါတို့ ဝင်စွက်ဖက်လို့ရတဲ့ အရာတွေ မဟုတ်သေးဘူး... ဒါပေမဲ့ စစ်တပ်ဘက်နဲ့ကတော့ ဆက်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်"

"ဘာဖြစ်လို့လဲ" ဆုန့်ဝမ်က နားမလည်သလို မေးလိုက်သည်။

"ကောင်းကင်ချောက်နက်ကြီး တကယ် ရှိနေတယ်... ပြီးတော့ ကောင်းကင်ချောက်နက်အထက်က ကမ္ဘာကိုလည်း ငါ နည်းနည်းပါးပါး မြင်တွေ့ခဲ့ရတယ်"

လင်းယွမ်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ တကယ်တော့ ဝူယောင်ပန်း ပေါ်လာခြင်းထက်စာလျှင် သူ့ကို အမှန်တကယ် စိုးရိမ်ပူပန်မှု ဖြစ်စေသည်မှာ ကောင်းကင်ချောက်နက်အထက်ရှိ ကမ္ဘာကြီးပင် ဖြစ်သည်။

ထိုမိုးကြိုးတိမ်တိုက်ကြီးများ၏ အထက်တွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ရှိ ကြောက်မက်ဖွယ် သားရဲကြီးများ အလွန် များပြားလွန်းနေသည်။

ထိုသားရဲကြီးများထဲမှ အကောင်တိုင်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ထက် မနိမ့်ကျပေ။

အကယ်၍ ဤမိုးကြိုးတိမ်တိုက်အလွှာကြီးများ ဖုံးကွယ်ထားခြင်းမျိုးသာ မရှိဘဲ ထိုအကောင်များအားလုံး ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာပါက လူသားများအတွက် မည်သည့်မျှော်လင့်ချက်မျှ ရှိလာတော့မည် မဟုတ်ပေ။

အမျိုးသမီးများအားလုံးက ကောင်းကင်ချောက်နက်နှင့် မိုးကြိုးတိမ်တိုက်အထက်ရှိ အခြေအနေများကို အလုအယက် မေးမြန်းလာကြသည်။

မလှမ်းမကမ်းတွင် ရှိနေသော လင်းယာက သူတို့ဆွေးနွေးနေသည့် ကိစ္စများမှာ ပို၍ လျှို့ဝှက်လာသည်ကို ကြားလိုက်ရသဖြင့် ကိုယ့်ကိုယ်ကိုယ် သတိထားမိကာ မတ်တတ်ရပ်လိုက်ပြီး "ဟိုလေ... ကိုလင်းယွမ်... အမတင်း... ညီမဆုန့်... ညီမတုံ... အချိန်လည်း မစောတော့ဘူးဆိုတော့ ကျွန်မလည်း သိမ်းဆည်းစရာရှိတာတွေ သိမ်းပြီးပြီမို့လို့ အရင် ပြန်နှင့်ပါရစေရှင်" ဟု ပြောလိုက်သည်။

ဤစကားများသည် သူမ ကြားသင့်သော စကားများမဟုတ်မှန်း သူမကိုယ်တိုင် သိနေသဖြင့် ထွက်သွားရန်အတွက် ကြိုတင် နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။

ဘေးနားရှိ ဆုန့်ဝမ်က "အမလင်းယာ... ညီမ လိုက်ပို့ပေးမယ်လေ" ဟု ပြောလိုက်သည်။

တင်းယန်ကလည်း ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ပြီး ပြုံးကာ "လမ်းမှာ သတိထားသွားပါဦး" ဟု ပြောလိုက်သည်။

တုံယန်ကလည်း လင်းယာကို လက်လှမ်းပြလိုက်သည်။

လင်းယွမ်ကလည်း ယဉ်ကျေးမှုအရ နှုတ်ဆက်လိုက်ပြီး ဆုန့်ဝမ်က သူမကို လိုက်ပို့ပေးသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေလိုက်သည်။

တင်းယန်က "ဝေးတောင် ဝေးသွားပြီကို မျက်တောင်မခတ်တမ်း ကြည့်နေတုန်းပဲလား" ဟု သတိပေးလိုက်သည်။

လင်းယွမ်က ခေါင်းလှည့်လာကာ သူမကို မျက်စောင်းထိုးကြည့်လိုက်ပြီး "ဒီတိုင်း ကြည့်တာလေးကို မနာလိုဖြစ်နေရလား"

"ခွိ" တုံယန်က ရယ်မောလိုက်ပြီး "အစ်ကိုလင်းယွမ်... အမလင်းယာရဲ့ ခန္ဓာကိုယ်လေးက တကယ့်ကို အချိုးအစားကျလွန်းတယ်နော်... ကျောပြင်လေးကို ကြည့်လိုက်ရင်ကို မိန်းမဆန်တဲ့ ဆွဲဆောင်မှု ရှိနေတာ" ဟု နောက်ပြောင်လိုက်သည်။

တင်းယန်က ရင်ဘတ်ပေါ် လက်ပိုက်လိုက်ရင်း "ရှင်တို့ ယောကျာ်းတွေ ဘာတွေတွေးနေလဲဆိုတာ ကျွန်မတို့ မသိဘူးများ မှတ်နေလား" ဟု ပြောလိုက်သည်။

လင်းယွမ်က စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်ပြီး "နင်တို့နဲ့ ဒါတွေ ဆက်မပြောတော့ဘူး... ဒါနဲ့... ဒီရက်ပိုင်းအတွင်းမှာ နင်တို့ အမြန်ဆုံး လေ့ကျင့်ကြဖို့ လိုတယ်... အဓိက အရည်အသွေးတွေ တက်လာဖို့ အချိန်လုပြီး ကြိုးစားကြ" ဟု ပြောလိုက်သည်။

သူ၏ လေးနက်သော လေသံကြောင့် တုံယန်နှင့် တင်းယန်တို့လည်း နောက်ပြောင်ချင်စိတ်များ ပျောက်ကွယ်သွားကာ ဘာဖြစ်လာသလဲဟု အလျင်အမြန် မေးလိုက်ကြသည်။

"အစ်ကိုလင်းယွမ်... ဘာကိစ္စ ဖြစ်လို့လဲ"

လင်းယွမ်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး "ပေါက်ဆန်းမြို့ဘက်က အခြေအနေတွေ နည်းနည်း ပြောင်းလဲလာလို့ ကိုယ်တိုင် သွားပြီး စုံစမ်းကြည့်မှ ရမယ်"

"ဘာတွေများ ပြောင်းလဲသွားလို့လဲ" ဟု တင်းယန်က ချက်ချင်း မေးလိုက်သည်။

"ချန်ယွင်တောက် စလှုပ်ရှားလာပြီ... ပေါက်ဆန်းမြို့က ဖရိုဖရဲ ဖြစ်နေတဲ့ ကိစ္စတွေရဲ့ နောက်ကွယ်မှာ သူက ကြိုးကိုင်ခြယ်လှယ်နေတာပဲ"

"ချန်ယွင်တောက်"

တင်းယန်နှင့် တုံယန်တို့ နှစ်ယောက်လုံး ကြောင်သွားကြသည်။ ထိုနာမည်ကို သူတို့ သိပ်မမှတ်မိကြတော့သည်မှာ အထင်အရှားပင် ဖြစ်သည်။

မှန်ပေသည်။ အချိန်အတော်ကြာ ကွာဟသွားပြီဖြစ်သဖြင့် အစောပိုင်းတုန်းက မြူခိုးမြို့တော် ရေပေါ်ကျွန်း၏ ကျွန်းသခင်ကို လူတိုင်း မေ့လျော့နေကြပြီ ဖြစ်သည်။

လင်းယွမ်က ထိုသူ၏ နောက်ခံအကြောင်းကို ရှင်းပြလိုက်သောအခါမှ အမျိုးသမီး နှစ်ဦးစလုံး သဘောပေါက်သွားကြသည်။

