အခန်း (၆၇၅-၆၇၆)
Vol. 68 Ch. 675-676
အခန်း (၆၇၅) - မုန်လာဥ ၊ အရှိန်အဝါကြည့်အတတ်နှင့် သေဘေး ၊ တည်ငြိမ်မှု ၊ ကုသိုလ်အမှတ်သုံးသိန်းတန် ရတနာနှင့် ကံကြမ္မာအရှိန်အဝါ
"ဒီနတ်ဘုရားအစေခံတွေကတော့ သေရမှာကို မကြောက်ကြဘူးပဲ။ ကိုယ့်ကိုယ်ကိုယ် တခြားလူရဲ့ ရိတ်သိမ်းခြင်းခံရမယ့် မုန်လာဥ ဖြစ်နေမှန်းမသိဘဲ ငါ့ရဲ့ဂူဗိမာန်ထဲကိုတောင် ဇွတ်ဝင်လာကြသေးတယ်။ တကယ်ကို ဒေါသထွက်ဖို့ကောင်းလိုက်တာ"
ဆံပင်ဖြူအဖိုးအိုသည် အလုပ်ပြီးသွားသောအခါ တောင်ဝှေးကို ပစ်ချလိုက်ပြီး မြေပြင်ပေါ်တွင် ပုံစံမပျက် ထိုင်ချလိုက်သည်။ သူသည် ခါးကြားမှ ဝိညာဉ်အရက်အိုးကို ဆွဲထုတ်ကာ ခေါင်းကိုမော့၍ ဂုဂု ဟု အသံမြည်အောင် မော့သောက်လိုက်၏။
"နှမြောစရာကောင်းတာကတော့ ငါ့ရဲ့ နှစ်တစ်ထောင် စတော်ဘယ်ရီသီးနဲ့ နဂါးဝိညာဉ်မြက် လမ်းညွှန်မြေပုံပဲ"
ထိုအကြောင်းကို တွေးမိသောအခါ သူ အနည်းငယ် ရင်နာသွားသည်။ သို့သော် ခဏအကြာတွင် သူ ပြန်လည် စိတ်လျှော့လိုက်နိုင်သည်။
"သေဘေးနဲ့ ကပ်သီးလေးပဲ၊ ကပ်သီလေးပါပဲကွာ... တကယ့်အရည်အချင်းသာ မရှိရင် ငါ ဒီလို ကမ္ဘာပျက်ကပ်ထဲမှာ သေတာကြာလှပြီ"
အဖိုးအိုသည် ခေါင်းမော့၍ ဝိညာဉ်အရက်ကို ထပ်မံ သောက်လိုက်ရင်း မှတ်ချက်ချလိုက်သည်။
သူသည် ရှေးဟောင်း အရှိန်အဝါကြည့်အတတ် ကို ကျွမ်းကျင်ရုံတင်မကဘဲ အလွန်မြင့်မားသော အဆင့်သို့ပင် ရောက်ရှိအောင် လေ့ကျင့်ထားသူဖြစ်သည်။ ခုနက တာအိုဆရာလူငယ်လေး၏ ကံကြမ္မာမှာ သာမန်သာဖြစ်သော်လည်း အလွန်ပင် ခိုင်မာကျစ်လစ်လှသည်။ ဤကဲ့သို့သောလူမျိုးမှာ ကံကြမ္မာဇာတာ အလွန်ပင် ပြင်းထန်လှ၏။
ခုနက သူ စစ်ဆေးကြည့်လိုက်စဉ် သူ၏ ဦးခေါင်းပေါ်၌ သေဘေးအငွေ့အသက်များ ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။ ဤသေဘေးမှာ လူသေကောင်မှ ထွက်သော အငွေ့အသက်မဟုတ်ဘဲ သွေးထွက်သံယိုဖြစ်မည့် ဘေးဒုက္ခဖြစ်ပြီး အရောင်ကို ကြည့်ရုံနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေမှန်း သိသာလှသည်။
ထိုတာအိုဆရာလူငယ်လေး ဘုရားကျောင်းထဲ ဝင်လာပြီးနောက်တွင် သူ၏ကိုယ်ပေါ်၌ သေဘေးနှင့် သွေးညှီနံ့အငွေ့အသက်များ ရုတ်တရက် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ အလွန်ပင် မကောင်းသော နိမိတ်ဆိုး ပေတည်း။
အကယ်၍သာ သူသည် ထိုနတ်ဘုရားအစေခံနှင့် တစ်လေတည်းစီးခဲ့လျှင် သေချာပေါက် သူ၏ကျင့်စဉ်ဒေသအတွင်း၌ပင် သေဆုံးသွားပေလိမ့်မည်။
ဆံပင်ဖြူအဖိုးအိုအတွက်မူ ထိုအချက်မှာ အနည်းငယ် မယုံနိုင်စရာ ဖြစ်နေသော်လည်း နှစ်ပေါင်းများစွာ စွဲမြဲလာသော ဂရုစိုက်တတ်သည့် စရိုက်ကြောင့်ပင် သူသည် နတ်ဘုရားအစေခံကို ဖမ်းဆီးကာ ထိုလူသတ်နတ်ဘုရားကြီးကို နှင်ထုတ်ရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
"ယန်ဝိညာဉ်အဆင့်ကို ခုမှ ရောက်ကာစပဲ ရှိသေးတယ်၊ ငါ့ကို သေဘေးနဲ့ နီးကပ်အောင် လုပ်နိုင်တယ်လား... ဒီလို ကြောက်စရာကောင်းတဲ့ လူသတ်သမားကြီးမျိုးနဲ့တော့ နောက်နောင် မတွေ့တာ အကောင်းဆုံးပဲ"
ဆံပင်ဖြူအဖိုးအိုက သက်ပြင်းချလိုက်သည်။
သူ၏ လက်ထဲရှိ အရက်အိုးထဲမှ ဝိညာဉ်အရက်တစ်စက်မှာ လွင့်ထွက်သွားပြီး ကောင်းကင်ယံသို့ ပျံ့နှံ့သွားကာ ကြီးမားသော ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။
လောကအနှံ့တွင် နွေဦးမိုးရေစက်များ တဖွဲဖွဲ ကျဆင်းလာသဖြင့် စိတ်ကို လန်းဆန်းသွားစေသည်။ ရှေးဟောင်းဘုရားကျောင်း တစ်ခုလုံးနှင့် နတ်ဘုရားတောင်ရှိ ဂူဗိမာန်မှာ သူ၏အရှိန်အဝါကို လုံးဝဖုံးကွယ်၍ ပျောက်ကွယ်သွားတော့သည်။
