← Chapters

အခန်း (၁၆၂-၁၆၄)

Vol. 12 Ch. 162-164

အခန်း (၁၆၂-၁၆၄)

Vol. 12 Ch. 162-164

အပိုင်း(၁၆၂) အတိုးတောင်းခြင်းနှင့် မုန့်ချင်ကျိုး၏ ထူးဆန်းသော အာသီသ

နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ သတ်မှတ်ထားသော ပြိုင်ပွဲအချိန်အထိ (၅)နာရီပင် မလိုတော့ပေ။

မဟာကျင်းစစ်သည်တော်များက ဓားလှံများကို သွေးထားပြီးဖြစ်ကာ မြောက်ဘက်ဆီသို့ စိုက်ကြည့်နေကြသည်။ ထိုနေရာတွင် ကောင်းကင်နှင့် မြေပြင်အကြား မြင့်မားစွာ ရပ်တည်နေသော နတ်ဘုရားနှင့် မိစ္ဆာသဏ္ဌာန် ပုံရိပ်များကို မြင်တွေ့နေရသည်။ အချိန်နှင့်အမျှ ထိုနံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူများထံမှ ထွက်ပေါ်လာသော နက်ရှိုင်းလှသည့် စွမ်းအားများမှာ တစ်ခွင်လုံးရှိ နှင်းပြင်ကြီးကို လွှမ်းမိုးထားလေသည်။

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... ၁၀ ယောက်... ၅၀...

မျက်စိဖြင့် တပ်အပ်မြင်နေရသော ထိုမျှလောက်များပြားသည့် အရေအတွက်မှာ မဟာကျင်းတပ်ဖွဲ့ တစ်ခုလုံးကို တိတ်ဆိတ်သွားစေပြီး စိတ်ပျက်အားငယ်မှု အငွေ့အသက်များ ပျံ့နှက်သွားစေသည်။

ဂိုဏ်းပေါင်းစုံမဟာမိတ်က နံနက်ခင်းအလင်းနယ်ပယ် အယောက်(၅၀)ကို ထုတ်သုံးထားပြီး မဟာကျင်းဘက်တွင်တော့ ဓားသူတော်စင်၊ ဧကရီ၊ လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့သာလျှင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

“မြောက်သိမ်းမြို့ဟာ ရှေးယခင်ကတည်းက မြောက်ဘက်နယ်စပ်ရဲ့ ပထမဆုံး ခံစစ်စည်း ဖြစ်ခဲ့တယ်။ တကယ်လို့ အခြေအနေက မကောင်းဘူးဆိုရင် ငါတို့အားလုံး သေဖို့ အသင့်ပြင်ထားရမယ်။” အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားသော မြောက်သိမ်းမြို့စား ဝူရှန်းဖျင်က မြို့တော်ကို လှည့်ပည်ကြည့်ရှုရင်း ဓားကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

မြောက်သိမ်းမြို့မှ စစ်သည်တော် တစ်သိန်း စလုံးမှာ တည်ကြည်လေးနက်သော မျက်နှာများဖြင့် တိတ်ဆိတ်နေကြပြီး သူတို့ထံမှ အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။

ဝူရှန်းဖျင်က ဆက်ပြောသည်။

"အဆိုးဆုံး အခြေအနေနဲ့ ကြုံလာရရင်၊ အရှင်မနဲ့ အချိန်-နေရာလွတ် ဓားသူတော်စင် တို့အတွက် အချိန်အနည်းငယ် ရအောင် မင်းတို့အားလုံးရဲ့ အသက်နဲ့ ဝိညာဉ်တွေကို စတေးပြီး ဧကရာဇ် ကောင်းကင်နတ် အခင်းအကျင်း တည်ဆောက်ပေးဖို့ လိုအပ်တယ်။"

"အမှန်အတိုင်း ပြောရရင် မင်းတို့ အသက်နဲ့လဲပြီး ပေးဆပ်ရင်တောင် ခဏလေးပဲ။ ဒါမှမဟုတ် စက္ကန့်ပိုင်းလောက်ပဲ တောင့်ခံနိုင်လိမ့်မယ်။ အဲဒီလိုဆိုရင်တောင် မင်းတို့ရဲ့ အသက်တွေကို ငါ့ဆီ အပ်နှံဖို့ ဆန္ဒရှိကြရဲ့လား။”

သေရန်အတွက် အသင့်ပြင်ထားသော မျက်ဝန်းများဖြင့် စစ်သည်တော် တစ်သိန်းလုံးက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ "ရှိပါတယ်..."

ဝူရှန်းဖျင်က သံခမောက်ကို ချွတ်လိုက်ပြီး ခါးမှ ဓားရှည်ကို ဆွဲထုတ်ကာ မြေကြီးထဲသို့ စိုက်လိုက်သည်။ သူက စစ်သည်တော်များရှေ့တွင် တည်ကြည်စွာ ရပ်တည်လျက် သူ၏ ဖြောင့်စင်းသော ကျောပြင်ကို ကုန်းကာ မြေကြီးပေါ်သို့ လေးလံစွာ ဒူးထောက်ချလိုက်၏။

"အရှင်မနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကျေးဇူးကြောင့် ငါက မြောက်သိမ်းမြို့ရဲ့ အစောင့်အရှောက်အဖြစ် နှစ်ပေါင်း(၃၀၀) တာဝန်ထမ်းဆောင်ခဲ့ပြီး မင်းတို့အားလုံးရဲ့ အရိုအသေပေးမှုကို ခံယူခဲ့ရတယ်။ ဒီနေ့မှာတော့ မင်းတို့အားလုံးကို ငါက တစ်ဖန် ပြန်ပြီး အရိုအသေပေးချင်တယ်။"

ထိုသို့ပြောရင်း ဝူရှန်းဖျင်က ခေတ္တရပ်ကာ မြေကြီးထဲ စိုက်ထားသော ဓားကို ဆုပ်ကိုင်လျက် အောက်သို့ ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်ရာ သွေးများမှာ အတားအဆီးမဲ့ စီးကျလာသည်။

ထို့နောက် လေဟာနယ်ထဲမှ ဝိုင်ခွက်တစ်ခွက် ပေါ်လာပြီး ရေခဲနှင့် နှင်းများကို အရည်ပျော်စေကာ ရေအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထိုရေမှာ သွေးများနှင့် ရောနှောသွားပြီး ဝိုင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဂလု…

ဝူရှန်းဖျင်က မြေကြီးပေါ်တွင် ဒူးထောက်လျက် ခေါင်းကို နောက်သို့လှန်ကာ တစ်ငုံတည်းဖြင့် ကုန်အောင် သောက်လိုက်သည်။ ထို့နောက် ဝိုင်ခွက်ကို မြှောက်ကာ မြေကြီးပေါ်သို့ အားဖြင့် ပေါက်ခွဲလိုက်ပြီး အော်ဟစ်လိုက်သည်။

"မဟာကျင်းအတွက်... အရှင်မအတွက်... အရှေ့ဘက်က လေတွေ တိုက်ခတ်လာပြီး၊ တစ်နေ့မှာ တောရိုင်းမြေအပေါ်ကို အလင်းရောင် ဖြာကျလာလိမ့်မယ်။ မဆုတ်မနစ်တဲ့ စိတ်ဓာတ်တွေအတွက်... မင်းတို့ အားလုံးအတွက်..."