တင်းယန်က "သူ့ရဲ့ လှုပ်ရှားမှုတွေက ထိုက်ယန်တောင်ကို ပစ်မှတ်ထားနေတာလို့ ရှင် သံသယရှိနေတာလား" ဟု ချက်ချင်း မေးလိုက်သည်။

"သံသယရှိနေတာ မဟုတ်ဘူး... သေချာနေတာ"

လင်းယွမ်က လေးနက်သော လေသံဖြင့် "ချန်ယွင်တောက်က ရေခဲဓာတ် သွေးသလင်းကျောက် အများကြီး ပျောက်ဆုံးသွားတာကို ဘယ်လိုလုပ် လိုက်မရှာဘဲ နေပါ့မလဲ... ဒါက ငါ့လက်ချက်မှန်း သူ စုံစမ်းသိရှိသွားတာ ကြာလောက်ပြီ" ဟု ပြောလိုက်သည်။

"ဒါဆို သူက ဘာလို့ အခုချိန်ထိ ကျွန်မတို့ကို ဒုက္ခလာမပေးတာလဲ" တုံယန်က နားမလည်သလို မေးလိုက်သည်။

လင်းယွမ်က ဆက်၍ "ငါတို့ကို စောင့်ကြည့်နေတာ ကြာလောက်ပြီ... ဒါပေမဲ့ ငါ့ရဲ့ လက်ရှိစွမ်းရည်ကိုလည်း သူ သိနေနိုင်တာမို့လို့ အလွယ်တကူ မလှုပ်ရှားရဲဘဲ ပေါက်ဆန်းမြို့ကို သွားပြီး အင်အားချဲ့ထွင်နေတာ ဖြစ်မယ်" ဟု ပြောလိုက်သည်။

"အခု သူက ပေါက်ဆန်းမြို့ကို အပိုင်စီးဖို့ အောင်မြင်လုနီးပါး ဖြစ်နေပြီဆိုတော့ မကြာခင်မှာ တွင်းနက်အရိပ်ရေပေါ်ကျွန်းလို နေရာမျိုးတွေကို တိုက်ခိုက်ဖို့ စတင်လာနိုင်တယ်"

"ငါတို့ဘက်က ကြိုတင် ပြင်ဆင်ထားမှ ရမယ်... အချိန်အတော်ကြာသွားပြီဆိုတော့ ဒီလူ အခု ဘယ်လောက်တောင် စွမ်းနေပြီလဲ မသိနိုင်ဘူး"

တင်းယန်၏ မျက်လုံးများက အေးစက်သွားပြီး "ဒီလူတွေက တကယ့် တောက်တဲ့တွေလိုပဲ... ဘယ်လိုမှ ခွာချလို့ကို မရဘူး" ဟု ပြောလိုက်သည်။

တုံယန်ကလည်း မခံစားနိုင်တော့ဘဲ "အခုလို လူတွေ အခက်အခဲ ရင်ဆိုင်နေရချိန်မှာတောင် ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြရတာလဲ... ဟူး... တကယ်ကို စိတ်ရှုပ်စရာပဲ" ဟု ငြီးတွားလိုက်သည်။

လင်းယွမ် ပြုံးလိုက်မိသည်။ တုံယန်က အသက်အငယ်ဆုံးဖြစ်ပြီး အဖြူစင်ဆုံးပင် ဖြစ်သည်။

အမှန်တကယ်တော့ ပြင်ပပတ်ဝန်းကျင်က မည်သို့ပင် ဖြစ်နေပါစေ၊ မည်မျှပင် ဆိုးရွားနေပါစေ လူသားများ၏ အချင်းချင်း တိုက်ခိုက်လိုသည့် ပင်ကိုယ်သဘာဝက မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

လူရှိနေသည့် နေရာတိုင်းတွင် ပဋိပက္ခဆိုသည်မှာ ရှိနေမည်သာ ဖြစ်သည်။

အချိန်အနည်းငယ်ကြာသောအခါ ဆုန့်ဝမ် ပြန်ရောက်လာပြီး သူတို့အားလုံး နောက်ပိုင်းတွင် ဘာတွေအလုပ်များနေကြသလဲဆိုသည့် အကြောင်းများကို အတန်ကြာအောင် ဆက်ပြောဖြစ်ကြသည်။

ဤကဲ့သို့သော စကားဝိုင်းမျိုးက နေ့စဉ်လိုလို ရှိနေတတ်သည်။

ယောကျာ်းနှင့် မိန်းမတို့ အတူတကွ ရှိနေချိန်တွင် အချင်းချင်း၏ အတွေ့အကြုံများကို ရင်ဖွင့်ပြောဆိုခြင်းကလည်း သံယောဇဉ်ကို ပိုမိုနက်ရှိုင်းစေသည့် အရေးကြီးသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။

မည်မျှပင် အလုပ်များနေပါစေ လင်းယွမ်က သူတို့အတွက် အချိန်ပေးကာ နေ့စဉ်ဘဝမှ သာမန်ကိစ္စရပ်လေးများကို နားထောင်ပေးလေ့ရှိသည်။

ဤသို့ ပြုလုပ်ခြင်းကသာလျှင် ဤကပ်ဘေးကာလကြီးအတွင်း၌ပင် နွေးထွေးသည့် မိသားစုဘဝလေး ရှိနေသေးသည်ဟု သူ့ကို ခံစားရစေခြင်း ဖြစ်သည်။

သူက ကိုယ့်ကိုယ်ကိုယ် တိုးတက်လာစေရန် ကြိုးစားနေခြင်း၊ အင်အားစုတစ်ခုကို တည်ဆောက်နေခြင်းနှင့် ခိုလှုံရေးစခန်းများကို ဖန်တီးနေခြင်းမှာ ဤကဲ့သို့သော ဘဝမျိုးကို ပိုင်ဆိုင်နိုင်ရန်အတွက် မဟုတ်ပါလား။

ညဘက်တွင် လူတိုင်း အလှည့်ကျ ရေချိုးသန့်စင်ကြပြီးနောက် လင်းယွမ်က အိပ်ခန်းထဲသို့ သွားကာ ရန်မေကို တစ်ချက် သွားကြည့်လိုက်သည်။

ကိုယ်ဝန်ဆောင် ကာလ အလယ်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်၍ သူမက ပို၍ ပျင်းရိလာပြီး မကြာခဏ ပင်ပန်းနွမ်းနယ်ကာ အိပ်မောကျနေတတ်သည်။

လင်းယွမ်က သူမကို မနှောင့်ယှက်တော့ဘဲ အိပ်ခန်းထဲမှ ပြန်ထွက်လာပြီးနောက် ဆုန့်ဝမ်နှင့် တင်းယန်တို့၏ အခန်းများကို လှမ်းကြည့်လိုက်သည်။

ရက်များကို တွက်ကြည့်လိုက်ရာ ယနေ့က တင်းယန်၏ အလှည့်ဖြစ်နေသည်။

အခန်းတံခါးကို တိတ်တဆိတ် ဖွင့်ဝင်လိုက်ရာ တင်းယန်က အဖြူရောင် လက်ပြတ်အင်္ကျီလေး ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ ထိုလက်ပြတ်အင်္ကျီအောက်မှ လှပပြည့်ဖြိုးလွန်းသော သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းက အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။

တင်းယန်က ခေါင်းလှည့်ကြည့်လိုက်ရာ လင်းယွမ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာလေး ရဲတက်သွားပြီး အပေါ်ဝတ်အင်္ကျီကို လွှမ်းခြုံလိုက်ရင်း "ဒီနေ့ ရန်မေနဲ့ အတူမနေဘူးလား" ဟု မေးလိုက်သည်။

"နင်ကတော့... ငါက အမမေကိုပဲ နေ့တိုင်း အချိန်ပေးပြီး နင့်ကို လျစ်လျူရှုထားလို့ ဘယ်ဖြစ်မှာလဲ"