လီယန်ချူးသည် ဝေမြို့သို့ ပြန်ရောက်သောအခါ သူ၏ကိုယ်ပွား ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ မှတ်ဉာဏ်များ ပေါင်းစပ်သွားသောအခါ သူ တိတ်ဆိတ်သွားတော့သည်။
"ဒီရှန်ရှန်းနန်းဆောင်ရဲ့ တားမြစ်ချက်တွေကတော့ တကယ်ကို ကစားကွက် ဆန်းကြယ်လွန်းတယ်"
တစ်ဖက်လူက တကယ့်ကို ကောက်ကျစ်လှသည်။ ဝမ်အရာရှိ အတုကို တည်းခိုးခန်းသို့ လွှတ်လိုက်ရုံတင်မကဘဲ ၎င်းမှာ ပန်းချီအတတ်ကို ကျွမ်းကျင်သော ပညာရှင်တစ်ဦးပင် ဖြစ်နေသည်။ လီယန်ချူးသည် ပန်းချီအတတ် ကျွမ်းကျင်သူ ရွှယ်လင်စု ကို သတိရသွားသည်။
"တိုက်ဆိုင်တာပဲ ဖြစ်မှာပါ၊ ပန်းချီအတတ်က ဘေးထွက်လမ်းစဉ် ဆိုပေမယ့် ကျင့်ကြံတဲ့သူကတော့ နည်းနည်းပါးပါးပဲ ရှိမှာ မဟုတ်ဘူး"
ဤအဖြစ်အပျက်ကို ကြုံပြီးနောက် လီယန်ချူးသည် ဝေမြို့မှာ သာမန်မဟုတ်ကြောင်း ပို၍ ခံစားလာရသည်။ ဆက်တိုက်ပေါ်ပေါက်လာသော နတ်ဘုရားနယ်မြေများသည် ဝေမြို့နှင့် ပတ်သက်နေသည်။
ထို့ပြင် မဟာရှသမိုင်းတစ်လျှောက်က ယန်ရှန်းမြို့၏ မြေစောင့်နတ်မင်း ကျားချွမ်းဖန်း က ရွှေရောင်ဦးဆောင်း သည် မြေစောင့်နတ်ကျောင်းအတွင်း၌ ရှိသည်ဟု ပြောခဲ့သည်။
မမျှော်လင့်ဘဲ လီယန်ချူး ဝေမြို့သို့ ပြန်ရောက်သောအခါ ထိုမြေစောင့်နတ်ကျောင်းအတွင်း၌ ရှာတွေ့ခဲ့သည်။
သူသည် နောင်တွင် မြို့နယ်အုပ်ချုပ်ရေးရုံးသို့ သွားရောက်ကာ မြို့ရာဇဝင်ကို စစ်ဆေးခဲ့ရာ ဤမြေစောင့်နတ်ကျောင်းမှာ တည်ထောင်ခဲ့သည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။
စစ်မက်များကြောင့် မြို့ရာဇဝင်မှာ မပြည့်စုံဘဲ နှစ်ပေါင်းနှစ်ရာခန့်အထိသာ နောက်ကြောင်းလိုက်နိုင်ပြီး တစ်ကြိမ် ပြန်လည်ပြုပြင်ခဲ့ပုံ ရသည်။
"စွမ်းအားပဲ စွမ်းအားရှိမှသာ အရာရာက ခိုင်မာတဲ့ အမှန်တရား ဖြစ်လာလိမ့်မယ်"
လီယန်ချူး စိတ်ထဲမှ ရေရွတ်လိုက်သည်။
...
ဆိုင်ရှင်မ သည် ပန်းရံဆရာများနှင့် လက်သမားများကို အမြန်ခေါ်ယူလာခဲ့သည်။ တူထုသံ၊ ရိုက်သံများနှင့်အတူ အားမာန်ပါပါ အလုပ်စတင်ကြတော့သည်။ ချင်းယွန်းကျောင်း ကို မူလအတိုင်း ပြန်လည် တည်ဆောက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်၏။ သူကတော့ ဟိုတယ်အတွင်း၌ တင်ပလ္လင်ခွေ ထိုင်ကာ ကျင့်ကြံနေသည်။
သူ၏ရှေ့တွင် ဒိုချန်ပုတီး မှာ နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည်။ ထိုပုတီးမှာ ကံကောင်းခြင်းကို ဆောင်ပြီး ဘေးဒုက္ခကို ပယ်ဖျောက်ပေးသော ဆုတောင်းရတနာ တစ်ခုဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် သူ၏ကျင့်ကြံစွမ်းအားများကို ပုတီးအတွင်းသို့ ထည့်သွင်းကာ မိမိကိုယ်ကိုယ်အတွက် ဆုတောင်းမေတ္တာ ပို့သလိုက်သည်။ ဒိုချန်ပုတီးမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာသည်။
မသိမသာပင် လီယန်ချူး၏ ကံကြမ္မာ မှာ ပိုမို ထူထပ်လာသည်။ ကံကြမ္မာအရှိန်အဝါရှိသူ များသည် ဘေးဒုက္ခနှင့် ကြုံသော်လည်း ကံကောင်းခြင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ဤပုတီးသည်လည်း ထိုသို့သော အာနိသင်ကို ပေးစွမ်းသည်။
မူလက လီယန်ချူးသည် ဒုတိယအဆင့် ယင်ဝိညာဉ် အထွက်အထိပ်၌ ရှိစဉ်က ဤပုတီးမှာ သူ့ကို ကာကွယ်ပေးနိုင်ခဲ့သည်။ သို့သော် ယခုအခါ ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ရာ လောကအပေါ် လွှမ်းမိုးမှုမှာ အလွန်ကြီးမားလွန်းသဖြင့် အချို့အရာများကို ဖုံးကွယ်ရန် ခက်ခဲလာသည်။
ထို့ပြင် ကောင်းကင်လျှို့ဝှက်ချက် ဆိုသည်မှာလည်း အလွန်ပင် ခန့်မှန်းရခက်လှပေသည်။ ကျင့်ကြံသူများမှာ လွှမ်းမိုးမှုသာ ပြုနိုင်ပြီး အမှန်တကယ် ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပေ။
