အခန်း (၁၅၉-၁၆၁)
Vol. 12 Ch. 159-161
အပိုင်း(၁၅၉) ငါက မင်းရဲ့ ကစားစရာပေါ့လေ
ရွှေချည်မျှင်များဖြင့် ရက်လုပ်ထားသော နူးညံ့ချောမွေ့သည့် မွေ့ရာပေါ် တုန်းဖန်လျူလီက ချွေးများရွှဲနစ်နေပြီး တိုးညင်းစွာ မောဟိုက်နေသည်။ သူ ဒေါသထွက်ယောင်ဆောင်ကာ မုန့်ချင်ကျိုးကို ဆူပူရန် ကြိုးစားသော်လည်း သူ့ပါးစပ်မှ အမှတ်တမဲ့ ထွက်ပေါ်လာသော အသံမှာ ချွဲနွဲ့တောင်းဆိုနေသည့် အသံနှင့် ပိုတူနေသည်။
"မုန့်ချင်း။ ငါ မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်။ ဒီနေ့ မင်းလုပ်ရပ်တွေအတွက် နောင်တရစေရမယ်... "
မုန့်ချင်ကျိုးက ချက်ချင်းပင် ကုတင်စွန်းတွင် ထိုင်လိုက်ပြီး တုန်းဖန်လျူလီကို ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် တုန်းဖန်လျူလီ၏ပခုံးကို ဖက်ပြီး ကျန်လက်တစ်ဖက်က ပါးပြင်ကို မိမိ၏ရင်ဘတ်နှင့် အပ်ထားလိုက်သည်။
"ကောင်းပါပြီ၊ ခင်ဗျား ပြောတဲ့အတိုင်းပါပဲ။ ကြိုက်သလိုသာ အပြစ်ပေးပါ... " မုန့်ချင်ကျိုးက ညင်သာစွာ ပြုံးလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ... ငါက ဧကရီလေ။ ဘယ်လိုလုပ်ပြီး သာမန်မိန်းမငယ်လေး တစ်ယောက်လို ဖက်ထားခံရမှာလဲ။ ငါ့ကို လွှတ်စမ်း... " တုန်းဖန်လျူလီက အားနည်းစွာဖြင့် သူ့ကို တွန်းဖယ်လိုက်ပြီး သူမစကားများမှာ ချိုသာနူးညံ့သော ခြိမ်းခြောက်မှု တစ်ခုကဲ့သို့ ဖြစ်နေသည်။
ငါ တကယ် ဟန်မဆောင်နိုင်တော့ဘူး။ ငါ့ရဲ့ နှလုံးသားလေးက ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပြီ။ မွေးကတည်းက ဒီလောက် တစ်ခါမှ မပျော်ဖူးဘူး။ ဒေါသထွက်နေသလို ဘယ်လိုလုပ် ဟန်ဆောင်နိုင်မှာလဲလို့။
သူ၏ ရုန်းကန်မှုမှာ အလွန် အားနည်းလှပြီး ဧကရီတစ်ပါး၏ ဂုဏ်ကျက်သရေကို ဖုံးကွယ်ရန် ဟန်ပြလုပ်ဆောင်နေသည့် အမူအရာတစ်ခုမျှသာ ဖြစ်ပုံရသည်။
"ခင်ဗျားရဲ့ ကိုယ်ရံတော်အနေနဲ့ ခင်ဗျားကို ဂရုစိုက်ဖို့က ကျုပ်ရဲ့ တာဝန်ပဲလေ။ အရင်တုန်းက ကျုပ်က သမားတော်တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ ကျန်းမာရေးကို ကုသပေးခဲ့တယ်။ အခု ကိုယ်ရံတော်အနေနဲ့ ခင်ဗျားရဲ့ အားထားရာ ဖြစ်ပေးမယ်။" မုန့်ချင်ကျိုးက အေးဆေးစွာ ပြုံးလိုက်သည်။
တုန်းဖန်လျူလီ မျက်နှာရဲသွားပြီး နှုတ်ခမ်းစူကာ ရေရွတ်လိုက်သည်။ "ဒါက ဘယ်လို ကုသမှုမျိုးလဲ။ ပရောပရည် လုပ်တာ သိသာနေတာကို။"
"ငါက မင်းကို ကိုယ်ရံတော်တာဝန် ပေးထားတာ။ ဒါပေမဲ့ အဲဒါက ငါ့ကို ပရောပရည်လုပ်ဖို့ ဆင်ခြေဖြစ်လာတာပဲ။ သတ္တိရှိရင် ငါ့ကို စားပစ်လိုက်လေ၊ ဟွန်း။"
မုန့်ချင်ကျိုး အံ့အားသင့်သွားပြီးနောက် သေချာစဉ်းစားကာ ခေါင်းညိတ်လိုက်သည်။
"အရှင်မသာ ဆန္ဒရှိမယ်ဆိုရင် အရှင်မရဲ့ ဆန္ဒပြည့်ဝအောင် ကူညီပေးဖို့ ဆန္ဒရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရံတော်ဆိုတာ အရှင်မရဲ့ တစ်သက်တာလုံးကို ဂရုစိုက်ပေးဖို့ပဲလေ။"
ထိုသို့ပြောရင်း မုန့်ချင်ကျိုးက လက်နှစ်ဖက်ဖြင့် ကျွမ်းကျင်စွာ လှမ်းလိုက်ပြီး တုန်းဖန်လျူလီ၏ အဝတ်အစားများကို ချွတ်ရန် ပြင်ဆင်လိုက်သည်။
မည်သည့်ကြားခံစောင့်ဆိုင်းမှုမှမရှိဘဲ ချက်ချင်းကို စတင်လိုက်ခြင်းပင်။
"ဟေး၊ ဟေး၊ ဟေး... မင်း တကယ်ပြောနေတာလား... မုန့်ချင်ကျိုး၊ ငါက အိမ်ထောင်သည်၊ မင်းကလည်း အိမ်ထောင်သည် ယောက်ျားလေ။ လောကကြီး ပျက်စီးတော့မလိုဖြစ်နေချိန် ဘယ်လိုလုပ် လူ့ကျင့်ဝတ်တွေကို လျစ်လျူရှုနိုင်ရတာလဲ... " တုန်းဖန်လျူလီမှာ ယုန်ဖြူလေး တစ်ကောင်ကဲ့သို့ အလွန်ထိတ်လန့်သွားပြီး ရင်ဘတ်ကို အမြန်ဖုံးကာ သူ့ကို ဒေါသတကြီး ဆူပူလိုက်သည်။
မုန့်ချင်ကျိုးက ကောက်ကျစ်သော အပြုံးတစ်ခု ပြုံးလိုက်ပြီး ရုတ်တရက် လက်လှမ်းကာ တုန်းဖန်လျူလီ၏ ဖြူဝင်းသော လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး ဖြည်းညှင်းစွာ ဖြဲလိုက်သည်။
"မင်း... မင်း... မင်း တကယ်ပဲ ငါ့ကို စားချင်နေတာလား..." တုန်းဖန်လျူလီ၏ မျက်လုံးများတွင် ထိတ်လန့်မှု၊ ရှက်ရွံ့မှုနှင့် မျှော်လင့်ချက် အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူက မုန့်ချင်ကျိုးကို တည့်တည့်မကြည့်ရဲဘဲ ယောင်ယမ်းကာ ဟိုဟိုဒီဒီ ကြည့်နေပြီး ဝင်ပုန်းစရာ မြေအက်ကွဲကြောင်းများ ရှိလျှင် ဝင်ပုန်းချင်စိတ်ပင် ပေါက်သွားသည်။ အလွန်ရှက်စရာကောင်းလှ၏။
"ဟုတ်တယ်။ ကျုပ်တောင် မသိလိုက်ဘဲ အရှင်မကို တကယ် ချစ်မိသွားပြီဆိုတာ သဘောပေါက်သွားပြီ။" မုန့်ချင်ကျိုးက အနားတိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
တုန်းဖန်လျူလီ မှင်သက်သွားပြီး မုန့်ချင်ကျိုးကို ငေးကြောင်စွာ ကြည့်နေမိသည်။
နောက်တစ်စက္ကန့်တွင် မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ ခါးကို ဆွဲကိုင်ကာ ဧကရာဇ် ကုတင်ပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်ရာ ဂျွတ်ခနဲ အသံမြည်သွားပြီးနောက် တုန်းဖန်လျူလီ၏ ချိုမြိန်နူသော နှုတ်ခမ်းများကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်သည်။
ဝါး…
"ဟင့်အင်း... " တုန်းဖန်လျူလီ မောဟိုက်သွားပြီး စိတ်များ ဗလာကျင်းသွားသော်လည်း၊ ကျန်ရှိနေသော အသိတရားက ယခုအချိန်မှာ အချိန်ကောင်း မဟုတ်ကြောင်း သတိပေးနေသည်။
သူက မဟာကျင်းဧကရီ အနေဖြင့်ထက်၊ တုန်းဖန်လျူလီဆိုသည့် အမည်ခံဖြင့်သာ မုန့်ချင်ကျိုးထံ လုံးဝ ပုံအပ်ချင်သည်။