ဤအချိန်မျိုးတွင် ရန်မေ အိပ်ပျော်သွား၍ သူ ရောက်လာသည်ဟု လုံးဝ ပြော၍မဖြစ်ပေ။

သို့မဟုတ်ပါက တစ်ဖက်လူကို သေချာပေါက် စိတ်ခုသွားစေမည် ဖြစ်သည်။

လူမှုဆက်ဆံရေးစွမ်းရည်ကို စမ်းသပ်ခံနေရချိန်တွင် အမှားလုပ်၍ မဖြစ်ပေ။

သူထင်သည့်အတိုင်းပင် တင်းယန်က ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာလေး ဝင်းလက်သွားပြီး "ရှင်က စကားတတ်သားပဲ" ဟု ပြောလိုက်သည်။

သူမက မှန်တင်ခုံဘက်သို့ ထိုင်လိုက်ပြီး ဆံပင်ကို စည်းနှောင်ကာ သူမ၏ မျက်နှာပေါ်တွင် အသားအရေထိန်းသိမ်းသည့် ခရင်မ်တချို့ကို လိမ်းကျံလိုက်သည်။

လင်းယွမ်က "အစွမ်းပိုင်ရှင်တောင် ဖြစ်နေပြီကို ဘာလို့ ဒီပစ္စည်းတွေ သုံးနေသေးတာလဲ" ဟု မေးလိုက်သည်။

တင်းယန်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်ပြီး "အစွမ်းပိုင်ရှင်တွေက ပြန်လည်သက်သာလာနိုင်စွမ်း အားကောင်းတယ်ဆိုပေမဲ့ နေလောင်ဒဏ်ကို ခံရမှာပဲလေ"

"နေ့တိုင်း အပြင်ထွက် ကင်းလှည့်နေရတော့ လေတိုက်ခံ၊ မိုးရေစိုခံရတာနဲ့တင် အသားအရေက ဘယ်လိုပဲဖြစ်ဖြစ် ကြမ်းတမ်းလာမှာပဲ"

"ကျွန်မက အစကတည်းက ရှင့်ထက် အသက်ပိုကြီးနေတာလေ... သေချာ မထိန်းသိမ်းထားလို့ နောက်ပိုင်း အရွယ်ကျသွားတဲ့အခါ တစ်စုံတစ်ယောက်က အဟောင်းကိုပစ် အသစ်ကိုရှာချင်လာရင် ဘယ်လိုလုပ်မလဲ"

လင်းယွမ်က ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး သူမ၏ အနောက်ဘက်သို့ တိုးသွားကာ သေးသွယ်သော ခါးလေးကို ညင်သာစွာ ဖက်ထားလိုက်သည်။

လက်ထဲမှ စွဲမက်ဖွယ် အထိအတွေ့ကို ခံစားရင်း ပြုံးကာ "ငါတို့ အတူတူ အခက်အခဲတွေ အများကြီးကို ဖြတ်သန်းလာခဲ့တာလေ... နင်က ငါ့အကြောင်း မသိသေးဘူးလား" ဟု ပြောလိုက်သည်။

တင်းယန်က သူမအပေါ် အပြစ်လုပ်နေသည့် သူ့လက်များကို ခံစားမိလိုက်သဖြင့် မျက်နှာလေး နီရဲလာပြီး "ယန်ယန်နဲ့ ဆုန့်ဝမ်တို့ မအိပ်ကြသေးဘူးလေ" ဟု အလျင်အမြန် ပြောလိုက်သည်။

"မအိပ်သေးလည်း ဘာဖြစ်လဲ... သူတို့ ဝင်လာရဲရင် အားလုံး အတူတူအိပ်တာပေါ့"

"ဖယ်စမ်းပါ... ရှင်ကတော့ တွေးရဲလိုက်တာ"

လင်းယွမ်က သူမကို ရုတ်တရက် ပွေ့ချီလိုက်ရာ တင်းယန် အလန့်တကြား အော်ဟစ်လိုက်မိသည်။

ကုတင်ပေါ်သို့ ရောက်သွားပြီးနောက် လင်းယွမ်က သူမ၏ လည်တိုင်လေးကို နမ်းရှိုက်နေစဉ် တင်းယန်က သူ့နားနားသို့ ကပ်ကာ "လင်းယွမ်... ကျွန်မလည်း ကလေးတစ်ယောက် လိုချင်တယ်" ဟု ပြောလိုက်သည်ကို ရုတ်တရက် ကြားလိုက်ရသည်။

လင်းယွမ်၏ ခန္ဓာကိုယ်လေး ရုတ်တရက် တောင့်တင်းသွားပြီးနောက် ခေါင်းမော့ကာ သူမကို စိုက်ကြည့်လိုက်သည်။

တင်းယန်၏ လှပသော မျက်လုံးများထဲတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပေါ်လွင်နေသည်။

"ကျွန်မအသက်က ရန်မေထက်တောင် တစ်နှစ် ပိုကြီးတယ်"

"ရေကြီးမှုကြီး မဖြစ်ခင်ကတည်းက အသက်ကြီးလာလေ ကလေးရဖို့ ပိုခက်လေဆိုတာကို ကျွန်မ ကြားဖူးတယ်... ကျွန်မ ထပ်ပြီး မစောင့်ချင်တော့ဘူး"

လင်းယွမ်က သက်ပြင်းကို ရှိုက်ထုတ်လိုက်ပြီး လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ"

...

တစ်ညတာလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ တင်းယန် တစ်ကိုယ်လုံး ပို၍ နုပျိုလန်းဆန်းနေသလို ဖြစ်နေသည်။

ညီအမများက သူမကို နောက်ပြောင်လှောင်ပြောင်မည်ကို စိုးရိမ်သဖြင့် သူမက မနက်စောစောကတည်းက ထကာ အပြင်သို့ ထွက်သွားခဲ့သည်။

သို့သော်လည်း လင်းယွမ်က မျက်နှာပြောင်တိုက်စွာဖြင့် သူမကို ဆွဲထားကာ မနက်ခင်း သွေးပူလေ့ကျင့်ခန်း တစ်ကြိမ် ထပ်လုပ်လိုက်သေးသည်။

သူမ ထွက်လာချိန်တွင် ဆုန့်ဝမ်နှင့် တုံယန်တို့က ထမင်းစားပြီးသွားကြပြီ ဖြစ်သည်။

ထမင်းစားပွဲပေါ်တွင် လင်းယာကလည်း တင်းယန်ကို ထူးဆန်းသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။ သူမက မနက်စောစောကတည်းက ဟင်းလာချက်နေခြင်း ဖြစ်သည်။

ရန်မေလည်း အိပ်ရာမှ ထလာပြီး တင်းယန်၏ မျက်နှာလေး လန်းဆန်းနေသည်ကို မြင်လိုက်ရသောအခါ ပြုံးလိုက်မိကာ "မောင်လေး ထပြီလား" ဟု မေးလိုက်သည်။

တင်းယန်က အနည်းငယ် ရှက်ရွံ့သွားပြီး "မထသေးဘူး... ခဏနေရင် ကျွန်မ အဖွဲ့ထဲ သွားစရာ ကိစ္စရှိလို့ အမတို့ပဲ သူ့ကို သွားနှိုးလိုက်ကြတော့" ဟု ပြောလိုက်သည်။

ထိုသို့ပြောရင်း သူမက ခေါင်းငုံ့ကာ အလျင်စလို ထမင်းစားလိုက်သည်။

"ဖူး" ဆုန့်ဝမ်က ရယ်မောလိုက်ပြီး "ခစ်ခစ်... အမတင်း... အမရဲ့ အခုပုံစံက ပုံမှန် ပြတ်ပြတ်သားသား လုပ်တတ်တဲ့ ပုံစံမျိုးနဲ့ တစ်စက်ကလေးမှ မတူဘူးနော်" ဟု နောက်ပြောင်လိုက်သည်။

တုံယန်ကလည်း ပြုံးစိစိဖြင့် "အမတင်း... ကျွန်မ အထင်တော့ အစ်ကိုလင်းယွမ်ကို သွားနှိုးစရာ မလိုတော့ပါဘူး... သူ သေချာပေါက် ဗိုက်ဝနေလောက်ပြီ" ဟု ပြောလိုက်သည်။