လီယန်ချူးသည် ဒိုချန်ပုတီးကို အသုံးပြုပြီးနောက် ပြဿနာများကို နားလည်သွားသည်။ ခဏမျှ စဉ်းစားပြီးနောက် ၎င်းကို အဆင့်မြှင့်ရန် ပြင်ဆင်လိုက်သည်။
သူသည် ယခင်က ကုသိုလ်အမှတ်တစ်သိန်းတန် ရတနာအချို့ကို ဆက်တိုက် အဆင့်မြှင့်ခဲ့သဖြင့် ကုသိုလ်အမှတ် သိန်းချီ၍ ကုန်ဆုံးခဲ့သည်။
သို့သော် ဆက်တိုက်ဆိုသလို မိစ္ဆာများကို နှိမ်နင်းခဲ့ရပြီး တစ်ဖက်လူများမှာလည်း ယန်ဝိညာဉ်အဆင့် ပညာရှင်များ ဖြစ်ကြသည်။ ချင်းဖုန်းတောင်ကုန်း တိုက်ပွဲတစ်ခုတည်းမှာပင် မိစ္ဆာများနှင့် မိစ္ဆာနိုင်ငံမှ မိစ္ဆာကြီးများစွာကို သတ်ဖြတ်နိုင်ခဲ့သည်။ သူ၏ ကိုယ်ပေါ်ရှိ ကုသိုလ်အမှတ်ကို စစ်ဆေးကြည့်လိုက်ရာ ရှစ်သိန်းသုံးသောင်းငါးထောင် ရှိနေသည်။ တကယ့်ကို ကြွယ်ဝလှပေသည်။
"အဆင့်မြှင်စေ"
လီယန်ချူးသည် သူ၏ စိတ်ထဲမှ ခန့်ညားလှသော အဆုံးမဲ့တာအိုအသံ ကို ပုံဖော်လိုက်သည်။ ဒိုချန်ပုတီးမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး အလင်းတန်းများ လှည့်ပတ်ကာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
ပုတီးပေါ်မှ ဝေဝါးလှသော အရှိန်အဝါများ ထွက်ပေါ်လာသဖြင့် သဲသဲကွဲကွဲ မြင်ရန် ခက်ခဲလှသည်။ လီယန်ချူးသည် ပုတီးနှင့် အလွန်နီးကပ်စွာ ရှိနေသဖြင့် ယခုအခါ ပုတီးပေါ်၌ တာအို ၏ အငွေ့အသက်များ အမှန်တကယ် ရှိနေပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။
ဆုတောင်းခြင်း ဆုတောင်းခြင်းစွမ်းရည်၏ အတိုင်းအတာမှာ အလွန်ကျယ်ပြန့်လှသည်။ ကံကောင်းခြင်း ရတနာများကို ရရှိခြင်းနှင့် ဘေးဒုက္ခများကို ပယ်ဖျောက်ခြင်းတို့ ပါဝင်သည်။
ကုသိုလ်အမှတ်သုံးသိန်းတန် ဒိုချန်ပုတီးမှာ တာအို ၏ အခြေခံပုံရိပ်ကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ အသိသာဆုံး အပြောင်းအလဲမှာ လီယန်ချူး၏ ရတနာရှာဖွေနိုင်စွမ်းမှာ ပိုမိုမြင့်မားလာခြင်း ဖြစ်သည်။
ကံကြမ္မာအရှိန်အဝါရှိသူများနှင့် ယှဉ်လျှင်ပင် နိမ့်ကျမည်မဟုတ်ပေ။ ဤအချက်မှာ ယခင် ကုသိုလ်အမှတ်တစ်သိန်းတန် ဒိုချန်ပုတီးကပင် အလွန်အစွမ်းထက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် လီယန်ချူး အလေးအနက်ထားဆုံးမှာ ဤအချက်မဟုတ်ဘဲ ဒိုချန်ပုတီးသည် သူ၏အပေါ်သို့ ကျရောက်လာနိုင်သော ဘေးဒုက္ခများကို ပယ်ဖျောက်ပေးနိုင်ခြင်းပင် ဖြစ်သည်။
ဤတစ်ကြိမ်တွင် အကူအညီတောင်းခံခြင်းအမည်ခံကာ အိမ်တိုင်ရာရောက် ပြဿနာလာရှာခြင်းခံရမှုက သူ့ကို သတိပေးလိုက်ခြင်း ဖြစ်သည်။
သူသည် လမ်းပိတ်သူကို သတ်ရန်၊ နတ်ဘုရားတားလျှင် နတ်ဘုရားကို သတ်ရန် ဝန်မလေးသော်လည်း သူ့ကြောင့် အပြစ်မဲ့သူများ သေဆုံးရမည်ကိုမူ မမြင်လိုပေ။ ထို့ကြောင့် ဒိုချန်ပုတီးကို ဦးစားပေး၍ အဆင့်မြှင့်လိုက်ခြင်း ဖြစ်သည်။
ကုသိုလ်အမှတ် နှစ်သိန်းအကုန်အခံ၍ အဆင့်မြှင့်လိုက်သော ဒ်ုချန်ပုတီးသည် သူ့အတွက် ဘေးဒုက္ခများကို ဖယ်ရှားပေးရန် လုံလောက်လှသည်။ မသိမသာပင် သူ၏ကိုယ်ပေါ်ရှိ ကံကြမ္မာအရှိန်အဝါ အချို့မှာလည်း ပြောင်းလဲသွားတော့သည်။ လူတစ်ယောက်၏ ကံကြမ္မာမှာ ပြောင်းလဲရန် လွယ်ကူသော်လည်း အဆင့်အတန်းမြင့်မားပြီး လောကအပေါ် လွှမ်းမိုးမှုကြီးမားသူများအဖို့မူ ပြောင်းလဲရန် ပို၍ ခက်ခဲလှသည်။
"မင်းစိုးရာဇာတို့၏ ကံကြမ္မာမှာ ကောင်းကင်ဘုံနှင့် ဆက်စပ်နေသည်" ဆိုသည်မှာ ဤသဘောပင် ဖြစ်သည်။ ယခုအခါ လီယန်ချူးမှာ ကုသိုလ်အမှတ်သုံးသိန်းတန် ဒိုချန်ပုတီးကို ပိုင်ဆိုင်ထားပြီဖြစ်ရာ သူ့အပေါ် ကျရောက်လာနိုင်သော ဘေးဒုက္ခများမှာလည်း ပယ်ဖျောက်ခြင်း ခံရတော့မည် ဖြစ်သည်။
...