…

...

တစ်ချိန်တည်းမှာပင်...

စစ်ဘက်ဆိုင်ရာဝန်ကြီးဌာနမှ ကောင်းကင်စစ်သူကြီး (၁၀)ဦးမှာ တန်းစီရပ်လျက်၊ မြို့တော်မှ ခေါ်ယူထားသော စစ်သည်တော် နှစ်သိန်းကို မိန့်ခွန်းပြောကြားနေသည်။

လူတိုင်း သေရန်အတွက် အသင့်ပြင်ထားသည့် စိတ်ဓာတ်များဖြင့် ပြည့်နှက်နေကြပြီး သေတမ်းစာများ ရေးသားကာ အကောင်းဆုံး အခြေအနေသို့ ရောက်အောင် ပြင်ဆင်နေကြသည်။ မိမိတို့၏ အသက်ကို လောင်စာအဖြစ် အသုံးပြုရန် အသင့် ဖြစ်နေကြလေပြီ။

မုန့်ချင်ကျိုးက လက်ကိုင်တုတ်ကို အားပြုလျက် ထောင့်တစ်နေရာမှ အရိပ်ထဲတွင် ရပ်နေကာ တိတ်ဆိတ်စွာ နားထောင်နေသည်။

"ငါ့ကို ပြောစမ်း။ ဒီလူတွေက သေမှာကို မကြောက်ကြဘူးလား။"

စကားမပြောတတ်သည့် အစေခံမလေးအဖြစ် ဟန်ဆောင်နေသော စုချင်ကျိုးမှာ ထိုစကားကို ကြားသောအခါ လန့်သွားပြီး ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ ဘေးနားမှာ ဘယ်သူမှ မရှိသည်ကို သိလိုက်ရသောအခါမှ မုန့်ချင်ကျိုးက သူ့ကို မေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

စစ်တပ် စတင်ချီတက်ကတည်းက စုချင်ကျိုးနှင့် ဝူတျဲတို့မှာ ဧကရာဇ်က သူတို့ကို တွေ့သွားမည်ကို ကြောက်သဖြင့် တစ်နေ့လုံး ပုန်းလျှိုးကွယ်လျှိုး နေခဲ့ကြရသည်။

အခုလေးတင် စုချင်ကျိုးက တဲအိမ်ဝင်ပေါက်ကို စောင့်နေရင်း နံရံကိုမှီပြီး ထွက်လာသော မုန့်ချင်ကျိုးနှင့် ထိပ်တိုက်တိုးခဲ့ခြင်း ဖြစ်သည်။ သူက ထွက်ပြေးရန် မမီခင်မှာပင် မုန့်ချင်ကျိုးက သူ့ကို လှမ်းတားပြီး လမ်းလျှောက်ဖို့ အဖော်လုပ်ခိုင်းခဲ့လေသည်။

စုချင်ကျိုးက မုန့်ချင်ကျိုး၏ မေးခွန်းကို သေသေချာချာ စဉ်းစားလိုက်ပြီး ခေါင်းကို ကုတ်ကာ စကားပြောတော့မည့်ဆဲဆဲ အဆင်မပြေကြောင်း ခံစားလိုက်ရသည်။

သူ၏အသံမှာ သိသာလွန်းသဖြင့် အလွယ်တကူ အသိခံရနိုင်သည်။

“ဝူးဝါး...” စုချင်ကျိုးမှာ ရုတ်တရက် အိုင်ဒီယာရသွားပြီး ငိုယိုနေသကဲ့သို့ အမူအရာများ စလုပ်တော့သည်။

"စကားမပြောတတ်ဘူးလား။" မုန့်ချင်ကျိုးက အံ့သြဟန်ဖြင့် ခေါင်းလှည့်ကြည့်သည်။

“ဝူးဝါး...” စုချင်ကျိုးက ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။

မုန့်ချင်ကျိုးက မေးစေ့ကို ပွတ်ရင်း အံ့သြဟန်ဆောင်လိုက်သည်။

"ကြည့်ရတာ... မင်းက ငါ့ရဲ့ သမီး စုချင်ကျိုးနဲ့ အရမ်းတူတာပဲ။ သူက အစစအရာရာ ကောင်းပေမဲ့ အရမ်းတုံးပြီး ကို့ယို့ကားယား နိုင်လွန်းတယ်။ ဝူတျဲလောက်လည်း မဖျတ်လတ်ဘူး။ သူ့ရဲ့ ပါရမီကလည်း ပုံမှန်ပဲ။"

"ပြီးတော့ သူက ငါ့ကို အမြဲတမ်း ပြဿနာရှာနေတာ။ ငါတော့ သူ့ကို အိမ်ပေါ်က နှင်ချဖို့ အချိန်တန်ပြီလို့ ထင်တယ်။ သူ့နေရာမှာ မင်း အစားဝင်မလား။"

ထိုစကားကို ကြားသောအခါ စုချင်ကျိုး၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်သွားသည်။

"ကျွန်မက ဘယ်နေရာမှာ တုံးလို့လဲ..."

ပြောပြီးသည်နှင့် စုချင်ကျိုးက မှားသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူက ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ပြီး လှည့်ထွက်ပြေးရန် ပြင်လိုက်၏။

"ရပ်စမ်း..." မုန့်ချင်ကျိုး၏မျက်နှာ မည်းမှောင်သွားပြီး တားလိုက်သည်။

"သခင်လေး..." စုချင်ကျိုး ထိတ်လန့်သွားပြီး လှုပ်ရှားမှုများ တောင့်တင်းသွားကာ အနေခက်သော အပြုံးဖြင့် ပြန်လှည့်လာသည်။ သူက မကျေမနပ် ဖြစ်နေသလိုမျိုး နှုတ်ခမ်းစူက ပြောလိုက်သည်။ "သခင်လေးက ကျွန်မမှန်း သိနေပြီးသားကို တမင် သက်သက် စနေတာ မဟုတ်လား..."

"ရှင်းပြစမ်း..." မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်သည်။

စုချင်ကျိုးမှာ ကြောက်လန့်တကြား နောက်ဆုတ်သွားပြီး မေးခွန်းကို ရှောင်လွှဲရန် ကြိုးစားသည်။ "ဘာ... ဘာကို ရှင်းပြရမှာလဲ။"

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ။”

"မမလေးက သခင်လေးကို စောင့်ရှောက်ဖို့ ခိုင်းလို့။ ကျွန်မက သခင်လေးနောက်ကို တိတ်တိတ်လေး လိုက်လာတာပါ။"

"မင်းက ငါ့ကို စောင့်ရှောက်မယ် ဟုတ်လား။"

မုန့်ချင်ကျိုး၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေသည်။ သူက ဆိုသည်။ "ငါ့ကို တုံးတယ်လို့ ထင်နေတာလား။ ဒီလို ပေါ့ပျက်ပျက် ဆင်ခြေမျိုးကို ဘယ်လိုများ စဉ်းစားမိတာလဲ။ ငါ့ကို ဘာမှမသိတဲ့ ကလေးသူငယ်လို့ ထင်နေတာလား။"