"ငြိမ်ငြိမ်နေ... " မုန့်ချင်ကျိုးက သူ၏ ဆုပ်ကိုင်ထားမှုကို ခေတ္တလျှော့ချလိုက်ရာ သူတို့၏ နှုတ်ခမ်းများ ကွာကျသွားပြီး တောက်ပနေသော တံတွေးမျှင်တန်းလေးများ ပေါ်လာသည်။
တုန်းဖန်လျူလီက ရေထဲကျသွားသည့် ကုန်းနေသတ္တဝါတစ်ကောင်ကဲ့သို့ ရုတ်တရက် ရေဓာတ်ခမ်းခြောက်ကာ အသက်ရှူရခက်ခဲသွားသလို ခံစားလိုက်ရသည်။ သူ၏ လှပလွန်းသော မျက်နှာပေါ်တွင် ရှက်သွေးများ ဖြာကျနေပြီး မျက်လုံးများထဲတွင် ဆွဲဆောင်မှု ရှိသော အရိပ်အယောင်များ ကျန်ရစ်နေသည်။
မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ လက်ကောက်ဝတ်များကို အတင်းစုကိုင်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် ဆွဲကိုင်ကာ ခေါင်းပေါ်ရှိ ကုတင်ပေါ်သို့ ဖိထားလိုက်သည်။
"ရွေးချယ်စရာ နှစ်ခုပေးမယ်။ ပထမတစ်ခုက ဒီနေ့ပဲ တရားဝင် ဖြစ်အောင်လုပ်ပြီး ခင်ဗျားကို အကုန်လုံး ဝါးမျိုပစ်မယ်။ ဒုတိယတစ်ခုက အခုကစပြီး ငါတို့ရဲ့ နေရာတွေ ပြောင်းမယ်။ လူလုံးသူလုံးရှေ့မှာဆိုရင် မင်းက ဧကရီ၊ မင်းရဲ့စကားက ဥပဒေပဲ။ ဘယ်သူမှ ခင်ဗျားကို မလွန်ဆန်ရဲစေရဘူး။ နောက်ကွယ်မှာကျရင်တော့ ငါက သခင်၊ မင်းက အစေခံပဲ..."
ရွေး...
မုန့်ချင်ကျိုး၏ အခြာ းလက်တစ်ဖက်က မြင့်မြတ်သော တောင်ကုန်းလေးပေါ်တွင် ရှိနေဆဲဖြစ်ကာ သူ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
"ပထမရွေးချယ်စရာကို ရွေးမယ်ဆိုရင် တစ်ခါတည်း အစားခံရမှာမဟုတ်ဘူး။ နေ့ရော ညပါ ဇာမဏီနန်းဆောင်မှာ အဆုံးမရှိ ပျော်ပါးနေရမှာ။ သေသေချာချာ စဉ်းစားတာ ကောင်းမယ်။"
"ဟင်..." တုန်းဖန်လျူလီ နှုတ်ခမ်းနီနီလေးများကို သပ်ကာ မျက်တောင်ခတ်လိုက်သည်။
ဘာကြောင့်မှန်းမသိ မုန့်ချင်ကျိုး၏ လက်များဖြင့် ဆုပ်ကိုင်ခံရပြီး အတင်းအကျပ် အနိုင်ကျင့်ခံရခြင်းက သူ့အတွက် အလွန်ပင် သက်တောင့်သက်သာရှိသလို ခံစားရသည်။
"ဆက်လုပ်၊ သိပ်မညင်သာနဲ့... " ဟုပင် သူ ပြောချင်နေသည်။
ကံဆိုးစွာဖြင့် သူ၏ လက်ရှိ အဆင့်အတန်းက ဧကရီတစ်ပါး ဖြစ်နေသည်။
ထိုသို့ကားမျိုးသာ ပြောလိုက်မိလျှင် ပုံရိပ်များ အကုန်ပျက်စီးသွားတော့မည်…
"ငါ ပထမတစ်ခုကို ရွေးတယ်... " တုန်းဖန်လျူလီက မျှော်လင့်ချက်များစွာဖြင့် စိတ်ထဲမှ တွေးလိုက်ပြီး သူ၏ အသံမှာ တိုးညင်းချိုသာနေသည်။
"ကောင်းပြီလေ၊ ဒုတိယတစ်ခုကို ရွေးတယ်ဆိုတော့... ဘာပြောတယ်။" မုန့်ချင်ကျိုးက အစပိုင်းတွင် ပြုံးလျက် ပြောလိုက်သော်လည်း နောက်မှ စကားရပ်သွားကာ ခေါင်းစောင်း၍ နားထောင်ရင်း မေးလိုက်သည်။
တုန်းဖန်လျူလီ လန့်သွားပြီး အတွေးထဲမှ လွတ်ထွက်လာကာ အမြန်ပြောလိုက်သည်။ "ငါ ဒုတိယတစ်ခုကို ရွေးတယ်။"
"အဲဒါ မဖြစ်နိုင်ဘူး။ ကျုပ် ကြားတာမမှားဘူးဆိုရင် အရှင်မက ပထမတစ်ခုကို ရွေးချင်နေတာပဲ။" မုန့်ချင်ကျိုးက နှာခေါင်းချင်းထိလုမတတ် အနားသို့ တိုးကပ်လိုက်ရာ သူပြောလိုက်တိုင်း အခြားတစ်ယောက်၏ အသက်ရှူငွေ့ပူပူများကိုပင် ခံစားနေရသည်။
"ငါ... မရွေးဘူး။" တုန်းဖန်လျူလီက မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။ ခေါင်းမာချင်သော်လည်း ရှက်ရွံ့နေပြီး နူးညံ့သော ခန္ဓာကိုယ်လေးမှာ တွန့်လိမ်နေသည်။
၎င်းမှာ အတော်လေး ထူးဆန်းပြီး နူးညံ့သိမ်မွေ့သော ခံစားချက်တစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် မုန့်ချင်ကျိုး၏ လက်တစ်ဖက်က သူ၏ ရင်ဘတ်ပေါ်တွင် တစ်ချိန်လုံး ရှိနေပြီး အောက်သို့ မဆင်းသွားသည့်အပြင် အလွန်ကို ဂနာမငြိမ် ဖြစ်နေသောကြောင့်ပင်…
"မင်းရဲ့ ဇနီးကို သွားပြောမှာ မကြောက်ဘူးလား... " တုန်းဖန်လျူလီက တိုးတိုးလေး မေးလိုက်သည်။ ခြိမ်းခြောက်နေခြင်း မဟုတ်ဘဲ နို့ခရင်မ် ခိုးစားထားသော ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ မျှော်လင့်ချက် အရိပ်အယောင်လေးဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
"မကြောက်ပါဘူး။"
ဘာလို့လဲ ဟုတ်လား…
မုန့်ချင်ကျိုးက အေးဆေးစွာ ပြုံးပြီး ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ အရှင်မကို ကျုပ် စားလိုက်ရင်တောင် ကျုပ်မိန်းမရဲ့ နေရာကို ယိမ်းယိုင်သွားစေမှာ မဟုတ်လို့ပဲ။"
မုန့်ချင်ကျိုး ဆိုလိုသည့် အဓိပ္ပာယ်မှာ "မင်းကို ငါ စားလိုက်ရင်တောင်မှ မင်းက ငါ့မိန်းမပဲလေ၊ ဘာတွေများ ကြီးကျယ်နေလို့လဲ။" ဟူ၍ ဖြစ်သည်။
သို့သော်လည်း တုန်းဖန်လျူလီအတွက်မူ သူက ဗိုလ်ကျသည့် စကားမျိုး ပြောနေသကဲ့သို့ ကြားလိုက်ရသည်။
မင်းကို ငါ စားလိုက်ရင်တောင်မှ မင်းက အမြဲတမ်း အငယ်ပဲ ဖြစ်နေမှာ။ ဘယ်တော့မှ အကြီး ဖြစ်လာမှာ မဟုတ်ဘူး။
မင်းရဲ့ မိန်းမက မင်းရဲ့ မိန်းမပဲ။ ငါကတော့ ကစားစရာလေး သက်သက်ပဲပေါ့…
တုန်းဖန်လျူလီ၏ အသက်ရှူသံများ မြန်ဆန်လာပြီး ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။ ဒေါသထွက်မည့်အစား သူက စိတ်လှုပ်ရှားလာပြီး မျက်လုံးများမှာ မှိုင်းညို့ဆွဲဆောင်မှုရှိလာကာ သူ့အသံတွင် ဆွဲဆောင်မှုရှိသော၊ စွဲမက်ဖွယ် ကောင်းသော နူးညံ့မှုတို့ ပြည့်နှက်နေလျက် ပြောလိုက်သည်။
"မုန့်ချင်ကျိုး။ အတင့်ရဲလိုက်တာ... မင်းက ငါ့ကို ကစားစရာအဖြစ် သဘောထား ရဲတယ်ပေါ့... "
"မင်းကို သတ်ပစ်မှာ မကြောက်ဘူးလား... "
မုန့်ချင်ကျိုး ပြုံးပြီး မေးလိုက်သည်။ "အရှင်မကရော ခွဲခွာရက်လို့လား..."