သူတို့၏ နောက်ပြောင်မှုကြောင့် တင်းယန်၏ မျက်နှာလေး အနည်းငယ် နီရဲသွားပြီး သူတို့ကို မျက်စောင်းထိုးကြည့်ကာ "နင်တို့ ကောင်မစုတ်လေး နှစ်ယောက် တွေ့မယ်... ညကျရင် သူ့ကို နင်တို့အခန်းထဲ လွှတ်လိုက်မယ်... နင်တို့နှစ်ယောက်ထဲက တစ်ယောက်ယောက်များ အသံထွက်လာခဲ့ရင် ငါ ဝင်လာပြီးတော့ကို လှောင်ပစ်မယ်" ဟု ပြန်ပြောလိုက်သည်။

အမျိုးသမီးများအားလုံး ရုတ်တရက် အသံထွက်ကာ ရယ်မောလိုက်ကြသည်။

သူတို့အားလုံးက လင်းယွမ်၏ အမျိုးသမီးများ ဖြစ်ကြသဖြင့် ဤကဲ့သို့သော အကြောင်းအရာများကို ပြောဆိုရာတွင် သဘာဝကျကျပင် ပွင့်လင်းလွတ်လပ်နေကြသည်။

လူကြီးသူမများ ပြောလေ့ရှိသည့် စကားတစ်ခွန်း ရှိသည်။ မိန်းမတစ်အုပ်ကြားတွင် ယောကျာ်းတစ်ယောက်တည်း ရှိနေပါက ထိုယောကျာ်းကသာ သေချာပေါက် အနိုင်ကျင့်ခံရမည် ဖြစ်သည်။

မီးဖိုချောင်ထဲရှိ သနားစရာကောင်းသော လင်းယာမှာမူ ဤကဲ့သို့ ရဲတင်းလှသော စကားများကို ကြားလိုက်ရသဖြင့် မျက်နှာနှင့် နားရွက်များပင် နီရဲသွားခဲ့သည်။

လင်းယွမ် သူမကို ကိုယ်လုံးတီး မြင်တွေ့ခဲ့ရသည့် အစောပိုင်းတုန်းက မြင်ကွင်းများက သူမ၏ ခေါင်းထဲတွင် တဝဲလည်လည် ဖြစ်နေတော့သည်။

သူမက အကြိမ်အနည်းငယ်မျှ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ရင်ခုန်သံကို ထိန်းချုပ်ကာ ခြေထောက်များကို လှုပ်ခါလိုက်ပြီး ဟင်းသီးဟင်းရွက်များကိုသာ အာရုံစိုက်၍ ဆေးကြောနေလိုက်သည်။

ရေပိုက်ခေါင်းထဲမှ ရေများက အဆက်မပြတ် စီးကျနေသော်လည်း သူမက အကြိမ်မည်မျှ ဆေးကြောပြီးသွားပြီဆိုသည်ကိုပင် မေ့လျော့နေခဲ့သည်။

လင်းယွမ် အိပ်ရာမှ ထလာချိန်တွင် အမျိုးသမီးများအားလုံး အပြင်သို့ ထွက်သွားကြပြီဖြစ်ပြီး လင်းယာ တစ်ယောက်တည်းသာ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းကာ လက်စသတ်နေခဲ့သည်။

လင်းယွမ် အိပ်ခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရသောအခါ လင်းယာက နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း သူမ၏ မျက်နှာလေး ရုတ်တရက် နီရဲသွားခဲ့သည်။

လင်းယွမ်က အပေါ်ပိုင်း ဗလာကျင်းနေပြီး သူ၏ တောင့်တင်းကြံ့ခိုင်သော ကြွက်သားများကို အထင်အရှား မြင်တွေ့နေရသည်။

အိမ်ထဲတွင် အပြင်လူ ရှိနေသေးသည်ကို လင်းယွမ်လည်း ရုတ်တရက် သတိထားမိသွားသည်။

သူက အလျင်အမြန် ခြေတစ်လှမ်း ဆုတ်လိုက်ပြီး တင်းယန်၏ အခန်းထဲသို့ ပြန်ဝင်သွားကာ "ဆောရီးနော်... ခင်ဗျား အိမ်မှာ ရှိနေသေးတာကို ကျွန်တော် မေ့သွားလို့ပါ" ဟု ပြောလိုက်သည်။

လင်းယာက "ရ... ရပါတယ်... ကျွန်မ ဘာမှ မမြင်လိုက်ပါဘူး" ဟု အလျင်အမြန် ပြန်ပြောလိုက်သည်။

လင်းယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး တင်းယန်၏ ဗီရိုထဲတွင် မွှေနှောက်ရှာဖွေကြည့်လိုက်ရာ ဤနေရာ၌ သူ၏အင်္ကျီများ လုံးဝ မရှိသည်ကို တွေ့လိုက်ရသည်။

မနေ့ညက ဝတ်ထားခဲ့သည့် အင်္ကျီများကိုလည်း လုံးဝ ဝတ်၍မရတော့ပေ။ အားလုံး ညစ်ပတ်နေပြီ ဖြစ်သည်။

ထိုအချက်ကို တွေးမိသွားပြီးနောက် သူက အပြင်ဘက်ရှိ လင်းယာကို လှမ်း၍ "လင်းယာ... ကျွန်တော့်အတွက် အင်္ကျီတစ်စုံလောက် ယူပေးလို့ ရမလား" ဟု မေးလိုက်သည်။

ဆက်ရန်...

အပိုင်း(၆၄၆) လင်းယာနှင့်အခိုက်အတံ့

အပြင်ဘက်ရှိ လင်းယာက ကြောင်သွားသည်။

ဖြူဝင်းသော မျက်နှာလေးထက်၌ ချက်ချင်းပင် ရှက်သွေးဖြာသွား၏။

ဤမြင်ကွင်းက သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကနှင့် အတော်လေး တူနေသည်။

သို့သော် ထိုအချိန်က သူမ၏ ခန္ဓာကိုယ်အလှကို တစ်ဖက်လူက အကုန်မြင်သွားခဲ့ခြင်း ဖြစ်သည်။

"အဲ့ဒါ... ရှင့်အင်္ကျီတွေက ဘယ်မှာလဲ"

"အမမေ အခန်းထဲမှာ ရှိလောက်တယ်"

လင်းယာက လက်ကို သုတ်လိုက်ပြီး "ခဏစောင့်နော်" ဟု ပြောလိုက်သည်။

သူမက ရန်မေ၏ အခန်းထဲသို့ ဝင်သွားကာ ဗီရိုကို ဖွင့်လိုက်သည်။

တိုက်ဆိုင်ချင်တော့ သူမဖွင့်လိုက်သည့်ဘက်က လင်းယွမ် တစ်ချိန်တည်းက ရန်မေ၏အိမ်မှ ယူဆောင်လာခဲ့သော ဆွဲဆောင်မှုရှိသည့် အတွင်းခံအင်္ကျီများ ဖြစ်နေသည်။

အချို့သော အပေါက်ဖောက်ထားသည့် ဆွဲဆောင်မှုရှိသော အတွင်းခံများဆိုလျှင် ပိုးကြိုးလေး အနည်းငယ်သာ ပါရှိသည်။

ဤအထဲရှိ အင်္ကျီများထဲတွင် ရန်မေကိုယ်ပိုင် အင်္ကျီဆို၍ အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ လင်းယွမ် အဆောက်အအုံအတွင်းရှိ အိမ်များတွင် လိုက်လံရှာဖွေစဉ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဤအရာများက တစ်ခါသုံးပစ္စည်းများ ဖြစ်ကာ အကြမ်းမခံနိုင်သဖြင့် အခြေခံအားဖြင့် တစ်ထည်ဝတ်လျှင် တစ်ထည် ပျက်စီးသွားတတ်သည်။

ထို့ကြောင့် လင်းယွမ်က နောက်ပိုင်းတွင် ဤဆွဲဆောင်မှုရှိသည့် ပစ္စည်းများကို စနစ်ထဲမှသာ တိုက်ရိုက် လဲလှယ်ယူတော့သည်။

ဤဆွဲဆောင်မှုရှိသည့် အင်္ကျီများက စနစ်ထဲတွင် တန်ဖိုး မရှိသလောက်ပင် ဖြစ်ပြီး အမှတ် တစ်မှတ်တည်းဖြင့်ပင် ပေါင်မည်မျှအထိ လဲလှယ်နိုင်မှန်း မသိပေ။

ထို့ကြောင့်သာ ယခုလို ကြီးမားသော ဗီရိုကြီးထဲတွင် ဆွဲဆောင်မှုရှိသည့် အင်္ကျီပေါင်းများစွာ ပြည့်နှက်နေခြင်း ဖြစ်သည်။

လင်းယာက ဤဆွဲဆောင်မှုရှိသည့် အတွင်းခံများကို ကြည့်ရင်း ရန်မေ၏ ဆွဲဆောင်မှု အပြည့်ရှိသော ခန္ဓာကိုယ်ကောက်ကြောင်းကို ပြန်တွေးမိသွားကာ အကယ်၍ ဤအင်္ကျီများကိုသာ ဝတ်လိုက်မည်ဆိုပါက...