စုချင်ကျိုး နှုတ်ခမ်းစူလိုက်သည်။

ဒီလူက ငါ့ကို သွယ်ဝိုက်ပြီး နှိမ်နေပြန်ပြီ။

“ကောင်းပြီ... ကောင်းပါပြီ။ အမှန်အတိုင်း ပြောပါ့မယ်။ သခင်လေးက ကောက်ကျစ်တဲ့ မိန်းမတွေရဲ့ မြှူဆွယ်မှုကို မခံရအောင် သခင်လေးကို စောင့်ကြည့်ဖို့ မမလေးက ခိုင်းလိုက်တာပါ။” စုချင်ကျိုး ပြောလိုက်သည်။

ထိုစကားများကို သူ ကြိုတင်စဉ်းစားထားသော်လည်း အခြေအနေအရ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

မုန့်ချင်ကျိုးက ဘာခံစားချက်မှ မပါဘဲ ရယ်မောလိုက်သည်။

"ဒါဆိုရင်တော့ မင်း တာဝန်ပျက်ကွက်တာပဲ။ မင်းရဲ့ သခင်လေးက မဟာကျင်း ဧကရီရဲ့ မြှူဆွယ်မှုကို ခံလိုက်ရပြီးပြီ။ မင်းက တစ်ညလုံး တံခါးအပြင်မှာ စောင့်နေတာတောင် အန္တရာယ်ရှိနေပြီဆိုတာကို အာရုံမရဘူးလား။"

စုချင်ကျိုးမှာ စကားမထွက်နိုင်ဘဲ နဖူးပေါ်မှ ချွေးစေးများကို သုတ်နေရသည်။ သူ၏ တောက်ပသော မျက်လုံးများက ဘေးဘီကို ဝေ့ကြည့်လိုက်ရာ စခန်းထောင့်တစ်နေရာမှ ချောင်းကြည့်နေသော ဝူတျဲကို တွေ့လိုက်ရသည်။

စုချင်ကျိုး၏ မျက်လုံးများမှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသလို တောက်ပသွားပြီး ထိုအခက်အခဲမှ လွတ်မြောက်အောင် ကူညီရန် အချက်ပြလိုက်သည်။

“ဝူတျဲ... ထွက်လာခဲ့။” မုန့်ချင်ကျိုးက ရုတ်တရက် ခေါင်းလှည့်ကာ ဝူတျဲ ပုန်းနေသော နေရာကို အေးစက်စွာ အော်ဟစ်လိုက်သည်။

ထိုစကားကို ကြားသောအခါ စုချင်ကျိုး၏ အပြုံးမှာ အေးခဲသွားသည်။ သူက လက်ချောင်းများကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားမိပြီး နှလုံးမှာ အဆမတန် ခုန်လာကာ မျက်နှာမှာလည်း ကြောက်လန့်မှုကြောင့် ဖြူဖျော့သွား၏။

ဝူတျဲက စုချင်ကျိုးကို တစ်ချက် မျက်စောင်းထိုးလိုက်ပြီးနောက် တည်ငြိမ်သော အမူအရာကို ဖန်တီးကာ ရှေ့သို့ တိုးလာပြီး ရှင်းပြရန် ပြင်သည်။

“မင်းတို့အားလုံး လိုက်လာတာက ဧကရီရဲ့ အလိုကျလို့ပါလို့တော့ ပြောဖို့ မစဉ်းစားနဲ့။” မုန့်ချင်ကျိုးက ဆိုသည်။

ဝူတျဲ ခြေချော်သွားပြီး မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

ဒါက ဘယ်လိုဖြစ်တာလဲ။

သူ ကြိုတင်ပြင်ဆင်ထားသော အကောင်းဆုံး ဆင်ခြေမှာ စကားပင် မဟရသေးခင် ဖော်ထုတ်ခံလိုက်ရ၏။

မုန့်ချင်ကျိုးက သူတို့ကို ကြင်နာသော မျက်လုံးများဖြင့် မကြည့်တော့ဘဲ၊ အမူအရာမှာ ခက်ထန် အေးစက်နေသည်။

"ငါ ဘာစကားမှ ထပ်မကြားချင်တော့ဘူး။ မင်းတို့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ငါ့ကို အမှန်အတိုင်း ပြောပြလိမ့်မယ်လို့လည်း ငါ မယုံကြည်ဘူး။"

"ဒါဆိုရင်... စုချင်ကျိုး ပြောသလိုပဲ။ မင်းတို့ နှစ်ယောက်လုံးက ငါ့ကို စောင့်ရှောက်ဖို့ ဒီကို ရောက်နေတာပေါ့။"

"ခိုင်မာတဲ့ စွမ်းအား မရှိဘဲနဲ့ တခြားသူကို မပြောနဲ့၊ ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်ဖို့ ခက်လိမ့်မယ်။ စုချင်ကျိုး... မင်းကို ပင်လယ်လွှမ်းနယ်ပယ်ထဲ ရောက်အောင် ငါ လဝက် အချိန်ပေးမယ်။ ဝူတီး... မင်းလည်း အတူတူပဲ..."

"တကယ်လို့ မင်းတို့ ရည်မှန်းချက်ကို မအောင်မြင်ဘူး ဆိုရင်တော့ အဆိုးဆုံးအတွက် ပြင်ဆင်ထားလိုက်တော့။"

ထိုသို့ပြောပြီးနောက် မုန့်ချင်ကျိုးမှာ လှည့်ထွက်သွားသည်။ သူ လှည့်သွားသောအခါမှ မျက်နှာပေါ်ရှိ ခက်ထန်သော အမူအရာများ ပျောက်ကွယ်သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ကိုယ့်မိန်းမဆီက ရစရာရှိတဲ့ အတိုးကိုတော့ မနေ့ညက တောင်းပြီးပြီ။

စုချင်ကျိုးနဲ့ ဝူတျဲကိုလည်း စစ်ဆေးပြီးပြီ။

ပြီးတော့... ဝါကြီးလား။ အင်း... နေမင်းအရှင်။ တိုင်းပြည်အစောင့်အရှောက် နတ်သားရဲက ခွေးလေးတစ်ကောင်လို သရုပ်ဆောင်နေတာပေါ့ ဟုတ်လား။

...

အပိုင်း(၁၆၃) နေမင်းအရှင်သခင် - ငါ မင်းကို သတိရနေတာ

“နေမင်းအရှင်သခင်... မဟာကျင်းစစ်တပ် စစ်ထွက်တဲ့အခါ ထိပ်တန်းအဆင့် ဝိညာဉ် ကျောက်တုံးတွေကိုပဲ ရိက္ခာအဖြစ် သယ်လာတာပါ။ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ သိပ်မပါလာပါဘူး။ ဒီအစားအစာတွေကတော့ ရသမျှထဲမှာ အကောင်းဆုံးတွေပါပဲ။”

"ဝုတ်... ဝုတ်..."