တုန်းဖန်လျူလီက ခြေထောက်များကို ပွတ်တိုက်ကာ မုန့်ချင်ကျိုးကို နမ်းရှိုက်လိုက်သည်။ သူ၏ လက်များကို တင်းကြပ်စွာ ထိန်းချုပ်ခံထားရပြီး ခန္ဓာကိုယ်ကို ဖိထားခံရသဖြင့် မလှုပ်ရှားနိုင်သော်လည်း ရင်ထဲမှ ခံစားချက်များကိုမူ ဖုံးကွယ်မထားနိုင်တော့ပေ…
ဤလုပ်ရပ်ကပင် အဖြေတစ်ခု ဖြစ်နေလေပြီ။
သူ မခွဲခွာရက်ပါ...
"ဒါမှမဟုတ်... ငါက လောဘကြီးပြီး နှစ်ခုလုံး ရွေးချင်ရွေးမှာ။" တုန်းဖန်လျူလီက ခေတ္တရပ်သွားပြီးနောက် ရုတ်တရက် အသံကို နူးညံ့သွားစေကာ ပြောလိုက်သည်။
မုန့်ချင်ကျိုး မှင်သက်သွား၏။
မူလက တုန်းဖန်လျူလီ သူ့အပေါ် လှည့်ကွက်တမား သုံးခဲ့သည်ကို အပြစ်ပေးပြီး အတိုးပြန်ယူရန်လောက်သာ သူ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
အံ့ဩစရာကောင်းသည်မှာ တုန်းဖန်လျူလီက ၎င်းကို လုံးဝ စိတ်အနှောင့်အယှက် မဖြစ်ခြင်းပင်။
သေချာစဉ်းစားပြီးနောက်တွင် ဤနေရာသည် သူ၏ ယခင်ဘဝမဟုတ်ကြောင်းကို သူ သဘောပေါက်သွားသည်။ ဤကမ္ဘာတွင် အမျိုးသားများက ဇနီးမယားနှင့် မောင်းမမိဿံ အများအပြား ထားရှိနိုင်သည်။ ဇနီးကြီး၏ နေရာကို မထိခိုက်သရွေ့ မည်သူကမျှ စိတ်ဆိုးမည် မဟုတ်ပေ။
ထို့ကြောင့် တုန်းဖန်လျူလီက မုန့်ချင်ကျိုးသည် ဧကရီကို ကစားစရာတစ်ခု အဖြစ်သာ သဘောထားသည်ဟု အထင်လွဲသွားပြီး သဘာဝကျကျပင် ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။
"ဒီကိစ္စကို ဒီလောက်နဲ့ပဲ မေ့ထားလိုက်တာ ပိုကောင်းမယ်ထင်တယ်။" မုန့်ချင်ကျိုးက သူ၏လက်ကို လွှတ်ပေးလိုက်ပြီး ထရန် ပြင်လိုက်သည်။
ဧကရီ၏ သရုပ်မှန်ကို သိထားသဖြင့် သူက တုန်းဖန်လျူလီ၏ အပျိုစင်ဘဝကို ဤမျှ အလောတကြီး မယူချင်ခဲ့ပေ။
"ဟင့်အင်း.. မရဘူး။ မင်းရဲ့ ကစားစရာ ဖြစ်ဖို့ ငါ သဘောတူပြီးပြီပဲ။ ဒါကြောင့် ဒီနေ့ မင်း ငါ့ကို စားကိုစားပစ်ရမယ်... "
တုန်းဖန်လျူလီက မုန့်ချင်ကျိုးကို ဆွဲချကာ ကုတင်ပေါ်သို့ တွန်းလှဲလိုက်သည်။
ချက်ချင်းပင်…
ကုတင်ကန့်လန့်ကာများကို ဆွဲချလိုက်ပြီး လေပြင်းတစ်ချက်ကြောင့် ဖယောင်းတိုင်မီးများ ငြိမ်းသွား၏။
မှောင်မိုက်နေသော အရိပ်များ လှုပ်ရှားနေမှုများနှင့် လူနှစ်ယောက်၏ ပြင်းထန်သော အသက်ရှူသံများသာ ကျန်ရစ်တော့သည်။
…
အပိုင်း(၁၆၀) ဧကရီကို သိမ်းပိုက်နိုင်ခဲ့ခြင်းအတွက် မြိုးမြိုးမြက်မြက် ဆုလာဘ်များ
မွန်းတည့်ချိန်မှ ညမှောင်သည်အထိ၊ ညကတည်းက ကောင်းကင်ယံမှာ စွဲမက်ဖွယ် ကောင်းပြီး အိမ်မက်ဆန်သည့် အလင်းတန်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ဗဟိုစစ်သေနာပတိတဲအိမ်မှာ တားမြစ်စွမ်းအင်ဖြင့် အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်ရာ ဝန်ကြီးများ အကြားတွင် ဆွေးနွေးငြင်းခုံစရာများ ဖြစ်နေသော်လည်း၊ ဘာမှမသိရှာသော စစ်သည်တော်များကမူ ဧကရီက ကြိုးစားကျင့်ကြံနေသည်ဟု ထင်မှတ်ကာ ဝေခွဲမရ ဖြစ်နေကြသည်။
"မနက်ဖြန်က တစ်ယောက်ချင်းယှဉ်ပြိုင်ရမယ့်ပွဲပဲ။ အရှင်မက ကိုယ်တိုင် စိန်ခေါ်မှုကို လက်ခံမှာ မဟုတ်ပါဘူးနော်။"
"ဒါမှမဟုတ်ရင် ဘယ်လိုလုပ်မလဲ။ သဘောတူညီချက်အရ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူတွေ ပါဝင်ရမှာလေ။ ငါတို့ရဲ့ မဟာကျင်းမှာ နံနက်ခင်းအလင်းနယ်ပယ် အဖွဲ့ဝင်က တော်တော်လေး နည်းတယ်။ တကယ်လို့ ဓားသူတော်စင်နဲ့ အရှင်မသာ တောင့်မခံထားရင် သူတို့အနေနဲ့ တခြားတိုင်းပြည်တွေကို ချေမှုန်းပြီး ဒီတောရိုင်းမြေကို သိမ်းပိုက်နိုင်ဖို့ဆိုတာ ခဲယဉ်းတယ်။ ဓားသူတော်စင် တစ်ယောက်တည်းကိုပဲ ဂိုဏ်းပေါင်းစုံမဟာမိတ် တစ်ခုလုံးနဲ့ ရင်ဆိုင်ခိုင်းဖို့က တကယ်ပဲ လိုအပ်လို့လား။”
"ဒါလည်း ဟုတ်တာပဲ။ တကယ်လို့ ဓားသူတော်စင်သာ အဲဒီလောက် အင်အားကြီးရင် သူကိုယ်တိုင်က တိုင်းပြည်တစ်ခု ဖြစ်နေလောက်ပြီ။"
"မကျေနပ်စရာပဲ... အရှင်မကတော့ ကြိုးကြိုးစားစား ကျင့်ကြံနေတယ်။ ငါတို့ကတော့ ဘာမှမလုပ်ပေးနိုင်ဘဲ ဒီအတိုင်း ကြည့်နေရတာ။"
"အရှင်မ ထာဝရ အသက်တည်မြဲပါစေ။ အရှင်မနောက်ကို လိုက်ခွင့်ရတာ ငါတို့အတွက် ဂုဏ်ယူစရာပဲ...."