မိန်းမတစ်ယောက်ဖြစ်သည့် သူမပင်လျှင် ချက်ချင်း မျက်နှာတွေ နီရဲလာတော့သည်။

သူမက ထိုဘက်ရှိ ဗီရိုတံခါးကို အလျင်အမြန် ပိတ်လိုက်ပြီး အခြားတစ်ဘက်ရှိ ဗီရိုတံခါးကို ချက်ချင်း ဖွင့်လိုက်သည်။

အထဲမှ တီရှပ်တစ်ထည်ကို ရှာတွေ့သွားပြီးနောက် အခန်းထဲမှ ကမန်းကတန်း ထွက်လာခဲ့သည်။

တင်းယန်၏ အခန်းတံခါးကို ခေါက်လိုက်ရာ လင်းယွမ်က တံခါးလာဖွင့်ပေးသည်။ လင်းယာက သူ့ထံသို့ အလျင်အမြန် ကမ်းပေးလိုက်ပြီး "ကိုလင်းယွမ်... အင်္ကျီရပါပြီ" ဟု ပြောလိုက်သည်။

လင်းယွမ်က အင်္ကျီကို လှမ်းယူလိုက်စဉ် လက်ချောင်းလေးများ အချင်းချင်း ထိမိသွားပြီး သူမ၏ နူးညံ့သော လက်ချောင်းလေးများနှင့် ထိတွေ့သွားသည်။

ထိုအခါ လင်းယာ တစ်ကိုယ်လုံး ကြက်သီးထသွားပြီး သူမ၏ လက်ချောင်းလေးများကို အလျင်အမြန် ပြန်ရုပ်လိုက်သည်။

လင်းယွမ်က အင်္ကျီကို လှမ်းယူရင်း သူမ၏ ထူးခြားနေမှုကို ခံစားမိသွားကာ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က မြင်ကွင်းကို အမှတ်ရသွားမိသည်။

ရေချိုးခန်းထဲရှိ သူမ၏ ဆွဲဆောင်မှုရှိလှသော မြင်ကွင်းလေးက လင်းယွမ်၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။

လင်းယွမ်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ရင်ထဲမှ လှိုင်းဂယက်လေးကို ဖိနှိပ်လိုက်ကာ အင်္ကျီကို သေသေချာချာ ဝတ်ဆင်ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။

မီးဖိုချောင်ဘက်ရှိ အမှိုက်ပုံးနံဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ တောကန်စွန်းဥ တစ်ဥကို အခွံနွှာနေသည့် လင်းယာကို သူ မြင်လိုက်ရသည်။

သူမက ဧည့်ခန်းဘက်သို့ ကျောပေးထားသဖြင့် လုံးဝန်းနေသော တင်ပါးအစုံနှင့် သွယ်လျသော ခါးလေးတို့က သိသာထင်ရှားသော အမြင်အာရုံ ရိုက်ခတ်မှုကို ဖြစ်ပေါ်စေသည်။

လင်းယွမ်၏ ခေါင်းထဲတွင် 'ပခုံးထက်ကျယ်တဲ့ တင်ပါးအလှက နတ်သမီးလေးတစ်ပါးနဲ့တောင် ယှဉ်နိုင်တယ်' ဆိုသည့် စကားတစ်ခွန်း ဖြတ်ပြေးသွားသည်။

ထူးဆန်းသော အကြည့်တစ်စုံကို ခံစားလိုက်ရသဖြင့် လင်းယာ၏ ခန္ဓာကိုယ်လေးက အလိုအလျောက် တောင့်တင်းသွားပြီး အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

လင်းယွမ် သူမကို ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူမ ကိုယ်လေးကို အနည်းငယ် စောင်းလိုက်ပြီး မျက်နှာလေး နီရဲကာ "ကိုလင်းယွမ်... ဘာကိစ္စ ရှိလို့လဲ" ဟု မေးလိုက်သည်။

လင်းယွမ် သတိပြန်ဝင်လာပြီး "မနက်စာ စားလို့မှ မပြီးသေးဘူး... နေ့လယ်စာအတွက် အလုပ်ရှုပ်နေပြီလား" ဟု ပြုံးရင်း မေးလိုက်သည်။

လင်းယာက မတ်တတ်ရပ်လိုက်ပြီး "ကန်စွန်းဥနဲ့ ဝက်နံရိုးဟင်းရည် နည်းနည်း ပြုတ်မလို့... ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်းဓာတ် များများစားပေးတာက ကလေးအတွက်ရော မိခင်အတွက်ပါ ကောင်းတယ်လေ" ဟု ရှင်းပြသည်။

လင်းယွမ်က သက်ပြင်းချလိုက်ပြီး "ကံကောင်းလို့ ဒီခိုလှုံရေးစခန်းမှာ ခင်ဗျားလို အာဟာရ မျှတအောင် ချက်ပြုတ်တတ်တဲ့သူ ရှိနေတာ... ရန်မေ့ကိုယ်စား ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။

လင်းယာက ခေါင်းခါလိုက်ပြီး "အဲ့ဒီတုန်းက လန်ယွဲ့ဟွာတို့ကို ကျွန်မ ခိုးလွှတ်ပေးခဲ့တာကို ရှင့်ဘက်က ကျွန်မနဲ့ ယွင်ရှီးကို အပြစ်မတင်ခဲ့ပါဘူး... ကျွန်မကသာ ရှင့်ကို ကျေးဇူးတင်ရမှာပါ" ဟု ပြောလိုက်သည်။

လင်းယွမ်က သက်ပြင်းချရင်း "လန်ယွဲ့ဟွာတို့က ခင်ဗျားအတွက်တော့ အသက်သခင် ကျေးဇူးရှင်တွေပဲလေ... ခင်ဗျား သူတို့ကို ကယ်လိုက်တာကလည်း အသက်တစ်ချောင်းအတွက် အကြွေးဆပ်လိုက်တာနဲ့ အတူတူပါပဲ... ဒီကိစ္စအတွက် ခင်ဗျားကို အပြစ်တင်လို့ မရပါဘူး" ဟု ပြောလိုက်သည်။

"ဒါကလည်း သူ သေချိန်မတန်သေးလို့ နေမှာပေါ့"

လင်းယာက သက်ပြင်းချကာ "သူလည်း သနားစရာကောင်းတဲ့သူပါ... အရင်က အဆောက်အအုံထဲမှာ သူလည်း လူမိုက်တချို့ရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတယ်... အဲ့ဒါကြောင့်မလို့ အခုလို အစွန်းရောက်သွားတာပါ" ဟု ပြောလိုက်သည်။

"တကယ်တော့ သူ ဘုရင်မသင်္ဘောကို တည်ထောင်ပြီးတဲ့နောက် လမ်းတစ်လျှောက်မှာ အမျိုးသမီး အများကြီးကို ကယ်တင်ခဲ့ဖူးတယ်"

"ယောကျာ်းလေးတွေအပေါ်ကိုတော့..."