နန်းတွင်းမီးဖိုဆောင်မှ စားဖိုမှူးတစ်ဦးမှာ ဟင်းပွဲတစ်ပွဲပြီးတစ်ပွဲ သယ်လာရင်း နေမင်းအရှင်သခင်ကို အကြာကြီး ဖျောင်းဖျရန် ကြိုးစားသော်လည်း၊ နောက်ဆုံးတွင် နေမင်းအရှင်သခင်၏ ခွေးခြေထောက်ဖြင့် ရိုက်ထုတ်ခြင်းကို ခံလိုက်ရပြီး လွင့်ထွက်၍ သွားရှာသည်။

စားဖိုမှူးက ဝမ်းဗိုက်ကို ဖိထားရင်း မြေပြင်ပေါ် အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက် ဒေါသတကြီး ထွက်သွားတော့သည်။

တော်ပြီ... စားချင်စား၊ မစားချင်နေ၊ ဒီအဘိုးကြီးကတော့ ဆက်ပြီး အလုပ်အကျွေး မပြုနိုင်တော့ဘူး။

တဲအိမ်အတွင်း၌။

ဝါကြီးမှာ မြေပြင်ပေါ်တွင် နုံးချိစွာ လဲလျောင်းနေပြီး ရှေ့တွင် ပုံထားသော အစားအစာ တောင်ပုံရာပုံကြီးကို အားအင်တစ်စက်မှ မရှိဘဲ စိုက်ကြည့်နေသည်။

ငါ တကယ်ကို အဲဒီမျက်မမြင်လေးရဲ့ နတ်ဘုရားအဆင့် ခွေးစာတွေကို လွမ်းလိုက်တာ။ မစားရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ...

အနည်းဆုံးတော့ လဝက်လောက် ရှိသွားပြီ ထင်တယ်။

ဒါပေမဲ့ အဲဒီတုန်းဖန်လျူလီဆိုတဲ့ ကောင်မလေးက သူ့ကို လျှောက်မသွားခိုင်းသလို၊ ပိုလို့တောင် အသိမခံခိုင်းဘူး။ တကယ်လို့ မုန့်ချင်ကျိုးသာ သိသွားရင် သူ ခွေးစာတွေ သွားတောင်းဖို့တောင် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။

ဘယ်လိုလုပ်ရမလဲ။ ဒါက ခွေးကို သတ်နေတာပဲ...

ဝုန်း...

ရုတ်တရက် တဲအိမ်အဝက အကာအရံမှာ ပွင့်သွားပြီး တုတ်ကို အားပြုထားသည့် အရပ်ရှည်ရှည် လူရိပ်တစ်ခု ပေါ်လာသည်။ နေရောင်ကို ကျောပေးထားသဖြင့် သူ၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေ။

နေမင်းအရှင်သခင်မှာ ပင်ပန်းနွမ်းနယ်စွာဖြင့် မော့ကြည့်လိုက်ပြီး နောက်ထပ် တစ်စက္ကန့်တွင်တော့ သုံးပေလောက်အထိ ခုန်တက်သွားတော့သည်။

"ဝူး…"

ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားစေသည့် အူသံမှာ အတိုင်းအထက်အလွန် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာအားရမှုများဖြင့် ပြည့်နှက်နေ၏။

ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်...

မျက်မမြင်လေးက ငါ့တံခါးဝအထိ ကိုယ်တိုင် ရောက်လာတာပဲ...

ဒါက ငါ့ဘက်က တမင် အသိပေးတာ မဟုတ်ဘူးနော်။ မျက်မမြင်လေးက သူ့အလိုလို ရောက်လာတာ။ ငါ့ကို အပြစ်တင်လို့ မရဘူး...

"အနောက်က နှစ်ယောက်... ငါ မင်းတို့ကို မေးနေတယ်။ ဝါကြီးက ဘာလို့ ဒီကို ရောက်နေတာလဲ။" မုန့်ချင်ကျိုးက နောက်သို့ လှည့်မကြည့်ဘဲ မေးလိုက်သည်။

စခန်းအပြင်ဘက်တွင် တိတ်တိတ်လေး ချောင်းနေကြသော စုချင်ကျိုးနှင့် ဝူတျဲတို့မှာ ထိုစကားကိုကြားရာ အခြေအနေ မဟန်တော့ကြောင်း ချက်ချင်း သိလိုက်ရသည်။

စုချင်ကျိုးက တိုးတိုးလေး အသံလွှင့်လိုက်သည်။ "ဒုက္ခပဲ၊။ဧကရာဇ်က တစ်ခုခုကို ရိပ်မိသွားပြီး နေမင်းအရှင်သခင်ကို တိုက်ရိုက် ဆွဲထုတ်လိုက်ပြီ ထင်တယ်။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။"

ဝူတျဲလည်း ဘာလုပ်ရမှန်းမသိဘဲ ပြန်ပြောလိုက်သည် "ငါလည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် ဘာမှမပြောနဲ့ဦး။ စကားများရင် အမှားပါတတ်တယ်။ အခုတော့ ကံတရားအတိုင်းပဲ လွှတ်ထားလိုက်တော့မယ်။"

"ဘာမှ မပြောဘူးပေါ့ ဟုတ်လား။ မင်းတို့ကို နောက်မှ ငါ ရှင်းမယ်။" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် ဒူးထောက်ထိုင်ကာ နေမင်းအရှင်သခင်၏ ခေါင်းကို ပွတ်ပေးလိုက်သည်။

မျက်ခုံးထူထူ မျက်လုံးပြူးပြူးနဲ့ ဒီတောခွေးလေးက နာမည်ကျော် မဟာကျင်းရဲ့ တိုင်းပြည်အစောင့်အရှောက် နတ်သားရဲ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

တစ်ခါက သူ့ကို လမ်းဘေးမှာ ခေါ်လျှောက်ရင်း လမ်းဘေးမှာ ဆီးစွန့်ခိုင်းခဲ့သေတယ်။ ဒီခွေးစုတ်က အောင့်အည်းနိုင်လို့ တော်သေးတာပေါ့၊ မဟုတ်ရင်တော့ ဒုက္ခပဲ။

နေမင်းအရှင်သခင်မှာ ဖားသည့်အမူအရာဖြင့် လျှာလေးထုတ်ကာ မုန့်ချင်ကျိုး၏ ဖိနပ်များကို လျက်ပေးနေပြီး သူ၏ ခွေးအမြီးမှာလည်း မြင်ရုံမျှမကဘဲ အစွမ်းကုန် ယမ်းခါနေသည်။

အဘိုးကြီး... ငါ့ကို လာမပွတ်ပါနဲ့တော့။ ခွေးစာပဲ ပေးပါတော့...