စစ်သည်တော်များက တိုးတိုးတိတ်တိတ် ပြောဆိုရင်း စိတ်ပျက်လက်ပျက်ဖြင့် သူတို့၏ ပေါင်ကို ရိုက်နေကြသည်။ သူတို့က မိမိတို့၏ အားနည်းချက်ကိုလည်းကောင်း၊ ဧကရီ၏ ဝန်ထုပ်ဝန်ပိုးများကို ဝေမျှမပေးနိုင်ခြင်းကိုလည်းကောင်း၊ တိုင်းပြည်ကို ကာကွယ်ရန်နှင့် မဟာမိတ်အဖွဲ့၏ အင်အားကြီး နံနက်ခင်းအလင်းနယ်ပယ် အင်အားစုများကို ရင်ဆိုင်ရန် သူတို့၏ အုပ်ချုပ်သူကသာ ကြိုးပမ်းနေရသည်ကို လက်ပိုက်ကြည့်နေရခြင်းကို လည်းကောင်း ညည်းတွားနေကြရှာသည်။
၎င်းကို ဘေးနားတွင် နေကြာစေ့စားနေရင်း မြင်နေရသည့် ဝူရှန်းဖျင်နှင့် ဖန့်ချန်တို့မှာ မှင်တက်သွားကြသည်။ ထိုနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်နှာများ နီရဲလာကြသည်။
ငါတောင် ဧကရီအတွက် ရှက်မိတယ်...
ဒါက ဘာ "ကျင့်ကြံတာ"လဲ။ ဒါက "ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာ"နဲ့ ပိုတူတယ်။
၁၀နာရီနီးပါး ကြာသွားပြီ။ ဗဟိုစစ်တပ်စခန်းပေါ်က တားမြစ်စွမ်းအင်က အခုထိ မပွင့်သေးဘူး။ အတွင်းရေးကို သိထားတဲ့ ဝန်ကြီးတွေထဲမှာ အခြေအနေက ဘာလဲဆိုတာ မသိတဲ့သူ ဘယ်သူရှိလို့လဲ။
"ဓားသူတော်စင်က တကယ့်ကို ကြောက်စရာကောင်းတဲ့သူပဲ။ ဒါပေမဲ့ သနားစရာ ကောင်းတဲ့ ဧကရာဇ်ကြီးခမျာမှာတော့ သူ့ခေါင်းပေါ်က မြက်ခင်းစိမ်းကြီးက စိမ်းမြမြနဲ့ စိုရွှဲနေရှာပြီ။" ဝူရှန်းဖျင်က တံခါးကို သွားခေါက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ဖန့်ချန်က သူ၏ ခြေထောက်ကို ဆွဲထားပြီး အသည်းအသန် တားဆီးနေရသည်။
“စစ်သည်တော်တွေ ပြောနေတာတွေကို ကြည့်ဦး။ သူတို့အားလုံး အရှင်မက အရေးကြီးတဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ သူတို့ကတော့ တိုက်ပွဲကြီး မတိုင်ခင်မှာ ကာမဂုဏ်တွေ ခံစားနေကြတယ်။ အရာရှိတစ်ယောက်အနေနဲ့ ငါ့ကို အပြစ်တင်ခံရရင်တောင် ငါ သူတို့ကို သွားပြီး ကန့်ကွက်ရမယ်။” ဝူရှန်းဖျင်က ဒေါသကို မနည်းထိန်းကာ ပြောလိုက်သည်။
ဖန့်ချန်က မျက်လုံးလှန်ပြလိုက်ပြီး အားကိုးရာမဲ့စွာ ပြောလိုက်သည်။ "ညီအစ်ကိုရယ်... ငါ မင်းကို တောင်းပန်ပါတယ်။ တကယ်လို့ အရှင်မသာ ကာမဂုဏ်မှာ တကယ်ပဲ မျက်စိကန်းနေတယ်ဆိုရင် ဝန်ကြီးတစ်ယောက်အနေနဲ့ ငါက မင်းထက်တောင် ပိုပြီး စိတ်ပူနေမှာပေါ့။ ငါတောင် ဒီအတိုင်း ထိုင်ကြည့်နေနိုင်တယ် ဆိုကတည်းက တစ်ခုခုတော့ ရှိလို့ပေါ့။ မင်းဦးနှောက်ထဲမှာ ရွှံ့တွေပဲ ရှိနေတာလား။ ဒါလေးတောင် မစဉ်းစားမိဘူးလား။"
ပစ္စုပ္ပန်ရွာ စီမံကိန်းအဖွဲ့က ဧကရီနှင့် ဧကရာဇ်တို့ ယနေ့အခြေအနေသို့ မည်သို့ ရောက်ရှိလာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူများ ဖြစ်သည်။
မနက်ဖြန် တိုက်ပွဲ၏ရလဒ်မှာ မရေမရာ ဖြစ်နေဆဲ ဖြစ်ကြောင်းနှင့် အကယ်၍ ရှုံးနိမ့်ခဲ့မည်ဆိုလျှင် အနည်းဆုံးတော့ အရှင်မနှင့် ဧကရာဇ်ကို နောင်တမရစေချင်ဘူး ဆိုသည်ကိုလည်း သူတို့ သိကြသည်။
ထို့ကြောင့် ဝန်ကြီးများက ဧကရာဇ်နှင့် လက်ထပ်လိုသော အရှင်မ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။
"မင်းတို့ အဘိုးကြီးတွေ ဒီလောက်တောင် တိတ်ဆိတ်နေရအောင် အဲဒီအတွင်းရေး ဆိုတာက ဘာလဲ။" ဝူရှန်းဖျင်မှာ အကြီးအကျယ် စိတ်ပျက်နေရှာသည်။
"မကြာခင် မင်း သိလာပါလိမ့်မယ်။" ဖန့်ချန်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
ဗဟိုစစ်သေနာပတိတဲအိမ်။
ကောင်းကင်အဆင့်မြင့် ရွှေကျီးကန်းသံမဏိဖြင့် ပြုလုပ်ထားသော ခုတင်မှာ တောင်ရွှေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အားကုန်သုံး၍ တွန်းရွှေ့မှုမျိုးကိုပင် ခံနိုင်ရည် ရှိသော်လည်း ယခုအခါတွင်မူ ခုတင်ခြေလေးချောင်းလုံး ကျိုးပျက်ကာ ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။
အတွင်းခံအဝတ်အစားများမှာ မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေ၏။
စတုရန်းမီတာ(၂၀)ပင် မပြည့်သော နေရာလေး အတွင်းတွင် ဟော်မုန်းရနံ့များနှင့် အပူရှိန်များ ပြည့်နှက်နေပြီး၊ ခပ်မှန်မှန် ဖြစ်သွားသော လူနှစ်ဦး၏ အသက်ရှူသံများမှာ တိတ်ဆိတ်စွာ ပဲ့တင်ထပ်နေသည်။
[ တွီ... ဂုဏ်ယူပါတယ် လက်ခံသူ။ မဟာကျင်းဧကရီ ချင်းလျူလီကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါပြီ ]
[ အောင်မြင်မှု ရရှိသည်။ ဇာတ်လမ်းကို ဖောက်ထွက်နိုင်ခဲ့သော ၂၃ယောက်မြောက် ယောင်္ကျားကောင်း ]