လင်းယာက ဤနေရာအရောက်တွင် ခေါင်းခါလိုက်ပြီး ဆက်မပြောတော့ချေ။

ထင်ရှားသည်မှာ လန်ယွဲ့ဟွာတို့၏ ယောကျာ်းများအပေါ် အလွန်အမင်း ရက်စက်စွာ သတ်ဖြတ်မှုက ဂုဏ်ယူစရာ ကိစ္စတစ်ခု မဟုတ်ပေ။

လင်းယွမ်က ဤကိစ္စနှင့် ပတ်သက်၍ ဆက်မဆွေးနွေးချင်တော့ပေ။ လန်ယွဲ့ဟွာတို့က စောစောစီးစီး သေသွားသင့်ပြီ ဖြစ်သဖြင့် သူက ဤကိစ္စအပေါ် ခေါင်းရှုပ်ခံနေရန် မလိုအပ်ပေ။

သူတို့နှစ်ယောက် ခဏတာ စကားပြောပြီးနောက် လင်းယာက လင်းယွမ်အတွက် မနက်စာကို ယူလာပေးသည်။

လင်းယွမ်က ကမန်းကတန်း စားသောက်ပြီးသည်နှင့် ထိုက်ယန်တောင်မှ ချက်ချင်း ထွက်ခွာလာခဲ့ကာ တွင်းနက်အရိပ်ရေပေါ်ကျွန်းဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။

ချန်ယွင်တောက် ပေါ်လာမှုကြောင့် သူ့စိတ်ထဲတွင် စိုးရိမ်သွားမိသည်။ ဟန်ရှန်းမန်တို့၏ အစွမ်းနှင့်ဆိုလျှင် တစ်ဖက်လူကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ယခုအချိန်တွင် သူ အလျင်အမြန် သွားရောက်ရန် လိုအပ်နေပြီ ဖြစ်သည်။

"တွင်းနက်အရိပ်ရေပေါ်ကျွန်း ရှိနေပြီး တွင်းနက်အရိပ်နဂါးက အဲ့ဒီမှာ နေရာယူထားတာဆိုတော့ ဘာမှမဖြစ်ဖို့ မျှော်လင့်ရတာပဲ"

"ဝှီး"

အေးစက်သော လေပြင်းများ တိုက်ခတ်သွားပြီးနောက် လင်းယွမ်၏ ပုံရိပ်က အမည်းစက်လေးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

တွင်းနက်အရိပ်ရေပေါ်ကျွန်း၊ ဖန်ဆန်းမြို့နယ်။

"သတင်းပို့ပါတယ်... ခေါင်းဆောင်ဝူ၊ ခေါင်းဆောင်ကျန်း၊ ခေါင်းဆောင်ဟန်... ပြဿနာတက်ပြီ... ကျိုးဟွေးကို လိုက်ပို့တဲ့ ညီအစ်ကိုတွေ လမ်းတစ်ဝက်မှာ ချုံခိုတိုက်ခိုက်ခံလိုက်ရတယ်"

ဖန်ဆန်းမြို့နယ် အစည်းအဝေးခန်းမထဲတွင် အစွမ်းပိုင်ရှင်တစ်ယောက်က အလျင်စလို ဝင်ရောက် သတင်းပို့လိုက်သည်။

ထိုစကားကို ကြားသည်နှင့် ဟန်ရှန်းမန်၊ ဝူယင်၊ ကျန်းဖန်တို့ အားလုံး၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။

"ဘာဖြစ်တာလဲ" ဝူယင်က အလျင်အမြန် မေးလိုက်သည်။

သတင်းပို့သူက အလျင်စလိုဖြင့် "ကျွန်တော်တို့က ခေါင်းဆောင်တို့ရဲ့ ညွှန်ကြားချက်အတိုင်း ကျိုးဟွေးတို့ကို တွင်းနက်အရိပ်ရေပေါ်ကျွန်းကနေ ထွက်သွားဖို့ လိုက်ပို့ပေးပြီး ပေါင်ရှန်းတောင်ကို ပြန်ပို့ပေးခဲ့တာပါ"

"တွင်းနက်အရိပ်ရေပေါ်ကျွန်းကနေ ထွက်ထွက်ချင်းပဲ အပြင်ဘက်မှာ ချုံခိုစောင့်နေတဲ့ ကူကျန့်ယဲ့ရဲ့လူတွေနဲ့ ပက်ပင်းတိုးတော့တာပဲ... ကျွန်တော်တို့လူတွေ အကုန်လုံး သူတို့ ဝိုင်းထားတာကို ခံလိုက်ရတယ်"

"ဘာ... အချိန်ဘယ်လောက်မှ မရှိသေးဘူးလေ... သူတို့တွေ ပြန်ရောက်လာကြပြီလား" ကျန်းဖန်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

မနေ့ကမှ ဖန်ဆန်းကျွန်းက အုပ်စုကို သူတို့ တိုက်ထုတ်ခဲ့ရတာ... ဒီနေ့ အဲ့ဒီအုပ်စုက ပြန်လည် တိုက်ခိုက်လာပြန်ပြီလား။

ဒါ့အပြင် သူတို့က တွင်းနက်အရိပ်ရေပေါ်ကျွန်းရဲ့ အပြင်ဘက်ကိုပါ ဝိုင်းထားလိုက်ပြီလား။

"တစ်ဖက်မှာ လူဘယ်နှစ်ယောက်လောက် ပါလဲ" ဟန်ရှန်းမန်က မေးလိုက်သည်။

"လူ တစ်ရာကျော်လောက် ပါတယ်... အဓိကကတော့ ကျွန်တော်တို့ အမြဲသွားနေကျ ပင်လယ်ထွက်ပေါက်မှာ စုဝေးနေကြတာပဲ"

တွင်းနက်အရိပ်ရေပေါ်ကျွန်းကို အမှောင်ဓာတ် စွမ်းအင်များဖြင့် ဝန်းရံထားသဖြင့် ကျွန်းပေါ်တွင် မည်သည့် အလင်းရောင်မှ မရှိဘဲ မှောင်မည်းနေသည်။

ဖန်ဆန်းမြို့နယ်၏ အကာအကွယ်အစီအရင်အတွင်း၌သာ အလင်းရောင် ရှိပြီး ကျွန်းတစ်ကျွန်းလုံးက အမှောင်ထုကြီး ဖုံးလွှမ်းနေသည်။

အမှောင်ဓာတ် အစွမ်းပိုင်ရှင်များသာလျှင် ဤကျွန်းပေါ်တွင် လွတ်လပ်စွာ သွားလာနိုင်ပြီး အခြားလူများကတော့ ကျွန်းပေါ်ရှိ ချောင်းငယ်လေး တစ်လျှောက်မှသာ သွားလာရသည်။

ထိုမြစ်ငယ်လေးက တောင်ပေါ်မှ စီးဆင်းလာပြီး ဖန်ဆန်းမြို့နယ် အပြင်ဘက်ကို ဖြတ်သန်းကာ ပြင်ပရှိ ရေလွှမ်းမိုးနေသော နေရာများဆီသို့ စီးဆင်းသွားခြင်း ဖြစ်သည်။

ယခု ဆောင်းရာသီတွင် ထိုမြစ်ငယ်လေး ရေခဲနေပြီဖြစ်သော်လည်း မြစ်ကြမ်းပြင်ကတော့ ရှိနေဆဲ ဖြစ်သည်။

လူတိုင်းက ကျွန်းပေါ်မှ ထွက်ခွာရန် ဤမြစ်ကြမ်းပြင် အတိုင်းသာ ဆက်လျှောက်သွားနေကြရသည်။

ယခုအခါ ဖန်ဆန်းကျွန်းမှ လူများက မြစ်ကြမ်းပြင်၏ ပင်လယ်ထွက်ပေါက်ဘက်တွင် စောင့်ဆိုင်းနေကြပြီး ထွက်လာရဲသူ မည်သူ့ကိုမဆို ချက်ချင်း သတ်ဖြတ်ရန် ပြင်ဆင်နေကြသည်။