ရှန်ရှန်းနန်းဆောင်...
အရပ်အမောင်း ထွားကြိုင်းသန်မာပြီး ဦးခေါင်းနောက်ကွယ်တွင် မီးဘီး တစ်ခု ရှိနေသော ရဟန်းအိုတစ်ပါးသည် နန်းဆောင်အတွင်းသို့ ရိုသေစွာ ဝင်ရောက်လာသည်။
ထိုရဟန်းအို၏ မျက်လုံးများမှာ လျှပ်စစ်မီးကဲ့သို့ ထက်ရှလှပြီး ခန္ဓာကိုယ်တွင်းရှိ သွေးစွမ်းအားများမှာလည်း အလွန်ပင် ထူထပ်လှသည်။
နောက်ကျောရှိ မီးဘီးမှာ ဗုဒ္ဓဘာသာ၏ ရတနာတစ်ခု ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ အရှိန်အဝါမှာ အဖြူရောင်ဝတ် ရဟန်း ထက်ပင် အဆပေါင်းများစွာ သာလွန်လှသည်။
ဤရဟန်းအိုသည် ဗုဒ္ဓဘာသာ ပုတီး သို့မဟုတ် တောင်ဝှေးကဲ့သို့သော လက်နက်များကို ကိုင်ဆောင်ထားခြင်း မရှိပေ။
ယင်းအစား သူ၏ ခါးကြားတွင် အနက်ရောင် ဓားတစ်စင်းကို ချိတ်ဆွဲထားပြီး ဓားအိမ်နှင့် ဓားရိုးမှာ လုံးဝ မည်းနက်နေကာ အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေသည်။
ထိုအနက်ရောင်ဓားပေါ်၌ ဆေးကြော၍မရနိုင်သော သွေးညှီနံ့များနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ စုစည်းနေသကဲ့သို့ မိစ္ဆာစွမ်းအားများမှာ ကောင်းကင်သို့ ထိုးတက်နေသည်။ ထိုရဟန်းအိုသည် မြင့်မြတ်ခြင်းနှင့် မိစ္ဆာလမ်းစဉ် နှစ်မျိုးလုံး၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားသဖြင့် အလွန်ပင် စွမ်းအားကြီးမားလှသည်။
နန်းဆောင်အတွင်း၌ ရှေးဟောင်း နတ်ဘုရားရုပ်တုများစွာကို ကိုးကွယ်ထားသည်။
ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော ရုပ်တုများရှိသကဲ့သို့ လက်တစ်ဆယ့်နှစ်ဖက်ဖြင့် ရတနာမျိုးစုံ ကိုင်ဆောင်ထားသော ရုပ်တုများ၊ ကျားခေါင်းနှင့် လူကိုယ်ခန္ဓာရှိသော နတ်ဘုရားများ စသည်ဖြင့် ပုံစံမျိုးစုံ ရှိနေသည်။
ထိုနတ်ဘုရား ရုပ်တုများမှာ အလွန်ပင် ရှေးကျလှပြီး တစ်ခုချင်းစီမှာ ပေတစ်ရာကျော် မြင့်မားလှသည်။ နန်းဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် ထိုရုပ်တုကြီးများက သင့်ကို ငုံ့ကြည့်နေသကဲ့သို့ ခံစားရစေသည်။
နန်းဆောင်အတွင်း၌ နတ်ဘုရားရုပ်တု စုစုပေါင်း သုံးဆယ့်ခြောက်ခု ရှိပြီး တိရစ္ဆာန်ဦးခေါင်းနှင့် လူကိုယ်ခန္ဓာရှိကာ စာအုပ်တစ်စောင်ကို ကိုင်မြှောက်ထားသော ရုပ်တုများလည်း ရှိသည်။ ထိုရုပ်တုများ၏ ပုံစံမှာ အလွန်အမင်း ထူးဆန်းပြီး လက်တွေ့မကျသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
"နန်းဆောင်သခင်၊ ချမ်ကျိန်းရန် ဆီက သတင်းရပါတယ်၊ ဝေမြို့က တာအိုဆရာလေးဟာ ငရဲတောင် ကလူ ဖြစ်ပြီး ငရဲတောင်ရဲ့ လျှို့ဝှက်ကျဲထားတဲ့ နယ်ရုပ်တစ်ရုပ်ပါပဲ"
"လျန်ယွီချင်း နဲ့ ချမ်ကျိန်းရန်တို့ရဲ့ ဝိညာဉ်အသက်ပြား တွေ အားလုံး ကွဲအက်သွားပါပြီ၊ ချီလုံတာအိုဆရာ လည်း ကျဆုံးသွားပါပြီ"
"နောက်ပြီး တန်းရန်ကျိ ရဲ့ ခန္ဓာကိုယ်ထဲက အဲဒီပုဂ္ဂိုလ်လည်း အနက်ဆုံးသော ချောက်ကမ်းပါး ထဲကို ပြန်မောင်းထုတ်ခံလိုက်ရပါတယ်"
ရဟန်းအို၏ အသံမှာ သံချောင်းချင်း ထိခိုက်သံကဲ့သို့ မာန်ပါလှပြီး နားစည်ကို ကွဲထွက်မတတ် တုန်ခါသွားစေတော့သည်။
အခန်း (၆၇၆) - ငရဲတောင်ကို ငါတို့ရှန်ရှန်းနန်းဆောင်က အနိုင်ကျင့်ခံမှာ မဟုတ်မှန်း သိအောင်လုပ်ပြလိုက် ၊ သိုင်းပညာကျင့်စဥ် အဆင့်မြှင့်တင်ခြင်း ၊ ကြီးမားလှပပြီး ပျော့ပျောင်းအိစက်လှတဲ့အရာ
နန်းဆောင်ကြီး၏ အတွင်းခန်း၌...