[ အောင်မြင်မှုအတွက် ဆုလာဘ်များ - ဧကရာဇ်အဆင့် (ထိပ်တန်းအရည်အသွေး)၊ ဟုန်းမုန့်ဖန်ဆင်းခြင်းသွေးကြော - အခြေခံအဆင့်) ]
[ ဟုန်းမုန့်ဖန်ဆင်းခြင်း သွေးကြော အဆင့်(၁) - ကြီးမားသော သက်စောင့်အားကို ပိုင်ဆိုင်သည်။ တစ်ချက်တည်းနှင့် သေစေနိုင်သော ဒဏ်ရာမျိုး မဟုတ်ပါက ချက်ချင်း ပြန်လည်ကုသနိုင်သည်။ သွေးကြောစွမ်းအားကို အသုံးပြုခြင်းက လောင်ကျွမ်းနေသော သွေးကြောကို မြှင့်တင်ပေးသည်။ သွေးကြောစွမ်းအား (၃)ကြိမ် သုံးပြီးနောက် သို့မဟုတ် ကုသနိုင်စွမ်း ကန့်သတ်ချက် ပြည့်သွားပါက၊ သွေးကြောစွမ်းအား ခေတ္တ ကုန်ခမ်းသွားမည် ဖြစ်ပြီး ၂၄နာရီအတွင်း ထပ်မံကုသနိုင်မည် မဟုတ်ပါ ]
မုန့်ချင်ကျိုးက အိပ်ပျော်နေသော တုန်းဖန်လျူလီကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားသည်။ အနက်ရောင်ဖဲသားပုဝါမှာ ပြင်းထန်သော တိုက်ပွဲအတွင်း တုန်းဖန်လျူလီက ဆွဲဖြတ်ကာ သူ၏လက်များကို တုပ်နှောင်ရန် ကြိုးအဖြစ် သုံးခဲ့လေသည်။ ယခုအချိန်တွင် သူက အိမ်မက်မက်နေသကဲ့သို့ ကြောင်တောင်တောင် ဖြစ်နေရှာသည်။
ဘဝနှစ်ခုစလုံးတွင် သူက လူပျိုစစ်စစ် ဖြစ်ခဲ့သည်။
ယခုလိုအချိန်မျိုးတွင် သူ၏ လူပျိုဘဝကို ဆုံးရှုံးရလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။ စနစ်၏ အသိပေးချက်ကို ကြားသောအခါ သူက စိတ်ထဲတွင် ဘာခံစားချက်မျှ မရှိတော့ပေ။
တခြားအကြောင်းကြောင့် မဟုတ်ပေ။ ၎င်းမှာ ယောက်ျာများ၏ ပညာရှိချိန် ရောက်နေ၍ပင်။
မွန်းတည့်ချိန်မှ မနက် (၁)နာရီအထိ သူတို့က ခဏလေးမျှ မနားဘဲ မမောမပန်း အလုပ်လုပ်ခဲ့ကြသည်။ အစပိုင်းတွင် တုန်းဖန်လျူလီက ရှက်ကိုးရှက်ကန်းနှင့် ခုခံနေသလိုမျိုး၊ ရှက်ရွံ့စွာ မျက်နှာကိုအုပ်ပြီး မုန့်ချင်ကျိုး စိတ်ကြိုက် ပြုမူသမျှကို ငြိမ်ခံနေခဲ့သည်။
ပထမတစ်ကြိမ် ပြီးသွားသောအခါ မုန့်ချင်ကျိုးက ခဏနားချင်သော်လည်း အစောပိုင်းက ရှက်ရွံ့မှုများ ပျောက်ပြယ်သွာ းပြီးနောက် တုန်းဖန်လျူလီမှာ မကျေနပ်နိုင်ဘဲ သူကိုယ်တိုင်ကပင် စတင်တုံ့ပြန်လာတော့သည်။
ထို့နောက်တွင်တော့ ထိုနှစ်ဦးမှာ အရာအားလုံးကို မေ့လျော့ကာ သူတို့၏ စိတ်ဆန္ဒများ နောက်သို့ အလုံးစုံ လိုက်ပါသွားကြတော့သည်။
ခက်ခက်ခဲခဲ ရရှိလာသော ပျော်ရွှင်စရာ အခိုက်အတန့်များကို ခံစားကြရင်း...
အချိန်ကြာလာသည်နှင့်အမျှ တုန်းဖန်လျူလီက အတွေ့အကြုံမရှိ ကို့ယို့ကားယား ဖြစ်နေရာမှ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပြီး စဉ်းစားမိသမျှ ပုံစံမျိုးစုံကို စမ်းသပ် လာတော့သည်။
သရုပ်ဆောင် ကစားနည်းများ၊ အာဝေ၏ ပုံစံ (၁၈)မျိုး စသည်ဖြင့်...
နောက်ဆုံးတွင် မုန့်ချင်ကျိုး တဖြည်းဖြည်း အရှုံးပေးလိုက်ရသည်။ ဘာမှမတတ်နိုင်။ အမျိုးသားဆိုသည်မှာ စက်သေနတ်နှင့်တူပြီး ပြောင်းလိုအပ်သလို၊ ဆေးလုံးများလည်း ပြန်လည်ဖြည့်တင်းရန် လိုအပ်သည်။
အမျိုးသမီးကမူ တိုက်ပွဲတိုင်းတွင် ပို၍ပို၍ အားကောင်းလာပြီး သူ၏ နက်ရှိုင်းသော ကျင့်ကြံမှုစွမ်းအားများကြောင့် ပို၍ပင် အစွမ်းထက်လာသည်။ တုန်းဖန်လျူလီ၏ အလယ်အလတ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်မှာ တကယ့်ကို အံ့မခန်းပင်...
တုန်းဖန်လျူလီက အရာရာတွင် အရှုံးမပေးလိုသော အမျိုးသမီးတစ်ဦး ဖြစ်သည်ကို သိထားသော်လည်း ဤကိစ္စတွင်ပါ အလွန်အမင်း အရှုံးမပေးလိုမည်ဟု မထင်ထားခဲ့။ သူက ဤကိစ္စကို ပြိုင်ပွဲတစ်ခုကဲ့သို့ သဘောထားပြီး လုံးဝ အနိုင်မရမချင်း ရပ်တန့်မည့်ပုံ မပေါ်ပေ။
သို့သော်လည်း မုန့်ချင်ကျိုးမှာ ဂုဏ်သိက္ခာရှိသော ယောက်ျားတစ်ယောက်ဖြစ်ရာ အမျိုးသမီးတစ်ယောက်ကို မည်သို့ အရှုံးပေးနိုင်မည်နည်း။ ထို့ကြောင့် သူ အံကြိတ်ကာ ကြိုးစားတောင့်ခံခဲ့သည်။
ထိုသို့ဖြင့် တုန်းဖန်လျူလီ တစ်ကိုယ်လုံး ပျော့ခွေသွားပြီး လက်ချောင်းတစ်ချောင်းပင် မလှုပ်နိုင်တော့သည့် အချိန်အထိ သူတို့နှစ်ဦးမှာ ပြင်းထန်စွာ တိုက်ပွဲ ဝင်ခဲ့ကြသည်။ အဆုံးတွင်တော့ မုန့်ချင်ကျိုး အနိုင်ရခဲ့သော်လည်း အထိနာသော အောင်ပွဲကိုသာ ရရှိခဲ့သည်။
"ဒါက တကယ်ကို အဓိပ္ပာယ်မရှိတာပဲ..." တဲအတွင်းရှိ ပရမ်းပတာ ဖြစ်နေမှုများကို မုန့်ချင်ကျိုး အာရုံခံမိသည်။ အကယ်၍ အပြင်လူ တစ်ယောက်သာ ဝင်လာခဲ့လျှင် ထိုမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တကြား အော်ဟစ်မိမည်မှာ သေချာသည်။
"အင်း..."