ဝူယင်၏ မျက်နှာက အနည်းငယ် မှုန်ကုပ်သွားပြီး စဉ်းစားကာ "ဒီလိုလုပ်... ငါ လူတွေကို ခေါ်ပြီး တခြားလမ်းကနေ အခြေအနေ သွားကြည့်လိုက်မယ်" ဟု ပြောလိုက်သည်။

သူက အမှောင်ဓာတ် အစွမ်းပိုင်ရှင် ဖြစ်သဖြင့် မြစ်ကြမ်းပြင်အတိုင်း လျှောက်သွားစရာ မလိုဘဲ တွင်းနက်အရိပ်ရေပေါ်ကျွန်းမှ လွယ်ကူစွာ ထွက်ခွာသွားနိုင်သည်။

ဟန်ရှန်းမန်က "ငါတို့ အတူတူ သွားကြမယ်" ဟု ချက်ချင်း ပြောလိုက်သည်။

ဝူယင်က အနည်းငယ် စဉ်းစားပြီးနောက် "ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ် တွင်းနက်အရိပ်ရေပေါ်ကျွန်းထဲမှာ အမှောင်ဓာတ် စွမ်းအင်တွေ ပြည့်နေတော့ သူတို့လည်း ကျွန်းပေါ် တက်ရဲမှာ မဟုတ်ဘူး... ငါတို့ အတူတူသွားပြီး တခြားဘက်ကနေ သူတို့ကို ခိုးတိုက်လို့ရမလား သွားကြည့်ရအောင်" ဟု ပြောလိုက်သည်။

"ဒီလူတွေက မြစ်ကြမ်းပြင်ရဲ့ ပင်လယ်ထွက်ပေါက် နေရာကို ဘယ်လိုလုပ် သိသွားတာလဲ" ကျန်းဖန်က သံသယဖြင့် မေးလိုက်သည်။

ဝူယင်က "သူတို့ အရင်က ငါတို့လူတွေကို ဖမ်းပြီး အတင်းအကျပ် မေးထားတာ ဖြစ်ရမယ်" ဟု ပြောလိုက်သည်။

"တောက်... ဘယ်ကောင်လဲဆိုတာ သိလို့ကတော့" ကျန်းဖန်က ကျိန်ဆဲလိုက်သည်။

ဟန်ရှန်းမန်က "အစွမ်းပိုင်ရှင်တွေမှာ နည်းလမ်းတွေ အများကြီး ရှိတယ်... အဖမ်းခံရတဲ့သူက သဘောဆန္ဒအလျောက် ပြောပြတာ မဟုတ်လောက်ဘူး... ဒီကိစ္စကို အရင် ခေါင်းရှုပ်မခံနဲ့ဦး" ဟု ဝင်ပြောသည်။

"သူတို့ မြစ်ကြမ်းပြင်ရဲ့ ပင်လယ်ထွက်ပေါက်ကို အာရုံစိုက်နေတုန်း... ငါတို့ တခြားဘက်ကနေ ဝင်တိုက်မယ်ဆိုရင် သူတို့ကို အလစ်အငိုက် သတ်နိုင်လောက်တယ်"

"ခေါင်းဆောင်ဟန် ပြောတာ မှန်တယ်... ဒါက ငါတို့အတွက်လည်း အခွင့်အရေး တစ်ခုပဲ" ဝူယင်က ချက်ချင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။

ချက်ချင်းပင် သူတို့သုံးယောက်က ဦးဆောင်သွားကာ ဝူယင်က ချန်ကွမ်းမင်နှင့် ယင်ကျိုးယွဲ့တို့ကို ကြိုးတစ်ချောင်းစီ ဆွဲထားရန် အမိန့်ပေးလိုက်ပြီး လူတိုင်းက ကြိုးကိုကိုင်ကာ သူတို့သုံးယောက်နောက်မှ လိုက်ပါသွားကြသည်။

ဤသို့ဆိုလျှင် အမှောင်ထုထဲတွင် လမ်းပျောက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။

သူတို့သုံးယောက်၏ ဦးဆောင်မှုအောက်တွင် လမ်းတစ်လျှောက် ရှေ့ဆက်သွားကြပြီးနောက် မကြာမီမှာပင် လူအုပ်ကြီးက အခြားလမ်းတစ်လမ်းမှ တွင်းနက်အရိပ်ရေပေါ်ကျွန်း အပြင်ဘက်သို့ ရောက်ရှိသွားကြသည်။

အပြင်ဘက်တွင် ဆီးနှင်းများ ဖြူဖွေးနေပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းကို လှည့်ကြည့်လိုက်သောအခါ မည်းမှောင်နေသော တွင်းနက်ကြီးတစ်ခုနှင့် တူနေဆဲဖြစ်ကာ ဘာကိုမှ မမြင်ရချေ။

ဟန်ရှန်းမန်က "ငါတို့ လူခွဲပြီး သွားကြမယ်... ငါက ဘယ်ဘက်ခြမ်းကနေ လူခေါ်ပြီး ဝင်တိုက်မယ်... ဝူယင်... နင်က ညာဘက်ခြမ်းကနေ လူခေါ်ပြီး ဝင်တိုက်... ကျန်းဖန်... နင်က လူတွေကို ခေါ်ပြီး သူတို့ရဲ့ ဆုတ်လမ်းကို ပိတ်ထားလိုက်" ဟု ပြောလိုက်သည်။

ဟန်ရှန်းမန်က တိုက်ခိုက်ရေး အစီအစဉ်ကို ချက်ချင်းပင် ရေးဆွဲလိုက်သည်။

ဝူယင်နှင့် ကျန်းဖန်တို့က ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။

ထို့နောက် သူတို့ အသီးသီးက အဖွဲ့များကို ဦးဆောင်ကာ မြစ်ကြမ်းပြင်၏ ပင်လယ်ထွက်ပေါက်ဆီသို့ အလျင်အမြန် သွားရောက်ကြသည်။

အချိန်မကြာမီမှာပင် ထိုမြစ်ကြမ်းပြင်၏ ပင်လယ်ထွက်ပေါက်ဘက်၌ စခန်းချထားသော တဲတစ်ဆယ်ကျော်ခန့်ကို တကယ်ပင် တွေ့လိုက်ရသည်။

လူတစ်ရာကျော်ခန့်က အသင့်အနေအထားဖြင့် ရှိနေကြပြီး ယခုအချိန်တွင် မြစ်ကြမ်းပြင် နေရာ၌ စောင့်ကြည့်နေကြသည်။

"သတ်"

ဟန်ရှန်းမန်၏ ဒေါသတကြီး အော်ဟစ်လိုက်သံနှင့်အတူ ချက်ချင်းဆိုသလိုပင် ချုံခိုစောင့်နေသော လူအားလုံးက ပြေးထွက်ကာ တိုက်ခိုက်ကြတော့သည်။

ဘယ်ညာ နှစ်ဖက်မှနေ၍ ဟန်ရှန်းမန်နှင့် ဝူယင်တို့ အသီးသီး ဦးဆောင်လာသော လူများက တစ်ဖက်လူများနှင့် ချက်ချင်းပင် ပြင်းထန်သော တိုက်ပွဲကို စတင်လိုက်ကြသည်။

"အုန်း"

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့သည်။

ထိပ်တိုက် တွေ့ဆုံလိုက်သည်နှင့် တစ်ဖက်ရှိ ဖန်ဆန်းကျွန်းမှ လူစုက ချက်ချင်းပင် အသာစီး အယူခံလိုက်ရသည်။

သတိပြန်ဝင်လာချိန်တွင်မူ လူတဆယ်ကျော်ခန့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရေနဂါးက ဟိန်းဟောက်သံနှင့်အတူ ရစ်ပတ်လာပြီး မရေမတွက်နိုင်သော ရေဓားသွားများအဖြစ် ပြောင်းလဲကာ ရှေ့ဘက်ရှိ ဖန်ဆန်းကျွန်းမှ လူမိုက်များဆီသို့ လွှမ်းခြုံ ပစ်ခတ်သွားသည်။