တင်ပလ္လင်ခွေထိုင်နေသော ခန့်ညားထည်ဝါသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူ၏မျက်လုံးများကို ဖြည်းညှိးစွာ ဖွင့်လိုက်သည်။
"ငရဲတောင်လား... ဘယ်လိုဖြစ်လို့ ငရဲတောင်ကလူ ဖြစ်နေရတာလဲ"
"ချမ်ကျိန်းရန် ပို့လိုက်တဲ့ သတင်းအရတော့ အဲဒီအတိုင်းပါပဲ။ သတင်းပို့ပြီး မကြာခင်မှာပဲ သူ သေဆုံးသွားပြီး ဝိညာဉ်အသက်ပြားလည်း ကွဲအက်သွားခဲ့ပါတယ်"
ခါးတွင် အနက်ရောင်ဓားရှည် ချိတ်ဆွဲထားသော ရဟန်းအိုက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
ထိုခန့်ညားထည်ဝါသော လူလတ်ပိုင်းမှာ နန်းဆောင်သခင် ပင် ဖြစ်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ဦးခေါင်းခွံကို ဖောက်ထွက်သွားသော ဓားဒဏ်ရာတစ်ခု ရှိနေ၏။ မည်သူမဆို ထိုကဲ့သို့သော ဒဏ်ရာမျိုးရလျှင် သေချာပေါက် သေဆုံးမည်ဖြစ်သော်လည်း ဤနန်းဆောင်သခင်မှာမူ ကောင်းကောင်းမွန်မွန်ပင် အသက်ရှင်နေဆဲ ဖြစ်သည်။
သူသည် မျက်မှောင်ကြုတ်ကာ တစ်ခုခုကို ပြောရန် ပြင်လိုက်သည်။ သို့သော်လည်း မမြင်နိုင်သော စွမ်းအားတစ်ခုက သူ့ကို နှောင့်ယှက်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။ သူကဲ့သို့သော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်ပင်လျှင် ထိုနှောင့်ယှက်မှုကို သတိမထားမိဘဲ စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်။
"ချမ်ကျိန်းရန်က အလုပ်လုပ်ရင် တည်ငြိမ်ပြီး စေ့စပ်တဲ့သူပဲ၊ သူပြောတာ မှားမှာမဟုတ်ဘူး။ မထင်မှတ်ထားတာက ငရဲတောင်က ဒီလောက်အထိ ကြီးမားတဲ့ ကစားကွက်ကို ခင်းထားတာပဲလား၊ အဲဒီ အဖိုးကြီးတွေက တကယ့်ကို ကောက်ကျစ်စဉ်းလဲတာပဲ"
"ငါလည်း အဲဒီအတိုင်းပဲ ထင်တယ်။ အခု ငါတို့ ဘယ်လိုတုံ့ပြန်သင့်သလဲ"
ရဟန်းအိုက မေးလိုက်သည်။
"ချမ်ကျိန်းရန်မှာ နဂါးချုပ်တိုင်လို ရတနာရှိသလို လျန်ယွီချင်းကလည်း နတ်ပန်းချီကို ယူသွားခဲ့တာ။ အဲဒီအပြင် ချီလုံတာအိုဆရာနဲ့ တန်းရန်ကျိလည်း ရှိနေခဲ့သလို ကိုးနဂါးဝိညာဉ်ချုပ်ဝင်္ကပါ ကိုလည်း ခင်းထားခဲ့သေးတယ်။
ဒါတောင် အဲဒီတာအိုဆရာလေးကို မသတ်နိုင်ခဲ့ဘူးဆိုရင် သေချာပေါက် ငရဲတောင်က ပညာရှင်တစ်ယောက်ယောက် ပါဝင်ပတ်သက်နေလို့ပဲ။
ဒါမှမဟုတ် ချွန်းချိုးသစ်တော ကပါ ကြားဖြတ်ဝင်နှောက်တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီကိစ္စကို ခေတ္တရပ်ထားလိုက်တာ အကောင်းဆုံးပဲ။ တခြားသူတွေ ခင်းထားတဲ့ ထောင်ချောက်ထဲကို တစ်ယောက်ပြီးတစ်ယောက် သွားသေမယ့်အလုပ်ကို မလုပ်တာ အကောင်းဆုံးပဲ"
ရှန်ရှန်းနန်းဆောင်သခင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"အမိန့်တော်အတိုင်းပါ"
ရဟန်းအိုသည် သတ်ဖြတ်လိုစိတ် အလွန်ပြင်းထန်သူဖြစ်ရာ သာမန်အချိန်ဆိုလျှင် ထိုလူကို သွားသတ်ရန် ကိုယ်တိုင် ခွင့်တောင်းမိမည် ဖြစ်သည်။
သို့သော် ယခု နန်းဆောင်သခင် ပြောသည်ကို စဉ်းစားကြည့်သောအခါ အမှန်တကယ်ပင် အကျိုးအကြောင်း ဆီလျော်လှသည်။ ယခုအချိန်မှာ နတ်ဘုရားအခွင့်ရေးများ ပေါ်ထွက်လာတော့မည့် အချိန်ဖြစ်ရာ တခြားသူ၏ ထောင်ချောက်ထဲသို့ ဝင်သွားပြီး အင်အားများ အလဟဿ ကုန်ဆုံးသွားပါက ရှန်ရှန်းနန်းဆောင်အတွက် ဘာမျှ ရလိမ့်မည်မဟုတ်ပေ။
"ဒါပေမဲ့ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့တော့ မဖြစ်ဘူး။ သူတို့က အဲဒီတာအိုဆရာလေးနားမှာ အင်အားတွေ စုပုံထားတယ်ဆိုရင် ငရဲတောင်ရဲ့ တခြားနေရာတွေမှာ အင်အားလျော့နည်းနေမှာပဲ။ မင်းလူတွေခေါ်ပြီး အဖိုးကြီး ချင်းရွှမ် ကို သွားသတ်လိုက်။ ငါတို့ ရှန်ရှန်းနန်းဆောင်ကလည်း အနိုင်ကျင့်ခံ မဟုတ်ဘူးဆိုတာ ငရဲတောင်ကို သိအောင်လုပ်ပြလိုက်စမ်း"
နန်းဆောင်သခင်က အမိန့်ပေးလိုက်သည်။
"အမိန့်တော်အတိုင်းပါ "
ရဟန်းအို၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ယှက်သန်းသွားပြီး ခါးကြားမှ အနက်ရောင်ဓားရှည်မှာလည်း တုန်ခါသွားတော့သည်။
...