တုန်းဖန်လျူလီ နိုးလာသည်။ သူက အိပ်ချင်မူးတူး ဖြစ်နေဆဲဖြစ်ကာ လှပသော မျက်လုံးများကို ပွတ်ရင်း အပျင်းကြောဆန့်ကာ မုန့်ချင်ကျိုး၏ လည်ပင်းကို သဘာဝကျကျ ဖက်လိုက်ပြီး ရင်ဘတ်ကို မှီကာ တိုးတိုးလေး ညည်းတွားလိုက်သည်။
"သခင်... ငါ မင်းကို နေလို့ကောင်းအောင် လုပ်ပေးနိုင်ခဲ့လား။"
"မင်းက ကိုယ့်ကိုယ်ကိုယ် ငါလို့ ခေါ်ရဲသေးတယ်ပေါ့။" မုန့်ချင်ကျိုးက သူ့ကို နဖူးတောက်ပြီး တမင် မျက်နှာသေနှင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်။ ကျွန်မရဲ့ အလုပ်အကျွေးပြုမှုအပေါ် ကျေနပ်ရဲ့လား။" တုန်းဖန်လျူလီက နဖူးကို လက်ဖြင့်အုပ်ကာ လျှာလေးထုတ်ပြရင်း ရှက်ကိုးရှက်ကန်းနှင့် ကြည့်နေသည်။
မုန့်ချင်ကျိုးက လက်သီးဖြင့် ပါးစပ်ကိုအုပ်ကာ တစ်ချက် ချောင်းဟန့်လိုက်သည်။
"အင်း... အတော်အသင့်ပါပဲ။ ကဲ... ဒါတွေ ဆက်မပြောကြတော့ရအောင်။ မနက်ဖြန်က နောက်ဆုံးတိုက်ပွဲပဲ။ မင်း အနားယူသင့်ပြီ။"
"ဂိုဏ်းပေါင်းစုံမဟာမိတ်က ညသန်းခေါင် ဝင်တိုက်မှာကို ကာကွယ်ဖို့ အပြင်ကို သွားပြီး ကင်းလှည့်လိုက်ဦးမယ်။"
ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီက သူ၏ ရှည်လျားသွယ်လျသော ခြေထောက်များဖြင့် ရေဘဝဲကဲ့သို့ မုန့်ချင်ကျိုး၏ခါးကို ချက်ချင်း ပတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့်လည်း သူ၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ သူက နီမြန်းနေပြီး လှပသော မျက်နှာကို မုန့်ချင်ကျိုး၏ ရင်ဘတ်တွင် အပ်ထားကာ တိုးတိုးလေး ပြောလိုက်သည်။
"မရဘူး... ရှင့်ကို ပေးမသွားဘူး။"
"မင်း ဘာလုပ်ချင်သေးလို့လဲ။ မင်းရဲ့သခင် ပြောတာကို နားမထောင်တော့ဘူးလား။" မုန့်ချင်ကျိုးက အမိန့်ပေးသည့်လေသံကို ဟန်ဆောင်လိုက်သည်။
"လုပ်ချင်သေးတယ်လေ။"
တုန်းဖန်လျူလီက ခေါင်းမော့လိုက်ပြီး နီရဲသော နှုတ်ခမ်းများကို လျှာဖြင့် သပ်ကာ၊ ဆွဲဆောင်မှုရှိသော လေသံဖြင့် "လုပ်ချင်တယ်" ဟု ဆိုလိုက်ရာ သူ၏ မျက်ဝန်းများမှာ စွဲမက်ဖွယ်ရာများဖြင့် ပြည့်နှက်နေ၏။
ထိုသို့ပြောပြီးနောက် တုန်းဖန်လျူလီက စောင်ကို ဖယ်ရှားလိုက်ပြီး ခုတင်ပေါ်သို့ ခုန်အုပ် လိုက်တော့သည်။
"ဟေး... ဟေး... ဟေး... တော်တော့။ ငါ ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး..." မုန့်ချင်ကျိုးက ဘောင်းဘီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း အကြီးအကျယ် မျက်နှာပျက်သွားတော့သည်။
…
အပိုင်း(၁၆၁) ဧကရာဇ်က နံရံကိုမှီပြီး လမ်းလျှောက်နေရပြီ
နောက်တစ်နေ့။
နေထွက်လာသည်နှင့်အမျှ ဝေဝါးသော မြူနှင်းများမှာ နှင်းခဲများအဖြစ် ပြောင်းသွားပြီး ရွှေရောင်အလင်းတန်းများမှာ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသို့ ဖြာကျလာ၏။
မဟာကျင်း၏ စစ်သည်တော်များမှာ တစ်ညလုံး မအိပ်ဘဲ အဝေးမှ ဂိုဏ်းပေါင်း စုံမဟာမိတ် တပ်စခန်းရှိရာသို့ တည်ကြည်လေးနက်သော မျက်နှာများဖြင့် လှမ်းကြည့်နေကြသည်။
ဗဟိုစစ်သေနာပတိတဲအိမ်ရှေ့တွင် တစ်ညလုံး ကင်းစောင့်နေခဲ့သော စုချင်ကျိုးမှာ ကြက်ကလေး ဆန်ကောက်သလို တငိုက်ငိုက် ဖြစ်နေရှာသည်။
"မိုးလင်းပြီလား။"
"တစ်ယောက်ချင်းယှဉ်ပြိုင်ပွဲက ဒီနေ့ညမှဆိုတော့ အချိန်က နေ့တစ်ဝက်လောက် ကျန်သေးတာပဲ။ အရှင်မနဲ့ ဧကရာဇ်ကတော့ ဒီနေ့ည တိုက်ပွဲအတွက် အခုထိ ကြိုးကြိုးစားစား ကျင့်ကြံနေကြတုန်းပဲ။ သူတို့ တကယ်ကို ကြိုးစားကြတာပဲ။ ငါလည်း ဒီလိုစိတ်ဓာတ်မျိုးကို အတုယူရမယ်။"
စုချင်ကျိုးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ပင်လယ်လွှမ်းနယ်ပယ်တစ်ပိုင်းကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် မိမိကိုယ်ကိုယ် အတော်လေး ကျေနပ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်တော့ ထိုမာန်မာနနှင့် ရောင့်ရဲမှုများ အားလုံး ပျောက်ကွယ် သွားလေပြီ။
ကြည့်။ ဧကရာဇ်က တောရိုင်းမြေမှာ အနှိုင်းမဲ့သလောက် ဖြစ်နေပြီဆိုတာတောင် မမောမပန်း ကျင့်ကြံနေဆဲပဲ။ အရှင်မလည်း နယ်မြေပေါင်းစည်းရေး လမ်းခရီးမှာ ခြေလှမ်းကြီးကြီး လှမ်းနိုင်ခဲ့ပေမဲ့ လုံးဝ ပေါ့တိပေါ့ဆ မနေခဲ့ဘူး။
…
...