ဖန်ဆန်းကျွန်းဘက်တွင်လည်း ရေခဲဓာတ် အစွမ်းပိုင်ရှင် အများအပြားက ချက်ချင်း လှုပ်ရှားလိုက်ကြပြီး ရေခဲဒိုင်းကာ အများအပြားကို စုစည်းကာ အရှေ့မှ ကာကွယ်လိုက်ကြသည်။

ကောင်းကင်ယံထက်တွင်မူ ဤမြင်ကွင်းကို စိုက်ကြည့်နေသော တိန့်ကျဲက ချက်ချင်း ထထိုင်လိုက်သည်။

"စကြပြန်ပြီ"

လင်းယွမ် ပေးထားသည့် အလုပ်က လုပ်ရန် မလွယ်ကူမှန်း သူ စောစောကတည်းက သိထားခဲ့သဖြင့် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဤအတောအတွင်း ဝူယင်၊ ကျန်းဖန်တို့ အဖွဲ့ကို အကာအကွယ်ပေးရန်အတွက် သူက ဖန်ဆန်းကျွန်းမှ အစွမ်းထက်သူများကို အကြိမ်ကြိမ် တိုက်ထုတ်ပေးခဲ့ရသည်။

မနေ့ညက ဖန်ဆန်းကျွန်းမှ အစွမ်းထက်သူများ ထပ်မံ ရောက်ရှိလာချိန်တွင် သူက တစ်ဖက်လူကို တားဆီးရန် စဉ်းစားခဲ့သော်လည်း တစ်ဖက်တွင် အဓိက အရည်အသွေး အမှတ် တစ်ရာရှိသည့် အစွမ်းထက်သူ တစ်ယောက် ထပ်မံ ပေါ်လာခဲ့သည်။

သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရာ သူ၏ လေးလံသော ရေအစွမ်းဖြင့် တစ်ဖက်လူကို အနိုင်နိုင် တိုက်ထုတ်နိုင်ခဲ့သော်လည်း သူကိုယ်တိုင်လည်း အင်အားကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သည်။

တစ်ညလုံး အနားယူပြီးနောက် ဆုံးရှုံးသွားသော အစွမ်းများကို အနည်းငယ် ပြန်လည် ဖြည့်တင်းနိုင်ခဲ့သည်။

ဤအချိန်အတောအတွင်း သူ ဆက်တိုက် တိုက်ခိုက် လေ့ကျင့်ခဲ့သဖြင့် တိုက်ခိုက်ရေးစွမ်းရည်များ အများကြီး တိုးတက်လာရုံသာမက အဓိက အရည်အသွေးကလည်း အမှတ် ၁၀၀ အထိ အပြည့်အဝ တိုးတက်လာခဲ့သည်။

ယခုအချိန်တွင် သူက တိုက်ပွဲမြေပြင်ကို ငုံ့ကြည့်နေပြီး အချိန်မရွေး ကယ်တင်ရန် အသင့်ပြင်ထားသည်။

သို့သော် ထိုအချိန်မှာပင် သူ၏ ဘေးနားတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုပုံရိပ်က တစ္ဆေသရဲတစ်ကောင်လို ပေါ်လာပြီး မည်သည့် အသံမျှ မထွက်ပေါ်ခဲ့ချေ။

အနားရောက်မှသာ ပတ်ဝန်းကျင်ရှိ ရေခိုးရေငွေ့များ လှုပ်ခတ်သွားသဖြင့် တိန့်ကျဲ ချက်ချင်း သတိထားမိသွားသည်။

"မင်း ငါ့ရဲ့ သင်္ကေတကို ရှောင်လို့ မရဘူး"

တိန့်ကျဲ၏ နားထဲသို့ ရုတ်တရက် လူလတ်ပိုင်း တစ်ယောက်၏ အသံ ဝင်ရောက်လာသည်။

နောက်တစ်စက္ကန့်တွင် သူ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် တစ်ဖက်လူက သင်္ကေတကျောက်တုံး တစ်တုံးကို ပစ်ပေါက်လိုက်သည်။

"ဖုန်း"

သင်္ကေတကျောက်တုံးက ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။

တိန့်ကျဲ၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားပြီး သူကိုယ်တိုင်ပင် ဘာကြောင့် မလှုပ်မယှက် ရပ်နေမိမှန်း နားမလည်နိုင် ဖြစ်သွားသည်။

အလိုအလျောက်ပင် သူက ရေဓာတ်ကို ချက်ချင်း အသက်သွင်းလိုက်ရာ...

"ဝှစ်"

သူ တစ်ကိုယ်လုံး ရေဓာတ်အဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် ဤသင်္ကေတက အလင်းရောင်များ တောက်ပလာပြီး အလွန် အေးစက်လှသော အင်အားတစ်ခုက အရူးအမူး ထွက်ပေါ်လာသည်။

"ဘာ"

တိန့်ကျဲ၏ မျက်နှာက ဆိုးရွားသွားပြီး ခန္ဓာကိုယ်ပေါ်ရှိ ရေဓာတ်ကို အလျင်အမြန် ထိန်းချုပ်ကာ ဤသင်္ကေတကျောက်တုံး ရှိနေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းကို ချက်ချင်း ဖြတ်ထုတ်လိုက်သည်။

"ဝုန်း"

သင်္ကေတကျောက်တုံးက ပေါက်ကွဲသွားပြီး ချက်ချင်းပင် အအေးဓာတ်အဖြစ် ပြောင်းလဲသွားကာ ထိုနေရာရှိ ရေစီးကြောင်း အစိတ်အပိုင်းကို အေးခဲသွားစေသည်။

ထိုအခါမှသာ တိန့်ကျဲက ပြိုင်ဘက်ကို မော့ကြည့်ရန် အခွင့်အရေး ရသွားတော့သည်။

သို့သော် မလှမ်းမကမ်းတွင် အဖြူရောင် အမွေးပွအင်္ကျီကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူက ထူထဲသော လေကာဦးထုပ်ကို ဆောင်းထားပြီး နှာတံပေါ်တွင် အနက်ရောင် နေကာမျက်မှန်ကို တပ်ထားကာ အသားအရေကို ကြည့်ရသလောက်ဆိုလျှင် အသက် လေးဆယ်ကျော်ခန့် ရှိနေပုံရသည်။

"ဟားဟား... မင်းက ငါ့ရဲ့ လက်ရုံးနှစ်ယောက်ကို သတ်လိုက်တယ်လို့ ကြားတယ်... ရေဓာတ် အစွမ်းပိုင်ရှင် ဖြစ်နေတာကိုး... တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်"

"ငါ့ရဲ့ အသုံးမကျတဲ့ လက်အောက်ငယ်သား နှစ်ယောက်ကလည်း ရေခဲဓာတ် အစွမ်းပိုင်ရှင်တွေ ဆိုတော့ စည်းမျဉ်းအရဆိုရင် မင်းလို ရေဓာတ် အစွမ်းပိုင်ရှင်ကို နှိမ်နင်းနိုင်ရမှာပေါ့"

"ငါ တကယ်သိချင်တယ်... မင်းမှာ ဘယ်လို ထူးခြားတဲ့ စွမ်းရည်တွေ ရှိလို့ သူတို့ကို ပြန်သတ်နိုင်ခဲ့တာလဲ"

တိန့်ကျဲ၏ မျက်နှာက တည်တင်းသွားပြီး တစ်ဖက်လူထံမှ သူ့ကို ထိတ်လန့်သွားစေသည့် ဖိအားတစ်မျိုးကို ခံစားလိုက်ရသည်။

ဤလူ၏ အစွမ်းက သူထက် အများကြီး သာလွန်နေမည်မှာ အသေအချာပင် ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ"

"ဟားဟား... ငါက ကူကျန့်ယဲ့ပဲ... မင်း ငါ့ကို သိမယ်ထင်တယ်"

တိန့်ကျဲ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားသည်။ "ခင်ဗျားက စေတစ်လုံးအစွမ်း ရှိတဲ့ ကူကျန့်ယဲ့လား"

ဆက်ရန်...

All Chapters