လီယန်ချူးသည် ကုသိုလ်အမှတ်သုံးသိန်းတန် ဒိုချန်ပုတီး ကို အဆင့်မြှင့်တင်ပြီးနောက် မိမိကိုယ်ကိုယ်အတွက် ဆုတောင်းမေတ္တာ ပို့သလိုက်ရာ မသိမသာပင် ဘေးဒုက္ခများစွာ ပယ်ဖျောက်ခြင်း ခံလိုက်ရသည်။ အဖြစ်အပျက်များ၏ ဦးတည်ချက်မှာလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူသည် ကျန်ရှိနေသော ရတနာများကို ဆက်လက်၍ အဆင့်မမြှင့်တင်တော့ပေ။ သူ၏လက်ထဲရှိ ကုသိုလ်အမှတ်တစ်သိန်းတန် ကျန့်ကျောင်းဓား ၊ ရှစ်ခွင်မှန် နှင့် အစီရင်ဝတ်စုံ တို့မှာ ယခုမှသာ သူ၏စွမ်းအားနှင့် အံဝင်ခွင်ကျ ဖြစ်လာခြင်း ဖြစ်သည်။
သူ၏လက်ထဲတွင် ရတနာများစွာ ရှိနေသဖြင့် တစ်ခုချင်းစီကို စိတ်ချင်းဆက်နွှယ်ပြီး အသုံးချနိုင်မှသာ ရတနာ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် အသစ်ရရှိထားသော ရွှမ်းကျီကောင်းကင်မီး ၏ ပြောင်းလဲမှုများကိုလည်း သူ သေချာစွာ ထိန်းချုပ်နိုင်ရန် လိုအပ်သည်။
သူ့တွင် ကုသိုလ်အမှတ် ခြောက်သိန်းသုံးသောင်းငါးထောင် ကျန်ရှိနေသေး၏။
ဟွမ်ထင်တာအိုကျမ်း ထဲတွင် ပါရှိသော တာအိုပညာရပ်များမှာ အလွန်ပင် ဆန်းကြယ်လှသည်။ တတိယအဆင့်သို့ ရောက်ရှိပြီးနောက် သူသည် နားလည်မှုအသစ်များ ထပ်မံရရှိခဲ့သည်။ အဆင့်မြင့်လေလေ ဟွမ်ထင်တာအိုကျမ်း၏ အစွမ်းထက်ပုံကို ပို၍ သိမြင်လာလေလေ ဖြစ်သည်။
"ယွိလျော့နတ်ဘုရားကျမ်း ၊ ကျိုရှောင်နတ်ဘုရားကျမ်း ... ငါ ကျင့်ကြံနေတဲ့ ဟွမ်ထင်တာအိုကျမ်းကလည်း သာမန်မဟုတ်ဘူးလို့ ခံစားရတယ်၊ ဒါကလည်း နတ်ဘုရားကျမ်း တစ်စောင်များလား"
လီယန်ချူး၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသော်လည်း နက်နက်နဲနဲတော့ မစဉ်းစားတော့ပေ။ သူ၏ ဆရာမှာ မည်မျှပင် အစွမ်းထက်ပါစေ၊ သူ့ကို နတ်ဘုရားကျမ်းတစ်စောင် ပေးထားလိမ့်မည်ဟု မထင်မိသောကြောင့် ဖြစ်သည်။
သို့သော် ရှန်ရှန်းနန်းဆောင်၏ ယွိလျော့နတ်ဘုရားကျမ်းမှာ လူတစ်ယောက်ကို ယန်ဝိညာဉ်အဆင့်သို့ ချောမွေ့စွာ ရောက်ရှိစေနိုင်သည်ဟု ကြားသိရရာ...