တစ်ချိန်တည်းမှာပင်…
တဲအိမ်အတွင်း၌။
တုန်းဖန်လျူလီက အဝတ်အစားများကို သေသေသပ်သပ် ပြန်ဝတ်လိုက်ပြီး နီရဲသော သွေးစွန်းနေသည့် အဖြူရောင်ပုဝါလေးကို ဂရုတစိုက် ခေါက်ကာ ရင်ဘတ်အတွင်းရှိ သိုလှောင်လက်ဝတ်ရတနာထဲသို့ ထည့်လိုက်သည်။
အမျိုးသမီးတစ်ယောက်အတွက် အပျိုစင်ဘဝဆိုသည်မှာ ဘဝတွင် အရေးအကြီးဆုံး အရာ ဖြစ်သည်။ သာမန်လူတန်းစား မိသားစုများတွင် ဆိုလျှင် ထိုကဲ့သို့သော အပျိုစင် သွေးစွန်းသည့် ပုဝါကို သေဆုံးပြီးနောက် ခေါင်းတလားထဲအထိပင် ထည့်သွင်းယူဆောင် သွားကြလေ့ရှိသည်။
"ထတော့... အိပ်ချင်ဟန်ဆောင်မနေနဲ့။" တုန်းဖန်လျူလီက သစ်တုံးတစ်တုံးလို အိပ်ပျော်နေသော မုန့်ချင်ကျိုးကို ပုတ်လိုက်သည်။
မုန့်ချင်ကျိုးက စွမ်းအင်များ ပြည့်ဝစွာဖြင့် ထိုင်လိုက်ပြီး ခါးကို တစ်ချက်လည်လိုက်ရာ ပင်ပန်းနွမ်းနယ်မှုကို လုံးဝ မခံစားရပေ။ သူက နောက်ထပ် အချီပေါင်း သုံးထောင်လောက်ပင် ထပ်တိုက်နိုင်သေးသည်ဟု ခံစားနေရသည်။
စနစ်ကပေးတဲ့ ဟုန်းမုန့်ဖန်ဆင်းခြင်း သွေးကြောကတော့ တကယ်ကို မိုက်တာပဲ။
ဒါဆို ငါက သွေးတန်းလည်း အဆုံးမဲ့၊ တိုက်ခိုက်နိုင်စွမ်းကလည်း အမြင့်ဆုံးဖြစ်တဲ့ ဓားသူတော်စင်တစ်ယောက်အဖြစ် ပြောင်းလဲတော့မှာပေါ့။
သူများက ငါ့ကို ရိုက်ရင် မသေဘူး။ ဒါပေမဲ့ ငါ့ဓားကို ခံလိုက်ရရင်တော့ သေရင်သေ၊ မသေရင် ဒုက္ခိတဖြစ်သွားမယ်။
မင်းတို့ကို မေးကြည့်မယ်…
ဒီလိုရန်သူမျိုးကို မကြောက်ဘူးလား။
မုန့်ချင်ကျိုး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ကိုယ့်မိန်းမနဲ့ အတူနေတာတောင် စနစ်ကနေ ဆုလာဘ်တွေ ရမယ်လို့ တစ်ခါမှ မထင်ထားခဲ့သလို ဒီဆုလာဘ်က အခုထိ ရခဲ့သမျှထဲမှာ အကောင်းဆုံးလည်း ဖြစ်နိုင်တယ်...
အစောပိုင်း အဆင့်မှာတင် ဧကရာဇ်အဆင့် အရည်အသွေး ရှိနေပြီဆိုတော့...
တကယ်လို့ ပြီးပြည့်စုံတဲ့အဆင့်အထိကို မြှင့်တင်လိုက်ရင် ကောင်းကင်ကြီးကိုတောင် ဆန့်ကျင်နိုင်မှာ မဟုတ်လာ။...
ထိုအချိန်မှာပင်...
တုန်းဖန်လျူလီက ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိသွားသကဲ့သို့ ရုတ်တရက် တုန်လှုပ်သွားပြီး လှပသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
"ငါ... ငါ..."
သူက ရင်ဘတ်ကို ဖိထားပြီး နီရဲသော နှုတ်ခမ်းများမှာ အနည်းငယ် ဟဟလေး ဖြစ်နေကာ အတော်ကြာအောင် စကားလုံးအပြည့်အစုံ မပြောနိုင်ဘဲ ဖြစ်နေသည်။
"ငါ့ရဲ့ ကျင့်ကြံမှုတွေ တိုးတက်လာသလို ကုန်ခမ်းနေတဲ့ သက်စောင့်အားတွေကလည်း စွမ်းအင်သစ်တွေနဲ့ ပြည့်နှက်သွားပြီ..."
"နဂိုက သက်တမ်း တစ်လခွဲပဲ ကျန်တော့တာကို အခု သုံးလအထိ ပြန်ပြီးတော့ ကောင်းမွန်လာပြီ။"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
တုန်းဖန်လျူလီ အကြီးအကျယ် ထိတ်လန့်သွားသည်။ မူလက သူသည် ဂိုဏ်းပေါင်း စုံမဟာမိတ်နှင့် တိုက်ပွဲမှာ သူ၏ နောက်ဆုံးဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
အကြောင်းမှာ သက်တမ်း တဖြည်းဖြည်း ကုန်ခမ်းလာနေသဖြင့် ဆက်လက် တိုက်ခိုက်မည်ဆိုပါက သက်စောင့်အားကို လောင်ကျွမ်းစေပြီးမှသာ တိုက်နိုင်မည် ဖြစ်သောကြောင့်ပင်။
နောက်ဆုံးတွင် သူသည်လည်း သက်တမ်းကုန်ဆုံးကာ သေဆုံးရပေလိမ့်မည်။
ထို့ကြောင့် တုန်းဖန်လျူလီက သူ မသေဆုံးမီ မုန့်ချင်ကျိုးကို အရာအားလုံး ပေးဆပ်ရန်နှင့် သူ့ကို အပြစ်တင်မည်ဆိုလျှင်ပင် အမှန်တရားကို ပြောပြရန် ဆုံးဖြတ်ကာ သူ၏ အပျိုစင်ဘဝကို တွန့်ဆုတ်မှုမရှိ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ မမျှော်လင့်ဆုံးအချိန်တွင် ထူးခြားသော လှည့်ကွက်သစ် တစ်ခုကို တွေ့ရှိလိုက်ရသဖြင့် အံ့သြသွားရသည်။
"ချင်ကျိုး... ငါ့ရဲ့ သက်စောင့်အားတွေ တိုးလာသလို ကျင့်ကြံမှုတွေလည်း လိုက်ပြီး တိုးတက်လာတယ်။ ဒါက ဘာလို့ ထင်လဲ။" တုန်းဖန်လျူလီ အကြာကြီး စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် ဘောင်းဘီပြန်ဝတ်နေသော မုန့်ချင်ကျိုးကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မုန့်ချင်ကျိုးက ဓာတ်ခွဲခန်းထဲမှ ကြွက်ဖြူလေးလို ကြောင်တောင်တောင် ဖြစ်နေပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"သက်စောင့်အားတွေ ပြည့်နှက်နေတဲ့ ကျုပ်ရဲ့ သွေးကြောစွမ်းအားကြောင့် ဖြစ်မယ်။"
"ဪ... အဲဒါကြောင့်ကိုး။" တုန်းဖန်လျူလီ၏ လှပသော မျက်လုံးများတွင် စဉ်းစားဟန် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဒါကြောင့်ကိုး။
မထူးဆန်းပါဘူး။ မနေ့က ပြင်းထန်သော တိုက်ပွဲမှာ ဘယ်သူမှ ကာကွယ်ရေးပစ္စည်းတွေ မဝတ်ထားကြဘူးလေ။
"ရှင့်မှာ ဒီလို စွမ်းရည်ရှိတာကို ဘာလို့ စောစောက မပြောတာလဲ။" တုန်းဖန်လျူလီက နီရဲသော နှုတ်ခမ်းများကို အဓိပ္ပာယ်ပါပါ လျှာဖြင့် သပ်လိုက်ပြီး ဝတ်ထားသော အဝတ်များကို ပြန်ချွတ်ကာ မုန့်ချင်ကျိုးဆီသို့ ဟန်ပါပါ လမ်းလျှောက်လာသည်။ ထို့နောက် မုန့်ချင်ကျိုး၏လက်များကို ဆုပ်ကိုင်ကာ ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မုန့်ချင်ကျိုး ကြောင်ကြည့်ရင်း မေးလိုက်သည်။ "ဘာလို့ စောစောက မပြောတာလဲ ဟုတ်လား။"
အရင်က ငါ့မှာ ဒီစွမ်းရည် မရှိသေးဘူးလေ...