"ဗိုက်ဆာနေပြီလား။ ခွေးစာ စားချင်လား။" မုန့်ချင်ကျိုးက ရယ်မောရင်း ခွေးခေါင်းကို စနောက်ကာ ပွတ်ပေးလိုက်သည်။

နေမင်းအရှင်သခင်မှာ စကားပြန်မပြောနိုင်ရှာဘဲ ခေါင်းကိုသာ အသည်းအသန် ညိတ်ပြနေတော့သည်။

ငါ ဒါကို နေ့ရောညပါ မျှော်လင့်နေရတာ။ ဗိုက်ဆာလွန်းလို့ ပိန်လှီသွားတော့မှာ။

"မလောနဲ့ဦး။ နေ့လယ်စာ စားဖို့ အချိန်မကျသေးဘူး။ ငါ မင်းကို လမ်း အရင် လျှောက်ခိုင်းဦးမယ်။ ပြန်လာမှ စားကြတာပေါ့။" မုန့်ချင်ကျိုးက ခပ်ပြုံးပြုံး ပြောလိုက်သည်။

ထို့နောက် နေမင်းအရှင်သခင် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ခွေးလည်ပတ်ကြိုးကို သူ၏ လည်ပင်းတွင် စွပ်လိုက်လေသည်။

ကြီးမားသော အားတစ်ခုက သူ့ကို ဆွဲလိုက်သဖြင့် ကြောင်တောင်တောင် ဖြစ်နေသော နေမင်းအရှင်သခင်မှာ ပါသွားတော့သည်။

“ငါတို့ ဘာမှလုပ်လို့ မရတော့ဘူး။ အရှင်မကို သွားအကြောင်းကြားရအောင်။ ငါတို့ ဒါကို မထိန်းနိုင်တော့ဘူး။” ဝူတီးက စုချင်ကျိုးကို မျက်စိမှိတ်ပြရင်း တိုးတိုးလေး ပြောလိုက်သည်။ “တစ်ခုခု မှားမှာစိုးလို့ ငါ သူတို့နောက်ကို လိုက်သွားလိုက်ဦးမယ်။”

စုချင်ကျိုးက တည်ကြည်သော မျက်နှာဖြင့် ခေါင်းညိတ်ပြကာ နတ်ဘုရား စွမ်းရည်ကို အသုံးပြု၍ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

…

...

ဗဟိုတဲအိမ်။

တုန်းဖန်လျူလီက ကျင့်ကြံရင်း တရားထိုင်နေပြီး ခန္ဓာကိုယ် အတွင်းကို ပြန်လည် စစ်ဆေးကာ ကိုယ့်ကိုယ်ကိုယ် ပြောနေမိသည်။

"မယုံနိုင်စရာပဲ။ တစ်ညတည်းနဲ့ ငါ့ရဲ့ သက်စောင့်အားတွေက သိသိသာသာကို ပြန်ကောင်းလာပြီး၊ သက်တမ်းက သုံးလကနေ တစ်နှစ်အထိ တိုးလာတယ်။"

"နယ်ပယ်ကလည်း လိုက်ပါလာပြီး နံနက်ခင်းအလင်းနယ်ပယ်ရဲ့ အလယ်အလတ်အဆင့် ရောက်လုနီးပါး ဖြစ်နေပြီ။"

၎င်းကို စဉ်းစားရင်း တုန်းဖန်လျူလီ မတ်တတ်ရပ်ကာ ဝတ်ရုံကို ဝတ်လိုက်သည်။ တားမြစ်ထားသော အသီးအနှံကို ပထမဆုံးအကြိမ် မြည်းစမ်းပြီးနောက် တစ်ရက်လုံးလုံး ပြင်းထန်သော တိုက်ပွဲဝင်ခဲ့ရသဖြင့် သူ၏စရိုက်မှာ လုံးဝ ပြောင်းလဲသွားလေပြီ။

တစ်ချိန်က ငယ်ရွယ်နုပျိုသော အရှိန်အဝါများ ရှိခဲ့သော ဧကရီမှာ ယခုအခါတွင် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုများ စတင်၍ ထွက်ပေါ်လာပြီး စွဲမက်ဖွယ်ကောင်းကာ ကျော့ရှင်းနေသည်။

မူလကပင် အနှိုင်းမဲ့ အလှပိုင်ရှင် ဖြစ်သော်လည်း ယခုအခါတွင်မူ ကမ္ဘာလောကနှင့် မသက်ဆိုင်သလို သန့်စင်လွန်းသည့် နတ်ဘုရားမ တစ်ပါးမှသည် လူသားတို့၏ လက်တွေ့ဘဝနှင့် ပိုမိုနီးစပ်သော ဆွဲဆောင်မှုရှိသူ အဖြစ်သို့ ပြောင်းလဲသွားသည်။

အစစအရာရာတွင် တုန်းဖန်လျူလီ၏ အလှနှင့် ဆွဲဆောင်မှုမှာ အဆမတန် မြင့်တက်၍ လာခဲ့သည်။

"ကာမအားတိုးကျင့်စဉ်ကလည်း သိသာတဲ့ ရလဒ်တွေ ထွက်လာတယ်။ ကြည့်ရတာ ဒီကျင့်စဉ်ကို ငါတို့ရဲ့ နေ့စဉ် အလုပ်စာရင်းထဲမှာ ထည့်သွင်းထားရမယ် ထင်တယ်။"

"ဒါပေမဲ့ ဂိုဏ်းပေါင်း စုံမဟာမိတ်ကို အောင်မြင်အောင် တိုက်နိုင်မလားဆိုတာပဲ မသေချာတာ။ တကယ်လို့ ဒီပွဲကို ကျော်ဖြတ်နိုင်ရင်တောင် ဗုဒ္ဓတိုင်းပြည်ကို ရင်ဆိုင်ရဦးမယ်။ ကြည့်ရတာ... နားနားနေနေ နေဖို့ အချိန်မရှိဘူး ထင်ပါရဲ့။”

တုန်းဖန်လျူလီ သက်ပြင်းလေး ချလိုက်ကာ ပြတင်းပေါက်အပြင်ဘက်မှ လွင့်ဝဲနေသော နှင်းများကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်ရင်း အတွေးများထဲတွင် နစ်မျောနေသည်။

ထိုအချိန်မှာပင်…

စုချင်ကျိုး အရေးတကြီး ပြေးဝင်လာပြီး အော်ပြောလိုက်သည်။ "အရှင်မ... ဧကရာဇ်က ကျွန်မနဲ့ ဝူတျဲကို တွေ့သွားပြီ။ ပြီးတော့ နေမင်းအရှင်သခင်ကိုပါ ဆွဲထုတ်သွားပြီ။ သူတို့ အတူတူ လမ်းလျှောက်ထွက်နေကြတယ်။ တစ်ခုခု မြန်မြန် စဉ်းစားပါဦး။ မဟုတ်ရင် ကျွန်မတို့ အားလုံး အသိခံရတော့မယ်..."

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီ၏ လှပသော မျက်လုံးများမှာ အနည်းငယ် တုန်လှုပ်သွားပြီး အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်တော့သည်။ "ဘာ... ဘာပြောတယ်။."

...

အပိုင်း(၁၆၄) နောက်ဆုံးတိုက်ပွဲ စတင်ပြီ

“လာစမ်းပါ ဝါကြီးရာ၊ ဒါက မဟာကျင်းရဲ့ ဝန်ထမ်းရေးရာဝန်ကြီး ဖန့်ချန်လေ။ နှုတ်ဆက်လိုက်ပါဦး။”

"ဒီနေရာက ဖုန်းရွှေကောင်းတယ်။ ငါတို့ ဒီမှာပဲ ခဏနားကြမယ်။"

"မင်းက ဘာလို့ သွားဖြဲပြနေတာလဲ။ မလုပ်ချင်ဘူးလား။ လူတွေအများကြီးမို့လို့လား။ မင်းက ခွေးတစ်ကောင်ပဲဟာ။ လူကြားထဲမှာ သေရမှာကို ဘာကြောက်နေတာလဲ။"

"မြန်မြန်လုပ်..."