"ဒီလောကမှာ တကယ်ပဲ အဲဒီလို အစွမ်းထက်တဲ့ ပညာရပ်ရှိတာလား၊ တစ်ခုခုတော့ ဘေးထွက်ဆိုးကျိုး ရှိနိုင်မလား" ဟု သူ တွေးတောမိသည်။
မိစ္ဆာလမ်းစဉ် ကျင့်စဉ်များစွာမှာ လျင်မြန်စွာ တိုးတက်နိုင်သော်လည်း နောက်ဆက်တွဲ ပြဿနာများစွာ ရှိတတ်သည်။ သို့သော် လီယန်ချူး ပြန်စဉ်းစားကြည့်ရာ "နတ်ဘုရားကျမ်း" ဟု အမည်တပ်ထားလျှင်တော့ ၎င်း၏ ထူးခြားချက်မှာ ရှိနေမည်သာ ဖြစ်သည်။
"ဒါကြောင့်လည်း နတ်ဘုရားကျမ်းတွေက အစွမ်းထက်တာ ဖြစ်မှာပေါ့"
လီယန်ချူးသည် လင်ရွှီနတ်ဘုရားနယ်မြေ အတွင်းရှိ ကျိုရှောင်နတ်ဘုရားကျမ်း ကိုလည်း စိတ်ဝင်စားမှု အနည်းငယ် ရှိလာသည်။ သို့သော် သူ သေချာစဉ်းစားပြီးနောက် ထိုနေရာသို့ မသွားရန် ဆုံးဖြတ်လိုက်သည်။
သူသည် အမှောင်ဖုံးကွယ်ခြင်း အတတ်ကို အသုံးပြု၍ မိမိ၏ ကံကြမ္မာလျှို့ဝှက်ချက်များကို ဖုံးကွယ်လိုက်သည်။ ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးနောက် ဤအတတ်၏ ဖုံးကွယ်နိုင်စွမ်းမှာလည်း ပိုမို အားကောင်းလာခဲ့သည်။ သို့သော်ငြားလည်း သူသည် ဤအတတ်၏ အစွမ်းကို အပြည့်အဝ မထုတ်ဖော်နိုင်သေးဟု ခံစားနေရဆဲ ဖြစ်သည်။
"သိုင်းပညာ ကျင့်စဉ်တွေက အခုဆိုရင် အနည်းငယ် နောက်ကျကျန်နေသလိုပဲ၊ အဆင့်မြှင့်တင်ထားတာ အကြိမ်ပေါင်းများစွာ ရှိပြီဆိုတော့ နောက်တစ်ဆင့် ထပ်တိုးကြည့်ရင် ကောင်းမလား"
လီယန်ချူး၏ မျက်လုံးများထဲတွင် တွေးတောနေသော အရိပ်အယောင်များ ပေါ်လာသည်။
သူ ချက်ချင်းပင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူ့တွင် ကုသိုလ်အမှတ် ခြောက်သိန်းကျော် ရှိနေသဖြင့် တကယ့်ကို သူဌေးကြီးတစ်ဦးကဲ့သို့ ဖြစ်နေပေပြီ။
သူသည် သိုင်းပညာကျင့်စဉ် သုံးမျိုးကို ထုတ်ယူလိုက်သည်။ ယခုအခါ ဤကျင့်စဉ် သုံးမျိုးမှာ သူ့အတွက် သာမန်ကိုယ်ခံပညာ မဟုတ်တော့ဘဲ အစွမ်းထက်သော တာအိုပညာရပ်များကဲ့သို့ ဖြစ်နေချေပြီ။
ယခင်က သူသည် မီးနတ်ဘုရား ကိုယ်ပွား ဖြင့် အနီးကပ် တိုက်ခိုက်စဉ်က ထိုပြင်းထန်သော တိုက်ပွဲအသိစိတ် များမှာ သူ၏ဝိညာဉ်အနှစ်သာရ ထဲသို့ စီးဝင်သွားကာ ကြီးမားသော စွမ်းအားများကို ထုတ်ဖော်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် သိုင်းပညာကျင့်စဉ်များကို အလွန်ပင် အလေးထားခြင်း ဖြစ်သည်။
"အဆင့်မြှင့်တင်စေ"
လီယန်ချူးသည် သူ၏စိတ်ထဲမှ အဆုံးမဲ့တာအိုအသံကို ပုံဖော်လိုက်သည်။ ကုသိုလ်အမှတ် တစ်သောင်း ကုန်ဆုံးသွား၏။
ထျန်းကန်းလက်ဝါး သည် အစစ်အမှန်သို့ ပြန်လည်ရောက်ရှိသွားပြီး သန့်စင်သော တိုက်ကွက်များအဖြစ် ပြောင်းလဲသွားသည်။
သို့သော် ကျင့်စဉ်လည်ပတ်ပုံမှာ ယခင်နှင့် လုံးဝမတူဘဲ အလွန်ပင် တည်ငြိမ်နက်နဲလှသည်။ သွေးချီစွမ်းအား များကို လက်သီး၊ ခြေထောက်များအတွင်း၌ သိမ်းဆည်းထားပြီး ခြေတစ်လှမ်း၊ လက်တစ်ဖက် လှုပ်ရှားလိုက်ရုံဖြင့် ရတနာများထက် မနိမ့်သော အစွမ်းထက် စွမ်းအားများကို ပေါက်ကွဲထွက်စေနိုင်သည်။
သိုင်းပညာကျင့်စဉ်များကို အဆင့်မြှင့်တင်ရခြင်းမှာ တန်ဖိုးရှိလှသည်။ ကုသိုလ်အမှတ် အနည်းငယ်သာ ကုန်ဆုံးသော်လည်း ရရှိလာသော အကျိုးကျေးဇူးမှာ အလွန်ကြီးမားသည်။ သူသည် အသစ်အဆင့်မြှင့်ထားသော ထျန်းကန်းလက်ဝါးကို ကြည့်ရင်း နောင်တစ်ချိန်တွင် လက်သီးတစ်ချက်ဖြင့် ဟင်းလင်းပြင်ကိုပင် ခွဲပစ်နိုင်မည်လားဟု တွေးမိသည်။
သူသည် ကုသိုလ်အမှတ် နှစ်သောင်း ထပ်မံအသုံးပြု၍ လျိုယန်ဓားကျမ်း နှင့် ဟွန့်ယွမ်ကျင့်စဉ် တို့ကို ဆက်လက် အဆင့်မြှင့်လိုက်သည်။