"မဟုတ်ဘူး... မင်း ဘာလုပ်မလို့လဲ။" မုန့်ချင်ကျိုးက တစ်ခုခုကို ကြောက်လန့်နေသကဲ့သို့ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။
လခွမ်းတဲ့မှ... စွမ်းအင်တွေ ပြည့်ဝနေရင်တောင်မှ ဒီလိုမျိုးကြီး အမြဲတမ်းတော့ မလုပ်နိုင်ဘူးလေ။
ငါတို့က ခံစားချက်မရှိတဲ့ စက်ရုပ်တွေမှ မဟုတ်တာ။
တုန်းဖန်လျူလီက အနားသို့ တိုးကပ်လာပြီး မုန့်ချင်ကျိုးကို ခုတင်ပေါ်သို့ တွန်းချလိုက်သည်။ သူ၏ လက်နှစ်ဖက်က မုန့်ချင်ကျိုး၏ ဘေးတစ်ဖက်စီကို ထောက်ထားကာ ဆွဲဆောင်မှုရှိသော ပုံစံဖြင့် ပြောသည်။
"အချိန်ကိုက်ပါပဲ။ ကျွန်မဆီမှာ အင်မော်တယ်အဆင့်ရှိတဲ့ ကာမအားတိုး ကျင့်စဉ် တစ်ခု ရှိတယ်။ မစိုးရိမ်ပါနဲ့။ ဒါက နှစ်ဦးနှစ်ဖက်လုံးကို အကျိုးပြုစေပြီး ခန္ဓာကိုယ်ကို ဘာထိခိုက်မှုမှ မပေးတဲ့ စစ်မှန်တဲ့ ကျင့်စဉ်ပါ။"
"တိုက်ပွဲကြီးကလည်း နီးကပ်နေပြီဆိုတော့ ကျွန်မအနေနဲ့ စွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ထားချင်တယ်။ ကျွန်မရဲ့သခင်ကတော့ ဒီလိုသေးငယ်တဲ့ တောင်းဆိုမှုကို ငြင်းပယ်ဖို့ ရက်စက်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။"
မုန့်ချင်ကျိုး၏ နှလုံးသားမှာ အကြီးအကျယ် နာကျင်သွားရသည်။ သူက အားကိုးရာ မဲ့စွာဖြင့် သူ၏ ခါးပတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။
"မရဘူး... လုံးဝ မရဘူး။"
"ပညာရှိဆိုတာ အသတ်သာ အသေခံမယ်။ အရှက်တော့ အကွဲမခံနိုင်ဘူး။ ငါက အရှင်မရဲ့ ကိုယ်ရံတော်သက်သက်ပဲ။ ဧကရီရဲ့ အချစ်တော် မဟုတ်ဘူး။ အထင်မလွဲပါနဲ့။ ပြီးတော့ မနေ့ညက ငါ အနိုင်ရခဲ့တာလေ... အနိုင်ရတဲ့သူက သခင်ဖြစ်ရမယ်။ မင်းက ဘာလို့ သခင်ပြောတာကို နားမထောင်တာလဲ။"
တုန်းဖန်လျူလီက သနားစဖွယ် အမူအရာဖြင့် ဆိုသည်။
"ကျွန်မက ကျင့်ကြံချင်ရုံလေးပါ။ သခင်က ဒီတိုက်ပွဲမှာ အနိုင်ရပြီး ဂိုဏ်းပေါင်း စုံမဟာမိတ်ကို ချေမှုန်းချင်တာ မဟုတ်ဘူးလား။"
"ကျွန်မ ရထားတဲ့ သတင်းအရဆိုရင် ဂိုဏ်းပေါင်းစုံမဟာမိတ်ဘက်က ဒီတစ်ခါမှာ ပါဝင်မယ့်သူ (၅၀)မက ရှိနိုင်တယ်။ မဟာကျင်းဘက်မှာတော့ ရှင်နဲ့ ကျွန်မ နှစ်ယောက်တည်း ရှိတာလေ..."
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး မျက်မှောင်ကြုတ်သွား၏။
နံနက်ခင်းအလင်းနယ်ပယ် အယောက် (၅၀)ကျော် ဟုတ်လား။...
ဒါကတော့ နည်းနည်း ဖိအားရှိတယ်။ ယင်ကောင်တစ်ကောင်စာလောက်ပေါ့။
သို့သော်လည်း ထိုသတင်းကသာ အမှန်ဆိုလျှင် တိုက်ပွဲအတွက် သေချာပေါက် ပြင်ဆင်ထားသင့်သည်။
"ဒီတစ်ကြိမ်ပဲနော်။ နောက်တစ်ခါ ထပ်မလုပ်နဲ့တော့" မုန့်ချင်ကျိုးက ဝမ်းနည်း ပူဆွေးမှုများကို အံတုရင်း ခါးပတ်ကို ဖြည်းဖြည်းချင်း ဖြေလိုက်ရှာသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ။ ကျွန်မ သခင်ရဲ့ အမိန့်ကို သေချာပေါက် နာခံပါ့မယ်။"
"အစေခံမလေး လာပါပြီ..."
"ကောင်းပါပြီ... ညင်ညင်သာသာလေး လုပ်နော်..."
"မစိုးရိမ်ပါနဲ့၊ ကျွန်မ အရမ်းကို ညင်သာမှာပါ။"
…
...
မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ အလိမ်အညာကို ယုံကြည်ကာ အလွယ်တကူ စိတ်ချလိုက်မိသော်လည်း၊ နောက်ထပ်(၁၀)နာရီမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံး၍ သွားခဲ့ပြန်သည်။
မနက် (၄)နာရီမှ မွန်းလွဲ(၂)နာရီအထိ ကြာမြင့်ခဲ့ပြီးမှ မုန့်ချင်ကျိုးက ဗဟိုစစ်သေနာပတိ တဲအိမ်အတွင်းမှ နောက်ဆုံးတွင် ထွက်လာနိုင်ခဲ့သည်။
အလွန်ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည့် ဝန်ကြီးတစ်စု၏ ရှေ့မှောက်တွင် သူက သွယ်လျသောခါးကို နှိပ်ရင်း နံရံကို မှီကာ လမ်းလျှောက် ထွက်သွားခဲ့သည်။
မုန့်ချင်ကျိုး ထွက်သွားပြီးနောက် ဝန်ကြီးများက အလွန်ထူးဆန်းသော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ခဏအတွင်းမှာပင် လူအုပ်ကြီး အကြားတွင် တိုးတိုးတိတ်တိတ် စကားသံများ ပျံ့လွင့်လာသည်။
"ငါ အလောင်းအစား နိုင်ပြီ။ မနေ့က မွန်းတည့်ချိန်ကနေ ဒီနေ့ မွန်းတည့်ချိန်အထိ... တကယ်ကို တစ်ရက်တိတိပဲ။ ကဲ... ပိုက်ဆံပေးကြတော့။"
"တော်စမ်းပါ... မင်းလို အဘိုးကြီးက ကံကောင်းလို့ မှန်သွားတာပါ။"
"ဧကရာဇ်က တကယ့်ကို ကြောက်စရာကောင်းတာပဲ။ တစ်ရက်တိတိ မရပ်မနား တိုက်နိုင်တယ်ဆိုတော့။ သံမဏိလူသားဆိုရင်တောင် ဒါကို တောင့်ခံနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဧကရာဇ်ကတော့ သူ့ခါးကို နှိပ်ပြီး နံရံကိုလက်ထောက်ရုံနဲ့တင် ပြဿနာမရှိဘဲ လမ်းလျှောက်နိုင်သေးတယ်လေ။"
"ငါ့အထင်တော့ ဧကရာဇ်သာ အလိုရှိရင် တစ်လလောက်တောင် ပြဿနာ မရှိလောက်ဘူး။"
"သွားစမ်းပါ... တစ်လလောက်ဆိုရင် လူရော ဟုတ်ပါ့ဦးမလား။"
…