"မင်းဆီက အနံ့ဆိုးတွေ ထွက်နေပြီ။ လာ... ငါ ရေချိုးပေးမယ်။"

…

...

မုန့်ချင်ကျိုးက ခွေးလည်ပတ်ကြိုးကို ဆွဲကာ လူအုပ်ကြီးကြားထဲတွင် တစ်ဗိုလ်တစ်မင်း ပုံစံဖြင့် လျှောက်သွားနေပြီး ဟိုခိုင်းဒီခိုင်း လုပ်နေလေသည်။ နေမင်းအရှင်သခင်၏ နောက်ကြောင်းကို သိထားကြသည့် ဝန်ကြီးအချို့မှာ ထိတ်လန့်တုန်လှုပ်နေသော်လည်း၊ အမှန်တရားကို မသိကြသူများမှာမူ ဓားသူတော်စင်တစ်ယောက် ဆေးမှားသောက် လာသလားဟူ၍ ဝေခွဲမရ ဖြစ်နေကြသည်။

နေမင်းအရှင်သခင်၏ မျက်နှာမှာတော့ အားကိုးရာမဲ့မှုနှင့် ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်ဝန်းများတွင် နောင်တကြီးစွာ ရနေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။

ဒီလိုမျိုး ဖြစ်လာမယ်မှန်း သိရင် ဘာပဲဖြစ်ဖြစ် အဲဒီမျက်မမြင်လေးကို အမှန်အတိုင်း ပြောပြပြီး သူတို့ရဲ့ လှည့်ကွက်တွေကို ဖော်ထုတ်လိုက်ရမှာ...

တောက်...

ဒီမျက်မမြင်လေးက ငါ ဘာလုပ်နေလဲဆိုတာ သေချာပေါက် သိနေတာပဲ။ အခု ဒါက တမင်သက်သက် လက်စားချေနေတာ...

နေမင်းအရှင်သခင်က အမှန်တရား ပေါ်ပေါက်လာမည့်နေ့ကို ကြိုတွေးရင်း ဝမ်းနည်း ပူဆွေးနေမိသည်။

"ဓားသူတော်စင် ခင်ဗျား... ဘာတွေ လုပ်နေတာလဲ။" ဝန်ထမ်းရေးရာဝန်ကြီး ဖန့်ချန်က တုံ့ဆိုင်းစွာဖြင့် ရှေ့သို့ တိုးလာပြီး မှုန်ဝါးနေသော မျက်လုံးအစုံဖြင့် နေမင်းအရှင်သခင်ကို အံ့သြတကြီး စိုက်ကြည့်နေသည်။

"မမြင်ဘူးလား။ သူ ဝါကြီးကို လမ်းလျှောက်ခေါ်နေတာလေ။" လီကွမ်ချီက ရယ်မောလိုက်သည်။

နေမင်းအရှင်သခင်က မျက်စိကို အသည်းအသန် မှိတ်ပြလိုက်ပြီးနောက် ချွန်ထက်သော အစွယ်များကို ထုတ်ကာ တိတ်ဆိတ်စွာပင် ငါးခူပြုံး ပြုံးလိုက်သည်။

“ဓားသူတော်စင် ကိုယ်တိုင် လုပ်နေဖို့ ဘယ်လိုလုပ် ဖြစ်ပါ့မလဲ။ ကျွန်တော့်ကိုပဲ အပ်လိုက်ပါ။ ကျွန်တော် ကူညီပေးပါ့မယ်။” ဖန့်ချန်က အနေခက်စွာ ပြောလိုက်သည်။

ဘုရားရေ... ဒါက တိုင်းပြည်အစောင့်အရှောက် နတ်သားရဲကြီးလေ...

တကယ်လို့ တစ်နေ့မှာ တိုင်းပြည်အစောင့်အရှောက် နတ်သားရဲကြီးက လူလုံးထွက်ပြလို့ စစ်သည်တော်တွေက သေသေချာချာ ကြည့်မိသွားရင်... "ဟေး... ဒါ ဟိုနေရာဒီနေရာမှာ လျှောက်ပြီး အညစ်အကြေး စွန့်တတ်တဲ့ လေလွင့်ခွေး မဟုတ်ဘူးလား။ ဒီကောင်က ငါတို့ မဟာကျင်းရဲ့ အစောင့်အရှောက် နတ်သားရဲကြီးလား" ဟု အော်ဟစ်မိကြလိမ့်မည်။

အဲဒါဆိုရင်တော့ သွားပြီပဲ။ တစ်သက်လုံး တည်ဆောက်လာသမျှ ကျော်ကြားမှုတွေ အကုန် အဖတ်ဆယ်မရအောင် ပျက်စီးသွားမှာ။

"မလိုပါဘူး။ ဒီခွေးစုတ်ကို သင်ခန်းစာ ပေးဖို့ လိုနေတာ။ သူက ငါ့နောက်ကို စစ်မြေပြင်အထိ တိတ်တိတ်လေး လိုက်လာတာလေ။ သူ့ကို သင်ခန်းစာ ပေးထားမှ ရမယ်၊ မဟုတ်ရင် နောင်ကျရင် ငါ့ကို အနိုင်ကျင့်နေဦးမယ်။" မုန့်ချင်ကျိုးက လက်ယမ်းကာ ပြောလိုက်သည်။

ထိုစဉ် ရုတ်တရက် ရင်းနှီးနေသော ရနံ့လေးတစ်ခု လွင့်ပျံ့လာသည်။

မုန့်ချင်ကျိုး၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူ၏ ဇနီးသည် ရောက်လာလေပြီ။ သူက မိမိ၏ သရုပ်မှန် ပေါ်သွားမည်ကို စိုးရိမ်နေပုံရသည်။

"အရှင်မကို ဂါရဝပြုပါတယ်" ဖန့်ချန်နှင့် အခြားသော စစ်သူကြီးများ၊ ဝန်ကြီးများက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

မုန့်ချင်ကျိုးကမူ မတ်တတ်ရပ်လျက်၊ မာန်မာနလည်းမပါ၊ နှိမ့်ချလွန်းခြင်းလည်း မရှိဘဲ လှည့်ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။

"အရှင်မ ဘာလို့ ဒီကို ရောက်လာတာလဲ။ ကျုပ်ဆီက အနှိပ်ကို တစ်ခေါက်လောက် ထပ်ပြီး ခံစားချင်လို့လား။"

လူတိုင်းမှာ လုံးဝကို ဝေခွဲမရ ဖြစ်သွားကြ၏။

အနှိပ်ဆိုတာ ဘာကြီးလဲ။

တုန်းဖန်လျူလီ၏ လှပသော မျက်နှာလေးသာ နီမြန်းသွားပြီး ဇာမဏီမျက်ဝန်း အစုံတွင် ရှက်ရွံ့မှု အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။ သူက ပို၍ပို၍ ဆိုးလာသော ငါးပိကောင်ကို မျက်စောင်းထိုးလိုက်ပြီးနောက်၊ တည်ငြိမ်ဟန် ဆောင်လိုက်သည်။