လျိုယန်ဓားကျမ်းမှာ ပိုမိုအစွမ်းထက်သော ဓားထုတ်အတတ် အဖြစ် ပြောင်းလဲသွားသည်။ မူလက တစ်ရာရာခိုင်နှုန်း ပြင်းထန်သောတိုက်ကွက် ဖြစ်ပေါ်စေနိုင်သော်လည်း ယခုအခါ နှစ်ရာရာခိုင်နှုန်းအထိ တိုးတက်သွားခဲ့သည်။ စွမ်းအားမှာ နှစ်ဆ မြင့်တက်သွားခြင်း ဖြစ်သည်။
အကယ်၍ စွမ်းအားအပြည့် ထုတ်ဖော်နိုင်သော ကျန့်ကျောင်းဓားနှင့်သာ တွဲဖက်လိုက်ပါက ပထမဆုံး ဓားတစ်ချက်၏ ဒဏ်ရာမှာ ကြောက်ခမန်းလိလိ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် သူသည် အင်အားအပြည့်ရှိနေသော ချီလုံတာအိုဆရာ၏ ခန္ဓာကိုယ်ကို ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဟွန့်ယွမ်ကျင့်စဉ်မှာလည်း ကာကွယ်ရေးစွမ်းအား များကို မြှင့်တင်ပေးသလို ဝိညာဉ်စွမ်းအင်များကို စုပ်ယူသန့်စင်မှုနှုန်းကိုလည်း ပိုမိုမြန်ဆန်စေသည်။
လီယန်ချူး၏ ကာကွယ်ရေးစွမ်းအားမှာ အောင်မြင်ပြီးသားဖြစ်ရာ နောက်ထပ် သန့်စင်သော အရှိန်အဝါ အချို့ကိုသာ ရှာတွေ့ပါက ဤသည်မှာ သတ်ဖြတ်နိုင်စွမ်း မြင့်မားလှသော မဟာအတတ်ကြီး ဖြစ်လာပေလိမ့်မည်။
အားလုံးပြီးစီးသွားသောအခါ လီယန်ချူးသည် တည်းခိုးခန်းအတွင်း၌သာ အာရုံစိုက်၍ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ လုပ်စရာ တစ်ခု ကျန်သေး၏။ သူသည် တည်းခိုးခန်းအတွင်းရှိ ရှောင်ရန့် ကို သွားရောက်ရှာဖွေလိုက်သည်။
ထိုနေ့တွင်...
ဝေမြို့၏ ကောင်းကင်ယံ၌ ထူးခြားသော နိမိတ်များ ပေါ်ပေါက်လာရုံတင်မကဘဲ အလင်းတန်းတစ်ခုမှာလည်း ကောင်းကင်စွန်းသို့ ပျံသန်းသွားခဲ့သည်။
...
နောက်တစ်နေ့တွင်...
ဆိုင်ရှင်မသည် သူ့အတွက် ဆန်ပြုတ်တစ်လုံးနှင့်အတူ မွှေးပျံ့ပြီး ပျော့ပျောင်းအိစက်လှသော ပေါက်စီကြီး နှစ်လုံးကို ယူဆောင်လာပေးသည်။
ထိုပေါက်စီမှာ သာမန်ပေါက်စီများထက် နှစ်ဆကျော် ပို၍ ကြီးမားလှသည်။ အရည်ရွှမ်းပြီး ပန်းကန်ပေါ် တင်ထားစဉ်မှာပင် တုန်တုန်ယင်ယင် ဖြစ်နေသဖြင့် မြင်ရသူကို အလွန်ပင် စားချင်စိတ် ဖြစ်ပေါ်စေသည်။ ကြည့်ရုံနှင့်ပင် ဗိုက်ပြည့်စေမည့်အရာ ဖြစ်သည်။
"ပိုပိုပြီး ကြီးလာတာပဲ"
လီယန်ချူးက တစ်ချက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"အရသာ ဘယ်လိုရှိလဲ မြည်းကြည့်ပါဦး"
ဆိုင်ရှင်မက ပြုံး၍ ပြောသည်။
လီယန်ချူးမှာ အရပ်အမောင်း ထွားကြိုင်းသလို လက်လည်း ကြီးမားသူ ဖြစ်သော်လည်း ထိုပေါက်စီကို လက်တစ်ဖက်တည်းနှင့် ဆုပ်မကိုင်နိုင်ပေ။ တစ်ကိုက် ကိုက်လိုက်ရာ အရည်များမှာ ပါးစပ်အတွင်းသို့ စီးဝင်သွားပြီး အလွန်ပင် အရသာရှိလှသည်။
"ကောင်းတယ် ပြီးတော့ ဒီလောက်ကြီးပြီး ဒီလောက်ပျော့တာတောင် ပုံစံမပျက်သွားဘူး၊ တကယ်ကို ရှားရှားပါးပါးပဲ"
လီယန်ချူးက ချီးကျူးလိုက်သည်။
ဆိုင်ရှင်မ၏ အပြုံးမှာ ပို၍ပင် တောက်ပသွားတော့သည်။ သူမသည် စားပွဲဘေးတွင် ထိုင်ကာ လီယန်ချူး စားနေသည်ကို ငြိမ်သက်စွာ ကြည့်နေသည်။
လီယန်ချူးသည် အသားပေါက်စီကြီး နှစ်လုံးကို စားပြီး ဆန်ပြုတ်တစ်လုံး သောက်လိုက်ရာ ဗိုက်ပြည့်သွားတော့သည်။
ဆိုင်ရှင်မမှာ ကိုယ်လုံးကိုယ်ပေါက် ပြည့်ဖြိုးလှပပြီး မျက်နှာမှာလည်း ချောမောလှပကာ ထူးခြားသော အရှိန်အဝါ ရှိသူဖြစ်သည်။
နံနက်စောစောစီးစီးတွင် ဤကဲ့သို့သော အလှနတ်သမီးလေးနှင့်အတူ ထမင်းလက်ဆုံ စားရခြင်းမှာ တကယ့်ကို စိတ်ချမ်းမြေ့စရာ ကိစ္စတစ်ခုပင် ဖြစ်တော့သည်။