"အခုတော့ မဟုတ်သေးပါဘူး။ ဂိုဏ်းပေါင်းစုံမဟာမိတ်ကို အနိုင်ယူပြီးသွားရင်တော့... မုန့်လေးကို ကျေနပ်တဲ့အထိ ကိုယ်တိုင် ဆုချပါ့မယ်။ အချိန်ကန့်သတ်ချက်လည်း မထားပါဘူး။ ဘယ်လိုလဲ။"

လူတိုင်း ပို၍ပင် ဝေခွဲမရ ဖြစ်သွားကြကာ ခေါင်းကို ကုတ်ရင်း သူတို့ နားမလည်သော ဘာသာစကားကို နားထောင်နေရသလို ခံစားနေရသည်။

ဒါတွေက ဘာစကားတွေလဲ။ စကားလုံး တစ်လုံးချင်းစီကိုတော့ နားလည်ပါရဲ့။ ဒါပေမဲ့ အတူတူ တွဲလိုက်တဲ့အခါကျတော့ လုံးဝကို အစိမ်းသက်သက်ကြီး ဖြစ်နေတယ်။

မုန့်ချင်ကျိုး၏ မျက်ခွံများ အနည်းငယ် တုန်သွားပြီး၊ ချောင်းတစ်ချက် ဟန့်ကာ ပါးစပ်ကိုအုပ်လျက် စကားလမ်းကြောင်းကို အမြန် ပြောင်းလိုက်သည်။

"အင်း... အရှင်မ ဒီကို ဘာကိစ္စနဲ့ ကြွလာတာလဲလို့ မေးပါရစေ။"

ဝိုး... အချိန်ကန့်သတ်ချက် မရှိဘူး။ ကျေနပ်တဲ့အထိတဲ့...

ဘယ်သူက အားရပါးရ အဝစားရမလဲဆိုတာ မသိသေးပေမဲ့၊ အခြေအနေ မဟန်ရင်တော့ အိမ်ထဲကနေ လဝက်လောက် ထွက်နိုင်မှာ မဟုတ်ဘူး။

"ငါ စစ်ထွက်တော့မယ်။ တိုက်ပွဲကြီး မတိုင်ခင် သေသေချာချာ ကျင့်ကြံပြီး ကြိုးစား အားထုတ်ရမယ်လို့ ထင်တယ်။ ငါရဲ့ ကိုယ်ရံတော်အနေနဲ့ ဓားသူတော်စင်က လာပြီး မကာကွယ်ပေးသင့်ဘူးလား။ ငါ ကျင့်ကြံတဲ့နေရာမှာ မကူညီပေးသင့်ဘူးလား။" တုန်းဖန်လျူလီက နီရဲသော နှုတ်ခမ်းများကို စူကာ ပြောလိုက်သည်။

မုန့်ချင်ကျိုး တစ်ခုခု မှားနေပြီဟု အာရုံရလိုက်ပြီး ငြင်းရန် ပြင်စဉ်မှာပင် ဧကရီက သူ၏ မျက်စိကာပုဝါကို ရုတ်တရက် ဖယ်ရှားလိုက်ကာ လည်ပင်းကို ဆွဲ၍ စစ်သေနာပတိ တဲအိမ်ဆီသို့ ခေါ်ဆောင်သွားတော့သည်။

“အရှင်မ... ဘာလုပ်တာလဲ။ ကျုပ်တို့ ဒါကို သဘောတူထားတာ မဟုတ်ဘူးလေ...” မုန့်ချင်ကျိုးက တိုးတိုးလေး ပြောလိုက်သည်။

တုန်းဖန်လျူလီက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။

"ငါ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ယုံကြည်မှု မရှိလို့ပါ။ ပြီးတော့ ရှင့်ရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းကလည်း အရမ်းမြန်နေတော့ ငါတို့တွေ ပိုပြီး လေ့ကျင့်ဖို့ လိုလိမ့်မယ်။"

ထိုနှစ်ဦး တဲအိမ်အတွင်းသို့ ဝင်သွားသည်နှင့်...

တားမြစ်စွမ်းအင်က ပြန်ပွင့်လာပြန်သည်။

၎င်းကို မြင်လိုက်ရသော ဝန်ကြီးများမှာ မြည်းမျက်လုံးများကဲ့သို့ မျက်လုံးပြူးကာ ကြည့်နေကြသည်။

ဒီလို အရေးကြီးတဲ့ အချိန်မှာ၊ တိုက်ပွဲစဖို့ နှစ်နာရီ သုံးနာရီပဲ လိုတော့တဲ့ အချိန်မှာ ဘာလို့ ဒီလိုမျိုးတွေ လုပ်နေကြတာလဲ...

ဘယ်သူက ဒီလောက်တောင် ဆာလောင်နေတာလဲ။

ဓားသူတော်စင်လာ။...

"တကယ် လွန်လွန်းလှပြီ။ အခုလက်ရှိ ဧကရီက အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ စော်ကားမှုကို ခံနေရပြီးတော့ တဲအိမ်ထဲမှာ ပိတ်လှောင်ခံထားရကာ ပုံစံမျိုးစုံနဲ့ နှိပ်စက်ခံနေရတာပဲ..." ဝန်ကြီးတစ်ဦးမှာ ရင်ဘတ်ကို ထုကာ စိတ်ပျက်လက်ပျက်ဖြင့် အံကြိတ်ပြောဆိုနေတော့သည်။

တဲအိမ်အတွင်း၌။

တုန်းဖန်လျူလီက အခန်းထဲ ရောက်သည်နှင့် မုန့်ချင်ကျိုး၏ လက်ကို ချက်ချင်း လွှတ်လိုက်ပြီး သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ခုတင်ပေါ်သို့ တွန်းလှဲလိုက်သည်။

"သခင်... ကျွန်မ ရှင့်ကို လွမ်းနေတာ..."

"ဒါက ဒီနေ့အတွက် နောက်ဆုံးအကြိမ်ပါပဲ။ ဟုတ်ပြီလား။"

မုန့်ချင်ကျိုးက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ "မရဘူး၊ မင်း နောက်ဆုံးလို့ ပြောခဲ့တာ အကြိမ်ကြိမ် ရှိနေပြီ။"

တုန်းဖန်လျူလီ၏ ပါးပြင်လေးများမှာ နီမြန်းနေပြီး မျက်ဝန်းများမှာလည်း ရီဝေနေကာ အဝတ်အစားများမှာ တဝက်တပျက် ပြေလျော့နေပြီး လှပသော ကိုယ်လုံးလေးမှာ ပေါ်လွင်နေသည်။ သူက မုန့်ချင်ကျိုး၏ လည်ပင်းကို ချက်ချင်း နမ်းလိုက်ပြီးနောက်၊ အပေါ်သို့ တိုးကာ မုန့်ချင်ကျိုး၏ တင်းမာသော နှုတ်ခမ်းများကို တိတ်ဆိတ်သွားအောင် ပိတ်ဆို့လိုက်တော့သည်။

ပြွတ်...

အတော်ကြာပြီးနောက်မှ သူတို့၏ နှုတ်ခမ်းများ ကွာသွားကြသည်။

ကြည်လင်သော တံတွေးမျှင်လေးများမှာ တွဲလောင်းကျနေ၏။

တုန်းဖန်လျူလီက မုန့်ချင်ကျိုး အပေါ်တွင် မှီကာ ကိုယ်ကို အနည်းငယ် ကြွလိုက်ရာ ရှည်လျားသော ဆံနွယ်နက်ကြီးများမှာ သူတို့နှစ်ဦးလုံးကို ဖုံးလွှမ်းသွားစေသည်။

…

...

နေဝင်သွားပြီးနောက် နီရဲသော နေမင်းမှာ အနောက်ဘက် တောင်တန်းများအောက်သို့ ငုပ်လျှိုးသွားကာ လမင်းမှာ ကောင်းကင်ယံတွင် မြင့်မားစွာ ချိတ်ဆွဲလျက် ကြယ်များက ညကောင်းကင်ယံကို အလှဆင်ထား၏။

မြောက်ဘက်ရှိ အင်အားစုအားလုံးက ၎င်းကို စောင့်ကြည့်နေကြသည်။

ဂိုဏ်းပေါင်းစုံမဟာမိတ်မှ မြင့်မားသော ပုံရိပ်ကြီးများမှာ သူတို့၏ အရှိန်အဝါများကို အတားအဆီးမဲ့ ထုတ်ဖော်လျက် သဘောတူထားသော နေရာသို့ အေးအေးလူလူ လမ်းလျှောက်လာကြသည်။

လူတွေ ပို၍ပို၍ စုမိလာသည်နှင့်အမျှ၊ မဟာကျင်းဘက်မှ လူအချို့မှာ ထိတ်လန့်ဖွယ်ရာ တစ်ခုကို စတင် တွေ့ရှိလာကြသည်...

ဘယ်က ရောက်လာမှန်း မသိသော အနက်ရောင် ဝတ်ရုံများနှင့် ဝတ်ရုံများကို ဝတ်ဆင်ထားသည့် လျှို့ဝှက်ဆန်းပြားသော လူတစ်စုမှာလည်း ဂိုဏ်းပေါင်းစုံမဟာမိတ်၏ အဖွဲ့ဝင်များဖြစ်ကြောင်း ဆိုကာ မဟာမိတ်တပ်စခန်းသို့ ပူးပေါင်းလာကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အယောက်(၅၀) ရှိသော အဖွဲ့မှာ (၁၀၀)အထိ မြင့်တက်သွားသည်...

နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၀၀)တိတိ စုမိသွားလေပြီ...

"ယုတ်မာလိုက်တာ... တစ်ယောက်ချင်းယှဉ်ပြိုင်ပွဲမှာ ဘာလို့ အပြင်လူတွေကို အကူအညီ တောင်းရတာလဲ။ ဟိုင်လန်ထျန်း။ မင်းမှာ အရှက်ဆိုတာ လုံးဝ မရှိတော့ဘူးလား။" ဖန့်ချန်က ဒေါသတကြီး စွပ်စွဲလိုက်သည်။

နံနက်ခင်းအလင်းနယ်ပယ် အယောက်(၁၀၀)ကျော် ဆိုသည်မှာ... တကယ့်ကို များလှေသာ အရေအတွက်ပင်။

မဟာကျင်း အရာရှိများစွာမှာ ဝေခွဲမရ ဖြစ်နေကြသည်။

ဘယ်လိုပဲ ကြည့်ကြည့် ဒီတိုက်ပွဲက ရှုံးဖို့ပဲ ရှိမယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ် မကောင်းဆိုးဝါး ရောက်လာမှပဲ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မယ်။

"ဂိုဏ်းပေါင်းစုံမဟာမိတ်က နံနက်ခင်းအလင်းနယ်ပယ် အယောက်(၁၀၀)ကို ဘယ်က ရလာတာလဲ။ သူတို့မှာ ဒီလောက်အင်အား ရှိရင် ဒီတောရိုင်းမြေကို သိမ်းပိုက်လိုက်တာ ကြာလှပြီ..."

"မဖြစ်နိုင်တာ။ တစ်စုံတစ်ယောက်က ကြားဖြတ်နှောင့်ယှက်နေတာ သေချာတယ်။ ငါ မယုံဘူး..."

"ဒါကို ဘယ်လို တိုက်ရမှာလဲ။ အင်အားအကြီးဆုံး နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူတောင်မှ ဒီလို လူအင်အားသုံးပြီး တိုက်တဲ့စစ်ပွဲမှာ ပင်ပန်းနွမ်းနယ်ပြီး အသတ်ခံရမှာပဲ။"

"ဒုက္ခပါပဲ။ ငါတို့ မဟာကျင်းကို ကံတရားက တကယ်ပဲ မျက်ကွယ်ပြုလိုက်ပြီလား။ မကျေနပ်စရာပဲ..."

စစ်သည်တော်များမှာ အားကိုးရာမဲ့စွာဖြင့် စိတ်ပျက်နေကြပြီး ဝန်ကြီးများမှာလည်း မြေကြီးကို စောင့်ကန်ရင်း ညည်းတွားနေကြသည်။

အခြားတစ်ဖက်တွင်မူ ဂိုဏ်းပေါင်းစုံ မဟာမိတ်မှာ ဝံပုလွေနှင့် ကျားအုပ်များကဲ့သို့ လှောင်ပြောင်ရယ်မောနေကြပြီး သူတို့ကိုယ်သူတို့ မုဆိုး၊ မဟာကျင်းကို သားကောင် အဖြစ် သဘောထားနေကြသည်။

…

...

ဟိုင်လန်ထျန်းက လက်ကို နောက်ပစ်ကာ ရပ်နေသော်လည်း သူ၏မျက်လုံးများက အနောက်ဘက်ဆီသို့သာ အာရုံရောက်နေသည်။ ထိုစကားကို ကြားသောအခါ သူက တည်ငြိမ်စွာပင် ဆိုလိုက်သည်။

"အရှက် ဟုတ်လား။"

"အောင်ပွဲရဖို့နဲ့ ငါ့လူမျိုးတွေရဲ့ ဘေးကင်းလုံခြုံဖို့အတွက်ဆိုရင် ငါ့ကို နာမည်ဆိုးနဲ့ သမိုင်းမှာ မှတ်တမ်းတင်ခံရမယ်ဆိုရင်တောင် ဘာအရေးလဲ။"

ထိုစကားအဆုံးတွင်...

လက်ခုပ်သံတစ်သံ ထွက်ပေါ်လာ၏။ "ကောင်းတယ်... ပြောတာ ကောင်းတယ်..."

"စွမ်းအားရှိပြီး အတွေးအမြင် ရှိတာပဲ..."

မုန့်ချင်ကျိုးက တစ်လှမ်းချင်း လှမ်းလာကာ ပြုံးလျက် ဆိုသည်။ "မဟာမိတ်ခေါင်းဆောင် ဟိုင်ကတော့ တကယ့် သူရဲကောင်းနဲ့ ခေါင်းဆောင်ကောင်းပါပဲ။ ဒါဆိုရင်တော့ ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ ဆုလာဘ်တစ်ခုအနေနဲ့ မဟာမိတ်ခေါင်းဆောင် ဟိုင်ကို ငါနဲ့ အရင်ဆုံး တိုက်ခိုက်ဖို့ တောင်းဆိုချင်ပါတယ်။ ဘယ်လိုလဲ။"

…

All Chapters